- 8 -

Background color
Font
Font size
Line height

“ ချောလ် ”

round လှည့်ချိန်အတွက်ဆွန်းချောလ်ပြင်ဆင်နေတုန်းထူးဆန်းသည့်အခေါ်အဝေါ်ကြောင့်လှည့်ကြည့်မိတော့ ဟိုတစ်ရက်ကဆွန်းချောလ်ကိုနောက်ကျသည့်ပြောသည့် rc လုပ်သည့်စီနီယာအမဖြစ်နေသည်။

“ ဆွန်းချောလ် ပါ ... ”

“ ခေါ်ရတာရှည်လို့ မင်းကိုပရော်ဖက်ဆာခေါ်နေတယ် ”

“ အခုလား။ ”

“ ဒါပေါ့ ... တို့နောက်လိုက်ခဲ့ ”

ဒေါက်ဖိနပ်သံကိုတမင်အသံကျယ်စွာလျှောက်သွားသူနောက်ဆွန်းချောလ်ပျင်းရိစွာပင်လိုက်လာခဲ့လိုက်သည်။

ပရော်ဖက်ဆာကဘာအကြောင်းကိစ္စနဲ့ခေါ်တွေ့လဲဆိုတာသူမကိုမေးလိုက်ရင်သိရမှာပေမယ့် စကားလမ်းကြောင်းရှာတယ်အထင်မခံနိုင်သလိုစကားကြောရှည်တာမျိုးလည်းဆွန်းချောလ်မကြိုက်တာကြောင့်မမေးတော့ဘဲ ပရော်ဖက်ဆာဆီကိုသာတန်းဝင်လာလိုက်သည်။

“ ခေါ်တယ်ဆိုလို့ပါခင်ဗျ ”

“ ဪ ... ဒေါက်တာချွဲ ထိုင်ဦး ”

ဖုန်းပြောနေပုံရသည်မို့ ဆွန်းချောလ်ခေါင်းငြိမ့်နှုတ်ဆက်ပြီးနေရာမှာထိုင်ကာ‌ဖုန်းပြောပြီးသည်အထိစောင့်လိုက်သည်။

“ ထွေထွေထူးထူးရယ်မရှိပါဘူး မင်းကပရော်ဖက်ဆာချွဲရဲ့သားဆိုလို့ခေါ်တွေ့တာ အန်ကယ်လ်ကမင်းအဖေနဲ့သူငယ်ချင်းအရင်းတွေပါအဆက်အသွယ်လေးပြတ်တာကြာတော့ဘာမှအစဖော်မရတော့ဘူး။ဒီတစ်ပတ်ပိတ်ရက်မင်းအဖေအားတယ်ဆိုရင်အန်ကယ်လ်တို့အိမ်ကိုထမင်းစားဖိတ်မလို့ပါ။ ”

“ ဪ .... ဟုတ်ကဲ့ ကျွန်တော်ဖေဖေ့ကိုပြောပေးပါမယ် ပရော်ဖက်ဆာ ”

“ ကျေးဇူးပါကွာ ”

“ ရပါတယ် ဘာမှအပန်းမကြီးပါဘူး။ ”

ပရော်ဖက်ဆာကိုနှုတ်ဆက်ပြီးထွက်လာတော့ ခုနကစီနီယာကအခန်း‌ဝရှေ့ဆွန်းချောလ်ကိုရပ်စောင့်နေကာ ဆွန်းချောလ်ထွက်လာတော့သူမကပါဘေးချင်းယှဉ်လျက်လျှောက်လို့လာသည်။

“ ချောလ် ကတော့နာမည်ကြီးပဲ ”

“ ချွဲဆွန်းချောလ်ပါ ကျွန်တော့်နာမည်က ဒေါက်တာချွဲလို့ခေါ်လည်းရပါတယ်။သာမန်မဟုတ်တဲ့နာမည်တွေမခေါ်ပါနဲ့ စိတ်ထဲမသန့်လို့ပါ ”

ဆွန်းချောလ်ခြေလှမ်းတွေကိုရပ်လိုက်ပြီး ပြတ်ပြတ်သားသားပြောတော့ထိုအမျိုးသမီးကဆွန်းချောလ်ကိုမျက်ခုံးတွေပင့်တင်လို့ကြည့်လာသည်ကအတော်ကိုကြည့်ရဆိုးသည့်အမူအရာပင်။

“ တို့ကရင်းနှီးသမှုနဲ့ခေါ်တာပါ စီနီယာ ဂျူနီယာဆက်ဆံရေးမှာဒီလောက်လေးခေါ်တာကပြသာနာမရှိသလို စိတ်မသန့်စရာလည်းမလိုပါဘူး။ ”

“ စီနီယာဘက်ကပြသာနာမရှိပေမယ့် ကျွန်တော့်ဘက်တော့ရှိတယ်။ကျွန်တော့်အိမ်ကကလေးတောင်ကျွန်တော့်ကိုအဲ့လိုမျိုးနာမည်တွေမခေါ်တတ်ဘူး ကျွန်တော့မိသားစုဝင်တွေရောပဲ ”

စကားတွေအများကြီးပြောရသည့်အလုပ်ကိုဂျော်န်ဝေါန်ဝူအတွက်သာလုပ်ချင်သည်။
တခြားသူ‌တွေနှင့်တော့မပြောရကောင်းလေပင်ဖြစ်ကာ တစ်ခွန်းနှစ်ခွန်းပြောပြီးရင်ကိုကိုယ်တွင်းenergyတွေကုန်ခမ်းလာသလိုခံစားနေရသည်။

“ စီနီယာရဲ့အဓိကပြသာနာကဘာလဲတော့ကျွန်တော်မသိဘူး ... တစ်ဆေးရုံထဲအတူတူအလုပ်လုပ်နေကြတဲ့အတွက်ရော စီနီယာဖြစ်တဲ့အတွက်ရိုသေသမှုနဲ့ကြိုပြောထားပါရစေ ကျွန်တော့်ကိုpersonalဆန်လွန်းတဲ့အခေါ်အဝေါ်တွေ အပြောအဆိုတွေနဲ့မဆက်ဆံပါနဲ့ ”

ကိုယ်ချစ်တဲ့သူအပေါ်သစ္စာရှိ‌ချင်ရင် ပထမဆုံးအနေနှင့်ပြတ်သားသည့်ဆုံးဖြတ်ချက်ချနိုင်ရမည်။
ဘယ်လိုအကြောင်းပြချက်မျိုးမှမပေးဘဲ ကိုယ်ချစ်တဲ့သူလွဲ ကျန်တဲ့သူတွေရဲ့ရေလာမြောင်းပေးမှုတွေကိုငြင်းဆိုနိုင်ရမည်။

ဆွန်းချောလ်ဒီနေ့လည်းဝေါန်ဝူသိရင်ချီးကျူးမည့်ကိစ္စတစ်ခုကိုလုပ်ခဲ့ပါသည်လေ။




“ မင်းအကိုကမဟုတ်သေးပါဘူးကွာ ”

ညီးညီးညူညူနှင့်ပြောလာသည့်ဆွန်းယောင်းကိုဝေါန်ဝူလှည့်ကြည့်လိုက်ပြီး

“ ဘာမဟုတ်တာလဲ ? ”

“ တက္ကသိုလ်ပဲရောက်နေပြီ လာကြိုလာပို့နဲ့ !! ငါလည်းမင်းနဲ့ပြန်ပါရစေဦး။ ”

ဂွေါမ်ဆွန်းယောင်းဘာကြောင့်အတူပြန်ချင်လဲဆိုတာဝေါန်ဝူသိတာပေါ့ !!!
Musical Major က ဂျူနီယာအီဂျီဟွန်းကဆွန်းယောင်းတစ်ယောက်တည်းအိမ်ပြန်ရတိုင်းအနောက်ကနေတကောက်ကောက်လိုက်နေတတ်တာကြောင့်ပင်။

“ ဂျူနီယာအီဂျီဟွန်းကမဆိုးပါဘူးကွ ချစ်စရာလေးကို ”

“ နေပါကွာ ကလေးလေးကို ~ ”

ဝေါန်ဝူရယ်လိုက်မိသည်။
ဂွေါမ်ဆွန်းယောင်း ... ကြိုက်ချင်ရဲ့သားနဲ့ကိုဟန်ဆောင်နေသေးတယ်။

တစ်ခဏလောက်ထပ်စောင့်ပြီးသည့်နောက်မှာတော့ကိုကို့ကားရောက်လာပြီဖြစ်၍ ဆွန်းယောင်းကိုနှုတ်ဆက်ကာဝေါန်ဝူကားပေါ်တက်လာလိုက်သည်။
ကိုကို့မျက်နှာကပြုံးဖြီးဖြီးမို့ ဝေါန်ဝူမမမေးမိဘဲမနေနိုင်ပေ။

“ ဘာတွေပျော်စရာရှိလို့ပြုံးနေတာလဲ ကိုကို ”

“ ဝေါန်ဝူကိုတွေ့ရမှတော့ကိုကိုမပြုံးပဲနေပါ့မလား ပြောပါဦး။ ”

စကားအထူးအဆန်းတွေကိုကိုအများကြီးပြောလေ ဝေါန်ဝူရင်ခုန်ရလေပင်။
ဘာကြောင့်မှန်းမသိပေမယ့် ကိုကိုပါးချိုင့်တွေကိုမြင်ရတိုင်းဝေါန်ဝူအရာအားလုံးကိုမေ့ပျောက်သွားမိကာ ကိုကို့သာငေးကြည့်နေမိတတ်သည်။

ကိုကိုစကားအထူးအဆန်းတွေပြောတိုင်းလည်း ဝေါန်ဝူရင်ခုန်ရကာနေစရာနေရာပင်မရှိအောင်တစ်ယောက်တည်းရှက်နေမိသည်။

“ တော်ပြီ ‌မောင်းတော့ ပင်ပန်းလို့အိမ်ပဲပြန်ချင်နေပြီ ”

“ သခင်လေးဂျော်န်သဘောအတိုင်းပါခင်ဗျ ”

ဆွန်းချောလ်ကားစက်နှိုးကာ လမ်းမကြီးအတိုင်းမောင်းချလာခဲ့လိုက်သည်။
နာရီဝက်ကျော်မောင်းရသည့်ခရီးက ညနေပိုင်းမီးပွိုင့်တွေ ၊ ကားလမ်းတွေပိတ်တာကြောင့်တစ်နာရီကျော်ခန့်အချိန်ကြာသွားရသည်။

အိမ်ရောက်သည်နှင့်ကားပေါ်ကဆင်းပြေးပြီးအိမ်ထဲဝင်သွားသူကြောင့်ဆွန်းချောလ်လွယ်အိတ်တစ်ဖက် ကိုယ့်အလုပ်အိတ်တစ်ဖက်ဆွဲကာအိမ်ထဲလိုက်လာရသည်။

ဝင်ဝင်ချင်းမေနေကခါးကြီးထောက်လျက်ဆွန်းချောလ်ကိုကြည့်နေပြီး

“ ကလေးမျက်နှာကနီရဲနေတာပဲ နင်ကလေးကိုစလိုက်ပြန်ပြီလား ချွဲဆွန်းချောလ် !!!!? ”

“ ခင်ဗျာ ??? တစ်လမ်းလုံးအိပ်နေလို့စကားတောင်မပြောရပါဘူးမေမေရာ စွပ်စွပ်စွဲစွဲ ! ”

“ ဟုတ်လား ? ငါ့သားငယ်လေးဖျားတော့မှာလားမသိဘူး။အပူချိန်တိုင်းပြီးကလေးကိုစမ်ူကြည့်လိုက်ဦး ဆွန်းချောလ် ညစာလုပ်နေတာမပြီးသေးဘူး ” ဆိုပြီး သူ့ဟာသူပြောပြောဆိုဆိုနှင့်မီးဖိုချောင်ထဲပြန်ဝင်လို့သွားသည် ။


    knock knock !

ဆွန်းချောလ်တံခါးခေါက်ပေမယ့်ပြန်ဖြေသံမကြား။
ပထမတစ်ခေါက်တုန်းကလိုဖြစ်ပြီးကတည်းက ဝေါန်ဝူရဲ့အခန်းတံခါးခေါက်လို့ပြန်ဖြေသံမကြားရရင်စိုးရိမ်စိတ်ဝင်ရသည်မှာဆွန်းချောလ်အတွက်traumaတစ်ခုလိုပင်။

တံခါးလက်ကိုင်ကိုလှည့်ကြည့်တော့မှ lock မချထားတာကြောင့်အနည်းငယ်စိတ်အေးရကာအခန်းထဲဝင်လာတော့ အဝတ်အစားရှာရင်းဆွန်းချောလ်ကိုလှည့်ကြည့်လို့လာသည်။

“ အဝတ်မဝတ်ရသေးဘူးဗျ ထွက်ဦး!!! ”

“ မေမေကအပူချိန်တိုင်းခိုင်းလိုက်လို့ ဝေါန်ဝူမျက်နှာတွေရဲနေတော့အဖျားရှိမရှိသိချင်တယ်တဲ့ ”

“ ပြီးမှတိုင်းပါကိုကိုရာ ... အဝတ်လေးတော့ဝတ်ပါရစေဦး ”

“ အိုကေ အိုကေ !! ဒါဆိုအောက်မှာစောင့်နေမယ်နော် အရမ်းမကြာနဲ့ ”

အခန်းတံခါးပြန်ပိတ်လို့ကိုကိုထွက်သွားတော့မှဝေါန်ဝူသက်ပြင်းချကာကုတင်ပေါ်ထိုင်ချလိုက်မိသည်။

အလိုက်ကန်းဆိုးနားမလည်တဲ့ ကိုကို !!!!!













------------------------------------------------------------------------------------


You are reading the story above: TeenFic.Net