- 5 -

Background color
Font
Font size
Line height

ဝေါန်ဝူမရှိသည့်နေရက်တွေကဆွန်းချောလ်အတွက်နှာခေါင်းမပါဘဲအသက်ရှူနေရသလိုပင်။
ဝေါန်ဝူမိဘတွေကဝေါန်ဝူကိုအားလပ်ရက်အတွင်းလာခေါ်သွားကြ၍လနည်းနည်းလောက်ကြာမှပြန်လာမည်ဖြစ်သည်။

“ မျက်နှာကခုနစ်ခေါက်ချိုးရှစ်ခေါက်ချိုးနဲ့ချွဲဆွန်းချောလ်ရယ် !!! ”

“ မေမေတို့ကကလေးကိုထည့်ပေးလိုက်တာကိုး ခုကျွန်တော်တစ်ယောက်တည်းဖြစ်နေပြီ ”

ဆွန်းချောလ်ဆူဆူအောင့်အောင့်နှင့်sofaမှာလှဲထိုင်ကာမေမေ့ကိုပြန်ပြောနေမိသည်။
ခူလီတော့ကျန်ခဲ့ပေမယ့် ခူလီကလူရွေးသည့်ကြောင်ဖြစ်သည်။
ဝေါန်ဝူနဲ့ဆိုပွတ်သီးပွတ်သက်နိုင်သည့်ကြောင်မလေးဖြစ်ကာ ဆွန်းချောလ်ဆိုရင်တော့အာပေါက်ပေါက်မတက်ခေါ်နေရင်တောင်တစ်ချက်လှည့်မကြည့်တတ်ပေ။

ဝေါန်ဝူပြန်သွားသည့်နေ့ကစလို့ ထမင်းစားချိန် ၊ အပေါ့အလေးသွားချိန်ကလွဲအခန်းအပြင်ကိုမထွက်ဘဲရှိနေတတ်သည်။

“ သူ့မိဘတွေကသူ့ကလေးသူခေါ်တာကိုငါကမထည့်လိုက်လို့ရမလား။ဟိုကအပြီးခေါ်သွားတာလည်းမဟုတ်ဘူး ... အားလပ်ရက်လေးဝေါန်ဝူကိုအချိန်ပေးရတာလေဆွန်းချောလ်ရယ် " လို့မေမေပြောနေပေမယ့်ဆွန်းချောလ်နားမဝင်ပါ။

သူ့အားလပ်ရက်တွေကိုလည်းဝေါန်ဝူနဲ့အချိန်ကုန်ဆုံးချင်သည်။
နိုးလာရင်မျက်နှာလေးအရင်ဆုံးမြင်ချင်သလို ကိုကိုလို့တရစပ်ခေါ်နေတာကိုလည်းဆွန်းချောလ်နားထောင်ချင်သည်။

“ အပြင်သွားဦးမယ် မေမေ ”

“ ကားကိုဖြေးဖြေးမောင်းနော် ချွဲဆွန်းချောလ် !!!!! ”

မေမေလှမ်းသတိပေးတာကိုဆွန်းချောလ်ကြားပေမယ့် ကားကိုHighwayဘက်ကိုကီလိုမိုင်ကုန်တင်မောင်းလာခဲ့သည်။
တကယ်ကိုဆွန်းချောလ်အတွက်စိတ်မပျော်ရွှင်ရသည့်နေရက်တွေပင် !

ကားမောင်းနေတုန်းဖုန်းဝင်လာတာကြောင့် ဆွန်းချောလ် contactကိုကြည့်မိတော့ကျောင်းမှသူငယ်ချင်းဖြစ်၍ဖုန်းကိုမကိုင်ဘဲချပစ်လိုက်သည်။
သုံးလေးခေါက်လောက်ဆက်တိုက်ခေါ်နေပြီး ဆွန်းချောလ်ချပစ်တာကြောင့်ဆက်မခေါ်ဘဲရပ်သွားကာ ဆယ်မိနစ်လောက်ကြာတော့ဖုန်းထပ်ဝင်လာ၍စိတ်မရှည်နိုင်စွာပင်ဖုန်းကိုင်လိုက်ပြီး .......

“ ဘာလဲ ပြော ! ”

ဝေါန်ဝူကြောင်အသွားရသည်။
ကိုကိုနှင့်နေလာသည့်တစ်လျှောက်ဒီလောက်ထိလေသံမာတာမျိုးကြားဖို့မပြောနှင့် မြင်တောင်မမြင်ခဲ့ဖူးပါ။
ဝေါန်ဝူကနေဒါကိုပြန်ရောက်တာတစ်ပတ်တောင်မပြည့်သေး ... ကိုကိုကပြောင်းလဲသွား‌နှင့်နေပြီဖြစ်သည်။

“ ပြောလို့ !!! ခေါ်ပြီးဘာလို့မပြောတာလဲ!? ”

တစ်ဖက်မှအသံထွက်မလာ၍ဆွန်းချောလ်contactကိုပြန်ကြည့်မိတော့မှ ကားကိုbreakနင်းရပ်ချလိုက်ပြီး

“ ဝေါန်ဝူ ~ ??? ”

“ ကျွန်တော်ဖုန်းချလိုက်တော့မယ်။ ”

“ ဝေါန်ဝူ ... ကိုကိုပြောပြမယ် ” လို့သာရှိသေးသည် တစ်ဖက်ကဖုန်းချပစ်လိုက်ပြီဖြစ်တာကြောင့်ဆွန်းချောလ်ဘာမှဆက်မပြောနိုင်။
ဖုန်းကိုဆက်တိုက်ပြန်ခေါ်နေပေမယ့်လည်းမကိုင်တော့ဘဲ မအားသေးဘူးဟုသာကြားနေရသည်။

သေစမ်းကွာ !!!!!!


“ မင်းပြန်သွားတာငါ့ကိုတောင်မပြောသွားဘူး”

ဆွန်းယောင်းကဖုန်းဆက်လာတာကြောင့် ‌ဝေါန်ဝူ ဆွန်းယောင်းနှင့်နာရီအတော်ကြာအောင်ဖုန်းပြောနေမိသည်။

“ ကနေဒါဆိုတော့မိုက်တယ် ဝေါန်ဝူ ”

“ နောက်ကြရင်မင်းကိုအလည်ခေါ်မယ်။ ”

“ တကယ်နော် ?? ”

“ ကတိပါကွာ ~ ”

ဂွေါမ်ဆွန်းယောင်းကစကားစရပြီးလျှင်အဆက်မပြတ်တော့သူမို့ အတော်လေးကြာအောင်စကားပြောပြီးမှ ဖုန်းချလိုက်ရသည်။

ကိုကို့ဆီဖုန်းပြန်ခေါ်မလို့တွေးကြည့်သေးပေမယ့် ခုနကလိုလေသံမာမာနဲ့ထပ်ပြောမှာကိုဝေါန်ဝူမကြားချင်ပါ။

“ ချွဲဆွန်းချောလ် ! ခင်ဗျားကိုမခေါ်ဘူး ”

ကိုယ့်ကိုကိုယ်တီးတိုးလေးရေရွတ်ကာဖုန်းကိုအားသွင်းလျက်ထားကာ ညစာစားဖို့အတွက်အောက်ဆင်းလာလိုက်သည်။

ဝေါန်ဝူကနေဒါမှာတကယ်မပျော်ပါ။
အားလပ်ရက်‌မိသားစုအတူရှိရအောင်ဆို၍လိုက်လာခဲ့ပေမယ့် အလုပ်တွေကိုသာဂရုစိုက်နေကြပြီး ဝေါန်ဝူအတွက်ဘယ်သူမှအချိန်မပေးကြ။
ပိုက်ဆံနှင့်ကဒ်တွေကိုသာထားခဲ့ပေးကြပြီး delivery မှာစားဖို့သာပြောကြသည်။

ကိုကိုတို့မိသားစုကိုပိုလွမ်းမိကာ တီတီ့ဆီဖုန်းဆက်ပြီးစကားတွေအများကြီးပြောပစ်လိုက်ရင်ထိုမကောင်းသည့်ခံစားချက်တွေပျောက်ကွယ်သွားလောက်မည်ပင်။
Fast food တချို့ကိုညစာအတွက်မှာယူကာတီတီ့ဆီဖုန်းခေါ်တော့ တီတီကချက်ချင်းဖုန်းကိုင်လာသည်။

“ နေကောင်းရဲ့လား ကလေး ”

“ ကောင်းပါတယ် တီတီ ဒီမှာရာသီဥတုကကောင်းပါတယ် ”

“ သားပျော်နေရင်ပြီးတာပဲ ဒီမှာအကုန်လုံးကသားပြန်သွားတာဖြင့်ရက်ပိုင်းလေးကိုမြန်မြန်ပြန်လာဖို့မျှော်နေကြတာ သားကိုကိုကအဆိုးဆုံးပဲ !!! ”

ဝေါန်ဝူရယ်လိုက်မိပေမယ့် စိတ်ထဲမှာ‌တော့နေလည်ကအသံကြောင့်ကိုကို့ကိုမကျေနပ်သေးပေ။
ကိုကို့အကြောင်းမေးကြည့်တော့ အပြင်သွားနေတယ်ဟူ၍သာပြန်ကြားရသည်မို့ ဘာတွေလုပ်နေလဲဆိုတာဝေါန်ဝူဆက်မမေးတော့ပေ။
တီတီနှင့်လည်းအတော်ကြာအောင်စကားပြောပြီး ဖုန်းချလိုက်ကာ ဝေါန်ဝူညစာအတွက်မှာထားသည်တွေကိုပျင်းရိစွာနှင့်စားနေမိသည်။


ဆွန်းချောလ်ပြန်ရောက်လာတော့ညဆယ်နာရီကျော်ပြီဖြစ်ကာ ဖေဖေရောမေမေပါမအိပ်သေးဘဲရုပ်ရှင်ကြည့်နေကြသည်။

“ ပြန်ရောက်ပါပြီ ”

“ အွန်း ! ” ဆိုသည့်တုံ့ပြန်သံကလွဲဘာမှထပ်မထွက်လာ၍အခန်းကိုသာတန်းတက်လာခဲ့လိုက်သည်။
အခန်းဝရောက်တော့ခူလီကထိုင်လျက်ရှိနေ‌ပြီးဆွန်းချောလ်ကိုမြင်တော့ တစ်ချက်မျှစိုက်ကြည့်ကာမကျေနပ်သလိုမျက်နှာပေးနှင့်ထထွက်သွားသည်။

သခင်တင်မဟုတ်ဘူး ... သူ့ကြောင်ကောက်တာပါခံရသည့်ဆွန်းချောလ်ဘဝလောက်သနားစရာကောင်းတာရှိမည်မဟုတ်။

“ အေးပါကွာ မင်းတို့ကနှစ်ယောက်ပဲ လုပ်ကြပေါ့ !!! ”

လှုပ်လီလှုပ်ပဲ့ထွက်သွားသည့်ခူလီကိုကြည့်ကာဆွန်းချောလ်ပြောလိုက်ပြီး ဖုန်းကိုထုတ်စစ်ကြည့်မိတော့အဝင်ကောလ်လုံးဝမရှိ။

တကယ်ကြီးစိတ်ဆိုးသွားပုံရသည် ~ !

မျှော်လင့်ချက်လေးနှင့်ဖုန်းထပ်ဆက်ကြည့်သော်လည်း ဖုန်းဝင်ပြီးမကိုင်တာကြောင့်ဆွန်းချောလ်လက်လျှော့လိုက်ကာရေမိုးချိုးသန့်စင်ဖို့သာအာရုံစိုက်လိုက်တော့သည်။



-

“ ကျွန်တော်ပြန်တော့မယ် ”

“ ရောက်တာတောင်တစ်ပတ်ပဲရှိသေးတာကို ဘာဖြစ်လို့လဲ သား ”

“ ဒီတိုင်းပါပဲ နေသားမကျတဲ့နေရာမို့ဆက်မနေချင်တော့ဘူး။ ”

ဖေဖေကဘာမှမပြောတော့ဘဲ ကော်ဖီကိုသာသောက်နေပြီး ဝေါန်ဝူ‌ဆက်ပြောလာမည်ကိုနားထောင်နေသည်။

“ နောက်နှစ်ဆိုတက္ကသိုလ်တက်ရတော့မှာ ကျွန်တော်တိုက်ခန်းလေးတစ်ခုလိုချင်တယ် ”

“ သားလိုချင်ရင်ဝယ်ပေးမယ် နေရာရွေးလိုက်လေ ”

မေမေကအားတက်သရောပြောလာတော့ ဖေဖေကခေါင်းငြိမ့်သည်။
အချိန်မပေးနိုင်ကြပေမယ့် ဝေါန်ဝူအတွက်ငွေကြေးနှင့်ပတ်သက်ပြီးဘယ်သောအခါမှမျက်နှာငယ်စေချင်းမရှိသည်ကတော့ကျေးဇူးတင်စရာအကောင်းဆုံးပင်။

ကိုရီးယားပြန်မည့်ကိစ္စကိုသိပ်တော့သဘောမတူ‌ကျပေမယ့်ဝေါန်ဝူဒီမှာမပျော်မှန်းသိ၍ မတားတော့ဘဲလေယာဉ်လက်မှတ်ကိုစီစဉ်ပေးကာလေဆိပ်ထိလိုက်ပို့ကြပြီး ပွေ့ဖက်နှုတ်ဆက်တော့ .......

“ သားဟိုမှာပျော်တာသိတယ် ... တကယ်လို့များမပျော်စရာကိစ္စရှိလာရင်မေမေတို့ဆီအချိန်မရွေးလာခဲ့နော် ”

“ ဟုတ်ကဲ့ ”

“ ဂရုစိုက် ! လေယာဉ်ဆင်းတာနဲ့စာပို့နော် ”

ဝေါန်ဝူ ခေါင်းငြိမ့်နှုတ်ဆက်လိုက်ပြီး စစ်ဆေးမှုအဆင့်ဆင့်ကိုကျော်ဖြတ်ကာလေယာဉ်ပေါ်တက်လာခဲ့သည်။

လပိုင်းလောက်ကြမည်ပြောထားခဲ့သည့် အားလပ်ရက်ခရီးစဉ်ကတစ်ပတ်သာကြာကာ ဝေါန်ဝူရဲ့အပြန်ခရီးကိုဖေဖေနှင့်မေမေကလွဲဘယ်သူမှမသိ။
ကိုကို့ကိုလည်းမပြောပြထားသလို ဆွန်းယောင်းဆီလည်းဖုန်းမဆက်ထားပေ။



“ အရင်ကတော့အိမ်လည်ခေါ်ဖို့မပြောနဲ့ အိမ်နားတောင်အကပ်မခံတဲ့ချွဲဆွန်းချောလ်ကဘာစိတ်ကူးပေါက်လို့ငါတို့ကိုခေါ်ထားတာလဲ။ ”

“ ဘာမှမဖြစ်ဘူး အိမ်မှာဘယ်သူမှမရှိတော့ငါတစ်ယောက်တည်းပျင်းလို့ ! ”

ဖေဖေနဲ့မေမေက ဖွားဖွားဆီသွားကြတာကြောင့်အိမ်မှာဆွန်းချောလ်နှင့်ခူလီသာကျန်ခဲ့သည်။
ဝေါန်ဝူဆီကိုကြိုးစားပမ်းစားဖုန်းဆက်ပေမယ့်ဖုန်းမကိုင်တာကြောင့် ဆွန်းချောစိတ်ပြေလက်ပျောက်ဖြစ်အောင်သူငယ်ချင်းတွေကိုခေါ်ကာအိမ်ထဲဂိမ်းဆော့ရင်းရောက်တတ်ရာရာပြောမိ‌နေကြသည်။

“ House bellမြည်နေတယ် ဆွန်းချောလ် ”

“ သွားဖွင့်လိုက်ကွာ ! ”

သူငယ်ချင်းဖြစ်သူကဂိမ်းရီမုတ်ဒ်ကိုချကာတံခါးဖွင့်ဖို့ထွက်သွားသည်မို့ ဆွန်းချောလ်ဂိမ်းကိုတခြားကျန်သည့်သူများနှင့်ဆက်ဆော့နေလိုက်သည်။

“ ဘယ်သူနဲ့တွေ့ချင်လို့ပါလဲ ” လို့မေးလာသည့်သူကိုဝေါန်ဝူမသိ။
မြင်လည်းမမြင်ဖူးပေ ... ။ ထို့ကြောင့်ပင်အတော်ကြာအောင်ရပ်ကြည့်နေမိပြီးမှ

“ ကျွန်တော်ကဒီအိမ်မှာနေတာပါ အခုမှခရီးငပြန်ရောက်လာတာ ကိုကိုမရှိဘူးလား။ ”

“ ကိုကို ??? ”

ချွဲဆွန်းချောလ်လို့အော်ခေါ်လိုက်ပေမယ့် ထိုင်ရာကထမလာသည့်သူငယ်ချင်းဖြစ်သူကြောင့်ဘာဆက်လုပ်ရမလဲမသိ။
တံခါးဝမှာရပ်နေသည့်ကောင်လေးက အူကြောင်ကြောင်လေးပြုံးပြလာပြီး

“ ကျွန်တော်အရင်ဝင်မယ်နော် ”

ဝေါန်ဝူ ထိုလူကိုတံခါးမှာတင်ထားခဲ့ကာ အိမ်အတွင်းထဲဝင်လာတော့ ရှုပ်ပွကာဆူညံနေသည်မို့ ဝေါန်ဝူစိတ်ကမကြည်မလင်ဖြစ်သွားရသည်။

တစ်ခါမှမမြင်ဖူးသည့် ကိုကို့ရဲ့ဆူပူတတ်သည့်ပုံစံကြောင့်ဝေါန်ဝူအံ့ဩနေလျက်ပင် ခေါ်လိုက်မိသည်။

“ ကိုကို ! ”

ဆွန်းချောလ်ဆက်မရယ်နိုင်တော့ပါ။
ဂိမ်းရီမုတ်ဒ်ကိုပစ်ချပြီးနောက်လှည့်ကြည့်မိတော့ တကယ်ကြီးဂျော်န်ဝေါန်ဝူပင်။
ဆိုဖာကိုခုန်ပျံကျော်လွှားလို့အနားကိုရောက်သွားပြီးပွေ့ဖက်ထားကာ ...

“ လွမ်းနေတာ ကိုကို့ဝေါန်ဝူလေး ~ ”

ဝေါန်ဝူဖက်လာသည့်ကိုကို့ခန္ဓာကိုယ်ကိုအရင်တွန်းထုတ်လိုက်ပြီး ရှုပ်ပွနေသည်တွေကိုလက်ညှိုးထိုးပြရင်း

“ အဲ့ဒါတွေအရင်ရှင်းသင့်တယ်ကိုကို တအားညစ်ပတ်နေတယ် ”

ဆွန်းချောလ် ခေါင်းငြိမ့်လိုက်ကာရှုပ်ပွနေသည့်နေရာမှာထိုင်နေသည့်သူငယ်ချင်းတွေကိုလက်ညှိုးထိုးလိုက်ရင်း ...

“ မင်းတို့အကုန်မျက်လုံးမှိတ်ပြီးပြန်တော့ !!! ”











_
_______________________________________


You are reading the story above: TeenFic.Net