“ ကိုကိုရေ ” ဆိုသည့်အသံနှင့်အတူဆွန်းချောလ်ရှိနေပြီးသား။
“ ကိုကို .... ဆွန်းယောင်းကမနက်ဖြန်သူနဲ့အပြင်လိုက်ခဲ့ပေးဖို့ခေါ်နေတယ်။ ”
ဆွန်းချောလ်ဖုန်းကြည့်နေတာရပ်လိုက်ပြီး ဝေါန်ဝူကိုကြည့်လာကာ
“ ဟိုနေ့ကတွေ့တဲ့တစ်ယောက်လား။ ”
“ ဟုတ် ”
“ ဘယ်သွားမှာတဲ့လဲ။ ”
ဝေါန်ဝူကခေါင်းခါပြလာပြီး
“ လျို့ဝှက်ချက်လို့ပြောတယ် ကိုကိုမေးရင်မပြောနဲ့တဲ့။ ”
ဒီအူကြောင်ကျားကတော့ !!???
ဆွန်းချောလ် ဝေါန်ဝူလက်ထဲကဖုန်းကိုဆွဲယူလိုက်ပြီး စကားပြောနေသည့်conversationကိုဖတ်ကြည့်လိုက်တော့
ကစားကွင်းသွားကြမည်ဆိုပဲ။
ဝေါန်ဝူကလူများတဲ့နေရာမှာအနေကြာရင်ခေါင်းရှုပ်တတ်သည်ကြောင့် ထိုကဲ့သို့လူတွေအများကြီးရှိသည့်နေရာတွေကိုမသွားဖြစ်သလို သွားချင်ရင်တောင်ဆွန်းချောလ်ပါမှသွားဖို့ပြောထားသည်။
“ ဝေါန်ဝူသွားချင်လို့လား။ ”
“ စိတ်ပြေလက်ပျောက်ပါ ကိုကိုမသွားစေချင်ဘူးဆိုကျွန်တော်မသွားပါဘူး။ ”
ဆွန်းချောလ်ပြုံးလိုက်ရင်း ဝေါန်ဝူခေါင်း
လေးကိုပွတ်သက်လို့
“ ကိုကိုပါလိုက်ခဲ့လိုရတယ်မလား။ ”
“ ဒါပေါ့ !!! ဆွန်းယောင်းရယ်ကိုကိုရယ်ဆိုရင်ပိုပျော်ဖို့ကောင်းမှာ ”
ဂျော်န်ဝေါန်ဝူပျော်နေရင်ရပြီမို့ အူကြောင်ကျားလေးပါလာလည်းဆွန်းချောလ်အတွက်ကိစ္စမရှိပါ။
ချုပ်ချယ်တယ်ထင်ကောင်းထင်နိုင်ပေမယ့် ငယ်ငယ်ကတည်းကမျက်စိဒေါက်ထောက်ကြည့်လို့မှဲ့မစွန်းအောင်ဂရုတစိုက်နှင့်ချစ်ပေူလာရသည့်ကလေးမို့ သူများတွေဘာပြောပြောဆွန်းချောလ်ကတော့ဝေါန်ဝူလုံခြုံစွာနေထိုင်နိုင်ဖို့ချုပ်ချယ်သင့်တာချုပ်ချယ်ရပေမည်။
" ဝေါန်ဝူဖေဖေဖုန်းဆက်တယ် ”
“ ဘာပြောလဲ ”
“ ကလေးကိုပြန်ခေါ်ချင်နေကြတယ် ကျွန်မလည်းသံယောဇဉ်ကတွယ်နေမိတော့အဲ့စကားသံကြားလိုက်ရရင်စိတ်ထဲမပျော်တော့ဘူး။ ”
ဆွန်းချောလ်ဖေဖေကဖတ်နေသည့်စာအုပ်ကိုပိတ်ကာမျက်မှန်ကိုချွတ်လိုက်ပြီး
" အချိန်တန်ရင်တော့ပြန်သွားရမှာပဲလေ ”
“ ကျွန်မသိပါတယ် .... အဓိကကဆွန်းချောလ်လီပဲလေ သူ့လောက်ဘယ်သူမှသည်းသည်းမလှုပ်ဘူး ဟိုဘက်ကရုတ်တရက်ကြီးပြန်ခေါ်ဖို့ရောက်ချလာရင်သူလက်မခံနိုင်မှာပဲဆိုးတယ် ”
ဖေဖေနှင့်မေမေပြောသမျှကိုဆွန်းချောလ်အပြင်ဘက်ကနေအတိုင်းသားကြားနေရသည်။
တကယ်လည်းလာခေါ်ခဲ့ရင်ဆွန်းချောလ်ဘာ်လိုမှလက်ခံမည်မဟုတ်။
ဒါပေမယ့်လည်းဆွန်းချောလ်လက်ခံရလိမ့်မည်ပင် .... သွေးသားရင်းချားတွေဆိုတာလိမ်ညာလို့ရသည့်အရာမဟုတ်။
ဘယ်လောက်ပဲဒီမှာပျော်နေပါစေ ... ဝေါန်ဝူလည်းသူ့ဖေဖေနဲ့မေမေကိုလွမ်းနေလောက်ပါသည်လေ ။
" ကိုကို ???? " ဆိုသည့်ကျောဘက်ကအသံကြောင့်ဆွန်းချောလ်ကျလုဆဲဆဲမျက်ရည်တွေကိုပြန်သိမ်းဆည်းကာလှည့်ကြည့်လိုက်မိသည် ။
" တီတီတို့အခန်းရှေ့ဘာလုပ်နေတာလဲ။ "
" ဘာမှ မလုပ်ပါဘူး .... "
မျက်လုံးလေးတွေမှေးစင်းကြည့်ကာ မသင်္ကာဟန်ဖြင့်လူရှုပ်လေးလိုမျက်နှာပေးလုပ်ပြလာသည်မို့ဝမ်းနည်းနေသည့်ကြားမှဆွန်းချောလ်ရယ်လိုက်မိပြန်သည်။
" လာ စာလုပ်ကြရအောင် !! "
" စာမလုပ်ချင်ဘူး ဂိမ်းပဲဆော့ကြမယ် "
" မရပါဘူး စာလုပ်ရမယ် "
" ဂိမ်းဆော့မယ် "
" စာလုပ်ရမယ် "
" ဂိမ်းဆော့မယ် ဂိမ်းဆော့မယ် ဂိမ်းဆော့မယ် " ဆိုပြီးဆက်တိုက်အော်ကာအပေါ်ပြေးတက်သွားသည့် ဂျော်န်ဂျစ်တူးနောက်ကိုဆွန်းချောလ်ပြေးမလိုက်ခင် ခူလီကအရင်ပြေးလိုက်သွားသည်။
တစ်နေ့တာရဲ့အချိန်တွေအကုန်လုံးကနှမြောတွန့်တိုနေလျက်ပင်ကုန်ဆုံးတာမြန်လွန်းလှသည်။
မနက်စောစောထတော့ ဝေါန်ဝူသူငယ်ချင်းဖြစ်သူ ဂွေါမ်ဆွန်းယောင်းကအိမ်ကိုရောက်နှင့်နေကာလူကိုမြင်ရင်မျက်နှာချိုသွေးသလိုပြုံးရတာအမော ။
" ဝေါန်ဝူရေချိုးနေတုန်း မင်းခဏစောင့် ! "
" ရပါတယ်ခင်ဗျ ဝေါန်ဝူကိုသာဆိုရင်ခဿမဟုတ်လည်းအကြာကြီးစောင့်နိုင်ပါတယ် "
ဘာရယ်မဟုတ်သူငယ်ချင်းပီသကြောင်းပြလိုက်ပေမယ့် ဂျော်န်ဝေါန်ဝူရဲ့အကိုကမျက်စောင်းကြီးထိုးပြီးကြည့်လာတာကြောင့် ဆွန်းယောင်းရယ်ရင်းတန်းလန်းဆက်ရယ်မလို ပြန်တည်လိုက်ရမလိုပင်။
တစ်ချိန်လုံးစကားလည်းမပြောဘဲ ဆွန်းယောင်းကိုအမဲဖြတ်တော့မလို့ကြည့်နေတာကြောင့်ဝတ်ထားသည့်ဟိုဒီအောက်ကနေချွေးလေးတွေစို့လာရသည်။
" နည်းနည်းကြာသွားတာ တောင်းပန်ပါတယ် "
လှေကားထစ်ကဆင်းလာသည့်ဝေါန်ဝူကိုမြင်မှဆွန်းယောင်းစိတ်ထဲနေရထိုင်ရလွတ်လပ်သွားသလိုပင်။
ထိုင်ရာကနေထလို့ ဝေါန်ဝူလက်ကိုလှမ်းဆွဲလိုက်ပေမယ့် လူကိုအသိသာကြီးတွန်းတိုက်ပြီးသူ့အနားဆွဲခေါ်သွားသူကြောင့်ဆွန်းယောင်းရှက်ရှက်နှင့်ပင်ကိုယ့်လက်ကိုပြန်ကိုင်ထားလိုက်ရသည်။
“ ဒီနေ့ရာသီဥတုကအေးမှာ ဒါလေးပဲဝတ်လာမလို့လား။ ”
“ အဆင်ပြေပါတယ်ဗျ ”
ဝေါန်ဝူအဆင်ပြေပေမယ့် ဆွန်းချောလ်ကတော့အဆင်မပြေ။
အအေးကြောက်တတ်သည့်အကျင့်ကိုသိထ၍ဝေါန်ဝူမဝတ်ရင်တောင်အနွေးထည်တစ်ထည်ပိုယူလာခဲ့ဖို့မမေ့။
အစကတော့ဆွန်းယောင်းကနှစ်ယောက်တည်းဆိုပြီးတက္ကစီပဲစီးသွားဖို့တွေးထားကာမဖိတ်ခေါ်ထားသည့် ဂျော်န်ဝေါန်ဝူအကိုပါပါလာ၍ ဝေါန်ဝူတို့ကားနှင့်အတူထွက်လာခဲ့ကြသည်။
“ ကိုကိုပါကင်သွားထိုးဦးမယ် ဒီမှာပဲစောင့်နေနော် ”
ဝေါန်ဝူခေါင်းလေးငြိမ့်ပြလို့ ကိုကိုချထားပေးခဲ့သည့်နေရာမှာပဲ ဆွန်းယောင်းလက်ကိုကိုင်ထားလျက်ရပ်လို့နေသည်။
ဂွေါမ်ဆွန်းယောင်းကတော့ကားထွက်သွားသည်နှင့် “ မင်းအကိုကဘယ်လို ” ဆိုပြီးစကားကိုတောက်လျှောက်လွှတ်လို့နေသည်။
“ မလွယ်ပါဘူးကွာ ငါသာမင်းနေရာမှာဆိုသေသွားမလားဘဲ ”
သူ့ဟာသူတွေး သူ့ဟာသူပြောပြီးရင်မောနေသည့်ဆွန်းယောင်းကိုကြည့်ကာဝေါန်ဝူရယ်လိုက်ပြီး
" မင်းကကိုကိုပြောသလိုတကယ်အူကြောင်ကျားလေးပဲကွ !! "
" ဘာ !? "
ဘယ်အချိန်ကပြန်ရောက်လာလဲမသိသည့်ဆွန်းချောလ်ကဝေါန်ဝူနှင့်ဆွန်းယောင်းကြားထဲဝင်ရပ်ကာဆွန်းယောင်းကိုငုံ့ကြည့်ပြီးလှောင်ပြုံးကြီးပြုံးကာ
“ မင်းကအူကြောင်ကျားမို့ အူကြောင်ကျားခေါ်တာ ဘာဖြစ်လဲ ” ဆိုပြီးပြောသွားကာဝေါန်ဝူလက်ကိုဆွဲပြီးရှေ့ကနေအရင်ထွက်သွားသေးသည်မို့ ဆွန်းယောင်းစိတ်တိုကာနောက်ကနေပြေးလိုက်ရသေးသည်။
“ ကိုကို ဟိုဟာစီးရအောင် ! ”
“ ကိုကို ဒါလည်းစီးချင်တယ် ”
“ ကိုကို .... Pirate Shipရောပဲ ” ပဲဆိုပြီးအရှေ့နောက်တောင်မြောက်တွေ့သမျှလက်ညှိုးထိုးကာစီးချင်နေသူကိုဆွန်းချောလ်အလိုမလိုက်ဘဲမနေနိုင်။
ပိုက်ဆံအိတ်ကိုင်လို့အနောက်ကနေလိုက်ရင်း ဝေါန်ဝူနှင့်သူ့သူငယ်ချင်းစီးချင်သမျှ စားချင်သမျှအားလုံးကိုလိုက်ရှင်းပေးကာ ကိုယ်တိုင်လိုက်မစီးဘဲသူငယ်ချင်းနှစ်ယောက်ကိုပေးပျော်ထားလိုက်သည်။
တစ်နေကုန်နီးပါး ဆော့ထားစားထားပြီးဂွေါမ်ဆွန်းယောင်းကိုပြန်ပို့ပြီးအိမ်အပြန်လမ်းမှာတော့မောပန်းနေသည့်ဝေါန်ဝူကဆွန်းချောလ်ပခုံးပေါ်ခေါင်းလေးတင်လို့အိပ်မောကျလျက်လိုက်ပါလာခဲ့သည်။
_
_______________________________________
ရှူးဂါးကိုကိုကွ !!!!
You are reading the story above: TeenFic.Net