ဝေါန်ဝူကဆိုဖာတွင်တည်တည်ငြိမ်ငြိမ်ထိုင်နေပေမယ့် ဆွန်းချောလ်စိတ်မငြိမ်စွာပင်လက်သည်းတွေကိုကိုက်စွရင်းဘေးကနေထိုင်လို့နေသည်။
“ ကိုကိုရှင်းပြစရာတွေရှိတယ်။ ”
“ မသိချင်ဘူး။ ”
ဝေါန်ဝူတစ်ခွန်းတည်းပြောပြီး ဆွန်းချောလ်ကိုမကြည့်ဘဲတစ်ဖက်လှည့်နေလိုက်သည်။
“ အဲ့နေ့ကကိုကို့ကိုဟိုကောင်တွေဆက်တိုက်ဖုန်းခေါ်နေတော့စိတ်တိုနေတာ ဝေါန်ဝူဆက်တော့ဖုန်းcontactကိုမကြည့်ဘဲပြောလိုက်မိတာ ကိုကိုတကယ်မရည်ရွယ်ပါဘူးကွာ ”
ဆွန်းချောလ် ဝေါန်ဝူနားကိုတိုးကပ်သွားတော့ အကြောတင်းလေးကမျက်စောင်းထိုးလျက်ကြည့်လာသည်မို့ဆွန်းချောလ်နောက်ပြန်ဆုတ်လိုက်မိသည်။
ရှင်းပြရင်း ချော့ရင်း နားမထောင်ရင်းနှင့်ပင်အချိန်တစ်ခုစာကုန်သွားကာ ဝေါန်ဝူဆက်မပြောတော့ဘဲရေချိုးအဝတ်စားလဲဖို့အခန်းဆီတက်လာလိုက်သည်။
ခူလီက အိပ်ရာပေါ်မှာနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသည်မို့ ဝေါန်ဝူလာမကြိုတာစိတ်ဆိုးချင်ပေမယ့် အိပ်နေသည်မို့မနှိုးရက်ပဲထိုအတိုင်းပင်ထားထားလိုက်သည်။
» knock knock !!!!
တံခါးခေါက်သံကြောင့် ဝေါန်ဝူအင်္ကျီချွတ်လျက်ပင်အသံပြုတော့ ကိုကိုဖြစ်လို့နေသည်။
“ ညစာဘာစားမလဲ ဝေါန်ဝူ ?? ”
“ ကိုကိုအဆင်ပြေတာမှာထားလိုက် ”
“ သောက်စရာကရော !? ”
“ ကိုလာပဲ ”
“ အွန်း ~ ရေမြန်မြန်ချိုးနော် !!! ” ဆိုပြီးဆွန်းချောလ်အောက်ထပ်ပြန်ဆင်းလာကာ delivery မှာဖို့အတွက်စားသောက်ဆိုင်ရွေးကာဖုန်းဆက်မှာလိုက်သည်။
ဝေါန်ဝူရေချိုးပြီးဆင်းလာချိန်နှင့်မှာထားသည်တွေအချိန်ကိုက်ရောက်လာသည်မို့ အချိန်မဆွဲတော့ဘဲနှစ်ဦးသားညစာအတူစားကြသည်။
စားနေရင်းနှင့်မှ .........
“ ၂လကျော်လောက်ကြာမယ်ထင်တာ ”
ဝေါန်ဝူကြက်ကြော်တစ်တုံးကိုဝါးလိုက်ရင်း
“ မပျော်လို့ပြန်လာတာ ”
“ ကနေဒါကပျော်စရာတွေအများကြီးရှိတာကို ဝေါန်ဝူကလည်း ”
ကိုက်နေသည့်ကြက်သားတုံးကိုပစ်ချကာဆွန်းချောလ်ကို side eyeဖြင့်ထက်ကြည့်လာသည့်ဝေါန်ဝူကြောင့် ဆွန်းချောလ်စကားပြောမှားသွားမှန်းသတိပြုလိုက်မိသည်။
“ ကိုကိုကကျွန်တော်ပြန်လာတာမပျော်ဘူးမလား။ ”
“ အဲ့လိုသဘောနဲ့မေးတာမဟုတ်ပါဘူးကွာ ”
“ မနေစေချင်လည်းရတယ် ချက်ချင်းပြန်ထွက်သွားဖို့အလွယ်လေး !!! ”
“ တောင်းပန်ပါတယ်ဗျာ .... အဲ့လိုမျိုးရည်ရွယ်ပြီးပြောလိုက်တာမဟုတ်ဘူး။ ”
ဆွန်းချောလ်တစ်နေကုန်တောင်းပန်နေရ၍ ကိုယ့်ပါးစပ်ကိုယ်ပင်ခပ်နာနာရိုက်ချင်မိသွားသည်။
ပြန်ရောက်ကတည်းက မူမမှန်ဘဲစကားကိုတလွဲတွေချည်းသာပြောနေသည့်ကိုကိုကြောင့်ဝေါန်ဝူတစ်မျိုးတွေထင်မိသည်။
စကားတွေကဟိုရောက်ဒီရောက်နှင့်အစီအစဉ်မကျဘဲ နေမကောင်းသည့်သူတစ်ယောက်ကယောင်ကတမ်းပြောနေသလိုပင်။
ညစာစားရသည်မှာလည်းစိတ်မပါတော့၍ လက်စသတ်ပြီးအခန်းထဲသာဝင်နေလိုက်တော့သည်။
ဒီတစ်ညတော့တိတ်ဆိတ်မှုဖြင့်သာအဆုံးသတ်သွားပြီး ဆွန်းချောလ်ရော ဝေါန်ဝူရောအတူရှိလာသည့်တစ်လျှောက်အနေရခက်ဆုံးညဖြစ်လာခဲ့သည်။
-
-
“ အဲ့တော့ ... အခုထိစကားမပြောကြဘူးပေါ့။ ”
မေမေတို့ပြန်ရောက်တော့ ဆွန်းချောလ်မနေ့ညကအကြောင်းအရာတွေကိုပြန်ပြောပြဖြစ်သည်။
မေမေကရယ်နေကာ ဆွန်းချောလ်ကိုလှောင်နေသလိုပင်။
“ မရယ်ပါနဲ့ဗျာ ကျွန်တော်မနေ့ညကအိပ်တောင်မပျော်ဘူး။ ”
“ မင်းညီကောက်စိန်ရော ??? ”
ညီဆိုသည့်အသုံးနှုန်းကိုဆွန်းချောလ်မကြိုက်။ဒါပေမယ့်မေမေဖြစ်နေ၍ဘာမှပြောမရတာကြောင့်အပေါ်ထပ်ကိုကြည့်လိုက်ပြီး
“ မနက်ကတည်းကခုထိထွက်မလာသေးတာ ကျွန်တော်သွားခေါ်တာလည်းဘာမှပြန်မထူးဘူး။ ”
စကားအဆုံးမှာ ဆွန်းချောလ်နဖူးပေါ် *ဒေါက်* ခနဲမြည်အောင်ခေါက်ခံလိုက်ရသည်။
“ အဲ့ဒါနဲ့ပဲနင်ကလေးကိုတစ်ယောက်တည်းလွှတ်ထားရလားဟဲ့ !! မနက်ကတည်းဆိုခုပဲနေ့လည်ဖြစ်နေပြီ ချွဲဆွန်းချောလ်ရယ် !!! ”
ဆိုကာမေမေကအပေါ်ပြေးတက်တော့ဆွန်းချောလ်ပါလိုက်ရသည်။
တံခါးခေါက်နေပေမယ့်ပြန်မထူးတာကြောင့်တံခါးကိုလော့ခ်ချထား၍ သော့ပိုပြေးဆင်းယူကာဖွင့်ရသည်။
အခန်းထဲမှောင်ပိန်းနေပြီး လှုပ်ရှားမှုမရှိ။
“ ဝေါန်ဝူလေး ~ !!! ”
“ ဝေါန်ဝူ !! ”
အခန်းမီးကိုဖွင့်လိုက်တော့ ကုတင်ပေါ်လဲလျက်လေးရှိနေသည့်ဝေါန်ဝူကိုတွေ့လိုက်ရ၍ဆွန်းချောလ်စိုးရိမ်စိတ်တို့ကဂိတ်ဆုံးရောက်သွားရသည်။
လှုပ်နှိုးနေပေမယ့်မနိုးဘဲ သွေးကြောတွေဖျော့နေကာ မျက်နှာမှာလည်းဖြူစုတ်နေပြီမို့ ဆွန်းချောလ်ပွေ့ချီကာအောက်ထပ်ပြေးဆင်းလာပြီးကားထဲထည့်ရင်း ဆေးရုံကိုမောင်းချလာခဲ့လိုက်သည်။
ဆေးပုလင်းချိတ်ထားရကာ စိုးရိမ်ရသည့်အခြေအနေမို့ဆွန်းချောလ်ထိုင်မရထမရပင်။
ဆေးတစ်ပုလင်းကုန်အောင်ချိတ်ပြီးမှ ဒေါက်တာကနောက်တစ်ခေါက်ပြန်လာစစ်ဆေးပြီး
“ လူနာကအတွေးတွေစဉ်းစားရတာတွေတအားများသွားပြီး depression ဝင်သွားတာပါ mental health နဲ့ပတ်သက်ပြီးဂရုစိုက်ပေးစေချင်ပါတယ် ပြီးတော့အစားအသောက်လည်းဂရုစိုက်ပြီးအာဟာရရှိတာတွေများများကျွေးပေးပါ။ ”
“ ဟုတ်ကဲ့ပါခင်ဗျာ ကျေးဇူးပါ။ ”
ဒေါက်တာကိုကျေးဇူးတင်လိုက်ရင်း ဆွန်းချောလ် ဝေါန်ဝူလက်ကလေးကိုထပ်မံဆုပ်ကိုင်လိုက်မိသည်။
ဘယ်တွေများအများကြီးတွေးလိုက်လို့ depression ဝင်သွားပြီးမေ့လဲရသွားတာပါလိမ့် ... ဝေါန်ဝူရယ် ??
ဆွန်းချောလ်ငယ်စဉ်ကတည်းကအရိပ်တကြည့်ကြည့်နှင့်မျက်ခြေမပြတ်ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည့်ကလေးဖြစ်၍ ဝေါန်ဝူသည်ဆွန်းချောလ်အတွက်တန်ဖိုးအရှိဆုံးသက်ရှိလေးဖြစ်သည်။
ဝေါန်ဝူကိုနာကျင်ထိခိုက်စေမည့်အရာမှန်သမျှကိုဆွန်းချောလ်ထိပ်တိုက်ရင်ဆိုင်ကာရှင်းပစ်မည်ပင်။
ကိုယ်တိုင်လည်းဝေါန်ဝူအတွက် မထိခိုက်စေအောင်ဂရုစိုက်နေသည့်ကြားက စကားမှားရာကနေပြသာနာဖြစ်သွားရသည်အထိ။
“ ကိုကိုပဲတောင်းပန်ပါတယ် .... နောက်ဆိုကိုကိုအများကြီးပိုဂရုစိုက်ပေးမှာမို့ ဝေါန်ဝူကနေမကောင်းမဖြစ်ရတော့ဘူးနော် ”
မျက်နှာသွယ်သွယ်ထွက်ဝဲကျနေသည့်ဆံပင်တွေကိုသပ်တင်ပေးပြီး ဆွန်းချောလ်ဆို့နင်စွာပင်ဝေါန်ဝူကိုကြည့်နေမိသည်။
ဆွန်းချောလ်ရှေ့လျှောက်ဝေါန်ဝူကိုကာကွယ်ပေးဖို့အတွက်အများကြီးကြိုးစားရဦးမည်ပင်။
--------------------------------------------------------------------------------
You are reading the story above: TeenFic.Net