-3-

Background color
Font
Font size
Line height

“ ခုနကရေဘူးကမ်းနေတဲ့တစ်ယောက်ကဘယ်သူလဲ ။ ”

“ အဲ့ဒါစီနီယာတန်းကချွဲဆွန်းချောလ် ”

“ မိုက်လိုက်တာ တကယ်ကိုငါ့typeပဲ ”

ဆွန်းချောလ်အားကစားနှင့်ပတ်သက်ပြီးဆော့ကစားရတာမကြိုက်ပေမယ့်လို့ ဘေးကနေရေသန့်ဘူးဝေတာ ၊ တာဝါဝေတာကအစကူညီပေးဖြစ်သည်။

“ ဆွန်းချောလ် ”

“ ဟမ် ? ”

ကစားသမားထဲကသူငယ်ချင်းဖြစ်သူကအနားရောက်လာပြီး

“ Cheerleader teamကတစ်ယောက်ကမင်းဖုန်းနံပါတ်လိုချင်လို့တဲ့။ ”

ဆွန်းချောလ်မျက်မှောင်ကျုံ့လိုက်ပြီးရေဘူးတွေဆက်ထည့်နေရင်း

“ ငါ့မှာဖုန်းမရှိဘူး ”

“ ဟာ .... မင်းကလည်းကွာ ကောင်မလေးကချစ်စရာလေးပါ မင်းနဲ့လည်းလိုက်လောက်မှာ ”

ဆွန်းချောလ်ရေဘူးထည့်နေတာရပ်လိုက်ပြီးသူငယ်ချင်းဖြစ်သူကိုတစ်လှည့် Cheerleader teamရှိနေသည့်နေရာကိုတစ်လှည့်ကြည့်ကာ

“ Cheerleader ဆိုတာမင်းလိုplayerကောင်းနဲ့မှလိုက်ဖက်တာ ငါလိုရေဘူးပေးတဲ့သူနဲ့မမိုက်ပါဘူးကွာ မင်းဖုန်းနံပါတ်ပဲပေးလိုက်စမ်းပါ ”

သူငယ်ချင်းကိုအချိုသတ်မြှောက်ပင့်ပြီး ဆွန်းချောလ်တစ်ဖက်ခြမ်းကိုရှောင်ထွက်လာခဲ့လိုက်သည်။

ဆွန်းချောလ်ခေါင်းထဲမှာရော နှလုံးသားထဲမှာရှိသည်ကဂျော်န်ဝေါန်ဝူနှင့်မိသားစုသာဖြစ်ပြီး ဝေါန်ဝူကလည်းမိသားစုပေမယ့် မတူညီသည့်အဓိပ္ပာယ်နှင့်ဖြစ်သည်။

ပြောကာမှသတိရလာ၍စာပို့ထားလားစစ်ကြည့်မိတော့ မနေ့ညကတည်းကပို့ထားသည့် Goodnight ကိုပင်စာသာဝင်ဖတ်ပြီးစာမပြန်ထားပေ။

အရွယ်လေးရောက်လာတော့ စိတ်အပြောင်းအလဲဖြစ်ပြီးကိုယ့်အနားမနေတော့မှာစိတ်ပူမိရပေမယ့် ဝေါန်ဝူကငယ်ငယ်တုန်းကအတိုင်းမပြောင်းလဲသည့်‌ကလေးလေးပင်ဖြစ်သည်။




“ ဒီအရွယ်ကြီးထိမင်းအကိုလာကြိုတာကိုသည်းခံနေတုန်းလား ဝေါန်ဝူရာ ”

“ ဘာလို့လဲ ကိုကိုနဲ့အတူပြန်ရတာပိုလုံခြုံတယ်လေ ”

ဂွေါမ်ဆွန်းယောင်းကဝေါန်ဝူကိုခေါင်းခါပြပြီး လူငယ်ဆိုတာလွတ်လပ်သင့်ကြောင်း ၊ အရွယ်ရောက်နေပြီဖြစ်၍လာမကြိုသင့်ကြောင်း စသည်ဖြင့်လူငယ်လွတ်လပ်ခွင့်ဆိုသည့်ခေါင်းစဉ်ဖြင့်ဝေါန်ဝူကိုရှင်းပြလို့နေသည်။

သေချာရှင်းပြနေသည့်ဆွန်းယောင်းကိုကြည့်ကာဝေါန်ဝူနားလည်ဟန်ခေါင်းတငြိမ့်ငြိမ့်နှင့်နားထောင်နေပြီးကာမှ

“ ငါကိုကို့ကိုပြောပြကြည့်လိုက်ပါမယ် ” တဲ့။

ဆွန်းယောင်းကိုယ့်နဖူးကိုယ်ပြန်ရိုက်မိသွားသည်။
ကိုယ့်မှာတော့သူလွတ်လပ်ချင်ပါစေစိတ်နဲ့ရှင်းပြနေမိပေမယ့်ဂျော်န်ဝေါန်ဝူကတော့ ကိုကိုမပါရင်မပြီးသည့်သူဖြစ်သည်။

ညနေကျောင်းဆင်းတော့ဝေါန်ဝူ ဆွန်းယောင်းနဲ့အတူကျောင်းဝန်းထဲကထွက်လာကာစောင့်နေကြနေရာမှာပင်ကိုကို့ကိုစောင့်နေလိုက်သည်။
ဆွန်းယောင်းကမပြန်သေးဘဲ ဝေါန်ဝူနဲ့တူတူစောင့်ပေးနေတာကြောင့်မပျင်းရဘဲရောက်တတ်ရာရာပြောရင်း လေပြင်းတစ်ချက်ဝှေ့သွားတာကြောင့်ဝေါန်ဝူမျက်လုံးထဲဖုန်မှု့ဝင်ကာနေရထိုင်ရခက်နေမိသည်။

“ ဘာဖြစ်လို့လဲ ”

“ မျက်လုံးထဲအမှုန်ဝင်သွားလို့ ”

“ ဒီကိုတိုး ငါကြည့်ပေးမယ် ”

အနားနားကပ်ကာမျက်လုံးထဲလေမှုတ်ပေးနေကာ ဂျော်န်ဝေါန်ဝူကိုအဆင်ပြေမပြေမေးနေရသည်။

ဆွန်းချောလ် ကျောင်းကြိုသည့်လမ်းမှာဖြစ်ကာဖေဖေနှင့်ဖုန်းပြောနေတုန်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ဖုန်းပင်ဆက်မပြောနိုင်။
ဝေါန်ဝူနှင့်ကောင်လေးတစ်ယောက်ကနီးနီးကပ်ကပ်ရှိနေကာဘာလုပ်နေမှန်းမသိရပေမယ့်မြင်ရသည့်အနေအထားကတော့အထင်မှားချင်စရာပင်။
ဖေဖေ့ကိုဖုန်းချဖို့ပြောလိုက်ကာ အနားကိုပြေးသွားလိုက်ပြီး

“ ဂျော်န်ဝေါန်ဝူ !!!! ” ဆိုပြီးအသံကျယ်ကြီးနှင့်ခေါ်ချလိုက်မိသည်။

အသံကြောင့်လှည့်ကြည့်လာသည့်မျက်ဝန်းတွေကစိုစွတ်နေကာ မျက်လုံးတစ်ဖက်ကိုထပ်ခါထပ်ခါပွတ်နေသည်။
ဘေးကတစ်ယောက်ကလည်းအူကြောင်ကျားရုပ်နှင့်မို့ဆွန်းချောလ်တံတွေးမြိုချလိုက်ရင်း

“ ဘာလုပ်နေတာလဲ ”

“ ‌မျက်လုံးထဲအမှုန်ဝင်သွားလို့ဆွန်းယောင်းကလေမှုတ်ပေးနေတာကိုကို ဘာဖြစ်လို့လဲ ”

“ မ ... မဟုတ်ပါဘူး ဒီတိုင်းပဲ ထလေ ပြန်ကြမယ် ”

ဆွန်းချောလ်ရှက်ကိုးရှက်ကန်းနှင့်ဝေါန်ဝူကျောပိုးအိတ်ကိုယူလွယ်လိုက်ပြီး ဘေးကအူကြောင်ကျားကိုတစ်ချက်ကြည့်ရင်း

“ မင်းကဝေါန်ဝူသူငယ်ချင်းလား။ ”

“ ဟုတ်ကဲ့ဗျ ဂွေါမ်ဆွန်းယောင်းလို့ခေါ်ပါတယ် ဝေါန်ဝူရဲ့အတွင်းသိအဆင်းသိပါ ”

ဆွန်းချောလ် side eyeသာပေးလိုက်ရင်းဘာမှထပ်မပြောတော့ဘဲ ဝေါန်ဝူလက်ကိုဆွဲကာအိမ်ပြန်လာလိုက်သည်။


“ ကိုကိုခုနကဘာလို့အကျယ်ကြီးအော်လိုက်တာလဲ။ ”

“ မကျယ်ပါဘူး ပုံမှန်အသံပါပဲ ”

“ လိမ်တာ ကျွန်တော်တောင်လန့်သွားတာကို ကိုကို့အသံကဒီကအော်ရင်အိမ်ကတောင်ကြားရတဲ့ထိကျယ်တာကို ”

လူကိုမေးခွန်းထုတ်သလိုနှင့်ပြန်စနေသည့်ဂျော်န်ဝေါန်ဝူကြောင့် ဆွန်းချောလ်အနည်းငယ်တော့ရှက်မိသွားသည်။

အသံကအရမ်းကျယ်မိသွားမှန်းလည်းကိုယ့်ဟာကိုယ်သိတာမို့စကားလမ်းကြောင်းလွှဲကာတစ်နေ့တာကိစ္စတွေကိုမေးမြန်းလိုက်သည်။

“ ဆွန်းယောင်းကပြောတယ် လူငယ်ဆိုတာလွတ်လပ်သင့်တယ်တဲ့ ကိုကို့ကိုနောက်ဆိုကျောင်းလာမကြိုခိုင်းနဲ့ပြောတယ် ”

“ ခုနကအူကြောင်ကျားလား။ ”

“ အူကြောင်ကျားမဟုတ်ပါဘူး ဆွန်းယောင်းကချစ်စရာကောင်းတဲ့ဟမ်းစတားလေးလိုပါပဲ ”

ဆွန်းချောလ်စိတ်ကောက်ချင်မိသွားသည်။

“ ကိုကို့ကိုကျောင်းမကြိုစေချင်ဘူးလား။ ”

“ ဝေါန်ဝူမပြောမိပါဘူး ဆွန်းယောင်းပြောတာကိုပဲပြန်ပြောပြတာပါ ”

ချက်ချင်းပင်ကျွန်တော်ကနေ ဝေါန်ဝူပြန်ဖြစ်တာသွားသည့်ဂျော်န်ဝေါန်ဝူကတကယ့်အချွဲတုံးလေးဖြစ်သည်။

ဆွန်းချောလ်စိတ်ကိုနားအလည်ဆုံးဖြစ်ကာ တစ်ခါတလေဆွန်းချောလ်စိတ်အလိုမကျဖြစ်နေရင်ဘေးကနေလူကြီးလေးလိုရှင်းပြတတ်သေးသည်။

ဖေဖေအလုပ်ကပြန်ရောက်နေပြီဖြစ်ကာမိသားစုလက်ဆုံစားကြတော့ ဝေါန်ဝူကမေမေ့ဘေးထိုင်ကာငြိမ်ငြိမ်လေးစားနေပေမယ့်ဆွန်းချောလ်ကတော့ဖေဖေနှင့်ငြင်းခုန်နေရသည်။

“ တင်ပါးကတစ်ခုတည်းလို့ဖေဖေရဲ့ ”

“ နှစ်ခုပါကွာ မင်းကမင်းအဖေထက်ပိုသိနေတာလား။ ”

“ သားကခေတ်လူငယ်ပါဗျ သားစကားကပိုမှန်တယ်နော် ဝေါန်ဝူ ” ဆိုတော့စားနေသည့်ထမင်းလုတ်လေးကိုမြုံနေရင်းကြောင်တောင်တောင်လေးကြည့်လာသည်မှာဖျစ်ညှစ်ချင်စရာကောင်းလွန်းသည်။

ဆွန်းချောလ်ပြောတာမှန်ကြောင်းထောက်ခံခေါင်းငြိမ့်တော့ဖေဖေကပါမေမေကိုအကူညီတောင်းပြန်သည်။
ညစာစားဝိုင်းလေးကဆူညံသလိုရှိပေမယ့် အေးချမ်းသည့်ဆူညံခြင်းပင်။

“ ခူလီ ခူလီ ဒီကိုလာ ”

ဝေါန်ဝူနားရောက်လာသည့်ခူလီကိုပွေ့ထားရင်းမွှေးမည်ပြုတော့ကိုကို့လက်ကဝေါန်ဝူနှာခေါင်းနှင့်ခူလီကိုယ်ကြားဝင်လာပြီး

“ ရောဂါရမယ် မနမ်းရဘူး။ ”

“ ခူလီကအမွှေးမကျွတ်ပါဘူးကိုကိုရ ”

“ စကားနားထောင် ဝေါန်ဝူ ”

“ ဟုတ် ”

ဆွန်းချောလ်စာလုပ်နေသလိုဝေါန်ဝူစာမလုပ်ပေမယ့် ဝေါန်ဝူရဲ့အဆင့်တွေကဆွန်းချောလ်နည်းတူထိပ်တန်းကျောင်းသားအဆင့်ပင်။

ဆွန်းချောလ်ကတော့ဝေါန်ဝူစာမလုပ်လည်းမဆူသလို စာလုပ်ဖို့လည်းဖိအားမပေး။
ပျော်သလိုနေစေကာ ဝေါန်ဝူစိတ်ချမ်းသာဖို့သာနံပါတ်တစ်ဖြစ်သည်မို့။

“ ကိုကို ”

“ ပြောလေ ”

“ မေမေတို့ကနိုင်ငံခြားပြောင်းဖို့ထပ်ပြောလာရင်ဘယ်လိုလုပ်ရမလဲ။ ”

ရေးလက်စစာတွေဆီအာရုံမရတော့ဘဲ ဆွန်းချောလ်ဘောပင်ကိုချကာဝေါန်ဝူကိုကြည့်လိုက်ပြီး

“ ဝေါန်ဝူကပြန်ချင်လို့လား။ ”

ခူလီပွတ်သက်ရင်းဝေါန်ဝူငိုင်ငိုင်လေးတွေးနေမိကာ

“ လွမ်းတော့လွမ်းမိပေမယ့် မေမေတို့နဲ့နေရတာမပျော်ဘူးကိုကို ”

“ မပျော်ရင်ပြန်စရာမလိုဘူး ကိုကိုရှိတယ် ကိုကိုကဝေါန်ဝူကိုတစ်သက်လုံးတာဝန်ယူနိုင်တယ်။ ”

“ ကိုကိုကဖေဖေပြောင်းလုပ်မလို့လား ” ဆိုပြီးရယ်သံလေးစွတ်ကာမေးတော့ ဆွန်းချောလ်အသည်းယားစွာပင် ပါးလေးတွေကိုဖွဖွလေးညှစ်လိုက်မိသည်။

ဆွန်းချောလ်အခုချိန်ကြိုးစားသမျှတွေကနောင်အနာဂတ်မှာဝေါန်ဝူကိုတစ်သက်လုံးတာဝန်ယူနိုင်ဖို့ပါပဲ။








_
  _______________________________________


You are reading the story above: TeenFic.Net