- 2 -

Background color
Font
Font size
Line height

Oversea ထွက်သွားသည့်မိဘတွေကြောင့် ဝေါန်ဝူ ဆွန်းချောလ်တို့အိမ်မှာရှိနေဖြစ်မှာအချိန်တစ်ခုအထိဖြစ်သည်။
ရပ်ကွက်ကပင်ဝေါန်ဝူကိုဆွန်းချောလ်တို့အိမ်ကအငယ်လေးဟုအသိများကြပြီးတော်ရုံတန်ရုံအိမ်နီးနားချင်းလို့ပြောရင်‌‌
တောင်ယုံမည်မဟုတ်ကြပေ။

“ မေမေ !! မေမေ မေမေ !!!! ”

မိုးမလင်းသေး လှေကားပေါ်ကနေကျော်လွှားပြေးဆင်းလာပြီးအနားရောက်လာတော့

“ ဝေါန်ဝူရော သားဝေါန်ဝူကိုမတွေ့ဘူး အိမ်ပြန်သွားပြီလား ???? ”

ထမင်းလိပ်ရတာလက်ဝင်ရသည့်အထဲ နိုးသည်နှင့်ဝေါန်ဝူကိုတန်းမေးသည့်သားဖြစ်သူကိုမဖြေနိုင်တော့ခြံထဲကိုသာမေးငေါ့ပြလိုက်သည်။
မျက်နှာလည်းမသစ်ဘဲညအိပ်ဝတ်စုံနှင့်ညပစ်ပေအိုးချွဲဆွန်းချောလ် တို့ခြံထဲပြေးဆင်းသွားပြန်သည်။

“ ဝေါန်ဝူ ~ ” လို့ခေါ်ရင်းမျက်စိကလည်းတောက်လျှောက်ရှာနေကာ ခြံထောင့်နားတွင်ကြောင်သေးသေးလေးကိုလက်ဖဝါးဝေါ်တင်ထားရင်းလှည့်ကြည့်လာသည်။

“ ကိုကို ... ဒီမှာကြောင်လေး ” ဆိုကာအနားကိုပြေးလာကာပြလို့နေသည်။

ကြောင်ထက်ပြေးလာ၍ချော်လာမှာဆိုးတာကြောင့် သိပ်မဝေးသော်လည်းလှမ်းသတိပေးရသေးသည်။
ကြောင်လေးကိုလက်ဖဝါးနှစ်ဖက်ပေါ်တင်ပြီး ကိုယ့်ကိုပြလာကာ

“ ဝေါန်ဝူကြောင်လေးမွေးလို့ရမလား ကိုကို ”

ဆွန်းချောလ်စိတ်ရင်းအမှန်တိုင်းသာဆိုဘာအကောင်မှပေးမမွေးချင်ပါ။
ကြောင်ဆိုတာကနူးညံ့သည့်သွေးနွေးသတ္တဝါဆိုပေမယ့်လည်းတစ်ခါတလေတော့ထိခိုက်စေတတ်တာပဲလေ။

ဒါပေမယ့် .... ရှေ့တည့်တည့်ကနေမော့ကြည့်နေသည့်ကြယ်တာရာလိုတလဲ့လဲ့မျက်ဝန်းလေးတွေကိုမြင်တော့ဆွန်းချောလ်မငြင်းဆန်နိုင်။
ဘယ်ကရောက်လာမှန်းမသိသည့်ကြောင်ပေါက်လေးကိုမွေးခွင့်ပေးလိုက်ရသည်။

မနက်စာစားဝိုင်းမှာကြောင်လေးမွေးဖို့အကြောင်းပြောတော့မေမေက

“ သား အဲ့ကြောင်လေးကိုဘယ်ကတွေ့တာလဲ။ ”

“ ဝေါန်ဝူမသိဘူး တီတီ ခြံထောင့်နားလေးမှာချမ်းလို့ထင်တယ်ကွေးထိုင်နေတာမြင်တာ ဝေါန်ဝူတခြားကြောင်လေးတွေရှိဦးမလားလိုက်ရှာပါသေးတယ် မတွေ့လို့ခေါ်လာတာပါတီတီ ”

အကြောင်းစုံရှင်းပြနေသည့်ကလေးကြောင့် ဆက်မေးဖို့မတွေးတော့ဘဲသူ့စိတ်ကူးလေးအတိုင်း‌မွေးခွင့်ပေးဖို့ဆုံးဖြတ်လိုက်သည်။

ပိတ်ရက်ဖြစ်၍ မနက်စာစားပြီးတော့ဆွန်းချောလ်ကစာလုပ်နေကာဝေါန်ဝူကတော့ကြောင်ပေါက်ကလေးနှင့်ဆော့ကစားလို့နေသည်။

“ ကိုကို ”

“ hmmm ? ”

“ သူ့အမေကြီးလိုက်ရှာနေရင်ဘယ်လိုလုပ်မလဲ။ ”

“ လိုက်ရှာရင်အသံပေးမှာပဲလေ ဝေါန်ဝူရဲ့ အဲ့ခါကြပေးတွေ့လိုက်ပေါ့ ။ ”

ဆွန်းချောလ်အဖြေကိုစိတ်ကျေနပ်သွားသည့်ဟန်ခေါင်းလေးတငြိမ့်ငြိမ့်နှင့်ပြန်ဆော့နေကာအတော်ကြာတော့ထပ်ခေါ်လာပြန်သည်။

“ ကိုကို ”

“ ဗျာ ~ ”

“ သူ့မေမေလာမရှာရင်ဝေါန်ဝူတို့ဒီကလေးလေးကိုအမြဲတမ်းမွေးထားမယ်နော် ကိုကို ”

“ အင်း .... မွေးမွေး ”

ဝေါန်ဝူကသဘောတွေကျနေကာ ရယ်သံလေးတွေလွင့်နေတော့ ဆွန်းချောလ်စာလုပ်ရတာပိုပြီးစိတ်ကြည်လင်ရသည်။

ကြောင်ကလေးကို ခူလီလို့နာမည်ပေးထားပြီး
ဆွန်းချောလ်ကဝေါန်ဝူကိုကလေးတစ်ယောက်‌ပျိုးထောင်သလို ဝေါန်ဝူကလည်းခူလီကိုကလေးလေးတစ်ယောက်လိုဂရုတစိုက်ရှိလွန်းလှသည်။

ဆွန်းချောလ်စာလုပ်နေရင် ဝေါန်ဝူကဘေးတွင်ခူလီနှင့်ဆော့နေတတ်ပြီး ‌ဆွန်းချောလ်စာပြီးသွားရင်တော့ဆွန်းချောလ်ပါဝင်ဆော့ပေးရသည်။
အိပ်ရင်လည်း ခူလီကိုတူတူခေါ်သိပ်သည်မို့ကျန်းမာရေးအတွက်စိုးရိမ်မိတာကြောင့်ဝေါန်ဝူအိပ်ပျော်သွားသည့်အချိန်တွင်ခူလီကိုသူ့အိပ်ယာထဲသူပြန်ထားပေးရသည်။

ဖြတ်သန်းလာသည့်နေရက်တွေရဲ့သုံးပုံနှစ်ပုံကဆွန်းချောလ်တို့အိမ်တွင်ဖြစ်သည့်အလျောက်ဝေါန်ဝူကဆွန်းချောလ်တို့ကိုပိုပြီးခင်တွယ်သည်။
မိဘတွေနိုင်ငံခြားပြောင်းဖို့ပြင်တော့  ဝေါန်ဝူမလိုက်ချင်၍ပထမဆုံးအနေနဲ့ဂျီကျငိုယိုမိခြင်းပင်။

နောက်ဆုံးပြောမရသည့်အဆုံးဆွန်းချောလ်မေမေဆီမှာပဲ အပ်ထားကာငွေကြေးထောက်ပံ့ပြီး‌ဝေါန်ဝူကိုထားခဲ့ဖို့ဆုံးဖြတ်လိုက်ကြသည်။




“ ဒါဘယ်တုန်းချွဲဆွန်းချောလ် ???? ”

ရေမိုးချိုးပြီးမင်းသားရှုံးအောင်ပြင်ဆင်ကာဆင်းလာသည့်သားဖြစ်သူကိုမေးတော့

“ သိရဲ့သားနဲ့ မေမေကလည်း ”

“ ဟဲ့ !!! ဝေါန်ဝူလေးကိုကျောင်းသွားကြိုတာတော့သိတာပေါ့ နင့်ဟာကတရားလွန်ပြင်ဆင်လာပြီးတော့ ”

“ ဂျော်န်ဝေါန်ဝူရဲ့အုပ်ထိန်းသူအနေနဲ့အပြတ်သားနားနေမှဖြစ်မယ်မေမေ မဟုတ်ရင်ကျွန်တော့်ကလေးကိုသူများတွေလှောင်မှာပေါ့ ”

ဆယ်ကျော်သက်အရွယ်ရောက်လာတော့ ကျောင်းချိန်တွေမတူတော့၍ ချွဲဆွန်းချောလ်တို့အကဲပိုတာလျော့မည်မထင်နှင့်။
တစ်နာရီကျော်လောက်စောဆင်းသည့်ကျောင်းကနေအိမ်ကိုကျားလိုက်သလိုပြေးလာပြီး ရေချိုးသန့်စင်ပြီးဝေါန်ဝူကိုကျောင်းသွားကြိုတတ်သည်။

ပါးစပ်ကလည်းကလေး ကလေးနှင့်သူ့ကိုယ်သူဝေါန်ဝူအုပ်ထိန်းသူဆိုပြီးဂုဏ်ယူနေတတ်သေးသည်။

“ ဂျော်န်ဝေါန်ဝူ တူတူပြန်မယ်လေ ”

“ ရတယ် ကိုကိုလာကြိုလိမ့်မယ် ”

လမ်းတူ အိမ်နီးနားချင်းသူငယ်ချင်းတွေရှိပေမယ့် ကိုကိုကသူကိုယ်တိုင်လာကြိုမှပြန်ရမယ်ပြောထား၍ဝေါန်ဝူတစ်သွေမတိမ်းပင်နားထောင်ရသည်။

အထက်တန်းကျောင်းသားဖြစ်သွားသည့်ကိုကိုကဝေါန်ဝူတို့နဲ့ကျောင်းရော ကျောင်းချိန်ရောမ‌တူတော့ပေမယ့် ဝေါန်ဝူကိုအမြဲကျောင်းပို့ကျောင်းကြိုလုပ်ပေးသည်။

“ ဝေါန်ဝူ ~ ya ”

အသံပြုလိုက်သည်နှင့်ကိုယ့်ကိုမြင်တော့ပြုံး၍ပြေးလာသည့်ကလေးကိုမြင်တော့ဖုတ်ပူမီးတိုက်အသည်းအသန်ပြေးလာရသမျှအမောပြေရသည်။

ဝေါန်ဝူလွယ်အိတ်လေးကိုတစ်ဖက်ကလွယ်လို့ တစ်ဖက်ကဝေါန်ဝူလက်ကိုဆွဲကိုင်ထားပြီးအပြန်လမ်းတွင်တစ်နေ့တာအကြောင်းအရာတွေကိုဆွန်းချောလ်မေးမြန်းရသည်။
ကိုယ့်ကလေးကအနေအေးကာ သည်းခံတတ်သည့်သူမို့သူများတွေအနိုင်ကျင့်မှာလည်းဆိုးရသည်။

“ ရေတန်းမချိုးနဲ့ဝေါန်ဝူ ”

“ ဟုတ်ကဲ့ဗျ ” ဆိုကာခူလီနှင့်သွားဆော့နေ၍ လွယ်အိတ်ရှင်းဖို့အခန်းထဲဆွန်းချောလ်သာကျန်နေခဲ့သည်။

နေ့တိုင်းလုပ်နေကြအလုပ်တစ်ခုဖြစ်သည့်ဝေါန်ဝူရဲ့အချိန်ဇယားတိုင်းစာအုပ်တွေစစ်ထည့်ပေးပြီးပြန်လာတိုင်းလည်းလွယ်အိတ်ရှင်းပေးတတ်သည်။
စာအုပ်တွေတစ်အုပ်ချင်းထုတ်ရင်း ရုတ်တရက်ဆိုသလိုထွက်ကြလာသည့်ရေမွှေးနံ့သင်းသင်းနှင့်စာအိတ်လှလှကြောင့်‌ဆွန်းချောလ်ခေါင်းကြီးသွားရသည်။

ဖွင့်မဖတ်ရသေးခင်မှာတင် တောက်ခေါက်ကာစာအိတ်ကိုဖွင့်ဖွတ်ကြည့်တော့ကြောင်ချီးကုတ်လက်ရေးနှင့်အတော်လေး‌ကိုဖတ်ရဆိုးလှသည်။

>> ဝေါန်ဝူကအရမ်းချောတယ် ငါ့typeပဲ ဆိုရာကနေအစချီထားသည့်ပြွတ်သိပ်နေသည့်စာကိုဆွန်းချောလ်ဆက်မဖတ်နိုင်၍ဘောင်းဘီအိတ်ကပ်ထဲသာထိုးထည့်ထားလိုက်သည်။

လက်ရေးဆိုးတာတောင်ရည်းစားစာပေးရဲသည့်သတ္တိကတော့တကယ်ကိုလေးစားစရာပင်။

“ ကိုကို ~ ရေချိုးလို့ရပြီလား။ ” ဆိုသည့်အပြင်ဘက်မှအသံကြောင့် ဆွန်းချောလ်လွယ်အိတ်ကိုအမြန်ရှင်းကာချိတ်စင်တွင်ချိတ်ထားလိုက်ပြီးအပြင်ထွက်လာလိုက်သည်။

ဝေါန်ဝူလက်ထဲကခူလီကိုပြောင်းယူချီလိုက်ပြီး

“ ချိုးတော့ !! ပြီးရင်တစ်ခုခုစားရအောင် ”

“ ဟုတ်ကဲ့ခင်ဗျ ”

“ အရမ်းမကြာနဲ့နော် အအေးမိမယ်ဝေါန်ဝူ ” လို့လှမ်းအော်ဖို့လည်းမမေ့။
ရေစိမ်နေရရင်အိပ်ပျော်သွားတတ်သည့်အကျင့်ရှိတာသိထား၍သတိလှမ်းပေးရသေးသည်။

_
  _______________________________________

note >> Healing by the sea / ep5 မှာ Bora Bora beachကို Spain မှာဆိုပြီးရေးခဲ့မိတာ googleပြန်ရှာမှ French Polynesia အနီးမှာရှိမှန်းသိရလို့ပြန်ပြင်ထားပါတယ်။
wrong info ကိုအတော်ကြာမပြင်ဘဲထားထားမိလို့တောင်းပန်ပါတယ်။


You are reading the story above: TeenFic.Net