-1-

Background color
Font
Font size
Line height

တိတ်ဆိတ်နေသည့်ပတ်ဝန်းကျင်ကရုတ်တရက်ဆိုသလိုစကားပြောသံတွေကြောင့်ဆူညံနေ၍ ထွက်ကြည့်မိတော့တရားခံကချွဲဆွန်းချောလ် ။

ခါးထောက်ပြီးကလေးကိုဘာတွေဆူနေပြောနေလဲမသိ။
ဟင်းအိုးမွှေလက်စနှင့်မို့သွားမကြည့်မိပေမယ့်အပြောမပြတ်သည့်သူကြောင့်တစ်ချက်ထပ်မွှေပြီးဇွန်းကိုချကာထွက်ကြည့်မိတော့ ...

“ ကိုကိုပြောတယ်မလား အဲ့လူတွေနဲ့မပေါင်းပါနဲ့ဆိုတာကို ”

“ ဝေါန်ဝူမပေါင်းပါဘူး သူတို့ကလာခေါ်တော့အားနာလို့တူတူဆော့ပေးတာပါ။ ”

“ နေ့တိုင်းဆုံးမနေရတဲ့ကိုကို့ကိုရောအားမနာဘူးလား ဟမ် !!! ”

ဆရာကြီးစတိုင်လ်နှင့်ခါးထောက်ပြီးနှုတ်ခမ်းတထော်ထော်နှင့်ဆူနေသူရှေ့ လက်လေးပိုက်ခေါင်းလေးငုံ့လို့မျက်နှာငယ်သည့်ရပ်နေသည့်ဘေးအိမ်ကကလေးလေး။

“ ချွဲဆွန်းချောလ် !! နင်ကလေးကိုဘာတွေဆူနေပြန်လဲ။ ”

ကိုယ့်ကိုမြင်တော့သူကလက်ကာပြလာပြီး
“ မေမေအသာနေပါ ” တဲ့။

အမလေး !!! တော်တော်တတ်နေတာ

“ ဝေါန်ဝူ သားကိုကိုကဘာတွေပြောနေတာလဲ တီတီကိုပြော ! ”

“ ကိုကိုကဝေါန်ဝူကိုဆုံးမနေတာပါ ကိုကိုမပေါင်းနဲ့ပြောထားတဲ့သူတွေနဲ့ကစားမိလို့ ကိုကိုစိတ်ဆိုးပြီးဆုံးမနေတာ ”

ဆရာကြီးကိုတစ်ချက်ပြန်လှည့်ပြီးနားထင်မွှေးကိုလှန်ဆွဲလိုက်ပြီး

“ နင်ကကလေးကိုဆုံးမနေရအောင်နင်ကဝေါန်ဝူအဖေလား ဟမ် !!!! ? ”

“ အဖေတော့ဘယ်ဟုတ်မလဲဗျ သားကနောက်ဆိုဝေါန်ဝူရဲ့အုပ်ထိန်းသူလုပ်မှာ မေမေမသိပါဘူးဗျာ ”

ပြောလေကဲလေနှင့်မို့ချွဲဆွန်းချောလ်ကိုကိုင်သာဆောင့်ထားလိုက်ချင်မိသည်။

အိမ်ပြောင်းလာသည့်ထိုကလေးကိုရင်းနှီးသည့်နေ့ကတည်းကသူ့မှာကလေးထိန်းလိုလိုဘာလိုလို။
ဟိုဟာမစားရ ဒီဟာမကိုင်ရ ဟိုလူဒီလူမပေါင်းရနှင့်မို့ကိုယ့်မှာဝေါန်ဝူမိဘတွေနဲ့တွေ့ရင်အားနာနာနှင့်တောင်းပန်စကားဆိုရသေးသည်။

“ တော်ပြီ ဝေါန်ဝူလေးကိုဆူမနေနဲ့ နင်အိမ်စာတွေပြီးပြီလား ။ ”

“ ပြီးပြီ ” ဆိုပြီး သူ့လက်ကနာရီကိုငုံ့ကြည့်ကာကိုယ့်ကိုပြန်ကြည့်လာပြီး

“ ထမင်းစားချိန်ရောက်ပြီမေမေ ဝေါန်ဝူကိုနေ့လည်စာကျွေးရမယ် အဆင်သင့်ပြင်ထားပေးနော် သားသူ့ကိုသန့်ရှင်းရေးလုပ်ပေးပြီးလာခဲ့မယ် ” ပြောပြီးဝေါန်ဝူလက်ကိုဆွဲကာရှေ့ကနေကော့တော့ကော့တော့နှင့်ထွက်လို့သွားသည့်သားဖြစ်သူကြောင့်ဘာမှပင်မပြောနိုင်ဘဲဆွံ့အစွာကျန်ရစ်နေခဲ့သည်။

ဆွန်းချောလ်က၁၃နှစ် ဝေါန်ဝူက၁၀နှစ်
အိမ်ပြောင်းလာတာမကြာသေးသည့်ဝေါန်ဝူကရပ်ကွက်ထဲရင်းနှီးသည့်သူမရှိသေးပေမယ့် ဆွန်းချောလ်ရှိနေ၍နေ့ရက်တိုင်းကမပျင်းရ။

ဆွန်းချောလ်ကစသိသည့်နေ့ကတည်းက ဝေါန်ဝူကို ကိုကိုခေါ်ခိုင်းပြီးဝေါန်ဝူကိုသူ့လက်ထဲစိတ်ချထားဖို့ဝေါန်ဝူမေမေကိုပါမှာသေးသည်။
အရပ်မတိမ်းမယိမ်းရှိပေမယ့် ဝေါန်ဝူကပိန်ပိန်ပါးပါးလေးဖြစ်ကာ ဆွန်းချောလ်ကလူကောင်ထွားသည့်ထဲပါသည်။

“ နောက်ဆိုကိုကိုပါမှဆော့ရမယ်နော် ”

“ ဟုတ်ကဲ့ ”

“ လိမ္မာတယ် ကိုကို့ကလေးလေးက လာ ထမင်းသွားစားကြမယ် ”

လူသုံးယောက်ထိုင်နေပေမယ့်ထမင်းပန်းကန်ကနှစ်ပန်းကန်ပဲရှိသည်မှာမထူးဆန်း။
ဝေါန်ဝူအတွက်သီးသန့်ပန်းကန်မထုတ်ဘဲ သူနှင့်တစ်ပန်းကန်တည်းပေါင်းစားစေကာသူကိုယ်တိုင်ခွံ့ကျွေးတတ်သည့်ချွဲဆွန်းချောလ်ကြောင့်ဖြစ်သည်။

ဝေါန်ဝူလေးကအစပ်မစား၍အစပ်များတာလေးကျွေးမိရင်ငါးရံ့ပြာလူးဖျက်ဖျက်လူးနေသည်ကချွဲဆွန်းချောလ်ပင်။

“ ကလေးကိုဘာတွေကျွေးတာလဲမေမေရာ ” ဆိုပြီးဆရာကြီးလုပ်တတ်၍ ကိုယ်မွေးထားသည့်သားကိုယ့်ဟာကိုယ်ပင်အမြင်ကတ်လာရသည်။
ဝေါန်ဝူလေးကတော့ကျွေးထားသည်ကိုငြိမ်ငြိမ်လေးထိုင်စားကာစားကောင်းကြောင်းချီးမွမ်းတတ်ကာအေးချမ်းသည့်ကလေးပင်။

“ အာာာာာ ” ဆိုပြီးလေးဘက်ထောက်ကလေးထမင်းခွံ့သလိုခွံ့နေတာကြောင့်

“ ဝေါန်ဝူလေးကိုသူ့ဘာသာစားခိုင်းလိုက်ပါလား ဆွန်းချောလ်ရယ် ကလေးလည်းနင့်ကြောင့်တော်တော်စိတ်ညစ်နေလောက်ပြီ ”

ပေါင်းထား၍အရိုးတွေပင်ဝါးစားလို့ရသည့်ငါးကိုအရိုးနွှင်နေလျက်ကိုယ့်ကိုကြည့်လာပြီး

“ မေမေ့ကိုခွံ့ကျွေးမယ့်ဖေဖေမရှိလို့ဒီစကားပြောတာပါ ” တဲ့။

စားနေသည့်ဇွန်းနဲ့သာထခေါက်ပစ်လိုက်ချင်သည်။

ဝေါန်ဝူပြုံးပြုံးလေးနှင့်သားအမိနှစ်ယောက်စကားဝိုင်းကိုကြည့်ကာသဘောကျနေဟန်ရှိသည်။

နှစ်ယောက်လုံးကတစ်ဦးတည်းသောသားဖြစ်သည့်အလျောက်တစ်ယောက်ကိုတစ်ယောက်ခင်တွယ်ကြသည်။

ဆွန်းချောလ်ဖေဖေကအလုပ်များသူဖြစ်ပေမယ့် အိမ်မှာကိုယ်ရှိနေ၍မိသားစုနှင့်စိမ်းမနေဘဲအိမ်ကပ်သည့်ကလေးဖြစ်သည်။
ဝေါန်ဝူဖေဖေရောမေမေကတော့အလုပ်များကြကတစ်ပတ်တွင်၅ရက်လောက်အိမ်မှာမရှိကြတာကြောင့် ထိုငါးရက်တွင်ဝေါန်ဝူကကိုယ်တွေနှင့်အတူရှိရသည်။

တအားအေးသည့်ကလေးမို့တခြားသူ
တွေအနိုင်ကျင့်မှာစိုးရိမ်မိပေမယ့် အိမ်ကဆရာကြီးချွဲဆွန်းချောလ်ရှိကြောင်းတွေးမိတော့ထိုအကြောင်းကစိတ်ပူစရာမလိုတော့ပေ။

“ ကောင်းကောင်းစားခဲ့ရပါတယ် တီတီ ”

“ အောမ် !!! ဝေါန်ဝူလေးကြိုက်ရင်တီတီကဝမ်းသာပါတယ်ရှင် ”

ချစ်စရာလေးမို့ပါးလေးကိုဖွဖွလေးဆွဲမိတော့ဘေးကချွဲဆွန်းချောလ်ကမျက်လုံးကြီးပြူးကြည့်လာပြီး

“ ကလေးသွားရည်အိတ်ပေါက်သွားမယ် ” တဲ့။

ရယ်ရခက်ငိုရခက်ကာဘာပြန်ပြောရမှန်းပင်မသိ ။

ဝေါန်ဝူလေးကိုတအားအဖြစ်သည်းသည့်ကိုယ့်သားအဖြစ်ကတော်တော်လေးကိုအစွန်းရောက်နေတာကြောင့် ဘေးကနေထိန်းပေးနေပေမယ့် မတတ်နိုင်သည့်အခြေအနေပင်။

ထမင်းစားပြီးတော့ နေ့လည်၁နာရီကျော်ပြီဖြစ်၍ ဝေါန်ဝူကိုတစ်ရေးတစ်မောသိပ်ဖို့အတွက်ဆွန်းချော် ဝေါန်ဝူလက်ကိုဆွဲကာအပေါ်ထပ်အခန်းရှိရာတက်လာခဲ့သည်။

အိပ်ရာကိုသေချာပြင်ဆင်ပြေးပြီး ဝေါန်ဝူကိုလှဲစေရင်း

“ အိပ်တော့နော် ကိုကိုဘေးမှာရှိမယ် ”

“ ဒီနေ့တီတီချက်တာတအားစားကောင်းတယ် ကိုကို ”

“ အွန်း  ဝေါန်ဝူကြိုက်ရင်ပြီးရော ”

“ ကိုကိုရောစားကောင်းလား။ ”

ဆွန်းချောလ်ခေါင်းငြိမ့်လို့ဝေါန်ဝူတင်ပါးလေးကိုဖွဖွလေးပုတ်ပေးနေမိသည်။

မျက်လုံးလေးတွေမှေးစင်းကျကာအိပ်
ပျော်သွားသည့်ဝေါန်ဝူကိုကြည့်ရင်းဆွန်းချောလ်ပါအိပ်မောကျသွားရသည်။

-
-

နွေးထွေးသည် တောက်ပသည်
ဂျော်န်ဝေါန်ဝူလို့အမည်ရသည်။

ဆွန်းချောလ်ဘဝမှာဘယ်တုန်းကမှအငယ်မလိုချင်ခဲ့။ရှိလာဖို့လည်းမမျှော်လင့်ထားပါ။
ရုတ်တရက်ဘေးခြံဝန်းကိုပြောင်းလာသည့်မိသားစုမှ ဂျော်န်ဝေါန်ဝူကဆွန်းချောလ်ရဲ့တစ်ကိုယ်တည်းဘဝကိုအတော်လေးပြောင်းလဲသွားစေသည့်အဓိကအကြောင်းအရင်းပင်။

“ ကိုကိုရေ ~ ” ခေါ်ကာမုန့်ဘူးလေးကိုင်လို့ခြံဝန်းထဲဝင်လာသည့်ဝေါန်ဝူကိုမြင်တော့ အပေါ်ထပ်ကနေပြေးဆင်းလာသည့်ချွဲဆွန်းချောလ် ......

“ မုန့်လာပေးတာကိုကို့အတွက် ”

ရှေ့ထိုးပေးလာသည့်မုန့်ဘူးလေးကိုဘေးချလို့ လက်လေးဆွဲကာဝေါန်ဝူကိုထိုင်ချစေသည်။

မပြောမဆိုဘဲတစ်ပတ်လောက်ပျောက်သွားတာကြောင့်ဆွန်းချောလ်အဖျားဝင်သွားရသည့်အထိ။
ပြီးကာမှ မိသားစုခရီးထွက်သွားကြောင်းမေမေပြောတော့မှနည်းနည်းစိတ်ထဲသက်သာရာရသွားသည်။

“ တစ်ပတ်လုံးကိုကိုကသတိရနေတာ ”

“ ဝေါန်နူရောပဲ ကိုကိုဖျားသွားတယ်လို့တီတီပြောတယ် သက်သာသွားပြီလားဟင် ”

လက်သေးသေးလေးတွေကနဖူးပေါ်တင်ကာအပူချိန်စမ်းလာတော့ဆွန်းချောလ်သဘောကျစွာပြုံးလိုက်မိသည်။

“ နောက်ဆိုကိုကို့ကိုမပြောဘဲဘယ်မှမသွားရဘူးနော် ဝေါန်ဝူ ကတိပေးလား ”

လက်သန်းလေးကိုချိတ်တွယ်လာလို့ကတိပေးလာသည့်ကလေးကိုဆွန်းချောလ်အများကြီးချစ်သည်။
မေမေကတော့ဆွန်းချောလ်ကညီလေး၊ညီမလေးလိုချင်နေတဲ့စိတ်ကြောင့်ဝေါန်ဝူကိုချစ်တာလို့ပြောပေမယ့် ဆွန်းချောလ်ငြင်းရပါမည်။

ဆွန်းချောလ်သည်ဝေါန်ဝူကိုထိုကဲ့သို့သောချစ်ခြင်းနှင့်ချစ်တာမျိုးလုံးဝမဟုတ်ပါ။





-
  _______________________________________

Sooooooooooooooo !!!!!
NGL မှာ CheolWon ရေးဖို့ပြောထားတာလေးသတိရမိသွားလို့ draft ထဲကထုတ်လိုက်ပါပြီ။
ထုံးစံတိုင်း ချိုချိုမြိန်မြိန်လေးနဲ့ဖြေးဖြေးလေးပဲသွားပါမယ်။


You are reading the story above: TeenFic.Net