- 13 -

Background color
Font
Font size
Line height

ဆွန်းချောလ်လက်ထဲအထုပ်တွေတစ်ပွေ့တစ်ပိုက်နှင့်အိမ်ထဲဝင်လာတော့မေမေကသိုးမွေးထိုးနေလျက်နှင့်ဆွန်းချောလ်ကိုကြည့်လာပြီး မထူးဆန်းသလိုပင်ပြန်လှည့်သွားသည်။

“ ဝေါန်ဝူပြန်ရောက်နေပြီလား။ ”

“ ကလေးကိုစိတ်ညစ်အောင်လုပ်ပြီးဘာကိစ္စပြန်လာရှာနေပြန်တာလဲ။ ”

ဆွန်းချောလ်ဇက်ပုဝင်သွားရသည်။
ကြည့်ရတာအရင်ပြန်လာပြီးမေမေ့ကိုဦးအောင်တိုင်ထားပြီးပြီထင်သည်။

“ ကျွန်တော်ဘာမှမလုပ်ရပါဘူးမေမေရယ် ခုအခန်းထဲမှာလား။ ”

“ သွားနှောင့်ယှက်မနေနဲ့ သူ့ဟာသူနေပါစေ တစ်ခါတလေလေးလာတွေ့တာကိုကောင်းကောင်းဆက်ဆံဖို့တအားခက်ခဲနေတာလား ချွဲဆွန်းချောလ် !!? ”

ဂျော်န်ဂျစ်တူးထက်အကြောင်းဆိုးနေစွာ မေမေကိုအရင်ချော့ရမည့်ပုံပင်။
လက်ထဲပစ္စည်းတချို့မေမေ့ဘေးချလို့ လွတ်ရာလွတ်ကြောင်းဂျော်န်ဝေါန်ဝူရဲ့အခန်းရှိရာသို့လျှောက်လာလိုက်သည်။

အခန်း‌တံခါးလော့ခ်ချထားမည်ထင်ပေမယ့် လော့ခ်မချထားတာကြောင့် ဆွန်းချောလ်တံခါးကိုအသိပေးသည့်ဟန်ဖြင့်ခေါက်ကာအထဲဝင်လာတော့စာကြည့်စားပွဲမှာတောင့်တောင့်ကြီးထိုင်နေသည့်ဂျောင်န်ဝေါန်ဝူ။

“ ကျောင်းပိတ်ရက်တောင်စာကြည့်နေတာလား။ ”

ဘေးနားဝင်ထိုင်လိုက်တော့စာအုပ်အဖုံးကိုအားဖြင့်ဆွဲပိတ်ကာလူကိုကျောပေးသွားသည်။

“ ဘာကိုစိတ်ဆိုးသွားရတာလဲ ဝေါန်ဝူရယ် ကိုကိုဘာစကားမှားသွားလို့လဲ ဟမ် ”

“ ဝေါန်ဝူ ... ပြောပြမှကိုကိုဘာမှားလဲသိမှာပေါ့ ဘာမှားလဲသိလို့တောင်းပန်မှတောင်းပန်တာအဓိပ္ပာယ်ရှိမှာပေါ့ ဟုတ်တယ်မလား။ဒီတိုင်းကြီးတောင်းပန်လိုက်ရင်အဓိပ္ပာယ်မရှိဘဲပြီးစလွယ်တောင်းပန်သလိုကြီးဖြစ်နေမှာပေါ့ကွ .. ! ”

ဆွန်းချောလ် တစ်ယောက်တည်းဒိုင်ခံစကားပြောနေပေမယ့် ကျောပေးထားသည့်သူကတော့အသက်တောင်ရှူရဲ့လားမသိ။
ထိုင်လက်စအတိုင်းခါးကိုမတ်လို့တောင့်တောင့်ကြီးထိုင်လို့နေနေတုန်းပင်။

“ ဝေါန်ဝူလို့ .... ကိုကို့ကိုကြည့်ဦးကွ ကိုကိုမအားတဲ့ကြားကနေရောက်အောက်လာရတာနော်  ”

‌ဆွန်းချောလ်စိတ်မရှည်စွာနှင့်ပခုံးကိုကိုင်ကာဆွဲအလှည့် ဝေါန်ဝူကပါခန္ဓာကိုယ်အလှည့်နှင့် timing ကိုက်စွာပင်နှစ်ဦးသားမျက်နှာနှစ်ခုကြား လက်သန်းတစ်ချောင်းစာအကွာအဝေးသာရှိတော့သည်။

စိတ်ကောက်နေတဲ့သူတော့ဘယ်လိုနေလဲမသိပေမယ့် ‌ဆွန်းချောလ်ရင်ထဲရောစိတ်ထဲပါရုတ်တရက်ကြီးနှစ်သစ်ကူးရက်ရောက်သွားသလိုခံစားလိုက်ရကာနေရင်းထိုင်ရင်းဒူးတွေပါတုန်လာရသည်။

“ မအားရင်လည်းဘာကိစ္စလာနေသေးလဲ ?? ကိုကို့ကိုဘယ်သူကလာချော့လှည့်ပါခေါ်နေလို့လဲ !!? ”

ရှူးရှူးရှဲရှဲနှင့်မျက်ဝန်းလှလှထက်ပုလဲခတော့ ဆွန်းချောလ်စိတ်လှုပ်ရှားနေတာတွေရပ်လို့ထိုင်နေရာကနေမုဆိုးဒူးထောက်ထိုင်ချလိုက်ပြီး

“ ကိုကိုမှားတာ ကိုကိုစကားမှားသွားတာ မငိုနဲ့နော် ... ဘာလို့ငိုတာလဲ ကိုကိုမှားတာလေနော် ဝေါန်ဝူနော် ”

“ ဖယ် !!! ” ဆိုပြီးမျက်ရည်သုတ်ပေးနေတဲ့လက်တွေကိုတွန်းဖယ်ပစ်ကာထမယ်လုပ်တော့ဆွန်းချောလ်မနည်းပြန်ဖမ်းဆွဲလို့ထိုင်ခိုင်းထားရသည်။

ငိုခဲသည့်ကလေးဖြစ်ကာ ဆွန်းချောလ်ရှေ့ဒီလောက်ထိငိုဖူးတာမျိူးလည်းမတွေ့ခဲ့ဖူးတာကြောင့်အခုအခြေအနေမှာဆွန်းချောလ်တကယ်ကိုပြာယာခက်နေရပြီဖြစ်သည်။

“ မငိုပါနဲ့တော့ကွ ကိုကိုမှားတာကိုကိုသိပါတယ် ... နော် မျက်လုံးတွေဖောင်းကုန်မယ် ”

“ မထိနဲ့ ကျွန်တော့်ကို ! ”

ငိုထားသည့်အရှိန်ကြောင့်မျက်နှာလေးကနီရဲနေကာ တည်တည်လေးဖြစ်နေ၍ဂျော်န်ဝေါန်ဝူကချစ်စရာကောင်းတာထက်ပိုပြီးချောလွန်းလှသည့်ယောကျာ်းလေးတစ်ယောက်ဆိုတာကိုအခုမှသတိထားမိသည်။

နှာတံစင်းစင်း ၊ မေးကြောလေးကထင်းကာ နှုတ်ခမ်းပါးတွေကသီးကာစစတော်ဘယ်ရီလေးလိုနီသလိုဖြူသလိုလေးလိုပင် ။

ကိုယ့်ဟာကိုယ်တောင်ကြည့်နေရင်းဒီလောက်ထိသဘောကျနေမိကာ ကျောင်းမှာလည်းဂျော်န်ဝေါန်ဝူကိုသဘောကျသည့်သူတွေအနည်းနဲ့အများတော့ရှိမှာပဲဆိုတာကိုတွေးမိပြီး ဆွန်းချောလ်စိတ်ထဲအနည်းငယ်ချဉ်တူးသွားရသည်။

“ ကိုကိုညစာအတွက်ဝေါန်ဝူစားချင်မယ်ထင်တာတွေအများကြီးဝယ်လာတယ် ကိုကိုနဲ့အတူစားရအောင်နော် ”

“ မစားဘူး ”

“ စားပါကွာ ဂျူတီပြန်ဝင်ရဦးမှာမို့ဆေးရုံပြန်သွားရမှာ ညစာတူတူစားကြမယ်နော် လိမ္မာနော် ဝေါန်ဝူ ”


မနည်းချော့မော့ခေါ်လိုက်ကာညစာစားဖို့အောက်ဆင်းလာတော့မျက်နှာကတည်တင်းနေတာလေးကတော့မလျှော့။

ထမင်းဝိုင်းထိုင်တော့မေမေ့ဘေးထိုင်မည်လုပ်နေ၍လက်မောင်းကနေဆွဲလို့ဘေးကနေရာမှာထိုင်ခိုင်းထားလိုက်သည်။
ဖေဖေကအခြေအနေကိုအကဲခတ်လို့ရယ်နေကာမေမေကပါပြုံးစိစိ။

“  စားကြမယ်လေ ”

ဆွန်းချောလ်လေထုကိုအသက်ပြန်သွင်းကာထမင်းစားဖို့သတိပေးလိုက်ပြီးကိုယ့်ဟာကိုယ်ပင်ဟင်းကိုစရွေးလိုက်သည်။

ဖေဖေကအလုပ်ကိစ္စတချို့ကိုဆွန်းချောလ်နှင့်တိုင်ပင်ကာ မေမေကတော့ဝေါန်ဝူတစ်လှည့်ဖေဖေ့တစ်လှည့်ဟင်းထည့်ပေးကာ ဝေါန်ဝူနှင့်စကားပြောလို့နေသည်။

“ သားပြန်မလာခင်ကတောင်သားသူငယ်ချင်းလေးလက်ဆောင်ပစ္စည်းတွေလာပေးသွားတာ တီတီပြောဖို့မေ့နေတာ ”

“ ဆွန်းယောင်းပြောတယ်တီတီ ... ကျွန်တော်ပြီးမှကြည့်လိုက်တော့မယ်။ ”

“ အဲ့ကလေးကချစ်စရာလေးနော် သားကိုလည်းအတော်ခင်ပုံပဲ တီတီအထဲဝင်ဖို့ပြောတာတောင်သားမရှိလို့မဝင်တော့ဘူးဆိုပြီးပြန်သွားတာ ”

အနှောင့်မလွတ်သည့်မေမေ့စကားကိုဆွန်းချောလ်နားစွင့်နေရင်းနားထင်ကြောတွေထောင်တက်သွားရသည်။
ဂွေါမ်မျိုးရိုးမှာသာရည်းစားရှိကြောင်းမသိထားရင်ဆွန်းချောလ်အခုနေထမင်းဝိုင်းမှာမေမေနှင့်စကားအခြေအ‌တင်ဖြစ်ပြီးနေလောက်ပြီ။

“ ဝေါန်ဝူရော ... ကျောင်းမှာသဘောကျနေတဲ့သူတွေတွေ့နေပြီလား။ ”

မေမေ့စကားအဆုံးကိုဖေဖေကလမ်းကြောင်းပြန်စပေးနေကာ ဝေါန်ဝူကဖေဖေ့ကိုလှည့်ကြည့်လာပြီးခေါင်းခါပြလို့နေသည်။

“ မရှိပါဘူး အန်ကယ်လ် ”

“ ငါ့သားကဒီလောက်ချောတာမင်းကမကြိုက်ရင်တောင် မင်းကိုကြိုက်တဲ့သူကရှိမှာပဲ ”

“ အဲ့ .. အဲ့လိုကြီး ကျွန်တော်လည်းမသိပါဘူး ”

ဖေဖေ့စကားကိုရှက်ဝဲဟန်ဖြင့်ပြန်ဖြေနေသူကိုကြည့်ရင်းဆွန်းချောလ်ရင်ထဲဆူးကလေးတွေနှင့်ဆက်တိုက်ထိုးနေသလိုခံစားရသည်။

မနေနိုင်သည့်အဆုံးထမင်းစားတူကိုအသံမြည်အောင်စားပွဲပေါ်ချလိုက်ပြီး

“ ငယ်သေးတယ် အဲ့ကိစ္စတွေမစဉ်းစားနဲ့ စဉ်းစားဖို့လည်းမတွေးနဲ့ !!! ”

ဖေဖေကဆွန်းချောလ်ကိုကြည့်လာပြီး

“ အရွယ်ရောက်နေတဲ့ကလေးကိုလိုက်ပိတ်ပင်နေရအောင်မင်းကသူ့အဖေလား။ ”

“ ကျွန်တော်ငယ်ငယ်ကတည်းကပြောခဲ့တာပဲ ကျွန်တော်ကြီးလာရင်ဝေါန်ဝူရဲ့အုပ်ထိန်းသူလုပ်မှာလို့ !!! ကိုကို့စကားနားထောင်နော် ဝေါန်ဝူ အဲ့ကိစ္စတွေစဉ်းစားစရာလည်းမလိုဘူး လက်တွေ့စမ်းသပ်စရာလည်းမလိုဘူး။ ”

စိတ်ဆိုးမာန်ဆိုးနှင့်ခပ်တည်တည်ဖြစ်သွားသည့်ကိုကို့မျက်နှာကြီးကိုကြည့်လို့ ဝေါန်ဝူပင်အူကြောင်ကြောင်ဖြစ်သွားရကာခေါင်းကအလိုလိုငြိမ့်နေမိသွားသည်။

နေစမ်းပါဦး !!! စိတ်ဆိုးနေတာငါလားသူလား !???





------------------------------------------------------------------------------


You are reading the story above: TeenFic.Net