- 14 -

Background color
Font
Font size
Line height

ဒီနေ့လည်းဂျော်န်ဝေါန်ဝူတို့စိတ်ကောက်ပြန်တဲ့သာမန်နေ့လေးပါပဲ။

ဆွန်းချောလ်ဂျူတီထွက်တော့ အိမ်ပြန်ရောက်ရောက်ချင်းအိပ်ဖို့မကြိုးစားသေးဘဲရေမိုးချိုးပြီးကျောင်းလိုက်ပို့ပေးဖို့လုပ်ရသည်။
ကိုယ်မအားလို့တစ်ယောက်တည်းလွှတ်ရတာကကိစ္စမရှိပေမယ့်အားနေပြီဖြစ်တဲ့အတွက်တစ်ယောက်တည်းတော့မလွှတ်နိုင်။

“ ကိုကိုမနားဘူးလား။ ”

“ ကျောင်းလိုက်ပို့ပြီးပြန်လာမှပဲနားတော့မယ် ”

ဆွန်းချောလ်မနက်စာမေမေ့ကိုကူပြင်ပေးရင်းပြောကာတံခါးဝမှာရပ်နေတဲ့သူကိုမြင်မြင်ချင်းလူကဘာပြောရမှန်းတောင်မသိ။

ဂျင်းပွပွကိုတီရှည်အဖြူ ၊ vestအဝါနုနုလေးနှင့်တွဲဝတ်ထားကာ တခြားသူနဲ့ဆိုရုပ်ဆိုးကောင်ဆိုးနိုင်ပေမယ့်ဂျော်န်ဝေါန်ဝူနဲ့ဆိုတအားချစ်စရာကောင်းသည့်ပေါင်မုန့်ဦးထုပ်ကိုပါဆောင်းထားသေးသည်။

ဆွန်းချောလ်မျက်မှောင်ကျုံ့လိုက်ရင်း

“ ကျောင်းသွားမှာလား ရှိုးသွားပြမှာလား။ ”

“ ဘာဖြစ်ပြန်ပြီလဲ ချွဲဆွန်းချောလ်ရေ ??? နင်လည်းကလေးကိုမျက်စိဒေါက်ထောက်ကိုကြည့်ပြီးလိုက်ဝေဖန်နေတာပဲ !! ”

မေမေပြောတာကိုထောက်ခံသည်ဟူသည့်မျက်နှာပေးလေးနဲ့စားပွဲမှာဝင်ထိုင်ပြီးဆွန်းချောလ်ကိုလူမိုက်ကြည့်ကြည့်လာတဲ့ပေတလူးကိုနှစ်ယောက်တစ်ယောက်အားမို့ဘာပြန်ပြောရမှန်းတောင်မသိ။

ဝေါန်ဝူခွက်ထဲနွားနို့ဖြည့်ပေးပြီး ဆန်းဝှစ်ခ်ျကိုတစ်ကိုက်စာလေးတွေလှီးဖြတ်ပေးနေလိုက်ပြီးမှ

“ Vest တွေတအားဝတ်တယ်နော် ဘယ်သူဝယ်ထားပေးတာလဲ ?? မေမေလား ဖေဖေလား ? ”

“ အသက်ကြီးလာလို့မှတ်ဉာဏ်တွေမကောင်းတော့ဘူးလားကိုကို !! ကျွန်တော့်ဗီရိုထဲကVest ၁၀ထည်လုံးကကိုကိုဝယ်ထားပေးတာတွေချည်းပဲ  ပြီးတော့ .... ”

သူ့ခေါင်းပေါ်ကပေါင်မုန့်ဦးထုပ်ကိုလက်ညှိုးထိုးပြလာပြီး

“ ဒါလည်းကိုကိုဝယ်ထားပေးတာ ”

“ အာ .... ”

“ ကိုကိုကအလုပ်ခွင်ထဲရောက်တာခဏပဲရှိသေးတယ် ဘာမှကိုမမှတ်မိတော့ဘူး နောက်ဆိုကျွန်တော့်ကိုရောတီတီရောအန်ကယ်လ်ကိုရောမေ့သွားတော့မှာထင်တယ်နော် ”

အသံအနေအထားရတော့ ရွဲ့နေတာသေချာသည်။
မတတ်နိုင်ဘူး ချော်လဲရောထိုင်လုပ်ရတော့မှာပဲ။

“ ကိုကိုမမှတ်မိဘဲနေမလား ... ဝေါန်ဝူအဝတ်အစားတွေကိုကိုပဲသေချာဝယ်ပေးထားတာလေ ဝေါန်ဝူမှတ်မိလားမမှတ်မိလားကိုကိုသိချင်လို့မေးတာ ”

ညီအစ်ကိုနှစ်ယောက်စကားဝိုင်းကိုဘေးကနားထောင်ရင်းတစ်ခုခုဖြစ်တော့မယ်ခံစားရတာကြောင့်နေရင်းထိုင်ရင်းဆွဲထည့်မခံရအောင် ကော်ဖီခွက်မကာအရင်ထွက်လာခဲ့ကာ စကားများနေသည့်နှစ်ယောက်ကိုထားခဲ့လိုက်သည်။

ချွဲဆွန်းချောလ်တို့တစ်သက်လုံး အဖေတစ်လှည့်အမေတစ်လှည့်နှင့်ဝေါန်ဝူလေးငယ်ငယ်တုန်းကလည်းသူချည်းပဲတစ်အိမ်လုံးကိုပတ်ရစ်စိတ်ကောက်လာတာ ... ခုတော့သူ့အလှည့်ပင်။

“ ဒါဆိုအခုကိုကိုဝတ်ထားတဲ့ဆွယ်တာ .. ဘယ်သူဝယ်ထားပေးတာလဲ။ ”

ဒီလိုမေးမှတော့ဝေါန်ဝူဝယ်ထားပေးတာဆိုတာအသေအချာပင်။

“ ဝေါန်ဝူဝယ်ထားပေးတာမလား ကိုကိုမှတ်မိပါတယ်ဆိုကွာ  ”

“ ဟွန့် ..! လူလိမ် ”

စားနေတဲ့ဆန်းဝှစ်ခ်ျတောင်ဆက်မစားချင်တော့တာမို့ဝေါန်ဝူစားပွဲဝိုင်းမှာကိုကို့ကိုတစ်ယောက်ထဲထားခဲ့ကာထွက်လာလိုက်သည်။

တီတီကဧည့်ခန်းမှာထိုင်နေပြီး ဝေါန်ဝူကိုမြင်တော့

“ သွားတော့မလို့လား သားငယ် ”

“ ဟုတ် တီတီ ”

“ ဂရုစိုက်နော် ကလေး ”

“ ဟုတ်ကဲ့ဗျ ”

တီတီ့ကိုနှုတ်ဆက်ပြီး ဝေါန်ဝူကျောင်းသွားဖို့ခပ်သွက်သွက်ပင်ထွက်လာလိုက်သည်။
ကိုကိုလိုက်လာပြီး လာချော့နေရင်လူကပြန်ခေါ်နေမိဦးမည်ပင်။

လမ်းထိပ်ဘတ်စ်ကားမှတ်တိုင်ထိခပ်မြန်မြန်လျှောက်လာကာ ကိုကိုရောက်လာမလားနောက်ကိုလှည့်ကြည့်လှည့်ကြည့်လုပ်မိပေမယ့် ကိုကို့ကားမပြောနှင့် အရုပ်ကားကိုတောင်မမြင်ရတာကြောင့်စိတ်ထဲဝမ်းနည်းမိသွားရသည်။

ကျောင်းကိုတိုက်ရိုက်စီးရသည့်ဘတ်စ်ကားပေါ်နေရာယူလို့ကားထွက်သည့်အထိကိုကိုပေါ်မလာ‌တာကြောင့်စိတ်ဆိုးပြီးထွက်လာမိသည့်ကိုယ့်ကိုကိုယ်သာထုရိုက်ပစ်နိုင်တော့သည်။


ဆွန်းချောလ်ဖုန်းပြောပြီးထမင်းစားခန်းထဲကထွက်လာတော့ ဧည့်ခန်းမှာမေမေ့ကိုသာတွေ့ရပြီး ဝေါန်ဝူကိုမတွေ့။

“ ဝေါန်ဝူရောမေမေ ??? ”

“ ကလေးကကျောင်းပဲရောက်လို့ စာသင်နေလောက်ပြီ။နင်ကအခုမှထွက်လာပြီးမေးတာဘာလုပ်မလို့လဲ။ ”

မှီထားသည့်တိုင်နှင့်သာခေါင်းကိုပြေးဆောင့်ချင်လိုက်တော့သည်။
သေလိုက်ပါတော့ ချွဲဆွန်းချောလ်ရာ !!!

ဝေါန်ဝူထွက်သွားသွားချင်းပင် ဆေးရုံအုက်ဆီကဖုန်းဝင်လာတာမို့ဆွန်းချောလ်စကားပြောနေမိရင်း ဝေါန်ဝူကိုမေ့သွားတာဖြစ်သည်။
ကိုယ့်ဟာကိုယ်လည်းဘယ်နှစ်မိနစ်ကြာအောင်ဖုန်းပြောလိုက်မိသည်လည်းမသိတော့ပေ ။

ခေါင်းတကုတ်ကုတ်နှင့်ဖုန်း‌
ခေါ်လျက်သူ့အခန်းထဲပြန်ဝင်သွားသည့်ချွဲဆွန်းချောလ်ကိုကြည့်ကာပြုံးလိုက်မိသည်။

ညနေဝေါန်ဝူကျောင်းကပြန်လာရင်တော့ချော့ပွဲကြီးကြည့်ရဦးမည်ပင်။



စာသင်ချိန်တိုင်းဘယ်သူမှအာရုံဖျက်မရသည့် ဂျော်န်ဝေါန်ဝူကထူးထူးဆန်းဆန်းစိတ်နဲ့လူမကပ်နေတာကြောင့် ဆွန်းယောင်းမနေတတ် ။

“ တစ်ခုခုဖြစ်နေတာလား ဝေါန်ဝူ ? ”

“ ဟင် ?? ဘာဖြစ်လို့လဲ။ ”

“ မင်းရုပ်မင်းပြန်ကြည့်ဦး ... မသိရင် presentation failလို့ငိုင်နေသလိုပဲ ”

ဆွန်းယောင်းမေးလာတော့မှ ဝေါန်ဝူကိုယ့်ကိုကိုယ်သတိထားမိကာ သက်ပြင်းချလိုက်မိသည်။
အတန်းတက်ဖို့လည်းစိတ်မပါတော့တာမို့ နေမကောင်းသည်ဟူသောအကြောင်းပြချက်နှင့်ဆွန်းယောင်းကိုခေါ်ကာအပြင်ထွက်လာလိုက်သည်။

“ မင်းပဲစဉ်းစားကြည့် ! ငါကကိုကိုနဲ့ပတ်သက်ရင်အကုန်လုံး‌မှတ်ထားတယ် မှတ်မိတယ် .. ကိုကိုကအဲ့လိုမဟုတ်ဘူး သူ့ကိုငါဘာဝယ်ပေးထားလဲဆိုတာတောင်သူမသိဘူး သူငါ့ကိုဝယ်ထားပေးတာတွေလည်းမမှတ်မိဘူး။ ”

“ အင်း .. ဆက်ပြောလေ ”

“ အလုပ်ခွင်ထဲရောက်ပြီးမှ အဲ့လိုတွေဖြစ်လာတာ ဟိုတစ်ခေါက်ကလည်းငါအားလို့သူ့ဆီသွားလည်တာကိုငါ့ကိုစိတ်မရှည်သလိုစကားတွေပြောနေတာ ... မင်းပြောကြည့် ကိုကိုငါ့ကိုငယ်ငယ်ကလောက်မချစ်တော့ဘူးမလား။ ”

ဆွန်းယောင်းမေးစေ့ကိုလက်ဖြင့်ပွတ်ရင်းစဉ်းစားနေပြီးမှ

“ သေချာတာတစ်ခုကတော့ မင်းအကိုရည်းစားရှိနေလို့ပဲနေမှာ ”

“ ဂွေါမ်ဆွန်းယောင်း !!? ”

“ တစ်သက်လုံးသူဖူးဖူးမှုတ်ချစ်လာတဲ့မင်းကိုဒီလိုတွေပြုမူနေတယ်ဆိုကတည်းမင်းထက်ပိုချစ်ရတဲ့သူ့ကောင်မလေး ဒါမှမဟုတ်လည်း ကောင်လေးပေါ့ ... အဲ့တစ်ယောက်နဲ့အဆင်မပြေလို့မင်းကိုဒီလိုတွေလုပ်နေတာနေမှာ ဝေါန်ဝူ ... ”

တိုင်ပင်မိကာမှမှားပြီဟုပင်ဝေါန်ဝူထင်လိုက်မိကာလူကထိုင်နေရင်းပင်ငိုချင်လာရသည်။
တကယ်ကြီးကိုကို့မှာသာဆွန်းယောင်းပြောသလို ....

ဟင့်အင်း ... မဖြစ်နိုင်တာကြီးကို ။

ခေါင်းတခါခါနှင့်ငိုချင်လက်တို့ဖြစ်နေသည့်သူငယ်ချင်းဖြစ်သူကိုဆွန်းယောင်းပခုံးဖက်ကာနှစ်သိမ့်ပေးလိုက်ရင်း

“ မယုံမရှိနဲ့ သူငယ်ချင်း ! ဂွေါမ်ဆွန်းယောင်းခန့်မှန်းရင်လွဲခဲတယ်ကွ ”










------------------------------------------------------------------------------

ချွဲဆွန်းချောလ် to ဂွေါမ်ဆွန်းယောင်း :


You are reading the story above: TeenFic.Net