ဆွန်းယောင်းဆိုးလ်ကိုပြန်ရောက်တော့အိမ်ကိုတောင်အရင်မသွားဘဲ တစ်ဦးတည်းသောသူငယ်ချင်းဖြစ်သူဆီကိုဦးအောင်သွားရသည်။
ရည်းစားလေးရဲ့မွေးရပ်မြေကလက်
ဆောင်ပစ္စည်းတွေကိုလည်းပေးရင်း ရည်းစားလေးလည်းအကြောင်းလည်းကြွားရင်းပင်။
Home bell ကိုထပ်ခါထပ်ခါနှိပ်ပြီးသည့်နောက် တံခါးပွင့်လာပေမယ့်ဂျော်န်ဝေါန်ဝူဟုတ်မနေ။
“ အိုး ... ဆွန်းယောင်းငီး ”
“ ဟုတ်ကဲ့ခင်ဗျ ဝေါန်ဝူနဲ့တွေ့ချင်လို့ပါ ”
“ ဝေါန်ဝူကသူ့အကိုဆီသွားတယ်သားရဲ့ အိမ်ထဲဝင်ဦးလေ ”
ဒါကြောင့်ဂျော််န်မျိုးရိုးဖုန်းမကိုင်သည်ကိုး။
ကိုယ့်မှာတော့တစ်ဦးတည်းသောသူငယ်ချင်းလေးကိုတွေ့ချင်ဇောနှင့်ဖုန်းတွေဆက် စာတွေပို့ လူကိုယ်တိုင်ရောက်လာရသည်ကို ...။
“ နေပါစေ အန်တီ .. သားခရီးကပြန်လာလို့ဝေါန်ဝူဆီလက်ဆောင်လာပေးတာ အန်တီ့ကိုပဲပေးခဲ့လိုက်တော့မယ် ”
ဂျီဟွန်းနီးရဲ့မွေးရပ်မြေကလက်ဆောင်တွေကိုအန်တီဆီပေးပြီးဆွန်းယောင်းပြန်လှည့်လာခဲ့လိုက်သည်။
တွေ့ဦးမယ် ဂျော်န်ဝေါန်ဝူ !
သူ့အကိုလူ့ဂွစာနဲ့ဆိုရင် သူငယ်ချင်းဖုန်းတောင်ကိုင်ဖို့မအားဘူးပေါ့လေ မင်း !!!
“ ကိုကို့ပြောသားပဲ ဖုန်းကိုင်ပါမယ်ဆိုတာကို ”
“ ဘာလို့လဲ ?? ”
ဝေါန်ဝူ call listတွေဝင်ကြည့်လိုက်ပြီး ကိုကို့ဘက်လှည့်ပြလိုက်ရင်း
“ ဆွန်းယောင်းငီးပြန်ရောက်နေပြီ !!! သူခေါ်ထားတာအများကြီးပဲ ”
ဆွန်းချောလ်ခပ်ဟဟရယ်လိုက်ရင်းဆူပုတ်ပုတ်ဖြစ်နေသူကိုခေါင်းတစ်ချက်ပုတ်လိုက်သည်။
ဆက်တိုက်ခေါ်နေတဲ့အူကြောင်ကျားဖုန်းကိုအမြင်ကတ်စွာနှင့်ဝေါန်ဝူမကိုင်အောင်ခပ်ဝေးဝေးမှာထားထားပစ်ခဲ့တာဖြစ်သည်။
တစ်ခါတလေလေးကိုယ့်အတွက်အချိန်ပေးပြီးလာရတာကိုသူ့သူငယ်ချင်းကိုပါစကားကပြောချင်သေးသည်။
“ ကိုကို့ကိုသတိရလို့လာတာဆိုရင်သူများအကြောင်းမပြောနဲ့ ဝေါန်ဝူ ”
နှစ်ရက်လုံးမနားတမ်း operation ဆက်တိုက်ဝင်ထားရတာကြောင့်ဆွန်းချောလ်ပုံစံကနဂိုထက်ပိုပြီးနွမ်းနေပုံပေါက်ကာစိတ်လည်းသိပ်ကြည်မနေ။
ဒါကြောင့်ထပ်ပြောလိုက်သည့်စကားသံကအနည်းငယ်တင်းမာသွားကာ ဝေါန်ဝူကိုစိတ်အလိုမကျဖြစ်သွားစေသည်။
“ နေ့လည်စာဘာစားမလဲ။ ”
“ အဆင်ပြေတာသာမှာလိုက်ပါ ”
“ ဘာကိုအဆင်ပြေတာလဲ !?? စားချင်တာကိုပြောလေ မှာပေးမယ်။ ”
ဝေါန်ဝူခေါင်းခါလိုက်ပြီး
“ ရတယ် အဆင်ပြေတာသာမှာ ”
“ ပြီးမှမကြိုက်ဘူး မစားဘူးမလုပ်နဲ့နော် ဝေါန်ဝူ ကိုကိုမေးတုန်းဖြေ ! ”
ဝေါန်ဝူထိုင်နေရာမှကိုကို့ကိုတစ်ချက်စိုက်ကြည့်လိုက်ပြီး ဘေးရှိလွယ်အိတ်ကိုယူကာမတ်တပ်ရပ်ပစ်လိုက်သည်။
“ ကိုကိုစိတ်အဆင်မပြေဘူးဆို ကျွန်တော်ပြန်မယ် ”
အပြောထက်အပြုအမူကလျင်မြန်စွာပင် တံခါးပိတ်လျက်ထွက်သွားပြီဖြစ်သည့်ဝေါန်ဝူကိုဆွန်းချောလ်တားချိန်ပင်မရလိုက်။
ထိုင်ရာမှထလို့ ဖိနပ်ကိုဖြစ်သလိုစီးကာအမြန်ပြေးလိုက်ပေးမယ့် elevator ကပထမထပ်ကိုညွှန်ပြနေပြီဖြစ်သည်။
စိတ်ရှုပ်ထွေးစွာနှင့်ဆံပင်တွေကိုဆွဲဖွပစ်ကာဖုန်းခေါ်ပေမယ့်မကိုင်တာကြောင့် ဆွန်းချောလ်သက်ပြင်းချရုံသာတတ်နိုင်တော့သည်။
“ လူကိုအော်လားငေါက်လားနဲ့ ချွဲဆွန်းချောလ် !!! ”
ပင်ပန်းနေတာသိပေမယ့် ကိုယ့်အပေါ်အဲ့ဒီပင်ပန်းတာတွေပုံချပြီးစိတ်မကြည်သလိုတွေလုပ်နေတာမျိုးဝေါန်ဝူမကြိုက်။
အလုပ်တွေပိုများလာလေ ကိုကို့ရဲ့ပုံစံကပျောက်ကွယ်သွားလေဖြစ်ပြီး မျက်နှာကလိုတာထက်ပိုပြီးတည်နေတာမျိုးကိုလည်းဝေါန်ဝူမကြိုက်ပါ။
ကိုကိုကတကယ်ပဲဆွန်းယောင်းပြောသလိုလူ့ဂွစာကြီးနှင့်တူလို့နေပြီဖြစ်သည်။
စိတ်တိုတိုနှင့်ဆင်းလာတာမို့ ကားစီးခါနီးမှသတိရလို့အိတ်ကပ်ထဲရော လွယ်အိတ်ထဲပါပိုက်ဆံအိတ်ရှိမနေ။
အပေါ်ပြန်တက်ပြီး စကားတွေလည်းအများကြီးမပြောချင်တာကြောင့် ဂွေါမ်ဆွန်းယောင်းဆီလာခေါ်ဖို့ကိုသာဖုန်းခေါ်လိုက်ရသည်။
“ မင်းလည်းအကူညီလိုမှဖုန်းဆက်နော် ”
“ မင်းရည်းစားနဲ့ဆွေပြမျိုးပြသွားလည်တာကိုငါ့နာမည်ခုတုံးလုပ်ထားတာပါထည့်ပြောလေ !! ”
ထိုအခါမှဇက်ကလေးပုလို့မျက်လုံးတွေမှေးစင်းအောင်ပြုံးပြပြီးလူကိုမျက်နှာချိုလာသွေးသည်။
တစ်လမ်းလုံးလည်း “ ငါရဲ့ဂျီဟွန်းနီး ” ဆိုတာကိုပါးစပ်ကမချ။
သူ့ကားစီးမှတော့သူပြောတာနားထောင်ရမှာပဲလေ မတတ်နိုင်ဘူး။
“ မင်းအတွက်လက်ဆောင်တွေကိုအန်တီဆီပဲပေးခဲ့တယ် ”
“ အွန်း ~ ငါအိမ်ရောက်မှကြည့်လိုက်မယ်။ ”
တစ်နေရာထပ်သွားကြဖို့ဆွန်း
ယောင်းဖိတ်ပေမယ့်ဝေါန်ဝူပင်ပန်းတယ်လို့ခံစားရတာ
အိမ်ထဲဝင်ဝင်ချင်းတီတီကဝေါန်ဝူအနားအပြေးရောက်လာပြီး
“ အိမ်ကချွဲသခင်ကြီးဖုန်းဆက်တယ် ပြန်ရောက်ပြီလားတဲ့။သားကိုဖုန်းမဆက်ဘူးလား ဝေါန်ဝူ ?? ”
“ သားမကိုင်တာ ”
“ ဟယ် ... ထူးထူးဆန်းဆန်းရန်ဖြစ်လာတာလား။ ”
ဝေါန်ဝူလွယ်အိတ်လေးပစ်ချလို့ ဧည့်ခန်းကစတီမှာစိတ်ပျက်ဟန်ဖြင့်ထိုင်ချလိုက်ပြီး
“ တီတီပဲစဉ်းစားကြည့်တော့ ” ဟုဆိုရာကနေတစ်နေကုန်ဖြစ်ပျက်ခဲ့သမျှတွေကိုတီတီ့ကိုပြန်ပြောပြရင်း တိုင်ဖြစ်သည်။
တီတီကတော့ဝေါန်ဝူပြောသမျှကိုနားထောင်ရင်းပြုံးသထက်ပြုံးနေကာ “ ဟုတ်သားပဲ ငါ့သားကိုဘာလို့သူကလေသံမာမာနဲ့ပြောရတာလဲ !! ” ဆိုပြီးဝေါန်ဝူဘက်နေကူပြောပေးသည်။
အကြောင်းဆုံပြောပြပြီးသည်နှင့်ဝေါန်ဝူ တီတီ့ကိုမျက်နှာငယ်လေးနှင့်ကြည့်လိုက်ပြီး
“ ကိုကိုပြန်လာရင်ဆူပေးဦးနော် တီတီ ”
“ စိတ်ချ ! တီတီမင်းအကိုကိုဆူပေးလိုက်မယ် ကလေးကရှားရှားပါးပါးပိတ်ရက်လေးသူ့ကိုလာတွေ့တာကိုသူကများ .... ”
တီတီ့ကိုစကားနည်းနည်းထပ်ပြောပြီးဝေါန်ဝူနားဖို့အတွက်အပေါ်တက်လာတော့ ကိုကို့ဆီကဖုန်းတွေထပ်ဝင်လာသည်။
ကိုင်ဖို့တွေးလိုက်သေးပေမယ့် စိတ်ဆိုးချင်သေးတာကြောင့်မကိုင်တော့ဘဲ ဒီတိုင်းသာပစ်ထားလိုက်သည်။
“ ကျစ် !!!! ”
အခြေအနေကမိုးမီးလောင်တာထက်အကြောင်းဆိုးနေကာ ဆွန်းချောလ်ဘာမှကိုအာရုံစိုက်မရ။
မေမေ့ဆီဖုန်းဆက်တော့လည်းအိမ်ပြန်မလာသေးဘူးဟုသာဆိုကာ ပိုက်ဆံအိတ်လည်းကျန်ခဲ့တာမို့ဘယ်သွားပြီးဘာတွေလုပ်နေလဲမသိ။
“ ဘာဖြစ်နေတာလဲ ဒေါက်တာချွဲ ! ရုပ်ကမကြည်မသာနဲ့ ”
ဆွန်းချောလ်ပြန်မဖြေမိ။
ဖုန်းကိုသာဆက်တိုက်ခေါ်နေပြီး ဖုန်းဝင်ပြီးမကိုင်တာကြောင့်လူကဒေါသပိုထွက်ရသည်။
ဂျော်န်ဝေါန်ဝူတို့ကတော့လုပ်ချင်တိုင်းကိုလုပ်နေတော့တာပဲ ... !
“ စီနီယာ .. ”
“ ဟမ် ? ”
“ ကျွန်တော်တို့ဒီညနေဂျူတီခဏလဲလို့ရမလား။ကျွန်တော်အိမ်မှာအရေးကြီးကိစ္စလေးရှိလို့ခဏပြန်ချင်လို့ ”
စီနီယာကစဉ်းစားဟန်ပြုပြီးမှ ခေါင်းငြိမ့်ပြလာပြီး
“ ခဏဆိုရင်တော့ရပါတယ်ကွ မင်းဘယ်အချိန်ပြန်လာမှာလဲ။ ”
ဆွန်းချောလ်လက်ကနာရီကိုကြည့်ကာအချိန်တွက်လိုက်ရင်း
“ ဆယ်နာရီမကျော်ခင်ပြန်လာခဲ့မယ်ဗျ။ ”
“ အွန်း သွားလေ !! ”
“ ကျေးဇူးပါ စီနီယာ ”
ပြီးသည်နှင့်ဂျူတီကုတ်ချွတ်ကာ အပေါ်ဝတ်ကိုတောင်မဝတ်တော့ဘဲလက်ကနေကိုင်ဆွဲကာဆွန်းချောလ်အမြန်ထွက်လာခဲ့လိုက်သည်။
စိတ်ဆိုးသွားတာသိပေမယ့် ဘာကိုစိတ်ဆိုးသွားလဲတော့ဆွန်းချောလ်မသိ။
ဒါပေမယ့်လည်း ချော့ရဦးမည်ဆိုတာတော့ဆွန်းချောလ်သိပါသေးသည်။
စိတ်ဆိုးပြီးခပ်တည်တည်ဖြစ်နေမယ့်မျက်နှာလေးကိုကားမောင်းနေရင်းပြန်မြင်ယောင်မိတော့ဆွန်းချောလ်ကိုယ့်အတွေးနှင့်ကိုယ်ပြုံးလိုက်မိသည်။
“ ဆိုးချင်တိုင်းကိုဆိုးနေတာပဲ ဂျော်န်ဂျစ်တူးလေး !! ”
--------------------------------------------------------------------------------
You are reading the story above: TeenFic.Net