000

Background color
Font
Font size
Line height

-UNICODE-




" ပန်းချီကားချပ်လေးက လှတယ်မလား၊ ဘန် ? "

ဘယ်လ်လာက မေးတော့ ဘန်ဂျမင်က သူ့ပါးချိုင့်ရှည် ရေးတေးတေး ထင်အောင် ပြုံးတယ်။ လူတွေ စုပြုံနေတဲ့ ပန်းချီကားချပ်ဆီကနေ ကျော်ပြီး ဘန်က တစ်နေရာကို ကြည့်နေတယ်။ ပြီးတော့ မခို့တရို့ ပြုံးပြီး ဖြည်းဖြည်းချင်း ခေါင်းညိတ်ပြတယ်။ ဒါဟာ ဘယ်လ်လာ့အမေးကို တုံ့ပြန်ခြင်းလို့ ပြောလို့ရနိုင်မလား။

" အင်း၊ သိပ်လှတယ်။ "

ဘယ်လ်လာ ပြောတာက သက်မဲ့ပန်းချီကားတစ်ချပ်ဖြစ်သော်ငြား၊ ဘန့်ဆိုလိုရင်းကတော့ သက်ရှိပန်းချီကားချပ်လေးတစ်ချပ် ဖြစ်နေခဲ့ပါတယ်။ လူတွေကြားထဲမှာ နစ်မြုပ်နေလေသော မထင်မရှား သက်ရှိပန်းချီကားချပ်လေးက ကန်ရေပြင်လို တည်ငြိမ်နေတဲ့ ဘန့်ခံစားချက်တွေကို ရှုပ်ထွေးစေသော မရေရာသည့် အကြောင်းပြချက်လေးတစ်ချက်လည်း ဖြစ်လာခဲ့ပြီ။

••

" အဲ့ပန်းချီတွေက နည်းနည်းလေးတောင် စိတ်ဝင်စားဖို့ မကောင်းလိုက်တာ။ "

သူထိုင်နေတဲ့ခုံကို အနောက်ကနေ လက်နှစ်ဖက်နဲ့ နှဲ့နေရင်း ဒန်နီရယ်က ပီကေကိုလည်း အဆက်မပြတ် ဝါးလျက် ညည်းညူ လာတယ်။

" ခုံကို ဆက်မလှုပ်နဲ့တော့ နီရယ်။ ငါ အာရုံနောက်လာပြီ။ "

နီရယ်က လက်မလျှော့ဘဲ ပီကေကို ဖောက်ခနဲ အသံမြည်အောင် မှုတ်လျက် ခုံကို လက်နဲ့နှဲ့နေတုန်း။ လူတစ်ယောက်လုံး ထိုင်နေတာတောင်မှ ခုံကို လှုပ်အောင် နှဲ့နိုင်တာ နည်းတဲ့အားလား။ အခုခေတ် ကလေးတွေ ဘာတွေစားလို့လဲဆိုပြီး မေးရအောင်လည်း သူနဲ့နီရယ်က နှစ်,နှစ်သာ ကွာတာ။ သူ့ထက် နှစ်ဆလောက် အားသန်နေတဲ့ နီရယ်က တစ်ခါတလေကျ အခုလိုမျိုး ပြောမကောင်း၊ ဆိုမကောင်းလေး။

ခန္ဓာကိုယ်ကို နောက်ပြန်လှည့်လိုက်ပြီး ခုံပေါ်က နီရယ့်လက်ကို ရိုက်ထုတ်လိုက်တော့ အော်သံပြုကာ မျက်စောင်းတစ်ချက်က ရောက်လာတယ်။ လူကြီးဖြစ်နေပါပြီဆိုပြီး အသံကောင်းဟစ်ထားတာလည်း သူပဲ။ စိတ်ဆိုးစိတ်ကောက်ချင်တာကလည်း သူပဲ။ ခြောက်ပေကျော်အရပ်ကြီးနဲ့တောင် မလိုက်,လိုက်တာ။

" ငါ ပန်းချီဆွဲနေတယ်လေ နီရယ်။ ဝေးဝေးသွားစမ်းပါ။ "

ဒန်နီရယ်က မျက်မှောင်ကို ကြုတ်ပစ်တယ်။ လက်နှစ်ဖက်ကို ခပ်တင်းတင်း ပိုက်ထားပြီး၊ လူမိုက်ပုံစံနဲ့ သူ့ကို ကြည့်ပြန်၏။ ရယ်ချင်စိတ်ကို မနည်းထိန်းထားရတဲ့ သူက မျက်နှာကို တစ်ချက်တောင် ဟန်မပျက်မိစေဖို့ ထိန်းထားရတယ်။ ဒန်နီရယ်ကောက်ပါက မလွယ်ပါ။

ရေညှိခြောက်ရောင်ဆံပင်တွေကို သပ်တင်ရင်း ဒန်နီရယ်က ခြေဆောင့်ကာ ထွက်သွားတယ်။ မသွားခင် စိုက်ကြည့်သွားတာများ ကြောက်စရာ။ သူ ခပ်သော့သော့ရယ်လိုက်ရင်း တစ်ကနေ သုံးအထိ ရေရွတ်ဖို့ ပါးစပ်ပြင်လိုက်တော့တယ်။

တစ် ၊
နှစ် ၊
သုံး ။

" ငါ စိတ်ဆိုးနေတာနော် ဂျော် ! "

ဂျော်က တဟားဟားနဲ့ အော်ရယ်ပြီး၊ လက်ထဲက စုတ်တံကို သူ့နေရာသူထားကာ ညီဖြစ်သူ ဒန်နီရယ်ထံသို့ ခပ်မြန်မြန် လျှောက်သွားလိုက်ရတော့တယ်။ အပျင်းပြေ ပန်းချီတစ်ချပ်လောက် လက်စသတ်ဖို့ လုပ်ထားပေမဲ့ ကောက်စိန်ကြောင့် ဆွဲချင်စိတ်လည်း မရှိတော့။ အနှီ စာရေးဆရာက စာမူတွေ အကုန်အပ်ပြီးတိုင်း သူ့ဆီ လာနှောင့်တတ်တော့တာပါပဲ။

-

" ဂျော် ... ငါ စဉ်းစားမိတာတစ်ခုရှိတယ်သိလား ? "

မေးဖျားကို လက်ညှိုးနဲ့လက်မသုံးကာ ပွတ်နေရင်း ဒန်နီရယ်က တွေးတွေးဆဆနဲ့ စကားစ,တယ်။ သူ့ပုံစံက အတည်ပေါက် ပြောတော့မဲ့ပုံ။ ဂျော်တော့ သည်နေ့ အေးဆေးနေရပါ့မလားလို့ တွေးမိပြီး မျက်ခုံးတွေတောင် ခပ်လှုပ်လှုပ်။

အခုထိ စကားဆက်မပြောသေးပုံအရ တွေးတောလို့လည်း မပြီးစီးနိုင်သေးပုံ။ ဂျော်ကတော့ ဘုရားတရားတရုံသာ။ တွေးလို့တောင် မဆုံးလိုက်။ ဆရာသမားက အကြီးကြီးတွေ ပြောတော့မဲ့ပုံစံနဲ့ လက်နှစ်ဖက်ကို ပိုက်ကာ၊ ချောင်းဟန့်၏။ ထို့နောက် စကားကြောရှည်ခြင်းကို စတင်တော့မှာဖြစ်တယ်။

" ကံကြမ္မာဆိုတာကို မင်းယုံလား ? လူတစ်ယောက်နဲ့ တစ်ယောက် တွေ့ဆုံခြင်း၊ နီးစပ်ခြင်း၊ အဲ့လိုမျိုးတွေကို ကံကြမ္မာက ဖန်တီးပေးတယ်ဆိုတာမျိုးလေ။ "

မေးမှမေးတတ်ပါပေတယ်။ နီရယ်က စာရေးဆရာပီပီ ကဗျာဆန်ဆန်တွေ တွေးလွန်းတယ်။ သစ်ရွက်ကြွေတာကအစ ဘာကြောင့် ကြွေတယ်၊ ဘယ်လိုမျိုး ကြွေတယ်ဆိုပြီး တယုတယနဲ့ ငေးမောကြည့်ကာ တွေးတောတတ်တဲ့သူမျိုး။

ဂျော်နဲ့က ကွာခြားတယ်။ ဂျော်က ပန်းချီတွေကို ချစ်တယ်။ ဆေးရောင်စုံတွေကို မြတ်နိုးတယ်။ ဗလာကျင်းနေတဲ့ canvas တွေကို စူးစိုက်ကြည့်ရတာကို သဘောကျတယ်။ ထို canvas တွေထက် ဆေးရောင်စုံတွေအား သူကိုယ်တိုင် ပေါင်းစပ်ဖန်တီးရတာကို နှစ်ခြိုက်တယ်။ သည်လောက်ပဲ။ အတွေးမများတတ်တဲ့သူပီပီ၊ ကဗျာဆန်ဆန် မတွေးတတ်တဲ့သူပီပီ၊ ဂျော့်အတွေးတွေက နီရယ်နဲ့ ကွဲပြားလွန်းနေတတ်တယ်။

" ဖြစ်လာရင် ဖြစ်တယ်လို့ပဲ မှတ်တယ်။ ကံကြမ္မာက စေခိုင်းတာတွေဘာတွေကို ငါ မသိဘူး၊ နီရယ်။ ငါက ဖြစ်လာသမျှကို လက်ခံမယ်လို့ပဲ တွေးထားတာ။ "

နီရယ်က မျက်မှောင်ကြုတ်လိုက်ရင်း ခေါင်းကို တွင်တွင်ခါတယ်။ သဘောမတူဘူးပေါ့။

" ငါဆိုလိုချင်တာနဲ့ မင်းပြောတာက ဘာများ ကွဲခြားလို့လဲ ဂျော်နီ ? တူတူပဲ မဟုတ်ဘူးလား။ "

ဂျော်နီ ဆိုတဲ့နာမည်က ဒန်နီရယ့်နှုတ်က ထွက်လာတော့ ဂျော်က သဘောမကျသလို ကြည့်တယ်။ ထိုနာမည်ကို သူ လုံးဝ မကြိုက်။ အဲ့တာကြောင့်လည်း အနောက်က ' နီ ' ဆိုတာကြီးကို သူကိုယ်တိုင်ဖြုတ်ပြီး ' ဂျော် ' တစ်လုံးတည်းကိုသာ သူ့ကလောင်နာမည်အဖြစ် အသုံးပြု ခြင်းဖြစ်တယ်။ အိမ်၌လည်း သူ့အား ' ဂျော် ' လို့သာ ခေါ်စေတယ်။ မိဘတွေကတော့ နီရယ့်လိုပဲ။ ဂျော်နီမှ ဂျော်နီ။ သူတို့ကိုတော့ ဂျော်လည်း မနိုင်ပါ။

" အင်းးး ၊ တူကောင်းတူနိုင်တာပေါ့။ ဒါပေမဲ့ မင်းလိုတော့ ကဗျာဖွဲ့ပြီး မတွေးတတ်ဘူး။ အခုလို အချိန်ပုပ်ခံပြီးလည်း မမေးတတ်ဘူး။ "

နာမည်ကိစ္စကို ပြောနေလျှင် ပြီးတော့မှာ မဟုတ်မှန်းသိလို့ ဂျော်က ပြောလက်စ,အကြောင်းအရာကိုသာ ပြောတယ်။ စားပွဲခုံပေါ်က အလှပန်းအိုးကို မျက်လုံးဝေ့ကြည့်လိုက်ရင်း နီရယ်က သူ့စကားအတွက် ဖြေရှင်းချက်ပေးဖို့ ပြင်တယ်။ အခုလိုကျပြန်တော့လည်း သည်စကားဝိုင်းက ပျင်းစရာကောင်းမယ်လို့ ဂျော် မတွေးမိတော့သလို။

" ကံကြမ္မာကြောင့်ဆိုတာချည်း မဟုတ်ဘဲ၊ ကိုယ်တိုင်ကလည်း လုပ်ယူဖန်တီးလို့ရတာပဲဆိုတာကိုလည်း တွေးထားဦး ကိုယ့်လူရေ။ ကိုယ်ကိုယ်တိုင် ဝေးကွာစေဖို့ အကြောင်းပြု ပြီးတော့မှ ကံကြမ္မာကြောင့်ပါလို့ ခေါင်းစဉ်တပ်လိုက်တာက အသုံးမကျဘူးလို့ ငါထင်တယ်။ "

ဒါကလည်း လက်ခံနိုင်တာပဲ။ သည်လိုကျပြန်တော့ ဒန်နီရယ်က လက်တွေ့ကျကျ တွေးတောတတ်သွားပြန်သလို။ ဂျော်ကတော့ အဲ့တာတွေကို အချိန်ကုန်ခံပြီး၊ မတွေးဖူးဘူး။ သူ့ဘဝက အိမ်ထဲမှာနေပြီး၊ ထိုပန်းချီကားချပ်တွေအတွက်ပဲ ကုန်ဆုံးနေခဲ့တာကြောင့်ဖြစ်မယ်။

" မင်းပြောတာလည်း မှန်တယ်။ ဒါပေမဲ့ နီရယ် ... "

ဂျော်က စကားကို ဖြတ်တောက်လိုက်တော့ နီရယ်က စိတ်ဝင်စားဟန်ပြကာ မေးဆတ်ပြလာတယ်။ စပ်ဖြီးဖြီးမျက်နှာပေးနဲ့ ဂျော်က သူ့လက်တွေကို ထောင်ပြရင်း ...

" ငါ စိတ်ပြန်ပါလာလို့ ပန်းချီသွားဆွဲတော့မယ်။ "

ဒါမှ ဂျော်အစစ်ပေါ့။ ဘဝမှာ ပန်းချီကားချပ်တွေကသာ နံပါတ်တစ်အဖြစ် သတ်မှတ်ထားလေသူ။ နီရယ်လည်း စာတွေကို မြတ်နိုးတာပါပဲ။ ဂျော့်လောက် ရူးရူးမူးမူး မဟုတ်ပေမဲ့လည်းလေ။

ကျန်ခဲ့တဲ့ နီရယ်ကတော့ ခေါင်းသာ ထပ်မံ၍ ခါမိလေတော့တယ်။ သူတို့ညီအစ်ကိုနှစ်ယောက်က စကားကြာကြာပြောလို့မရတာ ဖြစ်မယ်။

--

" တို့ပြောတာ ကြားရဲ့လား၊ ဘန် ? "

မျက်နှာရှေ့က ဘယ်ညာယိမ်းနေတဲ့ လက်ဖဝါးတစ်ဖက်ကြောင့် ဘန့်မှာ သတိပြန်ကပ်လိုက်ရတယ်။ သူ ဘယ်လိုတွေ ဖြစ်နေတာပါလိမ့်။ အရင်ရက်တွေတုန်းကလိုမျိုး ကိုယ့်ခေါင်းကိုယ်ထုပြီး၊ ရယ်လည်းရယ်နိုင်တော့မယ်မထင်။

" စိတ်ညစ်စရာရှိနေတာလား ? တို့ဘာကူညီပေးရမလဲ ? "

" အထွေအထူး မဟုတ်တာမို့ ခေါင်းထဲ ထည့်မနေပါနဲ့၊ ဘယ်လာ။ ကိုယ် အဆင်ပြေပါတယ်။ "

တကယ်တော့ ဘန်ဂျမင်ဟာ အဆင်မပြေပါ။ ဘယ်လ်လာ့ကို အလိုလိုက်ရာကနေ သူ့စိတ်အစုံက တစ်ခါသာ မြင်တွေ့ဖူးတဲ့ သူစိမ်းတစ်ယောက်ဆီ၌ အထိန်းချုပ်ခံလိုက်ရသလိုမျိုး။ သူ့ကိုတောင် သိမှာမဟုတ်တဲ့ သူစိမ်းတစ်ယောက်ဆီကနေလေ။

လွန်ခဲ့တဲ့လတွေ၌ သူဟာ အလုပ်ရှုပ်နေတာနဲ့ ဘယ်လ်လာ့ကို အချိန်မပေးနိုင်ခဲ့တာကြောင့် လွန်ခဲ့တဲ့တစ်ပတ်က သူ(မ)သွားချင်တဲ့ ပန်းချီပြခန်းဆီကို လိုက်ပို့ပေးရာကနေ ဘန့်အတွက် မရေမရာမှုတွေ စတင်ခဲ့သည်ထင်ပါ့။ ပြုံးနေတဲ့ နှုတ်ခမ်းပါးတွေက သူ့ရင်အစုံကို တလှပ်လှပ် ဖြစ်စေတယ်။ အသက်ဝင်နေတဲ့ ပါးချိုင့်နက်တွေက ဘန့်အတွက် ချောက်ကမ်းပါးသဖွယ် ဖြစ်လာမယ်လို့ မည်သူထင်မည်နည်း။ ဘန်လေ မျက်စိစုံမှိတ်ပြီး ခုန်ချပစ်လိုက်ချင်မိတယ်။ အပြစ်ကင်းစင်သလိုနဲ့ ဆွဲဆောင်မှုအားပြင်းလွန်းလှတဲ့ မျက်ဝန်းတွေက သည်တစ်သက် မေ့နိုင်တော့မှာ မဟုတ်တဲ့ အလှအပတွေပေါ့။

" အခုလည်း အတွေးများနေပြန်ပါပြီ။ "

ဘန်က ခပ်ဟဟ ရယ်လိုက်ရင်း နယ်မချဲ့သင့်တော့တဲ့ အတွေးတွေကို ပြန်ခေါက်သိမ်းထားလိုက်တော့တယ်။ အဲ့လိုမှ မလုပ်လို့လည်း မဖြစ်။ သူ(မ)က နှုတ်ခမ်းစူချင်နေပြီလေ။

" ကဲပါ ... ထပ်ပြီး အတွေးမလွန်တော့ဘူး။ ခုနက ဘာပြောလိုက်တာလဲဆိုတာ နောက်တစ်ခေါက်လောက် ထပ်ပြောလို့ရနိုင်မလား၊ ဘယ်လာ။ "

သိပ်ကျေနပ်ပုံမရသေးတဲ့ ဘယ်လ်လာက သက်ပြင်းချလိုက်ရင်း ဒုတိယမ္ပိ ဆိုလာတယ်။ မိန်းကလေးဖြစ်သော်ငြား၊ သူ(မ)က သူ့အတွက်ဆို အမြဲ စဉ်းစားပေးပြီး၊ နားလည်ပေးတတ်တယ်။ ထို့ကြောင့်လည်း သူတို့နှစ်ယောက်ကြား အဖုအထစ်တွေ ကင်းမဲ့နေတာ ဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဘန့်လိုလူမျိုးကို ဘယ်လ်လာကသာ စိတ်ရှည်ပေးနိုင်တာ။

" ဘယ်လ်လာ့ပုံတူ လိုချင်တယ်။ "

" ဒါများ ဘယ်လ်လာရယ်၊ အဲ့တာ ပန်းချီဆရာကို သွားပြောမှပေါ့။ ကိုယ်က ပန်းချီဆရာမှ မဟုတ်ပေဘဲ။ "

သည်တစ်ခါတော့ သူ(မ)က နှာမှုတ်ရုံတင် မဟုတ်ဘဲ၊ မျက်စောင်းလှလှကိုပါ အပိုဆောင်းအနေနဲ့ လက်ဆောင်ပေးပြီ။ စကားကို သေချာနားမထောင်ဘဲ ပြောချလိုက်တဲ့ ဘန့်ကို စိတ်ကောက်ချင်သော်ငြား၊ ရူးလောက်တဲ့ ချောမောမှုတွေကြား ငေးနေမိတာနဲ့တင် မေ့တေ့တေ့။ ယခုတစ်ကြိမ် သတိပြန်ကပ်ရသူက ဘယ်လ်လာကိုယ်တိုင်ပင်။

" စကားကို ဆုံးအောင် နားထောင်ပေးပါဦး၊ ဘန်ရယ်။ "

ခေါင်းညိတ်ပြတဲ့သူက သူ(မ)စကားကို စိတ်ဝင်စားဟန်ပြကာ နားစွင့်ပေးတော့မှသာ ကျေနပ်သွားဟန်ဖြင့် သူ(မ)က နှုတ်ခမ်းလှုပ်ရုံမျှ ဖွဖွပြုံးတယ်။

" တို့လိုချင်တဲ့ ပန်းချီဆရာက မဆွဲပေးဘူးတဲ့လေ။ ပိုက်ဆံ ဘယ်လောက်ပေးပေး၊ မဆွဲပေးဘူးတဲ့။ တို့က သူ့လက်ရာတွေကို သိပ်သဘောကျတယ်ဆိုတာ ဘန်လည်း သိတယ်မလား။ သူကလေ ပုံတူပန်းချီကို ဘယ်တော့မှ မဆွဲပေးဘူးလို့လည်း ပြောသေးတယ်။ အဲ့လိုပြောပြီး ခုနစ်ခေါက်သွားပြောတာ ခုနစ်ခါက်စလုံး ငြင်းပစ်လိုက်တယ်။ စိတ်ပိန်လိုက်တာ။ "

ဘယ်လ်လာ့ပုံစံက တကယ်ကို စိတ်ညစ်နေတဲ့ပုံ။ ထိုပန်းချီဆရာကို သူ(မ)တော်တော် သဘောကျတယ်ဆိုတာ ဘန်ကိုယ်တိုင်လည်း ခန့်မှန်းမိတယ်။ အရင်ကလည်း ဘယ်ပန်းချီးကားချပ်ကိုမှ မရောင်းဘူးဆိုလို့ သူ(မ)မှာ မစားနိုင်၊ မသောက်နိုင်ဖြစ်သည်အထိ။ လိုချင်တာကို ရအောင်ယူတတ်တဲ့ သူ(မ)က ထိုပန်းချီဆရာနဲ့ ဆိုလျှင်တော့ အမြဲတမ်း အခက်တွေ့နေရပါလေရော။ အခုလည်း လိုချင်တာမရတော့ မျက်ခုံးတို့ကိုလည်း ထိလုပ်မတတ် တွန့်ချိုးထားပြီး၊ နီရဲရဲနှုတ်ခမ်းဖူးဖူးတွေကိုလည်း မဲ့ထားလေ၏။

ဘန်က သူ(မ)ကို မချစ်ဘူးဆိုတာ မှန်ပေမဲ့၊ အခုလို စိတ်ညစ်နေတာမျိုးကိုတော့ မမြင်စေချင်ဘူး။ သူ(မ)က သူ့ကို မျက်နှာတစ်ချက် မပျက်ရလေအောင် ဂရုစိုက်ပေးတတ်တာကြောင့်ပဲလားတော့ မပြောတတ်ပါ။ မေတ္တာအလုံးစုံကို ရောင်ပြန်မဟပ်ပေးနိုင်လျှင်တောင်မှ ဘန်သည် ခါးခါးသီးသီးဖြင့် မျက်ကွယ်မပြုတတ်တဲ့သူမျိုးထဲတွင် အပါအဝင်။

" ကိုယ် ဘာကူညီပေးရမလဲ ? "

တကယ်တော့ သူ့မှာ ကူညီပေးစရာလည်း မရှိပါဘူး။ ဥပေက္ခာ မပြုနိုင်လို့သာ မေးမိခြင်းဖြစ်တယ်။ ဘန်က ပန်းချီဆရာမှ မဟုတ်တာ။ ဟိုပန်းချီဆရာကို ရိုက်နှက်ပြီး၊ အတင်းဆွဲခိုင်းမှသာ ရလိမ့်မယ်။

မိုးပြိုမတတ် မျက်နှာအမူအရာကနေ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလာတဲ့ သူ(မ)ကြောင့် ဘန် အနည်းငယ်တော့ လန့်သွားမိတယ်။ ဘာလုပ်ခိုင်းမလို့ပါလိမ့်။ သူ တွေးလိုက်မိသလိုမျိုး ရိုက်နှက်ပြီး၊ အတင်းဆွဲခိုင်းမလို့လား။ မရည်ရွယ်ဘဲ မျက်ခုံးတွေကပါ အလိုလို မြင့်တက်သွားကြပြီ။

" ဘန် "

" ပြောလေ၊ ဘယ်လ်လာ။ "

ဘန့်မှာ လန့်လို့ကောင်းနေတုန်း၊ သူ(မ)က သူ့ကို အားကိုးတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတယ်။ ပြီးတော့ အနားကို အနည်းငယ်မျှ တိုးကပ်လာပြီး၊ လေသံတိုးတိုးနဲ့ စကားဆိုလာတယ်။

" တို့ကို ကူညီပေးပါ ... နော်။ "

--

" အိမ်ထဲမှာ လူရှိတာ သိပါတယ်နော်။ ခဏလောက်ပဲ ဖွင့်ပေးပါ။ "

အထက်တန်းလွှာ မိန်းကလေးတစ်ယောက်က သူတစ်ပါး အိမ်ရှေ့မှာ တံခါးမဖွင့်ပေးမချင်း ရပ်နေတာက အမြင်မသင့်တော်ဘူးလို့ ဝေဖန်ကြလျှင်လည်း သူ(မ)က တစ်ဖက်နားမှ ထုတ်ပစ်လိုက်ဖို့ ဝန်မလေး။ ဘယ်လ်လာက အစွဲအလမ်းလည်း ကြီးတယ်။ သူလိုချင်တဲ့ ပုံတူပန်းချီကို သူသဘောအကျရဆုံး ပန်းချီဆရာဆီကပဲ ဘယ်လောက်ပေးရပါစေ၊ လိုချင်တာ။

" ဘယ်လ်လာ "

သူ(မ)တော့ မသိပေမဲ့၊ ဘေးက ဘန်ဂျမင်က ရှက်ရှက်နဲ့ ဟိုကြည့်သည်ကြည့်လုပ်ကာ ခပ်တိုးတိုးခေါ်၏။ သူ(မ)က တစ်ချက်သာ လှည့်ကြည့်ပြီး မပွင့်လာမဲ့ တံခါးဆီမှာသာ အာရုံပြန်စိုက်ထားတယ်။ ဘန်ဂျမင်တော့ ကူညီပေးမိတာ မှားပြီ။ အထဲက ပန်းချီဆရာကလည်း အကြောတင်းလိုက်တာလို့သာ တွေးမိတော့တယ်။




" ဒီအတိုင်းပဲ ထားလိုက်တော့မှာလား၊ ကိုယ့်လူ ? "

ပြတင်းပေါက်က လိုက်ကာစကို အသာဖယ်ကာ အပြင်ဘက်က လူနှစ်ယောက်ကို တစ်ချက်လှမ်းကြည့်ရင်း ဒန်နီရယ်က မေးတယ်။ ဘေးမှာ ရပ်ထားတဲ့ ကားအကောင်းစားကြီးက ဒန်နီရယ့်အမြင်အာရုံကို ဆွဲဆောင်ထား၏။ ထိုကားဆီမှ အကြည့်မလွှဲဘဲ ဂျော်ပြောလာမဲ့ စကားကိုလည်း နားစွင့်နေပြန်တယ်။

တော်တော်နဲ့ အသံမကြားရတာကြောင့် လှည့်ကြည့်လိုက်တော့ ပန်းချီဆီသာ အာရုံရောက်နေတဲ့ ဂျော်က သူ့အား လှည့်တောင်မကြည့်။ မေးမိတဲ့ သူသာ မှားတာပါ။

" ဟိုနှစ်ယောက်က ပြန်မဲ့ပုံမပေါ်ဘူးထင်တယ်နော်၊ ဂျော်နီ။ "

ပန်းချီဆွဲနေတဲ့သူဆီကို လျှောက်သွားပြီး ပြောလိုက်တော့ ဦးစွာ မျက်မှောင်ကြုတ်ကြည့်တယ်။ ပြီးတော့လည်း သူပြောတာကို အရေးမစိုက်သလိုပုံစံနဲ့။ အနှီအစ်ကို လက်တောက်လောက်အား ဒန်နီရယ် ဂုတ်ကနေဆွဲပြီး၊ လွှင့်ပစ်လို့ရပါက လွှင့်ပစ်လိုက်ချင်မိပါဘိ။

" ဂျော်နီဘရန်ဒို "

" လွှတ်ထားလိုက်စမ်းပါ၊ ဒန်နီရယ်ရာ။ ခြေထောက်ညောင်းရင် ပြန်သွားလိမ့်မယ်။ "

သူတို့ခြံရှေ့က ကောင်မလေးကလည်း ခေါင်းကြောမာသလို၊ သူ့အိမ်ထဲက ပန်းချီဆရာသည်လည်း ခေါင်းကြောမာတယ်ဆိုတာကို ဒန်နီရယ် တစ်ချက်မေ့သွားခဲ့တာဖြစ်မယ်။ သူတော့ လက်လျှော့လိုက်ပြီ။ ထပ်မပြောတော့ဘူး။ ရပ်ချင်တဲ့သူတွေလည်း ကြိုက်သလို ရပ်ပါလိမ့်စေ။ ဆွဲချင်တဲ့သူကလည်း ဆွဲချင်တာသာဆွဲ။

--

" ဒါက တကယ်ကို မဖြစ်နိုင်တာပါ။ "

ဇွဲရှိလွန်းတဲ့နှစ်ယောက်က အနိုင်ရသွားတော့ နီရယ်က အနောက်ကနေ ကြိတ်ရယ်နေတယ်။ ဆယ်ရက်စလုံး မပျက်မကွက်ဘဲ ခြံရှေ့၌ လာ,လာရပ်နေတတ်တဲ့ နှစ်ယောက်က အခုတော့ အိမ်ထဲကို ရောက်လာကြပြီ။ ပန်းချီဆရာက အလျှော့ပေးလိုက်ရတဲ့ပုံ။

ဒန်နီရယ်ကတော့ တော်ပါသေးတယ်လို့ တွေးမိတယ်။ သူ့ခမျာ အပြင်ထွက်လျှင်တာနဲ့ ထိုကောင်မလေးက အနားသို့ ရောက်လာတတ်ပြီး၊ အိမ်ထဲ ပေးဝင်ဖို့ ခွင့်တောင်းနေတတ်တာ။ ထို့ကြောင့်လည်း ဂျော်က သူ့အား အပြင်မထွက်ခိုင်းတော့တာပင်။ ယခုတွင်တော့ အိမ်တွင်းပုန်းနေရတဲ့အဖြစ်ကနေ လွတ်မြောက်တော့မှာပဲဆိုတဲ့ အတွေးကြောင့် ဒန်နီရယ်တစ်ယောက် အပျော်ကြီး ပျော်နေ၏။

ဘယ်လ်လာက သူ့ရှေ့က ပန်းချီဆရာလေးအား မယုံနိုင်သလို ကြည့်နေတယ်။ သူ(မ)နဲ့ ရွယ်တူလောက်ပဲ ဖြစ်မယ်။ သူ(မ)သိပ်သဘောကျရတဲ့ အဖိုးတန်လက်ရာတို့၏ပိုင်ရှင်အား ဤမျှလောက် ငယ်ရွယ်လိမ့်မယ်ဟု မထင်ခဲ့ရိုးအမှန်။ သူ(မ)စိတ်ထဲ၌ ပို၍ လေးစားသွားမိ၏။ ပြီးတော့ ပန်းချီဆရာလေးက လှပတယ်။

" သောက်လိုက်ပါဦး။ "

ဧည့်သည်ရောက်လာမှတော့ အအေးလောက်ပဲဖြစ်ဖြစ် တိုက်ရမှာပေါ့။ သူ အဲ့လောက်တော့ လူမှုရေး နားလည်ပါသေးတယ်။ နာမည်ကြီးတံဆိပ်တွေနဲ့ တောက်ပနေတဲ့ မိန်းမပျိုက အအေးခွက်ကို ယူသောက်လိုက်ပြီး ပြုံးပြလာတယ်။ မျက်နှာတစ်ချက်မမဲ့တာက ဂျော့်အတွက် အံ့သြစရာ။ လူကုံထံအသိုင်းအဝိုင်းက ဖြစ်တာကြောင့် ဂျော့်အနေနဲ့ အတော်လေး ကြီးကျယ်၊ မောက်မာလိမ့်မည်ဟု ထင်ခဲ့မိ၏။ မှန်းထားတာ လွဲသွားတာပဲ။

" ဘန် "

" ဟမ် ? "

တစ်ချိန်လုံး ငြိမ်နေတဲ့ ဘန့်ကြောင့် ဘယ်လ်လာ စိတ်ပူသွားမိတာတော့အမှန်။ မနက်က ထွက်လာတုန်းက အကောင်းတိုင်း။ ပန်းချီဆရာ၏အိမ်ထဲကို ရောက်တော့မှသာ ငူငူငိုင်ငိုင်ဖြင့်။ ပန်းချီဆရာကိုလည်း အားမနာစတမ်း စိုက်ကြည့်နေတာ ဘယ်လ်လာဖြင့် သူ့ကိုယ်စား အားနာမိ၏။ ဘယ်လ်လာက အကူအညီတောင်းရုံကို သူက ရိုက်နှက်တော့မလား မပြောတတ်။

" ဘန်၊ တို့ပြောထားတာလေ။ "

သတိပေးလိုက်တော့မှသာ ဘန်က ခေါင်းညိတ်ပြလာပြီး၊ ပန်းချီဆရာလေးကို ကြည့်ပြန်တယ်။ လက်ဖဝါးနှစ်ဖက်ကို အသာပွတ်သပ်လိုက်ရင်း တောင်းဆိုလာတယ်။

" ဒီက ဆရာလိုချင်သလောက် ကျွန်တော်တို့ ပေးမှာပါ။ ဒီတစ်ပုံပါပဲ။ ဒီတစ်ပုံဆွဲပြီးရင် နောက်ထပ် လာမနှောင့်ယှက်တော့ဘူးလို့လည်း ကျွန်တော်တို့ ကတိပေးတာမလို့ ပထမဆုံးအကြိမ်နဲ့ နောက်ဆုံးအကြိမ်အဖြစ် ကူညီပေးလို့ မရဘူးလား ? ကျွန်တော့်ကောင်မလေးက ဆရာ့ရဲ့ပန်းချီတွေကို သိပ်သဘောကျတာမို့လို့ပါ။ "

သုံးနှုန်းလိုက်တဲ့ စကားလုံးသုံးလုံးကြောင့် ဘယ်လ်လာ့မျက်နှာထက် ပန်းနုရောင်လှိုင်းတွေ ဖြတ်ပြေးသွားတယ်။ ပန်းချီဆရာလေးကတော့ နှုတ်ခမ်းတွန့်ရုံမျှသာ။

" မငြင်းဖို့ အနူးအညွှတ် တောင်းဆိုပါရစေ။ "

ပန်းချီဆရာလေးက ပါးစပ်ဟ,တုန်းပဲ ရှိသေးတယ်။ သူက ကြိုပိတ်နေလေရဲ့။ ဘယ်လိုလုပ်ရပါ့။

" ကျွန်တော်က ငွေမလိုအပ်ဘူး။ ပန်းချီဆွဲတာကလည်း မွဲနေလို့ မဟုတ်ဘူး။ "

ဂျော်က နှစ်ခွန်းတည်းသာ ပြောတယ်။ သူ့စကားကို ကျန်နှစ်ယောက်ကလည်း နားလည်ပါတယ်။ ပိုက်ဆံအကြောင်း ထည့်ပြောတာကတော့ သူတို့အကျင့်ဖြစ်နေတာကြောင့် ဖြစ်ပါလိမ့်မယ်။ ဂျော်က ထိုင်ရာမှ ထ,သွားပြီး၊ မလှမ်းမကမ်းမှာ ထား,ထားတဲ့ ဆွဲလက်စ သူ့ပန်းချီကားချပ်ဆီကို လျှောက်သွားတယ်။ ရုပ်လုံးမပေါ်သေးတာတောင်မှ သိပ်လှပတဲ့ ပန်းချီကားချပ်တစ်ချပ်ဖြစ်လာမယ်ဆိုတာ ဘယ်လ်လာက ယုံကြည်ပြီးသား။

ကျောပေးထားတဲ့ ပန်းချီဆရာလေးက သူတို့ဘက်ကို လှည့်လာတယ်။ ပြီးတော့ ပြုံးပြတယ်။ ထိုအပြုံးကို မြင်တော့ ဘန့်မျက်တောင်တွေကအစ မလှုပ်ရှားကြတော့။ ဘန့်အသိအာရုံအလုံးစုံက ထိုအပြုံးနုနုအောက်မှာ ကျရှုံးသွားသလို။ ပတ်ဝန်းကျင်ကလည်း ရုတ်ချည်းဆိုသလို တိတ်ဆိတ်သွားပြီး၊ အနှီပန်းချီဆရာလေး၏အပြုံးတွေကပဲ အသက်ဝင်နေသည့်နှယ်။ ဘန့်အတွေးတွေက ထူးထူးခြားခြား ကဗျာဆန်လာတာပဲ။

" ကျွန်တော် ဆွဲပေးပါမယ်။ ခင်ဗျားရဲ့ကောင်မလေးအတွက်။ "

ဘေးမှာ ထိုင်နေတဲ့ ဘယ်လ်လာကတော့ လိုချင်တာရသွားကြောင့် မဖုံးမဖိနိုင်လောက်အောင် အပျော်ကြီး ပျော်နေပြီး၊ ဘန့်လက်တွေကို ဆုပ်ကိုင်လိုက်တယ်။ ဘန်က ပြန်ပြုံးပြရင်း၊ သူ(မ)လက်တွေကို သူ့လက်တွေနဲ့ အုပ်မိုးလိုက်တယ်။ သို့ပေမဲ့ ဘန့်ရင်ထဲမှာတော့ မပြုံးနိုင်ခဲ့ဘူး။

ဘယ်လ်လာဟာ သူ့ကောင်မလေးဆိုပေမဲ့၊ သူ့ကောင်မလေးလည်း ဟုတ်မနေပြန်ဘူးဆိုတဲ့အကြောင်းကို ပန်းချီဆရာလေး၏လက်တွေအား တယုတယ ဆုပ်ကိုင်ကာ ပြောပြလိုက်ချင်မိပါဘိ။

--

11,5,2022
💟

--



-ZAWGYI-





" ပန္းခ်ီကားခ်ပ္ေလးက လွတယ္မလား၊ ဘန္ ? "

ဘယ္လ္လာက ေမးေတာ့ ဘန္ဂ်မင္က သူ႔ပါးခ်ိဳင့္ရွည္ ေရးေတးေတး ထင္ေအာင္ ျပံဳးတယ္။ လူေတြ စုၿပံဳေနတဲ့ ပန္းခ်ီကားခ်ပ္ဆီကေန ေက်ာ္ၿပီး ဘန္က တစ္ေနရာကို ၾကည့္ေနတယ္။ ၿပီးေတာ့ မခို႔တရို႔ ၿပံဳးၿပီး ျဖည္းျဖည္းခ်င္း ေခါင္းညိတ္ျပတယ္။ ဒါဟာ ဘယ္လ္လာ့အေမးကို တံု႔ျပန္ျခင္းလို႔ ေျပာလို႔ရနိုင္မလား။

" အင္း၊ သိပ္လွတယ္။ "

ဘယ္လ္လာ ေျပာတာက သက္မဲ့ပန္းခ်ီကားတစ္ခ်ပ္ျဖစ္ေသာ္ျငား၊ ဘန္႔ဆိုလိုရင္းကေတာ့ သက္ရွိပန္းခ်ီကားခ်ပ္ေလးတစ္ခ်ပ္ ျဖစ္ေနခဲ့ပါတယ္။ လူေတြၾကားထဲမွာ နစ္ျမဳပ္ေနေလေသာ မထင္မရွား သက္ရွိပန္းခ်ီကားခ်ပ္ေလးက ကန္ေရျပင္လို တည္ၿငိမ္ေနတဲ့ ဘန္႔ခံစားခ်က္ေတြကို ရႈပ္ေထြးေစေသာ မေရရာသည့္ အေၾကာင္းျပခ်က္ေလးတစ္ခ်က္လည္း ျဖစ္လာခဲ့ၿပီ။

••

" အဲ့ပန္းခ်ီေတြက နည္းနည္းေလးေတာင္ စိတ္ဝင္စားဖို႔ မေကာင္းလိုက္တာ။ "

သူထိုင္ေနတဲ့ခံုကို အေနာက္ကေန လက္နွစ္ဖက္နဲ႔ နွဲ႔ေနရင္း ဒန္နီရယ္က ပီေကကိုလည္း အဆက္မျပတ္ ဝါးလ်က္ ညည္းညဴ လာတယ္။

" ခံုကို ဆက္မလႈပ္နဲ႔ေတာ့ နီရယ္။ ငါ အာရံုေနာက္လာၿပီ။ "

နီရယ္က လက္မေလ်ွာ႔ဘဲ ပီေကကို ေဖာက္ခနဲ အသံျမည္ေအာင္ မႈတ္လ်က္ ခံုကို လက္နဲ႔နွဲ႔ေနတုန္း။ လူတစ္ေယာက္လံုး ထိုင္ေနတာေတာင္မွ ခံုကို လႈပ္ေအာင္ နွဲ႔နိုင္တာ နည္းတဲ့အားလား။ အခုေခတ္ ကေလးေတြ ဘာေတြစားလို႔လဲဆိုၿပီး ေမးရေအာင္လည္း သူနဲ႔နီရယ္က နွစ္,နွစ္သာ ကြာတာ။ သူ႔ထက္ နွစ္ဆေလာက္ အားသန္ေနတဲ့ နီရယ္က တစ္ခါတေလက် အခုလိုမ်ိဳး ေျပာမေကာင္း၊ ဆိုမေကာင္းေလး။

ခႏၶာကိုယ္ကို ေနာက္ျပန္လွည့္လိုက္ၿပီး ခံုေပၚက နီရယ့္လက္ကို ရိုက္ထုတ္လိုက္ေတာ့ ေအာ္သံျပဳကာ မ်က္ေစာင္းတစ္ခ်က္က ေရာက္လာတယ္။ လူႀကီးျဖစ္ေနပါၿပီဆိုၿပီး အသံေကာင္းဟစ္ထားတာလည္း သူပဲ။ စိတ္ဆိုးစိတ္ေကာက္ခ်င္တာကလည္း သူပဲ။ ေျခာက္ေပေက်ာ္အရပ္ႀကီးနဲ႔ေတာင္ မလိုက္,လိုက္တာ။

" ငါ ပန္းခ်ီဆြဲေနတယ္ေလ နီရယ္။ ေဝးေဝးသြားစမ္းပါ။ "

ဒန္နီရယ္က မ်က္ေမွာင္ကို ၾကဳတ္ပစ္တယ္။ လက္နွစ္ဖက္ကို ခပ္တင္းတင္း ပိုက္ထားၿပီး၊ လူမိုက္ပံုစံနဲ႔ သူ႔ကို ၾကည့္ျပန္၏။ ရယ္ခ်င္စိတ္ကို မနည္းထိန္းထားရတဲ့ သူက မ်က္နွာကို တစ္ခ်က္ေတာင္ ဟန္မပ်က္မိေစဖို႔ ထိန္းထားရတယ္။ ဒန္နီရယ္ေကာက္ပါက မလြယ္ပါ။

ေရညႇိေျခာက္ေရာင္ဆံပင္ေတြကို သပ္တင္ရင္း ဒန္နီရယ္က ေျခေဆာင့္ကာ ထြက္သြားတယ္။ မသြားခင္ စိုက္ၾကည့္သြားတာမ်ား ေၾကာက္စရာ။ သူ ခပ္ေသာ့ေသာ့ရယ္လိုက္ရင္း တစ္ကေန သံုးအထိ ေရ႐ြတ္ဖို႔ ပါးစပ္ျပင္လိုက္ေတာ့တယ္။

တစ္ ၊
နွစ္ ၊
သံုး ။

" ငါ စိတ္ဆိုးေနတာေနာ္ ေဂ်ာ္ ! "

ေဂ်ာ္က တဟားဟားနဲ႔ ေအာ္ရယ္ၿပီး၊ လက္ထဲက စုတ္တံကို သူ႔ေနရာသူထားကာ ညီျဖစ္သူ ဒန္နီရယ္ထံသို႔ ခပ္ျမန္ျမန္ ေလ်ွာက္သြားလိုက္ရေတာ့တယ္။ အပ်င္းေျပ ပန္းခ်ီတစ္ခ်ပ္ေလာက္ လက္စသတ္ဖို႔ လုပ္ထားေပမဲ့ ေကာက္စိန္ေၾကာင့္ ဆြဲခ်င္စိတ္လည္း မရွိေတာ့။ အနွီ စာေရးဆရာက စာမူေတြ အကုန္အပ္ၿပီးတိုင္း သူ႔ဆီ လာေနွာင့္တတ္ေတာ့တာပါပဲ။

-

" ေဂ်ာ္ ... ငါ စဥ္းစားမိတာတစ္ခုရွိတယ္သိလား ? "

ေမးဖ်ားကို လက္ညႇိဳးနဲ႔လက္မသံုးကာ ပြတ္ေနရင္း ဒန္နီရယ္က ေတြးေတြးဆဆနဲ႔ စကားစ,တယ္။ သူ႔ပံုစံက အတည္ေပါက္ ေျပာေတာ့မဲ့ပံု။ ေဂ်ာ္ေတာ့ သည္ေန႔ ေအးေဆးေနရပါ့မလားလို႔ ေတြးမိၿပီး မ်က္ခံုးေတြေတာင္ ခပ္လႈပ္လႈပ္။

အခုထိ စကားဆက္မေျပာေသးပံုအရ ေတြးေတာလို႔လည္း မၿပီးစီးနိုင္ေသးပံု။ ေဂ်ာ္ကေတာ့ ဘုရားတရားတရံုသာ။ ေတြးလို႔ေတာင္ မဆံုးလိုက္။ ဆရာသမားက အႀကီးႀကီးေတြ ေျပာေတာ့မဲ့ပံုစံနဲ႔ လက္နွစ္ဖက္ကို ပိုက္ကာ၊ ေခ်ာင္းဟန္႔၏။ ထို႔ေနာက္ စကားေၾကာရွည္ျခင္းကို စတင္ေတာ့မွာျဖစ္တယ္။

" ကံၾကမၼာဆိုတာကို မင္းယံုလား ? လူတစ္ေယာက္နဲ႔ တစ္ေယာက္ ေတြ႕ဆံုျခင္း၊ နီးစပ္ျခင္း၊ အဲ့လိုမ်ိဳးေတြကို ကံၾကမၼာက ဖန္တီးေပးတယ္ဆိုတာမ်ိဳးေလ။ "

ေမးမွေမးတတ္ပါေပတယ္။ နီရယ္က စာေရးဆရာပီပီ ကဗ်ာဆန္ဆန္ေတြ ေတြးလြန္းတယ္။ သစ္႐ြက္ေႂကြတာကအစ ဘာေၾကာင့္ ေႂကြတယ္၊ ဘယ္လိုမ်ိဳး ေႂကြတယ္ဆိုၿပီး တယုတယနဲ႔ ေငးေမာၾကည့္ကာ ေတြးေတာတတ္တဲ့သူမ်ိဳး။

ေဂ်ာ္နဲ႔က ကြာျခားတယ္။ ေဂ်ာ္က ပန္းခ်ီေတြကို ခ်စ္တယ္။ ေဆးေရာင္စံုေတြကို ျမတ္နိုးတယ္။ ဗလာက်င္းေနတဲ့ canvas ေတြကို စူးစိုက္ၾကည့္ရတာကို သေဘာက်တယ္။ ထို canvas ေတြထက္ ေဆးေရာင္စံုေတြအား သူကိုယ္တိုင္ ေပါင္းစပ္ဖန္တီးရတာကို နွစ္ၿခိဳက္တယ္။ သည္ေလာက္ပဲ။ အေတြးမမ်ားတတ္တဲ့သူပီပီ၊ ကဗ်ာဆန္ဆန္ မေတြးတတ္တဲ့သူပီပီ၊ ေဂ်ာ့္အေတြးေတြက နီရယ္နဲ႔ ကြဲျပားလြန္းေနတတ္တယ္။

" ျဖစ္လာရင္ ျဖစ္တယ္လို႔ပဲ မွတ္တယ္။ ကံၾကမၼာက ေစခိုင္းတာေတြဘာေတြကို ငါ မသိဘူး၊ နီရယ္။ ငါက ျဖစ္လာသမ်ွကို လက္ခံမယ္လို႔ပဲ ေတြးထားတာ။ "

နီရယ္က မ်က္ေမွာင္ၾကဳတ္လိုက္ရင္း ေခါင္းကို တြင္တြင္ခါတယ္။ သေဘာမတူဘူးေပါ့။

" ငါဆိုလိုခ်င္တာနဲ႔ မင္းေျပာတာက ဘာမ်ား ကြဲျခားလို႔လဲ ေဂ်ာ္နီ ? တူတူပဲ မဟုတ္ဘူးလား။ "

ေဂ်ာ္နီ ဆိုတဲ့နာမည္က ဒန္နီရယ့္ႏႈတ္က ထြက္လာေတာ့ ေဂ်ာ္က သေဘာမက်သလို ၾကည့္တယ္။ ထိုနာမည္ကို သူ လံုးဝ မႀကိဳက္။ အဲ့တာေၾကာင့္လည္း အေနာက္က ' နီ ' ဆိုတာႀကီးကို သူကိုယ္တိုင္ျဖဳတ္ၿပီး ' ေဂ်ာ္ ' တစ္လံုးတည္းကိုသာ သူ႔ကေလာင္နာမည္အျဖစ္ အသံုးျပဳ ျခင္းျဖစ္တယ္။ အိမ္၌လည္း သူ႔အား ' ေဂ်ာ္ ' လို႔သာ ေခၚေစတယ္။ မိဘေတြကေတာ့ နီရယ့္လိုပဲ။ ေဂ်ာ္နီမွ ေဂ်ာ္နီ။ သူတို႔ကိုေတာ့ ေဂ်ာ္လည္း မနိုင္ပါ။

" အင္းးး ၊ တူေကာင္းတူနိုင္တာေပါ့။ ဒါေပမဲ့ မင္းလိုေတာ့ ကဗ်ာဖြဲ႕ၿပီး မေတြးတတ္ဘူး။ အခုလို အခ်ိန္ပုပ္ခံၿပီးလည္း မေမးတတ္ဘူး။ "

နာမည္ကိစၥကို ေျပာေနလ်ွင္ ၿပီးေတာ့မွာ မဟုတ္မွန္းသိလို႔ ေဂ်ာ္က ေျပာလက္စ,အေၾကာင္းအရာကိုသာ ေျပာတယ္။ စားပြဲခံုေပၚက အလွပန္းအိုးကို မ်က္လံုးေဝ့ၾကည့္လိုက္ရင္း နီရယ္က သူ႔စကားအတြက္ ေျဖရွင္းခ်က္ေပးဖို႔ ျပင္တယ္။ အခုလိုက်ျပန္ေတာ့လည္း သည္စကားဝိုင္းက ပ်င္းစရာေကာင္းမယ္လို႔ ေဂ်ာ္ မေတြးမိေတာ့သလို။

" ကံၾကမၼာေၾကာင့္ဆိုတာခ်ည္း မဟုတ္ဘဲ၊ ကိုယ္တိုင္ကလည္း လုပ္ယူဖန္တီးလို႔ရတာပဲဆိုတာကိုလည္း

You are reading the story above: TeenFic.Net