🐰•9

Background color
Font
Font size
Line height

"ပါပါး ပါပါး ပြန်လာပြီ သားအတွက်ပြိုင်ကားရော?!"

"ယူဂျင်းလေး မင်းပါပါးမူးနေတယ်"

ပါပါးမူးနေတာ? ချန်ချန်တစ်ခါမှ သူ့ပါပါးမူးတာမျိုး မကြုံဖူးဘူး။ ကလေးတစ်ယောက်နဲ့မို့ ဟာအိုကဘယ်တော့မှ မူးအောင်မသောက်တတ်ဖူးလေ။ အို... အရက်နံ့ကြီးကလည်း ဆိုးလိုက်တာ~ ပြိုင်ကားအရုပ်လည်း ပါမလာဘူး ဟွန့်!

"ဦးဦး ကျွန်တော်ဒီနေ့ ဦးဦးနဲ့နေမယ်"

အရုပ်ဝယ်လာမယ်ပြောပြီး မဝယ်လာတဲ့ အဖေနဲ့ တစ်အိမ်ထဲအတူတူမနေနိုင်ပါဘူး၊ ပြီးတော့မူးကလည်း မူးနေသေးတာ။

"ဆရာဟန်ဘင်းပဲ ပါပါးကိုဂရုစိုက်လိုက်ပါ ကျေးဇူးတင်ပါတယ်"

ချန်ချန်သူပြောစရာရှိတာပြောပြီး ကင်ထယ်ရယ်လည်ပင်းကိုဖက်ထားလိုက်တယ်။ ဦးဦးထယ်ရယ်သာ အကောင်းဆုံးပဲ သားနဲ့အတူတူ ဂိမ်းလည်းဆော့ပေးတယ်၊ ရေခဲမုန့်လည်းကျွေးတယ် Cocomelon သီချင်းတွေလည်း အတူတူဆိုပေးတယ်။ ဟွန့် အဖေဆိုတဲ့လူကတော့ ဆရာဟန်ဘင်းကိုစိတ်ကောက်ပြီး အရက်သောက်လာတဲ့အပြင် သားနဲ့ကတိပေးထားတဲ့ ပြိုင်ကား!!! ပြိုင်ကားကိုသူမေ့ခဲ့တယ်လေ!

"အေး အေး အဲ့တာဆို ဦးတို့ ဟိုဘက်အိမ်ကူးကြမလား"

ကင်ထယ်ရယ်မှာမနက်က အလိုက်မသိခဲ့သမျှ ပြန်လည်ဖာထေးဖို့ရန် ဟန်ဘင်းကိုပြုံးပြပြီး ကလေးကိုချီလျက် ဟန်ဘင်းအိမ်သို့ ခေါ်သွားပြီ။

"ဟျောင်း အပင်ပန်းခံလိုက်ပါဦးနော် ဟဲဟဲ"

*ဂျလက်*

တံခါးလော့ကျသွားတဲ့အခါမှာ ဟာအိုအိမ်ထဲ ဆောင်းဟန်ဘင်းနဲ့ ကျန်းဟာအိုနှစ်ယောက်သာ ကျန်တော့တာ။ အမူးသမားလေး ကျန်းဟာအိုကတော့ သီချင်းဆိုမပျက်ပေါ့။

🎶 တကယ်ပါချစ်တယ် ချစ်တယ် ချစ်တယ် ငါမင်းကို🎶 ဟိဟိ

"ဟာအို... ဟာအို အိမ်ပြန်ရောက်ပြီ"

"ပြန်ရောက်ပြီလား... ချန်ချန်ရောဟင်"

"ချန်ချန်ထယ်ရယ်ဆီမှာ"

ထယ်ရယ်? ဪ.. ဟိုအချစ်ဦးအကြောင်းပြောတဲ့တစ်ယောက်ပဲ။

"ထယ်ရယ် ဟုတ်တယ် အဲ့ထယ်ရယ်နဲ့တွေ့ချင်တယ် တွေ့ပြီး ဟန်ဘင်းရဲ့အချစ် အေ့ အချစ်ဦးအကြောင်းမေးရဦးမယ်"

ဟန်ဘင်းတစ်ယောက် ဒီနေ့ညနေခင်းမှာတင် ဟာအို့ပါးစပ်ကနေ အချစ်ဦးဆိုတာကို ကြားရတာ အခေါက်ပေါင်းရာကျော်နေပြီ။ ဟူး... ဒီအမူးသမားလေးနဲ့တော့ ။ ဘာမှဆက်မပြောတော့ပဲ ကုတင်ပေါ်ချပေးလိုက်တဲ့အခါမှာတော့ ကျန်းဟာအိုဟာကုတင်ပေါ်လိမ့်ပြီး ပြုတ်ကျသွားတယ်။

*ဘုတ်*

မွေ့ယာက အတော် အိတဲ့ထဲပါတာကြောင့် ကံကောင်းလို့ ကုတင်အလယ်နားမှာ လိမ့်တာရပ်သွားတာ မဟုတ်ရင် ကုတင်တဖက်ကို လိမ့်ပြီး ပြုတ်ကျသွားတော့မှာလေ။ ဖိနပ်နဲ့ ခြေအိတ်ချွတ်ပြီးတဲ့အခါမှာတော့ ဟန်ဘင်းဘာဆက်လုပ်ရမလဲမသိတော့ဘူး... ဒီအတိုင်းကြီးလည်းမထားခဲ့နိုင်ဘူး... umm... မျက်နှာသစ်ပေးသင့်တယ်ထင်တယ်... ဘာပဲပြောပြော တနေကုန်အလုပ်လုပ်ထားတဲ့ လူဆိုတော့...

လက်ကိုင်ပုဝါလေးရေစွတ်ပြီး ကျန်းဟာအိုရဲ့ပါးပြင်ပေါ် တို့ထိတို့ထိ လုပ်နေရာက အမူးသမားလေးက အအေးဓာတ်ကြောင့် သက်သောင့်သက်သာဖြစ်သွားတဲ့ပုံပါပဲ။ မျက်လုံးမှိတ်ပြီး ပြုံးပြုံးလေး ဇိမ်ခံနေလေရဲ့

"သခင်လေး နေလို့ကောင်းရဲ့လားခင်ဗျ"

"အွန်း"

Omegaလေးလို့မပြောရဘူး ဟာအို့ပါးပြင်လေးက တကယ်ကို နူးနူးညံ့ညံ့လေး။ တဖက်ကဇိမ်ခံလို့ကောင်းနေသလို ဆောင်းဟန်ဘင်းမှာလည်း မျက်နှာလေးပေါ်ကနေ လက်မခွါနိုင်သေး။ ဆောင်းဗုဒ္ဓဆိုတဲ့နာမည်ပြောင်ကို အခုသူ စွန့်လွတ်ရတော့မယ်။ ကျန်းဟာအို အခုလိုမူးနေတဲ့အချိန် နည်းနည်းလေး အသားယူလိုက်ချင်တဲ့စိတ်တွေက ဟန်ဘင်းကိုနိုင်ယူလိုက်ပြီ။ အဲ့တာကြောင့် ပြုံးပြုံးလေးမူးနေတဲ့ ဟာအို့ပါးပြင်ပေါ် တချက်နမ်းရှိုက်လိုက်တော့တာပေါ့။ သူလမ်းတလျှောက်လုံး ချီလာခဲ့တဲ့ အဖိုးအခ ဒီလောက်တော့ ပြန်ယူသင့်တယ်မဟုတ်လားနော်။

*Mwah*

"ဟိဟိ ယားတယ်လေ ဟန်ဘင်းနား"

ဟာအို တုန့်ပြန်မှုက တအားချစ်ဖို့ကောင်းနေခဲ့တာ။ သူက မျက်လုံးမှိတ်နေရင်း ပါးလေးကိုတစ်ဖက်ရှောင်ပြီး ရယ်ရင်း ဟန်ဘင်းကို အားသေးသေးလေးသုံး၍ တွန်းထုတ်နေတာလေ။ ချစ်ဖို့ကောင်းလွန်းတာကြောင့် ဟန်ဘင်းစိတ်ထဲရှိနေတဲ့ အတွေးမှောင်မှောင်တွေတောင် အကုန်လွင့်ပျယ်ကုန်ပြီ။ သူ့ခမျာ မထိရက်မကိုင်ရက်နဲ့ ဒီကောက်ညှင်းမုန့်လုံးလေးကို အကြည့်မခွါနိုင်ခဲ့ဘူး။

ဟန်ဘင်း ကုတင်ဘေးနားတစောင်းထိုင်နေရင်း ဟာအိုကိုကြည့်နေခဲ့တာပါ။ ဟန်ဘင်းဘက်ကငြိမ်သွားတော့ ဟာအိုဘက်ကမျက်လုံးလေးဖွင့်ပြီးကြည့်လာခဲ့တယ်။ အယ်လ်ကိုဟောကြောင့် ဟာအို့အကြည့်တွေက ရီဝေနေခဲ့တာ... ဒီလိုအကြည့်မျိုး ဟန်ဘင်းမြင်လိုက်တဲ့အခါ အသက်ရှူတာတောင် တလွဲဖြစ်သွားသလိုပဲ။

"ဟာအို"

"ဟန်ဘင်း~ ဘာလုပ်နေတာလဲ လာမအိပ်သေးပဲနဲ့"

နွေလယ်ခေါင်ကြီး မိုးကြိုးပစ်ခံလိုက်ရသလိုပါပဲ။ ကျားတစ်ကောင်ရဲ့ အသားစားချင်စိတ်ကိုမှ မစာမနာ ယုန်သူငယ်လေးကျန်းဟာအိုဟာ ဟန်ဘင်းလက်မောင်းကိုကိုင်ပြီး မွေ့ယာပေါ်ဆွဲချပါတော့တယ်။

"အင်းဒီအတိုင်းလေး ငြိမ်ငြိမ်နေနော်ဟန်ဘင်း"

ဟာအိုတစ်ယောက်ပြောတဲ့ ဒီအတိုင်းလေးဆိုတာ ဟန်ဘင်းကုတင်ပေါ် မှာ မံမီလိုလှဲလှောင်းနေတာကိုပြောချင်တာပါ။ သူကတော့ ဟန်ဘင်းကိုယ်ပေါ် ရေဘဝဲတစ်ကောင်လို လက်တွေခြေတွေနဲ့ ရစ်ပတ်ထားလိုက်တာများ။

"ဟူး..."

ဟန်ဘင်းရဲ့အခက်အခဲကို ကျန်းဟာအိုတစ်ယောက်နားမလည်နိုင်ပါဘူး သူက ခေါင်းလေးကိုတောင် ရင်ဘက်ပေါ်ဟိုပွတ်ဒီပွတ်နဲ့ ကြောင်ကလေးတစ်ကောင် မအိပ်ခင်နေရာချသလိုမျိုး လုပ်နေတာ။

"ဟန်ဘင်း ပူရှိန်းနံ့လေးထပ်ပြီး"

ဒီလိုနဲ့ ရင်ဘက်ပေါ်မှီနေတဲ့ ခေါင်းလုံးလုံးလေးကို ဆောင်းဟန်ဘင်း မတွန်းထုတ်နိုင်လိုက်ရုံတင်မကပဲ pheromone တွေပါထုတ်ပေးလိုက်ရပါတော့တယ်။ ဒီညကိစ္စကို ဦးနှောက်ထဲမှာပဲမှတ်ထားလိုက်ရင်း နောက်တစ်ခါမှပဲ omega လေးကို အနိုင်ကျင့်ရမယ်လို့ တေးထားလိုက်ပါတယ်လေ။ အခုတော့ အနိုင်ကျင့်ခံနေရတာ ကျွန်တော်ပေါ့ဗျာ။

𓆝 𓆟 𓆞 𓆝 𓆟

"အင်း... ချန်ချန်! လိုက်ကာတွေပိတ်လိုက်ကွာ ဒီနေ့စနေနေ့လေ ပါပါးအိပ်ဦးမယ်"

"နိုးလာပြီပေါ့ အမူးသမားလေး"

ဒီကလေး ကြည့်စမ်း အဖေ့ကိုများအမူးသမားတဲ့! နေပါဦး သူ့အသံကဘယ်တုန်းကအခုလို ဩသွားရတာလဲ!! ဘာလဲ ငါ့သားလေး လူပျိုဖြစ်ပြီလား!!!

အိပ်ချင်ရယ်မူးတူး၊ မနေ့ညကလည်း မူးထားတာနဲ့ပေါင်းပြီး ကျန်းဟာအိုခေါင်းတွေထိုးကိုက်နေပေမဲ့ မျက်လုံးကိုအတင်း မရရအောင်ဖွင့်လိုက်တယ်။

"ဟင်...ဟန် ဟန်ဘင်း"

အခုလိုနိုးနိုးချင်း ဒီလိုမျက်နှာချောချောလေးမြင်ရတာ ဘယ်လောက်ကောင်းလဲဗျာ။ ဆောင်းဟန်ဘင်းကိုမပိုင်လိုက်ရတဲ့ ချန်ချန့်တီတီတွေတော့ အားကျရုံပေါ့နော်။

"ဘာတွေကြည့်နေတာလဲအဲ့လောက် ချောလို့လား"

"အင်း"

အမူးသမားလေးရဲ့ ပါးစပ်က ဦးနှောက်ထက် ပိုသွက်သွားခဲ့သည်။ 'အဲ' အခုတော့ ကျန်းဟာအိုရှက်လို့ ဟန်ဘင်းလက်မောင်းပေါ် ခေါင်းအုံးထားတဲ့ခေါင်းလေးက စောင်အောက်ကို တိုးသွားခဲ့ပြီ။

"အခုမှရှက်မနေနဲ့တော့လေ မနေ့ညကကိစ္စတွေမမှတ်ဘူးလား?"

မနေ့ညက?! မနေ့ညကငါဘာတွေလုပ်ခဲ့တာလဲ!! ပြာယာခက်သွားတဲ့ ကျန်းဟာအိုဟာ စောင်အောက်ထဲမှ ခေါင်းပြန်ထွက်လာခဲ့တယ်။ အလန့်တကြားဖြစ်နေတဲ့ ကျန်းဟာအိုနဲ့ဆန့်ကျင်စွာ ဆောင်းဟန်ဘင်းကတော့ အောင်နိုင်သူအပြုံးနဲ့။

"ကျွန်တော်တို့တွဲနေပြီလို့ ယူဆလိုက်ပြီနော်"

*Mwah*

"အမူးသမားလေး ထတော့ ကိုယ် မနက်စာလုပ်ပေးမယ်"

"..."

နေပါဦး ခုဏက ဟန်ဘင်း သူ့နှုတ်ခမ်းပေါ်နမ်းလိုက်တာလား? နှုတ်ခမ်းလေးကိုထိလိုက် ဆောင်းဟန်ဘင်းကိုကြည့်လိုက်နဲ့ ဟာအိုမှာအထူးအဆန်းဖြစ်လို့။

*Mwah*

"မနေ့ညကအတင်းဖက်ထားတာဘယ်သူလဲ အခုရှက်မနေနဲ့လေ"

*Mwah*

နှုတ်ခမ်းပေါ် ဆက်တိုက်ကျလာတဲ့ အနမ်းပွင့်လေးကို မျက်လုံးလေးပြူးပြီး ငြိမ်ခံနေပြီတဲ့ ကျန်းဟာအို။ အိမ်မက်များလား မယုံနိုင်ဘူး...

"အာ အချစ်ဦးဆိုတာ ထယ်ရယ်လျှောက်နောက်နေတာ အခုကျွန်တော်သဘောကျတာ ဟာအိုတစ်ယောက်ပဲရှိတယ် အဲ့တာကြောင့် အတွေးမများနဲ့"

အနမ်းလည်းခံလိုက်ရသလို အခုသူ ဆံပင်တွေလည်း ဆွဲအဖွခံလိုက်ရပြန်ပြီ။ ရင်ဘက်ထဲ ပျော်ရွှင်မှုနဲ့အတူဝင်လာတဲ့ ရှက်သည့်စိတ်ကြောင့် မျက်နှာပေါ်သို့ လက်နှစ်ဖက်အုပ်ထားမိလိုက်ပြီ။

"ဟား ဟား မြန်မြန်လာနော် မနက်စာအတူတူစားဖို့ ကျွန်တော်စောင့်နေမယ်"

"..."

"ဟာအို ပြန်ဖြေဦးလေ"

"အွန်း" ကြောင်လေးတစ်ကောင်လို တကယ့်ကို တိုးတိုးလေးမှ အသံတိုးတိုးလေး ဟာအို့ဆီမှထွက်လာတာပေါ့။

"ဟာအို"

"အွန်း~လို့!"

𓆝 𓆟 𓆞 𓆝 𓆟

ဟန်ယူဂျင်းမှာ တမနက်ခင်းလုံး သူ့ဖခင်ကိုမျက်စောင်းထိုးလို့မပြီးနိုင်။ ပါပါးက ပြိုင်ကားဝယ်ခဲ့ဖို့မေ့ရုံတင်မကဘူး သူက ဒီမနက်ခင်းရောက်တော့လည်း သားကိုဂရုမစိုက်ဘူး တီတီတို့!။ သားလေးတစ်ယောက် မနေ့ညက အလိုက်တသိသူစိမ်းနဲ့ အိပ်ပေးထားတာကိုတောင် ဒီမနက် သူ့အပြစ်တွေအတွက်လာပြီး မတောင်းပန်သေးတဲ့အပြင် အခုလည်းကြည့် သားကိုမေ့ပြီး ဆရာဟန်ဘင်းကိုပဲကြည့်နေတာ။

"ဟွန်း"

"ယူဂျင်းဘာဖြစ်လို့လဲ"

ဘာဖြစ်ရမှာလဲ ဦးဦးရယ် ပါပါးရဲ့အလိုက်မသိမှုတွေကြောင့်ပဲပေါ့။

"ချန်ချန်"

"ဟွန့်"

"ပါပါးရဲ့အချစ်ဆုံးလေး"

အရင်ကတော့ဟုတ်ချင်ဟုတ်မယ် အခုတော့ ဆရာဟန်ဘင်းဖြစ်နေပြီမဟုတ်လား ပါပါးရယ်... အချစ်ဆုံးဆိုတာကလေ... အဲ့တာပြောတာပေါ့ လူကြီးတွေက လိမ်ပြောတတ်တယ်ဆိုတာ။ သားတို့ကလေးတွေပဲ ဖြူစင်တာ။

"ပါပါး သားကိုမချစ်ပါဘူး"

အက်ရှင်ဆိုတာနဲ့ ဟန်ဝေ့ချန်မျက်လုံးထဲမှာ မျက်ရည် on ပြီးသားပဲ။

"အီး ဟီးဟီး ပါပါးကသားကို မချစ်ပါဘူး။ ပါပါးက သားကိုမေ့သွားပါပြီ။ ပါပါးကသားကို ဂရုမစိုက်တော့ဘူး"

ဒီကလေးက အကြောင်းမဲ့ဂျီမတိုက်ဖူးဆိုတာ ကျန်းဟာအိုအသိဆုံး။ အထူးသဖြင့် လူစိမ်းရှေ့မှာ ချန်ချန် ဘယ်တော့မှမဆိုးဘူး အဖေ့ကိုဘယ်တော့မှ မျက်နှာပျက်အောင်လုပ်တဲ့ ကလေးမဟုတ်ဘူး။ ကြည့်ရတာ ကလေးက ထယ်ရယ်ကို ရင်းနှီးနေပြီနေမှာ။ ဟန်ဝေ့ချန်ဂျီကျတိုင်း အကြောင်းအရင်းက အပေးအယူလုပ်ချင်တာကြောင့်။ ပြီးတော့ ဒီကလေးက တအားတော်တာ မွေးထားတဲ့အဖေဖြစ်တဲ့ ကျွန်တော်ကပဲ တော်လို့လားမသိဘူး ဂျီကျတိုင်း၊ အပေးအယူလုပ်တိုင်း၊ ကျွန်တော်ငြင်းမရအောင်ကို ကတိပေးပြီးမေ့သွားတဲ့နေ့တွေကို ရွေးပြီးအကွက်ရှာတာလေ။ ဟူး ငယ်ငယ်တုန်းက ဉာဏ်ကောင်းပါစေဆိုပြီး နယူးဇီလန်ကအကောင်းစား နို့မှုန့်တိုက်မိတဲ့ ရလာဒ်တွေပဲ။ အရမ်းကောင်းတဲ့ နယူးဇီလန်နို့မှုန့်!!!

"ပြိုင်ကား ပါပါးနောက်နေ့ဝယ်လာပေးမယ်လေ"

ဟွန့်ရမလားပါပါးရယ် နောက်ကျကြေးဆိုတာရှိစမြဲပေါ့။ အခုသားရဲ့ရည်ရွယ်ချက်က ပြိုင်ကားပဲမဟုတ်တော့ဘူး...

"ဟင့် ဟင့် ဟင့် ပါပါးကသားကိုမချစ်တော့တာပါ။ တစ်ယောက်ထဲရှိတဲ့ သားလေးမှာလိုက်တာတောင် မေ့သွားရက်တာလေ။ အရက်တွေလည်းသောက်လာသေးတယ် ပါပါးသားကိုမလိုချင်တော့ဘူးမဟုတ်လား အီး ဟီးဟီးဟီး"

'သားကိုမလိုချင်တော့ဘူးလား'ဆိုတဲ့ စကားနားရောက်တော့ ကျန်းဟာအိုမှာလည်း မျက်ရည်စမ်းစမ်း ဖြစ်လာခဲ့ပြီ။ သူ့မှာဒီသားလေးပဲရှိတာပါ ဘာလို့မလိုချင်ရမှာလဲလို့ သူ့အမှားပါ မနေ့ကအသိစိတ်လွတ်ပြီး မရင့်ကျက်မိခဲ့ဘူး။ တခါမှ ဒီလောက်အများကြီးမသောက်ဖူးတဲ့ အရက်တွေပါသောက်လာခဲ့တာ ကလေးဘယ်လောက်လန့်သွားလိုက်မလဲနော်

" ချန်ချန် ပါပါးမှားပါတယ်နော် ပါပါး...အီး ဟီး ပါပါးမှားသွားပါတယ်"

ကင်ထယ်ရယ်မှာ မျက်ရည်စမ်းစမ်းနဲ့ ဖက်ပြီးငိုနေတဲ့ သားဖနှစ်ယောက်ကို အံ့ဩတကြီးကြည့်နေခဲ့သည်။ ဝါး...ချယ်မီနဲ...

ဟန်ဘင်းကတော့ ဟာအိုနောက်ကနေဝင်ထိုင်လိုက်ပြီး ကျောလေးကိုပွတ်ပေးကာ ဟာအို့ကိုချော့လိုက်ပြီး ချန်ချန်မျက်နှာပေါ်ရှိ မျက်ရည်စတွေကိုပါ သုတ်ပေးလိုက်တယ်။ ပြီးတော့နှစ်ယောက်လုံးအပေါ် သူ့ရဲ့ pheromone အနည်းငယ်ပါ လွတ်ပေးလိုက်တယ်လေ။

ဟန်ဘင်း pheromone ကြောင့် အငိုသန်လေးနှစ်ယောက် ခဏရပ်တန့်သွားပြီး ဟန်ဘင်းကိုကြည့်လာတော့တာပဲ။ အဲ့ဒီနောက်တော့ နှစ်ယောက်လုံး ဟန်ဘင်းကို တစ်ဖက်စီဖက်ပြီး ငိုတော့တာပေါ့။

ထိုမြင်ကွင်းကိုကြည့်နေတဲ့ ကင်ထယ်ရယ်ကတော့ သူ့ဟျောင်းဖြစ်သူထံ လက်သီးဆုပ်ပြီး 'ဟျောင်း ဖိုက်တင်း' လို့အားပေးလိုက်ပါတယ်လေ။ တန်ပါတယ် နှစ်ယောက်လုံးက ချစ်စရာလေးတွေဟာကို ဟန်ဘင်းဟျောင်း ဘဝကြီးမပျင်းရတော့ဘူးပေါ့။ အယ်မယ် သူက သူ့ဟျောင်းအတွက် ကျေနပ်ပီတိပါဖြစ်မိနေသေးတာဗျာ။

"ဟာအိုမငိုနဲ့လေ မနေ့ကလည်းသောက်ထားတာ အခုလည်းငိုရင် ခေါင်းတွေကိုက်ကုန်တော့မှာပဲ ပြီးတော့ ယူဂျင်း ယူဂျင်းလေးဘာလိုချင်တာလဲ ဆရာ့ကိုပြောလေ ဆရာဝယ်ပေးမှာပေါ့"

ထိုအခါမှာတော့ ဟန်ယူဂျင်းခေါင်းထောင်လာပါပြီ။ မျက်နှာရည်ထွက်ပြီး ရင်ထဲမှလည်း တကယ်ခံစားလိုက်ရပေမဲ့ နောက်ဆုံးတော့...

"တကယ်လား"

"တကယ်ပေါ့"

"သားက သားက ကစားကွင်းသွားချင်တာ ပါပါးရော ဆရာရော"

မဖြစ်သေးဘူး ဦးဦးထယ်ရယ်ပါခေါ်ရမယ် အဲ့တာမှ ပါပါးနဲ့ဆရာက လျှောက်လည်နိုင်မှာလေ ခ်ခ်။

"ပြီးတော့ ဦးဦးထယ်ရယ်ပါ သားကဦးဦးနဲ့ ကစားစရာတွေလျှောက်စီးချင်တာလေ"

𓆝 𓆟 𓆞 𓆝 𓆟

April 3, 2024

အားလုံးပဲ မနက်ဖြန်တိုင်းက ပျော်စရာနေ့လေးဖြစ်ပါစေ💕

frost ကတော့ bubble error ဖြစ်ပြီး day count 1 ပြန်ဖြစ်သွားလို့ တော်တော်ငိုချင်နေတာပါㅠㅠ
အဲ့တာကြောင့် ဒီနေ့မတင်ဘူးလုပ်ထားပေမဲ့ စိတ်ညစ်နေလို့မဖြစ်ဘူး!!!!ဆိုပြီး သူတို့နှစ်ယောက်ကိုအများကြီးနမ်းခိုင်းပြီး upလိုက်ပါတယ် ㅠㅠ


You are reading the story above: TeenFic.Net