🐰•8

Background color
Font
Font size
Line height


ဒီနေ့တော့ ဟန်ယူဂျင်းအစောကြီးနိုးလာတယ်။ အကြောင်းက အိမ်ထဲမှာဆူညံနေတဲ့ သူ့ပါပါးကြောင့်ပေါ့။ မနက်အစောကြီးထဲက ပါပါးက သီချင်းတွေဖွင့်နေတာ တီတီတို့ရယ် လူသားချင်းမစာမနာ သားကအိပ်ချင်သေးတာကို အခုလည်းကြည့် ဧည့်ခန်းထဲကနေပြန်ပြီ။ ကြည့်ရတာ ပါပါးမှာ ကောင်းတဲ့ကိစ္စလေးတွေရှိနေပုံပဲ ဒီအခွင့်အရေးကိုအသုံးချရမယ်...

"ပါပါး~~"

"ပြောချန်ချန်လေး"

"ပါပါး သားလေ ဟို~ အသစ်ထွက်တဲ့ ကစားစရာပြိုင်ကားလေးလိုချင်လို့"

"ဟုတ်လား ပါပါးအပြန်ဝယ်ခဲ့ပေးမယ် ဘာအရောင်လေးယူမလဲပြော"

ဝါး~~~ ပါပါးတကယ်စိတ်ကောင်းဝင်နေတာပဲ ဟိဟိ နေ့ရက်တိုင်းဒီလိုဆို သားလိုချင်တာတွေ နေ့တိုင်းရမှာပေါ့နော်။

"ပါပါး ပျော်နေလို့ထင်တယ် ဒီနေ့တအားကြည့်ကောင်းနေတယ်"

ထိုအခါ ကနေတဲ့ကျန်းဟာအိုရပ်သွားသည်။ ပြီးတော့ သူ့သားလေးကိုကြည့်လာပြီး ပွေ့ချီလိုက်တယ်။

"ပြောစမ်း ပါပါးဘယ်နေရာကဘယ်လိုကြည့်ကောင်းလဲဆိုတာ"

သူ့ခမျာ ပြိုင်ကားအသစ်လေးဝယ်ပေးမယ်ပြောလို့ မျက်နှာချိုသွေးလိုက်ရာက ချက်ချင်းအကျပ်အတည်းထဲရောက်သွားတော့တာပဲ။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး သားပါပါးက နေရာတိုင်းလှတော့ မျက်လုံးထဲတွေ့တာတစ်ခုခုပြောလိုက်ရင်ရပြီလေ။ ချန်ချန် မျက်နှာမသစ်ရသေးတဲ့ သူ့မျက်လုံးလေးတွေကိုပွတ်ရင်း သူ့ပါပါးကိုသေချာကြည့်လိုက်တယ်။ အိပ်ချင်မူးတူးဖြစ်နေတဲ့ သူနဲ့ဆန်ကျင်ဘက် သူ့ပါပါးကတော့ တက်ကြွနေလိုက်တာများ။

"ပါပါးဒီနေ့ မိတ်ကပ်လိမ်းထားတာလား"

"ဘယ်လိုလဲကြည့်ကောင်းလား"

"ပါပါးက မိတ်ကပ်မပါလည်း ကြည့်ကောင်းပါတယ်"

ထိုအခါ ဟာအိုမှသဘောကျပြီး ချန်ချန့်နှာခေါင်းလေးကိုညှစ်လိုက်တယ်။ မွေးထားရကျိုးနပ်လိုက်တာနော်~~~

"လူတတ်လေး"

"နှုတ်ခမ်းလည်းဆိုးထားသေးတာလား"

"အရမ်းသိသာနေလား!! ဟင်?"

"ဟင့်အင်း လှတယ် လှတယ် သားပါပါးအလှဆုံး"

ထိုအခါမှာတော့ ကျန်းဟာအိုမှာ သူ့ရဲ့ခုနှစ်နှစ်သားပေါက်စကိုချီပြီး ဧည့်ခန်းထဲဝှေ့ယမ်းတော့တာပေါ့။

"ပါပါး ဘာလို့အလှတွေပြင်နေတာလဲ အာ... ဆရာဟန်ဘင်းနဲ့တွေ့ရမှာမို့လား"

သားပါပါး ရှက်သွားတဲ့မျက်နှာကို သားမသိပဲဘယ်နေပါ့လဲ။ မျက်နှာကြီးနီပြီး ရေခဲသေတ္တာဘက်ကိုလျှောက်သွားပြီလေ ဟားဟား။

"အဟမ်း မြန်မြန်လုပ် မင်းဆရာ မနက်စာ စားဖို့စောင့်နေတော့မှာ"

ပြီးတော့ ငါလည်းအဖြေပေးရဦးမှာကွ...


𓆝 𓆟 𓆞 𓆝 𓆟

"ဟန်ဘင်း!"

"ဟာအို"

"ဆရာဟန်ဘင်း မင်္ဂလာနံနက်ခင်းပါခင်ဗျ"

ဟန်ဘင်းအိမ်ခန်းတံခါးကိုဖွင့်လိုက်တော့ သူ့ကိုတက်ကြွစွာနှုတ်ဆက်လာတဲ့ သားအဖကိုတွေ့လိုက်ရတာပေါ့။

"ဟန်ဘင်းမနေ့ကပြောတဲ့ကိစ္စ..."

"ဟျောင်း ဧည့်သည်တွေရောက်နေတာလား"

ဟာအိုစိတ်လှုပ်ရှားစွာနဲ့ ဟန်ဘင်းကိုမြင်မြင်ချင်း 'မနေ့ညကပြောတဲ့ကိစ္စ... 'အင်း... ကျွန်တော်တို့တွဲကြည့်ကြတာပေါ့ ကျွန်တော့်ဘက်ကလည်း သဘောတူပါတယ်" ဆိုပြီး ပျော်ရွှင်စွာပြောမလို့ရှိသေး ဟန်ဘင်းဧည့်ခန်းထဲမှ လူစိမ်းအသံကိုကြားလိုက်ရတယ်။

"အာ ဒါကျွန်တော့်ဇာတိကသူငယ်ချင်းပါ ချုံးနမ်းကနေ ညကားစီးလာလို့ မနက်အစောကြီးထဲက ဒီရောက်နေတာ ကင်ထယ်ရယ်တဲ့"

"တွေ့ရတာဝမ်းသာပါတယ် ကင်ထယ်ရယ်ပါ"

ထယ်ရယ် ဟာအို့ကိုနှုတ်ဆက်လိုက်ရင်း ဘေးနားရှိ ကလေးသေးသေးလေးရဲ့ပါးကို လှမ်းဆွဲလိုက်တယ်။

"အာအီဂူး မင်းကချစ်စရာလေးပဲ နာမည်ဘယ်လိုခေါ်လဲ"

မဖြစ်ဘူး! ဒါဆရာဟန်ဘင်းရည်းစားများလား! ဆရာက ရည်းစားမရှိဘူးဆို! ဒီလူက သားပါပါးနေရာကို အဟန့်အတားဖြစ်စေမှာလား သားရဲ့ရေခဲမုန့်နှစ်ခွက်အိမ်မက်ကို ဖျက်ဆီးမဲ့ မကောင်းဆိုးဝါးကြီးလား အားးး ကလေးတစ်ယောက်အတွက် ရေခဲမုန့်စားရကိန်းကို တားဆီးမည့်လူမှန်သမျှဟာ သူ့အတွက်တော့မကောင်းဆိုးဝါးပင်။ ဒီမကောင်းဆိုးဝါးကြီးမှာ အရမ်းလှတဲ့ပါးချိုင့်လေးတွေပါနေတာလေ !!! ပြုံးလိုက်ရင်အရမ်းလှတာပဲ မဖြစ်ဘူးနော် သားရဲ့ အိပ်မက်တွေကို မဖျက်ဆီးလိုက်ပါနဲ့ !!!

"ဆရာဒါ ဆရာ့ရည်းစားလား!!!!"

ထိုအခါ လူကြီးသုံးယောက်ရဲ့မျက်လုံးတွေက ချန်ချန်ဆီရောက်လာတာပေါ့။

"ဟားဟားဟား ဟန်ဘင်း မင်းတပည့်လား?" ထယ်ရယ်မှာ ချန်ချန့်ပါးကိုဆွဲရာကနေလွတ်၍ ချီလိုက်ပြီး "ဒီမှာသူငယ်ချင်းလေး စိတ်မကောင်းစွာပဲ ဦးဦးက မင်းဆရာရဲ့ရည်းစားမဟုတ်ဘူး တကယ့်သူငယ်ချင်းပါ မင်းဆရာလိုပုံစံမျိုးကိုလည်း ဦးဦးမကြိုက်ဘူး"

"ထယ်ရယ် ငါလည်းမင်းလိုပုံစံမျိုးကို မကြိုက်ပါဘူးနော်"

ထိုအခါမှ ဟန်ဝေ့ချန်သက်ပြင်းချနိုင်တော့တယ် ဒီဦးဦးက ပါးချိုင့်နဲ့နတ်သားလေးပဲ မကောင်းဆိုးဝါးကြီးမဟုတ်တော့ဘူး။

"သားနာမည်က ဟန်ယူဂျင်းပါခင်ဗျ။ တရုတ်နာမည်က ဟန်ဝေ့ချန် ပါပါးကသားကိုချန်ချန်လို့ခေါ်ပါတယ် ဦးဦး"


𓆝 𓆟 𓆞 𓆝 𓆟

ထယ်ရယ်နဲ့စကားပြောတာ ၁၅မိနစ်တောင်မပြည့်သေးပေမဲ့ အတော်လေး အင်နာဂျီကိုက်တယ်လို့ဟာအိုခံစားမိတယ်။ ထယ်ရယ်ကစကားပြောသွက်ပြီး အကုန်ပေါ့ပေါ့ပါးပါးနဲ့ စကားခေါင်းစဉ်တွေပြောင်းလဲသွားတာများ introvert ဖြစ်တဲ့သူ့အတွက်တောင် ဝန်ထုတ်ဝန်ပိုးမဖြစ်ပဲ စကားဝိုင်းထဲပါလာတယ်လေ။ မနေ့က ရှက်ကိုးရှက်ကန်းနိုင်တဲ့ မနက်စာစားဝိုင်းလေထုက ဒီနေ့ကင်ထယ်ရယ်ရောက်လာတော့ ပေါ့ပေါ့ပါးပါးဖြစ်လာခဲ့ပါတယ်။

"အာ ဟာအိုအခုအထိ mate မရှိသေးဘူးလား?!"

ကင်ထယ်ရယ်မှာ အလန့်တကြား ကျန်းဟာအိုမျက်နှာကြည့်ပြီး ဂုတ်နားက gland ကိုပါ တစ်ချက်ကြည့်လိုက်တယ်။

"ဟာအိုကလည်း မျက်နှာလှလှလေးကိုအလဟသက်ဖြစ်အောင်မလုပ်နဲ့လေ mate မြန်မြန်ရှာတော့ Omega တွေဆိုတာ Mate ဆီကရတဲ့ Pheromone မရှိရင် အသက်ကြီးလာတာနဲ့အမျှ ကျန်းမာရေးအတွက်မကောင်းဘူး... စိတ်ကျရောဂါတွေဖြစ်နိုင်တယ်တဲ့ ဟာအိုလည်း ဟန်ဘင်းလိုမလုပ်နဲ့နော်"

"ဟင် ဟန်ဘင်းကဘာဖြစ်လို့လဲ"

"ဟန်ဘင်းလိုဇီဇာမကြောင်နဲ့လို့ ပြောချင်တာ... သူ့ကအိမ်ရော ကျွန်တော်တို့သူငယ်ချင်းတွေကပါ သူ့ကို mate ရှာခိုင်းနေတာ ဒါပေမဲ့ ဒီဟျောင်းက သူ့အချစ်ဦးကိုမေ့မရဘူးလေ အခုအထိ လက်တွဲဖော်မရှိသေးတာပဲကြည့်"

ရုတ်တရက်ကြီး နေ့လယ်ပိုင်းဒရမ်မာကားတွေထဲက ဇာတ်ဝင်တေးကြီး ကျန်းဟာအိုအာရုံထဲဝင်လာခဲ့ပြီး ထမင်းပန်ကန်းလုံးပေါ်သို့ လက်ထဲကိုင်ထားတဲ့တူနှစ်ချောင်း ပြုတ်ကျသွားတော့တာပဲ။ အချစ်ဦးတဲ့လား~~~

"အား ဟျောင်း ဘာလို့ကန်တာလဲ ကျွန်တော်ပြောတာမှားလို့လား ဟျောင်းအချစ်ဦးလေ မူကြိုတုန်းက!!"

"ဟာအိုအဆင်ပြေရဲ့လား တူအသစ်ပေးမယ်ခဏ"

ဟန်ဘင်းမှာ ထမင်းပန်းကန်ပေါ်ကနေလှိမ့်ပြီး ကြမ်းပြင်ပေါ်ကျသွားတဲ့ တူနှစ်ချောင်းကိုကောက်လိုက်ပြီး ဟာအိုကိုမေးလာ၏။

"အဟားဟား အဟား ဟား ပြေပါတယ် ပြေပါတယ် မပြေစရာအကြောင်းမှမရှိတာ တူမပေးနဲ့တော့ဟန်ဘင်း ကျွန်တော်ဗိုက်ဝသွားပြီ"

"ဟင် ဘာမှလဲမစားရသေးတာကို"

"ဟားဟား ကျွန်တော်ကဒီလိုပဲအစားနည်းတာ"

မဖြစ်နိုင်နေတာ မနေ့ကဟာအိုအများကြီးစားသွားတာကို...

"အဟမ်း ချန်ချန် ပါပါးဒီနေ့မလိုက်ပို့တော့ဘူး ဆရာဟန်ဘင်းနဲ့ပဲသွားလိုက်တော့"

ကျန်းဟာအိုမှာ စားပွဲကနေထပြီး ဆံပင်သပ်တင်လိုက်တယ်။ သူဒီနေ့သေချာဆံပင်ကို ပုံသွင်းလာတာ။ နောက်ပြီး ထယ်ရယ်က ဒီနေ့ချန်ချန်အတူတူ ဂိမ်းဆော့ပေးမယ်လို့ ခုနကတင် ကတိပေးတာကို ဟာအိုကြားလိုက်တာကြောင့် ထယ်ရယ်ကို

"ထယ်ရယ် ညနေချန်ချန်ကိုကြည့်ပေးထားပါဦးနော် ဟျောင်းဒီနေ့ ညစာစားပွဲရှိလို့"

ထိုသို့ပြောပြီး ဟန်ဘင်းကိုနှုတ်မဆက်ပဲ ထထွက်သွားတော့တယ်။ ချန်ချန်ကတော့ ခေါင်းတခါခါနဲ့ ကိုယ့်နှဖူးကိုယ် ပြန်ရိုက်မိပါတယ်လေ။ ထယ်ရယ်ဦးဦးက ဂိမ်းအတူတူဆော့ပေးမယ်ပြောတာကြောင့် ခွင့်လွှတ်လိုက်ပေမဲ့ ဂိမ်းဆော့ပေးမယ်လို့သာ မပြောခဲ့ရင် သူ့သွားသေးသေးလေးတွေနဲ့ ကိုက်မိမှာပါ။

ဦးဦးရယ် သားပါပါးသဝန်တိုသွားပြီထင်တယ်ဗျာ စိတ်ကောက်သွားပြီဗျ!!

"ဟာအို ဟာအို"

ဟန်ဘင်းဟာအိုအနောက်လိုက်သွားတော့ ကျန်းဟာအိုတစ်ယောက် ဖိနပ်တောင်စီးနေပြီ။

"ဟာအိုမနက်က တစ်ခုခုပြောစရာရှိတာမဟုတ်ဘူးလား"

"ဪ ဟုတ်လား ကျွန်တော်မေ့သွားပြီ သွားလိုက်ဦးမယ် နော် ဟန်ဘင်း ကျွန်တော်ဒီည နောက်ကျမှာမို့ ချန်ချန်ကိုအကူအညီတောင်းပါတယ်"

မနက်ကလေးတင် ပြုံးနေသေးတာကို... အခုလည်းပြုံးနေပေမဲ့ ဒီ omega လေးရဲ့အပြုံးမှာ လူသတ်ချင်စိတ်တွေ ဘာကြောင့်ပါနေတာပါလိမ့်နော်။ မူကြိုကအချစ်ဦးဆိုတာကို တကယ်ယုံသွားပြီး စိတ်ဆိုးသွားတာ...ayyy မဟုတ်လောက်ပါဘူး

"ဟုတ်ပါတယ်ဆရာ ပါပါး စိတ်ကောက်သွားတာပါ"

"ဟမ်? ဟာအိုဟျောင်းကဘာလို့ စိတ်ကောက်သွားတာလဲ"

"ဦးဦးက ဆရာဟန်ဘင်းရဲ့ အချစ်ဦးအကြောင်းပြောလိုက်တာကို"

"အဲ့တာဘာမှားလို့လဲ"

ဟန်ဘင်းခါးထောက်ရင်း သက်ပြင်းတစ်ချက်လိုက်သည်။

"ဘာမှားလဲဆိုတော့ ငါကမနေ့ညကဟာအို့ကို date ကြမလားလို့ ဖွင့်ပြောလိုက်တယ်"

"ဆရာက သားပါပါးကို DATE ဖို့ပြောလိုက်တာလား!!!!"

တီတီတို့ရေ သားထက်တော်တဲ့မြှားနတ်မောင် ဒီကမ္ဘာမှာမရှိလောက်ဘူးဗျ!!!


𓆝 𓆟 𓆞 𓆝 𓆟

"ဗိုက်စာတယ် ဗိုက်စာတယ်"

"မနက်စာမစားခဲ့ဘူးလား ဟာအိုရဲ့"

ဟုတ်တာပေါ့အမရယ် စိတ်ကောက်ပြီးဗိုက်ပြည့်ချင်ယောင်ဆောင်ခဲ့တာလေ...

"ဟုတ်"

"ဘာလဲ ညနေညစာစားပွဲအတွက် ပိုစားနိုင်အောင် အစာခံနေတာလားမင်းက"

"ဟာ အမကလည်း"

အစာခံနေတာမဟုတ်ဘူး အချစ်ဦးဆိုတဲ့တစ်ယောက်ကြောင့် ရင်ခံနေတာပါနော် ရင်ခံနေတာလို့!

"အမ ယောကျာ်းတွေရဲ့အချစ်ဦးပုံစံကဘယ်လိုဖြစ်မလဲနော်"

ထိုအခါသူတို့နှစ်ယောက်စကားဝိုင်းကိုနားစွင့်နေတဲ့ alpha တစ်ယောက်ကပါ ဝင်ပြောတော့တာပဲ။

" နူးနူးညံ့ညံ့လေး သိမ်သိမ်မွေ့မွေ့လေး ဆံပင်ရှည်ရှည်လေး"

ထို Alpha ရဲ့စကားကို ဘေးနားကနားစွင့်နေတဲ့ အမကခေါင်းငြိမ့်လာတော့ ဟာအိုသူ့ဆံပင်သူပြန်ကြည့်မိသွားတယ်... ကျစ် တိုလွန်းနေတာမဟုတ်ဘူးလား။ အဲ့ဒီလိုနဲ့ မနက်ကနေညနေအထိ အလုပ်မှာကျန်းဟာအိုတစ်ယောက် မှန်ကြည့်ရင်း သူ့ဆံပင်မွှေးတွေကို မြန်မြန်ရှည်လာအောင် ဆွဲချနေတော့တာပဲ။


𓆝 𓆟 𓆞 𓆝 𓆟

"အေ့ အမကျွန်တော်မူးနေပြီ အိမ်ကိုဖုန်းဆက်ပေးပါ"

"မင်းကိုလာခေါ်မဲ့လူရှိလို့လား?"

"ဖုန်းထဲက Dear future husband ဆိုတဲ့နံပါတ်ကို အဲ့နံပါတ်ကိုဆက်ပေးပါနော် ပြီးရင် ကျွန်တော်မူးနေလို့လာခေါ်ဖို့ပြောပေး"

"အေးပါအေးပါ ပြောပေးလို့တော့ရပါတယ် ဒါနဲ့ငါ့မောင် မင်းသောက်လိုက်တာ ဆိုဒါကြီး အရက်မဟုတ်ဘူး"

"ဗျာ! အရက်မဟုတ်ဘူးလား"

ကျန်းဟာအိုမှာ စားပွဲပေါ်လှဲနေရာက ခေါင်းထောင်လာပြီး ခုနသူမော့လိုက်သည့် အအေးခွက်ကိုကြည့်လိုက်တယ်။ ကျစ် တကယ်အအေးခွက်ကြီးဖြစ်နေတာပဲ အဲ့တာကြောင့် အရသာရှိနေပါတယ်လို့!

"ဘယ်ဟာက အရက်ခွက်လဲဟင်?"

"ရော့ ဒါ"

ကျန်းဟာအို ခွက်ကိုကိုင်ပြီး မော့ချလိုက်တယ်။ ထွီ!! ခါးလိုက်တာ... ဒါကသူ့ရဲ့ပထမဆုံး အရက်အပေါ်တုန့်ပြန်မှုပါ။ ဒါပေမဲ့ အရက်ကဆန်းကြယ်ပါတယ် ခါးတယ် ထပ်သောက်ချင်တယ် ထပ်သောက်ကြည့်တယ် ခါးတာနည်းနည်းလျော့သွားတယ် ထပ်သောက်တယ် ခါးတာနည်းနည်းလျော့သွားပြန်တယ် ဒီလိုနဲ့နောက်ဆုံးမှုတော့ အဝင်ချိုလာပါတယ်လေ။ အခုဆို ကျန်းဟာအိုမျက်နှာလည်း အရက်အရှိန်ကြောင့် ခရမ်းချဉ်သီးလို နီရဲလာပြီပေါ့။ ဒီတစ်ခေါက်တော့သူ ဟန်ဆောင်တာမဟုတ်ပဲ တကယ့်အရက်သမားတစ်ယောက်လို့ ကြို့ထိုးလိုက်တော့တယ်။

"အေ့"

"အရက်သမားလေး ဘာလို့ဒီလောက်တောင်သောက်ထားတာလဲပြော"

ဟာအိုနည်းနည်းသတိပြန်ဝင်လာတဲ့အခါ သူကလူတစ်ယောက်ကျောပေါ်မှာ... နှာခေါင်းထဲဝင်လာတဲ့ပူရှိန်းရနံ့လေးကြောင့် ဒီလူကဟန်ဘင်းဆိုတာကို သူသိလိုက်ပါပြီ။

"ဟန်ပင်း ဟန်ပင်းလား"

"Umm ကိုယ်"

"လူဆိုး!!!"

"ဟင် ဘာလို့လဲ"

ဟန်ဘင်းမှာကုန်းပိုးထားရင်း အောက်သို့လျောကျနေတဲ့ ဟာအို့ကိုယ်လုံးလေးကို အပေါ်သို့မြောက်စေ၍ နေရာတကျဖြစ်စေပြီး မေးလိုက်သည်။

" မင်းမှာ အချစ်ဦးလည်းရှိတယ် ငါနဲ့လည်း date လုပ်ချင်တယ် လူဆိုးပေါ့အဲ့တာ"

ကျန်းဟာအို ပြောရင်းစိတ်တိုလာတာကြောင့် အားနေတဲ့သူ့လက်တစ်ဖက်နဲ့ ဟန်ဘင်းမေးစေ့ကို သူ့ဘက်ဆွဲလှည့်လိုက်တယ်။

"အီး ဟီး လူဆိုးပေမဲ့ ဘာလို့တအားချောနေရတာလဲ!! ငါ့မှာတော့ ရင်ခုန်ဖူးတာဆိုလို့ မင်းပဲရှိတာလေကွာ!!! မမျှတလိုက်တဲ့လောကကြီး! လောကကြီးက ကျန်းဟာအိုကိုမချစ်ဘူး! ဆောင်းဟန်ဘင်းကလည်း ကျန်းဟာအိုမချစ်ဘူး!"

ကျန်းဟာအိုရဲ့အော်ငိုသံကတော်တော်ကျယ်ပါတယ်။ လမ်းမပေါ်ကလူတွေ လှည့်ကြည့်သွားကြပေမဲ့ ဟန်ဘင်းကတော့စိတ်မခုဘူး သူကဟာအိုကို လုပ်ချင်သလိုလုပ်ခွင့်ပေးထားတာဗျာ၊ မျက်နှာကလည်း အပြုံးမပျက်။

"အင်း ဆောင်းဟန်ဘင်း ဒီလူ လူဆိုးပဲ"

"ဘယ်ကောင်လဲကွ ဆောင်းဟန်ဘင်းကိုလူဆိုးလို့ပြောတာ ထွက်ခဲ့!"

"ဟား ဟား"

ထိုညခင်းဟန်ဘင်းရဲ့ရယ်သံတွေက နွေညရဲ့လေညှင်းကြောင့် လှုပ်ခက်သွားတဲ့ သစ်ရွက်လေးများ၏ ပွတ်တိုက်သံများထက်တောင် ငြင်သာပါသေးတယ်။

အမှန်တော့ သူတို့နှစ်ယောက် တက္ကဆီငှါးလာတာပါ။ ဒါပေမဲ့ဟန်ဘင်းက ကားဆရာကိုသူတို့ရပ်ကွက်ထိပ်မှာပဲ ချခိုင်းလိုက်တယ်။ ဟာအိုကိုယ်လုံးလေးကို ကျောပိုးပြီး ရပ်ကွက်တစ်ပတ် လမ်းလျှောက်ချင်တာလားဆိုတာကတော့ ဆောင်းဟန်ဘင်းပဲပိုသိမှာပေါ့။ ဒီလိုနဲ့ ကျောပိုးလာရင်း တိုက်အောက်က ကစားကွင်းနားရောက်တော့ ဟာအိုကိုထိုင်ခုံပေါ် ဖြည်းဖြည်းချင်းချပေးခဲ့တယ်။

"ဆောင်းဟန်ဘင်းကို လူဆိုးလို့ပြောတာ ဆောင်းဟန်ဘင်းပါပဲဗျာ"

"ဟင် ဟန်ဘင်း"

အခုအနေအထားက ကျောပိုးနေတာမဟုတ်ပဲ မျက်နှာချင်းဆိုင်နေတာဖြစ်တာကြောင့် ဟာအိုဟန်ဘင်းမျက်နှာကို ပြန်မြင်နိုင်ပါပြီ။

"ဟန်ဘင်း~ အချစ်ဦးကိုမချစ်ပါနဲ့ ငါ့ကိုချစ်ပါ...နော်၊ ငါကိုချစ်ရင် မင်း... ငါ့လိုချစ်စရာကောင်းတဲ့ ကလေးလေးတစ်ယောက်ပါ အလကားရဦးမှာ ချန်ချန်လေ... ဘယ်လောက်မိုက်လဲ buy one get one ဟီးဟီး"

"ဟင့်အင်းမရဘူး ကိုယ့်မှာချစ်တဲ့သူရှိတယ်"

"ဟင်!!!!! မဖြစ်ဘူး မဖြစ်ဘူးနော်"

ဟန်ဘင်းစကားကြောင့် ခုံမှာထိုင်နေတဲ့ဟာအိုတစ်ယောက်ငိုရင်း သူ့ရှေ့မှာဒူးထောက်ထိုင်နေတဲ့ ဟန်ဘင်းလည်ပင်းတွေကို သိုင်းဖက်လာခဲ့တယ်။

"ဘဝမှာ ပထမဆုံးအကြိမ် ချစ်ကြည့်မလို့ပါဆို! ဟန်ဘင်းတခြားလူကို သွားချစ်လို့မရဘူးနော် လုံးဝမရဘူး! အဲ့လူ ဘယ်သူလဲ ဘယ်သူလဲပြော"

လည်ပင်းနား ခွေးပေါက်လေးတစ်ကောင်လို ကပ်ချွဲနေတဲ့ဟာအိုကို ဟန်ဘင်းပြန်လည်ပွေ့ချိီလိုက်တယ်။ ဒီတစ်ခေါက်တော့ကုန်းပိုးတာမဟုတ်ပဲ ပွေ့ချီတာပါ။ နည်းနည်းဆက်သွားရင် သူတို့တိုက်အောက်ကိုရောက်ပြီလေ။

"အမူးသမားလေး ကျန်းဟာအိုတဲ့"

"အမူးသမား ကျန်းဟာအို?"

"အင်း"

"နာမည်ချင်းတူနေတာပဲ... ဘာလို့များ ဒီကငါ့လိုမျိုး ချောချောလှလှလေးကျန်းဟာအိုကို မရွေးတာလဲနော်ဟန်ဘင်းနား"

ထိုအခါဟန်ဘင်းသိလိုက်ရတာက ဟာအိုက တကယ်တော်တော်လေးကို မူးနေပြီဆိုတာကိုပါပဲ။

"ဟား ဟား ချစ်ဖို့ကောင်းလွန်းလို့ မြိုချလိုက်ချင်ပြီ ကျန်းဟာအို"

ဒါပေမဲ့ ကျန်းဟာအိုကတော့ သူ့ကိုဝါးစားချင်နေတဲ့ ဟန်ဘင်းအကြည့်တွေကိုနားမလည်ပါဘူး သူကမူးနေတာကို။ လမ်းတစ်လျှောက် ဟန်ဘင်းလည်ပင်းကိုဖက်ပြီး သီချင်းတွေအော်ဆိုလာတယ်လေ။

🎶 ဝေးဝေးသွားလို့မရအောင်အချစ်ရယ် ဖက်ထားချင်တယ်🎶

"ဟန်ဘင်းမင်းကိုငါ အချစ်ဦးဆီပြန်မသွားနိုင်အောင် ဖက်ထားရမယ် လုံးဝအလွတ်ပေးမှာမဟုတ်ဘူးနော် ဟင်းဟင်း"

"ဟားဟားဟား အမူးပြေရင်လည်း မင်းကို ဒီစကားတွေမှတ်မိစေချင်တယ် ဟာအို"

အဲ့အခါကျလည်း ကိုယ့်ကိုဖက်ထားပေးမလား huh... ကျန်းဟာအို


𓆝 𓆟 𓆞 𓆝 𓆟

March 31, 2023



You are reading the story above: TeenFic.Net