🐰•10

Background color
Font
Font size
Line height

အခုတလော ပါပါးပြောင်းလဲနေတာတွေ သားမသိပဲဘယ်နေပါ့မလဲ တီတီတို့ရယ်။ မနက်မနက် ဆရာဟန်ဘင်းဆီ မနက်စာသွားစားမယ်ဆိုရင် နှုတ်ခမ်းနီလေးဆိုးရတာနဲ့၊ မှန်ရှေ့အခေါက် ၆၀ ဖြတ်လျှောက်ရတာနဲ့၊ အစကတော့ သားလည်းပါပါး ဒီလောက်အထိ သဘောကျမယ်မထင်ခဲ့ဘူး။ ဒါပေမဲ့ အခုသားသိလိုက်ပါပြီ ပါပါး ချစ်တဲ့လူတစ်ယောက်ရှာတွေ့သွားပြီဆိုတာကိုပေါ့။ အဲ့တော့ သားလည်း သားသမီးဝတ္တရားကျေပွန်အောင် လုပ်စရာရှိတာ လုပ်ပေးရမှာပဲ။

"ဦးဦးထယ်ရယ်နဲ့ပဲ ဆော့ချင်တာသားက။ ပါပါးက ဒီလိုကစားစရာတွေ စီးရင် တအားအော်တာ သားနားအူတယ်၊ ဆရာပဲ ပါပါးနောက်လိုက်ပေးပါ၊ သားက ဦးဦးနဲ့ဆော့မှာ"

ပြောရင်း ဆရာဖြစ်သူကိုအရိုအသေပေးပြီး သားကောင်းရတနာလေးဟာ ထယ်ရယ်လက်ကိုဆွဲလို့ ကစားဖို့ထွက်သွားပြီ။ ကစားကွင်းရှေ့ ကျန်ခဲ့တာ ဆောင်းဟန်ဘင်းနဲ့ကျန်းဟောင့်။

"ဟာအို ဘာလုပ်ချင်လဲ?"

ပထမဆုံး ဒိတ်ဖြစ်တာကြောင့် ရင်ခုန်မိတာ အကြိမ်ကြိမ်။ ကလေးမရှိတော့တော့ ဟာအိုတစ်ယောက် လူပျိုလေးပြန်ဖြစ်သွားသလိုပဲ။ ဟင် နေပါဦး ငါ လူပျိူလေးပဲဟာကို!

"ဟို...ဟာလုပ်..."

ကစားစရာနဲ့ လက်ဆောင်ပစ္စည်းဆိုင်က ဘီးကုတ်လေးတွေကို ညွှန်ပြလိုက်တော့ ဟန်ဘင်းကရယ်လို့။ ဒီအမျိုးသားက ရယ်ရင် အရမ်းကြည့်ကောင်းတာပဲ...အနီးကပ်မမြင်ရတဲ့ လူတွေတော့ သနားစရာ ။ ဒီလိုယောကျာ်းနဲ့ ချိန်းတွေ့နေရတဲ့ကျွန်တော်က ဘုရားသခင် သားတော်လေးပြန်ဖြစ်သွားတာပဲနေမှာ...ဟင်းဟင်း

"ဟန်ဘင်းက ယုန်လေးတပ်ကြည့်"

ကျန်းဟာအိုတစ်ယောက် ခြေဖျားလေးထောက်ပြီး ဟန်ဘင်းခေါင်းပေါ် ယုန်နားရွက်ဘီးကုတ်လေး စွပ်ပေးလိုက်တယ်။ ခြေမခိုင်သူတစ်ယောက်ဖြစ်တာကြောင့် ခြေမခိုင်ကဒ်ကိုထုတ်သုံးပြီး ရင်ခွင်ထဲပြုတ်ကျဖို့လည်း သူမမေ့။

"အမယ်လေး..."

ဟန်ဘင်းက သူ့ခါးလေးကို ပြန်ဖက်ပြီးထိန်းပေးလိုက်တော့ ရင်ဘက်ထဲခေါင်းဝှက်ပြီး ရယ်ချင်စိတ်ကိုထိန်းရသေးတာ။ အခုပြုတ်ကျတာတော့ ကျွန်တော်ပေါ့ နောက်ကျ ကျွန်တော့်ဆီ deeply falling in love ဖြစ်လာမှာ ဆောင်းဟန်ဘင်း ဟိဟိ

မူယာမာယာများတဲ့ Omega လေးတွေ ဒီလောက်ချစ်ဖို့ကောင်းမှန်း ဆောင်းဟန်ဘင်းမသိခဲ့ဘူး။ ဘေးနားမှာ ချန်ချန်မရှိပဲ ကျန်းဟာအိုနဲ့အခုလိုနေဖူးတာ ပထမဆုံးပဲ ဟာအိုမူးတုန်းကအချိန်ကို ထည့်မတွက်ရင်ပေါ့။ အခုကနှစ်ယောက်လုံး တရားဝင်တွဲနေတယ်တဲ့ခေါင်းစဉ်အောက်မှာ...ဒီလိုပထမဆုံး ဒိတ်လေးကို ရင်မခုန်တဲ့လူ ဘယ်ရှိပါ့မလဲ။ ဖြစ်နိုင်ရင် ဟာအိုတစ်ကိုယ်လုံးကို ဖက်ထားပြီး ဒီလူကသူ့လူဆိုတာကို လူတိုင်းသိအောင် ကိုယ်ပေါ် pheromones အနံ့တွေချန်ထားလိုက်ချင်တာ။

"ဒါဆို ဟာအို့အတွက် ကျွန်တော်ရွေးပေးမယ်"

ဆောင်းဟန်ဘင်းဖက်ထားတဲ့ ကိုယ်လုံးလေးကိုမလွတ်သေးပဲ ဘီးကုတ်ထားတဲ့ စင်ဘက်သို့ ဟာအိုကိုယ်လုံးလေးကို ပြန်လှည့်လိုက်ပေးလိုက်တယ်။

"ဒါလေးနဲ့လိုက်တယ်"

"ဟင် ငရဲသားဂျိုလေးလား မလှပါဘူး"

မလှတဲ့ဟာကြီး သူဘာလို့တပ်ရမှာလဲ။ သူကတော့ ဟန်ဘင်းကို လှလှလေးရွေးပေးထားတာကို ဟန်ဘင်းကတော့ သူ့ကိုမလှမပကြီးပြန်ရွေးပေးတယ်။ ဒီလူ့အချစ်က ဒီလောက်ပဲလား!!

"လိုက်ပါတယ် ဉာဏ်များတတ်တဲ့ ဟာအိုနဲ့ဆို တွက်တိပဲ"

"ဘယ်လိုကြီး!"

─── ⋆⋅☆⋅⋆ ──

"ဦး ဦး သားတို့ ဒါစီးမယ်နော် ရိုလာကိုစတာ!"

ယူဂျင်းနဲ့ လက်မှတ်တန်းစီနေတုန်းမှာ ဟန်ဘင်းဆီမှ ဖုန်းဝင်လာခဲ့တယ်။

"ဟယ်လိုဟျောင်း ဘယ်လိုလဲအခြေအနေ ဟဲဟဲ"

"ထယ်ရယ် ဟာအိုစိတ်ဆိုးပြီးထွက်သွားလို့..."

ဘေးနား ဖုန်းခိုးနားထောင်နေတဲ့ ဟန်ယူဂျင်း ကိုယ့်နဖူးကိုယ် လက်ဝါးနဲ့ရိုက်မိလိုက်တာပါပဲ။ ပါပါး! ပါပါးက အားနေစိတ်ကောက်မယ်ဆိုတာကြီးပဲဗျာ~ ဆရာဟန်ဘင်းစိတ်ကုန်သွားမှာ မကြောက်ဘူးလား မသိဘူး... အခုမှရည်းစားလေးထားဖူးတာကို စိတ်က စပြီးကောက်နေပြီ!

ဖြစ်ကြောင်းကုန်စင် နားထောင်ပြီးတော့ ထယ်ရယ်နဲ့ ချန်ချန်အတူတူ သက်ပြင်းချမိလိုက်ပါတယ်။

"ဦးဦးထယ်ရယ် သားတောင်းပန်ပါတယ် သားပါပါးက စိတ်ကောက်တတ်လွန်းတာ"

"မဟုတ်တာ မဟုတ်တာ ဦးဦးဘက်ကတောင်းပန်ရမှာပါ ဦးသူငယ်ချင်းက ရည်းစားမထားဖူးလို့ အလိုက်မသိဖြစ်သွားတာပါ"

ထားလိုက်ပါတော့... နှစ်ယောက်လုံးအပြစ်ပဲ...

"ယူဂျင်း မင်းပါပါးစိတ်ကောက်ရင်ဘယ်လိုချော့ရလဲဟင်"

ထိုအခါ ထယ်ရယ်လက်ပေါ်က ၇နှစ်သားပေါက်စဟာ လက်ပေါ်မေးတင်ပြီး စတင်စဉ်းစားပါတော့တယ်။

"ဆိုင်ထဲမှာ ပန်းရောင်ဖဲပြားအကြီးကြီးနဲ့ ဘီးကုတ်ရှိလားဆရာ"

"အင်း"

"အဲ့တာယူသွားပေးလိုက်ပါ။ နောက်ပြီး... သားကပဲတောင်းပန်ပါတယ်နော် ပါပါးကိုလှတာလေးတွေပဲဆင်ပေးလို့မရဘူးလားဟင်... ပါပါးကလှတာလေးတွေပဲကြိုက်တာ မဟုတ်ရင် အခုလိုထပ်စိတ်ကောက်လိမ့်မယ်"

ဘေးနားက ထယ်ရယ်မှာတော့ ခေါင်းတငြိမ့်ငြိမ့်နဲ့ ယူဂျင်းပြောတာတွေကို ထောက်ခံနေလေရဲ့။ အလှမကြိုက်တဲ့ Omega ဘယ်ရှိမှာလဲ ဟန်ဘင်းဟျောင်း တုံးချက်။

"ပြီးတော့... သားကတော့ ပါပါးစိတ်ကောက်ရင် အာဘွားသေးသေးလေးတွေ အများကြီးပေးတာ~ အဲ့အခါကျရင် ပါပါးကရယ်ပြီးစိတ်ဆိုးပြေတယ်ခင်ဗျ ဆရာလည်းလုပ်ကြည့်ပေါ့"

အသက်ငယ်စကား သက်ကြီးကြားလို့ ထယ်ရယ်ကတော့ ရယ်လေပြီ။

"ဟျောင်း ဒါလေးမဆိုးဘူး စမ်းကြည့် စမ်းကြည့် ဟား ဟား ကျွန်တော်တို့ဖုန်းချတော့မယ်"

တန်းစီနေသည့် လက်မှတ်နီးလာပြီမို့ နှစ်ယောက်သားနှုတ်ဆက်လို့ ဖုန်းချလိုက်တယ်။

"ရေး!! စီးရတော့မယ် ဆရာဟန်ဘင်း ပါပါးကိုနမ်းလို့ သားစိတ်မဆိုးပါဘူးဗျာ!! တာ့တာနော်!!"

တီ~တီ~တီ

ထိုနောက်တော့ ဆောင်းဟန်ဘင်းလည်း ဖဲပြားဘီးကုတ်ကိုငွေအမြန်ရှင်းပြီး ကျန်းဟောင့်နောက်လိုက်ရတော့တာပေါ့။

─── ⋆⋅☆⋅⋆ ──

ဟန်ဘင်းများ... စိတ်ဆိုးပြီးထွက်လာတာတောင် နောက်ကနေ လိုက်မချော့ဘူးကြည့်။ ငါကပဲ မဟုတ်တာလေးနဲ့ စိတ်ဆိုးမိသွားတာများလား... တကယ်လည်း ဟိုဘီးကုတ်ကြီးက ရုပ်စိုးတာကို...

ဟန်ဘင်း စေတနာနဲ့ရွေးပေးတာကို... စိတ်မကောင်းဖြစ်သွားပြီလား... အခုလို စိတ်မဆိုးသင့်ဘူးလား... မဖြစ်သေးဘူး...

ကျန်းဟာအိုဖုန်းထုတ်ပြီး စကားလုံးတချို့ရိုက်နိုပ်လိုက်တယ်။ 'Alpha တွေကို စိတ်ဆိုးသင့်လား'

Enigma တွေက ရှားပါးမျိုးစိတ်တွေမို့ ရိုက်ရှာကြည့်ရင် ဘာမှသိပ်ထွက်လာမှာမဟုတ်ဘူး...

အဖြေတွေကအမျိုးမျိုးပဲ အများစုက စိတ်ဆိုးလွယ်တဲ့ Omega တွေကို မကြိုက်ဘူးလို့ဖြေထားတာတွေ။ လိမ်လိမ်မာမာနဲ့ စကားနားထောင်တဲ့ပုံကို ကြိုက်ကြတာတဲ့။ ဒါပေမဲ့ ကျန်းဟာအိုက Omega ရှိတဲ့ မာနတစ်ယောက်။ ကိုယ့်အမြင်နဲ့ကိုယ်ပဲ သွား!စိတ်ဆိုးလို့ မကြိုက်လဲနေပေါ့ ချန်ချန့်ကိုကြည့်ရှုစောင့်ရှောက်ရင်း တသက်လုံး လူအိုကြီးလိုပဲနေသွားတော့မယ် ဟွန့်...

"ဟာအို..."

နောက်ကနေပြေးလိုက်လာတဲ့ ဟန်ဘင်းကိုမြင်တော့ သူပြောစရာရှိတာအကုန် အခုထဲကပြောထားရတော့မှာပဲ။

"ရပါတယ် ဟန်ဘင်း ကျွန်တော်စိတ်မဆိုးတတ်ပါဘူး စိတ်ဆိုးတာမဟုတ်ပါဘူး"

"ဟာအို ဘာတွေပြောနေတာလည်း?"

"ကျွန်တော်စိတ်မဆိုးတတ်ဘူးလို့!!!"

"အင်းပါ အင်းပါ ရော့ဒါလေးကမှ ဟာအို့အတွက်"

လက်ထဲရောက်လာတဲ့ ဘီးကုတ်ကိုမြင်ပြီး ကျန်းဟာအို ကြောင်သွားခဲ့သည်။ ပန်းရောင်လေး လှလိုက်တာ... ပန်းရောင်ဆိုတာ စိတ်ကြည်နူးစေတဲ့အရောင်လေ။

ဟန်ဘင်းကိုယ်တိုင် သူ့ခေါင်းပေါ်တပ်ပေးတာကို ငြိမ်ခံရင်း ခေါင်းထဲမှာတော့ အတွေးတွေအများကြီး ဖြတ်သန်းနေတာပေါ့။

"ချန်ချန်ကပြောတယ် ဟာအိုကလှတာလေးတွေကြိုက်တာတဲ့ ကိုယ်တောင်းပန်ပါတယ်နော် ခုနကဟာကြီးကမလှဘူးမဟုတ်လား ကိုယ့်မျက်လုံးထဲမှာတော့ ဟာအိုသာဝတ်လိုက်ရင် အကုန်လှနေမှာဆိုပြီး မခွဲတတ်ဘူးဖြစ်သွားတာ..."

ဘာလဲနော် ဒီစကားတွေ... တအားပြောတတ်နေတာမဟုတ်ဘူးလား...။

"စိတ်မဆိုးပါဘူးဆိုတာကို..."

"တကယ်လား အဲ့တာဆိုစိတ်မကောင်းစရာပဲ"

"ဟင်..ဘာလို့လဲ..."

"ယူဂျင်းကပြောလိုက်တယ် 'ပါပါးစိတ်ဆိုးရင် အများကြီးနမ်းပြီးချော့' တဲ့"

ဟန်ဘင်းလည်း ယူဂျင်းအသံကိုအတုခိုးပြီး ဟာအို့ကို ပြန်ပြောပြလိုက်တယ်။

"ကိုယ်မှ အဲ့လိုမချော့ရသေးတာကို..."

"အင်း.."

ကောင်းကင်ဘုံက ကျဲကျဲကို ကျေးဇူးတင်ပါတယ်နော်။ ဒီလိုအလိုက်သိပြီး ဉာဏ်ကောင်းတဲ့သားလေး ကျွန်တော်အတွက်ချန်ပေးတာတာကိုလေ။ ကျဲကျဲသား ကျေးဇူးနဲ့ ကျွန်တော်အခု အဟိဟိ... ဘယ်လိုပြောရမလဲတောင်မသိတော့ပါဘူး ကျဲကျဲရယ်။

"ဟန်ဘင်းက စိတ်ဆိုးစေချင်တာလား..."

"ဟာအို့သဘောပါ"

"နောက်ဟာအိုကစိတ်ခဏခဏဆိုးတယ်ဆိုပြီး ငြိုငြင်ရင်ရော"

နှုတ်ခမ်းလေးဆူပုတ်ပုတ်လုပ်နေတဲ့ Omega လေးကို ဘယ်သူကများငြိုငြင်ရက်မှာတဲ့လည်း။

"ဟာအိုကဒီလောက်လှတာ ဘယ်သူကငြိုငြင်ရက်မှာတဲ့လည်း"

"ဪ မလှတော့ရင်တော့ ငြိုငြင်နိုင်သေးတာပေါ့နော်"

"အယ် မဟုတ်ဘူးလေ"

"ထားလိုက်ပါတော့..."

ရပါတယ်တို့၊ ထားလိုက်ပါတော့တို့၊ ထိုစကားလုံးတွေက သမီးရည်းစားဆက်ဆံရေးမှာ မီးနီအဆင့်ရှိတဲ့ စကားလုံးတွေပေါ့။ ဥဩဆွဲ အချက်ပြသံများ ဆောင်းဟန်ဘင်း နားထဲဆူညံသွားလေပြီ။

"ဟာအို စိတ်ဆိုးသွားတာလား"

"အင်း"

အင်းလို့ပြောပြီး ကျန်းဟာအိုတစ်ယောက်နှုတ်ခမ်းကိုတင်းတင်းစေ့ရင်း ပါးတစ်ဖက်ဟန်ဘင်းဘက် ထိုးပေးလိုက်တယ်။ မြန်မြန်နမ်း ဟန်ဝေ့ချန် သင်ပေးလိုက်တယ်မဟုတ်လား...

*mwah mwah mwah*

ပါးပေါ်ကျရောက်လာတဲ့ သုံးချက်ဆင့်အနမ်းတွေကြောင့် ကျန်းဟာအိုမျက်နှာပြုံးစိစိနဲ့။

"အမြဲစိတ်ကောက်နေရင်တောင် မငြိုငြင်ဘူး သိလားဟာအို"

ဟန်ဘင်းက ကျန်းဟာအိုကိုချီပြီး တစ်ပတ်လှည့်လို့လေပေါ် မှာတောင် ဝှေ့ယမ်းလိုက်သေးတာ။ ရှေ့ဖြစ်ဟောဆရာမဟုတ်တဲ့ ကျောင်းဆရာဆောင်းဟန်ဘင်းတစ်ယောက် သူ့အနာဂတ်ကို သူ ကြိုမမြင်နိုင်တာ အမှားမဟုတ်ပါဘူး စိတ်အကောက်ခံရမှာတွေးပြီး ပျော်နေပေမဲ့ ဟန်ဘင်းကိုယ်စောင့်နတ်ကတော့ ရာထူးစွန့်ဖို့ နှုတ်ထွက်စာရေးနေလေပြီ။

─── ⋆⋅☆⋅⋆ ──
"အားးးး အားးးး အားးး"

ဟန်ယူဂျင်း နောင်တရလေပြီ။ သူ့ပါပါးအသံကျယ်လို့ ရိုလာကိုစတာ အတူတူမစီးချင်တာ။ အခု ဦးဦးထယ်ရယ်အသံက ပါပါးနဲ့ နင်လား ငါလား။

ပါပါးတို့ဆီပြန်ချင်တယ်! ပါပါးတို့ဆီပြန်ချင်တယ်!

ထိုအချိန် ဆောင်းဟန်ဘင်းနဲ့ ကျန်းဟာအိုကတော့ ကစားကွင်းအတွင်း လျှောက်လည်လို့ကောင်းတုန်း။

"ဟာအို ကိုယ်တို့ ဓာတ်ပုံရိုက်ရအောင်"

ဟန်ဘင်းမှ Photo Booth ကိုညွှန်ပြလာတဲ့အခါ ဟာအိုလည်းမငြင်းခဲ့။ အခန်းငယ်လေးထဲရှိ ကင်မရာကို မျက်နှာချင်းဆိုင်လို့ နေရခက်နေတဲ့ လူနှစ်ယောက်ဟာ ကျဉ်းမြောင်းလှတဲ့လေထုအောက်မှာ တစ်ယောက် pheromone တစ်ယောက်ခံစားမိလို့။

Omega pheromones ကြောင့် ဟန်ဘင်းမှာ ဟာအိုနား တိုးကပ်ရုံကလွဲပြီး တခြားလုပ်စရာမရှိခဲ့ဘူး။

"ဟာအို့ pheromones အနံ့ အရမ်းသဘောကျတယ်..."

"အင်း..."

အခန်းကျဉ်းကျဉ်းလေးထဲ ကျန်းဟာအိုဘယ်နားပြေးရမလဲမသိ။ ဟန်ဘင်းဆီမှ အခုလောက်ကြီး တည့်တိုးအပြောခံလိမ့်မယ် မထင်ထားခဲ့ဖူးလေ။

"ကိုယ့် pheromones တွေနဲ့ လိုက်ဖက်တယ်လို့ မထင်ဘူးလား"

"ထင်..ထင်တယ်"

ရှက်နေတာလေးမြင်တော့။ သဘာဝအရပိုပြီး အနိုင်ကျင့်ချင် လာတာပေါ့။ ဒါပေမဲ့ ပထမဆုံးဒိတ်ဖြစ်နေလို့ ထိန်းချုပ်လိုက်ပါတယ်။

"ဟာအို ကျောပေါ်တက်"

"ဟမ်?"

ဆောင်းဟန်ဘင်းအမြန် ဟာအိုကိုကျော်ပေါ်တင်ပြီး ပိုစ့်ပေးလိုက်တယ်။ ကင်မရာပေါ် ဖမ်းမိသွားတာကကျောပေါ် အူကြောင်ကြောင်နဲ့ ဟန်ဘင်းမျက်နှာကိုကြည့်နေခဲ့တဲ့ဟာအို။ ပထမရိုက်ချက်မှာ ရုတ်တရက်ကြီး ကျောပေါ်ရောက်သွားလို့ ဘာပိုစ့်ပေးရမလဲမသိဖြစ်နေခဲ့တာ။ ဒုတိယရိုက်ချက်ကျတော့ ဘယ်ရမလဲ ကျန်းဟာအိုတဲ့ လက်တစ်ဖက်က ဟန်ဘင်းပါးကိုညှစ်ပြီး ကျန်တစ်ဖက်က လက်နှစ်ချောင်းထောင်လို့ မျက်လုံးတစ်ဖက်ပါမှိတ်လိုက်သေးတာ။

တတိယမြောက်ရိုက်ချက်ကျ အင်း... ဒီလိုအခန်းကျဉ်းလေးထဲ ပထမဆုံးဒိတ်မှာ... အမှတ်တရလေးတစ်ခုတော့ရှိသင့်တယ်မဟုတ်လား အဲ့တာကြောင့် ကျန်းဟာအိုတစ်ယောက် နှစ်ခါပြန်စဉ်းစားမနေပဲ ဆောင်းဟန်ဘင်းဂုတ်ပေါ်ရှိ gland ကိုငုတ်ပြီးနမ်းလိုက်တယ်...

ပုံထွက်လာလို့ တတိယပုံကိုကြည့်ရင် ဂုတ်ကိုငုတ်နမ်းနေတဲ့ ကျောပေါ်က omega လေးနဲ့ လန့်သွားတဲ့ ဟန်ဘင်းမျက်နှာကိုတွေ့ရမှာပါ... ဒါဆို စတုထ္တပုံကြတော့ရော...

စိတ်မကောင်းစွာ စတုထ္တပုံမှာ ဆောင်းဟန်ဘင်းမျက်နှာပါမလာခဲ့ဘူး။ ကျန်းဟာအိုတစ်ယောက်လည်း ဆောင်းဟန်ဘင်းကျောပေါ်မှာ မဟုတ်တော့ပါဘူး...

Gland ပေါ်ကျလာတဲ့ အနမ်းတွေအတွက် ဟန်ဘင်းမှာ တခြားစိတ်ကူးမရှိဘူး။ သူစိတ်ထဲရှိတာက ဒီလိုလာပြီး ရန်စရဲတဲ့ omega လေးကို ကြောက်ရကောင်းမှန်းသိအောင် သင်ခန်းစာပေးဖို့ပဲ။ သူကကျောင်းဆရာလေ သင်ခန်းစာတွေပို့ချရတာ အရမ်းသဘောကျတာပေါ့။

ဒီအချိန်တိုလေးအတွင်းမှာ ကျန်းဟာအိုနှုတ်ဖျားကနေ "ကြောက်ပါတယ်" ဆိုတဲ့စကားလုံးတွေထွက်လာအောင်ပဲ ခြိမ်းချောက်ချင်နေတော့တာ။ gland ဆိုတာ ဘယ်လိုနေရာမျိုးမို့ ဒီလိုအခန်းကျဉ်းလေးမှာ လာနမ်းရဲရတာလဲနော်... ဟာအို တကယ်ပဲ သူ့ကို သူတော်ကောင်း ထင်နေတာလား??

Alpha တွေရဲ့သဘာဝအရ လေးစားခံချင်တယ်၊ မရိုမသေနဲ့ သူတို့ကို မကြောက်တာတွေကို သဘောမကျဘူး။ လူ့အဖွဲ့အစည်းကို အမြဲဖိနိုပ်ဖို့စဉ်းစားနေတဲ့ စဉ်းလဲတဲ့ သတ္တဝါတွေနဲ့မခြားဘူး။ ဟန်ဘင်း ပုံမှန်အချိန်ဆို ဒီလိုမဟုတ်ပေမဲ့ ကျန်းဟာအိုအပေါ် ချစ်မိသွားတဲ့ စိတ်ကြောင့်လား မပြောတတ်ဘူး ပိုပြီး ဖိနိုပ်ချင်လာ။

ပိုဆိုးတာက သူက Alpha တောင်မဟုတ်ဘူး Enigma ဖြစ်နေတယ်လေ။ ဒီနေ့လျှောက်လည်ရင်း ဟာအို့ pheromones တွေကိုရော ဟာအို့ကိုပါလည်ပြန်ကြည့်သွားတဲ့ Alpha တွေကို pheromone သုံးပြီးပညာမပေးမိဖို့ မနည်းထိန်းချုပ်ထားရတာကြောင့် သူ့ gland က တကယ် sensitive ဖြစ်နေခဲ့တာကို သနားစရာကျန်းဟာအိုက ကျားရှေ့မှောက်ရက်လဲချင်တော့ ထိုနေရာကိုမှ နမ်းလိုက်လေရဲ့။

"အား~~~"

စတုတ္ထပုံမှာ စိတ်မကောင်းစွာ ဆောင်းဟန်ဘင်းမျက်နှာမပါခဲ့ဘူး။ နာမှာကြောက်လို့ မျက်လုံးတွေမှိတ်ထားတဲ့ ကျန်းဟာအိုမျက်နှာလေးနဲ့ ဟာအို့ပုခုံးတွေကို တနည်းအားဖြင့် ကျန်းဟာအို gland တွေပေါ် ကိုက်နေခဲ့တဲ့ ဆောင်းဟန်ဘင်းရဲ့နောက်ကျောပြင်ပဲ ပါလာခဲ့ပါတယ်။

─── ⋆⋅☆⋅⋆ ──

April 18,2024


အား~~

<ဒီပုံထဲက အား~~အသံနဲ့ ဖတ်ပေးပါ ㅋㅋ>


You are reading the story above: TeenFic.Net