🐰•7

Background color
Font
Font size
Line height

နယူးဇီလန်က မြက်ခင်းပြင်ကျယ်ကြီးထဲ သူနဲ့ ချန်ချန်ဟာပြေးလွှားနေခဲ့တယ်။ အတိအကျပုံဖော်ရရင် သူကချန်ချန့်ရဲ့ နွားနို့ဘူးကိုလုပြီးပြေနေခဲ့တာပါ။

"ပါပါး သားနို့ဘူးပြန်ပေး!!!"

အာပြဲစိန်လေးက မျက်ရည်တွေဝိုင်းပြီး အော်ငိုနေပေမဲ့ ဟာအိုကတော့ သူ့ကလေးလေးကို စရတာကိုသဘောတွေ့နေပြီး လုံးဝအလျှော့ပေးဖို့အစီအစဉ်မရှိတဲ့ပုံပါပဲ။

"မင်းသာ ပါပါးကို မိအောင်ဖမ်းနိုင်ရင် နွားနို့နှစ်ဘူး၊ရေခဲမုန့်နှစ်ခွက်!"

ဆုကြေးကိုကြားလိုက်တဲ့အခါ ချန်ချန်မှာ အားတွေပြန်ပြည့်လာပြီ။ သူ ပါပါးကို ရအောင်အမိဖမ်းမယ်!!!

ဒါပေမဲ့ ဘယ်လိုလုပ်ပြီးဖြစ်နိုင်မှာလဲ ကလေးနဲ့လူကြီးဟာကို... ပြီးတော့ ဟာအိုက လုံးဝအလျှော့မပေးဘူး သူက ကလေးနဲ့ အတည်ပေါက်ကြီးယှဉ်ပြိုင်နေခဲ့တာ။

"ဟားဟားဟား ချန်ချန် blah blah blah"

ဒီလိုနဲ့ နွေးထွေးတဲ့နေရောင်ခြည်အောက် သားအဖနှစ်ယောက်ဟာ မြက်ခင်းပြင်ကြီးထဲပြေးလွှားနေတယ်၊ သူတို့နဲ့ခပ်လှမ်းလှမ်းမှာလည်း နွားနို့ထုတ်တဲ့ခြံကြီးလည်းရှိတယ်လေ။ မြက်ခင်းတွေကနူးညံ့လွန်းလို့ ဟာအို ချော်လဲမှာကိုမစိုးရိမ်မိဘူး သူက တောက်လျှောက် သူ့နောက်ကနေပြေးလိုက်နေတဲ့ ချန်ချန်ကိုကြည့်ပြီး လှောင်ရီနေတာ။ ပြေးနေတာကြည့်ပါအုံး ချစ်စရာလေး သူ့အတိုင်းပဲ

*ဘုတ်*

ကလေးကိုလှောင်ချင်ဇောနဲ့ ရှေ့မကြည့်ပဲပြေးနေတာကြောင့် ဟာအိုတစ်ခုခုနဲ့ ဝင်တိုက်မိသွားပြီ။ နူးညံ့ပေမဲ့ သန်မာတဲ့ရင်ခွင်ကျယ်ကြီး။ ထိုရင်ခွင်ကနွေးထွေးပြီး ပူရှိန်းရနံ့လေးသင်းပျံ့နေတာကြောင့် ဟာအိုရင်ခုန်သွားပြီ။ ဒါတောင်သူ နေရောင်ကြောင့် ထိုလူ့မျက်နှာကို သေချာမမြင်ရသေးဘူး။ နေရောင်ခြည်က မျက်စိတည့်တည့် တိုက်ရိုက်ဖြာကျနေပေမဲ့ ကျန်းဟာအိုကတော့ မျက်စိအစူးခံလို့ ကြိုးစားပြီး ထိုလူ့ကိုကြည့်လိုက်ပါတယ်

Oh Romeo ~~~

ချောမောမှုက သူ့မျက်နှာပေါ် မညှာမတာကျရောက်နေတဲ့ နေရောင်ခြည်တွေလိုပဲ တောက်ပလိုက်တာများ... ယောကျာ်းဆန်လွန်းတဲ့ မေးရိုးပုံစံကြောင့် ရှက်သည်းဖိုပြီး နားနားဝဲကျနေတဲ့ ဆံစလေးအနည်းငယ်ကို လက်ညှိုးလေးနဲ့သက်ရင်း ခန္ဓာကိုယ်ကိုယ်မသိမသာလေး မက်လိုက်တယ်။ ဒါပေမဲ့သူအခုအထိ အဲ့ဒီလူရင်ခွင်ထဲကနေတော့ မထွက်ရသေးပါဘူး။

"ဟာအို"

အို~ ဒီကိုလူချောက သူ့နာမည်ကိုသိနေတာလား။ မျက်နှာအရှေ့ကို တဖြည်းဖြည်းတိုးလာသူကြောင့် ဟာအိုပြုံးမိသွားတယ် ဪ~လူသားတွေ ပန်းလှလှလေးတွေ့ရင် နမ်းရှိုက်ချင်တာ သဘာဝပဲ

အင်း... သူကပဲ အနစ်နာခံလိုက်ပါမယ်။ ဟာအိုလည်းမျက်လေးမှိတ်ရင်း နှုတ်ခမ်းလေးကိုမသိမသာဆူပြီး အရှေ့ကိုအလိုက်တသိ ဖြည်းဖြည်းချင်းတိုးပေးလိုက်တယ်။

"ဟာအို"

ဟွန့်...နမ်းမဲ့အရေးကိုများ လူကိုရင်ခုန်အောင် နာမည်ကို ဖွဖွလေးခေါ်နေသေးတာ ဒီလူဘာလဲနော်! ရင်ခုန်ပါတယ်ဆိုနေမှ!

"ဟာအို ထတော့ ရုပ်ရှင်ပြီးသွားပြီ"

ဟန်ဘင်းရဲ့ခေါ်နှိုးသံကြောင့် အနမ်းမျှော်နေတဲ့နှုတ်ခမ်းလေးဆူထားလျက်သား ဟာအိုအူတူတူနဲ့နိုးလာတာပေါ့။ ဟင်... အိမ်မက်ဖြစ်နေတာကို... ဘာမှန်းမသိပေမဲ့ ဟာအိုအရမ်းဝမ်းနည်းသွားခဲ့ပြီ။ သူမျက်ရည်တွေတောင် ကျလာတော့မလိုပဲ။ အိမ်မက်ထဲက နေရောင်ခြည်ကနွေးထွေးလွန်းတယ် တစုံတယောက်ရင်ခွင်ရောပေါ့ အခုအိမ်မက်ကနိုးလာတော့ အဲ့တာတွေအကုန်မရှိတော့ဘူး။

"ဘာလို့လဲ ဘာဖြစ်လို့လဲ ဟာအို?"

ဘာဖြစ်ရမှာလဲ 'ဟန်ဘင်းဖက်ထားတာခံချင်လို့လေ' လို့ပြန်ဖြေလို့မရတာကြောင့် ဟာအိုပိုဒေါသထွက်သွားတယ်။ သူနဲ့ဟန်ဘင်းက ဆရာနဲ့ကျောင်းသားမိဘ၊ အိမ်နီးနားချင်းထက်မပိုဘူး၊ သူငယ်ချင်းတွေလဲမဟုတ်ဘူး အဲ့တာကြောင့် သူ့ကိုဖက်ထားပေးပါလို့ ဘယ်မျက်နှာသွားပြောမလဲ။ စိတ်ထဲမှတော့ ဟန်ဘင်းရဲ့ pheromone တွေကြားပဲ မိန်းမောနေချင်တာ။

"ဘာမှမဟုတ်ဘူး"

ဟာအိုချက်ချင်းထိုင်ခုံကနေ ထရပ်လိုက်တာကြောင့် ထိုင်ခုံအရှေ့ရပ်ပြီး သူ့ကိုနှိုးနေတဲ့ ဆောင်းဟန်ဘင်းနဲ့ ကျဉ်းမြောင်းလှတဲ့ ရုပ်ရှင်ရုံခုံတန်းတွေကြားထဲ နှစ်ယောက်သားဟာ မျက်နှာချင်းဆိုင်လျက်သား အတော်လေးနီးကပ်သွားခဲ့သလို ဆောင်းဟန်ဘင်းရဲ့နှာတံချွန်ချွန်လေးဟာလည်း အောက်ကနေ ရုတ်တရက်ထလာတဲ့ ကျန်းဟာအိုပါးပြင်ထဲနစ်ဝင်သွားခဲ့ပြီ။

"ဆရာ သားကိုလည်းမွှေးမွှေးပေး"

နှစ်ယောက်သား ဒီအတိုင်း ကြောင်ပြီးရပ်နေရာက အနောက်ကနေထွက်လာတဲ့ ဟန်ယူဂျင်းနဲ့အသံကြောင့် အထိပ်တလန့်နဲ့နောက်ဆုတ်မိသွားတယ်။

"အဟမ်း"

ကလေးရှက်ရင်ငိုတယ် လူကြီးရှက်ရင်ရယ်တယ်တဲ့လေ။ ဟန်ဘင်းလည်းရှက်ရှက်နဲ့ ရယ်ပြီး ယူဂျင်းကိုကောက်ချီလိုက်ရတော့တာပေါ့။ ဟာအိုကတော့ရှေ့ကနေ ခပ်သွက်သွက်ပြေးလို့သွားပြီ။

.・。.・゜✭・.・✫・゜・。.

"ဆရာသားကိုလည်း မွှေးမွှေးပေးလို့"

ရုပ်ရှင်ရုံအပြန်လမ်းမှာ ဟာအိုကငြိမ်နေပေမဲ့ ချန်ချန်ကတော့ ဟန်ဘင်းလက်မောင်းပေါ်ငြိမ်ငြိမ်မနေပဲ ပူဆာနေတာ။ ဟန်ဘင်းကလေးချစ်တတ်တော့ ပါးကိုနမ်းလိုက်တာ ပြဿနာမရှိပေမဲ့ ကလေးအဖေမျက်နှာကို တချက်ငဲ့ကြည့်လိုက်သေးတယ်။ ကလေးအဖေ သဘောကျ မကျပေါ့၊ ပြဿနာရှိပုံမပေါ်တော့ မှ ချန်ချန်ပါးကို နှာခေါင်းလေးနဲ့တို့လိုက်တယ်။

"ကျေနပ်ပြီလား ယူဂျင်းလေး"

"အွန်း" ချန်ချန်မှာ ဟန်ဘင်းကိုကြည့်ပြီး ပြုံးရင်းထပ်ပြောလိုက်တယ်။

"ပါပါးကိုပါ ပေးလိုက်ပါဦး"

!!!!

ကျန်းဟာအိုမှာတော့ ချန်ချန်စကားကြောင့် ရေနဲ့အပက်ခံရတဲ့ ကြောင်တစ်ကောင်လို့ နောက်ကျောမွှေးတွေပါထောင်ကုန်ပြီ။ စိတ်လှုပ်ရှားမှုကြောင့် နဂိုထဲက မတည်မငြိမ်ဖြစ်နေတဲ့ pheromone တွေကိုလွှတ်ထုတ်မိသွားပြီး ဘေးနားဖြတ်သွားတဲ့ Alpha တချို့ထံမှ စိတ်ဝင်တစားလှည့်ကြည့်သွားတာကိုခံလိုက်ရသည်။ ဒါပေမဲ့ သူဒါတွေမသိရှာဘူး သူ့ခမျာ အကောင်းစားနို့မှုန့်တိုက်ပြီးမွေးထားတဲ့ ကလေးပေါက်စရဲ့ စကားလုံးတွေကို တုန့်ပြန်မရဖြစ်နေတာ။

ရုတ်တရက်နဖူးပေါ်ကျလာတဲ့ ပူနွေးနွေးအထိအတွေ့လေးကြောင့် ရိုလာကိုစတာစီးနေတဲ့ ဟာအိုစိတ်တွေဟာ စမှတ်ကိုပြန်ရောက်လာခဲ့သည်။

ဟင်?! ဟန်ဘင်း သူ့နဖူးကို နမ်းလိုက်တာလား?!!

ဟာအို ဟန်ဘင်းကိုစိုက်ကြည့်လိုက်ပေမဲ့ ဟန်ဘင်းကသူ့ကိုမကြည့်တော့ဘူး ချန်ချန်ကို ကျေနပ်လားလှည့်မေးပြီး ထိုယောကျာ်းက သူ့ရဲ့သန်မာသည့် လက်နှစ်ဖက်အောက် တဖက်ကကလေး တဖက်ကကလေးအဖေကိုတွဲပြီး အိမ်ပြန်ခေါ်သွားတော့သည်။

အမှန်တော့ ဟန်ဘင်းယူဂျင်းပြောတာကို လိုက်လုပ်ဖို့ စိတ်ကူးမရှိပါဘူး နမ်းတယ်ဆိုတာ သင့်တော်တဲ့အရာမှမဟုတ်ပဲ။ ဒါမျိုးက ချစ်သူရည်းစားတွေကြားသာ လုပ်လေ့ရှိတဲ့အရာတွေလေ ပြီးတော့ဟာအိုက ချန်ချန်လို ကလေးလဲမဟုတ်ပဲ။ ဒါပေမဲ့ ဟာအို့ pheromone တွေကြောင့် ဘေးနားက Alpha တွေ ဟာအို့ကိုစိုက်ကြည့်လာတဲ့အခါမှာတော့ ဒီ omega လေးက သူ့အပိုင်ပါဆိုပြီး မောက်မာပြချင်တော့တာပဲ။

သူ့အပိုင် မဟုတ်သေးပေမဲ့လည်းပေါ့...

အပြန်လမ်းတလျှောက်လုံး ဟာအိုစိတ်တွေပိုပြီးတောင် ထွေပြားကုန်တာ နဖူးပေါ်ကျလာတဲ့ အနမ်းတစ်ပွင့်ကြောင့်။ အနောက်တိုင်းမှာက ဒီလိုအနမ်းမျိုးက နှုတ်ဆက်မှုသာသာပဲ ဟန်ဘင်းငယ်ငယ်က နိုင်ငံခြားမှာကြီးပြင်းလာခဲ့တာလားဆိုတာ ဟာအိုအရမ်းသိချင်သွားပြီ။

ဒီလိုနဲ့အတွေးလွန်ရင်း အခန်းရှေ့ရောက်လာတော့

"ဆရာဟန်ဘင်း ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်"

ချန်ချန်ကယဉ်ကျေးစွာ ခန္ဓာကိုယ်ကို ၉၀ဒီဂရီကိုင်းညွှန့်ရင်းနှုတ်ဆက်လိုက်တယ်။

"ပါပါးဘာလုပ်နေတာလဲ သေချာမနှုတ်ဆက်ပဲနဲ့"

သားပါပါးနဲ့တော့ ခက်ပါတယ် ကျေးဇူးတင်ရကောင်းမှန်းမသိ၊ နှုတ်ဆက်ရကောင်းမှန်းမသိ၊ သားကပဲအကုန် လိုက်သင်ပေးနေရတော့တာပဲ ဟူး...

"ဪ အင်း... ဟန်ဘင်း ကောင်းသောညပါ"

ချန်ချန်ကိုအရင် တိုက်ခန်းထဲ ဝင်ခိုင်းလိုက်ပြီး ဟာအိုလည်းအထဲဝင် တံခါးပိတ်ဖို့အလုပ်မှတော့ အခန်းတံခါးကပိတ်မရတော့ဘူး ဘာလို့ဆို ဟန်ဘင်းက တံခါးကိုပြန်ဆွဲထားလို့။

"ဟင် ပိတ်မရ... အမ် ဟန်ဘင်း?"

တံခါးဝမှာ တံခါးကို ဟိုဆွဲဒီဆွဲလှုပ်ရင်း ရှက်ကိုးရှက်ကန်းဖြစ်နေကြတဲ့ လူကြီးနှစ်ယောက်ကိုကြည့်ပြီး ဟန်ဝေ့ချန်သက်ပြင်းချမိသွားပြီ။ အသက်တွေကဖြင့် ကြီးနေပြီ အချင်းချင်းစိတ်ဝင်စားရင်လည်း စိတ်ဝင်စားတယ်ပေါ့ ကျွတ် ကျွတ် ကျွတ်

"ပါပါး သားအိပ်နှင့်ပြီ!!!"

ချန်ချန်မှာ သူ့အဖေရော အတန်းပိုင်ဆရာပါ ကြားစေဖို့ ပြဲစိန်နေအောင်အော်ရင်း သူ့ခန်းထဲပြေးဝင်ပြီး အခန်းတံခါးကိုပိတ်လိုက်တယ်။

ဆရာဟန်ဘင်း သား ဆရာ့ကိုယုံတယ် ပါပါးနဲ့စကားသေချာပြောလိုက်ပါ ဖိုက်တင်း!!

.・。.・゜✭・.・✫・゜・。.

ဒီလိုနဲ့ကလေးဖြစ်သူက တနေ့တာ တာဝန်ပြီးသွားလို့ အိပ်ပျော်သွားပြီဖြစ်တဲ့အချိန်မှာ လူကြီးနှစ်ယောက်က ဧည့်ခန်းထဲရှက်ကိုးရှက်ကန်းနဲ့။

"ဟာအိုခုနက..."

"ဟန်ဘင်း လိမ္မော်သီးစားမလား ခုနကဝယ်လာ..."

ပြိုင်တူပြောမိသွားတဲ့အချိန်မှာ နှစ်ယောက်ကြားကလေထုဟာ ပိုပြီးနေရခက်လာတာပေါ့။

"အင်း စားကြတာပေါ့... လိမ္မော်သီး"

နေရခက်စွာ နာရီဝက်လောက် လိမ္မော်သီးနွှာစားပြီးတဲ့နောက် ဟန်ဘင်းသူ့ကိုယ်သူ enigma မဟုတ်ဘူးလို့ထင်လာပြီ။ ကြောက်တတ်လိုက်တာ Omega လေးတစ်ယောက်ကိုစကားပြောဖို့ ဘာတွေတွန့်ဆုတ်နေတာလဲ ဆောင်းဟန်ဘင်း!! မင်းလုပ်နိုင်တယ်!!

ဟာအိုက သူ့အခန်းရဲ့ လျို့ဝှက်နံပါတ်တောင် ပြောပြထားတာ တနည်းအားဖြင့်ဒါက ဟန်ဘင်းကိုယုံကြည်လို့ပဲ။ သူထင်တာမမှားရင် ဟာအိုလည်းသူ့ကိုစိတ်ဝင်စားနေလောက်တယ်မလား... အစကတော့ အချိန်ယူချင်ပေမဲ့ အခုက နဖူးကိုနမ်းပြီးသွားပြီ။ တဖက်ကအခုထိ ထိုကိစ္စနဲ့ပတ်သက်ပြီး ဘာမှမပြောမလာသေးပေမဲ့ သူ့ကိုတမျိုးထင်သွားမှာ ဟန်ဘင်းအကြောက်ဆုံးပဲ။

"ဟာအို"

ကျန်းဟာအိုမှာတော့ ဟန်ဘင်းသူ့နာမည်ကိုခေါ်လိုက်တာနဲ့တင် ရင်ထဲဘုရားပွဲလှည့်နေပြီ။ အချိန်ကြည့်တော့ ၁၁:၃၀ အခုတစ်ခေါက်မှ ဟန်ဘင်းဘက်က ပြန်တော့မယ်ဆိုတာ စမပြောရင် ကျန်းဟာအို ဒီလူကိုဆွဲထားမိတော့မှာ။ ဟာအိုက Omega ပါ၊ သူ Alpha, Enigma တွေကို ဘယ်လိုဆွဲဆောင်ရမလဲ သိတယ် ဒါက Omega တိုင်းမွေးရာပါပဲ။ ခက်တာက ဒီမွေးရာပါပညာကို မွေးကတည်းကနေ အခုအချိန်အထိ ထုတ်မသုံးဖူးသေးတာ။ မဖြစ်ဘူး သူ့အသက်ကဖြင့် ငါးဆယ်ရဲ့တဝက်ဖြစ်တော့မှာ... ဟာအိုအံ့ကြိတ်ထားလိုက်တယ် တစ်ခုခုဖြစ်လာခဲ့ရင် သူ့အလွန်မဟုတ်ဘူး စနမ်းခဲ့တာ ဟန်ဘင်းပဲ။

"ဟာအို ကိုယ့်ကိုစိတ်ဝင်စားလား ဟင်?"

ဟန်ဘင်းဘက်က ချက်ချင်းကြီးအခုလို စပြီးဖွင့်ပြောလာလိမ့်မယ်လို့ ဟာအိုမထင်ထားခဲ့ဖူး။ အဖြေက ဒါပေါ့!!! ဒါပေမဲ့ကျန်းဟာအိုပြန်မဖြေသေးဘူး မျက်လုံးလေး ပေကလပ် ပေကလပ်နဲ့ သူ့ဘေးနားထိုင်နေတဲ့အမျိုးသားကို ကြည့်လိုက်တယ်။ ဘာများဆက်ပြောမလဲ တစ်ခုခုဆက်ပြောဦးဆိုတဲ့သဘောပေါ့။

" ကိုယ် ဟာအိုကိုစိတ်ဝင်စားနေပြီထင်တယ်... ခုနကနဖူးပေါ်နမ်းလိုက်တာ..."

အနမ်းအကြောင်း ပြောလာတဲ့အခါမှာတော့ ဟာအို့မျက်နှာတစ်ခုလုံးသာမက လည်ပင်းတွေတောင် ရဲလာပြီ။

" နဖူးပေါ်နမ်းလိုက်တာ စိတ်မဆိုးပါနဲ့ ဟာအို့ pheromone တွေပျံ့နေတာ၊ ဘေးမှာလည်း Alpha တွေနဲ့လေ ကိုယ်စိတ်မထိန်းနိုင်ခဲ့ဘူး... ဒါပေမဲ့ အဲ့တာကြောင့်နဲ့ ကိုယ့်ကို လူရမ်းကားတစ်ယောက်လို့မထင်စေချင်ဘူး ကိုယ်ကအခွင့်အရေးယူတတ်တဲ့လူမဟုတ်ပါဘူး"

ဟာအိုလည်း ဟန်ဘင်းက အခွင့်အရေးယူတတ်သူမဟုတ်မှန်းသိပါတယ် ဒီယောကျာ်းရဲ့ချောမောတဲ့ရုပ်ရည်အထက် 'လူ ကောင်း' ဆိုတဲ့စာလုံးကြီးကထင်းနေတာကို။ ဟူး...ဘာလို့လူကောင်းဖြစ်နေရသလဲနော်... သဘောကျပေမဲ့ အရမ်းလူကောင်းဖြစ်နေပြီး ကိစ္စမှန်သမျှကို အခုလိုလိုက်ရှင်းပြနေတော့ သူ့မှာအရှက်ပိုရပြန်ပြီလေ... ဘာတဲ့ pheromone တွေလေထဲပျံ့နေပြီး တခြား Alpha တွေလည်းရှိနေတာကြောင့် သဝန်တိုပြီး နမ်းလိုက်တာတဲ့ အား!!! ဆောင်းဟန်ဘင်းသူ့ကို ရူးအောင်လုပ်နေတာမဟုတ်လား။

သမီးရည်းစားအတွေ့အကြုံမရှိတဲ့ Omega လေးကျန်းဟာအို ရှက်လွန်းတာကြောင့် ဆိုဖာခုံအသားကိုလိမ်ဆွဲထားမိတာ အကယ်လို့များ ဆိုဖာမှာအသက်ရှိရင် နာလို့ ထအော်နေလောက်ပြီ။

"အွန်း..."

"တမျိုးမထင်ဘူးမဟုတ်လား ဟာအို?"

"အွန်း..."

ဟန်ဘင်း ရှက်နေတဲ့ဟာအို့မျက်နှာလေးမြင်တော့ လက်နှစ်ဖက်နဲ့ဆွဲယူပြီး အနမ်းတွေအများကြီးပေးလိုက်ချင်ပေမဲ့ ထိန်းချုပ်လိုက်ပါတယ်။

"ကိုယ့်တို့ တွဲကြည့်ကြမလား"

တွဲကြည့်မလားဆိုတဲ့စကားရောက်မှာတော့ ဟာအိုမျက်နှာလေး နည်းနည်းမဲ့သွားတာကို ဟန်ဘင်းမြင်လိုက်ပါတယ်။ ဒါပေမဲ့ထူးဆန်းတာက ဟာအိုဘာတွေတွေးနေသလဲဆိုတာကို ဟန်ဘင်းကနားလည်နေတာပဲ။

"ဘာမှမစိုးရိမ်နဲ့ ကိုယ်က မင်းရောချန်ချန်ကိုပါ တာဝန်ယူနိုင်ပါတယ် ကိုယ့်ကိုစဉ်းစားပေးမလား ဟင် ဟာအို"

ထိုအခါမှာတော့ ကျန်းဟာအိုရဲ့အားကိုးတကြီးကြည့်လာတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေကို ဟန်ဘင်းမြင်လိုက်ရတော့တာပေါ့။ ဟူး...ချစ်ဖို့ကောင်းလိုက်တာကွာ...

"အွန်း..."

"အွန်းကလွဲပြီး မပြောတတ်တော့ဘူးလား? ခုနထဲကအွန်းပဲပြောနေတာလေ တခုခုပြောပါဦး ကိုယ်စိတ်အေးရအောင်"

"စဉ်း...စဉ်းစားပေးမယ်"

စဉ်းစားပေးမယ်ဆိုတဲ့စကားကြောင့် ဟန်ဘင်းကျေနပ်သွားပြီ။ သူပြန်မှရမယ် ဒီအိမ်မှာအကြာကြီးရှိနေတာ မသင့်တော်ဘူး အထူးသဖြင့် ဟာအိုနဲ့နှစ်ယောက်ထဲ အခုလိုရှိနေတာက သူ့ခံနိုင်ရည်ကို စမ်းသပ်နေသလိုပဲ။

ဟန်ဘင်းဆိုဖာပေါ်ကနေ အမြန်ထလိုက်ပြီး ဟာအို့ခေါင်းလေးကိုပွတ်သပ်ပေးလိုက်တယ်။ ဒီမှာဆက်ထိုင်နေရင် သူဟာအို့ကိုနမ်းမိတော့မှာ ဒီတစ်ခါဆိုနဖူးမဟုတ်ပဲ နှုတ်ခမ်းဖြစ်သွားလိမ့်မယ်။ တရားဝင်အဖြေမရသေးပဲ ဟာအို့အပေါ် အသားယူတာမျိုးသူမလုပ်ချင်ဘူး။ အဖြေရပြီးရင်တော့ ကိစ္စတွေကတစ်မျိုးပေါ့။ ဒါပေမဲ့ အခုတော့ စောင့်ထိန်းသင့်သာစောင့်ထိန်းရမယ်မဟုတ်လား။

ဒါပေမဲ့ သူ့ကို ခေါင်းမော့ကြည့်လာတဲ့ ဟာအို့မျက်ဝန်းတွေနဲ့ ဆုံသွားတဲ့ခဏမှာ သူ့ဆုံးဖြတ်ချက်တွေမှားသွားမှန်းသိလိုက်တယ်။ ဖြစ်နိုင်ရင် တစ်စက္ကန့်လေးတောင် လူကြီးလူကောင်းမဆန်ချင်တော့ဘူး။ တံတွေးမြိုချကာ ချောင်းဟန့်လိုက်ပြီး ခြေလှမ်းကျယ်တွေနဲ့ အခန်းသို့ပြန်ဖို့ ပြင်တော့တယ်။ သူ့ပုံက ပြန်တာနဲ့မတူပဲ ကဝေပျိုလေးရဲ့ထောင်ချောက်ကနေ ထွက်ပြေးနေသလိုပဲ။

"ဟန်ဘင်း ကောင်းသောညပါ"

"ဟာ...ဟာအိုမနက်ဘာစားချင်လဲ? ကိုယ်ဘာလုပ်ထားမေးရမလဲ? မနက်ထမင်းလာစားမှာမဟုတ်လား ကိုယ့်ကိုရှောင်နေမှာတော့ မဟုတ်ပါဘူးနော်?"

မရှောင်ပါဘူး!! ရှောင်စရာလား ကျန်းဟာအိုခင်မျာမနက်ဖြန်မနက်ပဲ အဖြေပြန်ပေးလိုက်ရမလားလို့ စဉ်းစားနေတာကို။

"ဟန်ဘင်းကြိုက်တာချက်ပါ၊ ကျွန်တော်ကအစားမရွေးပါဘူး"

ဟန်ဘင်းလဲခေါင်းငြိမ့်ရင်း သူ့အိမ်တံခါးကို ဖွင့်လိုက်သလို ဟာအို့အိမ်ခန်းတံခါးဟာလည်း ပိတ်သွားခဲ့ပြီ။ ဒါပေမဲ့ ဟာအိုအခန်းတံခါး လုံးဝမပိတ်သွားခင်လေးမှာ ဟန်ဘင်းစကားတစ်ခုကြားလိုက်ရတယ်

အဲ့တာက 'ဟန်ဘင်းကြိုက်တာဆို ကျွန်တော်လည်းကြိုက်ပါတယ်' တဲ့။

.・。.・゜✭・.・✫・゜・。.

March 25, 2024

.・。.・゜✭・.・✫・゜・。.

Hey!!! I'm backkkkk!!!

bnb_april အတွက် OS ကို serious ဆန်စွာရေးလိုက်တော့ hello teacher ပြန်ရေးတဲ့အခါ အရင်ကလောက် မပေါ့ပါးတော့သလိုကြီးခံစားနေရတယ်
:( အစကတော့ နည်းနည်းလေးနားပြီးမှရေးမလို့ပဲ ဒါပေမဲ့အရမ်းကြာသွားမှာလည်းဆိုးတော့ ဒီလိုပဲရေးလိုက်ပါတယ် အဓိကက ရီစေချင်တာပါ။ ဒီအပိုင်းက ဖွင့်ပြောတာတွေရောဆိုတော့....သိပ်မရီရသလိုဖြစ်နေမှာဆိုးတာ :(( Whatever, hope you all enjoy ^^


You are reading the story above: TeenFic.Net