🐰•3

Background color
Font
Font size
Line height

"ဒီနေ့လည်း ဟင်းသီးဟင်းရွက်တွေကုန်အောင် စားနော် သူငယ်ချင်းတွေနဲ့တည့်အောင်ပေါင်း သူများအနိုင်ကျင့်ရင်..."

"သားသိပါတယ်ဗျ ငြိမ်မခံဘူး ပြန်လုပ်မယ်"

"ဟာ~ချန်ချန်ကလည်း အတန်းပိုင်ဆရာနဲ့တိုင်ပြောရမှာလေ"

အဲ့တာမှ ပါပါးကို အတန်းပိုင်ဆရာကဖုန်းဆက်ပြီး ရုံးခန်းခေါ်မှာပေါ့။ ဖုန်းဆက်တာဆိုမှ မနေ့ကဆက်တဲ့ နံပါတ်က ဟန်ဘင်းဖုန်းနံပါတ်ဖြစ်မယ်ထင်တယ် ဟိဟိ ချန်ချန် ကလေးလေး လက်ကောက်ကိုများတမင်ဖျောက်လိုက်သလားပဲ...တအားတော်နေတာပါလား။ဖုန်းနံပါတ်က မတောင်းရသေးခင်ကို လက်ထဲရောက်လာတော့တာပဲ။

"လာပါဦး ပါပါးအာဘွားပေးချင်လို့ ကလေးလိမ္မာလေး"

*Mwah Mwah*

"ပါပါးကို ပြန်နမ်းလေ"

"ဟီးဟီး ပါပါး အာဘွား~~"

ဟာအို ကလေးလက်တွဲပြီး မူလတန်းကျောင်းသို့ လိုက်ပို့နေပေမဲ့ မျက်လုံးတွေကတော့ ဖုန်းပေါ်မှာ။ ကျွန်တော် ဖုန်းသုံးနေတာမဟုတ်ပါဘူး ဟန်ဘင်းရဲ့ ဖုန်းနံပါတ်ကို ဘယ်လိုမှတ်ထားရမလဲစဉ်းစားနေတာ...

အဲ့လိုတွေးနေရင်း ဆံပင်ညှပ်ဆိုင်ရှေ့အဖြတ် ဆိုင်ထဲမှာဖွင့်ထားတဲ့ Meghan Trainor ရဲ့သီချင်းက ကျွန်တော်ကို ဉာဏ်အလင်းဖွင့်ပေးခဲ့တယ်လေ။

ချက်ချင်းဆိုသလို တဖက်ကကိုင်ထားတဲ့ ချန်ချန့်လက်ကိုဖြုတ်ပြီး လက်နှစ်ဖက်နဲ့အားရပါးရ contact name ထဲ ဟန်ဘင်းနာမည်ကို ရိုက်ထည့်လိုက်တယ် Dear Future Husband လို့ပေါ့။ ကျွန်တော် အဲ့လိုအရမ်းမှတ်ချင်လို့တော့မဟုတ်ပါဘူး ဘယ်လိုမှတ်ရမလဲ စဉ်းစားနေတဲ့အချိန် အဲ့သီချင်းကြီးကို တိုက်တိုက်ဆိုင်ဆိုင် ကြားလိုက်ရတာကို။

Contact name စီးသွားရင်ကောင်းမှာပဲ ဟီးဟီး။

"ပါပါး ကားတွေလာနေတာ သားလက်ကိုဖြုတ်မပစ်လိုက်နဲ့ တွဲထားလေဗျာ လမ်းသွားရင်းနဲ့လည်း ဖုန်းမသုံးရဘူးဆိုတာ မသိဘူးလား"

"ဟင် အေးအေး"

"သားသာ ပါပါးလက်ကို မတွဲထားပေးရင် အခုချိန်ပါပါးဆေးရုံရောက်နေလောက်ပြီ လမ်းသေချာလျှောက် မဟုတ်ရင် ချစ်သူရှိမရှိ မစုံစမ်းပေးဘဲနေမှာနော်"

ဒီမျောက်ကလေးကတော့ စျေးကိုင်နေပြန်ပြီ။ ဒါပေမဲ့ဘယ်တတ်နိုင်မလဲ ချန်ချန့်ကိုပဲအားကိုးရမှာကို။

"ဟုတ်ကဲ့ပါ အဖေလေးရယ်"

𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊

"ဟိုင်း ဟာအို"

"ဟိုင်း ဟန်ဘင်း"

သားကိုကျော်ပြီး နှုတ်ဆက်နေကျတဲ့ လူကြီးနှစ်ယောက်ကိုမြင်ရတာ ရီချင်စရာကြီး။ သူတို့နှစ်ယောက်မျက်နှာက ဘာလို့ ပြုံးစိစိဖြစ်တာလဲဟင် တီတီတို့။ သားတောင်သူတို့ကိုကြည့်ပြီး ပြုံးချင်လာပြီ...

"ဟီး ခ်ခ်"

"ယူဂျင်းလေး ဘာတွေရီနေတာလဲ"

ဟန်ဘင်း ဟာအိုလက်ကိုတွဲထားတဲ့ကလေးလေးကို ခေါင်းငုံ့ပြီး မေးလိုက်တယ်။

"ရေခဲမုန့်အကြောင်းတွေးမိလို့ပါ ဆရာ"

"ဟုတ်ပါပြီ ပါပါးကိုနှုတ်ဆက်လိုက်ပါဦး"

ဟန်ဘင်း ယူဂျင်းကိုချီလိုက်ပြီး ဟာအိုဘက်လှည့်ကာတာ့တာပြခိုင်းလိုက်သည်။

"ပါပါးတာ့တာ~"

"အင်း ချန်ချန်တာ့တာ~"

ဟာအိုပြန်ပြီး နည်းနည်းခပ်ဝေးဝေးရောက်တဲ့အခါမှာတော့ ချန်ချန်ဟာ သူ့လက်နှစ်ဖက်ကို နှုတ်ခမ်းနားကပ်၍ သူ့ရဲ့ချစ်လှစွာသောပါပါးထံ အားရပါးရ အော်ပြီးထပ် နှုတ်ဆက်လိုက်တယ်။ အကွာအဝေးက သူ့ပါပါး သူ့ကိုနောက်ပြန်လှည့်ပြီး လာမရိုက်နိုင်လောက်တဲ့ အနေအထားလောက် အရောက်မှပေါ့နော်။

"ပါပါး စိတ်ချ သားသေချာစုံစမ်းခဲ့မယ်နော်"

ဟန်ယူဂျင်းအော်သံက ကျန်းဟာအိုနောက်ကျောတစ်လျောက် ကြက်သီးမွှေးညှင်းထစေနိုင်တယ်။ ဒီကလေးလေးက တကယ့်နတ်ဆိုးလေးပဲ!! ဘာတတ်နိုင်မှာလဲ နောက်ပြန်လှည့်မကြည့်နဲ့ ပြေးးးး

"ဘာကို စုံစမ်းမှာလဲယူဂျင်းရဲ့"

"ဟီးဟီး ဘာမှမဟုတ်ပါဘူးဆရာ နောက်သိလာရမှာပေါ့"

𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊

ဆရာဟန်ဘင်းက သားတို့ကို လူမှုရေးဘာသာ သင်ပေးတဲ့ဆရာပါ။ ဆရာက အရမ်းသဘောကောင်းပြီး သားတို့ကို စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေအများကြီး ပြောပြတယ်လေ။ ကျောင်းသားတွေက ဆရာ့ကိုအရမ်းချစ် ချစ် ချစ် နဲ့ကိုနေရော။

"ဟေး ကီကီ"

[A/N ကီကီက Gunwookie ပါ  ⸜(・˃ ᵕ ˂ )⸝]

"အာညော် ယူဂျင်း"

"ကီကီ ဒါငါ့ပါပါးမသိအောင် တိတ်တိတ်လေးယူလာတဲ့ ချောကလပ်သကြားလုံးလေးပဲ ဒါဘယ်လောက်တန်ဖိုးကြီးလဲ မင်းသိတယ်မဟုတ်လား"

ကီကီဆိုတဲ့ကလေးလေးက သူ့ရဲ့နက်မှောင်တဲ့ မျက်ခုံးတွေကိုကျုံ့လိုက်ပြီး သကြားလုံးကို ရှေ့လှည့်ကြည့်လိုက် နောက်လှည့်ကြည့်လိုက်လုပ်ပြီး ခေါင်းငြိမ့်လိုက်တယ်။

"ဒါပေါ့ ငါသိတယ် ယူဂျင်း"

"အင်း ဒါမင်းကိုငါပေးမယ်"

"ကောင်းပြီ ငါဘာပြန်လုပ်ပေးရမှာလဲ"

ထိုအခါမှာ ချန်ချန်က ကီကီနားရွက်နား ကပ်သွားပြီး တစ်ခုခုကိုတိုးတိုးလေးပြောလိုက်တော့ ကီကီရဲ့မျက်လုံးတွေက လေးနက်သွားခဲ့ပြီ။

"သိပြီ ငါ့တာဝန်ထားလိုက်"

လူမှူရေး ဘာသာအချိန်

ကီကီက အတန်းထဲမှာ စံပြကျောင်းသားလေးပါ အသက်အရွယ်နဲ့မလိုက်အောင် လူကြီးတွေနဲ့စကားကို စင်းလုံးချောအောင်ပြောဆိုနိုင်သူလေးပေါ့။

"ကလေးတို့ ဆရာပြောတာတွေနားလည်ရဲ့လား"

ဟန်ဘင်းမေးခွန်းအဆုံးမှာ ကီကီနဲ့ ယူဂျင်းမျက်လုံးချင်းဆုံပြီး ကီကီက ယူဂျင်းကိုခေါင်းငြိမ့်ပြလိုက်ပြီးတာနဲ့ချက်ချင်းကို လက်ထောက်လိုက်တော့တာပဲ။

"ဟုတ်ပြီ ကီကီ ဘာမရှင်းတာရှိလို့လဲ"

"ဆရာ Enigma နဲ့ Alpha တွေက လက်တွဲဖော်ရွေးတဲ့အခါ ဘာကွာသွားတာလဲခင်ဗျ"

ဒီနေ့ဟန်ဘင်းကလေးတွေကို ရှင်းပြနေတာက ABO အကြောင်းတွေပါ။

"အင်း...Alpha တွေက Enigma တွေထက်ပိုပြီးလွတ်လွတ်လပ်လပ် ရွေးချယ်နိုင်တယ် Enigma တွေကျ pheromone lvl ကိုက်ညီမှုမြင့်တဲ့ လက်တွဲဖော်ကို ရှာဖို့လိုတယ်။ ကိုက်ညီမှုမမြင့်ရင် Enigma အတွက်ရော လက်တွဲဖော်အတွက်ပါ ထိခိုက်စေနိုင်တယ် အသေးစိတ်ကိုတော့ မင်းတို့အတန်းကြီးလာတဲ့အခါသင်ရမှာပါ အခုကဒီလောက်ပဲသိထားရင်ရပြီ"

"ဟုတ်ကဲ့ဆရာ....အဲ့တော့လေ...ဆရာရော လက်တွဲဖော်ရှာတွေ့ပြီလားဟင်?"

ကီကီရဲ့ မေးခွန်းက အတန်းထဲရှိ ကလေးတွေအားလုံးစိတ်ကို လှုပ်ကိုင်နိုင်ခဲ့တယ်။ တခဏတွင်းချင်းမှာပဲ အသံပိကျိပိကျိလေးတွေ ဆူညံလာတော့တာပေါ့။ နောက်ကွယ်ကလက်မဲကြီး ဟန်ယူဂျင်းကတော့ သူမဟုတ်သလို မျက်လုံးလေး ကလည်ကလည်နဲ့ ဟန်ဘင်းကိုသာ ပြူးကြည့်နေခဲ့တယ်လေ။

ကျေးဇူးပြုပြီး လက်တွဲဖော် မရှိပါစေနဲ့ ကျေးဇူးပြုပြီး မရှိပါစေနဲ့ ကျေးဇူးပြုပြီး မရှိပါစေနဲ့

ပါပါးအတွက် ဆရာဟန်ဘင်းကိုချန်ထားပေးပါအရှင်ဘုရား ပါပါးနဲ့သားအတွက် သားညတိုင်းရေခဲမုန့်စားရဖို့အတွက် နော် နော် နော် ...

"ကလေးတွေက ဘာလို့သိချင်တာလဲ"

ဒါပေမဲ့ တစ်ခန်းလုံးကလေးတွေရဲ့ ဂျီကျသံတွေကြောင့် ဟန်ဘင်းနောက်ဆုံးတော့ပြောပြလိုက်ရတော့တာပေါ့။

"မရှိသေးပါဘူး ရပြီလား"

အတန်းပိုင်ဆရာရဲ့အဖြေက ချန်ချန့်ကိုစိတ်လှုပ်ရှားသွားစေတာကြောင့် လက်သီးသေးသေးလေး ဆုပ်ထားလိုက်မိသည်။ ကီကီလည်း အရဲစွန့်ပြီး နောက်ထပ်မေးခွန်းတစ်ခု ထပ်ပြီးပစ်လွတ်လိုက်တာပေါ့။

"ဒါဆို ဆရာသဘောကျတဲ့ Omega ပုံစံကရော?"

ဒီမေးခွန်းက ကလေးတွေကိုပိုပြီးတော့တောင်ဆူညံ့လာစေတယ်လေ။ minions လေးတွေ အော်ပြီးလျှောက်ပြေးနေသလိုမျိုး အတန်းထဲရှိ လေထုက ဆူညံသွားပြီ။

"ဟုတ်ပါပြီ ဆရာပြောပြမှာမို့ တိတ်တိတ်လေးနေဟုတ်ပြီလား ဝီစီလေးတွေရဲ့။ ဆရာက..."

ဆရာဟန်ဘင်းအဖြေကြားပြီးမှာတော့ ဟန်ယူဂျင်း အားလည်းမရှိတော့ဘူး မျက်နှာကြီးလည်း ဆူပုတ်သွားခဲ့ပြီ။ ကီကီကို ကျေးဇူးတင်ကြောင်းပြောပြီးနောက်မှာတော့ ကျောင်းဆင်းချိန်သာ မြန်မြန်ရောက်လာဖို့ ဆုတောင်းနေတော့တယ်။

𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊

"ဟေး မျောက်အိုလေးအတိုင်းပဲ ဘာလို့မှိုင်နေတာလဲ ဒီမှာ ပါပါးဘာဝယ်လာလဲကြည့်ပါဦး"

သား ပါပါးအပျော်လွန်နေတဲ့ မျက်နှာကိုမြင်ပြီးစိတ်မချမ်းသာတော့ဘူး။ သူကရေခဲမုန့် ဘူးကြီးနှစ်ဘူးတောင် ဝယ်လာပေးတာဗျာ။ ပါပါးက သားကိုခဏခဏဆူပေမဲ့ သားလိုချင်တာအကုန် ဖြည့်စည်းပေးတဲ့ အကောင်းဆုံးအဖေတစ်ယောက်ပါ။ ခက်တာက ပါပါးကအသက်ငယ်ငယ်လေးနဲ့ သားကိုထိန်းခဲ့ရတော့ အခုသူက တကယ်ကလေးအဖေကြီးလိုပဲ။

တခြား Omega လေးတွေ အလှပြင်ဆိုင်တွေသွား စျေးဝယ်တွေထွက်နေတဲ့အချိန်မှာ ပါပါးက သားကိုကလေးချီတဲ့လွယ်အိတ်ထဲထည့်ပြီး စျေးဝယ်စင်တာကို ပတ်ပြီး baby diaper တွေ ဝယ်နေခဲ့တာမဟုတ်လား။ တခြား Omega လေးတွေ င်္အကျီလှလှလေးတွေ ဝယ်ဝတ်နေတဲ့အချိန် ပါပါးက သားအတွက်အရုပ်တွေပဲ ဝယ်ပေးနေခဲ့တာ အဟင့် ဟင့် ပါပါးကိုကြည့်ရင် အဘိုးကြီးအိုပေါက်စလေးလိုပဲ တခြား Omega လေးတွေ ဖဲပြားတွေ အရောင်လှလှလေးတွေ ကျောက်တွေ ဘလင်းဘလင်းအင်္ကျီတွေ ဝတ်နေပေမဲ့ ပါပါးက အရောင်ပဲကွဲတဲ့ ဆွယ်တာလက်ရှည်တွေနဲ့ တကယ်ပါပဲ သားရင်တွေနာလို့ နွားနို့တွေချည်း လိမ့်သောက်ချင်လာပြီ

"ပါပါး ပါပါး~~~~"

အိမ်ပြန်ရောက်ရောက်ချင်း ရင်ခွင်ထဲ ငိုပြီးပြေးဝင်လာတဲ့ နှာချေးတွဲလောင်းနဲ့ ကလေးလေးကို ဖမ်းဖက်ထားလိုက်ရသည်။ ချန်ချန်က တော်ရုံငိုတဲ့ကလေးမဟုတ်ဘူး သူက ကျွန်တော့်လိုပဲခေါင်းမာတာ...

"မငိုနဲ့ မငိုနဲ့ တိတ်တိတ် ဘာဖြစ်လို့လဲ ပါးပါးကိုပြောပြလေ ပြော ပါပါးချက်ချင်းဖြေရှင်းပေးမယ် ဘယ်သူငါ့ခွေးပေါက်လေးကိုထိတာလဲ လာပါးကိုခေါ်သွား ချက်ချင်းရန်သွားတွေ့မယ်"

"ပါပါး ပါးပါးကစိတ်ကြီးပဲ ပါပါးက Omega လေ နူးနူးညံ့ညံ့လေးနေပါဦး ငါ့သားလေးကိုထိရင် ရန်ဖြစ်မယ်ဆိုတာကြီးပဲ ဝူး ဝူး ဝူး"

ဒီလိုနဲ့တစ်ညလုံး ဟန်ယူဂျင်းငိုတာကိုချော့လိုက်ရတာ ဖက်ဖက်ကိုမောနေရော။ ကျွန်တော့်ဘဝမှာ ကလေးဒီတစ်ယောက်နဲ့တင် တော်ပြီ နောက်တစ်ယောက်ဘယ်တော့မှ ထပ်ယူမှာမဟုတ်ဘူးဗျာ။

(A/N ဟင်းဟင်းဟင်း ဟင်းဟင်းဟင်း)

"အိပ်တော့ တအားငိုထားတာ မင်းမျက်လုံးလေးတွေကအခု ယုန်ပေါက်စလေးလိုပဲ နီရဲနေရော"

"ဟုတ်ကဲ့ပါပါး။ ပါပါး..."

ဟာအို ကလေးကိုစောင်ခြုံပေးရင်း ကလေးကုတင်ဘေး ခဏဝင်လှဲနေခဲ့တာ။ ချန်ချန်ကအနားတိုးလာပြီး ပါးလေးကိုဖွဖွလေး နမ်းလိုက်တာကြောင့် ပိစိလေး အံ့ဩသွားခဲ့တယ်။ ဒီကလေးက စနမ်းခဲတယ်ဗျ ရေခဲမုန့်မကျွေးတဲ့နေ့တွေဆို ကျွန်တော့်ကို အကြွေးရှင်လို မျက်စောင်းထိုးသေးတာ။

"ပါပါးကို သားအချစ်ဆုံးပဲ"

"ဟားဟားဟား ဘာတွေလာချွဲနေတာလဲ ဘာလဲ ဒီနေ့ ဘာမှမစုံစမ်းနိုင်ခဲ့လို့မဟုတ်လား မင်းအသံပြဲကြီးနဲ့ အော်ခဲ့တာတွေပါ ငါဆူမှာဆိုးလို့ အခုလိုမျက်ရည်ခံထိုးနေတာလား"

"မဟုတ်ပါဘူး...သားစုံစမ်းခဲ့တယ်"

ချန်ချန်မှာ နှုတ်ခမ်းထော်ထားတုန်း။ ဟာအိုကတော့ ယူဂျင်းရဲ့အဖြေကြောင့် သိချင်တာတစ်ပိုင်းသေတော့မယ်။

"ဆရာဟန်ဘင်းမှာ ချစ်သူမရှိဘူးတဲ့"

Yes!!!!! ဒါဆို မျှော်လင့်ချက်လေး စထားပြီး သားဖြစ်သူရဲ့အတန်းပိုင်ကို နည်းနည်းလေး အထာပေးကြည့်ရမလားလို့ စဉ်းစားနေတဲ့အချိန် သားမိုက်ရဲ့စကားသံက မျက်နှာကိုရေခဲရေနဲ့ပတ်လိုက်သလို

"ဒါပေမဲ့ ပါပါးအတွက်မျှော်လင့်ချက်မရှိဘူး..."

ဟာအိုဒေါသမထွက်ပဲမနေနိုင်။

"ဘာလို့လဲကွ"

ဘာလို့ မျှော်လင့်ချက်မရှိရမှာလဲ...သူက Cutie Face & Sexy Brain ပိုင်ရှင် ကျန်းဟာအိုလေ။

"ဆရာကပြောတာ သူက...သူကနူးနူးညံ့ညံ့ သိမ်သိမ်မွေ့မွေ့ အိုမီဂါလေးတွေပဲကြိုက်တာတဲ့" ချန်ချန်ပြောရင်းဆိုရင် ထပ်ငိုတော့သည်။ ငိုတာမှ ရှိုက်ကြီးတငင် ဟာအိုမှာ သားဖြစ်သူကြောင့် ခဏကြောင်သွားပေမဲ့ နောက်တော့ဒေါသတွေ အလိပ်လိုက်ထွက်တော့တာပဲ။

"အဟင့်...ဆရာက...နူးနူးညံ့ညံ့...သိမ်သိမ်မွေ့မွေ့လေးတဲ့ ပါပါးကိုလည်းကြည့်ပါဦး ရီစရာရှိလို့ အော်ရီရင်လဲ ဦးလေးကြီးအသံနဲ့ အမြဲဆွယ်တာတွေ cardigan တွေပဲဝတ်ပြီး တစ်ကိုယ်လုံးအလုံထုပ်ထားတာ အပြင်သွားရင်လည်း ကလေးတစ်ယောက်နဲ့ အဘိုးကြီးအိုပေါက်စကျနေတာပဲ"

"ဘာကွ!! မင်း မင်း မင်း !! ငါ့ကိုအဘိုးကြီးအိုပေါက်စလို့ပြောလိုက်တာလား"

သားပြောတာမှားလို့လားဗျာ...ပါပါးကအမြဲ သားအတွက်ဆို စစ်သူကြီးတစ်ယောက်လိုပဲ။ သားရှေ့မှာမားမားမတ်မတ်ရပ်တည်ပေးတယ် စွာလိုက်တာမှလည်းပြောမနေနဲ့ ဟန်ယူဂျင်းအဖေ သူ့ကလေးကိုအရမ်းသဲတာဆိုပြီး သားမူကြိုတတ်တုန်းက ကျောင်းသားမိဘတွေကြား နာမည်ကိုကြီးလို့ အဲ့တော့ သားအမြင်မှာ ဆရာဟန်ဘင်းပြောတဲ့ နူးနူးညံ့ညံ့လေးဆိုတာနဲ့ ပါပါးက လုံးဝမအပ်စပ်နေဘူး သားပါပါးက သားဘဝရဲ့ စစ်သူကြီးဗျ။

သားပြောတာမမှားတာကို ပါပါးကတော့ သားကိုစိတ်ကောက်သွားပြန်ပြီ သူ့ကို လူအိုကြီးလို့ခေါ်လို့တဲ့။ မနက်ကျောင်းလိုက်ပို့တဲ့ လမ်းတစ်လျှောက်လည်းသားကိုစကားမပြောတဲ့အပြင် ကျောင်းထဲအထိတောင် လိုက်မပို့တော့ဘူး ဆရာဟန်ဘင်းနဲ့တောင်ဝင်မတွေ့တော့ဘူး

"ယူဂျင်းလေး ကောင်းသောမနက်ခင်းပါ"

"ဟုတ်ကဲ့ပါဆရာ"

ဟန်ယူဂျင်း သူ့အတန်းပိုင်မျက်နှာကိုတောင် မော့မကြည့်နိုင်၊ ခေါင်းငိုက်စိုက်ကျပြီး မျက်လုံးလေးတွေကတော့ ညကငိုထားတာကြောင့် ဖောင်းဖောင်းလေးဖြစ်လို့နေတယ်။

"ဒီနေ့ပါပါးလိုက်မပို့ဘူးလား?"

"ပို့ပါတယ် ပါပါးနဲ့ သားရန်ဖြစ်ထားတယ် ပါပါးကသားကိုစိတ်ကောက်နေတာ"

ကလေးကိုစိတ်ကောက်တယ်ဆိုပဲ...ဟားဟား ချစ်ဖိုကောင်းလိုက်တာ

"ဘာလို့ ပါပါးကသားကိုစိတ်ကောက်ရတာလဲ ယူဂျင်းရဲ့"

"သားက ပါပါးကို လူအိုကြီးနဲ့တူတယ်လို့ ပြောမိလိုက်လို့ပါဆရာ"

"အဲ့တာတော့ သားမှားတာပဲ ပါပါးစိတ်မကောင်းဖြစ်သွားမှာပေါ့ မင်းပါပါးက ဆရာ့ထက်အသက်ကြီးပေမဲ့ ဆရာ့ထက်တောင်နုသေးတယ်"

ကြမ်းပြင်ကိုပဲ စိုက်ကြည့်နေတဲ့ ချန်ချန်မျက်လုံးတွေ ဝိုင်းဆက်သွားပြီး သူ့ဆရာဖြစ်သူထံ အားကိုးတကြီးကြည့်လာခဲ့သည်။

"ပါပါးကို လူအိုကြီးလို့မထင်ဘူးလား?"

"ဘယ်သူမှ မင်းပါပါးကို လူအိုကြီးလို့ထင်မှာမဟုတ်ဘူး ဒီလောက်ချစ်စရာလေးကို"

ဒီလောက်ချစ်စရာလေးးးးးကို?! ဆရာသဘောကျတယ်ပြောတဲ့ ချစ်စရာလေးလိုပုံစံမျိုး ချစ်စရာလေးများလား?

"ဆရာဟန်ဘင်းမျက်စိထဲ ပါပါးကတကယ်ပဲချစ်ဖို့ကောင်းတာလား"

"အင်းပေါ့ ယူဂျင်းလိုပဲ ချစ်စရာလေး"

သားလို့ပဲချစ်စရာလေးတဲ့ တီတီတို့ရေ ဘယ်လိုလုပ်မလဲ သားကတော်တော်လေးချစ်စရာကောင်းတာဗျ

"ဆရာယူဂျင်းကို ချစ်လာဟင်?"

"ဒါပေါ့ ယူဂျင်းရဲ့ လာ အခန်းထဲဝင်ရအောင်"

ဒါပေမဲ့ ယူဂျင်းကတော့ ဒါပေါ့ကလွဲရင် ကျန်တာမကြားတော့

ဆရာကယူဂျင်းကိုချစ်တယ်တဲ့ ပါပါးနဲ့ယူဂျင်းကိုတူတယ်လို့လည်းပြောသေးတယ် အဲ့တော့ အဲ့တော့ ဆရာက ပါပါးကို ပါပါးကို ချစ်နေတာပေါ့!!!

𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊

Feb 27,2024

တစ်ရက်ထဲ နှစ်ပိုင်းတင်နိုင်လိမ့်မယ်လို့ထင်တောင်မထင်ထားဘူး (ó﹏ò。) ပုံလေးတစ်ပုံကြည့်ပြီး ထွက်လာတဲ့စိတ်ကူးတွေကို အများကြီးသဘောကျပေးလို့ ကျေးဇူးတင်ပါတယ် ᵔ ᵕ ᵔ ᥫ᭡


You are reading the story above: TeenFic.Net