🐰•2

Background color
Font
Font size
Line height


ကျွန်တော့် Alpha ဖြစ်လာလိမ့်လို့မထင်ထားခဲ့ဘူး...အမှန်အတိုင်းပြောတာပါ အထက်တန်းတုန်းက လူတိုင်းသူတို့ရဲ့ second gender ကို သိရတဲ့အချိန်မှာ ဆေးစစ်တော့

ဘာလက္ခဏာမှမပြတာနဲ့ ဆရာဝန်က beta ဆိုပြီး တံဆိပ်တုံးထုပေးခဲ့တာ။

အမေက Omega အဖေက Alpha ဖြစ်လို့ အိမ်သားတွေအားလုံးက ကျွန်တော့်ကို Alpha ဖြစ်လာမယ်ထင်ခဲ့တာ။ ဒါပေမဲ့ beta ဖြစ်နေတော့ သူတို့အနည်းငယ်အံ့ဩသွားပေမဲ့ လွယ်လွယ်နဲ့လက်ခံကျတယ်လေ ဘာလို့ဆို ကျွန်တော့်အမူအကျင့်တွေက Alpha ထက် beta ပိုဆန်တာကို။ Alpha တွေလို ဒေါသမကြီးဘူး၊ ပိုင်ဆိုးပိုင်နင်းလုပ်တာတွေမရှိဘူး၊ ပြိုင်ဆိုင်လိုစိတ်မရှိဘူး၊ ပေါင်းသင်းဆက်ဆံရလွယ်တယ် မာနမကြီးတဲ့အပြင် လူတိုင်းရင်ခုန်စေနိုင်မဲ့ အပြုံးချိုချိုလေးတွေရှိနေတာကြောင့်ပေါ့။

ဒါပေမဲ့ တက္ကသိုလ်ဒုတိယနှစ်မှာ အဖျားကြီးပြီး ဆေးရုံသွားတော့ သိလိုက်ရတာက second gender ကြောင့်တဲ့လေ။ အဲ့နောက်ပိုင်း second gender ကြောင့်ပဲ ခန္ဓာကိုယ်ဖွဲ့စည်းပုံပြောင်းလဲလာပြီး အထက်တန်းတုန်းက မျက်မှန်လေးဝိုင်းဝိုင်းနဲ့ လူတိုင်းဝိုင်းစတာခံရတဲ့ beta ကောင်လေးက နေ့ချင်းညချင်းကို ပြောင်းလဲလာပြီး campus crush ဖြစ်လာခဲ့တာပေါ့။

ဆရာဝန်က ကျွန်တော့် second gender ကိုပြောပြတော့ တစ်အိမ်သားလုံးရဲ့တုန့်ပြန်မှုက တစ်ခုခုနားမလည်သလိုပဲ ဟုတ်ရောဟုတ်ပါ့မလား ဆိုပြီးတော့ပေါ့။ ဘာလို့ဆို လူတိုင်းက beta ဆောင်းဟန်ဘင်းနဲ့ ရင်းနှီးနေပြီးသားဆိုတော့ enigma ဆောင်းဟန်ဘင်းကို လက်ခံဖို့အခက်အခဲရှိကြတယ်ထင်ပါရဲ့။ ကျွန်တော်ကိုယ်တိုင်ရောပေါ့။

Enigma တွေက beta တွေနဲ့မခြားပါဘူး ဘာလို့ဆို သူတို့ကို Alpha pheromone ရော Omega pheromone ရော မသက်ရောက်လို့ပဲ။ pheromone အနံ့ရပေမဲ့ သူတို့ကို pheromone
နဲ့ ရန်သွားစလို့မရဘူး မြူဆွယ်လို့မရနိုင်ဘူး ဒါ့ကြောင့် အခြေခံအရတော့ betaပါပဲ...Pheromone ရှိတဲ့ betaပေါ့...ပြီးတော့ Alphaတွေကို ဖိနှိပ်နိုင်တဲ့ Beta.

ကျွန်တော် အထက်တန်းတုန်းက သဘောကျဖူးတဲ့ အိုမီဂါလေးရှိတယ် ဒါပေမဲ့ အဲ့အချိန်တုန်းက ကျွန်တော်က beta ဖြစ်နေတာကြောင့် လွယ်လွယ်နဲ့လက်လျော့လိုက်တယ်လေ။ ဘာလို့ဆို omega တွေအတွက် heat ကို alpha pheromone မပါပဲဖြတ်သန်းဖို့က အန္တရာယ်များလွန်းတာကြောင့်ပေါ့...ဒါတင်းတိမ်နိုင်မဲ့ကိစ္စမဟုတ်သလို သူသဘောကျတဲ့လူ ခံစားနေတာကိုလည်းမကြည့်ရက်လို့ပဲ။ ဒါကြောင့် ထိုအိုမီဂါလေးသဘောကျနေတဲ့ သူ့သူငယ်ချင်းနဲ့တောင် အောင်သွယ်လုပ်ပေးခဲ့သေးတာ ပြန်ရလာတာကတော့ ဆောင်းဗုဒ္ဓဆိုတဲ့ နာမည်ပြောင်ပေါ့။

တက္ကသိုလ်ရောက်လို့ ပြောင်းလဲသွားတဲ့ second gender ကြောင့် ချစ်သူလေးရှာမယ်လုပ်တော့လည်း Enigma တွေအတွက် pheromone ကိုက်ညီမှူနှုန်းနည်းရင် mate အဖြစ်ရွေးချယ်တဲ့အခါ သက်ရောက်မှုတွေရှိတာကြောင့် ချယ်ရီပင်တွေအောက် CC အတွဲတွေကိုသာ ဓာတ်ပုံကူရိုက်ပေးခဲ့ရတယ်လေ။

(CC = Campus Couple)

Pheromone ကိုက်ညီမှုရှိတဲ့လူက ရှားတာတော့မဟုတ်ပါဘူး ဆယ်ယောက်မှာတစ်ယောက်တော့ရှိပါရဲ့ သူအကြိုက်နဲ့ မကိုက်တာတွေကများလွန်းနေတယ်လေ။ ဒီဘဝကို လူပျိုကြီးဘဝနဲ့ အထီးကျန်စွာ ဖြတ်သန်းရမယ်လို့ပဲဆုံးဖြတ်ပြီး မူလတန်းကလေးတွေကို စာသင်ရင်းပဲ ပျော်ပျော်ရွှင်ရွှင်နေထိုင်မိတော့တယ်။ အထက်တန်းကလေးတွေကိုစာသင်ရင် အတွဲတွေနဲ့ဆိုတော့ အားကျနေရမှာစိုးလို့...

ဒီလိုနဲ့ ကျောင်းသားလေးတစ်ယောက်ရဲ့ အစ်ကိုဆိုသူနဲ့ အကြည့်ချင်းဆုံတဲ့ခဏ နှလုံးသားလေးက ပိုင်ရှင်ရှာတွေ့ပြီဆိုပြီးခုန်ပေါက်နေတယ်လေ။ ဟန်ဘင်းဘဝမှာတစ်ခါမှ အခုလောက်သက်သောင့်သက်သာဖြစ်စေတဲ့ pheromone ရနံ့မျိုးမခံစားမိဖူးဘူး။ ဒါသူ့ကိုလှုံ့ဆော်နိုင်စေတဲ့ pheromone ပဲ ပြီးတော့ pheromone ပိုင်ရှင်လေးက ဟန်ဘင်းစိတ်ကူးယဉ်အိမ်မက်တွေထဲအတိုင်း တိမ်တိုက်လေးတွေလိုနူးညံ့ပြီး စကားပြောလိုက်တိုင်း ခွေးပေါက်လေးလို မျက်ဝန်းဝိုင်းဝိုင်းလေးနဲ့ ချစ်ဖို့ကောင်းလွန်းလို့ ထိုနေရာမှာ ပါးလေးကို မညှစ်လိုက်မိဖို့ တော်တော်လေးထိန်းချုပ်လိုက်ရတာ။

လူပျိုကြီးဇာတာလားပဲလားမသိ မနက်ခင်းတောက်လျောက် ခုန်ပေါက်ပြေးလွှားနေခဲ့တဲ့ နှလုံးသားလေးက နေ့တောင်မကူးဘူး နေ့ခင်းရောက်တော့ အပြေးကောင်းလို့ မှောက်ရက်လဲပြီ။

"လက်ကောက်? ဘာလက်ကောက်လဲ"

"ဟို...မားမားပေးထားတဲ့ဟာ"

ကလေးရော ပိုင်ရှင်ပါရှိပြီးသား omega ဖြစ်နေခဲ့တာဗျာ...မားမား ဆိုတော့ လက်တွဲဖော်က Alpha အမျိုးသမီးဖြစ်မဲ့ပုံပဲ။ ကံကောင်းလိုက်တာ~

"ကျစ် မင်းမားမားပေးထားတာကို ဖျောက်လိုက်လို့ဘယ်ဖြစ်မလဲကွ"

အရှေ့မှာရပ်နေတဲ့ Omega လေး မျက်ရည်တွေ ဝဲလာတော့မလိုဖြစ်နေတာကြောင့် သူ့အိမ်သူကို တော်တော်ကြောက်ရတာပဲလို့မှတ်ချက် ဦးနှောက်ထဲချရေးမိလိုက်တယ်။ ကြောက်ရတယ်ဆိုတော့ အိမ်ထောင်ရေးအဆင်မပြေတာလည်း ဖြစ်လာနိုင်တယ် ကွာရှင်းပြီးရင်တော့...ဟာ ဘာတွေလျှောက်တွေးနေမိတာလဲ မသိတော့ပါဘူး...

"အရမ်းစိတ်မပူပါနဲ့ဗျာ ကျွန်တော်ကူရှာပေးပ့ါမယ် လက်ကောက်ပုံစံဓာတ်ပုံလေးများရှိလားမသိဘူး"

ထိုအခါ Omega လေးက အင်္ကျီလက်ရှည်အောက် ဖုံးကွယ်ထားတဲ့ သူ့လက်ကိုထုတ်ပြတော့တာပဲ။ Omega ဆိုတဲ့အတိုင်း သွယ်လျှတဲ့ အရိုးအဆစ်နဲ့ဖြူဖွေးနေတဲ့ လက်ကောက်ဝတ်ပေါ် ကြိုးနီလေးတစ်ခုပေါ်လာခဲ့တယ်။

အာ...မိသားစုဆင်တူလက်လောက်ဖြစ်နေတာပဲ

ရင်နာလို့ သွေးတောင်အန်ချင်သွားတယ်လေ မနက်ကလေးတင် သဘောကျမိသွားတဲ့ Omega လေးက ပိုင်ရှင်ရော ကလေးပါရှိနေတာကိုသိလိုက်ရပြီး သိပ်မကြာ သူတို့မိသားစုဆင်တူလက်ကောက်ကိုပါ လိုက်ရှာပေးနေရတယ်လို့ကွာ...ဘယ်တတ်နိုင်မလဲ နာမည်ပြောင်က ဆောင်းဗုဒ္ဓဖြစ်နေခဲ့တာကို။

"ယူဂျင်း တွေ့ပြီထင်တယ်"

ဟန်ဘင်းအော်သံကြောင့် ချန်ချန်ဟန်ဘင်းဆီပြေးသွားတော့ တကယ်ပဲသူ့လက်ကောက်လေး။

"ကျေးဇူးတင်ပါတယ် မားမားက ဆရာ့ကိုအမြဲကျေးဇူးတင်နေမှာပါ"

အ့ အေးပါကွာ...

ပါပါး တင်မကဘူး မားမားပါ ပါလာပြီဖြစ်ပြီး ကျန်းဟောက် ထို Alpha ချောချောလေးထံမှ အထင်လွဲနေတဲ့ မျက်ဝန်းတွေကိုသဘောမကျ။

အမြဲတမ်း ဒီလိုပဲကျော်သွားလိုက်တာ ဒီတစ်ခေါက်တော့မဖြစ်တော့ဘူး မဟုတ်ရင်သူတကယ်အသက် ၅၀ အထိ mate မရှိပဲဖြစ်နေလိမ့်မယ် ကျန်းဟောက် ကြိုးစားထား!!

"ကူရှာပေးလို့ကျေးဇူးတင်လိုက်တာ နေ့လယ်စာစားပြီးပြီလားမသိဘူး"

နေ့လယ် ၃နာရီတောင် ကျော်နေပြီကို ဘယ်သူကမစားရသေးပဲနေမလဲနော်...ဒါပေမဲ့ ဆောင်းဟန်ဘင်း ယူဂျင်းရှေ့ထားပြီး ပေါ်တင်ပဲ ညာလိုက်ပါတယ်

"မစားရသေးဘူးဗျ"

"ဒါဆို ကျွန်တော်တို့အတူတူနေ့လယ်စာ စားကြမလား နေ့လယ်စာဝယ်ကျွေးပါရစေ"

နေ့လယ် ၂:၃၀ ထဲက မူလတန်းကလေးတွေကျောင်းလွှတ်ပြီဖြစ်တာကြောင့် ဟန်ဘင်းပစ္စည်းကူရှာပေးနေရတာနဲ့ ကျောင်းမဆင်းဖြစ်သေးတာ။ အရင်ဆို ၃နာရီဒေါင်ဆိုတာနဲ့ အိမ်ပြန်ရောက်နေကျ ဟန်ဘင်းဟာ အခုတော့ ယူဂျင်းတို့သားအဖနဲ့ ကုန်တိုက်တစ်ခုထဲရောက်နေခဲ့ပြီလေ။

ဟာအိုကုန်တိုက်ထဲရောက်ရောက်ချင်း ယူဂျင်းကို ကလေးကစားကွင်း တန်းပို့လိုက်တယ်။

"လိမ္မာတယ် ဗိုက်မစာဘူးမဟုတ်လား ဒီအချိန်စားနေကျမှမဟုတ်တာ ဆော့နေ၊ ဒီနေ့ နှစ်နာရီတောင် ဆော့ခွင့်ရမှာနော်"

တိုးတိုးလေး ချန်ချန့်နားနားကပ်ပြောလိုက်တယ်။ ဒီစကား ဟန်ဘင်းကြားသွားလို့ဘယ်ဖြစ်ပါ့မလဲ။

ကလေးဆိုသည့်သဘာဝ အစားထက်အဆော့မက်တာဖြစ်လို့ ချန်ချန်မှာတော့ ပျော်ပျော်ကြီး ကစားကွင်းထဲပြေးဝင်သွားခဲ့ပြီ။ သူ့ပါပါးသူ့ကို ဘေး ပထုတ်လိုက်တာမသိရှာဘူး သနားစရာကလေးလေး။

"ဟိုလေ ဘာစားချင်လဲမသိဘူး"

"ကျွန်တော်ကအကုန်အဆင်ပြေပါတယ် ဟာအိုသဘောကျတာရွေးလိုက်ပါ"

ကြည့်စမ်း! ဦးစားပေးတတ်တဲ့ ယောကျာ်း sweet ဖြစ်တယ် ၁၀မှတ်။

"ခုနကကိစ္စအတွက်ကျေးဇူးတင်ပါတယ် အဲ့လက်ကောက်လေးက ယူဂျင်းမားမားချန်ထားခဲ့တဲ့အမွေမို့လေ"

အမွေတဲ့လား...အဲ့တာဆိုဟာအို mate ကမရှိတော့ဘူးဆိုတဲ့သဘောပေါ့။ စိတ်မကောင်းစရာ ကိစ္စဖြစ်တာမို့ နှုတ်ခမ်းထောင့်တွေ အပေါ်ကွေးမတက်သွားမိအောင် မနည်းထိန်းချုပ်လိုက်ရတယ်။ အဲ့တော့ Omega လေးတစ်ယောက်ထဲ ကလေးကိုပျိူးထောင်နေရတာပေါ့...ကျွန်တော့်နာမည်ပြောင်က ဆောင်းဗုဒ္ဓဆိုတဲ့အတိုင်း အနစ်နာခံပြီး စောင့်ရှောက်ပေးချင်မိပေမဲ့ ခက်တာက Omega လေးက လက်ခံပါ့လား သူကအခုထိသူ့ mate ကိုချစ်တုန်းထင်ပါရဲ့လေ။

"ကျွန်တော့်ကျဲကျဲက သားလေးနဲ့ ကျွန်တော့်အတွက် သူမဆုံးခင် ကံကောင်းခြင်းလက်ပတ်လေးတွေ ချန်ခဲ့တာ"

"အင်းကျဲကျဲ...ဟင် ကျဲကျဲ? ကျဲကျဲဆိုတာ အမ?"

"ဟုတ်တယ် ယူဂျင်းကကျွန်တော့်တူလေးပါ ကျွန်တော့်အမနဲ့ ခဲအိုက ကားအက်ဆီးဒင့်ကြောင့်ဆုံးသွားပါပြီ ကျဲကျဲမဆုံးခင် ဗိုက်ထဲမှာရှိတဲ့ ယူဂျင်းလေးကိုရအောင်မွေးခဲ့တယ်လေ"

"ဒါဆို ခုနကကိုကိုလို့ခေါ်တာ နောက်တာမှမဟုတ်ပဲ"

"နောက်တာပါ ဦးဦးဖြစ်ရမှာလေ ဆရာရဲ့"

"အာ ဟုတ်သားပဲ ဟာအိုက ငယ်လွန်းတော့ ကိုကိုလို့ပဲထင်နေတာ"

"တကယ်လား?"

ပုံမှန်ဆို ဒီလိုမေးခွန်းကို မဟုတ်တာဆိုပြီး ရှက်ပြီးငြင်းကြတာ မဟုတ်လား? ထူးဆန်းလိုက်တာ သူနဲ့မှ တကယ်လားဆိုပြီး ပြန်မေးရတယ်လို့ ဘယ်လိုလူသားလေးပါလိမ့်

"တကယ်"

"အင်း ကျွန်တော်လည်း အဲ့လိုပဲထင်တယ် ဒါပေမဲ့ ကျွန်တော်က 24နှစ်ပါ ဟန်ဘင်းက?"

"ကျွန်တော်က 23 ဟာအိုလို့ပဲခေါ်လို့ရလား"

??

သူ့အတွက်ဒါတွေက ကိစ္စမရှိပေမဲ့ ကိုရီးယားလူမျိုးတွေက အသက်ကြီးတဲ့လူအပေါ် ယဉ်ကျေးတဲ့အသုံးအနှုန်းပဲ အသုံးများတာမဟုတ်လား...အခုလို့တွေ့တွေ့ချင်း စကားလွှတ်ပြောကြလို့လား?

"ဟန်ဘင်းသဘောကျသလိုခေါ်ပါ"

"ကောင်းပြီ ဟာအို၊ ဒါနဲ့သိချင်တာတစ်ခုရှိလို့မေးလို့ရမလား"

"မေးလေ ကျွန်တော်လဲပေါ့ပေါ့ပါးပါးပဲပြောပြီနော်"

"ယူဂျင်းကဟာအို့ကို အဖေလို့ပဲထင်နေတာလား"

"မဟုတ်ဘူးသူသိတယ် ဒါပေမဲ့ ပါပါးလို့ခေါ်ဖို့ပဲမှာထားတာ ကျွန်တော်ကသူ့အဖေဆိုလည်းမမှားဘူး အမေဆိုလဲမမှားဘူးလေ ပြီးတော့အဖေတစ်ယောက်လိုသဘောထားလိုက်တာက ကလေးအတွက်ပိုအဆင်ပြေစေမှာပါ မဟုတ်ရင် တခြားကလေးကြား သူအားငယ်နေလိမ့်မယ်"

ဘယ်လိုတောင် ဖြည့်တွေးပေးတတ်တဲ့ Omega လေးလဲ။ အိမ်ခေါ်သွားရင် သူ့အမေသေချာပေါက်သဘောကျမှာ။

စကားပြောရင်းနှစ်နာရီပြည့်သွားတော့ ချန်ချန်ကသူတို့ရှိတဲ့ စားသောက်ဆိုင်ကိုအပြေးရောက်လာ၏။ ဟာအိုတို့က ကစားကွင်းမျက်နှာချင်းဆိုင် စားသောက်ဆိုင်မှာ ထိုင်နေခဲ့တာပါ။

"ပါးပါး သားဗိုက်စာပြီ"

"အင်း ရော့ဒီမှာမှာထားပေးတယ်"

ဟန်ဘင်းသူ့မျက်စိရှေ့က လူနှစ်ယောက်ကိုစူးစမ်းနေခဲ့တယ် တူဝရီးဆိုတာထက် တကယ့်သားအဖတွေလိုပဲ။ ဒီနေ့သူသာ လက်ကောက် ကူမရှာပေးခဲ့ရင် ဟာအိုနဲ့အတူတူစကားတွေမပြောမိခဲ့ရင် တစ်ချိန်လုံးအထင်လွဲနေတော့မှာပဲ တော်သေးတာပေါ့...

𓆝 𓆟 𓆞 𓆝 𓆟

"ဟန်ဝေ့ချန် မင်းငါ့ကိုအချွန်နဲ့မတာပဲ မနက်တုန်းကကျကိုကိုဆိုပြီး နေ့လယ် ပါပါးဖြစ်သွားရောလား?"

အိမ်ပြန်ရောက်တာနဲ့ သားအဆူခံရမယ်ဆိုတာသိပါတယ် တီတီတို့။ ပါပါးက သားအတန်းပိုင်းဆရာရှေ့သာ နူးညံ့ချိုသာနေတာ သားနဲ့နှစ်ယောက်ထဲဆိုလို့ကတော့ ရန်သူတွေကို အရှေဆုံးကနေ မြင်းကြီးစီးပြီး တိုက်ပွဲဝင်ခဲ့တဲ့ စစ်သူကြီးအတိုင်းပဲ အသံကိုဟိန်းနေရော။

"ပါပါး သားကိုအဲ့အသံနဲ့မပြောပဲ ခုနက ဆရာဟန်ဘင်းနဲ့ပြောနေတဲ့အသံအတိုင်း ပြောကြည့်ပါလားဟင်"

"ဘာကွ! ပါးကိုလှောင်တာလားပြော"

"ချန်ချန် မလှောင်ရဲပါဘူး ခ် ခ်"

"ဟန်ယူဂျင်းမင်းကိုငါဒီနေ့ ကလိထိုးပြီးသတ်ပစ်မယ် လာစမ်း!"

ပါပါး ဒီနေ့စိတ်ကြည်နေလို့ထင်ပါရဲ့ အရင်ကဆို သုံးညလောက်ဆက်တိုက်ဆူမဲ့ကိစ္စကို အခု ရီပြီး သားနဲ့တောင်ကလိထိုးပြီးဆော့နေသေးတယ်လေ။ သားသိလိုက်ပါပြီ ပါပါးလိုအပ်နေတာ ချစ်သူကောင်လေးဆိုတာကိုပေါ့။ ပါး စိတ်မပူနဲ့ သားရှာပေးမှာပါ။

သားအတန်းပိုင်က ပါပါးအတွက်ပဲဖြစ်စေရမယ်။

"ချန်ချန် ရေခဲမုန့်စားချင်လား"

တီတီတို့ရေ မြင်တယ်မဟုတ်လား သားပါပါးပြောင်းလဲလာကိုလေ။

"စားချင်တယ်ပါပါး"

ဟာအို ရေခဲမုန့်ဘူးထဲမှ ရေခဲမုန့်ကို ပန်းကန်ထဲနည်းနည်းခွဲထည့်လိုက်ပြီး ချန်ချန်ရှေ့ချပေးလိုက်တယ်။

"ကောင်းလား?"

ကောင်းတာပေါ့ ပါပါးရယ် နေ့တိုင်းကျွေးရင် ပိုကောင်းမှာပဲ...

"အွန်း အရသာရှိရှိရှိ"

"ပါပါးကြားတာ ချန်ချန်ကြိုက်တဲ့ B brand ဆိုင်က ရေခဲမုန့်ကအရသာအသစ်ထွက်တယ်တဲ့ ပါပါးတို့သွားစားကြမလား"

လူတစ်ယောက်က ဒီလိုမျိုးရုတ်တရက်ကြီးကောင်းမလာသင့်ဘူး။ ဒါပါပါး သားဆီက တစ်ခုခုလိုချင်နေတာ တီတီတို့

"ပါပါး လိုရင်းပြောပါ ရေခဲမုန့်စားရဖို့သားဘာလုပ်ပေးရမှာလဲ"

"အဲ့...အဲ့တာကလေ ပါပါးတို့အလုပ်မှာတီတီတစ်ယောက်ရှိတယ် သိလား"

"မသိဘူး"

"ကျွတ်စ် ရေခဲမုန့်ပန်းကန် ပြန်သိမ်းလိုက်ရ!"

"သားမှမသိတာလို့!! ပါပါးအလုပ်မှာလူတွေအများကြီးပဲဟာကို"

"နားထောင် အဲ့တီတီသဘောကျတဲ့ပုံစံမျိုးပဲ မင်းအတန်းပိုင်က"

"ဪ..."

ပါပါးသားကိုညာနေမှန်းတာ သားသိပါတယ်။ အမှန်တော့သူသဘောကျနေတာလေ။ ပါပါးဒီလောက်ပြုံးနေတာ သားမမြင်ဖူးဘူး ရူးနေတဲ့အတိုင်းပဲ အင်း...ပါပါးကတော့ အချစ်ရူးပေါ့ ကျွတ်စ် ကျွတ်စ် ကျွတ်စ်။

"အဲ့တော့ မနက်ဖြန် မင်းအတန်းပိုင်မှာ ချစ်သူရှိမရှိ ပါးကိုစုံစမ်းခဲ့ပေး"

"ပါပါးပေးတဲ့ တာဝန်သားကျေပြွန်စွာထမ်းဆောင်ပါ့မယ်"

"တော်တယ်တော်တယ် မွေးရကျိုးနပ်လိုက်တဲ့ကလေးလေး"

"ဟိုလေ...ရေခဲမုန့်လေးထပ်ထည့်ပေးပါလားပါပါး"

ဒီလိုနဲ့ အဲ့နေညက ကျွန်တော်အိမ်မှာရှိတဲ့ရေခဲမုန့်တွေအကုန်စားလိုက်ရတာပဲ။ ဆရာဟန်ဘင်းကို ကျေးဇူးတင်လို့ ပါပါးကိုသေချာပေါက် ဆရာ့လက်ထဲထည့်ပေးရမယ်လို့ ညမအိပ်ခင် ဒိုင်ယာရီထဲထည့်ရေးလိုက်သေးတယ် ဟီးဟီး။ တီတီတို့လည်း သဘောတူတယ်မဟုတ်လားဟင်?

𓆝 𓆟 𓆞 𓆝 𓆟

Feb 27,2024


You are reading the story above: TeenFic.Net