🐰•4

Background color
Font
Font size
Line height

"ပါပါး! သားရဲ့ပါပါး~ ပါပါးလှလှလေး ဒီကိုကြည့်ပါဦးဗျာ~~"

ဆိုဖာပေါ်ထိုင်ပြီး တီဗီကြည့်နေသော ဟာအို့ဘေး ချန်ချန်က လက်သီးလေးကို ဆုပ်လိုက်ဖြန့်လိုက်ဖြင့် သူ့အဖေဖြစ်သူ၏ အာရုံကိုရယူရန်ကြိုးစားနေ၏။

"ဘာလှလှလေးလဲ ငါက ကလေးတစ်ယောက်အဖေ လူအိုကြီးပါ လူအိုကြီး"

တီတီတို့ ပါပါးကသားကို တစ်နေ့လုံးလျှစ်လျူရှူထားတယ်ဗျာ~~ဒါပေမဲ့ကိစ္စမရှိပါဘူး သားမှာဝှက်ဖဲတွေအများကြီးပဲ ကြည့်နေလိုက်။

"ပါပါးသားကိုဆက်ပြီး စိတ်ကောက်မယ်ဆို ဒီနေ့ဆရာဟန်ဘင်း သားကိုဘာပြောလဲဆိုတာ မပြောပြတော့ဘူးနော်!"

ချန်ချန်စကားအဆုံးမှာတော့ တီဗီရီမုတ်ကိုင်ထားတဲ့ဟာအို့လက်ချောင်းလေးတွေ လှုပ်ရှားသွားတယ်လေ။ ပြီတီတီမျက်နှာနဲ့ ဖြည်းဖြည်းချင်း ခေါင်းလှည့်လာပြီး မသိချင်သလိုပုံစံလေးနဲ့ မေးငေါ့ပြီး ဘာလဲဆိုတာ မေးရတော့တာပေါ့။

"ဘာ ဘာများလဲနော် ဟွန့်"

"ဟဲဟဲ ပါပါး သားကျောင်းက ပြန်လာပြီးထဲက အိမ်စာတွေလဲလုပ်ထားတာအကုန်ပြီးပြီ၊ ဒီနေ့စားရမဲ့အရွက်တွေလည်း အကုန်စားခဲ့တယ်၊ ပြီးတော့ ဆရာဟန်ဘင်းဆီကနေလည်း သတင်းအကြီးကြီးသယ်ခဲ့သေးတာနော် သားကိုဆုမချချင်ဘူးလား"

"ချစ်တီးလေး တအားစျေးကိုင်တာပဲ"

"လာပါ ပါပါးရယ် သားတို့အတူတူ ညဘက်လမ်းထွက်မလျှောက်ရတာကြာပြီလေ သားက လမ်းထိပ်နားက ရေခဲချောင်းစားချင်တာ~"

ဒီလိုနဲ့ ချန်ချန့်ပူဆာမှုကို လိုက်လျောပြီး ထူးထူးနဲ့မှခြားခြား အိမ်တွင်းအောင်းသားဖနှစ်ယောက် တိုက်အောက်ဆင်းကာ လမ်းထိပ်မှာရှိတဲ့ 24နာရီစတိုးဆီ ရေခဲချောင်းဆင်းဝယ်တော့တယ်။

"နှစ်ချောင်းစားမယ်နော် နော် ပါပါး"

"မကျွေးဘူးမင်းကို၊ ငါစားချင်လို့ထွက်လာတာ"

"မကျွေးရင် မပြောဘူး"

"ကျစ်! တစ်ချောင်းပဲရမယ် သတင်းအကြီးအသေးအပေါ်မူတည်ပြီး နောက်တစ်ချောင်းကျွေးသင့်မကျွေးသင့် ဆုံးဖြတ်မယ်ရပြီလား"

"ပါပါးကချစ်တီးလား ကိုယ့်သားကိုယ် တအားစျေးကိုင်တာ"

"ပြောမြန်မြန်"

"ပါပါးသားကိုချီလေ တိုးတိုးလေးပြောပြမယ်"

ဟာအိုတုန့်ဆိုင်းခြင်းမရှိပဲ သူ့သားလေးကိုချီလိုက်တယ်။ ဘာလို့ဆို နောက်တစ်လှမ်း နှစ်လှမ်း လှမ်းပြီးရင် စတိုးဆိုင်ရောက်ပြီလေ၊ သူအကြာကြီးချီစရာမှမလိုပဲ။

ရေခဲချောင်းလေး နှစ်ချောင်းစားရဖို့ကိုတောင် စကားတွေအများကြီးပြောနေရတဲ့ သူ့အဖေကို ချန်ချန်ကလည်း သိပ်ကြည်တာတော့မဟုတ်ဘူး။ အဲ့တာကြောင့် ပြုံးပြုံးလေး ဟာအိုချီတာကိုခံလိုက်ပြီး နားနားကိုကပ်၊ သူ့ရဲ့ဝီစီသံကိုထုတ်သုံးလိုက်တော့တာပေါ့။

"ပါပါး ဆရာဟန်ဘင်းက ပါပါးကိုကိုချစ်တယ်တဲ့!!!"

ညဆယ်နာရီကျော်နေပြီဖြစ်လို့ တိတ်ဆိတ်နေတဲ့ရပ်ကွက်လေးထဲ ဟန်ဝေ့ချန်အော်သံက မိုးအထိဟိန်းထွက်သွားတော့တာပဲ။ နားကွဲပြီအထင်နဲ့ မျက်လုံးပါလန့်ပြီး မှိတ်မိသွားတဲ့ဟာအိုကတော့ သူ့အရှေ့ရှိ လူတစ်ယောက်နဲ့ ပြုတ်ကျသွားတဲ့ ဘီယာဘူးအသံတွေကိုကြားမှာမဟုတ်ပါဘူး။

𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊

"ဟင် ဆရာဟန်ဘင်း"

ချန်ချန်အသံအကြားမှာတော့ ဟာအိုရဲ့နားအူသွားလို့မှိတ်သွားတဲ့ မျက်ဝန်းလေးတွေ ပွင့်လာခဲ့ပြီ။ သူ့ရှေ့မှာ အထိပ်တလန့်ရပ်နေခဲ့တဲ့ ဟန်ဘင်းပုံစံက အင်တာနက်မှာ ရေပန်းစားနေတဲ့ ဟမ်းစကားလေးတစ်ကောင်ရဲ့ဓာတ်ပုံနဲ့တောင် သွားတူတယ်လေ။


ချန်ချန့်ကို ကျောင်းသွားပို့တဲ့အခါမြင်ရတဲ့ ကျောင်းဆရာဟန်ဘင်းပုံစံနဲ့ အခုဟန်ဘင်းပုံစံကတော်တော်လေး ကွဲပြားတာကြောင့် ဟာအိုတောင် ချက်ချင်းမမှတ်မိဘူး။ ခေါင်းလျှော်ပြီးခါစဆံပင်တွေကို Hoodie ခေါင်းစွပ်အောက်ဝှက်ထားပြီး လက်တစ်ဖက်ကို sport pants ဘောင်းဘီအိတ်ကပ်ထဲထည့်ကာ ကျန်လက်တစ်ဖက်က စတိုးဆိုင်ကထည့်ပေးလိုက်တဲ့ ကြွပ်ကြွပ်အိတ်အပြဲကိုကိုင်ထားခဲ့ပြီး သူ့ဘေးနားမှာတော့ အိတ်ထဲက ထွက်ကျလာပြီး လိမ့်ပြေးနေတဲ့ ဘီယာဘူးတွေဝန်းရံနေလို့။

"ဟန်ဘင်း?"

"ဟာ...ဟာအို"

𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊

ဆိုးလ်မြို့ရဲ့ကောင်းကင်ကြီးက ဒီညမှ ပို၍လှပနေလို။ လေညှင်းအေးအေးလေးတွေက နွေညတစ်ညရဲ့ တန်ဖိုးအရှိဆုံးအရာတွေပဲ။ နွေဦးရဲ့လေညှင်းအေးလေးတွေလိုမျိုး နှလုံးသားကို အေးမြစေတဲ့နောက်အရာတစ်ခုကတော့ ဟန်ဘင်းရဲ့ ပူရှိန်းအနံ့ (mint) pheromone တွေဖြစ်မယ်ထင်ပါရဲ့။ 24 နာရီစတိုးရှေ့မှာရှိတဲ့ ခုံတန်းရှည်ပေါ် ကောင်လေးနှစ်ယောက်က ဘေးချင်းကပ်ထိုင်နေခဲ့တယ် wait________သူတို့နှစ်ယောက်ကြားမှာ ကလေးလေးတစ်ယောက်သာ ခြားမနေခဲ့ရင် တကယ်ကိုဘေးချင်းကပ်ထိုင်နေတာဖြစ်မှာပါ။

"အဖြစ်ကဒီလိုကို..."

ဟာအိုက လက်ထဲရှိရေခဲချောင်းလေးကိုစုပ်ရင်း ပြုံးလိုက်ပေမဲ့ ဟန်ဘင်းကတော့ ရေခဲချောင်းစားရင်း ရင်ပူနေပြီ။

"ကျွန်တော်နားလည်ပါတယ် သူကအဲ့လိုပဲ မုန့်စားချင်ရင် လျှောက်ပြောတတ်တာကျွန်တော်အသိပဲ အထင်မလွှဲမှာမို့ ဟန်ဘင်းမစိုးရိမ်ပါနဲ့"

"ကလေးကို နားလည်မှုလွဲအောင် ပြောမိတဲ့ကျွန်တော့်အပြစ်ပါဗျာ"

"မဟုတ်ပါဘူးနော်! ဆရာဟန်ဘင်းအပြစ်မဟုတ်ဘူး ။ ပြော သားပါပါးက ချစ်စရာမကောင်းဘူးလား?"

"အာ..."

Enigma ပေမဲ့ ကျွန်တော်လည်းလူသားပါပဲ သဘောကျတဲ့လူရှေ့ ကတုန်ကယင်ဖြစ်တတ်တာပေါ့။ ဒီကလေးပေါက်စလေးက အခုလိုပေါ်တင်ကြီးမေးလာမယ်လည်း မထင်တားလို့ ရုတ်တရက် မလုံမလဲဖြစ်ပြီး pheromone တွေတောင် အနည်းငယ်ထုတ်လွှတ်မိသွားတယ်လေ...

အင်း ယူဂျင်းက လူဆိုးလေးပဲ...

လေညှင်းအေးအေးလေးထဲ ရောယှက်ပါလာတဲ့ ပူရှိန်းရနံ့လေးကြောင့် ဟာအိုမှိန်းမောသွားပြီး သူ့ gland က ပူရှိန်းရနံ့နဲ့ လိုက်လျောညီထွေဖြစ်အောင် လာဗင်ဒါရနံ့ကို သူ့လိုလို ထုတ်ပေးလာခဲ့တယ်။

"အဟမ်း ဟန်ယူဂျင်း မင်းဆရာကိုမရိုမသေနဲ့! ဟန်ဘင်းစိတ်မရှိပါနဲ့နော် ကလေးကိုသေချာ မဆုံးမမိတဲ့ ကျွန်တော့်အပြစ်တွေပါ"

ဟန်ဘင်းသတိထားကြည့်မိတော့ ဟာအိုလည်တိုင်ဖြူဖြူလေးက နီရဲလို့နေပြီး သူ(ဟန်ဘင်း)မျက်နှာရောပေါ့။ ဒါ pheromone တွေကြောင့်လား အချင်းချင်းရှက်နေလို့လား ဆိုတာကိုတော့ အဖြေရှာဖို့ခက်လွန်းသေးတယ်...

"ဆရာက သားကိုညာမှမဟုတ်ဘူးပါပါးရဲ့ ပါပါးကချစ်ဖို့ကောင်းတယ်လို့ သေချာပေါက်ပြောခဲ့တာပါဆို"

"ယူဂျင်းပြောတာအမှန်တွေပါ"

"မဟုတ်တာ ဒီကလေးဆိုးလေးကို အလိုမလိုက်လည်း ရပါတယ်ဟန်ဘင်း" ထိုသို့ပြောလိုက်ပေမဲ့ ဟာအိုစိတ်ထဲတော့ သေးသေးလေး ဝမ်းနည်းသွားတာပေါ့နော်။

"အလိုလိုက်ပြီး ပြောတာမဟုတ်ပါဘူး...ဟာအိုကတကယ်...ချစ်စရာကောင်းတာပါ"

ဟန်ဘင်းစကားကြောင့် ဟာအိုရှက်သွားတယ်။ ရှက်ပြီး ပြုံးစိပြုံးစိဖြစ်သွားတာပေါ့ ဒါကိုဟန်ဘင်းမြင်တော့ ရင်ထဲကလိကလိဖြစ်ပြီး စချင်လာပြန်တယ်။

" ဟာအိုလည်းယူဂျင်းလိုပဲ ချစ်စရာကောင်းတယ်ပြောရင် သဘောကျတာပဲနော် သားဖနှစ်ယောက်လုံးအတူတူပဲ "

မတူပါဘူး တူစရာလား ဒီကလေးပေါက်စထက် သူကအများကြီး လှပြီး ချစ်ဖို့ကောင်းတာကို။ ပြီးတော့သူ့ကို ကလေးတစ်ယောက်နဲ့ နှိုင်းပြီးပြောလိုက်ထဲက ဟန်ဘင်းက သူ့ကို ကလေးဆန်တယ်လို့ ထင်နေတာလားမပြောတတ်။ ဒါပေမဲ့ အခုမှ ခင်တောင်မခင်သေးတဲ့ လူတစ်ယောက်၊ ထိုလူကလည်း မိမိသားအတန်းပိုင်ဖြစ်နေတော့ စိတ်ကောက်လို့ကမဖြစ်။ ဒါပေမဲ့ ဆောင်းဟန်ဘင်းစကားကြားပြီးကျန်းဟာအိုမျက်နှာကတော့တည်သွားခဲ့ကာ အောက်နှုတ်ခမ်းဖူးဖူးလေးက သူ့အလိုလိုရှေ့ထွက်လာခဲ့ပြီ။

"ဆရာ ပါပါးစိတ်ကောက်သွားပြီ သွားမစပါနဲ့နော် သူစိတ်ကောက်ရင် သားပဲအမဲခံရမှာဗျ"

"စိတ်ကောက်သွားတာ?"

"မကောက်ပါဘူး ဟန်ယူဂျင်းဘာတွေလျှောက်ပြောနေတာလဲ လာထပြန်မယ်"

"ဟာအို တကယ်စိတ်ကောက်သွားတာပဲ"

"မဟုတ်ပါဘူးနော်"

"ဟားဟား ဟာအိုကတကယ်ချစ်ဖို့ကောင်းတာပဲ"

ဟန်ဘင်းစိတ်ထဲကစကားက ဘယ်လိုအပြင်ရောက်သွားလဲမသိလိုက်။ မထင်မှတ်ပဲထွက်သွားတဲ့ စကားကြောင့် ရေခဲချောင်းကိုင်ထားတဲ့ လူသုံးယောက် ပြောစရာပျောက်ရှပြီး အချင်းချင်း အပြန်အလှန် ကြည့်မိလိုက်ကြသည်။

"အင်း ညမှောင်နေပြီ Omega လေးတစ်ယောက်ထဲ ကျွန်တော်ပြန်လိုက်ပို့ပါမယ်"

"ရပါတယ်ဆရာ ကျွန်တော်ပါပါးကိုကာကွယ်နိုင်ပါတယ်"

နယူးဇီလန်က နို့မှုန့်ကို စျေးကြီးပေးဝယ်တိုက်ခဲ့တာတောင် နောင်တရချင်သွားတယ် မင်း မင်း ဘယ်လိုကလေးလေးလဲကွာ...အမယ်လေး...ငါ့နို့မှုန့်ဖိုးတွေ...

"သိပ်တော်နေတာပါလား..." ဟာအိုပြောလိုက်ပုံက သွားကြားထဲက လေတွေထွက်လာတဲ့အတိုင်းပဲ။

"ယူဂျင်းလေးကာကွယ်နိုင်တာသိပေမဲ့ ဆရာလိုက်ပို့ပါရစေ"

ဟန်ဘင်းရှက်တတ်တာက ရှက်တတ်တာပဲ ဒါပေမဲ့ ညကြီးအချိန်မတော် Omega လေးကို တစ်ယောက်ထဲ ပြန်မလွတ်သင့်ဘူးဆိုတာ သူသိတယ်။ နဂိုထဲက နူးညံ့ချိုသာတဲ့ယောကျာ်း ဆောင်းဟန်ဘင်းအတွက် လူတစ်ယောက်ကို ပြန်လိုက်ပို့ပေးတာက ထူးဆန်းတဲ့ကိစ္စမဟုတ်ဘူးထင်လို့ ပြန်လိုက်ပို့ပေးမယ်ဆိုပြီး ပြောရဲတာ။

ကျန်းဟာအိုလည်းပဲ တော်တော်လေးပျော်သွားခဲ့ပါတယ်။ သူ့ဘဝမှာ Alpha တစ်ယောက် အခုလိုအိမ်ပြန်လိုက်ပို့တာမျိုး တစ်ခါမှမကြုံဖူးလို့လေ။

အပြန်လမ်းတစ်လျှောက် ဟန်ဘင်းက ယူဂျင်းကိုချီထားပေးတယ်။ ဟာအိုကတော့ ဟန်ဘင်းဝယ်လာတဲ့ပစ္စည်းထုတ်လေးသယ်ကာ ဟန်ဘင်းဘေးနားက​နေ နူးနူးညံ့ညံ့လေး လမ်းလျှောက်ပြီးလိုက်လာခဲ့တာပေါ့။ ဒါ သူအထက်တန်းတုန်းက အချိန်တွေဆီ ပြန်ရောက်သွားသလိုမျိုးပဲ။ လမ်းလျှောက်ရင်း ခံစားမိတဲ့ ဟန်ဘင်း pheromone တွေက သူ့ကို ဆယ်ကျော်သက်လေးလိုမျိုး ရင်ခုန်စေတယ်။ ထိုခဏ သူတကယ် လူပျိုဘဝကိုပြန်ရသွားသလိုပဲ ကလေးကလည်းအခု ဟန်ဘင်းလက်ထဲမှာမဟုတ်လား။

"ဟင် ဟာအိုတို့က ဒီတိုက်မှာနေတာလား?"

"အင်း ၅လွှာ"

"ကျွန်တော်လည်း ၅လွှာမှာပဲ"

ဒီနေ့ထပ်သိလိုက်ရတာက သူတို့သားအဖနဲ့ ဟန်ဘင်းက မျက်နှာချင်းဆိုင် အိမ်နီးနားချင်းတွေဖြစ်နေတယ်ဆိုတာကိုပေါ့။ ဟန်ဘင်းက ဒီနှစ်ကျောင်းဖွင့်တဲ့ရာသီမှ ပြောင်းလာတာမို့ တစ်လတောင်မရှိသေးဘူးလေ။

"ကျွန်တော် အိမ်ပြောင်းတဲ့အထိမ်းအမှတ် ဆန်မုန့်လာပေးတော့မလို့ပဲ"

ဟာအိုကတော့ ဟန်ဘင်းပြောတာတွေ ဘာမှမကြားတော့ဘူး သူ့အိမ်နီးနားချင်းကိုကြည့်ပြီး ဘုရားသခင်ချစ်တော်လေးရာထူးကို သူပြန်ရပြီလားလို့ သံသရဝင်လာတယ်။

ငါလေး ကလေးကိုပဲ သေချာတွေပြုစုနေလို့ ဘုရားတောင် လက်ပိုက်ကြည့်မနေနိုင်ပဲ လက်တွဲဖော်တစ်ယောက်အရောက်ပို့ပေးနေတာများလား...

ကျေးဇူးတင်လိုက်တာ အရှင်ဘုရား ကျွန်တော်မျိုး လိမ္မာရကျိုးနပ်လိုက်တာ...ဟို...ချစ်တယ်ဆိုတဲ့စကားလုံးကြီးက ပြောဖို့စောသေးပေမဲ့လည်း... တကယ်မြတ်မြတ်နိုးနိုး ချစ်သွားမှာပါ...

ဒီလိုနဲ့ ဟာအိုအိမ်ထဲရောက်ရောက်ချင်း ကုတင်ပေါ်ပြေးပြီး သုံးပတ်လိမ့်လိုက်တယ်။ ဒါကိုမြင်တဲ့ ချန်ချန်ကတော့ ခေါင်းတခါခါနဲ့။

တီတီတို့ ပါပါးရူးသွားပြီထင်တယ် ဒီနေ့လဲအချစ်ရူးပေါ့
ဟူး...အဖေတစ်ယောက်ရှိတာ တကယ်မလွယ်ဘူးတီတီတို့ရယ် ထိန်းရခက်လိုက်တာ သားမျက်နှာတွေလည်း ပူရပါတယ်။

အဖေတစ်ကောင် နွားတစ်ထောင်တဲ့...

မတွေ့တော့လည်းမတွေ့လို့ တွေ့ပြန်တော့လည်း တိုက်တိုက်ဆိုင်ဆိုင်။ ချန်ချန်ကိုကျောင်းလိုက်ပို့ဖို့ အိမ်ကအထွက်မှာ ဟန်ဘင်းကလည်း သူ့အိမ်ထဲကထွက်လာတယ်လေ။

"ဟာအို ချန်ချန့်ကိုကျောင်းပို့တော့မလို့လား? မစောဘူးလား ကျွန်တော်တောင်အခုမှ ကျောင်းသွားမှာကို"

"အင်းဟန်ဘင်း၊ ကျွန်တော်ဒီနေ့အလုပ်မှာ ကိစ္စလေးရှိလို့စောစောပို့မလို့"

"အရေးကြီးရင် ဟာအိုသွားနှင့်လေ ကျွန်တော်ချန်ချန်ကိုခေါ်သွားပေးမယ်"

"မဟုတ်တာ..."

"ရပါတယ်"

"မဟုတ်တာ"

သူ့ကို နှစ်ဖက်လုံးက ဆွဲနေကျတော့ ချန်ချန်ဒေါသထွက်လာပြီး သူ့ရှေ့က ဘာမှမဟုတ်တာလေးကို ငြင်းနေကြတာလား...ကျီးစားနေကြတာလား...မသိတဲ့လူကြီးနှစ်ယောက်လက်ကိုခါလိုက်ပြီး နှစ်ယောက်လုံးကို တစ်ချက်ဆီ ကြည့်လိုက်သည်။

"တော်တော့ အတူတူလိုက်ပို့ဟုတ်ပြီလား"

ဒီလိုနဲ့ ချန်ချန်ဟာ ဘဝမှာ ပထမဆုံးအနေနဲ့ လူနှစ်ယောက်လက်ကို တစ်ဖက်စီဆွဲပြီး ကျောင်းသွားလိုက်ရတယ်။ မနက်တိုင်း ဒီလိုသွားရရင်ကောင်းမှာပဲ ဟီးဟီး...

"ဟန်ဘင်း မနက်စာ စားပြီးသွားပြီလား?"

"အင်း ဟာအိုတို့ရော?"

"စားပြီးပြီဆရာဟန်ဘင်း။ ဆရာဘာနဲ့စားလဲဟင်?"

" ကင်ချီဟင်းရည်နဲ့ အရံဟင်းနည်းနည်းနဲ့ပါ"

"ဝါးး ကောင်းလိုက်တာ ပါပါးက သားကို cereal ပဲကျွေးတာ"

"တခြားဟာကျွေးတော့စားတာကျနေတာပဲ"

အမှန်တော့ ကလေးတစ်ယောက်ဝေယျာဝစ္စလုပ်နေရတာနဲ့တင် တော်တော်အချိန်ယူရတာဖြစ်လို့ မနက်ကို ထမင်းပူပူလေးစားရဖို့ဆိုတာ ဟာအိုတို့သားအဖအတွက် ဒီတသက်မဖြစ်နိုင်။ ချန်ချန်ကြီးလာရင်တော့ တစ်မျိုးပေါ့။ ဟန်ဘင်းရဲ့ ကင်ချီဟင်းရည်အကြောင်းကြားတော့ ဟာအိုပါ တံတွေးမျိုချမိသွားသည်။ အရသာရှိတဲ့ဟင်းတွေက ထာဝရ သူ့အားနည်းချက်ဖြစ်နေမှာ။

သားဖနှစ်ယောက်လုံးရဲ့ အားကျနေတဲ့မျက်ဝန်းတွေကို ဟန်ဘင်းမြင်လိုက်တော့ တိတ်တိတ်လေး ဝမ်းသာသွားတယ် ဒါသူ့အတွက် အခွင့်အရေးပဲ။

"ဟို မနက်မနက်ဆို ဟာအိုယူဂျင်းကိစ္စတွေလုပ်နေရတာနဲ့ တော်တော်ပင်ပန်းမှာပဲ"

"ဟင့်အင်း သားကလိမ္မာပါတယ် သားဘာသာသား ရေချိုးတာဗျ"

"အာ..."

ဟာအိုမှာတော့ ချန်ချန်ကိုချီပြီး လေထုထဲပစ်လွှတ်လိုက်ချင်ပြီ။ ငါမင်းကို Elon Musk ရဲ့ဒုံးပျံနဲ့ အာကာသထဲပို့ပစ်မှာ!!

"ကလေးတစ်ယောက်ရှိတော့ ဒီလိုပါပဲလေ..."

"မနက်စာဆိုတာ အာဟာရရှိအောင် သေချာစားပေးရတယ် ကလေးကလည်း ငယ်သေးတာဆိုတော့ ဟာအိုတစ်ယောက်ထဲ ပင်ပန်းရင် ကျွန်တော့်အိမ်မှာ မနက်စာ လာစားပါလား မဟုတ်ရင်တောင် မေမေက အရံဟင်းတွေ အများကြီးထည့်ပေးလိုက်လို့ မကုန်မှာဆိုးနေတာ မနက်တိုင်း ချက်ရတာခြင်းအတူတူ နှစ်ယောက်စာပိုသွားတာက ဘာမှမဖြစ်ပါဘူး ယူဂျင်းလေး ကင်ချီဟင်းရည်ကြိုက်တယ်မဟုတ်လား..."

ဟာအိုအားနည်းချက်က အရသာရှိတဲ့ ဟင်းပွဲတွေဆို ဟန်ဝေ့ချန်ကိုပျိုးထောင်ခဲ့သူက ကျန်းဟာအိုဖြစ်နေတာကြောင့် ချန်ချန်မှာလည်း အိမ်ချက်ဟင်းတွေ သဘောကျသည်။ သူအမြဲ ကီကီထမင်းချိုင့်ထဲက နှိုက်စားနေကျလေ။

"ပါပါး သားတို့ထီပေါက်တာပဲ!"

ကလေးဆိုတဲ့အမျိုးက အားနာရကောင်းမှန်းဘယ်သိပါ့မလည်း...လူကြီးကျတော့ အနည်းငယ်မူရသေးတာပေါ့...

"ဟန်ဘင်းကလည်း အားနာစရာကြီး"

"မဟုတ်တာမဟုတ်တာ အားနာရင် ဟာအိုက ညစာပြန်ဝယ်ကျွေးပေါ့ ညဘက်ကျ ကျွန်တော်လည်း အလုပ်ကပင်ပန်းလာတော့ ဟင်းမချက်ဖြစ်တော့ဘူး"

ဒီလိုနဲ့ပဲ ဟာအိုတို့သားအဖဟာ မနက်တိုင်း တစ်ဖက်အိမ်ကူးကာ မနက်စာစားပြီး၊ ဆောင်းဟန်ဘင်းမှာတော့ ညနေတိုင်း သားဖနှစ်ယောက်နှင့်အတူ ညစားတဲ့ အလေ့အကျင့်ဖြစ်လာပါတော့သည်။

𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊

Feb,29,2024


You are reading the story above: TeenFic.Net