🐰•1

Background color
Font
Font size
Line height

ဒီကမ္ဘာက စာဖတ်သူတို့ကမ္ဘာကြီးနဲ့ အများကြီးကွာခြားပါတယ် ဘာလို့ဆိုတော့ ABO world မို့ပါ။ ABO world ဆိုတာဘာလဲ ? Alpha Beta Omega တွေနေထိုင်တဲ့ ကမ္ဘာကြီးပေါ့ ရှင်းတယ်မဟုတ်လား? မရှင်းရင်လည်း Google ခေါက်လိုက်တော့ ကျွန်တော့်အကြောင်းမိတ်ဆက်ချင်လာပြီ။

Hi ကျွန်တော်က ကျန်းဟောက်။ နာမည်ကိုကြည့်ထဲက တရုတ်လူမျိုးတစ်ယောက်မှန်းသိသာတယ်မဟုတ်လား? မသိရင်တော့ ခင်ဗျားတုံးနေလို့ပဲ။

မျိုးရိုးက ကျန်း( 章) နာမည်က ဟောက် (昊) နွေဦးကောင်းကင်ဆိုတဲ့ ဟောက်။ နာမည်တိုင်း အရမ်းလှတဲ့ Omega လေးတစ်ယောက်ပေါ့။

ကျွန်တော့်ကို ချစ်ဖို့ကောင်းတယ်လို့ပြောရင်လည်းမမှားဘူး၊ ချောတယ်လို့ပြောရင်လည်းမမှားဘူး၊ လှတယ်လို့ပြောရင်လည်းမမှားဘူး။ ကျောင်းတတ်တုန်းကဆို ကျွန်တော့်နောက်လိုက်ခဲ့တဲ့ Alpha အရေအတွက်က ထမင်းစားဆောင်မှာတန်းစီတဲ့ကျောင်းသားရေအတွက်နဲ့ ညီမျှခြင်းချလို့ရတယ်ဗျ။

ချောတာလှတာပဲလားဆိုတော့ နိုး နိုး...အရမ်းမှားသွားမှာပေါ့ ကျွန်တော်က အဆင်းရော အချင်းပါပြည့်စုံတဲ့ Omega လေး။ Cutie type visual နဲ့ ဆန့်ကျင်ဘက် Sexy brain ကိုပါပိုင်ဆိုင်ထားသေးတာ ကျစ် ကျစ် ကျစ် ဘုရားသခင်က ကျွန်တော့်ကို တကယ်ချစ်တာပဲ...

ဘယ်လောက်ချစ်လဲဆို ကျွန်တော့် pheromone အနံ့ကိုပဲကြည့် လာဗင်ဒါတဲ့လေ။ လာဗင်ဒါဆိုတဲ့အနံ့က ကျားမ မရွေး နှစ်သက်တဲ့အနံ့လေ...ချိုလွန်းတာလည်းမဟုတ်ဘူး အနံ့ပြင်းလွန်းတာလဲမဟုတ်ဘူး။ နူးနူးညံ့ညံ့feminine ဆန်တဲ့ ပန်းအနံ့နဲ့ masculine ဆန်ဆန် woodsy အနံ့တို့ပေါင်းစပ်ထားသလိုမျိုးလေးလေ။ ဒါ့အပြင် လာဗင်ဒါအနံ့က ဆေးဖက်လည်းဝင်သေးတာဗျ၊ လာဗင်ဒါအနံ့က အိပ်မပျော်တဲ့လူတွေကိုအထောက်အကူပြုတယ်တဲ့ ဘယ်လောက်မိုက်လဲ...

ဒီလိုပြည့်စုံပျော်ရွှင်နေတဲ့ ကျွန်တော့်ဘဝကြီးထဲ 2007 March လ 20ရက်နေ့မှာ နီတာရဲပေါက်စလေးတစ်ကောင် စတင်ပြီးဝင်ရှုပ်တော့တယ်။ အဲ့တုန်းက ကျွန်တော်က ပထမနှစ်ကျောင်းသားလေးပဲရှိသေးတာလေ။ စစက ဒီကလေးပေါက်စလေးကို ငြင်းချင်ပေမဲ့ နီနီရဲရဲနဲ့ သွားလည်းမပါသေးတဲ့ကလေးပိစိလေးကို မြင်မြင်ခြင်း ကျွန်တော့်ရဲ့ ငြင်းဆန်နိုင်စွမ်းတွေကို ဒီကလေးလေးက အကုန်ဆုပ်ယူသွားသလိုပဲ။ ဒီလိုနဲ့ပဲ 2007ထဲက ဒီပေါက်စလေး ဘာတောင်းဆိုတောင်းဆို မငြင်းနိုင်ခဲ့တာ အခုလက်ရှိအချိန်အထိပဲဆိုပါတော့။

ဘုရားသခင်ရဲ့ အချစ်ဆုံးသားတော်လေးနေရာကလည်းရာထူးကျသွားခဲ့ပြီး တက္ကသိုလ်မှာလည်း အထက်တန်းတုန်းကလို ပေါ်ပေါ်ထင်ထင်မနေရဲတော့ဘူး...ဘာလို့ဆို ကျွန်တော်က ကလေးတစ်ယောက်နဲ့ကိုဗျ။ ကျွန်တော်ဘယ်လောက်လှလှ ကလေးတစ်ယောက်နဲ့ omega ကိုဘယ်သူက စိတ်ဝင်စားမှာလည်းလေ...

လက်ရှိ 2014 March

"ချန်ချန် ထတော့လေ ထတော့! ဒီနေ့ကျောင်းစတက်ရတော့မှာ မူလတန်းဒုတိယနှစ်ကျောင်းသားကြီးတောင်ဖြစ်နေပြီ အိပ်ပုတ်လုပ်နေလို့ မရတော့ဘူး"

ဒီကလေးကဘယ်သူ့ဆီက ဗီဇပါလာလို့လဲမသိ တအားအပျင်းကြီးတာ ကျွန်တော့်လိုမဟုတ်ဘူးဗျာ~

"ပါပါး သားကျောင်းမသွားချင်ဘူး"

"ကျောင်းမသွားချင်ရင်ရတယ်လေ အိမ်မှာပဲနေ ဒါပေမဲ့ ပါပါး wifi ဖိုးမသွင်းတော့ဘူး iPad လည်းသိမ်းရမယ်"

ဟူး~~~လူဖြစ်ရတာ ခက်ခဲလိုက်တာ တီတီတို့ရယ်။ သားပါပါးက ဒီနှစ်ဆို အသက် 24 နှစ်ပြည့်တော့မဲ့ omega တစ်ယောက် အခုအသက်အရွယ်အထိ လက်တွဲဖော် alpha မရှိသေးလို့လားမသိဘူး ဇီဇာကြောင်ပြီး ပွစိပွစိပြောတယ် ပြီးတော့ ခဏခဏလည်းစိတ်ကောက်တတ်တယ်ဗျာ...

သားကြီးလာရင် beta ပဲဖြစ်ချင်တယ် သားမျက်လုံးထဲမှာ beta တွေက စွမ်းအားအကြီးဆုံးပဲ သူတို့က pheromone တွေရဲ့ထိန်းချုပ်မှူကို မခံစားရဘူးလေ။ ပါပါး heat ဝင်တုန်းကပုံစံမြင်ဖူးတယ်...သူအများကြီးနာကျင်နေရှာတာ ပါပါးသနားပါတယ်...သားလည်းပါပါးကို Alpha တစ်ယောက်ရှာဖို့ပြောပါတယ်...ဒါပေမဲ့ ပါပါးကိုကြိုက်တဲ့လူမရှိဘူးလေ...သားသားကြောင့်ပဲနေမှာပါ...

ကိစ္စမရှိပါဘူး သားလည်းပါပါးကို တခြားသူလက်ထဲမထည့်ချင်ဘူး ပါပါးက သားတစ်ယောက်ထဲအတွက်။ သားကြီးလာရင် ပိုက်ဆံတွေအများကြီးရှာပြီး ပါပါးကိုစောင့်ရှောက်မှာ ဒါပေမဲ့...ကျောင်းတော့ သွားမတက်ချင်ဘူးလေ...အဲ့တာကြောင့် ကျောင်းမတက်ပဲ ငွေအများကြီးရှာနည်းကို YouTube မှာ လေ့လာနေပါတယ်ဗျ။

ဒါပေမဲ့ ပါပါးက ကျောင်းမတက်ရင် WiFi ဖြတ်မှာတဲ့ WiFi မရရင် YouTube လည်းမရတော့ဘူး အဲ့တာကြောင့် ကျောင်းသွားတက်ရဦးမယ် ဝူး ဝူး ဝူး ...

"အသီးအရွက်တွေအကုန်စားနော် သူငယ်ချင်းတွေနဲ့တည့်အောင်ပေါင်း သူများအနိုင်ကျင့်ရင် ငြိမ်မခံနဲ့ပြန်လုပ် ဟုတ်ပြီလား?"

"အတန်းပိုင်ဆရာနဲ့ တိုင်ပြောရမှာမဟုတ်ဘူးလား ပါပါး"

"ငတုံးလေး မင်းတိုင်မပြောရသေးခင် ဟိုကမင်းကို တစ်ခုခုလုပ်လိုက်ရင် ဘယ်လိုလုပ်မလဲ"

တီတီတို့မစိုးရိမ်ပါနဲ့ သားက အတန်းပိုင်နဲ့ပဲတိုင်ပြောမှာပါ ဟုတ်ပြီလား။ ပါပါးပြောတဲ့အတိုင်းမလုပ်ပါဘူး သားသားကလိမ္မာတဲ့လူ ပါပါးလိုမဟုတ်ဘူး ဟီးဟီး။

"ခေါင်းကုတ်မနေနဲ့ ဝင်သွားတော့ ပါးပါးညနေလာမကြိုလည်း တစ်ယောက်ထဲပြန်တတ်တယ်မဟုတ်လား ကျောင်းနဲ့အိမ်နီးနီးလေးပဲကို"

ချန်ချန်မှာ နှုတ်ခမ်းထော်လို့။

"ပါပါးအလုပ်ကပြန်လာရင် ရေခဲမုန့်ဝယ်ခဲ့မယ်လေ"

"ဟုတ်ကဲ့ပါပါး လူစိမ်းတွေနဲ့စကားမပြောရဘူး အိမ်ကိုပဲတည့်တည့်မတ်မတ်ပြန်ရမယ် သားသိပါတယ်"

"အိုခေ!"

သားဖနှစ်ယောက် မူလတန်းကျောင်းရှေ့ အချင်းချင်းမျက်စိမှိတ်ပြလိုက်ပြီ အသည်းသေနတ်များ တရစပ် ပစ်လွှတ်လိုက်သည်။

𓆝 𓆟 𓆞 𓆝 𓆟

"ပါပါးနောက်ကျတယ် သားဗိုက်စာနေပြီ"

"ဒီမှာကြည့် ချန်ချန်ကြိုက်တဲ့ အမဲအူ"

"ဟွန့် အဲ့တာသားကြိုက်တာမဟုတ်ဘူး ပါပါးကြိုက်တာလေ"

ဟုတ်ပါတယ် အမဲအူက ကျွန်တော်ကြိုက်တာ ဒီကလေးလေးက ညာကျွေးလို့လည်း မရဘူးဗျာ။ အဲ့တာကြောင့် အမဲအူဝယ်ရင်း သုံးထပ်သားကင်လေးပါ နည်းနည်းဝယ်ခဲ့ပါတယ် ကျွန်တော် ကလေးသေးသေးလေးကို မရက်စက်ပါဘူး။

"ရော့အဲ့မှာ သုံးထပ်သားကင်။ ဒါနဲ့ အိမ်စာတွေရောပြီးပြီလား?"

"ဟီး"

"အိမ်စာမပြီးရင် နိုး ရေခဲမုန့်ပဲ အိုခေ?"

တီတီတို့ ပါပါးသာချစ်သူရသွားရင် သားကိုအခုလောက်ချုပ်ချယ်လောက်ဦးမလားဟင်? ကလေးပဲ အိမ်စာမလုပ်ချင်တာ သားအပြစ်မဟုတ်ပါဘူး...ဒါပေမဲ့ သားလိုချစ်ဖို့ကောင်းတဲ့ကလေးကို ရေခဲမုန့်မကျွေးတာက ပါပါးအပြစ်ဖြစ်သွားပြီ။

သားသူငယ်ချင်း ကီကီကပြောတယ် သူ့မေမေက သူ့ကိုအိမ်စာမလုပ်လို့ ရေခဲမုန့်မကျွေးရင် သူ့ဖေဖေက တိတ်တိတ်လေးခိုးကျွေးတယ်တဲ့။ သားလဲ ပါပါးကို ချစ်သူရှာပေးသင့်ပြီလို့ထင်တာပဲ ပါပါးအရွယ်မလွန်သွားခင်၊ သားပါပါးက အခုတောင်အသက်ငါးဆယ်ရဲ့ တစ်ဝက်ဖြစ်နေပြီဗျ! အဲ့တာကြောင့် မြန်မြန်လေး သားကိုအလိုလိုက်နိုင်မဲ့လူတစ်ယောက်ကို ပါပါးအတွက်ရှာပေးရတော့မယ်။

"ဒီနေ့ ပထမဆုံးကျောင်းပြန်ဖွင့်တဲ့နေ့ အဆင်ပြေလား?"

"ဟုတ် သားကကီကီနဲ့အတူတူထိုင်ရတာ"

"ကောင်းတာပေါ့ အတန်းပိုင်တွေ တခြားဆရာတွေရောအဆင်ပြေလား စာတွေနားလည်ရဲ့လား"

ကျောင်းကဒီနေ့မှစဖွင့်တာကို စာတွေမေးနေပြန်ပါပြီ။ ပါပါးက ဘာလို့စာတွေကိုသဘောကျလည်း သားနားမလည်နိုင်ဘူး အထူးသဖြင့် ပါးပါးက ကိန်းဂဏန်းတွေကိုသဘောကျတယ်ဗျာ အီးးး သင်္ချာတွေ ကြက်သီးထစရာကြီး မုန်းတယ်!

"ပါပါး ဒီနေ့မှ ကျောင်းစဖွင့်တာလေ စာကဘယ်သင်ဦးမလဲဗျ။ အတန်းပိုင်ဆရာက အဆင်ပြေပါတယ် သူက Alpha တစ်ယောက်ဆိုပေမဲ့ ပါပါးထက်ပိုပြီးတောင် စကားပြောတာနူးညံ့သေးတယ် အများကြီးလည်းပြုံးပြတယ်"

အတန်းပိုင်ဆရာအသစ်အကြောင်း စဉ်းစားကြည့်တော့ မဆိုးဘူး သဘောကောင်းတဲ့အပြင် သကြားလုံးလဲကျွေးသေးတယ် သားကိုလည်းချစ်တယ်။

"ပါပါး ဆရာကတော်တော်လေးချောတယ်"

"ဟုတ်လား"

"အင်း မနက်ဖြန် ပါပါးကျောင်းလိုက်ပို့တဲ့အခါ သားမိတ်ဆက်ပေးမယ်"

ဟိဟိ ဒါက ရေခဲမုန့်နေ့တိုင်းစားရဖို့ မစ်ရှင်တစ်ခုပဲ။ ဆရာက အိမ်စာလည်းမပေးဘူး အဲ့တာကြောင့်ပါပါးနဲ့ချစ်သူတွေဖြစ်သွားရင် သားကိုရေခဲမုန့်ခိုးကျွေးမှာသေချာတယ်။

"ချန်ချန်ထ..." "ဟမ်...နိုးနေပါလား အံမယ် သွားတောင်တိုက်ပြီးပါရောလား သိပ်တော်နေတာပဲ"

ဒီနေ့ချန်ချန် ပြောရဆိုရလွယ်နေတာကြောင့် ဟာအိုပါးလေးကို ဆွဲဆိတ်လိုက်တယ်။

"သားတို့အတန်းပိုင်ကမှာထားတယ် သားတို့ကအရွယ်ရောက်နေပြီမို့ ကိုယ့်အားကိုယ်ကိုးရမယ်တဲ့ ပါပါးတို့ကို အကူအညီမပါပဲ မျက်နှာသစ် သွားတိုက်နိုင်ရမယ်"

အင်း အတန်းပိုင်အသစ်က ဘယ်ဆိုးလို့လဲ...

"မင်းတို့အတန်းပိုင်အသစ်က အဆင်ပြေသားပဲ"

"ဒါပေါ့ လူချင်းတွေ့ကြည့်ရင်ပိုတောင် အဆင်ပြေသွားမှာ"

𓆝 𓆟 𓆞 𓆝 𓆟

"ဟိုမှာတွေ့လား ဟိုမှာ"

မူလတန်းကျောင်းရှေ့ရှိ သစ်ပင်အကွယ်မှာ လှုပ်စိလှုပ်စိဖြစ်နေတဲ့ သားဖနှစ်ယောက်။

"မင်းပါးက အဝေးမှုန်ကွ"

"ဟာ...ပါပါးကလည်း ဟိုမှာ အဖြူရောင်ဆွယ်တာနဲ့လေ"

ဪ...မြင်ရပါပြီ ချန်ချန့်အတန်းပိုင်။ အင်း ကလေးပြောသလို တကယ်ချောတာပဲ...ဆွယ်တာနဲ့တောင် ထင်ရှားနေတဲ့ ရင်အုပ်ကျယ်ကျယ်ကိုကြည့်ရတာ ဒီလူက လေ့ကျင့်ခန်းလုပ်ရတာသဘောကျတဲ့ပုံပဲ။ အဟမ်း ရုတ်တရက်ပူလာလိုက်တာ...

"မင်း...မင်းအတန်းပိုင်က တကယ်ချောတာပဲ"

"ဘာလုပ်ရမလဲ သိတယ်မဟုတ်လား"

"ဟုတ်ကဲ့ ကိုကို"

"တော်တယ်"

ဟာအို လူယုတ်မာအပြုံးကြီးနဲ့ ကလေးလက်ဆွဲပြီး အတန်းပိုင်ဆီလျှောက်သွားခဲ့တယ်။ နီးကပ်လာတာနှင့်မျှ လေထုထဲရှိ ပူရှိန်းအနံ့လေးက ပိုပိုပြီး သင်းပျံ့လာလိုက်တာ ထို Alpha ရဲ့ pheromone အနံ့ဖြစ်မယ်ထင်ပါရဲ့။

"ဆရာ မင်္ဂလာမနက်ခင်းပါခင်ဗျ"

"ယူဂျင်းလေး ကောင်းသောမနက်ခင်းပါ။ ဒီဘက်က ယူဂျင်းဖေဖေထင်တယ် တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က ယူဂျင်းအတန်းပိုင် ဆောင်းဟန်ဘင်းလို့ခေါ်ပါတယ်"

"သားဖေဖေမဟုတ်ဘူး သားရဲ့ကိုကိုပါဆရာ"

ယူဂျင်းစကားကြောင့် ဆရာဖြစ်သူ Alpha ကအားနာသွားပုံပေါ်၏။

"အာ စိတ်မရှိပါနဲ့နော်"

သေချာပေါက်စိတ်မရှိပါဘူး! ကျွန်တော်က ရုပ်ချောတဲ့လူတွေအပေါ် လွယ်လွယ်နဲ့စိတ်မတိုတတ်ဘူးလေ။ ပြီးတော့အခုက ထို alpha အမှားလည်းမဟုတ်ပါဘူး။

ဟာအို နားရွက်နားရှိ ရွှေရောင်ဆံပင်တွေကိုသပ်တင်သလိုနဲ့ ထို Alpha ကိုပြုံးပြလိုက်သည်။ သူ့ထံအခုချက်ချင်း ချစ်သူရှာဖွေဖို့ စိတ်ကူးမရှိပေမဲ့ ဒီလို ခန့်ခန့်ညားညား Alpha ကို မနက်တိုင်း ချန်ချန်လေးကို ကျောင်းသွားပို့ရင် တွေ့ရတော့မှာ...ဒါမင်္ဂလာရှိတဲ့ကိစ္စမဟုတ်လား!!

သူမှမဟုတ်ပါဘူး တခြားကလေးတွေကို ကျောင်းလာပို့တဲ့ မိဘတွေလည်း ဆောင်းဟန်ဘင်းဆိုတဲ့ Alpha ကြောင့် အပြုံးပန်းတွေ ဝေဆာနေလိုက်တာများ။ ဟာအိုထင်တာမမှားရင် ဟန်ဘင်းက အခုမှကျောင်းပြောင်းလာတဲ့ ဆရာအသစ်ဖြစ်နိုင်ပါတယ်။ ဆရာအဟောင်းသာဆို မနှစ်ချန်ချန်ကို ကျောင်းလိုက်ပို့ထဲက သေချာပေါက်သူ သတိထားမိမှာပေါ့။

"ကျန်းဟာအိုပါ...ယူဂျင်းကို အကူအညီတောင်းပါတယ်ဆရာ သူကတစ်ခါပြောရုံနဲ့မရပေမဲ့ ချော့ပြောပေးရင် ညှိနှိုင်းရလွယ်တဲ့ကလေးလေးပါ"

"မဟုတ်တာ ယူဂျင်းလေးကလိမ္မာပါတယ်"

သူ့သားကိုလိမ္မာတယ်လို့မြင်တဲ့လူ သိပ်မရှိဘူး။ ကလေးကမလိမ္မာတာတော့မဟုတ်ပေမဲ့ လူစိမ်းတွေနဲ့ သိပ်စကားမပြောတာကြောင့်ပါ။ ချန်ချန်ရဲ့ဒီအကျင့်ကတော့ ငယ်ငယ်ကသူ့ပုံစံနဲ့ ဆင်တူလို့ ဟာအိုချန်ချန့်ကို လူစိမ်းတွေနဲ့စကားပြောဖို့ရန် ဖိအားမပေးဘူး။  ဒီကလေးက သူနဲ့ဆိုရင်တော့ သာလိကာလေးလို စကားပြောတဲ့အချိန်တွေ ရှိတာမို့ပါ။

𓆝 𓆟 𓆞 𓆝 𓆟

"ဟာအိုဒီနေ့မျက်နှာလေးလန်းနေပ့ါလား"

"လန်းမှာပေါ့ ကျွန်တော်ဒီနေ့ ချန်ချန့်ကိုကျောင်းပို့ရင်း Alpha ချောချောလေး တွေ့ခဲ့တယ်လေ"

ကျွန်တော့်အလုပ်က ဇာတ်ညွှန်းရေးဆရာလေ။ N netရဲ့ တီဗီဇာတ်လမ်းတွဲမဟုတ်တဲ့ ဟာသရှိုးတွေရဲ့ဇာတ်ညွှန်းရေးဆရာ။ ဒရမ်မာဇာတ်လမ်းတွေ ဖန်တီးဖို့ ကြိုးစားကြည့်ပါသေးတယ် ကျွန်တော့်အထက်က စီနီယာက မင်းအချစ်ဇာတ်လမ်းတွေက ဟာသဆန်နေတယ်ဆိုပြီး ကျွန်တော့်ကို variety show department ကို ပို့လိုက်တာပဲ။ စီနီယာမမှားပါဘူး ဟာသရှိုးတွေက ကျွန်တော်နဲ့ပိုအဆင်ပြေတာကိုတွေ့ခဲ့ရတယ် ဘာလို့ဆို ကျွန်တော်က ပျော်ပျော်နေတတ်တဲ့ လူတစ်ယောက်မို့နေမှာပေါ့။ အချစ်ဒရမ်မာတွေ မရေးနိုင်တာကတော့ အချစ်ဆိုတာကို မခံစားဖူးသေးလို့ဆိုပြီးတော့တော့ ဝန်မခံချင်ပါဘူးလေ သိက္ခာကျတယ်။

ဒီလိုနဲ့နေ့လည်ခင်း meeting အခန်းကအထွက် ကုမ္ပဏီရဲ့နေ့လည်စာ menu က ဝက်နံရိုးအစပ်ဆိုတာကြားလို့ ဟာအိုပြေးသွားဖို့အလုပ်မှာတော့ ချန်ချန်ကျောင်းမှ ဖုန်းဝင်လာခဲ့တယ်

"ဟယ်လို ဟန်ယူဂျင်းရဲ့ အုပ်ထိန်းသူလားမသိဘူး?"

"ဟုတ်ပါတယ်ခင်ဗျ"

ဖုန်းခေါ်ဆိုမှုအပြီးမှာတော့ ဟာအိုကုတ်အင်္ကျီဆွဲပြီး ပြေးရတော့သည်။ သူပြေးသွားချင်ခဲ့တာက ကုမ္ပဏီကန်တင်းပေမဲ့ တကယ်တန်းရောက်သွားတာက ချန်ချန် ကျောင်းကို။

"ပါပါး အီး ~ ဟီး ~ ဟီး ~ ပါပါး"

မျက်ရည်တွေ ဘူးသီးလုံးလောက်ကျနေတဲ့ ချန်ချန်က ဟာအိုမြင်တာနဲ့ပြေးဖက်လာခဲ့ပြီး နားနေခန်းထဲ ဆောင်းဟန်ဘင်းဆိုတဲ့ Alpha လည်းရှိနေခဲ့တယ်လေ။

ကျစ် ဒီကလေးဆိုးလေးနဲ့! မနက်လိမ် နေ့လည် ပေါ်တာများ မနက်က ကိုကိုဆိုပြီး ညာခေါ်နေသေးတယ်။ ဟာအိုစိတ်ထဲ သေးသေးလေး နောင်တရသွားတယ်။

"ယူဂျင်းမိဘတွေရောမသိဘူး"

"ကျွန်တော်ပါ ယူဂျင်းအဖေ"

"အာ..."

"ကလေးက ကိုကိုလို့စနေကျမို့ မနက်က ဆရာအထင်လွဲသွားတယ် ထင်တယ်"

အပြုံးလှလှလေးနဲ့ မျက်နှာပြောင်တိုက်တာ ကျွန်တော်အကျွမ်းဆုံးလေ မဟုတ်ရင် ဟာသရှိုးဇာတ်ညွှန်းရေးဆရာ ဘယ်လုပ်တော့မလဲဗျ။ ဒီ Alpha ကို ကြံဖို့တောင် စိတ်မကူးရသေးဘူး ပျက်တော့တာပဲဆိုတာကို ဟာအိုတွေးကာရီချင်ပေမဲ့ ချန်ချန်ငိုသံကြောင့် ရီချင်စိတ်တွေပျောက်ကုန်တယ်လေ။

"မငိုနဲ့ တိတ် ဘာဖြစ်တာလဲ ပါပါးကိုပြော"

" ဟင့် ဟင့် ပါပါးသားကိုဆူမှာလားဟင်"

ဟောကြည့်စမ်း အတန်းပိုင်ချောချောလေးရှေ့ သူ့ကိုလူကြမ်းကြီးဖြစ်အောင်လုပ်ပြန်ပြီ ။

"သူ့လက်ကောက်လေးပျောက်သွားလို့တဲ့"

"လက်ကောက်? ဘာလက်ကောက်လဲ"

ထိုအခါချန်ချန်မှတိုးတိုးလေး ဟာအိုကိုပြောလာခဲ့သည်။

"ဟို...မားမားပေးထားတဲ့ဟာ"

𓆝 𓆟 𓆞 𓆝 𓆟
Feb 26,2024


You are reading the story above: TeenFic.Net