🐰•16

Background color
Font
Font size
Line height

နေ့လယ်ခင်း အလုပ်ခဏနားချိန်၌ ဟန်ဘင်းနှင့်ဖုန်းပြောသည်မှာ ကျန်းဟာအိုရဲ့နေ့စဉ်အလုပ်လို။ ယောကျာ်းရှိကြောင်း မရရသည့်နည်းဖြင့် လူတိုင်းကိုအသိပေးချင်ပြီး ကျောင်းထဲ ချန်ချန့်ကိုစပိုင်လုပ်ခိုင်းထားသည်မှ အားမရသေး ကျန်းဟာအိုမှ ဆောင်းဟန်ဘင်း ယောကျာ်းဖြစ်သူနဲ့နေခင်းတိုင်းဖုန်းပြောကြောင်း လူတိုင်းကိုသိစေချင်သည်။

"ဒီနေ့နေ့ခင်းအချိုပွဲက ဘာလည်း?"

"ဒူးရင်းသီး smoothieနဲ့ ဒူးရင်းခရမ်ကိတ်မုန့် ခုနလေးတင်မှာလိုက်ပြီ"

ကျေနပ်ဝမ်းသာ ပီတိဖြာနေသည့်အသံဖြစ်နေရခြင်းမှာ သူတို့အလုပ်နား အအေးဆိုင်အသစ်ဖွင့်ပြီး ထိုဆိုင်၌ ဒူးရင်းအရသာမျိုးစုံ ရနိုင်တာကြောင့်။

အိမ်ပြန်ရောက်လို့နမ်းရင် ဒူးရင်းသီးအရသာတွေ ဖြစ်နေမှာပဲဆိုတာ ဟန်ဘင်းတွေးမိတော့ ခေါင်းတခါခါ။ ဘယ်တတ်နိုင်မလဲဗျာ ဒူးရင်းသီးကိုမကြိုက်ပေမဲ့ ကျန်းဟာအိုကိုချစ်နေတော့ အောင့်ကာနမ်းရှိုက်ရပါဦးမယ်။

"နမ်းတဲ့အကြောင်းစဉ်းစားနေတာမဟုတ်လား"

"ဟူး...မိသွားပြန်ပြီ"

"ငြိုငြင်တာလား ဆောင်းဟန်ဘင်း"

"မဟုတ်ရပါဘူးဗျာ~"

ဟန်ဘင်းရဲ့ အမြန်ငြင်းဆိုသံကို ဘေးနားရှိလုပ်ဖော်ကိုင်ဖက်တွေက လှောင်ရယ်နေပြီလေ။ ဆောင်းဗုဒ္ဓအပြင် ဟာအိုနဲ့လက်ထက်ပြီးနောက်ပိုင်း တိုးလာသည့်နာမည်ပြောင်မှာ မယကပင်။

လူတွေကကြောက်တာနဲ့ချစ်တာ မခွဲတတ်တော့လည်း ခက်သားဗျာ~~ ကျွန်တော်က ချစ်တာမဟုတ်ဘူး ကြောက်တာဗျ! အဲ့ ကြောက်တာမဟုတ်ဘူး ချစ်တာဗျ ချစ်တာ~

ကျန်းဟာအိုစိတ်ဆိုးသွားရင် အသားထိဖို့ပင်မပြောနဲ့ အနားတောင်အကပ်မခံ။ တခြားယောကျာ်းတွေလို ဆိုဖာပေါ်အိပ်ရတဲ့နေ့မျိုးမရှိပေမဲ့ ချန်ချန်နဲ့အတူတူအိပ်ရတဲ့နေ့တွေတော့ ရှိသည်။ တခြားလူတွေလို ဟန်ဘင်းက pheromone သုံးပြီး ဖိအားမပေးမှန်းသိတာကြောင့် ဆိုးချင်တိုင်းဆိုး ဂျီကျချင်တိုင်း ဂျီကျပြီး အနိုင်ယူနေသမျှကို ဆောင်းဟန်ဘင်းမှာလည်း ပြုံးပြုံးကြီးခံလို့ မယက ဥက္ကဌဘွဲ့ကိုတောင် ဂုဏ်ယူစွာလက်ခံယူလိုက်သေးသည်။

မချစ်ဖူးရင် နားလည်မှာမဟုတ်ဘူးဗျ ဆိုးနေတာလေးကိုက ချစ်ဖို့ကောင်းနေတာ...

အလယ်တန်းကျောင်းသားကြီးဖြစ်လာသည့် ချန်ချန်မှာလည်း ပါပါးထက် သူငယ်ချင်းများနှင့်သာ အချိန်အကုန်တာ ပိုများလာလို့ နှစ်ယောက်သားချစ်ကြည်နူးချိန်များလာတာကြောင့် ဟန်ဘင်းပျော်ရွှင်နေပေမဲ့ ကျန်းဟာအိုမှာ သူ့သားကိုစိတ်မချ။

"အဲ့တော့ ချန်ချန်က ကျောင်းပြန်ရင် သူငယ်ချင်းတွေနဲ့ဘောလုံးသွားကန်မယ်ဆိုတယ်လား?"

"အင်း ဟာအိုအိမ်စောစောပြန်ခဲ့လေ"

"သူကဘာလို့ ငါ့ကိုကျမပြောပဲ မင်းကိုတော့ပြောတာလဲ?!"

"ပါပါးဆူမှာဆိုးလို့တဲ့..."

ကောင်းလိုက်တာ အဖေတစ်ယောက်ထပ်ရပြီးထဲက ငယ်ငယ်ထဲက မွေးခဲ့ရတဲ့အဖေကိုမေ့ပြီး နောက်ပေါ်လာတဲ့အဖေနားပဲကပ်နေတာ။ မွေးရကြိုးနပ်တယ် မွေးရကြိုးနပ်တယ်!!

"ကလေးကိုတအားအလိုလိုက်နေတာတွေ မကြိုက်ဘူးနော်ဟန်ဘင်း"

"ဟာအိုကလည်း ကလေးတွေအချင်းချင်းပဲ သူပေါင်းတဲ့လူတွေ ကိုယ်လည်းကြည့်ထားတာပဲ အကုန်လူကောင်းလေးတွေကြီးပါ ကလေးသဘာဝ လွှတ်ထားပေးလိုက်ပါနော်.."

"ဟွန်း...ပြီးတာပဲ ဟန်ဘင်းပြောတာနော်...။ အိမ် စောစောပြန်လာခဲ့မယ် ဒါပဲ"

မြန်မြန်ဖုန်းချသွားတဲ့ ဟာအိုကြောင့် ဟန်ဘင်းသဘောပေါက်သွားပါတယ် အိမ်စောစောပြန်ခဲ့မယ်တဲ့...။

•·················•·················•

"ဒယ်ဒီ..."

"အင်းပြော သွားတော့မှာလား?"

ကျောင်းဆင်းချိန်ရောက်ပြီမို့ ယူဂျင်းမှာ အဖေဖြစ်သူထံ လာနှုတ်ဆက်လို့။

"ဟုတ်...ဟိုလေ...ပါပါးကသွားတဲ့လား ဒယ်ဒီ?"

သူငယ်ချင်းများနဲ့သွားဆော့ချင်ပေမဲ့ ပါပါးခွင့်မပြုရင် ချန်ချန်မသွားရဲ။

"ဒါပေါ့ ဒါပေါ့ လာမုန့်ဖိုးလာယူဦး...ပါပါးကိုစိတ်မပူနဲ့ ဒယ်ဒီပြောပေးထားတယ် အေးဆေးသွားပြီးပြန်လာခဲ့ ဟုတ်ပြီလား"

"Yess! ဒယ်ဒီအကောင်းဆုံး!!"

•·················•·················•

"ဟိုလေ အအေးမှာထားတဲ့လူ ဘယ်သူလဲဗျ"

"ကျွန်တော်ပါဗျ ကျွန်တော်ပါ!"

ဟီးဟီး ငါ့ရဲ့ဒူးရင်းသီးလေးတွေ... အလုပ်စားပွဲမှအမြန်ထပြီး ပစ္စည်းလာပို့သူထံအပြေးလေး။ ယူစရာရှိတာယူပြီး စားပွဲသို့ပြန်လာ ကျကျနနထိုင်လို့ စားဖို့ပြင်ကာ အဖုံးကိုဖွင့်လိုက်တော့ ထွက်လာတဲ့ဒူးရင်းသီးအနံ့လေးဟာမွှေး~~~

*ဝေါ့*

ဘဝမှာအမွှေးဆုံးဖြစ်ခဲ့သည့်ဒူးရင်းသီးအနံ့က ဘာလို့အခုလို အန်ချင်စရာကောင်းနေပါသနည်း။ စိတ်ပျက်စရာအနံကြီး! မအောင့်နိုင်တော့သည့်အဆုံး သန့်စင်ခန်းပြေးပြီး အန်လိုက်ရကာ အလုပ်စားပွဲဆီတောင် ပြန်မသွားချင်တော့။

"ဟောင့်ဟောင့်လေး ဘာဖြစ်တာလဲ"

"မသိပါဘူးအမရယ် သူတို့ဆိုင်ကဒူးရင်းသီးမလတ်လို့လားပဲ"

"အယ် အမတောင်မနေ့ကဝယ်သောက်တာ ကောင်းပါတယ်၊ အစာမကြေလို့များလား"

ဗိုက်ကလေးကိုပွတ်လို့ အစာကြေမကြေကိုတော့မသိ ရင်ထဲမှာတော့ တကယ်နေလို့ကောင်းမနေခဲ့။ မူးဝေလာသလိုပင်...။

"အခုတလော အစားအသောက်ပျက်လို့ ဒူးရင်းသီးဖျော်ရည်ရောင်းတဲ့ဆိုင်လေးတွေ့ပြီးပျော်သွားတာကို.."

"အစားအသောက်ပျက်တာ?"

"ဟုတ် အခုတလော စားရတာအရင်လောက် ခံတွင်းမတွေ့ဘူး" အသားတွေပဲစားချင်နေတာ။

"အယ်!"

ရင်ဘက်ဖိလို့ အထိပ်တလန့်ဖြစ်သွားသည့်အလုပ်ကစီနီယာအမကြောင့် ကျန်းဟောင့်လည်း ထပ်တူလန့်သွားပါသည်။

"ဘာလို့အမရယ် လန့်သွားတာပဲ"

"ဟောင့်ဟောင့် မင်းယောကျာ်းနဲ့မင်း...ဟိုအကာအကွယ်သုံးလား?"

"ဟာ...အမကလည်း ဘာတွေလာမေးနေတာလည်းနော်" ကျန်းဟာအိုမှာ ဟန်ဘင်းနဲ့သူ့ရဲ့ ဒီလိုအကြောင်းတွေမေးခံရတိုင်း ရှက်သွေးတွေဖြာလို့...

"ကျွန်တော်ကဆေးသောက်တယ်လေ ဆေးသောက်တော့..အယ်!"

ရုတ်တရက် လွန်ခဲ့သည့်လလောက်က ဟန်ဝေ့ချန်ရဲ့ အသံမှာ နားထဲ ထင်းခနဲ။

"ပါပါး သားပါပါးရဲ့ဆေးဘူးအခွံ့တစ်ခု ယူမယ်နော် ထည့်စရာလေးရှိလို့"

"အင်းအင်း ဘူးခွံ့ပေါ်ကအပတ်ကိုချွတ်ဖို့မမေ့နဲ့နော်!"

"ဟုတ်!"

'ဟုတ်'လို့ပြောလိုက်ပေမဲ့ ဒီကလေးလိုက်လုပ်မှာမဟုတ်မှန်းကျန်းဟောင့်သိနေပြီ။ တကယ်လို့ ဆေးဘူးမှားသောက်မိတာဆို... သူသောက်တာ သူ့ဆေးမဟုတ်ပဲ ချန်ချန့်ရဲ့ ဗီတာမင်စီများဖြစ်သွားနိုင်သည် ဒါဆိုအခု...

သန့်စင်ခန်းနံရံကြီးကိုမှီချလိုက်ပြီး ဘာမှန်းမသိတဲ့ခံစားချက်တွေ တိုးဝင်လာရင်း ငိုချမိတော့မလိုပင်။

~တီ တီ တီ~

"ဟယ်လို ခုနကလေးတင်ဖုန်းပြောပြီးတာကို ထပ်ပြီးသတိရနေပြန်ပြီလား ချစ်ကလေး"

"အီးဟီးဟီး ဟန်ဘင်း ငါနေမကောင်းဘူး ငါ့ကိုလာခေါ်ပါ"

စောနကတောင် ဒူးရင်းသီးဖျော်ရည်သောက်ရမယ်ဆိုပြီးပျော်နေသည့် ကျန်းဟာအိုရုတ်တရက်ထငိုတာကြောင့် ဆောင်းဟန်ဘင်း အမှတ်စစ်နေရမှ ကုတ်အင်္ကျီဆွဲပြီး ပြေးရတော့သည်။ အမှန်တော့ကျောင်းဆင်းချိန်ဖြစ်နေပြီ ဟန်ဘင်းကအမြဲ အချိန်တစ်ခုယူပြီး ကလေးတွေရဲ့အိမ်စာကို စစ်ပေးတတ်တာ။

ဟာအို့အလုပ်ရောက်တော့ သူ့အားကြိုစောင့်နေသည့် စင်ဝင်အောက်ရှိကျန်းဟာအိုမှာ ငိုထားသည့်မျက်နဲ့ ကားပေါ်တတ်လာလို့။

"ဆေးရုံကိုမောင်း"

"အမ် အင်း အင်း အရမ်းနေမကောင်းဖြစ်နေတာလား?"

ထာဝရအမှတ်အသားကြောင့် ဟာအို့စိတ်အခြေအနေ တော်တော်လေးဆိုးနေမှန်း ဟန်ဘင်းခံစားမိတာကြောင့် ငိုထားလို့ နီရဲနေသည့်နှာလုံးလုံးလေးကို မစနောက်တော့ပဲ ဆောင်းဟန်ဘင်းခါးပတ် ပတ်ပေးလိုက်ပြီး အသံတိတ်နဲ့ အနီးရှိ ဆေးရုံဆီသာဦးတည်လိုက်တော့သည်။

"ဆေးရုံသေးသေးလေးမဟုတ်ပဲ ဆေးရုံကြီးသွား"

"အင်းပါ"

"Pheromone လွှင့်ပေးဦး"

တောင်းဆိုသည့်အတိုင်း ဖြည့်ဆည်းပေးလိုက်တာကြောင့် ကားတစ်စီလုံး pheromone အနံ့ဟာအပြည့်။ ထိုအခါမှ ဟာအိုအနေအထားပြင်လိုက်ပြီး ကားခုံမှီထားရင်း မျက်လုံးတွေမှေးစင်းလိုက်သည်။ အင်း..အခုမှပဲ အန်ချင်နေတာပျောက်သွားတော့တယ်..

"ဟာအို အရေးပေါ်ဌာနကဒီဘက်မှာလေ"

"ဘယ်သူက အရေးပေါ်ဌာနသွားမယ်တဲ့လည်း ပါးစပ်ပိတ်ပြီးနောက်ကလိုက်ခဲ့"

"အင်း အင်းပါ"

ရှေ့ကနေ နှုတ်ခမ်းဆူရင်း လမ်းလျှောက်သွားသည့် ကျန်းဟာအိုနောက်ကို အမြန်လိုက်သွားလိုက်ရပါသည်။ မြန်မြန်လိုက်မလာပဲ ကျန်ခဲ့ရင်လည်း ဘယ်သူ့ကြည့်နေတာလဲဆိုပြီး စိတ်ကောက်ခံရဦးမည်မဟုတ်ပါလား။

ကျန်းဟာအိုရပ်သွားသည်က သားဖွားမီးယပ်ရှေ့...

"ဟမ် ဘာလို့လဲ ဆေးကုန်သွားတာလား?"

"ပါးစပ်ပိတ်ထားပါဆို!!"

သူနာပြုမလေးရှေ့ အော်လို့မကောင်းတာကြောင့် တိုးတိုးလေးကြိမ်းမောင်းရင်း ဆွဲဆိတ်လိုက်သည်။

"လူနာနာမည်"

"ကျန်းဟာအိုပါ အွန်လိုင်းနဲ့ကြိုတင်စာရင်းပေးထားပါတယ်"

"ဟုတ်ကဲ့ တွေ့ပါပြီ နောက်ကလိုက်ခဲ့ပေးပါရှင့်"

ကျန်းဟာအို သူနာပြုမလေးနောက်လိုက်သွားတော့ နောက်ကနေ ဟန်ဘင်းလိုက်ဖို့ပြင်လိုက်ပေမဲ့ အတားခံလိုက်ရသည်။

"လူနာရှင်လားမသိဘူး?"

"ဟုတ်"

"အပြင်မှာနေခဲ့ရမယ်နော် ဆရာဝန်ကြီးနဲ့တွေ့မှပဲ အတူတူဝင်လို့ရမယ် ဒီမှာနေပြီး လိုအပ်တာလေးတွေဖြည့်ထားပေးပါ"

"ဪ ဟုတ်ကဲ့"

အခုအထိ ဘာတွေဖြစ်နေမှန်းမသိသည်အထိ ဟန်ဘင်းတုံးလွန်းပါသည်။ ဒါကိုမြင်တဲ့ ဘေးနားက Alphaတစ်ယောက်မှာ ဆောင်းဟန်ဘင်းကို ပုခုံးပုတ်ပေးရင်းအားပေးလာသည်။

"အစပိုင်းကဒီလိုပါပဲ နောက်ပိုင်းနားလည်လာလိမ့်မယ်"

"ဟုတ်...ဟုတ်ကဲ့"

•·················•·················•

"ရပါပြီ အတူတူဝင်လို့ရပြီရှင့်"

လူနာမှတ်တမ်းတွေသာဖြည့်လိုက်ရတယ် ဘာဖြစ်နေမှန်းမသိ အခုလည်း ဆရာဝန်ရှေ့ထိုင်နေရပြန်ပြီ။ ဟာအိုအရမ်းနေမကောင်းဖြစ်နေတာလား ဘာလား မသိရသလို ကာယကံရှင်မှာလည်း အခုထိနှုတ်ပိတ်နေတုန်း။

"ဆောင်းဟန်ဘင်း လက်ကိုင်ထားပေး"

"ဪ အင်း အင်း"

ဟာအိုလက်ကို ကိုင်ထားပေးလိုက်ပေမဲ့ သူကပိုပြီးတုန်ရင်နေသလို။

"ဂုဏ်ယူပါတယ် ကိုယ်ဝန်ရှိနေတာပါ"

"ဗျာ!" ကျန်းဟာအိုလက်ကိုညှစ်လို့ ဆောင်းဟန်ဘင်းမှာလန့်သွားတဲ့ ဟမ်းစတားတစ်ကောင်လို့ ဆရာဝန်ကိုကြောင်ကြည့်နေပေမဲ့ ကျန်းဟာအိုမှာတော့ အသက်ရှုထုတ်လိုက်ပြီး ဟန်ဝေ့ချန့်ကို မေတ္တာပို့လိုက်သည်။

"တကယ် တကယ်ကြီးလားဆရာ!"

"ဟာအို ဟာအို ကိုယ် ကိုယ်"

"အသက်ရှု ဆောင်းဟန်ဘင်း အသက်ရှု အသက်ရှု"

အခုပြန်ဖျောင်းဖျနေရတာ ကျန်းဟာအိုပင်။

"အင်း အင်း 1..2..3. .1..2..3 အဲ့တော့တကယ်ပေါ့နော်ဆရာ"

"ဟာအို ကိုယ် ကိုယ် ဝမ်းသာလိုက်တာ~~~"

ဟန်ဘင်းမှာ ဆရာဝန်ဘက်လှည့်လိုက် ဟာအိုဘက်လှည့်လိုက်နဲ့ဗြာများလျက်။ ဟန်ဘင်းရဲ့ ဒီလိုပုံစံလေးကိုမြင်လိုက်ရတော့လည်း ဟာအိုစိတ်ထဲ ကြည်နူးမိသွားသည်။

"ဒါနဲ့ ဟာအိုဆေးသောက်နေတာမဟုတ်ဘူးလား? တမင် ကိုယ့်ကို surprise လုပ်ဖို့... ကိုယ့်မွေးနေ့ရောက်တော့မှာပဲ wow ဟာအို ကိုယ်အရမ်းကျေးဇူးတင်ပါတယ် ကိုယ်"

"ဟိုး..ဟိုး.. စိတ်အေးအေးထားပါ ဆေးသောက်နေတာမှန်တယ် မင်းသားရဲ့ ဆေးဘူးနဲ့ မှားသွားတာပဲရှိတာ...မထင်မှတ်ပဲဒီလိုဖြစ်သွားတာပဲ... အဲ့တော့လည်း မွေးနေ့လက်ဆောင်ပေါ့"

မွေးနေ့လက်ဆောင် ကလေးမွေးပေးရပါတော့မယ် ကြည်နူးစရာဆိုပေမဲ့ ဟာအိုစိတ်ထဲ ကြောက်စိတ်အပြည့်။ ဆရာဝန်မှာ ထိုနှစ်ယောက်ကို အချိန်တစ်ခုပေးထားပြီး စိတ်ရှည်စွာထိုင်စောင့်ပေးနေ၏။ ဒါတွေက ဖြစ်လေ့ဖြစ်ထရှိတဲ့ တုန့်ပြန့်မှူတွေဖြစ်တာကြောင့် သူနားလည်နိုင်ပါသည် တချို့ဖခင်များဆို ထခုန်တာတွေတောင်ရှိသေးတာ...

"ဆရာ ဘယ်နှစ်ပတ်ရှိပြီလဲဟင်" ကျန်းဟာအိုမေးလိုက်သည်။

"သုံးပတ်ပါ"

"သုံးပတ်..." တကယ်လက်တွေ့ရယ်ဖြစ်လာတော့ ကျန်းဟာအိုမှာ တဖြည်းဖြည်းငြိမ်ချသွားသည်။ ဒါကိုလည်းဟန်ဘင်းသတိထားမိလိုက်ပါသည်။

"ဘာလို့လဲဟာအို"

"ငါ...ငါကြောက်တယ်..." တကယ်ကြီးကြောက်နေပုံပေါ်သည့်ဟာအို့ပုံကြောင့် ဟန်ဘင်း အားနာမိသွားပြီး ဘာလုပ်ရမှန်းမသိ။

"အင်း... ကြောက်စိတ်က ပထမဆုံးစပြီး ကိုယ်ဝန်ဆောင်ခါစ Omega တွေမှာဖြစ်နေကြပါ။ ဒီလိုအချိန်မျိုးမှာ Alpha ရဲ့အခန်းကဏ္ဍကလည်းအရေးပါတယ်။ ကျွန်တော်အကြံပေးနိုင်တာက ပထမဆုံးကိုယ်ဝန်အတွက်စိုးရိမ်ရင် အတွေ့အကြုံရှိိတဲ့ AO တွေလုပ်တဲ့ ဆွေးနွေးပွဲတွေ joinကြည့်ဖို့ အကြံပေးချင်တယ်၊ အခု သောက်ရမဲ့အားဆေးတချို့ ထည့်ပေးလိုက်ပါမယ် သုံးလမပြည့်ခင်အထိတော့ မူးဝေတာတွေ ပျို့အန်ချင်တာတွေ ရှိနိုင်ပါသေးတယ် သေချာလေးဂရုစိုက်ပေးလိုက်ပါ ရက်ချိန်းလည်း မှန်မှန်ပြပေးနော်"

"ဟုတ်ကဲ့ပါဆရာ"

ဆေးရုံမှထွက်လို့ ကားပေါ်ရောက်သည်အထိ ကျန်းဟာအိုမှာ ဟန်ဘင်းလက်ကိုမဖြုတ်။

"မကြောက်ပါနဲ့ ချန်ချန့်ကိုလည်း ဟာအိုပဲမွေးခဲ့တာလေ"

ဟုတ်သားပဲ။ သူဒီမျောက်ကလေးတောင် ထိန်းကျောင်းခဲ့တာ နောက်ထွက်လာမဲ့မျောက်ကလေးတွေလည်း ဘာလို့မထိန်းနိုင်ရမှာလဲ!!

"ဟုတ်သားနော်"

ဒါပေမဲ့ သူ့ဗိုက်ထဲ ဒီကလေးလေးတွေကြီးလာမှာ တွေးမိတော့ ကြောက်သွားပြန်သလို။

"ကိုယ်ရှိတယ် ကိုယ်ရှိတယ် ဟာအိုလေးစိတ်မပူနဲ့ အခုမေမေတို့ဆီဖုန်းဆက်ပြီး ကြွားကြမလား!"

ကြွားရမယ်ဆိုတဲ့စကားကြောင့် ကျန်းဟာအို နည်းနည်းရွှင်လန်းလာတယ်။ ဟုတ်သားပဲ ဟန်ဘင်းမေမေသာ ဒီသတင်းကြားရင် တကယ်ပျော်သွားမှာ

"အင်း"

•·················•·················•

"ဆောင်းဟန်ဘင်း မင်းရယ်နေရမဲ့အချိန်လား"

"ဗျာ? အိုမား သားက..."

"ဟာအိုလေး ဘာစားချင်လဲသားလေး ငါ့သားလေးကြည့်ရတာပိန်သွားသလိုပဲ စိတ်မပူပါနဲ့မေမေ ကိုယ်ဝန်သည်တွေကိုဘယ်လိုပြုစုရမလဲဆိုတဲ့စာအုပ်တွေ ဟန်ဘင်းဆီပို့ထားလိုက်မယ်။ မင်း ဟန်ဘင်း မင်းအဖေတစ်ယောက်ဖြစ်နေပြီ ချန်ချန့်ကိုလည်းထိန်းဖူးတာတောင် ဒါတွေမသိဘူး"

ချန်ချန့်ကိုက ကြီးမှာထိန်းရတာလေ အမေရယ်...

"ငါ့သားမတ်လေးပိန်သွားတာ မမြင်ဘူးလား ကလေးစားချင်တာ ချက်ကျွေးလေ မနက်ခင်းအန်တယ်ဆို ဒါတွေရော မင်းသတိမထားမိဘူးလား?"

"သားကဒီနေ့မှအန်တာပါမေမေ ဟန်ဘင်းမသိတာမဆန်းပါဘူး အိမ်မှာသာအန်ရင်သူသိမှာပါ"

တော်သေးတာပေါ့ ဟာအိုသူ့ဘက်ကရှိလို့... ကိုယ့် omega လေးအကောင်းဆုံးပဲ!

"ဟို ကျွန်တော် မေမေရဲ့ပဲကြာဇံသုပ်စားချင်တာ..."

"ရတယ် ရတယ် ကိုယ်သုပ်ပေးမယ်"

"ဟင့်အင်း မေမေသုပ်တာပဲစားချင်တာ... သားတို့ဒီပိတ်ရက်အလည်လာခဲ့မယ်နော်"

"အင်းလာခဲ့လာခဲ့ နောက်ဘာစားချင်လဲပါ စဉ်းစားပြီး ပြောထားနော် မေမေချက်ပေးထားမယ်"

"ဟုတ်ကဲ့"

အခုချိန်မှာ ကျန်းဟာအိုအတွေ့ချင်ဆုံးက ဟန်ဘင်းအမေပါ။ ကိုယ်ဝန်ဆောင်ကာလအတွင်းအကြံဉာဏ်ယူဖို့ ဟန်ဘင်းအမေထက် သင့်တော်သည့်လူမရှိ။ အာ ဖူကျန့်က မိခင်ဖြစ်သူကိုလည်း အကြောင်းကြားရပါဦးမည်။

"ဟန်ဘင်း မားမားကိုလှမ်းပြောရဦးမှာပဲ"

ထိုစကားကြားတော့ ဆောင်းဟန်ဘင်းမျက်နှာမှာ ထိပ်လန့်သွားလို့ တံတွေးမြိုချလိုက်ရသည်။ အာ... ယောက္ခမကြီးက...

•·················•·················•
May 18,2024


You are reading the story above: TeenFic.Net