🐰•15

Background color
Font
Font size
Line height

ငါးရက်ကျော်လို့ ခြောက်ရက်မြောက်သည့်နေ့၌ ဟန်ဘင်းတစ်ယောက်ထဲ ယူဂျင်းကိုပြန်ခေါ်ဖို့ရန် မိဘတွေ အိမ်သို့ထွက်လာခဲ့တယ်။ အိမ်ရောက်တော့ ယူဂျင်းမှာ သူ့အမေနဲ့ အဖေဖြစ်သူကြားထိုင်နေပြီး ချစ်ဖို့ကောင်းသည့် အမူအရာလေးတွေ လုပ်ပြနေလို့။

ဆရာဟန်ဘင်းရဲ့မေမေအိမ်မှာနေရတာ သားဘဝအတွက်တော့ နိဗ္ဗာန်လိုပဲ! အိမ်ချက်ထမင်းဟင်းတွေအပြင် ဘွားဘွားက သရေစာမုန့်ချိုတွေလည်း လုပ်ကျွေးတယ်။ သစ်သီးဖျော်ရည်ဆိုလည်း မပြောလိုက်နဲ့ အရှေ့ရောက်ပြီးသား။ ကိတ်မုန့်လည်း စားရသေး။ သားနဲ့အတူတူဆော့ပေးတဲ့ တီတီလည်းရှိတယ်လေ!

ဒါကြောင့် ချန်ချန်တစ်ယောက် အိမ်မပြန်ရလည်း ကိစ္စမရှိဘူးဆိုပြီး ပျော်ရွှင်နေတာ။ ဒါပေမဲ့ ဟန်ဘင်းအိမ်ထဲဝင်လာတာ မြင်လိုက်ရတော့ ရုတ်တရက်ကြီး ပါပါးနဲ့ ဒယ်ဒီကိုသတိရသွားပြန်ပါတယ်။

"ဒယ်ဒီ!!!"

ယုန်ကလေးတစ်ကောင်လို ပြေးလာတဲ့ ကလေးလေးကိုပွေ့ချီလိုက်ပြီး မိဘနှစ်ပါးထံ နှုတ်ခွန်းဆက်လိုက်ပါရဲ့ ဟန်ဘင်းအမေဖြစ်သူက သားကိုယ်ရှိ Omega pheromone အနံ့ကြောင့် မျက်ခုံးပင့်လျက်။

"ထာဝရအမှတ်အသား?"

"ဒီလိုပဲဖြစ်သွားတယ်"

"မင်း ကလေးကိုအတင်းအကျပ်.."

"အိုမား ကိုယ့်သားကိုယ် အဲ့လိုမြင်နေပြီလား...?"

ဟန်ဘင်းအဖေကတော့ ဘေးကနေ သဘောကျစွာ 'ဒါမှငါ့သားကြီး'လုပ်နေရင်း မိန်းမဖြစ်သူထံမှအရိုက်ခံလိုက်ရပါသည်။

"ကောင်းတယ် ဖြစ်စရာရှိတာအကုန် ဖြစ်ပြီးသွားပြီ မေမေတို့ မင်္ဂလာကိစ္စစီစဉ်ပေးတာပေါ့"

Omega မေမေမှာ တက်ကြွလာပြီး ဖုန်းကိုထုတ်လို့ အမျိုးတွေဆီ ဖုန်းဆက်ကြွားဖို့ပြင်နေပြီ။

"အိုမား သားတို့ဘာသာသားတို့ စီစဉ်လိုက်ပါ့မယ် ပြီးရင် မေမေ့ကိုပြန်ဆက်သွယ်မယ်လေ.."

"မြန်မြန်တော့လုပ်ကွယ် မင်းတို့ကကြာတာ"

ဟန်ဘင်း လက်ထဲချီထားသည့် ယူဂျင်းကိုကြည့်လို့

"ချန်ချန်လေး နွေရာသီကျောင်းပိတ်တဲ့အချိန်လောက် စဉ်းစားထားပါတယ်..."

𓆝 𓆟 𓆞 𓆝 𓆟

နေအိမ်အသစ်နဲ့ ဟာအိုကျင့်သားမရသေး။ ဒီနေရာက သူ့အလုပ်နဲ့ ပိုနီးပေမဲ့ ကလေးကျောင်းနဲ့တော့ဝေးတယ်။ ဒါပေမဲ့ကိစ္စတော့မရှိ ယောကျာ်းဖြစ်သူက ကျောင်းဆရာဖြစ်နေတာကြောင့် သားဖနှစ်ယောက်အတူတူ ကျောင်းသွားကြတာကို။

ဟန်ဘင်းကမနက်ခင်း ကားနဲ့ ဟာအိုကိုအရင် အလုပ်ကို လိုက်ပို့ပြီးတော့မှ ချန်ချန်နဲ့အတူတူ ကျောင်းသွားတယ်။ သွားရေးလာရေး အဆင်ပြေပေမဲ့ နေသားမကျတာက ကျယ်လွန်းတဲ့ တိုက်ခန်းကြောင့်လား သို့မဟုတ် Omega လေးတွေရဲ့ အစွဲအလမ်းကြီးတဲ့စိတ်ကြောင့် တိုက်ခန်းအဟောင်းလေးကိုလွမ်းနေတာလား မပြောတတ်။

"မဖြစ်တော့ဘူး ဒီတစ်အိမ်လုံးမှာ နှစ်ယောက်လုံးရဲ့ pheromone တွေ စွဲနေအောင် လုပ်လိုက်သင့်ပြီ။ ချန်ချန့်ကို အမေတို့အိမ်ပို့ လိုက်ရမလား? တစ်ပတ်လောက်"

"ဟန်ဘင်းကလည်း..."

ဝရံတာမှာလေညှင်းခံနေရင်း နောက်ကနေသိုင်းဖက်လာသည့် သန်မာလွန်းတဲ့ လက်မောင်းတို့ကို မတွန်းပဲ ပြန်ဖက်ထားလို့ နှုတ်ခမ်းအထက်တော့ ဟန်ဘင်းရဲ့တက်ကြွသည့် စကားတွေကြောင့် အပြုံးရေးရေးပေါ်လာပါတယ်။

"မနက် လက်ထပ်မှတ်ပုံတင်ဖို့ ဓာတ်ပုံရိုက်ရမှာ ဓာတ်ပုံထဲ မလှပဲနေမယ် စောစောအိပ်ရအောင်"

"အဲ့တော့ မင်းပြောချင်တာက ငါကအိပ်ရေးပျက်ရင် မလှဘူးဆိုတာလား?"

"အယ်..."

ဟာအိုကအခုလို အကြောင်းမရှိအကြောင်းရှာပြီး စိတ်ဆိုးဖို့ အမြဲအဆင်သင့်ဖြစ်နေတာ။ ဒါပေမဲ့ ဟန်ဘင်းဦးနှောက်ကလည်း ဒီ Omega လေးကို စနောက်ပြီးရင် အချိုကျွေးဖို့အတွက်က Ready ပါပဲ!

"ကိုယ်မလှမှာဆိုးတာပါ ဟာအိုက အမြဲလှပြီးသား...ငိုနေရင်တောင်လှတာ ကိုယ့်အလှဆုံးလေး"

ပါးအိအိပေါ် နှုတ်ခမ်းတို့နစ်ဝင်သွားတော့မှ ကျန်းဟာအို ခေါင်းလှည့်လိုက်ပြီး အပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးလိုက်ပါရဲ့ ဒါပေမဲ့ အပြစ်သားက မင်းသမီးလေးကို ချီလို့ ကျေးဇူးဆပ်ဖို့အတွက် မွေ့ယာအထက်ခေါ်သွားခဲ့ပြီ။

𓆝 𓆟 𓆞 𓆝 𓆟

ဓာတ်ပုံဆရာမှာ ဓာတ်ပုံရိုက်သည့်သတ်တမ်းတစ်လျှောက် ဒီလိုကြည့်ကောင်းသည့် မိသားစုမျိုး မမြင်ဖူးသေး။ ဒီမိသားစုပုံလေးကိုရိုက်ပြီး သူ့ရဲ့ဓာတ်ပုံခန်းမအလယ်၌ ချိတ်ထားရင်ကို customer တွေကိုဆွဲဆောင်နိုင်မှာ အသေအချာ။

Alpha ဖြစ်ပုံပေါ်သည့် ဖေဖေက ကလေးကိုချီထားလို့ ဘေးနား၌ ထိုနှစ်ယောက် အင်္ကျီပြင်ပေးနေသည့် Omega လေး။ Alpha ကလည်း လက်တစ်ဖက်ဖြင့် Omega လေးရဲ့ ဆံပင်ကိုပြင်ပေးနေသေးသည်။ မြင်ကွင်းလေးက ကြည်နူးဖို့ကောင်းလွန်းတာကြောင့် အမြန်ကင်မရာနဲ့ မှတ်တမ်းတင်ဖို့ပြင်လိုက်ပါတယ်။

"လှတယ် လှတယ် ချန်ချန် ကင်မရာကို ပြုံးပြဖို့မမေ့နဲ့နော်"

"ဟုတ်ကဲ့ ပါပါး!!"

"ကိုယ်ကရော? ကိုယ်က ကင်မရာကိုကြည့်ရမှာလား ဟာအိုကို ကြည့်ရမှာလား?"

"ခ်ခ်" ဒယ်ဒီစကားကြောင့် ချန်ချန်မှာ ပါးစပ်ကိုလက်လေးအုပ်ပြီး ရယ်လို့။

ကျန်းဟာအိုမှာတော့ ရှက်လို့ ပြုံးစိပြုံးစိနှင့် ဟန်ဘင်းရင်ဘက်ပေါ် အရှက်ပြေတစ်ချက် ထုလိုက်ပါပြီ။

"မသိဘူး~"

၁...၂...၃...ချလပ်

သုံးယောက်သား ကင်မရာကိုကြည့်လို့ ပြုံးပြလိုက်ပြီး ဒုတိယပုံတွင်တော့ ဟန်ဘင်းက ဟာအို့ကို လှည့်ကြည့်ခဲ့ပါတယ်။ နောက်ခံနံရံ အနီညိုရောင်ရှေ့ အင်္ကျီအဖြူနှင့် သားအဖသုံးယောက်ရဲ့ အပြုံးတွေဟာ နွေးထွေးမှုနှင့် ပျော်ရွှင်မှုအပြည့်။ ဓာတ်ပုံဆရာမှာလည်း ပုံထွက်ကောင်းတာကြောင့် ကျေနပ်ပီတိဖြာနေခဲ့သည်။

𓆝 𓆟 𓆞 𓆝 𓆟

"အင်း...နည်းနည်းလေး"

"ဒီနားလား?"

"မဟုတ်ဘူး အပေါ် အပေါ်နားနည်းနည်း"

"အင်း ဟုတ်တယ်"

ဧည့်ခန်းထဲ မိသားစုဓာတ်ပုံချိတ်နေကြသည့် အဖေနှစ်ယောက်ကိုကြည့်ပြီး ချန်ချန်ပြုံးရင်း တဖြည်းဖြည်း ပိုလို့အသက်ဝင်လာတဲ့ သူတို့မိသားစုလေးအကြောင်းကို စဉ်းစားမိလိုက်ပါတယ်။ အရင်ကတော့ ပါပါးနဲ့နှစ်ယောက်ထဲ စိတ်ကောက်လိုက်၊ ချော့လိုက်၊ စလိုက်ပြောင်လိုက်နဲ့ သိပ်ပျင်းဖို့မကောင်းပေမဲ့လည်း ဒယ်ဒီပါရောက်လာတော့ အားပြည့်သွားသလိုမျိုးပဲ။

သူတို့သားအဖနှစ်ယောက်ထဲသာဆို အိမ်ကဆိုဖာပေါ် ခွေခေါက်နေနေမှာလေ။ အခုတော့ ဒယ်ဒီနဲ့ ညနေတိုင်းအတူတူ လမ်းလျှောက်တယ်။ ပိတ်ရက်တွေ လျှောက်လည်တယ်။ အရင်ကလို တစ်ယောက်ထဲ ပါပါးကို စ'စရာမလိုတော့ပါဘူး ဒယ်ဒီပါပူးပေါင်းလို့ သားနဲ့အတူတူ ပါပါးကိုစတယ်။ အရင် တဖက်ပဲ တွဲခဲ့ရသည့်လက်ဟာလည်း အခု နှစ်ဖက်စလုံး အပြည့်ဖြစ်နေခဲ့ပါပြီ။

"ပါပါး~ဒယ်ဒီ~"

ဓာတ်ပုံချိတ်နေတဲ့နှစ်ယောက် ကလေးခေါ်သံကြောင့် ပြိုင်တူလှည့်ကြည့်လာလို့။

"ဘာလို့လဲ ယူဂျင်းလေး"

"ဒီအတိုင်းခေါ်ကြည့်တာ ဟီးဟီး"

ဖြစ်ရမယ် ဒီအချွဲတုံးလေးက စကားသိပ်မပြောပေမဲ့ လှုပ်စိလှုပ်စိနဲ့ လူကြီးတွေကို အရည်ပျော်အောင်လုပ်တတ်မှန်း ဟာအိုသိတယ်လေ။

ဘဝမှာရုတ်တရက်ကြီး အခုလိုတစ်အိုးတစ်အိမ်ထူထောင်ဖြစ်မယ်မထင်ခဲ့ပေမဲ့ အလိုလိုက်၊ဂရုစိုက်ပေးတဲ့ ဟန်ဘင်းနဲ့ဆုံတွေ့ရတာက ကံကောင်းမှုလေးတစ်ခုပဲ။ ဟန်ဘင်းနဲ့ဆုံအောင် ကြံဖန်ပေးတဲ့ မြှားနတ်မောင် သူ့သားလေးချန်ချန်ရဲ့စွမ်းဆောင်မှူတွေကိုလည်း မေ့လို့မဖြစ်။

"ဘာတွေစဉ်စားနေတာလဲ ဟာအို?"

"Umm...အခုမှပိုပြီးအိမ်နဲ့တူသွားသလိုပဲ ဟန်ဘင်းကြောင့်လေ..."

"ဟားဟား နောက်ဆို ပိုတောင်စည်ကားလာဦးမှာ"

"ဘာလို့?"

ခါးသွယ်သွယ်လေးကိုညှစ်လို့ ပါးအထက် ဖွဖွလေးနမ်းလိုက်ပြီး ဟန်ဘင်းက ဟာအိုကို ရိသဲ့သဲ့ပြုံးပြလိုက်ပါတယ်။

" တော်တော်ကောင်းတယ် ဒါပဲတွေးနေ!"

𓆝 𓆟 𓆞 𓆝 𓆟

မင်္ဂလာပွဲကို ကြီးကြီးကျယ်ကျယ်မလုပ်ချင်ဘူးဆိုတဲ့ ဟာအိုကြောင့် သူတို့သားအဖသုံးယောက် ခရီးထွက်ဖို့ပဲ စီစဉ်လိုက်ပါတယ်။ မင်္ဂလာပွဲကိုတော့ ဘုရားကျောင်းတစ်ခုမှာ အကျဉ်းချုပ်ပြီးကျင်းပခဲ့တယ်။

"ကြည့် မင်္ဂလာဆောင်ရင် ကုန်မဲ့ပိုက်ဆံတွေကို အခုလိုခရီးထွက်လိုက်တော့ ဘယ်လောက်ကောင်းလည်း!"

ကမ်းခြေမှာ နေပူစာလှုံ၊ အုန်းရည်သောက်ရင်း ကျန်းဟာအိုမှာ ပျော်ပျော်ပါးပါးထောက်ပြလာတာကို ဟန်ဘင်းမငြင်းနိုင်ပါ။ သူ့အတွက်ကတော့ Omega လေးပျော်ဖို့သာအဓိက။

သဲတွေနဲ့ အိမ်ဆောက်နေတဲ့ ဟန်ဝေ့ချန်ကတော့ အဖေနှစ်ယောက်ကိုတောင် သတိမရ။ ဟာအိုလက်ထဲရှိ နေရောင်ကာခရင်မ်ကို ဟန်ဘင်းလက်ထဲထည့်ပေးလို့ သူ့ကိုလိမ်းပေးဖို့အတွက် အချက်ပြလိုက်ပါတယ်။

"အင်္ကျီချွတ်မလို့လား!!"

"ဂုတ်ကိုလိမ်းခိုင်းတာပါ ဟန်ဘင်းရယ်"

ဟန်ဘင်း လန့်သွားတာကို ဟာအိုလှောင်ရယ်လို့ နောက်ကျောပေးလိုက်ပြီး အမြန်လိမ်းပေးဖို့အချက်ပြလိုက်တာပေါ့။

"မနောက်ပါနဲ့ ဒီညကမင်္ဂလာဦးည"

"ဟင် ဘာမှလည်းမဆိုင်ဘူးနော်"

"ဆိုင်တာပေါ့ ဟာအိုစသလောက် ကိုယ်ပြန်စရင် စိတ်မဆိုးကြေး"

"ချန်ချန်ပါတယ် ကလေးကိုအလယ်ထားသိပ်မှာလေ"

ကျန်းဟာအိုမှာ နောက်လှည့်လို့ ဟန်ဘင်းကိုလျှာထုတ်ပြလိုက်တယ်။

"ကိုယ် ညီမလေးကိုဖုန်းဆက်ထားတာ သူခဏနေရောက်မှာ ချန်ချန့်ကိုခေါ်သွားလိမ့်မယ်"

ဘယ်လိုတောင် မိသားစုအားကိုးပြီး မောက်မာနေတာလဲနော်။ ဒါပေမဲ့ ကျန်းဟာအိုငြိမ်ကျသွားပါပြီ။ ENFJ ပီပီ ကြိုတင်အစီအစဉ်ဆွဲတတ်တဲ့ သူ့ယောကျာ်းကို တကယ်လေးစားပါရဲ့ကိုယ့်ကိုယ်ကိုယ်ညှာလို့ ထပ်မစရဲတော့။

ဆောင်းဟန်ဘင်းမှာ ဟန်ယူဂျင်းနဲ့ ဘာတွေညှိထားလဲမသိ တီတီလေးဖြစ်သူ လာခေါ်တဲ့အခါ အဖေတွေကိုတောင်လှည့်မကြည့် ခုန်ပေါက်လို့ လိုက်သွားခဲ့ပြီ။

𓆝 𓆟 𓆞 𓆝 𓆟

ရင်ခုန်စွာ ဟိုတယ်ရေချိုးခန်းတံခါးကိုတွန်းဖွင့်လို့ အိပ်ခန်းထဲ လျှောက်လာခဲ့ပါရဲ့ ဟန်ဘင်းကိုမြင်တိုင်း နှလုံးသားလေးက သွက်လက်စွာ ခုန်ပေါက်စမြဲ။ bathrobe အဖြူနှင့် ကုတင်ပေါ် ဖုန်းကြည့်နေသည့် ဟန်ဘင်းအနား ရေချိုးခန်းဝတ်စုံကြိုးစလေးကို လိမ်လို့ တရွေ့ရွေ့တိုးသွားလိုက်တော့ ဖုန်းကြည့်နေသည့်အမျိုးသားက သတိထားမိသွားပြီး ခေါင်းမော့ကြည့်လာခဲ့တယ်။

"ရေအကြာကြီးချိုးရင် အအေးပတ်ပါလိမ့်မယ်ဆိုတာကိုကွာ.."

ပိုက်ထားသည့် လက်မောင်းတွေကိုဖွင့်လိုက်သည့်အခါ ဟာအိုအလိုက်တသိ ရင်ခွင်ထဲသို့ ဝင်ထိုင်လိုက်ပါတယ်။ သူလည်း ရေအကြာကြီးချိုးဖို့အစီစဉ်မရှိပါဘူးနော် ဒီအတိုင်း ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်နေလို့ ကြာသွားရုံသာ။

"ဟန်ဘင်း ငါ့ကို ဘာလို့ ချစ်မိသွားတာလဲဟင်?"

လည်တိုင်ကိုသိုင်းဖက်လို့ အဖြေသိပြီးရင်တောင် ထပ်ထပ်ပြီး ကြားချင်စမြဲဖြစ်သည့် မေးခွန်းကို စိတ်လှုပ်ရှားစွာမေးလိုက်မိပါရဲ့ အမြဲတမ်းချစ်သွားဖို့ပါ ဆုတောင်းရင်းပေါ့။

"တစ်ညလုံးအချိန်ရတယ်...ဖြည်းဖြည်းချင်းပြောမယ်...ဟာအိုနားထောင်ချင်ရဲ့လား?"

"အင်း..."

ထပ်တူကျသွားသည့် အနမ်းတွေနဲ့ မေးကိုကိုင်လို့ ပါးစပ်ဟခိုင်းတဲ့ ဟန်ဘင်းအမိန့်ကိုနာခံရင်း ကျန်းဟာအို နှုတ်ခမ်းတွေဟပေးလိုက်ရာ ထိုအနမ်းတွေက ခန္ဓာကိုယ်ချင်း ထိတွေ့လိုစိတ်ကို ပြင်းပြလာစေခဲ့ပြီ။ လည်တိုင်အထက်အနမ်းတွေဟာ ကျီစယ်နေရာမှ လေးနက်လာပြီး ဝံပုလွေတစ်ကောင် သားကောင်ကို ကိုက်ဖြတ်တော့မလိုမျိုး ထွက်လာတဲ့ဟန်ဘင်းထံမှ ညည်းသံကြောင့် ကျောရိုးတလျှောက် တောင့်တင်းသွားခဲ့ပေမဲ့ ခန္ဓာကိုယ်ထဲကျူးကျော်လာသည့် လက်ချောင်းတွေကြောင့် တစ်ကိုယ်လုံးပျော့ခွေလို့သွားခဲ့ပြီ။

ပြောရရင် ဟန်ဘင်းနဲ့အတူ အိပ်ရာပေါ်အချစ်စမ်းတာ တစ်ခါနှစ်ခါ မကတော့။ နှစ်ယောက်စလုံးက ကျန်းမာသည့်လူငယ်များဖြစ်လို့ ဟန်ဘင်းတောင်းဆိုတိုင်း ကျန်းဟာအိုမငြင်းသလောက်နီးပါး အလိုလိုက်ခဲ့ပေမဲ့ အခေါက်တိုင်းလိုလို ရင်ခုန်သံတွေ ပိုလို့တိုးလာခဲ့တာက သူတို့နှစ်ယောက်ရဲ့ pheromone လိုက်ဖက်မှုနှုန်း မြင့်တာကြောင့်လား...သူကပဲ ဟန်ဘင်းရဲ့ ဆွဲဆောင်မှုတွေအောက် တနေ့နဲ့တနေ့ ပိုလို့ကျရှုံးလာတာကြောင့်လား မတွေးတတ်တော့။ ဒီညလည်း ဟန်ဘင်းရဲ့စိတ်တိုင်းချခြယ်လှယ်မှုတွေအောက် သာယာမိဦးမှာပင်။

𓆝 𓆟 𓆞 𓆝 𓆟

"လူဆိုးပဲ လူဆိုး!"

"ဂျာဂီ ညတုန်းကတော့မငြင်းပဲ အခုမှ"

"ညတုန်းက? ဟန်ဘင်း ငြင်းချိန်တောင်ပေးခဲ့လို့လား!!"

စောင်ပတ်ထားပြီး စိတ်ကောက်နေတဲ့ကျန်းဟာအိုကို မနက်ခင်းမှာမြင်ရတာ ဟန်ဘင်းအတွက် သိပ်မထူးဆန်းတော့။ အခုဆို သူတို့ရဲ့ အိမ်ထောင်သက်တမ်း တစ်နှစ်ပြည့်တော့မယ်လေ... အချစ်တွေ လျော့မသွားပဲ တိုးတိုးလာလို့ မထိန်းချုပ်နိုင်တာကို အပြစ်လို့ ပြောလို့တော့ဘယ်ရမလဲနော်။ တဖက်ကကြည့်ရင် သူတို့နှစ်ယောက် သိပ်ကိုပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးသုခကိုပိုင်ဆိုင်ထားတာလေ။

"ဂျာဂီလို့ မခေါ်နဲ့!!!"

"အဲ့တာဆို ဘယ်လိုခေါ်ရမလဲ? အလှလေး? Princess?ရှောင်ကုန်းကျူ? ပါပီလေး...ကိုယ့်ချစ်ကလေးရေ..."

စကားချိုချိုလေးတွေနဲ့ မျက်နှာလေးကိုင်ပြီးချော့ရင်ကို စိတ်ဆိုးပြေပြေသွားတာကြီးက အားနည်းလွန်းနေတာပဲကျန်းဟာအို! ကျစ် ကိုယ့်ကိုယ်ကိုယ် ပြန်စိတ်ကောက်ရတော့မလိုပဲ!

*ဒေါက် ဒေါက်*

"ဟော ချန်ချန်နိုးပြီထင်တယ်။ ဟာအို စိတ်မကောက်နဲ့တော့ကွာ မျက်နှာသစ်ပြီးထွက်လာခဲ့ ကိုယ်မနက်စာပြင်ထားပေးမယ်နော်"

နှုတ်ခမ်းထော်လို့ မကျေနပ်ဖြစ်နေတဲ့ရုပ်လေးကို နောက်တစ်ခါဆွဲနမ်းပြီး တင်ပါးကိုပါ တစ်ချက်ရိုက်လို့ ကုတင်ကနေ ထလိုက်ပါတယ်။

"အာ့"

"မင်း!! မင်း!! အခုတော့ ငါ့ကို!"

"မနက်ခင်း ဒရမ်မာတွေရိုက်မနေပါနဲ့တော့ မင်းသမီးလေး ကိုယ်တကယ်ရိုက်ရင် ပိုနာမှာ မသိတာလား?"

"..."

လောကကြီးက မတရားဘူးဗျာ!! လူတွေက ကျွန်တော်စိတ်ကောက်လွန်းတာပဲ မြင်ကြတယ် အခုလိုဟန်ဘင်းရဲ့ နားရှက်စရာ စကားတွေကိုတော့ မသိကြဘူးလေ! ကျွန်တော်ယောကျာ်းက အလိုလိုက်ပေမဲ့ အနိုင်ကျင့်တဲ့အခါတွေလည်းရှိလို့ အခုလိုဆိုးနေရတယ်ဆိုတာကို နားမလည်ပဲ သူများဇနီးမောင်နှံ့ကြား ကြားဝင်ချင်တဲ့ ရပ်ကွက်ထဲကအန်တီကြီးတွေကို ဆောင်းဟန်ဘင်းရဲ့အခုပုံစံပြလိုက်ချင်ပါရဲ့။

"ပါပါး မထသေးဘူးလား!"

"လာပြီ လာပြီ!!"

𓆝 𓆟 𓆞 𓆝 𓆟


May 12,2024


You are reading the story above: TeenFic.Net