🐰•17

Background color
Font
Font size
Line height

[A/N အရင်တုန်းကပြောသလိုပဲ ဓာတ်ပုံလေးမြင်ပြီးရေးဖြစ်သွားတာဆိုတော့ plotလည်းမရှိပါဘူး အရင်က ဟာအိုမိဘတွေအကြောင်း ထည့်မရေးမလို့ပါ၊ မိဘမဲ့လို့သဘောထားပြီး ချန်ချန်နဲ့အဖေတစ်ခု သားတစ်ခုလို ရေးမလို့တွေးထားတာထင်တယ် သေချာမမှတ်မိတော့လို့ စိတ်မရှိပါနဲ့နော်^^ အခုတော့ ဟာအို့မားမား ထည့်လိုက်ပါတယ်^^]

____________________

"မားမား...သား...ကိုယ်ဝန်ရှိနေပြီတဲ့"

"..."

ကျွန်တော့်အမေက အယ်လ်ဖာတစ်ယောက်ပါ။ သူမက အိမ်း... အရမ်းသန်မာလွန်းတယ်။ ပါပါးလည်း အယ်လ်ဖာပေမဲ့ သူမကို ကြောက်ရတယ်လေ။ အခုတော့ သူမကိုကြောက်တဲ့လူတစ်ယောက် ထပ်တိုးလာပြီလေ ဘယ်သူလည်းဆိုတော့ ကျွန်တော့်ယောကျာ်း ဆောင်းဟန်ဘင်းပေါ့။

"မင်းယောကျာ်းကို ဖုန်းလွှဲပေးလိုက်"

"..."

"ဟန်ဘင်း မားမားက မင်းနဲ့ပြောချင်တယ်တဲ့"

ဂလု...

ကားစီယာတိုင်ကိုင်ထားတဲ့ ဆောင်းဟန်ဘင်းနားထင်၌ ချွေးစများဆို့လာပြီ။  Enigma ဖြစ်နေပေမဲ့ ယောက္ခမဖြစ်သူကိုတော့ ကြောက်မိသည်မှာ ဘာကြောင့်မှန်းမသိ။ ဟာအိုက မိဘတွေအကြောင်းသိပ်မပြောတာကြောင့် လက်ထပ်ပြီးနောက်မှသာ မိဘတွေအကြောင်း တော်တော်များများ သေချာသိလာရတာ။ လက်မထပ်ခင် ခွင့်တောင်းဖို့ ဖူကျန့်သွားတုန်းက ကြမ်းပြင်မှာဒူးထောက်လိုက်ရတာ သူမှတ်မိနေတုန်းပဲ။

ယူခါနီးမှ လာပြောလို့ဆိုပြီး သူနဲ့အတူ ကျန်းဟာအိုပါဒူးထောက်လိုက်ရတာလေ။

"ဟုတ်ကဲ့မားမား ကျွန်တော်နားထောင်နေပါတယ်"

"အင်း ဟာအိုအခြေအနေကဘာတဲ့လဲ"

"ကိုယ်ဝန်သုံးပတ်တဲ့မားမား၊ သန္ဓေသားရော ဟာအိုပါကျန်းမာပါတယ်၊ ဆရာဝန်က အားဆေးတွေလည်းပေးလိုက်တယ်၊ သားလည်း သူ့ကိုအရသာရှိတာတွေချက်ကျွေးမို့ အခုပဲစျေးသွားမလို့ပါ"

ဟာအိုမှာတော့ ဖုန်းကိုလက်နှစ်ဖက်နဲ့ကိုင်လို့ သေချာဖြေနေတဲ့ ယောကျာ်းဖြစ်သူပုံစံကြည့်ပြီး သဘောကျစွာ တိုးတိုးလေးရယ်နေမိသည်။

"ဟုတ်ဟုတ် မားမားစိတ်မပူပါနဲ့ဗျာ သားသေချာဂရုစိုက်လိုက်ပါ့မယ် ဟုတ်ကဲ့ခင်ဗျ"

"ခ်ခ်ခ်"

တီတီတီ... ဖုန်းကျသွားတော့မှ ဆောင်းဟန်ဘင်းလေအဝရှုနိုင်တော့သည်။

"ဗိုက်ဗိုက် ဘာတွေကြိတ်ရယ်နေတာလည်းပြောစမ်း"

ဟန်ဘင်းဖုန်းကိုဘေးချလိုက်ပြီး lover seat မှာထိုင်နေသော ဟာအိုပါးကို ဆွဲညစ်လိုက်ပါတယ်။

"သူမ မင်းကိုချစ်ပါတယ်ဆိုတာကို အခုထိမင်းကကြောက်နေတုန်းပဲ"

"မင်းမားမားမို့ လေးစားတာပါ၊ ဒီအလှလေးကို ကိုယ်အတွက်ဖြစ်လာဖို့ မွေးပေးခဲ့တာလေ အဲ့တာကြောင့် ကျေးဇူးတင်လွန်းလို့ လေးလေးစားစား ဆက်ဆံတာ"

"အင်းပါ အင်းပါ ဆောင်းလူလည်ရယ်"

𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊

"ဟန်ဝေ့ချန်!! ဒီကိုလာစမ်း!!"

အိမ်ထဲဝင်ဝင်ခြင်းမှာတင် ကြားလိုက်ရသည့် ပါပါးရဲ့ဒေါသအသံ။ သားကို ဘာတွေဆူအုံးမလဲမသိဘူးဗျာ။ ကုတ်ကုတ်လေး ဧည့်ခန်းထဲဝင်လိုက်တော့ ဆူပုတ်နေသည့် ပါပါးမျက်နှာနှင့် ကြည်လင်တောက်ပနေသည့် ဒယ်ဒီ့မျက်နှာ။

"ယူဂျင်းလာလာ"

ဒယ်ဒီက သားကို ဆိုဖာပေါ်လာထိုင်ခိုင်းနေပေမဲ့ ပါပါးအကြည့်တွေကသားကို ချက်ချင်း ဒူးထောက်ပြီး လက်မြောက်ခိုင်းတော့မလို။ ကြောက်စရာကြီးဗျာ...

"ပါပါး..." "ဒယ်ဒီ"

"ယူဂျင်း ဒယ်ဒီတို့မင်းကို ပြောပြစရာ သတင်းကောင်းရှိတယ်"

"နောက်ဆို ယူဂျင်းတစ်ယောက်ထဲမဟုတ်တော့ဘူး ယူဂျင်းလေး အစ်ကိုကြီးဖြစ်လာတော့မယ်"

"ဗျာ??"

"ဟုတ်တယ်လေ မင်းကောင်းမှုနဲ့ မင်းပါပါးငါ..ကျစ်... မပြောတော့ဘူး နောက်ဆိုမင်းအစ်ကိုကြီးဖြစ်ပြီ အဲ့တာပြောပြတာ ဟူး"

ကိုယ်ဝန်ရှိနေတဲ့အကြောင်း ကြားထဲက ပိုပင်ပန်းလာသလိုပဲ ဟန်ဘင်းပုခုံးပေါ် မှီအုံးမှ။

"ဒယ်ဒီ အဲ့တာဆိုသားက ကိုကိုကြီးဖြစ်တော့မှာပေါ့"

အလယ်တန်းကျောင်းသားလေးချန်ချန်မှာ ပါပါးနားကပ်လိုက်ပြီး ပါပါးဗိုက်ပေါ် လက်ဖဝါးလေးနဲ့ မရဲတရဲ ထိလိုက်တယ်။

"ဒီထဲမှာရောက်နေပြီပေါ့ ပါပါး?"

"အင်း ရောက်နေပြီ ချန်ချန် ညီလေးလိုချင်လား ညီမလေးလိုချင်လား"

"ညီမလေး ညီမလေး!! ညီမလေးမွေးပေးနော် ပါး"

ပါပါးလက်ကိုကိုင်ပြီး လှုပ်ရမ်းလိုက်တော့ ဒယ်ဒီတားတာ ခံလိုက်ရပါပြီ။

"ဖြည်းဖြည်းလေယူဂျင်း သတိထား။ ပါပါးကိုအခုစပြီး အသံအကျယ်ကြီးနဲ့လည်း မစရတော့ဘူး ပါပါးကို ဂရုစိုက်ရမယ် ကြမ်းပြင်မှာလည်း ရေမဖိတ်စေနဲ့ မင်းပါပါးချော်လဲလို့မဖြစ်ပြီး ပြီးတော့..."

ဒယ်ဒီ့ရဲ့ဆုံးမမှုဟောပြောချက်အရှည်ကြီးကို ဒီတစ်ခါတော့ ဟန်ယူဂျင်းသေချာနားထောင်လိုက်ပါတယ်။

"ဟုတ်ဒယ်ဒီ သားမှတ်ထားမှာပါ"

"ပါပါး ကျေးဇူးပါ ဒယ်ဒီရောပဲ" ပြီးတော့... ချန်ချန် သူ့ခေါင်းကို နိမ့်လိုက်ပြီး ဟာအို့ဗိုက်နားကပ်လို့

"ဟေး သေးသေးလေး မင်းသေချာပေါက် ညီမလေးဖြစ်ပေးနော် ကြားလား"

"ဟားဟားဟား" ဟာအိုမှာ သူ့သားရဲ့ ကလေးဆန်မှုကြောင့်မရယ်ပဲမနေနိုင် ဦးလေးကြီးတစ်ယောက်ရယ်သံထွက်လာပြီး ဟန်ဘင်းပုခုံးအထက် မှီရင်းရယ်နေ၏။

"ပါပါး တိုးတိုးရယ်လေ သားညီမလေးလန့်သွားဦးမယ်"

"ဟမ်?"

𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊

"ဟန်ဘင်း"

"ပြော ဗိုက်ဗိုက်"

"ခေါ်ပြန်ပြီ ဗိုက်ဗိုက်လို့! ဗိုက်လည်းမပူသေးပဲနဲ့ကို"

"နောက်ပူလာမှာပဲ ဟဲဟဲ အခုထဲကခေါ်ထားတာမမှားပါဘူး"

"ကျစ်! ထားတော့ သဘောပဲ..."

အိပ်နေရာမှ ဟန်ဘင်းရင်ခွင်အတွင်း ပိုဝင်တိုးလိုက်ပြီး pheromone အနံ့များရှူလိုက်တော့ အိပ်ချင်လာပြီ။

"ဘာပြောမှာလဲ ဗိုက်ဗိုက်"

"အာ... အလုပ်လေ... တစ်နှစ်လောက်နားမလားလို့... ကိုယ်ဝန်ရော ပြီးတော့အရင်တုန်းက တခါမှမနားဖူးဘူး အဲ့တုန်းကတော့ လူပျိုမို့လားမသိဘူး ကလေးတစ်ယောက်ရှိတောင် ခွင့်မယူဖူးတာ ဒါပေမဲ့ အိမ်ထောင်ကျပြီး အပျင်းကြီးလာသလိုပဲ"

"ကိုယ်သဘောတူတယ် အရင်ထဲကမသွားစေချင်တာ အိမ်မှာပဲနားလိုက် အဲ့တာမှ ကိုယ်လည်းစိတ်အေးမှာ မဟုတ်ရင် ဗိုက်ဗိုက်လေးကိုစိတ်ပူနေတာနဲ့တင် ကျောင်းမှာ စာသင်ဖြောင့်မယ်မထင်ဘူး"

"အွန်း... အဲ့တာဆို အလုပ်ခဏနားခွင့်တင်လိုက်တော့မယ်နော် ကလေးနှစ်ယောက်အဖေ"

"ဟား ထပ်ခေါ်ပါဦး။ ကိုယ်အခု ချန်ချန့်လို အာပေတူးလေးအပြင် အခုအာပေသရီးလေးပါရလာတော့မှာပဲ"

"အင်း...ပျော်နေလေ မင်းမွေးရမှာမဟုတ်တိုင်း"

"အာ...အချစ်ကလေးကလည်း ကိုယ့်ရင်သွေးလေးရတာမပျော်ဘူးလားလို့"

"ခ်ခ် ပျော်ပါဘူး"

ပျော်တယ်မပြောမချင်း ဟန်ဘင်းက သူ့ကိုအာဘွားပေးရင်း နှိပ်စက်မယ်ဆိုတာ ကျန်းဟာအိုသိတာပေါ့။

ပါးပြင်တစ်ခုလုံး နေရာလွတ်မကျန် အနမ်းပြီးတဲ့နောက်တော့ ဟန်ဘင်း ဟာအို့ကိုဖက်ထားရင်းထပ်မေးလိုက်ပါသည်။

"ထပ်မေးမယ် ကလေးလေးရတာ မပျော်ဘူးလားပြော"

"မပျော်ပဲနေမလား မင်းနဲ့ရတဲ့ကလေးလေးလေ ဆောင်းဟန်ဘင်းရဲ့၊ အရူးလေး..."

"အွန်း ဟာအို့ကိုရူးနေတဲ့အရူးလေ ကိုယ်က"

"ဟားဟား အင်းပါ အရူးလေး ထပ်နမ်းပါဦး အများကြီးနမ်းပေး ကလေးလေးက အနမ်းခံရတာကြိုက်တယ်ထင်တယ်"

"ဒီကျန်းဟာအို လူလည်လေးကတော့!"

Mwah Mwah Mwah Mwah

နှုတ်ခမ်းလေးပေါ်တစ်ချက် နှာခေါင်းလေးကိုတစ်ချက် ပါးမို့မို့လေးတွေပေါ်တစ်ချက်စီ နှဖူးပေါ်သို့အနမ်းတစ်ချက်ဖိနှိပ်ပြီးနောက် ဆံနွယ်တွေကိုသပ်တင်လိုက်ရင်း ဆံသားလိုင်းနားက မှဲ့နက်လေးပေါ်ပါ အနမ်းတစ်ပွင့်ပေးလိုက်တော့ ဟာအိုက မျက်လုံးလေးမှိတ်ထားရင်း ခါးပေါ်ဖက်တွယ်လာပါပြီ။

"အိပ်ရအောင် ဟန်ဘင်း"

"အင်း ကိုယ်ဖက်ထားပေးမယ် အိပ်တော့ဗိုက်ဗိုက်"

𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊

တီးတောင်~ တီးတောင်~

မနက်အစောကြီး ထမြည်လာတဲ့ အိမ်တံခါးဘဲလ်သံကြောင့် ဟာအို့ကိုဖက်ပြီးအိပ်ပျော်နေသည့် ဆောင်းဟန်ဘင်းနိုးသွားတယ်။

မနက်ခင်းကြီး ဘယ်သူပါလိမ့်... ရင်ခွင်ထဲအိပ်ပျော်နေသည့် ဟာအိုကိုကြည့်တော့ နှစ်ခြိုက်စွာ အိပ်မောကျနေစဲ။ နိုးမသွားအောင် ဂရုတစိုက် ကုတင်ပေါ်မှ ဆင်းပြီး၊ တံခါးဖွင့်ဖို့ ထသွားခဲ့ပါတယ်။

"မာ...မားမား"

ငှက်သိုက်လိုဖြစ်နေသည့် ဆံပင်ထောင်ထောင်မှာလှုပ်ရှားသွားပြီး ပါးစပ်မှာအဟောင်းသား။ တဖက်ရှိ အသက်၄၀ကျော်ကျော် အမျိုးသမီးမှာတော့ နီရဲနေသည့်နှုတ်ခမ်းနီ ကျော့ရှင်းနေသည့် အဝတ်အစားပုံစံနှင့် ဒေါင်းတစ်ကောင်အမြှီးဖြန့်ထားသလို။

"မနေ့ညကပဲ ချက်ချင်းလက်မှတ်ဖြတ်လိုက်တော့ လေယာဉ်ဆိုက်ချိန် စောသွားတယ်လေ မင်းတို့အိပ်ရေးပျက်နေမှာဆိုးတာနဲ့ လာမကြိုခိုင်းတော့တာ"

"အယ်...မားမားတစ်ယောက်ထဲ တက်ဆီးငှါးလာတာလား?"

ဟန်ဘင်းမှာ ယောက္ခမရဲ့ luggage ကိုအမြန်အိမ်ထဲဆွဲထည့်ရင်း ရှုပ်ပွနေသည့် ဆံပင်များကိုလည်း လက်နဲ့အမြန်သပ်လိုက်ရသည်။

"ဟောင့်ဟောင့်ရော?"

"သူအိပ်နေတုန်းဗျ မားမား မနက်စာစားပြီးပြီလား ကျွန်တော်တစ်ခုခုလုပ်ပေးမယ်လေ"

မနက်စောစော မွေးကြိုင်နေတဲ့ဟင်းရနံ့တွေကြောင့် ကျန်းဟာအို နိုးလာခဲ့ပါသည်။ နိုးနိုးလာချင်း ဘေးမှာ ဟန်ဘင်းရှိမနေတာကြောင့် စိတ်ထဲအတင်မကျဖြစ်သွားပေမဲ့ အရသာရှိတာတွေ ချက်ပေးနေတာဆ်ိုတော့လည်း ဒီယောကျာ်းက...မဆိုးပါဘူးလေ။

ဒါပေမဲ့ ပိတ်ရက်ကြီး နည်းနည်းနောက်ကျမှထတာမဟုတ်ဘူး...

"ဟန်ဘင်းနား ဘာတွေချက်...ဟင် မားမား?!"

ခေါင်းတကုတ်ကုတ်နဲ့ အိပ်ခန်းထဲမှထွက်ပြီး မီးဖိုချောင်ဟန်ဘင်းရှိရာ လျှောက်လာစဉ် ဧည့်ခန်းရှိဆိုဖာပေါ် ကော်ဖီသောက်နေသည့် ဖူကျန့်မှ မိခင်ဖြစ်သူကို မြင်လိုက်ရသည်။ တကယ်ကြီး မားမားလား!

"ခွေးပေါက်လေး နိုးပြီလား"

"မားမား~~~"

Omega တွေ နဂိုကတည်းက ခံစားချက်လွယ်ပါတယ်ဆို မတွေ့ရတာကြာတဲ့ မိခင်ဖြစ်သူကိုမြင်လိုက်ရသည့်အခါမှာတော့ ကျန်းဟာအိုမှာ မျက်ရည်စမ်းစမ်း သူ့မားမားကိုပြေးဖက်ပါတော့တယ်။

"ဟွန်း အခုမှအမေနား လာချွဲနေ ယောကျာ်းယူတုန်းကတော့ နိုင်ငံခြားသားနောက် ကောက်ကောက်ပါအောင်လိုက်သွားပြီး"

"မားကလည်း...မားကိုလည်းချစ်ပေမဲ့ ဟန်ဘင်းကိုလည်းချစ်တာကို ပြီးတော့ မားမားမှာက ပါပါးရှိတယ်လေ"

ကျန်းဟာအိုက Alpha x Alpha မိသားစုကဆင်းသက်လာတာ။ Alpha ဖြစ်နိုင်ချေများတဲ့ ပေါင်းဆပ်မှုပေမဲ့ ဘာလို့သူမှ Omega လေးဖြစ်လာလည်းမသိ။ သူ့ကျဲကျဲတောင် Alpha လေ။ ကျဲကျဲနဲ့ ခဲအိုကလည်း Alpha နှစ်ယောက်ပဲ ဒါကြောင့် ချန်ချန်က Alpha ဖြစ်လာနိုင်ချေများတယ်။

"ဗိုက်ထဲက ဘာလေးလဲ သိရပြီလား?"

"သုံးလလောက်မှ သိရမယ်တဲ့မား"

"အွန်း ချန်ချန်ရော?"

"ဘွားဘွား!!!!!!!!!!"

အခုမှနိုးလာသည့် နောက်ထပ်ခွေးပေါက်လေးတစ်ကောင်ဟာလည်း အဘွားဖြစ်သူကိုပြေးဖက်ပါတော့သည်။

"ဘွားဘွားရေ ဘွားဘွား သားညီမလေးရတော့မှာ!!!"

"သေချာပြီလား ချန်ချန်ရဲ့"

"သေချာပြီ သားတိုးတိုးလေးပြောလိုက်တယ် ညီမလေးအဖြစ်ထွက်လာပေးပါလို့"

ထိုအခါ အဘွားဖြစ်သူမှာ ချန်ချန်ခေါင်းလေးကိုပွတ်လို့ ဟာအို့ဘက်လှည့်ပြီး

"မင်းကျဲကျဲလည်း မင်းကိုယ်ဝန်တုန်းက ညီမလေးလို့ထင်ခဲ့တာ သူလည်းအဲ့လိုပြောခဲ့သေးတယ်လေ"

"ပြီးတော့ မင်းထွက်လာတာပဲ ဟင်းဟင်း။  ဟောင့်ဟောင့်မင်းကျဲကျဲသာရှိ​ေသးသိရင် ဒီသတင်းကိုကြားပြီး သူပျော်နေမှာပါ"

"အွန်းမား ...ကျဲကျဲလည်းအခု...ပျော်နေမှာပါ"

ဟာအို၊ သူ့မားမားနဲ့ ချန်ချန်တို့ဖက်ထားသည့်ပုံလေးအား ဟန်ဘင်းမနက်စာချက်နေရင်းမှ ဖုန်းထုတ်လို့ အမြန်မှတ်တမ်းတင်လိုက်တယ်။

"မားမားတို့ စားလို့ရပြီဗျ"

𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊

"အင်း...ဟာအို့ကို ဂရုစိုက်ပေးပါဦး"

"မား...နည်းနည်းထပ်နေသွားတာမဟုတ်ဘူး"

သုံးရက်ပဲနေပြီး ပြန်တော့မဲ့ အမေဖြစ်သူ လက်လေးကိုင်လို့ ဟာအိုမှာ ချွဲလို့ကောင်းတုန်း။

"မင်းပါပါးတစ်ယောက်ထဲထားခဲ့ရတာ"

"ဟွန်း..."

"ဟွန်းတွေလုပ်မနေနဲ့ ငါရှိနေလည်း ယောကျာ်းနားပဲကပ်နေတာများ"

"သားက ဟန်ဘင်း pheromone လိုတာကိုလို့"

ဟန်ဘင်းလက်မောင်းကိုဖက်ထားရင်း အမေဖြစ်သူမပြန်ခင် စွာလိုက်ရသေးသည်။

"ဘွားဘွား သားလည်းပါပါးကိုဂရုစိုက်မှာပါဗျ"

"အေးပါ အတတ်ကလေး ဘွားဘွားသွားပြီ"

...

"ဟူး...မားမားပြန်သွားပြီ မင်းပုခုံးတွေဖြန့်လို့ရပါပြီ သူမကမင်းကိုချစ်ပါတယ်ဆိုတာကို ကြောက်နေတုန်းပဲ"

"လေးစားတာပါကွာ~~လာ အိမ်ပြန်မယ်ဗိုက်ဗိုက် ပြီးရင်ချန်ချန့်ကို ကိုယ်ဘော်လုံးကွင်းလိုက်ပို့ရဦးမှာ"

"သူ့ဘာသူသွားတတ်နေပြီးပဲ လိုက်ပို့မနေနဲ့ ငါနဲ့နေပေးနော်..."

ဒီစကားတွေကိုအတိုင်းသားကြားနေရတဲ့ချန်ချန်မှာတော့ စိတ်ညစ်နေပြီ။ ပါပါးကအခုတလော ဒယ်ဒီနားကပ်ကို ကပ်လွန်းတာ။

"ဟုတ်တယ်ဒယ်ဒီ ကီကီလာခေါ်မှာတဲ့ သားဘာသာသားပဲ သွားပါ့မယ်"

ထိုအခါ ကျန်းဟာအို သူ့သားလေးကို တော်လိုက်တာဆိုသည့် အကြည့်ဖြင့်ကြည့်လို့ ဟန်ဘင်းကိုမေးငေါ့ပြလိုက်ပါသည်။

𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊

*ဝေါ့*

ဟာအိုထပ်အန်ပြန်ပါပြီ။ ချန်ချန်မရှိတုန်း နှစ်ယောက်အတူတူဖက်ပြီး ရုပ်ရှင်ကြည့်မယ်လုပ်နေရင်း ပေါက်ပေါက်ဆုပ်အနံ့ကြောင့် အန်မိတာ။

"အဆင်ပြေရဲ့လား!"

ဟန်ဘင်းမှာ ပြာပြာသလဲ ကျောလေးကိုပွတ်ပေးရင်း။ ဟာအိုမှာတော့ ဘေစင်ထဲခေါင်းနစ်နေတုန်း။ နေရအဆင်ပြေအောင် ပူရှိန်း pheromone များထုတ်ပေးလိုက်သည့်အခါမှသာ ဟာအိုအခြေအနေကငြိမ်ကျသွားသည်။

"ဟန်ဘင်း...လှဲချင်တယ်"

"အင်းအင်း အရင် ပါးလုပ်ကျင်းလိုက် ပြီးရင် ကိုယ်ချီသွားမယ်"

ပါးလုပ်ကျင်းမျက်နှာပါသစ်လိုက်ပြီး ဟန်ဘင်းပေါ်ငြိမ်ငြိမ်လေးပါသွားသည့် ကျန်းဟာအိုမှာ ခေါင်းတောင်မထောင်နိုင် ဟန်ဘင်းပုခုံးကို မှီလျက်သား။ ကုတင်ပေါ်ဖြည်းဖြည်းချင်းချပေးပြီးတောင် ဟန်ဘင်းကိုဆွဲထားတုန်း။

"ခဏလေး ကိုယ် ဓာတ်ဆားရယ် သစ်သီးနည်းနည်းသွားယူလိုက်ဦးမယ် ပြီးရင် အတူတူ ဒီမှာပဲရုပ်ရှင်ကြည့်မယ်လေနော်"

"မြန်မြန်နော် ဘေးနားမင်းမရှိရင် မဖြစ်ဘူးထင်တယ်"

မင်းမရှိရင်မဖြစ်ဘူးဆိုသည့် စကားကြောင့် Enigma ခွန်အားများအကုန်သုံးပြီး အမြန်ဓာတ်ဆား​ဖျော်၊ သစ်သီးခွဲပြီး ဟာအို့အနား ပြန်သွားဖို့ မီးဖိုချောင်မှာ တစ်ယောက်ထဲပြိုင်ပွဲဝင်ရပါတော့သည်။

"မင်းသမီးလေး ကိုယ်မြန်တယ်မဟုတ်လား"

ဆံပင်သပ်တင်ပြီး လက်မောင်းကြားဓာတ်ဆားပုလင်းညှပ်လို့ သစ်သီးပန်းကန်ကိုင်ဝင်လာသည့် ဆောင်းဟန်ဘင်းပုံစံမြင်မှာပဲ ဟာအိုရယ်နိုင်တော့တယ်။

"အိမ်ရှင်မလုံးလုံးဖြစ်နေပြီပဲ ဆောင်းဟန်ဘင်း"

"ဒီမင်းသမီးလေးအပြင် နောက်ထပ်မင်းသမီးလေးရောက်လာဦးမှာလေ ဒီလောက်တော့မြန်မှာပေါ့ နောက်ဆို နို့ဗူးပါဖျော်ရတော့မှာ"

"ခ်ခ်"

𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊𖡼𖤣𖥧𖡼𓋼𖤣𖥧𓋼𓍊

June 1, 2024


You are reading the story above: TeenFic.Net