🐰•14

Background color
Font
Font size
Line height

Warning: This chapter includes intimate and explicit scenes...

တံခါးလော့ခ်ကျသွားသည့် အသံနှင့်အတူ ကျန်းဟာအိုတစ်ကိုယ်လုံးလည်း ဟန်ဘင်းကိုယ်ပေါ်ပြုတ်ကျသွားခဲ့ပြီ။ အခုမှအိမ်အဝင်ဝပဲ ရှိသေးပေမဲ့ နှစ်ယောက်လုံး ဘာတတ်နိုင်မှာလည်း။ ဟန်ဘင်း ဟာအို့ကို သူ့အိမ်ခေါ်လာတာပါ။ ဟာအိုအိမ်ထက်စာရင် ဟန်ဘင်းအိမ်မှာဆို ပိုအဆင်ပြေနိုင်တာက ဒီအိမ်မှာ ယူဂျင်းမနေတာကြောင့် တခုခုဆို သူတို့တကူးတကကြီး အမြန်ရှင်းစရာမလိုဘူး။

အိမ်ထဲရောက်ရောက်ချင်း ဟာအိုရဲ့နောက်ဆုံးလက်ကျန် အသိစိတ်ကြိုးမျှင်ဟာ ပြတ်တောက်သွားပြီ။ စိတ်ထဲလွှမ်းမိုးနေတာက ဟန်ဘင်းကို လိုချင်တယ်ဆိုတာကလွဲပြီး တခြားမရှိ။ သူ့ရဲ့ ဝိဉာဉ်ရော ခန္ဓာကိုယ်ပါ ဟန်ဘင်းအတွက်ဖြစ်ချင်ပြီး ပိုင်ရှင်ဖြစ်သူထံ အမြန်သိမ်းပိုက်ခံချင်နေပြီ။

Heat ဆိုမှတော့ ပူလောင်တယ်၊ ခံစားချက်တွေရှုပ်ထွေးလွန်းပြီး ဟန်ဘင်းကိုပဲဖက်တွယ်ထားချင်တာ။ ဦးနှောက်ထဲ ဟန်ဘင်း ဟန်ဘင်း ဟန်ဘင်း ဆိုတွေပဲ ပြည့်နေလွန်းလို့ အော်ဟစ်လိုက်ချင်သည်။

"ဟန်ဘင်း...ငါ့ကိုပေးပါတော့"

လည်တိုင်ကို တတိတိကိုက်နေပြီး လက်နှစ်ဖက်ကခါးကိုညှစ်ထားတဲ့ ဆောင်းဟန်ဘင်းမှာ ကျန်းဟာအိိုရဲ့ မောဟိုက်စွာ တောင်းဆိုသံကြောင့် လှုပ်ရှားမှုတွေရပ်တံ့ကုန်လို့ လက်ချောင်းလေးနှင့် Omega လေးရဲ့ မေးဖျားလေးကို ဖွဖွလေးပင့်လိုက်တယ်။

"ဩ...ဟာအိုက ဘာကိုလိုချင်တာလဲ? ...ကိုယ့်ကို သေချာပြောပြလေ"

တိုးညှင်းတဲ့လေသံက ခြိမ်းခြောက်နေတာလား ချော့မြူနေတာလားမသဲကွဲ။ ဟာအိုကိုယ်ပေါ်ရှိ င်္အကျီတွေဟာ ဖယိုဖရဲ။ ဝတ်ထားတယ်ဆိုရုံမျှသာ ရှိတော့ပြီး ရင်ဘက်နှင့် လည်တိုင်ဖြူဖြူလေးဟာ အတိုင်းသား လှစ်ပေါ်လို့နေပြီ။ ဟိုဟိုဒီဒီ ပြေးလွှားနေတဲ့ ဟန်ဘင်းလက်တွေကြား အချုပ်ခံထားရသလို၊ pheromone နှင့်လည်းထပ်ပြီး ချုပ်နှောင်ခံထားရပြန်တာ အခုတော့ စကားလုံးတွေနဲ့ပါ ဟန်ဘင်းက သူ့ကို ဆော့စကားနေပြန်ပါပြီ။

"ကိုက်..ကိုက်ပေး"

ဟာအို့စကားအတိုင်းပဲ ဟန်ဘင်းလည်း gland ပေါ်ဖွဖွလေးကိုက်ပေးလိုက်ပါတယ်။ လက်တစ်ဖက်ကလည်တိုင်ကိုထိန်းထားပြီး ကျန်လက်တစ်ဖက် ရင်ဘက်တစ်လျောက် ပြေးလွှားနေလို့။

"Umm...နက်နက်လေးကိုက်ပေး ဒီလိုမဟုတ်ဘူးလို့"

"ကိုယ်နားမလည်ဘူး"

ဧည့်ခန်းထဲမှာပဲရှိသေးတာကြောင့် ဟာအိုကိုတဖန် ထပ်ချီပြီး အိပ်ခန်းထဲရှိ မွေ့ယာပေါ် ပစ်ချလိုက်တယ်။ တကယ် ပစ်ချလိုက်တာပါ။ အောက်မှ မွေ့ယာအိအိလေးရှိနေတာတောင်မှာ ဟာအိုလန့်သွားခဲ့တာ...ပိုပြီးလန့်သွားတာက ဟန်ဘင်းသူ့ကိုယ်ပေါ် ချက်ချင်းအုပ်မိုးလာပြီး နှုတ်ခမ်းတွေကို ရူးရူးမူးမူး စုပ်ယူနေခဲ့တာကြောင့်။ ဒါတင်အားမရသေး ဟန်ဘင်းဟာ ရင်ဘက်ကိုတွန်းနေသည့် ဟာအိုလက်နှစ်ဖက်အား လက်တစ်ဖက်ထဲဖြင့် ဖမ်းချုပ်လိုက်ပြီး ဟာအို့ဦးခေါင်းအထက်မြှောက်လို့ မွေ့ယာနဲ့ဖိကပ်ထားလိုက်တယ်။

ကျန်းဟာအို လုံးဝလှုပ်လို့မရတော့ဘူး။ အပေါ်ကနေ ဟန်ဘင်းက သူ့ကိုဖိထားပြီး နမ်းနေတဲ့ အနမ်းတွေကြောင့် မျက်လုံးတွေ ဖွင့်မရတော့သလို နှုတ်ခမ်းတွေဟာလည်း တစ်ဖက်လူရဲ့ ချယ်လှယ်မှုအောက် ဆွဲပါနေပြီ။

"လက်တွေကို ချုပ်မထားပါနဲ့...ငါလည်း...ငါလည်းမင်းကိုထိချင်တယ်လေ"

အနမ်းရှည်တစ်ခု ပြီးဆုံးသွားသည့်အခါ နဖူးချင်းထိကပ်ထားရင်း တောင်းဆိုလာခဲ့တဲ့ ဟာအို့စကားကြောင့် ဟန်ဘင်းချုပ်ထားတဲ့လက်တွေကိုလွတ်ပေးလိုက်ပြီး သူ့ရင်ဘက်ပေါ်တင်ပေးလိုက်တယ်။

'ထိချင်သလောက်ထိလေ မင်းအပိုင်ပဲ' ဆိုသည့်အကြည့်တွေနဲ့ ဟာအို့ကိုစိုက်ကြည့်လာပြီး ပြုံးပြလို့...။

ဟာအို့လက်ချောင်းတွေလည်း ဟန်ဘင်းရင်ဘက်ပေါ်ရှိ ကြယ်သီးတွေထံရောက်သွားပြီး တစ်လုံးချင်းဖြုတ်ပါတော့တယ်... ဒါပေမဲ့ သူ့အကြည့်တွေက ဟန်ဘင်းရဲ့နက်ရှိုင်းလွန်းတဲ့မျက်ဝန်းတွေထံ နစ်မြုပ်နေတုန်းပဲ။

"ဟာအို...ဒီလိုသာချွတ်နေရင် ဒီညဘာမှလုပ်လိုက်ရမယ်မထင်ဘူးနော်"

ခေါင်းကို ဖွဖွလေးပွတ်ပေးလို့ စောဒကတက်လိုက်ပေမဲ့ ဟန်ဘင်း ဟာအိုလုပ်တာတွေအကုန် ငြိမ်ခံနေစဲ။ heat အရှိန်ကြောင့် အမြင်တွေဝေဝါးကုန်ပြီး လိုချင်စိတ်ကြောင့် ဟာအို့တစ်ကိုယ်လုံးတုန်ယင်နေတာကြောင့် ကြယ်သီးတွေက သူ့ဆန္ဒကိုမနာခံဘူးလေ။ ဟာအိုနဲ့ဆန်ကျင့်ဘက် ဟန်ဘင်းကတော့ အတော်လေးတည်ငြိမ်နေခဲ့ပါတယ်။

"ဆောင်းဟန်ဘင်း အရမ်းမုန်းဖို့ကောင်းတာပဲ မင်းဘာမင်း ချွတ်လေ!"

"ဘယ်လိုပြောလိုက်တာလဲ..."

"မုန်းတယ်? သေချာလို့လား? ကိုယ်က ဟာအိုကိုယ့်ကို လို..ချင်..နေ..တယ် ထင်ထားတာ..."

ဟန်ဘင်းအင်္ကျီ ကြယ်သီးငါးလုံးအနက် သုံးလုံးသာဖြုတ်လို့ပြီးသွားပေမဲ့ ဟာအိုကိုယ်ပေါ်မှာတော့ အဝတ်လုံးဝ မရှိတော့ဘူး။ ဆောင်းဟန်ဘင်းက ကုတင်ပေါ်မှာ တကယ်တော်တဲ့ မျက်လှည့်ဆရာဖြစ်ပါလိမ့်မယ်။ ဘယ်ကနေဘယ်လို ကိုယ်ပေါ်ကနေထွက်သွားမှန်းမသိတဲ့ အင်္ကျီတွေထက် ဟာအိုက ဟန်ဘင်းကိုယ်ပေါ်ရှိနေတုန်းဖြစ်တဲ့ ဝတ်စုံကို ပိုစိတ်ဝင်စားတာ။ သူတို့က အပြည့်အစုံရှိနေတုန်းပဲ ကုတင်ပေါ် သူတစ်ယောက်ထဲသာ မွေးကင်းစ ကလေး လိုဖြစ်နေတာလေ။

"မီး မီးပိတ်လိုက်"

"မီးပိတ်ရင် ဟာအိုအရမ်းလှနေတာတွေ ကိုယ်မြင်ရတော့မှာမဟုတ်ဘူးလေ"

ကျန်းဟာအိုသိတဲ့ ဟန်ဘင်းက အရမ်းအလိုလိုက်တတ်သူပါ ဒါပေမဲ့ ကုတင်ပေါ်က ဆောင်းဟန်ဘင်းကတော့ ကဝေတစ်ကောင်များ ဝင်ပူးထားလေသလား။

"ဘာမှ ကြည့်စရာမရှိဘူး ဟန်ဘင်းက ဘာတွေမြင်ချင်တာလည်း ပိတ်ပေးပါနော်"

နှာသံလေးနဲ့ ချွဲပြောပေမဲ့မအောင်မြင် ခါးပေါ်ရှိလက်များသာ ပို၍တင်းကျပ်လာပြီး ကျန်းဟောင့်ကို ရမက်နွံထဲ ပိုလို့ကျွံလာအောင်သာ အမျိုးမျိုးကလိနေခဲ့သည်။

"မပိတ်ပါဘူး ကိုယ်ကအကုန်လုံးကိုမြင်ချင်တာ"

ဝါကျင်ကျင်မီးရောင်အောက် ဟာအိုမျက်နှာပြင်အထက် စီးကျနေသည့် မျက်ရည်စက်တွေ တလက်လက်တောက်ပနေတာ သာယာမှုကြောင့်ဖြစ်ပါလိမ့်မယ်။ သာယာပေမဲ့ ဆောင်းဟန်ဘင်းတစ်ယောက်အခုအထိ လုပ်စရာရှိတာမလုပ်သေးပဲ ဝေ့လှည်ကြောင်ပတ် လုပ်လို့ကောင်းနေတုန်းပဲ။ နမ်းတွေပေးလိုက် ခန္ဓာကိုယ်ကို ကလိလိုက်၊ ကိုက်လိုက်နဲ့ အချိုပွဲတစ်ခုကို အရသာခံနေသလိုမျိုး ဆော့ကစားနေတာ။ အခုထိ အဓိကဟင်းလျာရောက်မလာသေး...

ဒီအပိုင်းမှာ သူလိုချင်တယ်လို့ပြောရတာ ဘယ်နှစ်ခါရှိပြီလဲ ဒါတောင် စာရေးသူက အခုထိ မပေးနိုင်သေးဘူး ဘယ်လိုအမေမျိုးလဲ ဟမ် ခင်ဗျား!!

နောက်ဆုံးမှာတော့ ကျန်းဟာအိုစိတ်မရှည်တော့တာကြောင့် ကိုယ်ပေါ်အုပ်မိုးထားတဲ့ ဟန်ဘင်းကို ရှိသမျှအားအကုန်သုံးပြီး ကုတင်ပေါ်တွန်းချလို့ သူ ဟန်ဘင်းဗိုက်ပေါ် တက်ထိုင်လိုက်တော့တယ်။ ရုတ်တရက်ပြောင်းလဲသွားသည့် အနေအထားကြောင့် ဟန်ဘင်းလည်း ဟာအိုကိုယ်လုံးလေးကို ခါးကနေထိမ်းထားပေးပြီး စိတ်မရှည်တော့တဲ့ ကျန်းဟာအိုမျက်နှာလေးကိုမြင်တော့ မရယ်ပဲလည်းမနေနိုင်ပါဘူး။

"စိတ်မရှည်တော့ဘူးလား?"

"မင်း rut ရောက်ရင် ငါဒီလိုပြန်မေးမယ်!!"

စကားနဲ့သာ ခြိမ်းချောက်လိုက်တာ သူက Omega လေ။ ကုတင်ပေါ်တိုက်ပွဲမှာ အနိုင်ရနိုင်ချေ နည်းနည်းမှမရှိဘူး။ ဟန်ဘင်းနောက်ဆုံးတော့ ဟာအိုကိုအလျော့ပေးလို့ ကိုယ့်င်္အကျီကိုယ်ပြန်ချွတ်ပြီး ကြမ်းပြင်ပေါ်ပစ်ချလို့ ဟာအို့ကိုပြန်ကြည့်လိုက်တယ်။

"ကျေနပ်ပြီလား မင်းသမီးလေး?"

ဟာအိုလက်ညှိုးဟာ ဝမ်းဗိုက်မှ အထက်သို့တဖြည်းဖြည်း ပွတ်ဆွဲလို့ နှုတ်ခမ်းအထက်ရောက်တဲ့အခါ ရပ်တန့်လို့ ခန္ဓာကိုယ်ကိုကိုင်းညွှန့်ပြီး ဟန်ဘင်းကိုနမ်းလိုက်တယ်။

"ဒီလောက် မိုက်တဲ့ကြွက်သားတွေ အမြဲင်္အကျီအောက်ထဲဝှက်ထားရတာ နှမြောစရာပဲဟန်ဘင်းနား"

ကိုယ်ပေါ်တက်ထိုင်နေတဲ့ ဟာအိုကိုယ်လုံးလေးက အနမ်းတွေနဲ့အတူ စီးမျောလို့ လှုပ်ရှားနေတာက ဟန်ဘင်းကိုပါ စတင်ပြီး မသက်မသာဖြစ်လာစေပြီ။

"Umm"

ဆောင်းဟန်ဘင်းရဲ့ ယောကျာ်းဆန်လွန်းတဲ့ အသက်ရှူသံတွေကြားထဲ ဟာအိုမှာတော့ ရေနဲ့ထိလို့ပျော်သွားတဲ့ သကြားမျှင်မုန့်လေးလိုမျိုး ဟန်ဘင်းကိုယ်ပေါ် တဖြည်းဖြည်းအရည်ပျော်ကျလာလို့ နောက်တစ်ကြိမ်ထပ်ပြီး အောက်ကိုပြန်အပို့ခံလိုက်ရပါပြီ။

ဒီတစ်ခါတော့ တကယ်ပဲ ဟန်ဘင်းသူ့ကို အမှတ်အသားပေးတော့မယ် မဟုတ်လားဟင်...

နမ်းနေရင်းမှ နှုတ်ခမ်းတွေဟာ နားရွက်ဖျားလေးကိုကိုက်ရင်း လည်တိုင်တစ်လျောက်ပွတ်ဆွဲလို့ gland တွေအထက် နေရာယူလိုက်ပြီ။

"ထာဝရအမှတ်အသားပေးချင်တာဆို ဟာအိုငြင်းမှာလား?"

ငြင်းမှာလားလို့သာ မေးလိုက်တာ ငြင်းလို့မရအောင် လက်ချောင်းတွေကို ခန္ဓာကိုယ်တစ်လျှောက်ပွတ်သပ်နေတာက Enigma တွေရဲ့မာယာများလား? ဟန်ဘင်းကဘယ်တော့မှ လိုချင်တာကို အတင်းအကျပ်လုပ်မှာမဟုတ်ဘူး။ ဟန်ဘင်းက သူလိုချင်တာကို ဟာအိုနှုတ်ဖျားကနေ တောင်းဆိုလာအောင်ပဲ ပြုစားမှာ။

"ဟင့်အင်း.."

"ကိုယ်အတည်ပြုလို့ရအောင် သေချာဖြေ"

"Umm...အ့...ထာဝရအမှတ်အသားပေးလိုက်ပါ... ဟန်ဘင်း"

လိမ်လိမ်မာမာ တောင်းဆိုလာတဲ့ Omega လေးရဲ့စကားကို ဖြည့်ဆည်းပေးသင့်တာပေါ့။ ဟန်ဘင်းပြုံးလိုက်တယ်။ မျက်နှာက လည်တိုင်ကြား ကွယ်နေတာတောင်မှ ဟန်ဘင်းပြုံးလိုက်မှန်း ဟာအိုသိပါတယ်။ အခုဆို gland ကရော ခန္ဓာကိုယ်ကပါ ပူရှိန်းရနံ့ကို ပြင်းပြင်းထန်ထန်အလိုရှိနေပြီ။

Gland အထက် ပါးလွှာနေသည့်အရေပြားပေါ်  ဟန်ဘင်းရဲ့ သွားစွယ်ချွန်ချွန်ဟာ ထိုးဖောက်သွားလို့... နာကျင်မှုကြောင့် ဟာအိုရုန်းချင်လာသည်။ ဒါပေမဲ့ သူ့ကိုဖိထားတဲ့ ဟန်ဘင်းရင်ခွင်ကို တွန်းဖယ်နိုင်မှာတဲ့လား။ ထာဝရအမှတ်အသားဆိုတာ ယာယီအမှတ်သားထက် ပို၍နက်အောင် ကိုက်ရပြီး ဝိဉာဉ်အထိပါ အမှတ်အသားထင်စေတာ။ ဖြစ်စဉ်တစ်ခုလုံးဟာလည်း ယာယီအမှတ်အသားပေးတာထက် ကြာမြင့်သည်။

စစချင်း ဟာအိုရုန်းချင်ပေမဲ့ gland ထဲဝင်လာတဲ့ mint pheromone တွေက အေးစိမ့်စိမ့်နဲ့ သူ့ကို နေရထိုင်ရ သက်သာလာစေတယ်။ heat ကြောင့် ပူနေတဲ့ ခန္ဓာကိုယ်ဟာ ပူရှိန်းရနံ့တွေအောက် အေးမြလာပြီး တုန်ခါနေသည့် နှလုံးသားကို အေးချမ်းစေခဲ့တာကြောင့် ဟာအိုတဖြည်းဖြည်းငြိမ်ကျလာတယ်။

ဒါပထမအဆင့်ပဲရှိသေးတာ gland ထဲ pheromone ရောက်သွားတယ်ဆိုရုံလောက်ပေါ့ တကယ့်အမှတ်အသား စတင်ချိန်မှာတော့ ခံစားချက်တွေဟာ တဖန်ပြန်စတင်လာတယ်။ ဟာအို့ခါးပေါ်က ဟန်ဘင်းလက်တွေ ပိုလို့တင်းကျပ်လာခဲ့သလိုမျိုး ဟာအိုလည်း ဟန်ဘင်းကို တင်းတင်းကျပ်ကျပ် ပြန်ဖက်ထားမိလိုက်တယ်။

အခု ကမ္ဘာပေါ်မှာ သူတို့နှစ်ယောက်ထဲပဲ လေထုထဲမှာလည်း လာဗင်ဒါနဲ့ ပူရှိန်းရနံ့ပဲ။ pheromone တွေပြီးပြည့်စုံစွာပေါင်းစပ်သွားခဲ့သလို gland ပေါ်ရှိ အမှတ်အသားဟာလည်း တဖြည်းဖြည်းပြည့်စုံလာပြီ။ အခုချိန်ကစပြီး နှစ်ယောက်လုံးက တစ်ယောက်မရှိရင် တစ်ယောက်မဖြစ်တော့ဘူး။ Enigma နဲ့ Omega ကြား bond က လက်ထက်စာချုပ်ဆိုတဲ့ စာရွက်တွေထက် ပိုပြီးလေးနက်တာကြောင့် ဒီလိုနက်ရှိုင်းတဲ့ခံစားချက်ကို အမှတ်အသားပြည့်စုံလာတာနဲ့တပြိုင်နက် နှစ်ယောက်လုံးရဲ့ စိတ်ထဲမှာလည်း ခံစားမိနေပြီ။ ဒါ ဝိဉာဉ်အထိ တံဆိပ်တုံး ဖိနိုပ်လိုက်တာပဲ။

ဒီခံစားချက်က ထူးဆန်းလွန်းသလို နာကျင်မှုအနည်းငယ်ရှိပေမဲ့ အခုသူက ဟန်ဘင်းအပိုင်ဖြစ်သွားပြီ။ အမှတ်အသား ပြီးဆုံးခါနီးအချိန်မှာ Omega တွေထံ ကိုယ့်ကိုယ်ကိုယ်ဆုံးရှုံးသွားသလို ခံစားချက်မျိုး ဝင်လာတတ်တယ်။ ဒီခံစားချက်ကြောင့်ပဲ မျက်ရည်စက်တချို့ လိမ့်ဆင်းလာပေမဲ့ တကယ်တမ်းတော့ ဝမ်းမနည်းမိပါဘူး ကိုယ့်ကိုယ်ကိုယ်ဆုံးရှုံးသွားရင်တောင် သူ့ကိုပိုင်ဆိုင်သွားတာ ဟန်ဘင်းမဟုတ်လား။ ဟန်ဘင်းသာ ဘေးနားရှိနေရင် ဟန်ဘင်းမျက်ဝန်းတွေထဲ အမြဲတမ်းလှပနေမဲ့ ကျန်းဟာအိုကို ရှာတွေ့နိုင်တာကြောင့် ကျေနပ်မိပါတယ်။

ဟန်ဘင်း Gland ပေါ်အနမ်းတစ်ပွင့်ဖိနှိပ်ရင်း ထာဝအမှတ်အသားကိုအဆုံးသတ်လို့ ဟာအို့နှဖူးပေါ် ကြင်နာစွာအနမ်းခြွေခဲ့တယ်။ ဒီအနမ်းဟာ ရမ္မက်မပါဘူး။ ဒီအတိုင်း ပျော်ရွှင်မှုနဲ့ ကျေးဇူးတင်မှုကြောင့်ပဲ။

" ကိုယ်မင်းကို တစ်ဘဝလုံးစောင့်ရှောက်သွားမှာပါ "

" အင်း အခုငါကမင်းအပိုင်ပဲ " ခန္ဓာကိုယ်ရော ဝိဉာဉ်ပါ။

ဟန်ဘင်းပြုံးလိုက်ပြီး ဖြည်းဖြည်းချင်းထကာ ဒုတိယအဆင့်ကို ဦးတည်တော့တယ်။ ဒီအဆင့် ဟာအို့အတွက် ပိုပင်ပန်းနိုင်တာကြောင့် ခါးအောက်မှာ ခေါင်းအုံးလေးခံပေးဖို့လည်းမမေ့။ ကျန်းဟာအိုအရှက်ပိုနေပေမဲ့ အမှတ်အသားပေးပြီး ဖြစ်တာကြောင့် သိပ်ပြီးအကြောက်လန့်တာတော့ မရှိတော့ဘူး။

ဟန်ဘင်း ဟာအိုရဲ့ခြေတံလေးကို ပုခုံးပေါ်ဆွဲတင်လိုက်ပြီး ခေါင်းအနည်းငယ်စောင်းလို့ ခြေသလုံးလေးကိုနမ်းလိုက်တယ်။ ၅ရက်တောင် ဟာအိုနဲ့ နှစ်ယောက်အတူတူ ဒီယစ်မူးဖွယ်ခရီးရှည်ကို ဖြတ်သန်းရတော့မယ်ဆိုတာကိုတွေးမိတော့ သူ့စိတ်ထဲရှိ Enigma ကကျေနပ်မိသွားတာ။

ကျန်းဟာအိုဟာလည်း လက်ချောင်းလေးကို ကိုက်ထားရင်း ဟန်ဘင်းဘာဆက်လုပ်မလဲဆိုတာကို စိတ်လှုပ်ရှားစွာစောင့်မျှော်နေမိပါတယ်။ သေချာတာကတော့ ဒီရက်တွေအတွင်း နှစ်ယောက်စလုံး အသိစိတ်ကင်းမဲ့စွာ ရူးမိုက်နေမယ်ဆိုတာပါ။

💞

အဝတ်တွေ တစ်စစီပြန့်ကျဲနေသည့် အခန်းအတွင်း လိုက်ကာမှ နေရောင်ခြည် တစိုးတစ ခိုးဝင်လာလို့။ အလင်းကြောင့် မျက်စိစူးလို့ ဟာအိုတစ်ဖက်ကိုလှည့်လိုက်တော့ အဝတ်ဗလာနဲ့အိပ်ပျော်နေတဲ့ ဟန်ဘင်းကိုမြင်လိုက်ရတယ်။ ချောမောလွန်းနေလိုက်တာ...အာ...အခုသူ့အပိုင်ပဲမဟုတ်လား...

"ဆက်အိပ်ဦးလေ...ခုနကမှ အိပ်ပျော်သွားတာမဟုတ်ဘူးလား"

ဟုတ်ပါတယ် မနက်မိုးလင်းတဲ့အထိ လေ့ကျင့်ခန်းလုပ်နိုင်တဲ့ ဟန်ဘင်းရဲ့သက်လုံအားက တကယ်ကိုကြွေကျချင်စရာပါ။ သူပင်ပန်းပေမဲ့ စိတ်ကျေနပ်ရတယ်လေ။

"အွန်းအိပ်မှာ လိုက်ကာနည်းနည်းဟနေတယ် ဟန်ဘင်း"

ဟန်ဘင်း ကုတင်ဘေးနားရှိ remote ကိုယူလို့ အနည်းငယ်ဟနေတဲ့ လိုက်ကာကို ပိတ်ပေးလိုက်ပြီး ဟာအို့ကို ပြန်ဖက်ထားလိုက်တယ်။ နှစ်ယောက်စလုံးရဲ့ကိုယ်ပေါ် စောင်အပါးလေးသာရှိနေပေမဲ့ ခြေထောက်တွေက အချင်းအချင်းရစ်နွယ်ထားရင်း ဟန်ဘင်းကိုယ်ငွေ့ကြောင့် ဟာအို့တစ်ကိုယ်လုံးဟာ နွေးထွေးနေလို့။

"အိပ်... နောက်ထပ် heat မလာခင် အိပ်ရေးဝမှဖြစ်မယ်... အားမရှိဘူးလို့ ဆင်ခြေပေးတာတွေ ကိုယ်လက်ခံမှာမဟုတ်ဘူး"

—————————
May 7, 2024

A/N - heat က ၅ရက်ကြာရင် ၅ရက်လုံးတော့ ကမူးကရှုးဖြစ်နေတာမဟုတ်ဘူးပေါ့နော် ၅ရက်လုံးမှာ heat ဝင်လိုက် ငြိမ်သွားလိုက် ဝင်လိုက် ငြိမ်သွားလိုက်ဖြစ်နေမှာ (ABO ဖတ်နေကြဆိုသိမှာပါ ^^) နောက်ထပ် heat ဆိုတာလည်း အဲ့လိုပုံစံကိုပြောတာပါနော် ^^


You are reading the story above: TeenFic.Net