🐰•13

Background color
Font
Font size
Line height

နီးကပ်လာတဲ့ heat နဲ့အတူ ကျန်းဟာအိုတစ်ယောက် ပူပန်လာတာက ချန်ချန့်ကို။ heat အချိန်ဆို သူ့ထံအသိစိတ်ကပ်မှာမဟုတ်ဘူး သူတင်မဟုတ် ဟန်ဘင်းပါ...အဟမ်း အဟမ်း ဘာပဲပြောပြောတွဲနေပြီပဲ heat ကိုအတူတူဖြတ်သန်းရမှာ မဟုတ်လား...

သားလေးအပြင် ဟာအိုထပ်ပြီးပူပန်မိတာက လူကြီးကိစ္စပေါ့ လူပျိုလေးဖြစ်တဲ့ သူက တစ်ခါမှ heat ကို တခြားလူတစ်ယောက်နဲ့ မဖြတ်သန်းဖူးဘူး။ အမှန်တော့ ချစ်သူမရှိတောင်မှာ heat ကိုတစ်ယောက်ထဲမဖြတ်သန်းချင်ရင် အတူတူဖြတ်သန်းဖို့ Alpha ရှာလို့ရတဲ့ စိတ်ချရတဲ့ ဆားဗစ်တွေမှ အများကြီးပါ။ ဒါပေမဲ့ ဟာအိုက အချစ်မပါပဲ ခန္ဓာကိုယ်ချင်း ဆက်နွယ်တာကို လက်မခံနိုင်တဲ့ လူတစ်ယောက်ဖြစ်နေလို့ အခုချိန်အထိ တစ်ယောက်ထဲ ဖြတ်သန်းခဲ့တာ။

"ယူဂျင်းလေးအတွက်စိတ်မပူပါနဲ့ ကိုယ် မေမေ့ဆီဖုန်းဆက်ထားတယ် သူတို့ကြည့်ပေးလိမ့်မယ်"

ကြမ်းပြင်ပေါ် ဒူးလေးပိုက်လို့ စိုးရိမ်လွန်နေတဲ့ ဟာအိုဂုတ်လေးပေါ် နွေးထွေးသည့် လက်ဖဝါးတစ်ဖက် ပွတ်သပ်ပေးလို့ ဖြောင်းဖြလာသည်။

"မေမေ? ဟန်ဘင်းမေမေလား?"

"အင်းလေ"

Heat နီးလာသလို ဟာအိုစိတ်က ပိုလို့မငြိမ်မသက်ဖြစ်လာသည်မှာ ဘဝမှာတခါမှာ Enigma တစ်ယောက်နဲ့ အနီးကပ်မနေဖူးလို့လား မပြောတတ်။ စိတ်ထဲ ဟန်ဘင်းမိသားစုဘက်က ကလေးတစ်ယောက်နဲ့ omega ဖြစ်တဲ့ သူ့ကို မကြည်ဖြူမှာလည်း တွေးပူရသေးသည်။

Pheromone လိုက်ဖက်မှူကြောင့်လား၊ ဟန်ဘင်းရဲ့ သာမန်ထက်ပိုတဲ့ ဂရုစိုက်တက်မှုကြောင့်လား၊ ဟာအိုရဲ့ အတွေးနဲ့စိုးရိမ်မှုတွေကို အမှတ်အသားမပေးခင်ထဲက ဟန်ဘင်းခံစားလို့ရနေခဲ့တယ်။

တကယ်လို့ ထာဝရအမှတ်အသား ပေးပြီးသွားတဲ့အခါ သူတို့နှစ်ယောက်ရဲ့ တစ်ယောက်အပေါ်တစ်ယောက် ခံစားချက်တွေဟာ ဘယ်လောက်အထိများ နက်ရှိုင်းသွားမလဲ၊ လေးနက်သွားမလဲဆိုတာ အခုအခြေအနေကိုကြည့်ထဲက တွေးကြည့်လို့ရနိုင်ပါတယ်။ Pheromone လိုက်ဖက်မှုနိမ့်တဲ့ စုံတွဲတိုင်းနီးပါး ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို မရနိုင်ဘူး ဒါနဲ့ဆန့်ကျင်ဘက် pheromone လိုက်ဖက်မှုမြင့်ရင် မြင့်သလို သာယာမှုရာခိုင်နှုန်းများသလို ပျော်ရွှင်ရတာလည်းများတယ်။ နောက်တစ်ခုက... heat အတွင်း ရင်သွေးလေးရသွားနိုင်ခြေလည်း များတာ...

"မေမေက ဟာအိုနဲ့ယူဂျင်းလေးကိုတွေ့ချင်နေတာ.."

"သူက ယူဂျင်း ကိုယ်ငယ်ငယ်ကနဲ့ ဆင်တယ်ဆိုလို့ အပြင်မှာပါ မြင်ဖူးချင်နေတာလေ"

"ဒါပေမဲ့... ယူဂျင်းက ဟန်ဘင်းသားအရင်းမှမဟုတ်တာ သူတို့..."

"အင်း...မေမေတို့က အရင်ထဲကမြေးလေးလိုချင်တာလေ"

ဟန်ဘင်းလက်မလေးမှာ ဟာအို့ gland ပေါ်ကနေပွတ်သပ်နေပြီး။ Omega လေးကို ချော့မြူနေသယောင် သို့မဟုတ် နာခံလာအောင် မိန့်ပေးနေသလိုမျိုး

"သူတို့က ယူဂျင်းလေးကို ကိုယ့်သားလေးလိုမျိုး ချစ်ပေးမှာပါ... ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လဲဟင်?"

" မေမေက ကိုယ့်ရင်သွေးလေးလည်း မြင်ချင်သေးတာ... သူတို့ဆန္ဒကို ဟာအိုကဖြည့်ဆည်းပေးမှာဆိုတော့...ဟာအိုနဲ့သာတွေ့ရင် မေမေက သည်းသည်းလှုပ်နေမှာပဲ ကိုယ်ပဲအပြင်လူဖြစ်လာမယ်ထင်တယ်"

ကျန်းဟာအို ယောင်ပြီး ခေါင်းငြိမ့်မိတော့မလို့လေ။လက်မလေးတစ်ချောင်းသုံးပြီး သူ့ကိုအလိမ်သွင်းနေတာ... ဆောင်းဟန်ဘင်းအန္တရာယ်များလိုက်တယ်နော်!

"ဘယ်သူက ဆန္ဒကိုယ်ဖြည့်ဆည်းပေးမယ်ပြောလို့လဲနော်!"

"လုံးဝမရဘူးလား?"

"စော...စောသေးတယ် အခုတစ်ခေါက်တော့"

ဟန်ဘင်းကျေနပ်စွာပြုံးလိုက်တယ်။ ဟာအိုပြောတာမှန်ပါတယ်။ ပထမဆုံး အတူတူဖြတ်သန်းမဲ့ကာလကြီးမှာ ကလေးတစ်ယောက်ယူဖို့ စဉ်းစားလိုက်ရင် ဟာအိုအတွက်လန့်စရာဖြစ်နိုင်ပြီး သူ့အတွက်လည်း ပျော်စရာအချိန်လေးတွေ နည်းသွားနိုင်တာမဟုတ်လား။

"ကိုယ်ကအဖြစ်သဘောပြောတာပါ ဟာအို့ခန္ဓာကိုယ်ဆိုတော့ ဟာအို့စိတ်တိုင်းကျပဲဟုတ်ပြီလား"

"အဖြစ်သဘောပြောတာကလည်းနော် ကလေး ကလေး ကလေးနဲ့ နေ့နေ့ညည ဒါပဲကြားနေရတယ် အဲ့လောက်တောင် ကလေးလိုချင်နေရင်လည်း ဘာလို့ငယ်ငယ်ထဲက အိမ်ထောင်မပြုလည်း!"

"ဪ အဲ့တုန်းက ဟာအိုနဲ့မှ မတွေ့သေးပဲလေ"

"ကိုယ်က ဟာအိုနဲ့တူတဲ့ သမီးလေးတွေ..."

"တော်တော့! တော်တော့! ဟန်ဘင်းက ပြောလေဆိုးလေပဲ!!"

သမီးလေးတွေ 'တွေ' နောက်မှာ 'တွေ'တောင် ပါလိုက်သေးတာခင်ဗျာ။

"ထွက်မပြေးနဲ့ ဒီမှာလာထိုင် ယူဂျင်းအိပ်နေတာ နိုးသွားလိမ့်မယ်နော်"

ထပြီး ထွက်ပြေးဖို့လုပ်နေရာက လက်ကနေဆွဲချခံလိုက်ရပြီး ဟန်ဘင်းပေါင်ပေါ် ထိုင်ရက်လေးကျသွားလို့ လက်မောင်းတွေ ကြားချုပ်ထားခံလိုက်ရပြန်ပြီ။ မုဆိုးဟာ ပန်ဒါလေးကိုဖမ်းဖို့ရန် အမြဲဒီနည်းလမ်းပဲသုံးပေမဲ့ ပန်ဒါလေးမှာ ငတုံးလေးလို အမြဲထောင်ချောက်မိစမြဲ။

"ဘာတွေရှက်နေတာလဲ အခုထဲက ကျင့်သားရနေသင့်တာ မဟုတ်ရင် heat နေ့မှာ ဟာအိုပိုပြီးစိတ်ရှုပ်မှာနော်"

"ဟွန့် သူများheat ဝင်မှာကို တော်တော်ပျော်နေတာပဲနော်"

"မပျော်ဘူးလို့ပြောရင် လိမ်ရာကျမှာပေါ့ ကိုယ်ကမလိမ်တတ်ပါဘူး"

"ဝေးဝေးမသွားနဲ့ ကိုယ့်နားမှာပဲနေ pheromone တွေနဲ့ ဝေးသွားတာနဲ့အမျှ ဟာအိုစိတ်တွေပိုရှုပ်လာလိမ့်မယ် ဟုတ်ပြီလား..."

ပြောပြီးတာနဲ့ အလိုက်သင့်လေးထွက်လာတဲ့ ပူရှိန်းနံ့တွေက ဟာအိုကချုပ်နှောင်ထားလိုက်သလိုပါပဲ။ ကျန်းဟာအိုဘာတတ်နိုင်မှာတဲ့လည်း သူလည်းသဘောကျတာကို။

"အွန်းပါ ပိုပြီးဖက်ထားပေး"

💞

"စိတ်မလှုပ်ရှားနဲ့လေ pheromones တွေ အရမ်းပျံ့နေပြီ"

လက်ငါးချောင်းလုံး ယှက်နွယ်ထားပေမဲ့ ဟာအိုကားပေါ်ကနေ မဆင်းရဲ။ ဟန်ဘင်းမှာ လက်ချောင်းတွေပေါ် ကျန်လက်တစ်ဖက်နဲ့ ဖွဖွလေးပုတ်ပေးနေပေမဲ့ ဟာအိုကတော့ တစ်ကိုယ်လုံးတုန်ယင်နေပြီ။

"ပါပါး ကြောက်နေတာလား?"

"ဒယ်ဒီ ပါပါး ကြောက်နေတာလားဟင်?"

"မင်းပါပါးက စိတ်လှုပ်ရှားနေတာပါ"

Heat ကာလအနီး မိဘတွေနဲ့တွေ့တာက ကောင်းတဲ့အချက်မဟုတ်ဘူး။ စိတ်လှုပ်ရှားလွယ်သည့် ကာလဖြစ်တာကြောင့် အမှားလုပ်မိနိုင်ချေများသဖြင့် ဒီလိုအချိန်တွေဆို ရှောင်ကြပေမဲ့ အခုက အခြေအနေအရ ဖြစ်နေတာကြောင့် မတွေ့လို့က မကောင်းပြန်။ ၅ရက်တာ ကြာမြင့်မည့် heat အတွင်း ချန်ချန်ကို ဟာအို လူစိမ်းတွေနဲ့ စိတ်မချနိုင်ပါ။ ဟန်ဘင်းမိသားစုကသာ သင့်တော်သည့် ရွေးချယ်မှုဖြစ်နေတာကြောင့် ဆောင်းဟန်ဘင်းမှာလည်း ဟန်ယူဂျင်းကို သူ့အိမ်ပို့ရင်း မိသားစုတွေ့ဆုံပွဲလေး အမြန်စီစဉ်လိုက်တာ။ ကျန်းဟာအိုမှာတော့ စိတ်လှုပ်ရှားလွန်းပြီး သေတော့မလိုပဲ။

ဘဝတစ်လျောက် လွန်ကဲလာတဲ့ ယုံကြည်မှုတွေဟာဘယ်ဆီဘယ်ဝယ် လွှင့်ထွက်သွားမှန်းမသိပေမဲ့ သူ့ကိုပြုံးပြလို့ 'ကိုယ့်ကိုယ်ယုံပါ' လို့ပြောလာတဲ့ ဟန်ဘင်းမျက်ဝန်းတွေနှင့် အကြည့်ချင်းစုံသည့်ခဏမှာတော့ စိတ်အေးချမ်းမှုတစ်ချို့ကို ဟာအိုရှာတွေ့သွားပါတယ်။

"ပါပါး မကြောက်ပါနဲ့ သားရော ဒယ်ဒီပါရှိတယ်လေ သားတို့က ပါပါးကိုကာကွယ်ပေးမှာ"

နောက်ခုံကနေ ခေါင်းလေးပြူပြီး အရှေ့မှာထိုင်နေတဲ့ အဖေနှစ်ယောက်ကြား ဟိုကြည့်ဒီလုပ်ပြီးမှ ချန်ချန့်မှာ သူ့ပါပါးခေါင်းလေးကို ပွတ်ပေးလာတယ်။

"ပါပါး သားက စူပါမန်းဗျ!"

ချန်ချန့်ရဲ့ ပလီပလာစကားလေးများကြားမှသာ ကျန်းဟာအိုတစ်ယောက် ပြုံးနိုင်လာတယ်။

"ကိုယ့်လက်ကိုဆွဲထား နှစ်ယောက်အတူတူဆို အကုန်အဆင်ပြေမှာ"

"အာ...မှားလို့ ချန်ချန်ပါ ပါတာပဲ ကိုယ်တို့သုံးယောက်အတူတူနော်"

💞

ဟန်ဘင်းသိပါတယ် ဟာအိုအစမှာ လန့်နိုင်ပေမဲ့ တကယ်တမ်း သူ့မိသားစုနဲ့တွေ့ရင် အဆင်ပြေမယ်မှန်း။ အခုပဲကြည့် အမေဖြစ်သူက သူ့ကိုတောင်မကြိုဘူး ဟာအိုလက်ကိုဆွဲလို့ ခေါ်သွားပြီ။ အရင်ကအစ်ကိုနားကပ်နေကျ ညီိမဖြစ်သူကတော့ ချန်ချန့်လက်ကိုဆွဲလို့ ကလေးကိုကလိနေပြီ။ ဧည့်ခန်းထဲ သူ့အဖေနဲ့သူသာ အထီးကျန်စွာကျန်နေခဲ့လို့။

ကျားကွက်ယူလာပြီး သားဖနှစ်ယောက်ပျင်းရိစွာ ကစားနေပေမဲ့ နှစ်ယောက်လုံးအကြည့်က မီးဖိုချောင်ရှိ Omega လေးနှစ်ယောက်စီ။

"အဲ့တော့ ဘယ်တော့ မင်္ဂလာပွဲလုပ်မလဲ?"

"ကျွန်တော်တို့မလောပါဘူး"

"အင်း...မင်းအမေနဲ့ငါတော့ လောတယ်"

"ဟားဟား ကျွန်တော်ဒီနေ့မှအိမ်ခေါ်လာတာ ဖေဖေတို့က တော်တော်သဘောကျနေပြီပဲ"

"မင်းအမေအပြုံးတွေမမြင်ဘူးလား ငါကတော့ ငါ့မိန်းမသဘောကျရင် သဘောကျတာပဲ"

ဆောင်းဖေဖေက တပြုံးပြုံးနဲ့ ကင်းမွန်ခြောက်ကိုဝါးရင်း ဟန်ဘင်းကိုစနောက်လာတာပေါ့။ သူ့မိခင်နဲ့ ဟာအိုကတော့ ဘာတွေပြောနေမှန်းမသိ မီးဖိုချောင်ထဲနှစ်ယောက်သား ရယ်မောနေလို့။

"ပုံမှန်ဆို ဘယ်သူဟင်းချက်လဲ?"

ဟာအိုမှာ ဟန်ဘင်းမေမေ အရွက်လှီးနေတာကိုဘေးကနေကြည့်ရင်း ရုတ်တရက်ဝင်လာတဲ့ မေးခွန်းကြောင့် ဘယ်လိုဖြေရမလဲမသိ ဖြစ်သွားတယ်။ ဟန်ဘင်းပဲ ဟင်းချက်တာလို့ပြောရင် သူ့ကို ငြိုငြင်သွားမလားနော်။ မျက်လုံးကလည်ကလည် အကူအညီတောင်းဖို့ရန် ဟန်ဘင်းကိုလိုက်ရှာလိုက်တော့ ဆောင်းဟန်ဘင်းက သူ့ဘေးကိုတောင်ရောက်နှင့်နေပြီ။

"ကျွန်တော်ပဲချက်တာ"

ဟန်ဘင်း ဟာအိုလက်ကိုကိုင်လိုက်ရင်း မေးခွန်းကိုပါ ကူဖြေပေးလိုက်တယ်။

"ကောင်းတယ် ကောင်းတယ် ဟာအိုသားလေး သူ့ကိုပဲချက်ခိုင်းနော် သားက နားနားနေနေ နေ ဟင်းချက်တာတို့ အိမ်သန့်ရှင်းရေးလုပ်တာတို့မှ မလုပ်နိုင်ရင် ဒီလိုယောကျာ်းမျိုး မင်းမရွေးချယ်သင့်ဘူး သိလား သားလေး"

မထင်မှတ်ထားတဲ့ စကားကြောင့် ဟာအိုမှာ မျက်ဝန်းအဝိုင်းသား။

"ဒါပေမဲ့ အန်တီတို့သားလေးက လူကောင်းလေးပါ အန်တီသေချာဆုံးမထားတာ သူကမင်းအပေါ်ကောင်းကောင်းဆက်ခံမှာပါ...ဒါပေမဲ့ တကယ်လို့များ ဟန်ဘင်းဆိုးရင်လည်း အန်တီ့ကိုလှမ်းတိုင်ဖို့ မမေ့နဲ့နော်"

"ဟုတ်...ဟုတ်"

ရှက်ကိုးရှက်ကန်းဖြစ်နေတဲ့ ဟာအိုပုံစံလေးကိုမြင်တော့ ဟန်ဘင်း နား နားကပ်လို့ စကားတစ်ခွန်းတိုးတိုးလေးပြောပြီး စမိလိုက်ပြန်ပါတယ်။

"မေမေက ဟာအိုကို မျက်နှာလိုက်နေတာ ဘာလို့လဲသိလား?"

"ဘာလို့လဲ?"

"အင်း သူမြေးမလေးလိုချင်လို့ နေမှာပေါ့"

"..."

💞

ညစာစားလို့အပြီးမှာတော့ ချန်ချန်ဟာ ဟန်ဘင်းမိသားစုနဲ့ အတော်ရင်းနှီးလာပြီး သက်တောင့်သက်သာဖြစ်လာပါပြီ။ ဟန်ဘင်းတစ်မိသားစုလုံးနဲ့ အလည်လာတဲ့ ဒေါ်လေးကပါ ယူဂျင်းနဲ့ ဟန်ဘင်းကိုကြည့်ပြီး အံ့ဩမဆုံး။ သူတို့သားသာ ဆိုးသွမ်းတဲ့ကလေးတစ်ယောက်ဖြစ်ခဲ့ရင် ဒါကို ဟန်ဘင်း ဟာအိုနဲ့ ခိုးပြီးမွေးထားတဲ့ သားလေးလို့ ထင်မိမှာအမှန်ပဲ။

"တော်တော်ကြီး တူနေတာပဲ အမကြီး"

"ငါအမြဲမြေးချီချင်ခဲ့တာ အခုချီရတော့လည်း ချက်ချင်းကြီး" ဟန်ဘင်းအမေမှာ ဟန်ဘင်းနဲ့ဟာအိုဘက်လှည့်ကာ

"မင်းတို့နှစ်ယောက်ထပ်မွေးရင်တောင် ယူဂျင်းလေးလောက် ဟန်ဘင်းနဲ့တူမယ်မထင်ဘူးကွယ်"

"အင်း နောက်တစ်ယောက်က ဟာအိုနဲ့တူမှဖြစ်မှာ"
တက်ကြွစွာဝင်ပြောသည့် ဟန်ဘင်းကို ကျန်းဟာအိုဆွဲဆိတ်လိုက်တာကြောင့် ဟန်ဘင်းက 'ကိုယ်ဘာမှားလို့လဲကွာ' ဆိုပြီး ဟာအိုကိုကြည့်လာတယ်။ဟန်ဘင်းကို အနေအေးမယ်ထင်ခဲ့သမျှဟာ သဲထဲရေသွန်။

အမှန်တော့ ဟာအို ညစာစားနေတုန်းကတည်းက ခန္ဓာကိုယ်က နေလို့မကောင်းခဲ့ဘူး။ တစ်ကိုယ်လုံး တဖြည်းဖြည်းနဲ့ နာကျင်လာသလိုပဲ။ ယားကျိကျိဖြစ်နေတာလား ငိုချင်နေတာလား ဒေါသထွက်နေတာလား ဘာမှန်းမသိတဲ့ခံစားချက်များစွာဟာ စိတ်ကောလူကိုပါ နိုပ်စက်နေခဲ့တာ။ နောက်ဆုံးမှာတော့ မူးဝေလာပြီး မေ့လဲတော့မလိုဖြစ်လာကာ pheromone တွေပါ မထိန်းချုပ်နိုင်တော့ပါဘူး။

ဒါကိုတစ်အိမ်လုံးသတိထားမိတဲ့အချိန်မှာ ဟန်ဘင်းက ဟာအို့ကို သူ့အနွေးထည်ခြုံပေးလိုက်ပြီး ချီလို့အိမ်အပြင်ထွက်ဖို့ ပြင်နေပြီ။ ဟာအို heat က တွက်ထားတာထက် တစ်ရက်စောလာခဲ့တယ်။ ဟန်ဘင်းစိတ်ထဲ အခုသိတာက ဟာအိုကိုပွေ့ချီလို့ သူတို့အိမ်လေးဆီ ပြန်ဖို့ပဲ။ သူ့ရဲ့ heat ဝင်နေတဲ့ omega လေးကို မိသားစုကိုတောင် ပြချင်တာမဟုတ်ဘူး။

ခြေလှမ်းကျယ်တွေနဲ့ တံခါးဝဆီ အမြန်လျှောက်သွားလိုက်ပေမဲ့ နောက်ကနေလှမ်းဆွဲလာတဲ့ အားသေးသေးလေးကြောင့် ဟန်ဘင်းခြေလှမ်းတွေ ခဏတန့်သွားခဲ့တယ်။

မျက်ရည်ဝဲနေတဲ့ ဟန်ယူဂျင်း။ ကလေးတစ်ယောက်က သူ့ဖခင်ဖြစ်သူ မေ့လဲတော့မလို ဖြစ်သွားတာ မြင်လိုက်ရတော့ heat မှန်းသိတာတောင်မှ ထိလွယ်ရှလွယ် ဝမ်းနည်းလွယ်မှာ အမှန်ပဲ။ ဟာအို နေလို့မကောင်း ဖြစ်နေပေမဲ့ ချန်ချန်မှန်းသိတာကြောင့် ဟန်ဘင်းကိုမှီထားရမှ ခေါင်းလေးထောင်ကြည့်လာတယ်။

"ချန်ချန် ပါပါးဘာမှမဖြစ်ဘူးလေ"

"ဒယ်ဒီ ပါပါးကို သေချာဂရုစိုက်ပေးပါနော်"

ထွက်ကျလာတော့မဲ့ မျက်ရည်တွေကို လက်သီးဆုပ်သေးသေးနဲ့သုတ်ပြီး ဆွဲထားတဲ့ ဟန်ဘင်းဘောင်းဘီကို ယူဂျင်းလွှတ်ပေးလိုက်ပါတယ်။ ၅ရက်ကြီးများတောင် ပါပါးတို့နဲ့ခွဲရမှာဗျ။

ဟန်ဘင်းလည်း ညီမဖြစ်သူကိုကြည့်၍ ကလေးကိုလာခေါ်ဖို့ပြောပြီး ယူဂျင်းထံ ဟာအိုကို သေချာဂရုစိုက်မှာပါလို့ ကတိပေးလိုက်တယ်။

ကားခုံပေါ် ဟာအိုကို ချပေးလို့ ခါးပတ် ပတ်ပေးပြီး တဖက်ခုံဆီ ကူးဖို့လုပ်တဲ့အခါမှာ ဟာအိုက ဟန်ဘင်းကို ထွက်မသွားဖို့ ဖမ်းဆွဲထားတယ်။ မျက်ဝန်းတွေထဲ မြူခိုးတွေရှိနေပြီး ဟာအိုအခု အသိစိတ်နဲ့ စိတ်ဆန္ဒကြား တိုက်ပွဲဝင်နေရတာ။

"ဟန်ဘင်း မသွားနဲ့"

"အင်းမသွားဘူး ခဏပဲလေ ကိုယ်ဘေးနားပြန်ရောက်လာမှာကို"

အိမ်အမြန်ပြန်ရောက်ဖို့လိုအပ်တယ် မဟုတ်ရင် သူတို့နှစ်ယောက် ကားပေါ်မှာတင် တစ်ခုခုဖြစ်သွားနိုင်တာ။ အဲ့တာကြောင့်ဟန်ဘင်းလည်း အမြန်ကားတံခါးပိတ်ပြီး driver seat ထံပြေးလို့ သူတို့အိမ်ဆီ ဦးတည်လိုက်ပါတယ်။

"Umm...နာတယ်"

ကားထိုင်ခုံပေါ် ကျန်းဟာအိုတစ်ယောက် ဟိုဘက်လှည့် ဒီဘက်လှည့်နဲ့ စတင်လို့ မသက်မသာဖြစ်နေရှာပြီ။ ကားတစ်ခုလုံးမှာလည်း လာဗင်ဒါ pheromone တွေနဲ့ပြည့်နေပြီး ဟန်ဘင်းလည်း ထိန်းချုပ်နေရတာကြောင့် နဖူးပေါ်ရှိ သွေးကြောတွေတောင် ထောင်ထွက်နေပြီ။ ကားထဲရှိ pheromone တွေလျော့သွားအောင် ကားမှန်တံခါးချဖို့ရန်လည်း ဟန်ဘင်းမလုပ်ချင်ပါ။ ဒီ pheromone တွေကို ဘယ်သူ့ကိုမှ ပေးမရှုစေချင်။ သူတစ်ယောက်ထဲကသာ လာဗင်ဒါရနံ့နဲ့ ကောင်းချီးပေးခံရသည့် လူသားဖြစ်ချင်ပါသည်။

လာဗင်ဒါရနံ့များအကုန် ဖုံးသွားစေဖို့ သူ့ရဲ့ ပူရှိန်း pheromone တွေကို လွှတ်ထုတ်လိုက်တာကြောင့် သေးငယ်တဲ့ကားပေါ်ရှိ လေထုထဲ လာဗင်ဒါနှင့် ပူရှိန်းများရောယှက်ကုန်လို့ ဟာအိုမှာ pheromone ပေါင်းစပ်မှုကြောင့် heat ဝင်နေရာမှ အနည်းငယ်သက်သာလာသည့်တိုင် ဘေးမှာထိုင်ပြီး ကားမောင်းနေတဲ့ဟန်ဘင်းထံ အားကိုးတကြီး ကြည့်လာခဲ့တယ်။

"umm...ဟန်ဘင်း..."

"ခဏပဲစောင့် အိမ်ရောက်တော့မယ်လေ..."

─── ⋆⋅ ♡ ⋅⋆ ──

May 6, 2024
.
.
.

bnb_may နဲ့ပတ်သတ်ပြီး နည်းနည်းလေးပြောချင်တာရှိလို့ပါ ^^

// အစကတော့ အပိုင်းရှည်ရေးဖို့ စဉ်းစားထားပေမဲ့ ဖရော့မှာ အချိန်မရှိလို့ OS ကပိုအဆင်ပြေမယ်ထင်တာရယ် bnb project မှာရေသူထီးလေးအနေနဲ့ အမှတ်တရ ရှိစေချင်တာရယ်ကြောင့် project ထဲပဲထည့်လိုက်ပါတယ်။ အချိန်ရှိလာတဲ့အခါ အရှည်ကြီးရေးချင်ပေမဲ့ ဖရော့က အာရုံစိုက်နိုင်စွမ်း သိပ်မကောင်းပါဘူး အပိုင်းရှည် ရေးဖို့ဆို သမာဓိထူထောင်ရမှာပါ။ (၆ပိုင်းလောက်ရေးပြီးရင်ကို ပျင်းသွားတတ်တဲ့အမျိုးပါT..T)

အပိုင်းရှည်အနေနဲ့ စဉ်းစားပြီး OS ဖြစ်သွားတော့ စဉ်းစားထားပြီး မထည့်လိုက်ရတာလေးတွေကို အောက်မှာရေးပေးထားပါတယ်။

ရေးထားတဲ့ထဲမှာ ဟောင့်ပါပါးက ဟောင့် ကုန်းပေါ်တက်တာနဲ့ပတ်သတ်ပြီး ပြင်းပြင်းထန်ထန် တားမြစ်ထားတာက ဟောင့်သာကုန်းပေါ်တက်ရင် လူတစ်ယောက်နဲ့ချစ်မိသွားမှာကို သူကြိုသိလို့ပါ။

ဟန်ဘင်းဆုတောင်းကို တကယ်တမ်းဖြည့်ဆည်းပေးလိုက်တာ ကောင်းကင်ဘုံပဲဆိုရမှာပေါ့ မုန်တိုင်းနဲ့ နှစ်ယောက်ကြား အကွာအဝေးကို နီးစပ်စေခဲ့တယ်လို့ပြောရမလား။

OS သာမဟုတ်ပဲ အပိုင်းရှည်ဆို ဟာအိုကုန်းပေါ်ရောက်လာပြီး ဖြစ်တဲ့ chaos တွေကို အများကြီးထည့်ရေးချင်ပါတယ်။ ဟန်ဘင်းနဲ့စျေးလိုက်သွားပြီး ငါးတွေလွှတ်ပေးမိတာတို့ ငှက်တွေနဲ့စကားပြောတာတို့။ အစက ဟာအိုထွက်သွားရတဲ့ကိစ္စကို စဉ်းစားထားတာက ဟန်ဘင်းအဘိုးမွေးထားတဲ့ အလှမွေးငါးတွေကို လွှတ်ပေးမိတာနဲ့ ပတ်သတ်ပြီး စကားများတာလို့ စဉ်းစားထားတာပါ အဲ့တာကိုမှ ဟာနီကဝင်မွှေမှာပေါ့..

ယွီကောက ဘာလို့ ကုန်းပေါ်ရောက်နေလဲဆိုတော့ ပင်လယ်သမုဒ္ဒရာညစ်ညမ်းမှုကို ဖြေရှင်းဖို့ပါ အရှေ့ပင်လယ်က ပုလဲတွေကို ရောင်းချပြီး လုပ်ငန်းတစ်ခုအနေနဲ့ငွေရှာပြီးရင် ပင်လယ်တိရိစ္ဆာန်တွေကို ကူညီတဲ့ဖောင်ဒေးရှင်လို ပြန်ဖွဲ့ထားတာမျိုးပါ။ ယွီကောမှာ အဏ္ဏဝါဗေဒဒေါက်တာဘွဲ့ရှိပါတယ်။ ဟောင့်နဲ့ ယွီကောက အမေတူပါတယ် < လူသားမေမေကနေ မွေးထားတာပါ>

ကျန်သုံးယောက်ကတော့ ရေသူတွေကမွေးတာပါ ဒါပေမဲ့ ငါးယောက်လုံးက တော်တော်လေးချစ်ကြပါတယ်^^ ဟောင့်နဲ့ယွီကောက လူသားနဲ့ရတဲ့ ကလေးတွေမို့ သူတို့ရဲ့ ဖူးစာရှင်တွေကလည်း လူတို့ကမ္ဘာကပါပဲ။

ယွီကောအမြှီးကဘာလို့ အနီလဲဆိုတာကတော့ စပြီးစဉ်းစားတုန်းက ကုန်းပေါ်တက်ရမဲ့ အစ်ကိုတစ်ယောက်ကို ထူးထူးခြားခြား ဖြစ်စေချင်တာရယ် ဆွဲဆောင်မှူရှိတဲ့အနီရောင်က ယွီကောနဲ့လိုက်ဖက်မယ်ထင်လို့ပါ^^ //

အကယ်လို့ bnb_may ကိုဝယ်မဖတ်ရသေးဘူးဆိုရင်လည်း Summertime's Ecstasy: Destiny page မှာ သွားဝယ်လို့ရပါတယ် ကူပွန်လေးတွေစုပြီး June လရဲ့ bonus ကို လက်လွှတ်မခံပဲ အရယူလိုက်ပါနော် 👊🏻😉


You are reading the story above: TeenFic.Net