🐰•12

Background color
Font
Font size
Line height

အိမ်ပြန်ရောက်တဲ့အထိ ချန်ချန်တစ်ယောက် အိပ်ပျော်နေခဲ့တာကိုကြည့်ရင် ကစားကွင်းမှာ ဘယ်လောက်တောင် သောင်းကျန်းခဲ့မလဲဆိုတာ သိသာပါတယ်။ ဟာအို နှိုးမလို့ လုပ်လိုက်ပေမဲ့ ဟန်ဘင်းက သူချီခဲ့မယ်ပြောတော့ ဟာအိုလည်း ချန်ချန်လေးကို မနှိုးတော့ဘူး။

ဒီလိုနဲ့ ဆောင်းဟန်ဘင်းက ကလေးချီပြီး ကျန်းဟာအိုကတော့ ဘေးနားမှ ငြိမ်ငြိမ်လေးလိုက်လာခဲ့တာ။ ဓာတ်လှေခါးထဲရောက်တော့ ဟာအိုက အလွှာနိုပ်လိုက်ပြီး ဟန်ဘင်းကတော့ ဟာအိုပြုံးပြလိုက်တယ်။ တစ်ယောက်က ကလေးချီ တစ်ယောက်က အလွှာနိုပ်နဲ့ လိုက်ဖက်ညီနေတာများ အိမ်ထောင်သည်တွေလိုပဲ။

"ဟန်ဘင်း ဒီအခန်း"

အခန်းဝရောက်ခါနီးမှာ ဟန်ယူဂျင်း အင်းအင်းအဲအဲနဲ့ နှိုးလာခဲ့ပေမဲ့ ဟန်ဘင်းက ကိုယ်လေးအနည်းငယ်လှုပ်ပြီး ပြန်သိပ်လိုက်လို့ ဟန်ဘင်းပုခုံးပေါ် ခေါင်လေးတိုးရင်းပဲ ပြန်အိပ်ပျော်သွားပါတယ်။ ဟန်ဘင်း ယူဂျင်းကို ကုတင်ပေါ်ဖြည်းဖြည်းချင်း ချပေးလိုက်ပြီး ကိုယ်ပေါ် စောင်လွှားပေးလိုက်တယ်။ မျက်နှာသေးသေးလေးပေါ် အနည်းငယ်ဖရိုဖရဲဖြစ်နေတဲ့ ဆံပင်တွေပါ သပ်ပေးလိုက်ပြီး ရင်ဘက်ကိုဖွဖွလေးပုတ်ပေးလို့ ချော့သိပ်လိုက်တော့ ချန်ချန် အိပ်မက်ကမ္ဘာထဲ တန်းဝင်ရောက်သွားခဲ့ပါပြီ။

ကလေးသေချာအိပ်ပျော်သွားတာကြည့်ပြီး ဟန်ဘင်းအခန်းထဲမှထွက်ဖို့ ကုတင်ပေါ်မှထလိုက်ချိန်မှာ စောင်နဲ့ခေါင်းအုံးသယ်ပြီးဝင်လာတဲ့ ကျန်းဟာအိုနဲ့ အကြည့်ချင်းစုံမိသွားတာပေါ့။

"ဒါက..."

"ချန်ချန့်အခန်းကကျယ်တယ် ကုတင်က ကလေးကြီးရင် လဲစရာမလိုအောင် တခါထဲအကြီးဝယ်ပေးထားတာ ဟန်ဘင်း ချန်ချန်နဲ့အတူတူအိပ်လို့ အဆင်ပြေတယ်မဟုတ်လား"

ဟာအိုမျက်နှာလေးမှာပြုံးလို့။ ဟာအိုလည်းသိမှာပါ သူ ဟာအိုနဲ့အတူတူအိပ်ချင်လို့ အခုလိုတွေလုပ်နေမှန်း ဒါပေမဲ့ ဒီ Omega လေးက အခုသူ့ကို ပညာတွေပြနေပါပြီ။

"တကယ်ချန်ချန်နဲ့အိပ်ရမှာလား ဟာအို"

"အွန်း လောဘမကြီးနဲ့လေ"

ဘယ်တတ်နိုင်မလဲ နာခံရမှာပေါ့။ သူ့စိတ်ထဲမှာ ရိုးရိုးသားသား ဖက်ထားချင်တဲ့ အတွေးပဲရှိပေမဲ့ ဟာအိုမယုံတာလဲ မဆန်းပါဘူး။ ဘာလို့ဆို ဒီနေ့တင် သူ ဟာအိုကို ကိုက်မလို့လုပ်ခဲ့တာမဟုတ်လား။

"ကောင်းပါပြီဗျာ"

"ရော့"

စောင်နဲ့ ခေါင်းအုံးတွေဟာ ဟန်ဘင်းလက်ထဲ ရောက်သွားပြီ။ ဟာအိုလှည့်ထွက်သွားမလို့ လုပ်ပြီးမှ ပြန်လှည့်လာလို့ ဟန်ဘင်းပါးပေါ် ဖွဖွလေးနမ်းလိုက်တယ်။ နမ်းသာနမ်းရတယ် ရှက်စရာကြီး...

"Good night ဟန်ဘင်း"

လုပ်ချင်တာလုပ်ပြီးရင် ထွက်ပြေးရမယ်လို့ ဟာအိုတွက်ပြီးသား။ ဒါပေမဲ့ ခြေလှမ်းတွေ နောက်ကျကုန်လို့ အခုသူ့လက်ကောက်ဝတ်က ဆောင်းဟန်ဘင်းလက်ထဲမှာ ချုပ်ထားခံလိုက်ရပြီ။ ခေါင်းအုံးနဲ့စောင်က ကြမ်းပြင်ပေါ်ပြုတ်ကျသွားပြီး ဟန်ဘင်းကသူ့ကို အနောက်ကနေ လှမ်းဆွဲထားခဲ့တာ။

"လွတ်ပေး"

"သေချာပြန်နမ်းသွား အဲ့တာဆိုလွတ်ပေးမယ်"

"..."

ဟန်ဘင်းက သူ့လက်ကို ကိုင်ပဲကိုင်ထားတာ အတင်းအကျပ်ကြီးဆွဲမထားသလို နောက်ပြန်လှည့်ကြည့်ဖို့လည်းမပြောဘူး။ သူပြောတာ သေချာပြန်နမ်းပေး ဆိုတာလေးပဲ။ ဟာအိုသေချာပြန်မနမ်းမချင်း စိတ်ရှည်ရှည်နဲ့ စောင့်နေမဲ့ သဘောရှိတယ်။ ဒါပေမဲ့ အဲ့တာကပိုဆိုးတယ်လို့ မထင်ဘူးလား? သူ့ဘက်ကကျ ခြေလှမ်းမစပဲ တဖက်ကို အတင်းအမိန့်ပေးနေတာလေ... enigma တွေ တကယ်အနိုင်ကျင့်တာပဲ!!!

ရှက်ရှက်နဲ့ မျက်နှာချင်းဆိုင်လိုက်တော့ ဟန်ဘင်းက သူ့ကို စိုက်ကြည့်နေခဲ့တာ။ ကျားသစ်တစ်ကောင် သူ့ရဲ့အစာကို အလွတ်မပေးသလိုမျိုး။ ဒါပေမဲ့ ဟန်ဘင်း ကျားသစ်မကလို့ ဘာပဲဖြစ်နေပါစေ ဒီလိုအနိုင်လာကျင့်တာမျိုး ဟာအိုလက်မခံနိုင်ဘူး။

ကျွန်တော့်ဘက်ကတော့ထပ်ပြီး ပြန်နမ်းမှာ မဟုတ်ဘူး!! ကျွန်တော်က မာနရှိတဲ့ omega တစ်ယောက်ဗျ။ ဒီလိုလာပြီး ချယ်လှယ်နေလို့မရဘူး အခုမှတွဲခါစရှိသေးတာကို... လုံးဝအနိုင်မပေးနိုင်ပါဘူး!

ဆုံးဖြတ်ချက်ချပြီး မျက်လုံးလေးအသာမှိတ်ပြီး နှုတ်ခမ်းလေး နည်းနည်းဆူပေးလိုက်တယ်။ ငါတော့မနမ်းနိုင်ဘူး နမ်းချင် မင်းဘာမင်း နမ်းဆိုတဲ့အဓိပ္ပာယ်။

"ဟား ဟား"

ဟွန်း ဟန်ဘင်းရယ်သံကလည်း ဆွဲဆောင်မှုရှိလိုက်တာ...မြန်မြန် နမ်းမယ်ဆိုလည်း နမ်းတာမဟုတ်ဘူး ဒီမှာ နှုတ်ခမ်းဆူထားရတာ ညောင်းလှပြီလို့။

တော်ရုံနဲ့ နှုတ်ခမ်းပေါ်သို့ ကျမလာသေးတဲ့ အနမ်းတွေကြောင့် ဟာအိုမှိတ်ထားတဲ့ မျက်လုံးတစ်ဖက်ကိုအသာဖွင့်ကြည့်လိုက်လိုက်တော့ ဟန်ဘင်းကသူ့ကို ပြုံးပြီးကြည့်နေတုန်းပဲ။

"ကိုယ်ပြောတာ ဟာအိုမရှင်းဘူးထင်တယ်"

"..."

"ကိုယ့်ကို သေချာလာပြန်နမ်းလို့ ပြောတာလေ..."

နှစ်ယောက်လုံး လုံးဝအကြည့်မလွဲခဲ့ဘူး ဒါယှဉ်ပြိုင်နေတာ။ ကျန်းဟာအို ပြိုင်ပွဲတွေမှာရှုံးတာမျိုး လုံးဝသဘောမကျဘူး။ ဒါပေမဲ့ အခုဟန်ဘင်းအကြည့်တွေထဲ ဖိနိုပ်မှုတွေပါနေသလိုပဲ။ pheromone တွေအသုံးပြုပြီး ဖိနိုပ်နေတာမျိုးမဟုတ်ပဲ ဟန်ဘင်းက ဟာအို သူ့စကားကို နားထောင်လာလိမ့်မယ်လို့ သေချာပေါက်ယုံကြည်နေတဲ့ အကြည့်တွေနဲ့ ကြည့်နေခဲ့တာ။ လေထဲမှာပျံ့နှံ့နေတဲ့ ဟန်ဘင်းရဲ့ pheromone ရနံ့တွေကလည်း လိမ္မာပါတယ် လာ နမ်းလိုက်ဆိုပြီး ဟာအိုကို ချော့မြူနေသလိုမျိုးပဲ။ ဒါမျိုးကို အရမ်းမုန်းတာပဲ! ဟန်ဘင်းတကယ် လူဆိုးပဲ!

"မွက်ချ်"

နောက်ဆုံးတော့ ရှုံးတာသူပါပဲ။ မတတ်နိုင်ဘူး ဆွဲဆောင်မှုရှိလွန်းနေတဲ့ ဆောင်းဟန်ဘင်းအပြစ်ပဲပေါ့။ ဟန်ဘင်းပုခုံးတွေပေါ် လက်ထိပ်လေးတင်ပြီး ခြေဖျားလေးထောက်လို့ နှုတ်ခမ်းတွေကို ဖွဖွလေးနမ်းခဲ့ပါတယ်။ တော်ပြီ အခုတော့တကယ် ထွက်ပြေးတော့မယ်!!

အနမ်းအိအိလေးတွေကြောင့် ဟန်ဘင်းခဏစိတ်လွတ်သွားပြီး ဟာအိုခါးလေးဖက်ဖို့လုပ်လိုက်ချိန်မှာ အရှေ့မှာရပ်နေခဲ့တဲ့ Omega လေးက လက်ထဲ လွတ်သွားတဲ့ ငါးတစ်ကောင်လို ထွက်ပြေးပြီး တံခါးအမြန်ပိတ်လို့ သူ့ကို ယူဂျင်းအခန်းထဲထားခဲ့ပြီလေ။

ဟ ဟ မလွယ်ကူဘူးပဲ...ခါးထောက်ပြီး ရယ်ရုံပဲတတ်နိုင်ပါတော့တယ်။ ချစ်ဖို့ကောင်းပြီး ထိန်းချုပ်ရခက်တယ် ဒါပေမဲ့ သူ့စကားကိုမနာခံတာလည်း မဟုတ်ပြန်ဘူး ဒီအတိုင်း ဆန့်ကျင်ချင်ရုံလေး...ဒါ အသည်းယားဖို့ ကောင်းလွန်းနေတာမဟုတ်လား တကယ့်အဖိုးတန်လေး ရထားတာပဲ။ ဘေးနား တသက်လုံးသာ ခေါ်ထားနိုင်ရင် ဘဝက တကယ်ပျော်ရွှင်ရမှာ သေချာတယ်။ ဒါကြောင့် ဟာအိုနဲ့အတူ နောက်တစ်ဆင့်တက်ဖို့ကို ရင်ခုန်မိပါရဲ့... ဟာအို heat ဘယ်အချိန်များမှ ရောက်လာမလဲနော်...

─── ⋆⋅☆⋅⋆ ──

ညက ရင်ခုန်စွာ အိပ်ပျော်သွားခဲ့တာ... မနက်ခင်းရောက်တော့ မီးဖိုချောင်မှလာတဲ့ အနံ့လေးကြောင့် ဗိုက်လေးပွတ်လို့ ကျန်းဟာအိုနိုးလာခဲ့ပါတယ်။

"နိုးပြီလား... ဟင်းရည်မြည်းကြည့်မလား?"

ခေါင်းလေးငြိမ့်လို့ ဟန်ဘင်းအနား ကပ်သွားလိုက်တယ်။ အိပ်ရာနိုးခါစမို့ ဟာအို့ဆံပင်တွေ ရှုပ်ပွနေတုန်းပဲ... နူးညံ့တဲ့မျက်နှာပြင်အထက်မှာ အိပ်ထားလို့ထင်နေတဲ့ အစင်းကြောင်းလေးတွေက ရှိသေးတာ။ ကျန်းဟာအိုတကယ် နူးနူးညံ့ညံ့လေးပဲ။

ရည်းစားထားဖူးတဲ့ အတွေ့အကြုံသိပ်မရှိပေမဲ့ ဟန်ဘင်း Omega တွေကို မမြင်ဘူးတာတော့ မဟုတ်ဘူးလေ။ ဒါပေမဲ့ မြင်ဖူးသမျှ Omega တွေထဲ ဟာအိုက အလှဆုံးလိုဖြစ်နေတာက ချစ်မိသွားတဲ့ မျက်လုံးကြောင့်လား မပြောတတ်ပေမဲ့ လက်ကတော့အခု ဟာအိုပါးလေးကိုလှမ်းဆွဲလိုက်ပါပြီ။

"အာ့.."

"ပါးစပ်ဟ"

ဟန်ဘင်းဟင်းချိုကိုမှုတ်ပြီး ဟာအိုကိုမြည်းကြည့်ခိုင်းလိုက်တယ်။

"အတော်ပဲလား?"

"အွန်း ဟန်ဘင်းအတော်ဆုံးပဲ!"

Omega လေးတစ်ယောက်ဆီက ချီးကြူးခံရတာ တကယ်ခံစားချက်ကောင်းစေတာ။ မနက်တိုင်း မနက်စာပြင်ပေးချင်စိတ်တွေ တိုးပွါးလာတာပေါ့။

"ပါပါး~~ အမ် ဆရာဟန်ဘင်း?"

ချန်ချန်အိပ်ရာနိုးခါစမို့ မျက်လုံးလေးပွတ်ပြီး အခန်းပြင်ထွက်လာခဲ့ပေမဲ့ သူ့ပါပါးအပြင် ဆရာဖြစ်သူကိုမြင်လိုက်ရတော့ နည်းနည်းကြောင်သွားတာပေါ့။ ဒါသားတို့အိမ်လေ ဆရာကဘာလို့ မနက်အစောကြီးရောက်နေတာလဲ...

"မနေ့က ဒယ်ဒီလို့ခေါ်မှာဆို?"

"အာ...ဟုတ်ဒယ်ဒီ ဟီး"

ဟန်ဘင်းကျေနပ်သွားပြီး မနက်စာဆက်ချက်နေလိုက်တယ်။ ဟာအိုနဲ့ ယူဂျင်းကတော့ ထမင်းစားပွဲမှာ မေးလေးထောက်ပြီး ကျက်ရင်စားဖို့ စောင့်နေပါပြီ။

"ဟန်ဘင်း တကယ်ခေါ်လို့အဆင်ပြေရဲ့လား? ကျောင်းမှာဆို ဘယ်လိုလုပ်မလဲ ကျောင်းမှာတော့ ဆရာလို့ပဲခေါ်ခိုင်းနော် သူ့ကိုသိပ်အလိုမလိုက်နဲ့"

"သားက ကျောင်းမှာတော့ ဆရာလို့ပဲခေါ်မှာပါ ပါပါးကလည်း"

─── ⋆⋅☆⋅⋆ ──

"ဟိုင်း ကီကီ!"

"ဟိုင်း ယူဂျင်း ပျော်စရာကိစ္စတွေရှိလို့လား"

"ဟီးဟီး ငါဒီပိတ်ရက်မှာ ကစားကွင်းသွားခဲ့ရတယ်"

"ဝါး မင်းပါပါး နောက်ဆုံးတော့လိုက်ပို့ပြီပေါ့!!"

အမှန်တော့ ဆရာဟန်ဘင်းကျေးဇူးကြောင့်လည်းပါပါတယ်။ ယူဂျင်း ကစားကွင်းကဝယ်လာတဲ့ ကီးချိန်းလေး ကီကီကိုလက်ဆောင်ပေးလိုက်ပြီး သူ့ထိုင်ခုံမှာ ပြုံးပြုံးကြီးထိုင်လိုက်တယ်။ အဖေနှစ်ယောက်လည်းရပြီ ညတိုင်းပါပါးဆီက ရေခဲမုန့်တောင်းလိုက် ပြီးရင်မသိချင်ယောင်ဆောင်ပြီး ဒယ်ဒီဆီကတောင်းလိုက်နဲ့ ရေခဲမုန့်နှစ်ခွက်လည်း စားရတော့မယ်။ သိပ်ကောင်းတာပဲ!

"ယူဂျင်း ဟိုကိုကြည့်ကြည့်"

အတွေးကောင်းတုန်း ကီကီပြောလို့ စာသင်ခန်းအပြင်ဘက်ကိုကြည့်လိုက်တော့ ဆရာဟန်ဘင်းနဲ့စကားပြောနေတဲ့ ဆရာမလေးတစ်ယောက်။

"အဲ့တာဟိုဘက်အခန်းက အတန်းပိုင်လေ...ငါစိတ်ဝင်စားစရာတစ်ခုသိလာတယ် သိချင်လား"

မသိချင်ပဲဘယ်နေပါ့။ ဟန်ယူဂျင်းချက်ချင်း နားရွက်ပြေးကပ်လိုက်ပြီး ဂွန်ဝုကီပြောလာမဲ့စကားကို စောင့်နေတာပေါ့။ သူတို့ကျောင်းမှာ ကီကီက ဆရာဆရာမတွေရဲ့အချစ်ခံလေး။ အဲ့တာကြောင့်သူမသိတဲ့ ဆရာတွေရဲ့ သတင်းဆိုတာ ရှားတယ်လေ။

"မနက်အတန်းထဲက အိမ်စာတွေ သွားထပ်ပေးရင်းကြားခဲ့တာ အဲ့ဆရာမလေးက ငါတို့ဆရာဟန်ဘင်းကို သဘောကျနေတာတဲ့"

"ဘာကွ!"

ဒုက္ခပါပဲ။ မဖြစ်ဘူး။ အခုချက်ချင်းအခန်းအပြင်ပြေးထွက်ပြီး ဒယ်ဒီလို့အော်ခေါ်လိုက်ရမလား... မဟုတ်သေးဘူး ဆရာ့ကိုကျောင်းမှာ ဒယ်ဒီလို့မခေါ်ဘူးလို့ ပါပါးနဲ့သား ကတိပေးထားတာ။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ရမလဲနော်...။ ဒီလိုနဲ့ ချန်ချန်တစ်ယောက် စဉ်းစားလိုက်တာ ကျောင်းဆင်းချိန်ရောက်သွားပါတယ်။

"ဟန်ဘင်း ပြန်တော့မလို့လား..."

စာအုပ်သိမ်းနေရင်း အနေအထားကို အကဲခက်ကြည့်လိုက်တော့ ဒီဆရာမလေးက ဒယ်ဒီကိုတကယ်ကြီး ပစ်ကြွေနေတာပဲ။ သူဘာလို့ အရင်က သတိမထားမိတာလည်းနော်...။ ဒယ်ဒီရှေ့မှာ ပြုံးပြနေလိုက်တာများ ဟွန့်! မဖြစ်သင့်ဘူး ဒယ်ဒီက ပါပါးအတွက်ပဲ။ ပစ္စည်းတွေအမြန်ထည့်ပြီး ဆရာ့ဆီပြေးသွားမှရမယ်!

"ဆရာသားပြီးပြီ အိမ်ပြန်ရအောင်!!"

"ပြီးပြီလားချန်ချန်။ ကျွန်တ်ော့တို့ကို ခွင့်ပြုပါဦးနော် မင်ဟီ"

"အယ် ဟန်ဘင်းတို့ကအတူတူပြန်တာ?"

ဟုတ်တယ်နော် သားတို့အတူတူနေတာပါ ဆရာမလေးရဲ့။

"ဟုတ်တယ် အိမ်နားနီးလို့လေ"

"ဟုတ်တယ် ဆရာမ ဆရာကမနေ့ညတုန်းကလည်း သားတို့အိမ်မှာအိပ်တာ!"

"အဲ..."

မင်ဟီမှာ ဆောင်းဟန်ဘင်းနဲ့ ကျောင်းသားလေးကိုကြည့်ပြီး ပါးစပ်အဟောင်းသားလေးနဲ့။ ဟန်ဘင်းမှာလည်း အမွေစိန်လေးကြောင့် ပြုံးရုံပဲတတ်နိုင်တယ်။

"ပြန်လိုက်ဦးမယ်နော်...လာချန်ချန်သွားရအောင်"

ဒီအတိုင်းတော့ သားမပြန်နိုင်ပါဘူး။ သားစိတ်ထဲ အလိုကျတဲ့ အနေအထားမဟုတ်သေးဘူးဗျ။ ဒယ်ဒီလို့ကလည်း ခေါ်မရဘူး! ဟိုဆရာမကလည်း နောက်ဆုတ်မဲ့ပုံမပေါ်သေးဘူး ဘယ်လိုလုပ်ရပါ့။ အား...သိပြီ...

ချန်ချန် ဟန်ဘင်းလက်ကိုလှုပ်လိုက်တယ်။ အနောက်မှာကျန်နေခဲ့တဲ့ ဆရာမ မင်ဟီပါ ကြားနိုင်လောက်သည့်အသံနဲ့ ဆရာဟန်ဘင်းကို မေးခွန်းတစ်ခုမေးလိုက်တာပေါ့။...ဟဲဟဲ ဒါကိုကြားရင်တော့...ဆရာမလက်လျော့လိုက်တော့နော်...

"ဆရာ ပါပါးနဲ့အတူတူ ကျွန်တော်အတွက် ဘယ်တော့မှ ညီမလေးမွေးပေးမှာလဲဟင်?"

ကျောင်းသားတွေပြန်သွားလို့ တိတ်ဆိတ်နေတဲ့ကော်ရေဒါမှာ ရေသန့်ဘူးပြုတ်ကျသံဟာ ထင်းလို့။ ဆရာမမင်ဟီကိုင်ထားတဲ့ ရေဘူးပြုတ်ကျသွားမှန်း ချန်ချန်သိလိုက်ပါတယ်။ ဒါပေမဲ့ သူလှည့်မကြည့်ဘူး လုပ်စရာရှိတာ ဆက်လုပ်ရမှာပဲ။

"ဆရာ သားကညီမလေးလိုချင်နေပြီဗျ"

မင်ဟီမှာ အစက ကလေးစကားဆိုတော့ သိပ်မယုံချင် ယုံချင်ဖြစ်နေပေမဲ့ ဟန်ဘင်းပါးစပ်မှ ထွက်လာတဲ့အဖြေကြောင့် သူ့အတွက်မျှော်လင့်ချက်မရှိတော့မှန်း သိလိုက်ရပါတယ်။

"ဒယ်ဒီလည်းလိုချင်တာပေါ့ မင်းပါပါးကို ကူပြောပေးလေချန်ချန် နော် ကူညီမယ်မဟုတ်လား"

"ဒါပေါ့ ဒါပေါ့ သားသားကူပြောပေးမယ်!!!"

သူကြားထားတာ ဟန်ဘင်းမှာ အိမ်ထောင်မရှိဘူးဆိုပြီးတော့လေ။ ဒါကဘယ်လိုလုပ် ရုတ်တရက်ကြီး နေချင်းညချင်း ကလေးအဖေဖြစ်သွားတာလည်း သေချာမသိပေမဲ့ ဒီနေ့တော့ အသည်းကွဲပြီး အရက်ဆိုင်ကိုသာ ဦးတည်ရပါတော့မယ်။

─── ⋆⋅☆⋅⋆ ──

"ပါပါး ပါပါး"

"တအားတက်ကြွနေတာပဲ အခုမှပြန်ရောက်တာ မချီနိုင်သေးဘူးကွာ"

"သားမချီခိုင်းဘူး သားက ပါပါးကို သတင်းပို့စရာရှိလို့၊ ဆရာဟန်ဘင်းအကြောင်း"

ဒီအကြောင်း ပါပါးကိုအမြန် သတင်းပို့သင့်တာ မဟုတ်ရင် ပါပါး နောက်မှာကျန်ခဲ့နိုင်တယ်လေ။ အဲ့တာကြောင့် အလုပ်ကပြန်လာတဲ့ အဖေဖြစ်သူအိတ်ဆွဲပြီး အတင်းထိုင်ခိုင်းလို့ နားနားကပ်ပြီး ပြောပြလိုက်တာပေါ့။

"ဘာ! မင်းဘာလို့ ဒယ်ဒီလို့မခေါ်လိုက်လဲ!!"

ကြည့်ပါဦးတီတီတို့ရယ် သူပဲအမျိုးမျိုး။

"ပါပါး သားပြောတာ ဆုံးအောင်နားထောင်လေဗျာ"

ချန်ချန်ဆက်ပြီး ပြောစရာရှိတာ ပြောပြလိုက်တာပေါ့။

"ဪ..."

"အင်း..."

"မဆိုးဘူး ပါပါးရဲ့ချန်ချန်လေးတော်တယ် ဆက်ပြောပါဦး"

ကလေးစကား သေချာအာရုံစိုက်နားထောင်နေတာကြောင့် ညစာစားဖို့ရန် အိမ်ထဲဝင်လာတဲ့ ဆောင်းဟန်ဘင်းကိုတောင် ကျန်းဟာအိုသတိမထားမိဘူး။ ဟန်ဘင်းမှာတော့ အတင်းပြောနေတဲ့ သားဖနှစ်ယောက်ကို ခါးထောက်ပြီးကြည့်လို့။

"အင်းအင်း တော်တယ် ညီမလေးတဲ့ ဘယ်လိုတောင်ဉာဏ်ပြေးတာလဲ နောက်လည်း အဲ့လိုပြောလိုက် ကြားလား"

ကျေနပ်စွာ သားလေးရဲ့စွမ်းဆောင်ချက်တွေ ချီးကြူးနေတုန်း သူ့ကျောအနောက်မှထွက်လာတဲ့ ဆောင်းဟန်ဘင်းအသံကြောင့် ကျန်းဟာအိုလိပ်ပြာလွင့်သွားပါပြီ။

"အဲ့တော့ ချန်ချန်အတွက် ညီမလေးထပ်ယူဖို့ကို
သဘောတူလိုက်တာလား ဟာ အို.."





















You are reading the story above: TeenFic.Net