သူ့မြေးက ယုန်ကို ကိုင်နေတာတွေ့တော့ ပင်မခန်းထဲကအဖိုးဝူကစိတ်သက်သာရာရသွားတယ်။မနက်ကသူ့မြေးကထိုမိန်းကလေးနဲ့ပျက်ပြီလို့အေးဆေးပြောနေတော့ သူစိုးရိမ်နေခဲ့သေးတယ်။ဘယ်လိုပဲဖြစ်ဖြစ် အဲ့ကလေးမလီရွှယ်နဲ့မြေးနဲ့က ငယ်ငယ်လေးကတည်းကသဘောကျခဲ့ကျပြီး မနှစ်ကစေ့စပ်ထားကြတာဖြစ်တယ်။အရင်ကတော့ ၁၈နှစ်ပြည့်ရင် သူတို့နှစ်ယောက်ကိုလက်ထပ်ဖို့စီစဉ်ခဲ့တယ်။လီမိသားစုကလောဘကြီးမယ်လို့ဘယ်သူကထင်မှာလဲ?ဒီမိန်းကလေး လီရွှယ်မှာ ဒီလိုလောဘကြီးတဲ့မိဘတွေရှိနေတာသနားစရာကောင်းလိုက်တာ…အနာဂတ်ကျရင် အဲ့ကလေးမဘယ်လိုနေပါ့မလဲ?…အိုင်း!
"အဖိုး…နေ့လည်စာဘာစားထားလဲ?အဖွားပြန်လာမယ်လို့ပြောတုန်းက ဒေါ်လေးကတစ်ယောက်ယောက်ကိုလာခေါ်ဖို့မေးထားသေးလား?"
အဖိုးဝူကသူ့မြေးမေးနေတာတွေကိုကြားတော့စဉ်းစားနေတာခဏရပ်လိုက်ပြီး
"မနေ့က သူ မင်းအစ်ကိုဟုန်ချီကို လာခေါ်ခိုင်းထားတယ်။နေ့လည်စာက နို့ပဲသောက်ရသေးတယ်"
"ဟုတ်ပြီဗျား…နေ့လည်စာကို*ပြောင်းဆန်ပန်ကိတ်စားကြရင်ကော?"
(*ပြောင်းဆန်=ပြောင်းဖူးစေ့များကိုအခြောက်ခံ၍ကြိတ်ထားသောအမှုန့်)
ဝူကျန်းက သူဒီလယ်ထဲကပြောင်းဆန်ပန်ကိတ်ကိုမစားရတာကြာပြီလို့တွေးရင်းအဖိုးဝူကိုမေးလိုက်တယ်။သူ့မြေးရဲ့တောက်ပနေတဲ့မျက်လုံးတွေကိုမြင်လိုက်ရတော့ အဖိုးဝူကပြုံးပြီး
"ဒါဆို…ပြောင်းဆန်ပန်ကိတ်ဖုတ်ကြတာပေါ့…ညကျရင်လည်းယုန်သားစွပ်ပြုတ်နဲ့စားလို့ရတာပေါ့…"
ဝူကျန်းကမီးဖိုချောင်ထဲသွားကာ ဗီရိုကိုဖွင့်လိုက်တယ်။ဗီရိုထဲတွင် ပြောင်းဆန်၅ကတ်တီလောက်ရှိသည့်အဝတ်အိတ်သေးတစ်ခုရှိနေတယ်။အိတ်ထဲကိုလက်နှိုက်ပြီးပြောင်းဆန်တစ်ချို့ကိုပွတ်ကြည့်လိုက်တော့ ပြောင်းဆန်တွေကသိပ်မကောင်းတော့ဘဲ နည်းနည်းစိုထိုင်းထိုင်းဖြစ်နေတယ်။ထိုအကြောင်းတွေးပြီးနောက် ထိုဘေးနားကအဝတ်အိတ်အသေးတစ်ခုကိုပါဖွင့်ကြည့်လိုက်တယ်။ ဂျုံမှုန့်ဖြူ ၂ကတ်တီလောက်ရှိနေတယ်။ခေါက်ဆွဲဖြူကကောင်းတယ်ဆိုပေမယ့်လည်း ယနေ့ခေတ်ဖွံ့ဖြိုးတိုးတက်နေတဲ့ထုတ်လှုပ်မှုလုပ်ငန်းတွေကြောင့် ခေါက်ဆွဲဖြူတွေက ခေါက်ဆွဲဝါဖြစ်လာပြီး ခေါက်ဆွဲခြောက်ရဲ့အရသာက လွန်ခဲ့တဲ့၁၀နှစ်ကျော်ကခေါက်ဆွဲဖြူနဲ့ယှဉ်ရင်အတော်လေးကိုကွာတယ်။ဒါပေမယ့်လည်း အခုကမျိုးဆက်နှစ်ဆက်တောင်ကွာနေပြီဆိုတော့ ဘယ်သူကမှတတ်နိုင်ကြမှာမဟုတ်ဘူး။
ဝူကျန်းက ပြောင်းဆန်ပန်ကန်လုံးနှစ်လုံးစာနဲ့ဂျုံမှုန့်ဖြူပန်းကန်လုံးတစ်လုံးစာကိုတိုင်းပြီးထည့်လိုက်တယ်။ထို့နောက် ရေပန်ကန်လုံးနှစ်လုံးခန့်ထည့်ပြီးနောက်သေချာရောမွှေလိုက်တယ်။ကြက်ဥတစ်လုံးဖောက်ထည့်၊ဆားနဲ့ပဲငံပြာရည်နည်းနည်းထည့်ကာ မုန့်နှစ်ရသည်အထိမွှေလိုက်တယ်။မီးဖိုချောင်စင်ပေါ်က ဆီအဝတ်ကိုကြည့်ရင်း ဝူကျန်းကသူဒါကိုမတွေ့တော့တာတော်တော်ကြာပြီဆိုတာ ရုတ်တရက်သိလိုက်တယ်။
ဆီအဝတ်ဆိုတာက အဆီခဲတွေဟိုတစ်စက်ဒီတစ်စက်ရှိနေတဲ့ဝါဂွမ်းချည်စတစ်ခု။ဟင်းချက်တဲ့အခါတိုင်း အိုးထဲကိုထိုအဝတ်စနဲ့ခပ်ပါးပါးလေးသုတ်တာကိုဆီထည့်တယ်လို့ခေါ်တယ်။အခုချိန်ကဆောင်းရာသီဖြစ်လို့ ထိုအဝတ်မှာခပ်နေတဲ့ဝက်ဆီအဖြူတွေနည်းနည်းရှိသေးတယ်။ဝူကျန်းက ဆီကိုဘယ်ကနေရမလဲဆိုတာနည်းလမ်းရှာဖို့တွေးနေတယ်။မဟုတ်ရင်ဒီဆီအဝတ်ကိုဒီလိုမျိုးသုံးရင် ကျန်းမာရေးနဲ့မညီညွတ်ဘူး။
အိုးကိုအပူပေးပြီးနောက် လက်တ်ဆုပ်စာခန့်ဆီအဝတ်ကိုသုတ်လိုက်ပြီး မုန့်နှစ်စထည့်ကာပန်ကိတ်ပြုလုပ်တယ်။လုပ်ပြီးနောက် သူ့စိတ်ထဲပန်ကိတ်တွေစားဖို့စိတ်ထင့်နေတာမို့ ထိုဒယ်အိုးအလွတ်ထဲကို ရိုးရိုးရေ ၃ပန်းကန်လုံးလောင်းပြီး ကြက်ဥပြုတ်စွပ်ပြုတ်လုပ်ဖို့အတွက် ကြက်ဥ ၂ လုံးကို ဖောက်ထည့်လိုက်တယ်။
ပြီးတာနဲ့ ပင်မအခန်းကိုယူသွားပြီးနောက် မြေးအဖိုးနှစ်ယောက်စတင်စားသောက်ကြတယ်။အဖိုးဝူကကြက်ဥစွပ်ပြုတ်ကိုတစ်ငုံသောက်ကြည့်ပြီးနောက် မဆိုးဘူးဟုထင်လိုက်တယ်။
"မြေးရဲ့အရည်အချင်းတွေကပိုကောင်းလာပြီပဲ…အရသာက မဆိုးဘူး"
ဝူကျန်းက သူကြယ်ငါးပွင့်ဟိုတယ်ရဲ့နောက်ဖေးမီးဖိုချောင်မှာနှစ်အတော်ကြာ အရန်ဟင်းတွေချက်ပြုတ်နေခဲ့တာကိုတွေးလိုက်ပြီးနောက် အနည်းငယ်အပြစ်ရှိသလိုခံစားလိုက်ရတယ်။ဟင်းပွဲတွေရဲ့လှည့်ကွက်တစ်ချို့ကိုစားဖိုမှူးကြီးတွေဆီကနေ နားနဲ့သင်ယူခဲ့ရတယ်။ဒါပေမယ့် အမြဲတမ်းထိုကဲ့သို့ချက်ပြုတ်သလိုချက်နေရင် အဖိုးဝူက ပုံမှန်မဟုတ်ဘဲတစ်ခုခုလွဲနေတာကိုသတိပြုမိသွားလိမ့်မယ်။အဲ့တာကိုစဉ်းစားလိုက်ပြီး
"အဖိုးကလည်း …ဒါ အဖိုးချက်နေတုန်းကကျွန်တော်သင်ခဲ့တာပါ။နောင်ကျရင် အဖိုးအချက်အပြတ်သင်တန်းမှာချက်ခဲ့တာတွေကို ဒီမြေးကအဖိုးဆီကနေပြန်သင်ရမယ်။ဒါဆိုရင် ရွာရဲ့မင်္ဂလာပွဲတွေ၊အလှူပွဲတွေမှာလိုက်ကူလို့ရပြီ…"
အဖိုးဝူကစဉ်းစားလိုက်ပြီးနောက် ချက်ချင်းသဘောတူလိုက်တယ်။နှစ်တစ်နှစ်ရဲ့နောက်ဆုံးဆယ်ရက်မှာ နှင်းတွေထူပိန်းနေအောင်ပိတ်နေခဲ့ပြီး အပြင်မှာအလုပ်သိပ်မရှိခဲ့ဘူး။မနက်ကသူ့မြေးယူလာတဲ့ယုန်ကိုတွေးရင်းမြေးကိုတစ်ချက်ကြည့်လိုက်တယ်။
"မင်းသင်ချင်တယ်ဆိုရင် ကြိုးစားရမယ်နော်။လမ်းတစ်ဝက်မှာတင်အရှုံးပေးလို့မဖြစ်ဘူး။နေ့လည်ကျရင်ယုန်စွပ်ပြုတ်လုပ်နည်းအဖိုးသင်ပေးမယ်"
ပြောထားတဲ့အတိုင်းပင် နေ့လည်ခင်းတွင်အဖိုးဝူက ဝူကျန်းကိုဂျင်းတစ်ပိုင်း၊ကြက်သွန်စိမ်းအနည်းငယ်နဲ့ မုန်လာဥဖြူအိုးကြီးနှစ်လုံးကိုမြေအောက်ခန်းထဲမှာသွားယူခိုင်းလိုက်တယ်။ဂျင်းနဲ့ကြက်သွန်နီကိုပါးပါးလှီးခိုင်းလိုက်ပြီး မုန်လာဥကိုအတုံးလေးတွေတုံးလိုက်တယ်။ဒယ်အိုးကိုအပူပေးပြီး ဆီအဝတ်ကိုသုတ်လိုက်ပြီး ဒယ်အိုးထဲကို ဂျင်းနဲ့ကြက်သွန်ဖြူကိုထည့်ကာမီးပြင်းပြင်းနှင့်မွှေကြော်လိုက်ပြီး ကြက်သွန်နီနဲ့ဂျင်းအနံ့ကချက်ချင်းမွှေးလာတယ်။ကြက်သွန်ဖြူ၊ငပိနည်းနည်း၊ဝိုင်ဖြူနဲ့ပဲငံပြာရည်တို့ကိုထည့်ကာထပ်ကြော်လိုက်တယ်။
ယုန်သားကိုအိုးတစ်လုံးထဲသို့လောင်းထည့်ပြီး အဖုံးအုပ်လိုက်တယ်။အပူရှိန်မြင့်ပြီးပွက်ပွက်ဆူလာတော့မှ ရေသန့်တစ်ပန်းကန်လုံးထည့်ပြီး မီးအရှိန်လျော့ကာဖြေးဖြေးချင်း ဆူအောင်တည်တယ်။အဖုံးပြန်အုပ်လိုက်သည်နှင့် အနံ့ကတဖြည်းဖြည်းလျော့နည်းလာတယ်။ယုန်သားကတစ်ဝက်ကျက်လာတော့မှ မုန်လာဥဖြူကိုအိုးထဲထည့်မွှေလိုက်တယ်။ထို့နောက်အချိန်ခဏပေးပြီး အသားထဲကိုဟင်းရည်စိမ့်ဝင်အောင်တည်ထားလိုက်တယ်။
ဝူကျန်း သူ့ကိုယ်သူတွေးလိုက်မိတယ်။ကံကောင်းလို့ သူတို့အိမ်ကတောင်နဲ့နီးတာမို့ အိမ်နီးနားချင်းသိပ်မရှိတာ။မဟုတ်လို့ရှိရင် တချို့မျက်နှာအရေထူတဲ့လူတစ်ချို့က လာပြီးတောင်းစားနေဦးမယ်!
မုန်လာဥဖြူယုန်သားစွပ်ပြုတ်အဆင်သင့်ဖြစ်တာနဲ့ တံခါးဝမှာအမဝမ်းကွဲရဲ့အသံကိုကြားလိုက်ရတယ်။
"ကျန်းဇီ…တံခါးဖွင့်ဦး"
ဝူကျန်းကအသံကြားတာနဲ့ပြေးလာပြီးတံခါးဖွင့်တော့ သူ့အဖွားနဲ့အမဝမ်းကွဲဖြစ်နေတယ်။အမဝမ်းကွဲကတစ်ဖက်ကအဖွားကိုကူတွဲထားပြီးတစ်ဖက်က အထုတ်ကြီးတစ်ထုတ်ဆွဲထားတယ်။အသက်ရှင်နေဆဲဖြစ်တဲ့အဖွားနဲ့အမဝမ်းကွဲကိုတွေ့လိုက်တော့ ဝူကျန်းမှာ ပျော်လွန်းလို့မထိန်းနိုင်ဘဲ မျက်လုံးတွေကနီရဲလာတယ်။
"အိုး……ငါ့မြေးကြီး…ဘာဖြစ်လို့တုန်း…မင်းအဖိုးမင်းကိုဆူလို့လား?"
အဖွားဝူကစိတ်မဆိုးဘဲမေးလိုက်တယ်။ဝူကျန်းကသူ့စိတ်လှုပ်ရှားမှုကိုလျော့လိုက်ပြီး
"အဖွား…အဒေါ်… ပြန်လာကြပြီပဲ။ကျွန်တော်အရမ်းပျော်တာပဲ"
စကားပြောနေစဉ်မှာ သူ့အမဝမ်းကွဲဆီကအထုတ်ကိုယူပြီး အဖွားနဲ့အမဝမ်းကွဲကိုအရင်ဝင်ခိုင်းလိုက်တယ်။
အသံတွေကိုကြားတဲ့အိမ်နီးနားချင်းက အိမ်တံခါးဖွင့်ပြီးလှမ်းမေးတယ်။
"ကျန်းဇီ … မင်းအဖွားပြန်ရောက်ပြီပေါ့"
"ဟုတ်တယ်အန်တီချွန်ဟွာ…အိမ်ပြန်ရောက်ကြပြီ"
"ပြန်လာပြီဆိုကောင်းတာပေါ့…လုပ်စရာရှိတာအရင်လုပ်ကြပါ။ငါမနက်ဖြန်မှပဲ လာခဲ့တော့မယ်။မင်းအဖွားကိုဂရုစိုက်လိုက်ဦး"
အန်တီချွန်ဟွာက စကားပြောပြီးနောက် သူမအခန်းတံခါးကိုပြန်ပိတ်လိုက်တယ်။
ဝူကျန်းကအထုပ်ကိုထမ်းပြီး တံခါးပိတ်ကာ ပင်မအခန်းကိုသွားလိုက်တယ်။ပင်မခန်းထဲမှာ အဖွားဝူနဲ့အဒေါ်ဝူကရေနွေးထိုင်သောက်နေကြတယ်။အဖိုးဝူက
"ကျန်းဇီနေ့လည်တုန်းကလုပ်ထားတဲ့ပန်ကိတ်တွေကိုနွှေးပြီးညစာပြင်လိုက်ဟေ့…မင်းအမဝမ်းကွဲက ဒီညဒီမှာအိပ်မှာ"
ဝူကျန်းကပန်ကိတ်တွေကိုပြန်နွှေးပြီးနောက် ယုန်သားစွပ်ပြုတ်ကိုပါယူလာခဲ့တယ်။ပန်ကိတ်ကပင်မခန်းထဲကိုရောက်လာတဲ့အခါ ဇနီးမှောင်နှံနှစ်ဦးက လွန်ခဲ့ရဲ့ရက်တွေမှာဖြစ်ပျက်ခဲ့တာတွေကိုဖလှယ်ပြောဆိုနေကြပြီးပြီ။
"ကျန်းဇီ…သားဒီလိုလေးဆက်နေသွားရင်ကောင်းမှာပဲ။အဖွားရဲ့ခြေထောက်ကအသုံးမဝင်တော့ဘူးဆိုတော့ ငါ့မြေးကိုချန်ထားခဲ့ဖို့ အဖွားဝန်လေးနေရတယ်ကွယ်"
ဝူကျန်းကလက်ထဲကပစ္စည်းတွေကိုချထားလိုက်ပြီးနောက်အဖွားဝူရဲ့ဘေးမှာထိုင်ကာနှစ်သိမ့်လိုက်တယ်။
"အဖွား ကျွန်တော်သိပါပြီ။လီရွှယ်ကကျွန်တော်နဲ့အတူရှိဖို့မတွေးထားမှတော့ ကျွန်တော်လည်းဆက်ပြီးဆွဲထားမနေပါဘူး။အခုကစပြီးတော့ ကျွန်တော်လေးလေးနက်နက်နဲ့အလုပ်လုပ်မှာပါ။အလုပ်မှတ်တွေများများရအောင်လုပ်ပြီးအဖိုးနဲ့အဖွားကိုပြုစုစောင့်ရှောက်မယ်။"
ဝူကျန်း၏ပုံစံကြောင့် ဝူယွမ်ကရယ်သည်။
"ကောင်လေး တအားတွေသွက်လက်နေတယ်ပေါ့လေ။ငါကောမင်းရဲ့ဝမ်းကွဲတွေကိုပါစိတ်ထဲမထားနဲ့ ဒီအဒေါ်ကမင်းကောင်းကောင်းနေနေရရင်ကိုအဆင်ပြေတယ်။"
အဖိုးဝူကဘေးနားကနေကြည့်နေခဲ့ပြီးမှ ကမန်းကတန်းတိုက်တွန်းလိုက်သည်။
"ဟင်းရည်ကအေးတော့မယ်…ပြောစရာရှိတာနောက်မှပြောကြ အရင်စားကြရအောင်!"
မိသားစုကယုန်သားစွပ်ပြုတ်ကိုပျော်ပျော်ရွှင်ရွှင်စားနေကြပြီး ဝူကျန်းကတော့ ဒီအသားကိုဘယ်လိုကောက်ရခဲ့ကြောင်း သူယုန်သားပြုတ်နည်းကိုဘယ်လိုတောင်သင်ခဲ့ကြောင်းပြောနေပြီး ကျန်လူတွေကခေါင်းတညိမ့်ညိမ့်နားထောင်နေကြတယ်။
အသက်ရှင်နေဆဲဖြစ်တဲ့အဖိုးအဖွားနှင့် စိတ်ဓာတ်တက်ကြွနေတဲ့အစ်မဝမ်းကွဲကိုကြည့်ရင်း ဝူကျန်းကသူ့ဘဝရဲ့အရင်းနှီးဆုံးလူတွေများပြန်တွေ့ဆုံခွင်ပေးသည့်အတွက် ဘုရားကိုထပ်တလဲလဲကျေးဇူးတင်နေခဲ့တယ်။
••••••••••••••••••••••••••••••••••••
Telegram Gp မှာ အပိုင်း(၁၀)အထိရောက်နေပါပြီ✨❣️
သူ႔ေျမးက ယုန္ကို ကိုင္ေနတာေတြ႕ေတာ့ ပင္မခန္းထဲကအဖိုးဝူကစိတ္သက္သာရာရသြားတယ္။မနက္ကသူ႔ေျမးကထိုမိန္းကေလးနဲ႔ပ်က္ၿပီလို႔ေအးေဆးေျပာေနေတာ့ သူစိုးရိမ္ေနခဲ့ေသးတယ္။ဘယ္လိုပဲျဖစ္ျဖစ္ အဲ့ကေလးမလီ႐ႊယ္နဲ႔ေျမးနဲ႔က ငယ္ငယ္ေလးကတည္းကသေဘာက်ခဲ့က်ၿပီး မႏွစ္ကေစ့စပ္ထားၾကတာျဖစ္တယ္။အရင္ကေတာ့ ၁၈ႏွစ္ျပည့္ရင္ သူတို႔ႏွစ္ေယာက္ကိုလက္ထပ္ဖို႔စီစဥ္ခဲ့တယ္။လီမိသားစုကေလာဘႀကီးမယ္လို႔ဘယ္သူကထင္မွာလဲ?ဒီမိန္းကေလး လီ႐ႊယ္မွာ ဒီလိုေလာဘႀကီးတဲ့မိဘေတြရွိေနတာသနားစရာေကာင္းလိုက္တာ…အနာဂတ္က်ရင္ အဲ့ကေလးမဘယ္လိုေနပါ့မလဲ?…အိုင္း!
"အဖိုး…ေန႔လည္စာဘာစားထားလဲ?အဖြားျပန္လာမယ္လို႔ေျပာတုန္းက ေဒၚေလးကတစ္ေယာက္ေယာက္ကိုလာေခၚဖို႔ေမးထားေသးလား?"
အဖိုးဝူကသူ႔ေျမးေမးေနတာေတြကိုၾကားေတာ့စဥ္းစားေနတာခဏရပ္လိုက္ၿပီး
"မေန႔က သူ မင္းအစ္ကိုဟုန္ခ်ီကို လာေခၚခိုင္းထားတယ္။ေန႔လည္စာက ႏို႔ပဲေသာက္ရေသးတယ္"
"ဟုတ္ၿပီဗ်ား…ေန႔လည္စာကို*ေျပာင္းဆန္ပန္ကိတ္စားၾကရင္ေကာ?"
(*ေျပာင္းဆန္=ေျပာင္းဖူးေစ့မ်ားကိုအေျခာက္ခံ၍ႀကိတ္ထားေသာအမႈန႔္)
ဝူက်န္းက သူဒီလယ္ထဲကေျပာင္းဆန္ပန္ကိတ္ကိုမစားရတာၾကာၿပီလို႔ေတြးရင္းအဖိုးဝူကိုေမးလိုက္တယ္။သူ႔ေျမးရဲ႕ေတာက္ပေနတဲ့မ်က္လုံးေတြကိုျမင္လိုက္ရေတာ့ အဖိုးဝူကၿပဳံးၿပီး
"ဒါဆို…ေျပာင္းဆန္ပန္ကိတ္ဖုတ္ၾကတာေပါ့…ညက်ရင္လည္းယုန္သားစြပ္ျပဳတ္နဲ႔စားလို႔ရတာေပါ့…"
ဝူက်န္းကမီးဖိုေခ်ာင္ထဲသြားကာ ဗီ႐ိုကိုဖြင့္လိုက္တယ္။ဗီ႐ိုထဲတြင္ ေျပာင္းဆန္၅ကတ္တီေလာက္ရွိသည့္အဝတ္အိတ္ေသးတစ္ခုရွိေနတယ္။အိတ္ထဲကိုလက္ႏႈိက္ၿပီးေျပာင္းဆန္တစ္ခ်ိဳ႕ကိုပြတ္ၾကည့္လိုက္ေတာ့ ေျပာင္းဆန္ေတြကသိပ္မေကာင္းေတာ့ဘဲ နည္းနည္းစိုထိုင္းထိုင္းျဖစ္ေနတယ္။ထိုအေၾကာင္းေတြးၿပီးေနာက္ ထိုေဘးနားကအဝတ္အိတ္အေသးတစ္ခုကိုပါဖြင့္ၾကည့္လိုက္တယ္။ ဂ်ဳံမႈန႔္ျဖဴ ၂ကတ္တီေလာက္ရွိေနတယ္။ေခါက္ဆြဲျဖဴကေကာင္းတယ္ဆိုေပမယ့္လည္း ယေန႔ေခတ္ဖြံ႕ၿဖိဳးတိုးတက္ေနတဲ့ထုတ္လႈပ္မႈလုပ္ငန္းေတြေၾကာင့္ ေခါက္ဆြဲျဖဴေတြက ေခါက္ဆြဲဝါျဖစ္လာၿပီး ေခါက္ဆြဲေျခာက္ရဲ႕အရသာက လြန္ခဲ့တဲ့၁၀ႏွစ္ေက်ာ္ကေခါက္ဆြဲျဖဴနဲ႔ယွဥ္ရင္အေတာ္ေလးကိုကြာတယ္။ဒါေပမယ့္လည္း အခုကမ်ိဳးဆက္ႏွစ္ဆက္ေတာင္ကြာေနၿပီဆိုေတာ့ ဘယ္သူကမွတတ္ႏိုင္ၾကမွာမဟုတ္ဘူး။
ဝူက်န္းက ေျပာင္းဆန္ပန္ကန္လုံးႏွစ္လုံးစာနဲ႔ဂ်ဳံမႈန႔္ျဖဴပန္းကန္လုံးတစ္လုံးစာကိုတိုင္းၿပီးထည့္လိုက္တယ္။ထို႔ေနာက္ ေရပန္ကန္လုံးႏွစ္လုံးခန႔္ထည့္ၿပီးေနာက္ေသခ်ာေရာေမႊလိုက္တယ္။ၾကက္ဥတစ္လုံးေဖာက္ထည့္၊ဆားနဲ႔ပဲငံျပာရည္နည္းနည္းထည့္ကာ မုန႔္ႏွစ္ရသည္အထိေမႊလိုက္တယ္။မီးဖိုေခ်ာင္စင္ေပၚက ဆီအဝတ္ကိုၾကည့္ရင္း ဝူက်န္းကသူဒါကိုမေတြ႕ေတာ့တာေတာ္ေတာ္ၾကာၿပီဆိုတာ ႐ုတ္တရက္သိလိုက္တယ္။
ဆီအဝတ္ဆိုတာက အဆီခဲေတြဟိုတစ္စက္ဒီတစ္စက္ရွိေနတဲ့ဝါဂြမ္းခ်ည္စတစ္ခု။ဟင္းခ်က္တဲ့အခါတိုင္း အိုးထဲကိုထိုအဝတ္စနဲ႔ခပ္ပါးပါးေလးသုတ္တာကိုဆီထည့္တယ္လို႔ေခၚတယ္။အခုခ်ိန္ကေဆာင္းရာသီျဖစ္လို႔ ထိုအဝတ္မွာခပ္ေနတဲ့ဝက္ဆီအျဖဴေတြနည္းနည္းရွိေသးတယ္။ဝူက်န္းက ဆီကိုဘယ္ကေနရမလဲဆိုတာနည္းလမ္းရွာဖို႔ေတြးေနတယ္။မဟုတ္ရင္ဒီဆီအဝတ္ကိုဒီလိုမ်ိဳးသုံးရင္ က်န္းမာေရးနဲ႔မညီၫြတ္ဘူး။
အိုးကိုအပူေပးၿပီးေနာက္ လက္တ္ဆုပ္စာခန႔္ဆီအဝတ္ကိုသုတ္လိုက္ၿပီး မုန႔္ႏွစ္စထည့္ကာပန္ကိတ္ျပဳလုပ္တယ္။လုပ္ၿပီးေနာက္ သူ႔စိတ္ထဲပန္ကိတ္ေတြစားဖို႔စိတ္ထင့္ေနတာမို႔ ထိုဒယ္အိုးအလြတ္ထဲကို ႐ိုး႐ိုးေရ ၃ပန္းကန္လုံးေလာင္းၿပီး ၾကက္ဥျပဳတ္စြပ္ျပဳတ္လုပ္ဖို႔အတြက္ ၾကက္ဥ ၂ လုံးကို ေဖာက္ထည့္လိုက္တယ္။
ၿပီးတာနဲ႔ ပင္မအခန္းကိုယူသြားၿပီးေနာက္ ေျမးအဖိုးႏွစ္ေယာက္စတင္စားေသာက္ၾကတယ္။အဖိုးဝူကၾကက္ဥစြပ္ျပဳတ္ကိုတစ္ငုံေသာက္ၾကည့္ၿပီးေနာက္ မဆိုးဘူးဟုထင္လိုက္တယ္။
"ေျမးရဲ႕အရည္အခ်င္းေတြကပိုေကာင္းလာၿပီပဲ…အရသာက မဆိုးဘူး"
ဝူက်န္းက သူၾကယ္ငါးပြင့္ဟိုတယ္ရဲ႕ေနာက္ေဖးမီးဖိုေခ်ာင္မွာႏွစ္အေတာ္ၾကာ အရန္ဟင္းေတြခ်က္ျပဳတ္ေနခဲ့တာကိုေတြးလိုက္ၿပီးေနာက္ အနည္းငယ္အျပစ္ရွိသလိုခံစားလိုက္ရတယ္။ဟင္းပြဲေတြရဲ႕လွည့္ကြက္တစ္ခ်ိဳ႕ကိုစားဖိုမႉးႀကီးေတြဆီကေန နားနဲ႔သင္ယူခဲ့ရတယ္။ဒါေပမယ့္ အၿမဲတမ္းထိုကဲ့သို႔ခ်က္ျပဳတ္သလိုခ်က္ေနရင္ အဖိုးဝူက ပုံမွန္မဟုတ္ဘဲတစ္ခုခုလြဲေနတာကိုသတိျပဳမိသြားလိမ့္မယ္။အဲ့တာကိုစဥ္းစားလိုက္ၿပီး
"အဖိုးကလည္း …ဒါ အဖိုးခ်က္ေနတုန္းကကြၽန္ေတာ္သင္ခဲ့တာပါ။ေနာင္က်ရင္ အဖိုးအခ်က္အျပတ္သင္တန္းမွာခ်က္ခဲ့တာေတြကို ဒီေျမးကအဖိုးဆီကေနျပန္သင္ရမယ္။ဒါဆိုရင္ ႐ြာရဲ႕မဂၤလာပြဲေတြ၊အလႉပြဲေတြမွာလိုက္ကူလို႔ရၿပီ…"
အဖိုးဝူကစဥ္းစားလိုက္ၿပီးေနာက္ ခ်က္ခ်င္းသေဘာတူလိုက္တယ္။ႏွစ္တစ္ႏွစ္ရဲ႕ေနာက္ဆုံးဆယ္ရက္မွာ ႏွင္းေတြထူပိန္းေနေအာင္ပိတ္ေနခဲ့ၿပီး အျပင္မွာအလုပ္သိပ္မရွိခဲ့ဘူး။မနက္ကသူ႔ေျမးယူလာတဲ့ယုန္ကိုေတြးရင္းေျမးကိုတစ္ခ်က္ၾကည့္လိုက္တယ္။
ေျပာထားတဲ့အတိုင္းပင္ ေန႔လည္ခင္းတြင္အဖိုးဝူက ဝူက်န္းကိုဂ်င္းတစ္ပိုင္း၊ၾကက္သြန္စိမ္းအနည္းငယ္နဲ႔ မုန္လာဥျဖဴအိုးႀကီးႏွစ္လုံးကိုေျမေအာက္ခန္းထဲမွာသြားယူခိုင္းလိုက္တယ္။ဂ်င္းနဲ႔ၾကက္သြန္နီကိုပါးပါးလွီးခိုင္းလိုက္ၿပီး မုန္လာဥကိုအတုံးေလးေတြတုံးလိုက္တယ္။ဒယ္အိုးကိုအပူေပးၿပီး ဆီအဝတ္ကိုသုတ္လိုက္ၿပီး ဒယ္အိုးထဲကို ဂ်င္းနဲ႔ၾကက္သြန္ျဖဴကိုထည့္ကာမီးျပင္းျပင္းႏွင့္ေမႊေၾကာ္လိုက္ၿပီး ၾကက္သြန္နီနဲ႔ဂ်င္းအနံ႔ကခ်က္ခ်င္းေမႊးလာတယ္။ၾကက္သြန္ျဖဴ၊ငပိနည္းနည္း၊ဝိုင္ျဖဴနဲ႔ပဲငံျပာရည္တို႔ကိုထည့္ကာထပ္ေၾကာ္လိုက္တယ္။
ယုန္သားကိုအိုးတစ္လုံးထဲသို႔ေလာင္းထည့္ၿပီး အဖုံးအုပ္လိုက္တယ္။အပူရွိန္ျမင့္ၿပီးပြက္ပြက္ဆူလာေတာ့မွ ေရသန႔္တစ္ပန္းကန္လုံးထည့္ၿပီး မီးအရွိန္ေလ်ာ့ကာေျဖးေျဖးခ်င္း ဆူေအာင္တည္တယ္။အဖုံးျပန္အုပ္လိုက္သည္ႏွင့္ အနံ႔ကတျဖည္းျဖည္းေလ်ာ့နည္းလာတယ္။ယုန္သားကတစ္ဝက္က်က္လာေတာ့မွ မုန္လာဥျဖဴကိုအိုးထဲထည့္ေမႊလိုက္တယ္။ထို႔ေနာက္အခ်ိန္ခဏေပးၿပီး အသားထဲကိုဟင္းရည္စိမ့္ဝင္ေအာင္တည္ထားလိုက္တယ္။
ဝူက်န္း သူ႔ကိုယ္သူေတြးလိုက္မိတယ္။ကံေကာင္းလို႔ သူတို႔အိမ္ကေတာင္နဲ႔နီးတာမို႔ အိမ္နီးနားခ်င္းသိပ္မရွိတာ။မဟုတ္လို႔ရွိရင္ တခ်ိဳ႕မ်က္ႏွာအေရထူတဲ့လူတစ္ခ်ိဳ႕က လာၿပီးေတာင္းစားေနဦးမယ္!
မုန္လာဥျဖဴယုန္သားစြပ္ျပဳတ္အဆင္သင့္ျဖစ္တာနဲ႔ တံခါးဝမွာအမဝမ္းကြဲရဲ႕အသံကိုၾကားလိုက္ရတယ္။
"က်န္းဇီ…တံခါးဖြင့္ဦး"
ဝူက်န္းကအသံၾကားတာနဲ႔ေျပးလာၿပီးတံခါးဖြင့္ေတာ့ သူ႔အဖြားနဲ႔အမဝမ္းကြဲျဖစ္ေနတယ္။အမဝမ္းကြဲကတစ္ဖက္ကအဖြားကိုကူတြဲထားၿပီးတစ္ဖက္က အထုတ္ႀကီးတစ္ထုတ္ဆြဲထားတယ္။အသက္ရွင္ေနဆဲျဖစ္တဲ့အဖြားနဲ႔အမဝမ္းကြဲကိုေတြ႕လိုက္ေတာ့ ဝူက်န္းမွာ ေပ်ာ္လြန္းလို႔မထိန္းႏိုင္ဘဲ မ်က္လုံးေတြကနီရဲလာတယ္။
"အိုး……ငါ့ေျမးႀကီး…ဘာျဖစ္လို႔တုန္း…မင္းအဖိုးမင္းကိုဆူလို႔လား?"
အဖြားဝူကစိတ္မဆိုးဘဲေမးလိုက္တယ္။ဝူက်န္းကသူ႔စိတ္လႈပ္ရွားမႈကိုေလ်ာ့လိုက္ၿပီး
"အဖြား…အေဒၚ… ျပန္လာၾကၿပီပဲ။ကြၽန္ေတာ္အရမ္းေပ်ာ္တာပဲ"
စကားေျပာေနစဥ္မွာ သူ႔အမဝမ္းကြဲဆီကအထုတ္ကိုယူၿပီး အဖြားနဲ႔အမဝမ္းကြဲကိုအရင္ဝင္ခိုင္းလိုက္တယ္။
အသံေတြကိုၾကားတဲ့အိမ္နီးနားခ်င္းက အိမ္တံခါးဖြင့္ၿပီးလွမ္းေမးတယ္။
"က်န္းဇီ … မင္းအဖြားျပန္ေရာက္ၿပီေပါ့"
"ဟုတ္တယ္အန္တီခြၽန္ဟြာ…အိမ္ျပန္ေရာက္ၾကၿပီ"
"ျပန္လာၿပီဆိုေကာင္းတာေပါ့…လုပ္စရာရွိတာအရင္လုပ္ၾကပါ။ငါမနက္ျဖန္မွပဲ လာခဲ့ေတာ့မယ္။မင္းအဖြားကိုဂ႐ုစိုက္လိုက္ဦး"
အန္တီခြၽန္ဟြာက စကားေျပာၿပီးေနာက္ သူမအခန္းတံခါးကိုျပန္ပိတ္လိုက္တယ္။
ဝူက်န္းကအထုပ္ကိုထမ္းၿပီး တံခါးပိတ္ကာ ပင္မအခန္းကိုသြားလိုက္တယ္။ပင္မခန္းထဲမွာ အဖြားဝူနဲ႔အေဒၚဝူကေရေႏြးထိုင္ေသာက္ေနၾကတယ္။အဖိုးဝူက
"က်န္းဇီေန႔လည္တုန္းကလုပ္ထားတဲ့ပန္ကိတ္ေတြကိုေႏႊးၿပီးညစာျပင္လိုက္ေဟ့…မင္းအမဝမ္းကြဲက ဒီညဒီမွာအိပ္မွာ"
ဝူက်န္းကပန္ကိတ္ေတြကိုျပန္ေႏႊးၿပီးေနာက္ ယုန္သားစြပ္ျပဳတ္ကိုပါယူလာခဲ့တယ္။ပန္ကိတ္ကပင္မခန္းထဲကိုေရာက္လာတဲ့အခါ ဇနီးေမွာင္ႏွံႏွစ္ဦးက လြန္ခဲ့ရဲ႕ရက္ေတြမွာျဖစ္ပ်က္ခဲ့တာေတြကိုဖလွယ္ေျပာဆိုေနၾကၿပီးၿပီ။
"က်န္းဇီ…သားဒီလိုေလးဆက္ေနသြားရင္ေကာင္းမွာပဲ။အဖြားရဲ႕ေျခေထာက္ကအသုံးမဝင္ေတာ့ဘူးဆိုေတာ့ ငါ့ေျမးကိုခ်န္ထားခဲ့ဖို႔ အဖြားဝန္ေလးေနရတယ္ကြယ္"
ဝူက်န္းကလက္ထဲကပစၥည္းေတြကိုခ်ထားလိုက္ၿပီးေနာက္အဖြားဝူရဲ႕ေဘးမွာထိုင္ကာႏွစ္သိမ့္လိုက္တယ္။
"အဖြား ကြၽန္ေတာ္သိပါၿပီ။လီ႐ႊယ္ကကြၽန္ေတာ္နဲ႔အတူရွိဖို႔မေတြးထားမွေတာ့ ကြၽန္ေတာ္လည္းဆက္ၿပီးဆြဲထားမေနပါဘူး။အခုကစၿပီးေတာ့ ကြၽန္ေတာ္ေလးေလးနက္နက္နဲ႔အလုပ္လုပ္မွာပါ။အလုပ္မွတ္ေတြမ်ားမ်ားရေအာင္လုပ္ၿပီးအဖိုးနဲ႔အဖြားကိုျပဳစုေစာင့္ေရွာက္မယ္။"
အမဝမ္းကြဲ၏အၿပဳံးကိုျမင္သည့္အခါ လွ်င္လွ်င္ျမန္ျမန္ထပ္ေပါင္းေျပာလိုက္သည္။
"အမဝမ္းကြဲကိုေရာပဲ……"
ဝူက်န္း၏ပုံစံေၾကာင့္ ဝူယြမ္ကရယ္သည္။
"ေကာင္ေလး တအားေတြသြက္လက္ေနတယ္ေပါ့ေလ။ငါေကာမင္းရဲ႕ဝမ္းကြဲေတြကိုပါစိတ္ထဲမထားနဲ႔ ဒီအေဒၚကမင္းေကာင္းေကာင္းေနေနရရင္ကိုအဆင္ေျပတယ္။"
အဖိုးဝူကေဘးနားကေနၾကည့္ေနခဲ့ၿပီးမွ ကမန္းကတန္းတိုက္တြန္းလိုက္သည္။
"ဟင္းရည္ကေအးေတာ့မယ္…ေျပာစရာရွိတာေနာက္မွေျပာၾက အရင္စားၾကရေအာင္!"
မိသားစုကယုန္သားစြပ္ျပဳတ္ကိုေပ်ာ္ေပ်ာ္႐ႊင္႐ႊင္စားေနၾကၿပီး ဝူက်န္းကေတာ့ ဒီအသားကိုဘယ္လိုေကာက္ရခဲ့ေၾကာင္း သူယုန္သားျပဳတ္နည္းကိုဘယ္လိုေတာင္သင္ခဲ့ေၾကာင္းေျပာေနၿပီး က်န္လူေတြကေခါင္းတညိမ့္ညိမ့္နားေထာင္ေနၾကတယ္။
အသက္ရွင္ေနဆဲျဖစ္တဲ့အဖိုးအဖြားႏွင့္ စိတ္ဓာတ္တက္ႂကြေနတဲ့အစ္မဝမ္းကြဲကိုၾကည့္ရင္း ဝူက်န္းကသူ႔ဘဝရဲ႕အရင္းႏွီးဆုံးလူေတြမ်ားျပန္ေတြ႕ဆုံခြင္ေပးသည့္အတြက္ ဘုရားကိုထပ္တလဲလဲေက်းဇူးတင္ေနခဲ့တယ္။
••••••••••••••••••••••••••••••••••••
Telegram Gp မွာ အပိုင္း(၁၀)အထိေရာက္ေနပါၿပီ✨❣️
You are reading the story above: TeenFic.Net