၂.အလုံးသေးသေးလေးကိုကောက်ယူ

Background color
Font
Font size
Line height

နေ့စဉ်ပြောင်းလဲနေထိုင်ဖို့အတွက်ကြိုတင်စီစဉ်ထားလေတယ်။ဆောင်းတွင်းဖြစ်တာမို့ တောကြီးတစ်ခုလုံးကအဖြူရောင်လွှမ်းခြုံနေပြီး ဝူကျန်းကတောင်ခြေမှ တင်ဆင့်ဖြေးဖြေးချင်းတက်လာသည်။လက်နှစ်ဖက်ကိုပူးကာပွတ်သပ်နေပြီး အခုလေးတင်သူမြန်မြန်ပြေးလာခဲ့တာကိုနောင်တရနေပြီ။နားရွက်တွေဆို ချမ်းလွန်းလို့ခဲတော့မယ်။ဒါပေမယ့်လည်း အခုချက်ချင်းကြီးပြန်ဖို့လည်းမဖြစ်နိုင်ဘူး။ရွာသားတွေရဲ့ ပါးစပ်ပေါက်ဆိုးဆိုးတွေနဲ့ဆက်ဆံရမှာကိုသူနည်းနည်းကြောက်နေတယ်။

ဝူကျန်း၏လက်ရှိခန္ဓာကိုယ်က အသက်၁၆နှစ်သာရှိသေးပြီး အရပ် 1.7မီတာရှိကာ သူ့ခန္ဓာကိုယ်သေးသေးလေးက ချမ်းလွန်းလို့ အဖြူရောင် လိဗနာသစ်ပင်သဖွယ် ဖြောင့်တန်းနေတယ်။အသားအရေက သူ့အမေလို နူးညံ့တယ်။စားဝတ်နေရေးချို့တဲ့တဲ့ဒီခေတ်ကြီးမှာ ရွာကလူတွေလောက်မပိန်ရတဲ့အကြောင်းရင်းက မိသားစုထဲမှာ သူကတစ်ဦးတည်းသောကလေးဖြစ်ပြီး ကောင်းကောင်းမွန်မွန်စားသောက်ရတာကြောင့်ဖြစ်တယ်။

ဝူကျန်းက တောင်ပေါ်ကိုဖြည်းဖြည်းချင်းတက်ကာ လမ်းမှာတွေ့ရတဲ့အကိုင်းအခက်တွေကို လိုက်ကောက်လိုက်တယ်။နှင်းတွေကျလာတာဖြစ်လို့ ကောက်စရာလည်းမရှိတော့သလို တောင်ပေါ်မှာလူလည်းသိပ်မရှိတော့ဘူး။အချိန်အတော်ကြာလမ်းလျောက်ပြီးနောက် ဝူကျန်းကပင်ပန်းလာကာ ပင်စည်ဖြောင့်ဖြောင့်ကြီးရှိတဲ့အပင်တစ်ပင်ကိုတွေ့လိုက်ရတယ်။ထိုနေရာသို့လျှောက်လာပြီးနောက် ခဏနားဖို့အဆင်သင့်ဖြစ်နေပြီ။သူကောက်လာတဲ့အကိုင်းအခက်တွေကိုမြေကြီးပေါ်ပစ်ချပြီးထိုအပေါ်ကိုထိုင်ချဖို့ပြင်ခါနီးမှာ အလုံးသေးသေးလေးတစ်ခုကိုတွေ့လိုက်ရတယ်။

သစ်ကိုင်းကိုယူပြီးထိကြည့်လိုက်တော့ ထိုဟာလေးကနူးညံ့ပြီး ပိစိလေးတုံ့ပြန်တယ်။အနီးကပ်ကြည့်လိုက်တော့ မီးခိုးရောင်ယုန်လေးတစ်ကောင်ဖြစ်နေတယ်။ထိုအကောင်လေးကခဲနေတာဖြစ်မယ်။ဝူကျန်းက လက်ဆန့်ပြီး ယုန်နားရွက်ကိုကိုင်ကာ ချိန်ဆလိုက်တယ်။ကောင်းရောပဲ…အလေးချိန်က ၃ကတ်တီလောက်ရှိတယ်။

ဝူကျန်းက အကျယ်ကြီးရယ်လိုက်တယ်။သူထွက်လာတာနဲ့ဒီလိုအမွှေးပွအကောင်တွေ့တယ်ဆိုတော့သူ့ကံ‌ကအရမ်းကောင်းတာပဲလို့တွေးလိုက်တယ်။ဒါပေမယ့် ရွာကိုဒီတိုင်းပြန်သယ်သွားဖို့ကမလုံခြုံဘူး။ရွာကလူတွေသာတွေ့ရင်အတင်းပြောတော့မှာကြောက်ရတယ်။တောင်ပေါ်မှာသားကောင်ဖမ်းမိရင် ဖမ်းမိတဲ့သားကောင်ရဲ့ပမာဏကိုကြည့်ပြီး နည်းရင်ရွာကိုတစ်ဝက်ပေးရမယ်ဆိုတဲ့စည်းမျဉ်းရှိတယ်။များရင်တော့…ရွာကအစည်းအဝေးပွဲလုပ်ပြီးအဆုံးအဖြတ်ပေးတယ်။ဒီလိုမှမဟုတ်ရင် စည်းမဲ့ကမ်းမဲ့‌တောကောင်ဖမ်းမှုကြောင့် သဘာဝတရားကြီးကပျက်စီးလာမှာဘဲ။ဒါ့အပြင်တောင်တွေက တိုင်းပြည်ရဲ့ပိုင်ဆိုင်မှုဆိုလည်းဟုတ်တယ်။တောရိုင်းဟင်းသီးဟင်းရွက်တွေကိုခူးတာတူးတာနဲ့သစ်ကိုင်းခြောက်ကောက်တာကိုတော့ ဘယ်သူကမှဘာမှမပြောကြဘူး။

ဝူကျန်းခဏစဉ်းစားပြီးနောက် ယုန်ကိုသစ်ကိုင်းခြောက်တွေထဲမှာပတ်ချာလည်ဝိုင်းပြီး သူယူလာတဲ့လျော်ကြိုးနဲ့ချည်လိုက်တယ်။လမ်းတစ်လျောက်ထဲစိတ်ထဲမှာလန်းဆန်းနေတယ်။တောင်ပေါ်ကဆင်းပြီးသူအိမ်ပြန်တဲ့အချိန်က ၁၁နာရီသာရှိသေးတယ်။ရာသီဥတုကတအားအတဲ့အတွက်လမ်းမှာလူသိပ်မရှိဘူး။ရွာသားတွေက ဝူကျန်းရဲ့နောက်ကျောကသစ်ကိုင်းခြောက်တွေကိုမြင်တဲ့အခါ ပြုံးပြုံးနဲ့
"ကျန်းဇီ…ဒီနေ့ဘာလို့ထင်းသွားကောက်တာလဲ?အိမ်မှာထင်းမလောက်တော့ဘူးလား?ဒီလောက်အေးနေတာကို…"

ဝူကျန်းကရယ်ကာပြန်ဖြေလိုက်သည်။အိမ်ထဲသို့မြန်မြန်ပြေးဝင်လာခဲ့ပြီး အဖိုးဝူကပင်မခန်းထဲမှာထိုင်နေဆဲပင်။
"ကျန်းဇီ…တောင်ပေါ်သွားတာလည်းသွားတာပေါ့ ဘာလို့အရမ်းကြာနေတာလဲ?အိမ်မှာထင်းလောက်သေးတယ်လို့အဖိုးပြောပြီးပြီလေ…ထင်းမလောက်ဘူးဆိုရင်လည်း မင်းဝမ်းကွဲကတစ်ချို့တစ်လေပို့ပေးလိမ့်မယ်။ခန္ဓာကိုယ်ကသိပ်ကောင်းသေးတာလည်းမဟုတ်ဘဲနဲ့ အပြင်မှာအကြာကြီးမနေနဲ့"

"အဖိုး…အဆင်ပြေပါတယ်။ကျွန်တော်နေကောင်းသွားပြီ…နေရာတကာဦး‌လေးကိုနှောင့်ယှက်နေလို့မရဘူးလေ။အဖိုး…ဒီမှာကြည့် ကျွန်တော်တောင်ပေါ်မှာယုန်တစ်ကောင်ကောက်ရခဲ့တယ်။"
ပြောပြီးတာနဲ့ ဝူကျန်းကသစ်ကိုင်းခြောက်တွေကိုဖြည်ချလိုက်ပြီးယုန်ကိုဆွဲထုတ်လိုက်တယ်။ယုန်လေးက လမ်းတစ်လျှောက်သစ်ကိုင်းခြောက်တွေကြားမှာနေခဲ့ရတာကြောင့် သေသွားပြီဖြစ်တယ်။

အဖိုးဝူကယုန်ကိုမြင်တဲ့အခါ မျက်လုံးတွေတောက်ပလာပြီး ပြံးလိုက်တယ်။
"ယုန်အကြီးကြီးတစ်ကောက်ကောက်မိတယ်ဆိုတော့ ငါ့မြေးကကံတွေစွတ်ကောင်းနေတာပဲ။ညကျရင်မင်းအဖွားက မင်းဒေါ်လေးဆီကနေပြန်လာမှာ။ငါ မင်းတို့စားဖို့ယုန်သားချက်ပေးမယ်…"
ယုန်သားစွပ်ပြုတ်ကိုတွေးပြီးနောက် တံတွေးမြိုချလိုက်တယ်။ကြည့်ရသလောက်ဆို အဖိုးချက်ပေးတဲ့ယုန်သားကိုမစားရတာဆယ်စုနှစ်နဲ့ချီနေပြီ။အဖိုးက သူ့အသက်၂၅နှစ်မှာဆုံးသွားခဲ့ပြီး သူကတော့၃၃နှစ်မှာဆုံးခဲ့တယ်။အဖိုးဆုံးပြီးကတည်းက ယုန်သားထပ်မစားဖြစ်တော့ဘူး။

"အဖိုး…ကျွန်တော်ယုန်ကိုအရင်သွားကိုင်လိုက်ဦးမယ်"

ဝူကျန်းကထင်းခြောက်တွေကိုမီးဖိုချောင်ဘေးချထားပြီးယုန်ကိုယူကာခြံထဲကရေတွင်းဆီသွားပြီး အရေခွံခွာလိုက်တယ်။အခွံခွာထားတဲ့အရေခွံက ရွာထဲကဦးလေးဝူဆီသွားပေးရင် ကြက်ဥဆယ်လုံးပြန်ရလိမ့်မယ်။အဲ့လိုမဟုတ်ရင်လဲ အဝယ်ဌာနကိုသွားပြီးပိုက်ဆံနဲ့လဲလို့ရတယ်။ဝူကျန်းကသူ့အဖွားအတွက်ဒူးစွပ်တစ်စုံလောက်လုပ်လို့ရနိုင်မလားလို့တွေးရင်း အရေခွံကိုဖယ်ထားလိုက်သည်။အဖွားကငယ်ငယ်တုန်းကခြေထောက်ကိုက်တဲ့ရောဂါကိုခံစားခဲ့ရပြီး အခုဆိုရင် အရမ်းအေးလာရင် မခံနိုင်တော့ဘူး။ဒီတစ်ကြိမ်ကလည်းခြေထောက်ကိုက်နေတာကြောင့် ခရိုင်ဆေးရုံမှာကုသမှုခံယူဖို့ ခရိုင်မှာရှိတဲ့ဒေါ်လေးအိမ်မှာ ရက်နည်းနည်းသွားနေနေတာဖြစ်တယ်။

ဝူကျန်းက ယုန်ကိုဂရုတစိုက်လုပ်ကိုင်ရင်း တွေးတောနေတယ်။ထို့နောက် ၅စင်တီမီတာလောက် အတုံးလေးတွေတုံးပြီး ဆား၊ငရုတ်ကောင်းတို့နဲ့နှပ်ထားလိုက်တယ်။

…………………
Wattpad မှာ တစ်ပတ်တစ်ပိုင်းတင်ပေးသွားပါမယ်။
Paid gpမှာတော့ တစ်နေ့တစ်ပိုင်းတင်သွားပါမယ်။
Paid စဖွင့်ပါပြီ။Paidမှာအပိုင်း(၃)တင်ထားပါတယ်။
Paid ဝင်ချင်သူများ @Khinswethaw ဆိုတဲ့ Telegram Accountကိုလာပေးကြပါရှင်။


ေန႔စဥ္ေျပာင္းလဲေနထိုင္ဖို႔အတြက္ႀကိဳတင္စီစဥ္ထားေလတယ္။ေဆာင္းတြင္းျဖစ္တာမို႔ ေတာႀကီးတစ္ခုလုံးကအျဖဴေရာင္လႊမ္းၿခဳံေနၿပီး ဝူက်န္းကေတာင္ေျခမွ တင္ဆင့္ေျဖးေျဖးခ်င္းတက္လာသည္။လက္ႏွစ္ဖက္ကိုပူးကာပြတ္သပ္ေနၿပီး အခုေလးတင္သူျမန္ျမန္ေျပးလာခဲ့တာကိုေနာင္တရေနၿပီ။နား႐ြက္ေတြဆို ခ်မ္းလြန္းလို႔ခဲေတာ့မယ္။ဒါေပမယ့္လည္း အခုခ်က္ခ်င္းႀကီးျပန္ဖို႔လည္းမျဖစ္ႏိုင္ဘူး။႐ြာသားေတြရဲ႕ ပါးစပ္ေပါက္ဆိုးဆိုးေတြနဲ႔ဆက္ဆံရမွာကိုသူနည္းနည္းေၾကာက္ေနတယ္။

ဝူက်န္း၏လက္ရွိခႏၶာကိုယ္က အသက္၁၆ႏွစ္သာရွိေသးၿပီး အရပ္ 1.7မီတာရွိကာ သူ႔ခႏၶာကိုယ္ေသးေသးေလးက ခ်မ္းလြန္းလို႔ အျဖဴေရာင္ လိဗနာသစ္ပင္သဖြယ္ ေျဖာင့္တန္းေနတယ္။အသားအေရက သူ႔အေမလို ႏူးညံ့တယ္။စားဝတ္ေနေရးခ်ိဳ႕တဲ့တဲ့ဒီေခတ္ႀကီးမွာ ႐ြာကလူေတြေလာက္မပိန္ရတဲ့အေၾကာင္းရင္းက မိသားစုထဲမွာ သူကတစ္ဦးတည္းေသာကေလးျဖစ္ၿပီး ေကာင္းေကာင္းမြန္မြန္စားေသာက္ရတာေၾကာင့္ျဖစ္တယ္။

ဝူက်န္းက ေတာင္ေပၚကိုျဖည္းျဖည္းခ်င္းတက္ကာ လမ္းမွာေတြ႕ရတဲ့အကိုင္းအခက္ေတြကို လိုက္ေကာက္လိုက္တယ္။ႏွင္းေတြက်လာတာျဖစ္လို႔ ေကာက္စရာလည္းမရွိေတာ့သလို ေတာင္ေပၚမွာလူလည္းသိပ္မရွိေတာ့ဘူး။အခ်ိန္အေတာ္ၾကာလမ္းေလ်ာက္ၿပီးေနာက္ ဝူက်န္းကပင္ပန္းလာကာ ပင္စည္ေျဖာင့္ေျဖာင့္ႀကီးရွိတဲ့အပင္တစ္ပင္ကိုေတြ႕လိုက္ရတယ္။ထိုေနရာသို႔ေလွ်ာက္လာၿပီးေနာက္ ခဏနားဖို႔အဆင္သင့္ျဖစ္ေနၿပီ။သူေကာက္လာတဲ့အကိုင္းအခက္ေတြကိုေျမႀကီးေပၚပစ္ခ်ၿပီးထိုအေပၚကိုထိုင္ခ်ဖို႔ျပင္ခါနီးမွာ အလုံးေသးေသးေလးတစ္ခုကိုေတြ႕လိုက္ရတယ္။

သစ္ကိုင္းကိုယူၿပီးထိၾကည့္လိုက္ေတာ့ ထိုဟာေလးကႏူးညံ့ၿပီး ပိစိေလးတုံ႔ျပန္တယ္။အနီးကပ္ၾကည့္လိုက္ေတာ့ မီးခိုးေရာင္ယုန္ေလးတစ္ေကာင္ျဖစ္ေနတယ္။ထိုအေကာင္ေလးကခဲေနတာျဖစ္မယ္။ဝူက်န္းက လက္ဆန႔္ၿပီး ယုန္နား႐ြက္ကိုကိုင္ကာ ခ်ိန္ဆလိုက္တယ္။ေကာင္းေရာပဲ…အေလးခ်ိန္က ၃ကတ္တီေလာက္ရွိတယ္။

ဝူက်န္းက အက်ယ္ႀကီးရယ္လိုက္တယ္။သူထြက္လာတာနဲ႔ဒီလိုအေမႊးပြအေကာင္ေတြ႕တယ္ဆိုေတာ့သူ႔ကံ‌ကအရမ္းေကာင္းတာပဲလို႔ေတြးလိုက္တယ္။ဒါေပမယ့္ ႐ြာကိုဒီတိုင္းျပန္သယ္သြားဖို႔ကမလုံၿခဳံဘူး။႐ြာကလူေတြသာေတြ႕ရင္အတင္းေျပာေတာ့မွာေၾကာက္ရတယ္။ေတာင္ေပၚမွာသားေကာင္ဖမ္းမိရင္ ဖမ္းမိတဲ့သားေကာင္ရဲ႕ပမာဏကိုၾကည့္ၿပီး နည္းရင္႐ြာကိုတစ္ဝက္ေပးရမယ္ဆိုတဲ့စည္းမ်ဥ္းရွိတယ္။မ်ားရင္ေတာ့…႐ြာကအစည္းအေဝးပြဲလုပ္ၿပီးအဆုံးအျဖတ္ေပးတယ္။ဒီလိုမွမဟုတ္ရင္ စည္းမဲ့ကမ္းမဲ့‌ေတာေကာင္ဖမ္းမႈေၾကာင့္ သဘာဝတရားႀကီးကပ်က္စီးလာမွာဘဲ။ဒါ့အျပင္ေတာင္ေတြက တိုင္းျပည္ရဲ႕ပိုင္ဆိုင္မႈဆိုလည္းဟုတ္တယ္။ေတာ႐ိုင္းဟင္းသီးဟင္း႐ြက္ေတြကိုခူးတာတူးတာနဲ႔သစ္ကိုင္းေျခာက္ေကာက္တာကိုေတာ့ ဘယ္သူကမွဘာမွမေျပာၾကဘူး။

ဝူက်န္းခဏစဥ္းစားၿပီးေနာက္ ယုန္ကိုသစ္ကိုင္းေျခာက္ေတြထဲမွာပတ္ခ်ာလည္ဝိုင္းၿပီး သူယူလာတဲ့ေလ်ာ္ႀကိဳးနဲ႔ခ်ည္လိုက္တယ္။လမ္းတစ္ေလ်ာက္ထဲစိတ္ထဲမွာလန္းဆန္းေနတယ္။ေတာင္ေပၚကဆင္းၿပီးသူအိမ္ျပန္တဲ့အခ်ိန္က ၁၁နာရီသာရွိေသးတယ္။ရာသီဥတုကတအားအတဲ့အတြက္လမ္းမွာလူသိပ္မရွိဘူး။႐ြာသားေတြက ဝူက်န္းရဲ႕ေနာက္ေက်ာကသစ္ကိုင္းေျခာက္ေတြကိုျမင္တဲ့အခါ ၿပဳံးၿပဳံးနဲ႔
"က်န္းဇီ…ဒီေန႔ဘာလို႔ထင္းသြားေကာက္တာလဲ?အိမ္မွာထင္းမေလာက္ေတာ့ဘူးလား?ဒီေလာက္ေအးေနတာကို…"

ဝူက်န္းကရယ္ကာျပန္ေျဖလိုက္သည္။အိမ္ထဲသို႔ျမန္ျမန္ေျပးဝင္လာခဲ့ၿပီး အဖိုးဝူကပင္မခန္းထဲမွာထိုင္ေနဆဲပင္။
"က်န္းဇီ…ေတာင္ေပၚသြားတာလည္းသြားတာေပါ့ ဘာလို႔အရမ္းၾကာေနတာလဲ?အိမ္မွာထင္းေလာက္ေသးတယ္လို႔အဖိုးေျပာၿပီးၿပီေလ…ထင္းမေလာက္ဘူးဆိုရင္လည္း မင္းဝမ္းကြဲကတစ္ခ်ိဳ႕တစ္ေလပို႔ေပးလိမ့္မယ္။ခႏၶာကိုယ္ကသိပ္ေကာင္းေသးတာလည္းမဟုတ္ဘဲနဲ႔ အျပင္မွာအၾကာႀကီးမေနနဲ႔"

"အဖိုး…အဆင္ေျပပါတယ္။ကြၽန္ေတာ္ေနေကာင္းသြားၿပီ…ေနရာတကာဦး‌ေလးကိုေႏွာင့္ယွက္ေနလို႔မရဘူးေလ။အဖိုး…ဒီမွာၾကည့္ ကြၽန္ေတာ္ေတာင္ေပၚမွာယုန္တစ္ေကာင္ေကာက္ရခဲ့တယ္။"
ေျပာၿပီးတာနဲ႔ ဝူက်န္းကသစ္ကိုင္းေျခာက္ေတြကိုျဖည္ခ်လိုက္ၿပီးယုန္ကိုဆြဲထုတ္လိုက္တယ္။ယုန္ေလးက လမ္းတစ္ေလွ်ာက္သစ္ကိုင္းေျခာက္ေတြၾကားမွာေနခဲ့ရတာေၾကာင့္ ေသသြားၿပီျဖစ္တယ္။

အဖိုးဝူကယုန္ကိုျမင္တဲ့အခါ မ်က္လုံးေတြေတာက္ပလာၿပီး ၿပံးလိုက္တယ္။
"ယုန္အႀကီးႀကီးတစ္ေကာက္ေကာက္မိတယ္ဆိုေတာ့ ငါ့ေျမးကကံေတြစြတ္ေကာင္းေနတာပဲ။ညက်ရင္မင္းအဖြားက မင္းေဒၚေလးဆီကေနျပန္လာမွာ။ငါ မင္းတို႔စားဖို႔ယုန္သားခ်က္ေပးမယ္…"
ယုန္သားစြပ္ျပဳတ္ကိုေတြးၿပီးေနာက္ တံေတြးၿမိဳခ်လိုက္တယ္။ၾကည့္ရသေလာက္ဆို အဖိုးခ်က္ေပးတဲ့ယုန္သားကိုမစားရတာဆယ္စုႏွစ္နဲ႔ခ်ီေနၿပီ။အဖိုးက သူ႔အသက္၂၅ႏွစ္မွာဆုံးသြားခဲ့ၿပီး သူကေတာ့၃၃ႏွစ္မွာဆုံးခဲ့တယ္။အဖိုးဆုံးၿပီးကတည္းက ယုန္သားထပ္မစားျဖစ္ေတာ့ဘူး။

"အဖိုး…ကြၽန္ေတာ္ယုန္ကိုအရင္သြားကိုင္လိုက္ဦးမယ္"

ဝူက်န္းကထင္းေျခာက္ေတြကိုမီးဖိုေခ်ာင္ေဘးခ်ထားၿပီးယုန္ကိုယူကာၿခံထဲကေရတြင္းဆီသြားၿပီး အေရခြံခြာလိုက္တယ္။အခြံခြာထားတဲ့အေရခြံက ႐ြာထဲကဦးေလးဝူဆီသြားေပးရင္ ၾကက္ဥဆယ္လုံးျပန္ရလိမ့္မယ္။အဲ့လိုမဟုတ္ရင္လဲ အဝယ္ဌာနကိုသြားၿပီးပိုက္ဆံနဲ႔လဲလို႔ရတယ္။ဝူက်န္းကသူ႔အဖြားအတြက္ဒူးစြပ္တစ္စုံေလာက္လုပ္လို႔ရႏိုင္မလားလို႔ေတြးရင္း အေရခြံကိုဖယ္ထားလိုက္သည္။အဖြားကငယ္ငယ္တုန္းကေျခေထာက္ကိုက္တဲ့ေရာဂါကိုခံစားခဲ့ရၿပီး အခုဆိုရင္ အရမ္းေအးလာရင္ မခံႏိုင္ေတာ့ဘူး။ဒီတစ္ႀကိမ္ကလည္းေျခေထာက္ကိုက္ေနတာေၾကာင့္ ခ႐ိုင္ေဆး႐ုံမွာကုသမႈခံယူဖို႔ ခ႐ိုင္မွာရွိတဲ့ေဒၚေလးအိမ္မွာ ရက္နည္းနည္းသြားေနေနတာျဖစ္တယ္။

ဝူက်န္းက ယုန္ကိုဂ႐ုတစိုက္လုပ္ကိုင္ရင္း ေတြးေတာေနတယ္။ထို႔ေနာက္ ၅စင္တီမီတာေလာက္ အတုံးေလးေတြတုံးၿပီး ဆား၊င႐ုတ္ေကာင္းတို႔နဲ႔ႏွပ္ထားလိုက္တယ္။

…………………
Wattpad မွာ တစ္ပတ္တစ္ပိုင္းတင္ေပးသြားပါမယ္။
Paid gpမွာေတာ့ တစ္ေန႔တစ္ပိုင္းတင္သြားပါမယ္။
Paid စဖြင့္ပါၿပီ။Paidမွာအပိုင္း(၃)တင္ထားပါတယ္။
Paid ဝင္ခ်င္သူမ်ား @Khinswethaw ဆိုတဲ့ Telegram Accountကိုလာေပးၾကပါရွင္။


You are reading the story above: TeenFic.Net