၄.ရေခဲသေတ္တာကြီး

Background color
Font
Font size
Line height

ကောင်းကင်ကြီး တဖြည်းဖြည်း မှောင်လာသည်နှင့်အမျှ ဝူကျန်းက ဆေးကြောဖို့အတွက်လက်ထဲတွင်ရေနွေးဇလုံကိုကိုင်ကာအခန်းဆီပြန်လာခဲ့သည်။ယနေ့ခေတ်ကာလတွင်လျှပ်စစ်မီးမရှိတာကြောင့် ဖျော်ဖြေရေးအစီအစဉ်တွေလည်းမရှိဘဲ ညဘက်တွင်မိသားစုတိုင်းကစောစောအနားယူလေ့ရှိတယ်။အမှတ်တရတွေပြည့်နေသည့် ဒီအခန်းကိုကြည့်လိုက်သည်။ထိုအကြောင်းပြောရရင် ဝူကျန်းမိဘတွေအသက်ရှင်စဉ်ကဒီအခန်းထဲမှာနေခဲ့ကြတာမို့ အခန်းကမိဘတွေရဲ့ခြေရာလက်ရာတွေဖြင့်ပြည့်နေတယ်။မြေသားကန်အပြင် မှန်တင်ခုံ၊ပရုတ်သစ်သားသေတ္တာတစ်လုံး၊စားပွဲအသေးတစ်လုံးနှင့် ထိုင်ခုံတစ်လုံးလည်းရှိတယ်။ထိုပရိဘောဂများသည် ထိုအချိန်ကအဖိုးနဲ့ဦးလေးတို့ကပြုလုပ်ပေးသည့်ဝူကျန်းမိခင်၏ခန်းဝင်ပစ္စည်းများဖြစ်တယ်။

အမှတ်တရတွေပြည့်နှက်နေတဲ့ထိုအခန်းထဲမှာ ဝူကျန်းက သူဘယ်လိုလမ်းကြောင်းကိုသွားရမလဲဆိုတာစဉ်းစားနေခဲ့သည်။အဖိုးကဟင်းချက်ကျွမ်းကျင်တာကြောင့် လက်ရှိတော့ သင်ဖို့စဉ်းစားထားတယ်။အသက်၁၈နှစ်ပြည့်ရင် ထောက်ပံ့ကြေးတွေရပ်သွားမှာ။အဲ့ဒီအချိန်ကျရင် ဟင်းချက်ကျွမ်းကျင်တာကိုအားကိုးပြီး အစိုးရပိုင်စားသောက်ဆိုင် ဒါမှမဟုတ် စက်ရုံစားသောက်ဆိုင်မှာ အလုပ်ရှာရမလား?

ဒါ့အပြင် ဒီနေ့အိမ်မှာသိမ်းဆည်းထားတဲ့အစားအစာတွေကိုကြည့်လိုက်တော့ မိသားစုသုံးယောက်စားဖို့လောက်တယ်ဆိုရုံလေးပင်။ဒါပေမယ့် မိသားစုက အသား၊ဆီ၊အစေ့အဆန်နဲ့အထည်တွေပြတ်လတ်နေတုန်းပဲ…ပြောင်းစေ့မှုန့်ကလွဲရင်ကျန်တာတွေအကုန်လုံးချို့တဲ့နေတယ်။ရွာထဲကလူတွေရဲ့အခြေအနေထက်စာရင်ပိုကောင်းတယ်ဆိုပေမယ့် အဖိုးအဖွားတွေကအသက်ကြီးနေပြီမို့ တစ်နေ့ကိုအလုပ်မှတ်၃မှတ်လောက်ပဲရနိုင်တယ်။အလုပ်များတဲ့စိုက်ပျိုးရေးရာသီချိန်ဆိုရင် အရွယ်ရောက်ပြီးသားယောက်ျားလေးတစ်ယောက်က တစ်ရက်ကို အများဆုံး အလုပ်မှတ်၇လောက်ထိလုပ်နိုင်တယ်။အများအားဖြင့်တော့ ၅မှတ်ရကြတယ်။အခုခေတ်မှာက မိသားစုရဲ့အစားအစာအများစုကို ရွာတွင်ငွေနဲ့အစားအသောက်တံဆိပ်ခေါင်းတွေနဲ့လဲလှယ်ကြတယ်။နှစ်နှစ်အတွင်းမှာ သူက၁၈နှစ်ပြည့်တော့မှာဖြစ်ပြီးအဲ့ဒီအချိန်ကြရင်ထောက်ပံ့ကြေးလည်းမရတော့ဘူး။မိသားစုမှာကလည်းပိုက်ဆံကနဲနဲပဲကျန်တော့တယ်။ကိစ္စအကြီးကြီးလုပ်ဖို့ဆိုတာကလည်း ဒီခေတ်ကြီးမှာက ငွေရှာဖို့နည်းလမ်းကတော်တော်လေးနည်းပါးတယ်။

အင်း…ဟင်းချက်တာကိုအရင်လေ့လာကြတာပေါ့။ပြီးရင် သူတောင်ပေါ်မှာ ခဏခဏကံကောင်းနိုင်မလားစမ်းကြည့်ရမယ်။ဒီနေ့ယုန်တစ်ကောင်၊မနက်ဖြန်ကြက်တစ်ကောင်သာကောက်ရမယ်ဆိုရင် ယုံချင်စရာမရှိတော့ဘူး။ဒီညစားခဲ့တဲ့အရသာရှိတဲ့ယုန်သားကိုတွေးကြည့်ရင်းဝူကျန်းကတံတွေးနည်းနည်းမြိုချလိုက်ပြီးစိတ်ပျက်သွားသည်။စိတ်ထဲမှာတော့ အရင်ကစားဖူးတဲ့ အရသာမျိုးစုံဖြစ်တဲ့ သိုးသားကြော်၊အမဲသားကင်၊အာဟာရပေါင်းစုံစွပ်ပြုတ်၊ထင်းရှူးစေ့အခွံမာသီးအစာသွပ်ငါး…အဲ့တာတွေနောက်တစ်ခေါက်ထပ်စားနိုင်ရင်ကောင်းမှာပဲ။ဒီခေတ်မှာက သိုးသား၊အမဲသားနဲ့ပင်လယ်စာမပြောနဲ့ ဝက်သားကတောင်တော်တော်လေးရှားလှတယ်။

နေ့ဘက်စဉ်းစားသမျှက ညဘက်အိပ်မက်မက်တတ်သည်ဟူသည့်ဆိုရိုးစကားအတိုင်းပင် ဝူကျန်းက အိပ်မက်ထဲတွင်မှော်ဆန်သည့်နေရာသို့ရောက်သွားတယ်။အဖြူရောင်အလင်းတန်းနဲ့အတူ ရင်းနှီးနေသည့်အရာဖြစ်တဲ့ သူပြန်ပြီးမမွေးဖွားခင်အချိန်တုန်းကအသုံးပြုခဲ့တဲ့ရေခဲသေတ္တာကြီးကိုတွေ့လိုက်ရတယ်။အဲ့ဒီအချိန်တုန်းက သူကလူပျိုကြီးတစ်ယောက်ဖြစ်ပြီး သူ့သူငယ်ချင်းတွေမေးတိုင်း တစ်နှစ်စာလုံးထည့်ထားလို့ရအောင်ဆိုပြီးပြုံးပြုံးပြုံးပြုံးနဲ့ပြန်ဖြေပြီး ဒီလိုအကြီးကြီးဝယ်ခဲ့တာဖြစ်တယ်။တကယ်တော့ ဒီရေခဲသေတ္တာကြီးမှာလည်းသမိုင်းကြောင်းရှိတယ်။ထိုအချိန်တုန်းက လီရွှေ့ကဝူကျန်းလုပ်တဲ့အစားအသောက်တွေကိုအရမ်းကြိုက်တာကြောင့် အချိန်တိုင်းအစားအသောက်တွေယူဖို့သူ့အိမ်ကိုတစ်ယောက်ယောက်ကိုလွှတ်လေ့ရှိတယ်။အဲ့ဒီအချိန်ကိုပြန်သတိရမိ‌တော့မှ သူက လီရွှေ့နဲ့သူ့မိသားစုအတွက် သီးသန့်ထမင်းချက်တစ်ယောက်အဖြစ်သတ်မှတ်ခံခဲ့ရပြီး သူကတော့ ကိုယ်ကြိုက်တဲ့သူရဲ့အစာအိမ်ကိုပိုင်စိုးထားတဲ့သူဆိုပြီးအကျေနပ်ကြီး‌ကျေနပ်နေခဲ့တာ။အခုစဉ်းစားကြည့်လိုက်မှ…သူတကယ်ဈေးပေါခဲ့တာပဲ!သူတို့မိသားစုကြီးကိုအချိန်မှန်ဟင်းချက်ပို့ဖို့အချိန်ရဖို့  သူ့မှာနေ့တိုင်းဆိုင်ရဲ့အရန်ဟင်းပွဲတွေကိုသာတာဝန်ယူနေခဲ့ရတယ်။

ထိုအကြောင်းပိုတွေးလေလေ သူမကိုပိုပြီးရွံလာလေလေ။ဝူကျန်းကခေါင်းယမ်းလိုက်ပြီးနောက်ရေခဲသေတ္တာဆီသွားကာ တံခါးဖွင့်လိုက်တယ်။ရေခဲသေတ္တာ၏ဘယ်ဘက်ခြမ်းရှိအခဲကန့်သည်185လီတာဆန့်ပြီး ညာဘက်ခြမ်းကတော့ 360လီတာဆန့်သည်။ရေခဲသေတ္တာရဲ့ဘယ်ညာနှစ်ဖက်လုံးက သူပြန်ပြီးမမွေးဖွားခင်တုန်းကဝယ်ထားသည့်အတိုင်းပင် အပြည့်ရှိနေတယ်။ရေခဲသေတ္တာသည်တစ်ဖက်စီတိုင်းမှာ အပေါ်ကန့်နဲ့အောက်ကန့်ဆိုပြီးနှစ်ထပ်ရှိသည်။အမဲသား၊ကြက်ကောင်လုံး၊ဝက်သား၊သိုးသား၊ပုဇွန်နီ၊ရေဘဝဲနဲ့ဖက်ထုတ်တွေက ရေခဲသေတ္တာဘယ်ဘက်အပေါ်ကန့်ရှိ အကန့်၆ကန့်ထဲတွင်ထည့်ထားတယ်။အောက်ကန့်ထဲမှာ ဝက်သားပြား၊ချိစ်နဲ့ထောပတ်တို့ရှိသည်။ရေခဲသေတ္တာ၏ညာဘက်အပေါ်ကန့်၆ကန့်တွင် ကြက်ဥအလုံး၂၀၊ကိတ်မုန့်၁တုံး၊ဟင်းသီးဟင်းရွက်နဲ့အသီးအနှံတွေရှိတယ်။အောက်ကန့်ထဲမှာတော့ အသုပ်ထဲမှာထည့်သုတ်တဲ့အမှုန့်၊ခရမ်းချဉ်ဆော့စ်၊ရေသန့်၊ချဉ်ဖတ်၊အခြောက်အခြမ်း၊ဒိန်ချဉ်ဗူးအကြီးကြီးနဲ့ ဘီယာပုလင်းအနည်းငယ်ရှိသည်။

ပစ္စည်းတွေအပြည့်အစုံကိုမြင်လိုက်ရသည့်အခါ ဝူကျန်းက ဒီအိမ်မှာ အဲ့ဒီပစ္စည်းတွေကိုထားနိုင်ရင်ကောင်းမှာပဲဟုတွေးလိုက်မိတယ်။အတွေးတွေနဲ့အတူ အိပ်ပျော်နေတဲ့သူ့မျက်နှာပေါ်မှာအပြုံးတစ်ခုပွင့်လာတယ်။

"အောက်…အီး အီး အွတ်…"
အပြင်မှကြက်တွန်သံကထွက်လာပြီး ဝူကျန်းက မကျေမနပ်ပွစိပွစိရွတ်လိုက်ပြီးနောက် တစ်ဖက်ပြန်လှည့်အိပ်သွားတယ်။အနွေးအိပ်ယာက မနေ့ကရာသီဥတုလည်းပူတော့ သူ့မှာညလယ်လောက်ကြီးအဝတ်ထချွတ်ရသေးတယ်။နာရီဝက်အကြာမှာ မီးဖိုချောင်ထဲကအသီးအရွက်ခုတ်ထစ်သံတွေကြားတော့ ဝူကျန်းထရတော့မယ်။သူ့အဖိုးနဲ့အဖွားကအသက်ကြီးနေပြီလို့ အလုပ်တွေအများကြီးမလုပ်စေချင်တော့ဘူး။

အဝတ်အစားကိုတစ်ဖက်ကကိုင်ပြီး စောင်ကိုနောက်တစ်ဖက်နဲ့မြှောက်လိုက်တယ်။မျက်လုံးမှိတ်ရင်းထထိုင်လိုက်ပြီးလှည့်လိုက်တော့ နံရံလိုတစ်ခုခုကိုတိုက်မိသွားတယ်။အထိအတွေ့ကအေးတယ်။ဝူကျန်းသူ့မျက်လုံးဖွင့်ကြည့်လိုက်တော့ သူရဲ့ရေခဲသေတ္တာကြီးဖြစ်နေတာကိုတွေ့လိုက်ရတယ်။ငါမနိုးသေးတာလား?နောက်တစ်ခေါက်မျက်လုံးမှိတ်ပြီးပြန်ဖွင့်ကြည့်လိုက်လည်း ရေခဲသေတ္တာကရှိနေတုန်းပဲ။အခုတော့ ဝူကျန်းက ဒီကိစ္စကနည်းနည်းရှုပ်ထွေးနေတယ်လို့ခံစားလိုက်ရတယ်။

"ကျန်းဇီ…နိုးပြီလား?မနက်စာအဆင်သင့်ဖြစ်ပြီနော် ထပြီးအတူတူစားကြမလား?ငါခရိုင်ပြန်ပြီးအလုပ်ပြန်လုပ်ရဦးမယ်"
အမဝမ်းကွဲဖြစ်သူ ကတံခါးခေါက်ပြီးစကားဆိုတယ်။

"ထပြီဗျို့…ထပြီ။ကျွန်တော်နောက်မှစားတော့မယ်…အရင်စားပြီးအလုပ်သွားနှင့်လိုက်နော်"
ဝူကျန်းကအဝတ်ကမန်းကတန်းဝတ်ကာ အနွေးအိပ်ယာအစွန်ကနေဆင်းလိုက်တယ်။သေရမှာထက်စာရင် အမဝမ်းကွဲဝင်လာပြီး ဒီသံတုံးကြီးကိုတွေ့သွားမှာ ပိုကြောက်ရတယ်။

တံခါးနားက အဒေါ်ဝူက ခဏလောက်စဉ်းစားပြီးနောက် ပင်မခန်းထဲကိုအရင်ပြန်သွားတော့တယ်။

ရေခဲသေတ္တာကိုထိလိုက်ပြီးနောက် ဝူကျန်းက ရေခဲသေတ္တာကဘာလို့ဒီမှာရှိနေရတာလဲ?မနေ့ကအိပ်မက်မဟုတ်ဘူးလား?ရေခဲသေတ္တာကိုဖွင့်လိုက်တာနဲ့မြင်ရတဲ့ပစ္စည်းတွေက မနေ့ကအိပ်မက်ထဲမှာမြင်ခဲ့ရတဲ့ပစ္စည်းတွေနဲ့အတူတူပဲ။ရေခဲသေတ္တာကအေးနေသေးတယ်။
"မဟုတ်ဘူး…ဒီနားမှာဝိုင်ယာကြိုးလည်းမတွေ့ဘူး…ရေခဲသေတ္တာကဘယ်လိုအလုပ်လုပ်တာလဲ?"
ရေခဲသေတ္တာဘေးမှာရပ်နေရင်း ကွန်ပရက်ဆာအလုပ်လုပ်တဲ့အသံကိုသူကြားနေရတယ်။ဝူကျန်းကလက်ဆန့်ကာ အထဲမှစပျစ်သီးတစ်စည်းကိုဆွဲထုတ်ပြီးတစ်လုံးခူးကာပါးစပ်ထဲပစ်ထည့်လိုက်တယ်။ချိုပြီးအေးတယ်…ပြီးတော့တကယ်စားလို့ရတယ်!ထို့နောက် တခြားပစ္စည်းတွေကိုလည်း စစ်ဆေးလိုက်ပြီးနောက် အကုန်လုံးကအစစ်တွေဆိုတာတွေ့လိုက်ရတယ်။အခု ဝူကျန်းကစိတ်ဆင်းရဲသလို ဝမ်းလည်းဝမ်းသာနေတယ်။ဒီထဲမှာပစ္စည်းတွေအများကြီးရှိပြီးအချိန်အကြာကြီးစားလို့ရလို့ဝမ်းသာနေတယ်။စိတ်ဆင်းရဲတယ်ဆိုတာက ဒီလောက်ကြီးတဲ့သံတုံးကြီးဒီမှာရှိနေတာက လွယ်လွယ်နဲ့ဖော်ထုတ်ခံရလိမ့်မယ်!

အခန်းတဝိုက် လျှောက်သွားရင်း ဘာလုပ်ရမလဲစဉ်းစားရင်းက ရေခဲသေတ္တာက ရုတ်တရက်ပျောက်သွားတယ်။ဝူကျန်းကသူ့ရဲ့အသားတွေပျောက်သွားလို့ထိတ်လန့်သွားတယ်။နောက်တစ်ခါသူရေခဲသေတ္တာအကြောင်းပြန်တွေးလိုက်တော့ ရေခဲသေတ္တာကရုတ်တရက်ပြန်ပေါ်လာတယ်။အခုတော့ဝူကျန်းနားလည်သွားပြီ။စမ်းသပ်ရင်းစမ်းသပ်ရင်းနဲ့ ၇၀ခုနှစ်၏နောက်ပိုင်း ၁၀နှစ်အကျော်မှသာရရှိနိုင်တဲ့အဆင့်မြင့်နည်းပညာသုံး ရေခဲသေတ္တာတစ်ခုက ဒီရိုးရှင်းတဲ့အိမ်လေးထဲမှာပေါ်လိုက်ပျောက်လိုက်ဖြစ်နေတယ်။

စပျစ်သီးထုပ်ပိုက်ထားတဲ့ဝူကျန်းက အကြိမ်နည်းနည်းထပ်ကြိုးစားပြီးနောက်မှာ ရေခဲသေတ္တာကိုဘယ်လိုပေါ်အောင် ပျောက်အောင်လုပ်ရမလဲဆိုတာတွေ့သွားပြီ။စိတ်ထဲမှာရေခဲသေတ္တာ‌ပုံစံကိုတွေးနေပြီး "ရေခဲသေတ္တာ"ဆိုပြီးသုံးကြိမ်တိုးတိုးလေးရွတ်လိုက်ရင် ပေါ်လာလိမ့်မယ်။အပြန်အလှန်အားဖြင့် သုံးကြိမ်ပြောပြီး ရေခဲသေတ္တာအကြောင်းစဉ်းစားလိုက်ရင် ‌ပြန်ပျောက်သွားလိမ့်မယ်။အပြင်ထုတ်ထားတဲ့ရေခဲသေတ္တာထဲကပစ္စည်းတွေကတော့ ရေခဲသေတ္တာပျောက်သွားတာနဲ့ပျောက်သွားမှာမဟုတ်ဘူး။အခု အနည်းဆုံးတော့ သူ့မှာပစ္စည်းအပြည့်ရှိတဲ့ရေခဲသေတ္တာကြီးရှိနေပြီ။

ဝမ်းသာအားရဖြစ်နေတဲ့ဝူကျန်းကရေခဲသေတ္တာကိုပြန်ဖျောက်လိုက်ပြီးနောက် ပင်မခန်းထဲဝင်လိုက်သည်နှင့် အမဝမ်းကွဲကခရိုင်ကိုပြန်သွားပြီဆိုတာသိလိုက်ရတယ်။အဖွားဝူကအသီးအရွက်တွေကောက်နေပြီး အဖိုးဝူကတော့ကြက်စာကျွေးဖို့ အသီးအရွက်တွေခုတ်နေတယ်။

"အဖိုး…အလုပ်အရှုပ်မခံနဲ့တော့ မနက်စာစားပြီးရင် ကျွန်တော်ကြက်စာကျွေးလိုက်မယ်"
ဝူကျန်းက မနေ့ကလုပ်ထားတဲ့ပြောင်းဖူးပန်ကိတ်ကိုဝါးရင်း အဖိုးဝူထံသို့လျောက်သွားကာ အလုပ်တာဝန်ယူဖို့အဆင်သင့်ဖြစ်နေပြီ။

"ရတယ်…အဖိုးကဒီအလုပ်တော့လုပ်နိုင်ပါသေးတယ်။နောက်မှသားကကြက်ခြံသန့်ရှင်းရေးလုပ်ပေးလေ။ရှေ့ရက်တွေမင်းဖျားနေတော့မိသားစုကလည်းမင်းကိုပြုစုဖို့အလုပ်ရှုပ်နေတာနဲ့ကြက်ခြံသန့်ရှင်းရေးမလုပ်ရတာရက်တော်တော်ကြာနေပြီ"
ပြောပြီးနောက်အဖိုးဝူက ကြက်စာအိုးကိုယူ၍ကြက်ကိုကျွေးလိုက်တယ်။

ဝူကျန်းက ထရပ်လိုက်ပြီး အဖိုးဝူနောက်ကနေကြက်ခြံထဲကိုလိုက်ဖို့ပြင်ပေမယ့် တံခါးခေါက်သံကြားတာကြောင့် တံခါးဖွင့်ဖို့ပြေးသွားလိုက်တယ်။
"အကိုဟုန်ချီ…မနက်စာစားပြီးပြီလား?အိမ်ထဲအရင်ဝင်အုံးလေ"

"အစောကစားလာခဲ့ပြီးပြီကျန်းဇီရေ…အကိုမဝင်တော့ဘူး။အကိုမှာပြေးစရာအိမ်တွေရှိသေးတယ်။နေ့လည်ကျရင် တပ်မဟာမှာအစည်းအဝေးရှိတယ်ဆိုတာလာအကြောင်းကြားတာ။အဖိုးကို နေ့လည်၂နာရီကျရင် တပ်မဟာဆီလာခဲ့ဖို့ပြောလိုက်နော်"

"ဘာအစည်းအဝေးလဲအကိုဟုန်ချီ။နှစ်ကူးလည်းနီးနေပြီကိုအစည်းအဝေးကလုပ်တုန်းလား?"

ဝူကျန်းကဟုန်ချီကို ပဟေဋိဖြစ်နေသလိုမျက်နှာထားနဲ့ကြည့်ပြီးနောက်ပြုံးလိုက်သည်။
"ကိစ္စကောင်းပါကွ ငါးဖမ်းဖို့ရေကန်ဖွင့်မယ့်အကြောင်းပြောကြမှာ။ကျန်တာတွေတော့ငါထပ်မပြောနိုင်သေးဘူးကွာ။တခြားအိမ်တွေကိုလည်းသွားအကြောင်းကြားရဦးမယ်ဟေ့"

ဟုန်ချီကပြောပြီးနောက် တခြားအိမ်တွေဘက်ကိုထွက်သွားတော့တယ်။

***************
Telegram မှာ အပိုင်း(၁၆)အထိရောက်နေပါပြီ


ေကာင္းကင္ႀကီး တျဖည္းျဖည္း ေမွာင္လာသည္ႏွင့္အမွ် ဝူက်န္းက ေဆးေၾကာဖို႔အတြက္လက္ထဲတြင္ေရေႏြးဇလုံကိုကိုင္ကာအခန္းဆီျပန္လာခဲ့သည္။ယေန႔ေခတ္ကာလတြင္လွ်ပ္စစ္မီးမရွိတာေၾကာင့္ ေဖ်ာ္ေျဖေရးအစီအစဥ္ေတြလည္းမရွိဘဲ ညဘက္တြင္မိသားစုတိုင္းကေစာေစာအနားယူေလ့ရွိတယ္။အမွတ္တရေတြျပည့္ေနသည့္ ဒီအခန္းကိုၾကည့္လိုက္သည္။ထိုအေၾကာင္းေျပာရရင္ ဝူက်န္းမိဘေတြအသက္ရွင္စဥ္ကဒီအခန္းထဲမွာေနခဲ့ၾကတာမို႔ အခန္းကမိဘေတြရဲ႕ေျခရာလက္ရာေတြျဖင့္ျပည့္ေနတယ္။ေျမသားကန္အျပင္ မွန္တင္ခုံ၊ပ႐ုတ္သစ္သားေသတၱာတစ္လုံး၊စားပြဲအေသးတစ္လုံးႏွင့္ ထိုင္ခုံတစ္လုံးလည္းရွိတယ္။ထိုပရိေဘာဂမ်ားသည္ ထိုအခ်ိန္ကအဖိုးနဲ႔ဦးေလးတို႔ကျပဳလုပ္ေပးသည့္ဝူက်န္းမိခင္၏ခန္းဝင္ပစၥည္းမ်ားျဖစ္တယ္။

အမွတ္တရေတြျပည့္ႏွက္ေနတဲ့ထိုအခန္းထဲမွာ ဝူက်န္းက သူဘယ္လိုလမ္းေၾကာင္းကိုသြားရမလဲဆိုတာစဥ္းစားေနခဲ့သည္။အဖိုးကဟင္းခ်က္ကြၽမ္းက်င္တာေၾကာင့္ လက္ရွိေတာ့ သင္ဖို႔စဥ္းစားထားတယ္။အသက္၁၈ႏွစ္ျပည့္ရင္ ေထာက္ပံ့ေၾကးေတြရပ္သြားမွာ။အဲ့ဒီအခ်ိန္က်ရင္ ဟင္းခ်က္ကြၽမ္းက်င္တာကိုအားကိုးၿပီး အစိုးရပိုင္စားေသာက္ဆိုင္ ဒါမွမဟုတ္ စက္႐ုံစားေသာက္ဆိုင္မွာ အလုပ္ရွာရမလား?

ဒါ့အျပင္ ဒီေန႔အိမ္မွာသိမ္းဆည္းထားတဲ့အစားအစာေတြကိုၾကည့္လိုက္ေတာ့ မိသားစုသုံးေယာက္စားဖို႔ေလာက္တယ္ဆို႐ုံေလးပင္။ဒါေပမယ့္ မိသားစုက အသား၊ဆီ၊အေစ့အဆန္နဲ႔အထည္ေတြျပတ္လတ္ေနတုန္းပဲ…ေျပာင္းေစ့မႈန႔္ကလြဲရင္က်န္တာေတြအကုန္လုံးခ်ိဳ႕တဲ့ေနတယ္။႐ြာထဲကလူေတြရဲ႕အေျခအေနထက္စာရင္ပိုေကာင္းတယ္ဆိုေပမယ့္ အဖိုးအဖြားေတြကအသက္ႀကီးေနၿပီမို႔ တစ္ေန႔ကိုအလုပ္မွတ္၃မွတ္ေလာက္ပဲရႏိုင္တယ္။အလုပ္မ်ားတဲ့စိုက္ပ်ိဳးေရးရာသီခ်ိန္ဆိုရင္ အ႐ြယ္ေရာက္ၿပီးသားေယာက္်ားေလးတစ္ေယာက္က တစ္ရက္ကို အမ်ားဆုံး အလုပ္မွတ္၇ေလာက္ထိလုပ္ႏိုင္တယ္။အမ်ားအားျဖင့္ေတာ့ ၅မွတ္ရၾကတယ္။အခုေခတ္မွာက မိသားစုရဲ႕အစားအစာအမ်ားစုကို ႐ြာတြင္ေငြနဲ႔အစားအေသာက္တံဆိပ္ေခါင္းေတြနဲ႔လဲလွယ္ၾကတယ္။ႏွစ္ႏွစ္အတြင္းမွာ သူက၁၈ႏွစ္ျပည့္ေတာ့မွာျဖစ္ၿပီးအဲ့ဒီအခ်ိန္ၾကရင္ေထာက္ပံ့ေၾကးလည္းမရေတာ့ဘူး။မိသားစုမွာကလည္းပိုက္ဆံကနဲနဲပဲက်န္ေတာ့တယ္။ကိစၥအႀကီးႀကီးလုပ္ဖို႔ဆိုတာကလည္း ဒီေခတ္ႀကီးမွာက ေငြရွာဖို႔နည္းလမ္းကေတာ္ေတာ္ေလးနည္းပါးတယ္။

အင္း…ဟင္းခ်က္တာကိုအရင္ေလ့လာၾကတာေပါ့။ၿပီးရင္ သူေတာင္ေပၚမွာ ခဏခဏကံေကာင္းႏိုင္မလားစမ္းၾကည့္ရမယ္။ဒီေန႔ယုန္တစ္ေကာင္၊မနက္ျဖန္ၾကက္တစ္ေကာင္သာေကာက္ရမယ္ဆိုရင္ ယုံခ်င္စရာမရွိေတာ့ဘူး။ဒီညစားခဲ့တဲ့အရသာရွိတဲ့ယုန္သားကိုေတြးၾကည့္ရင္းဝူက်န္းကတံေတြးနည္းနည္းၿမိဳခ်လိုက္ၿပီးစိတ္ပ်က္သြားသည္။စိတ္ထဲမွာေတာ့ အရင္ကစားဖူးတဲ့ အရသာမ်ိဳးစုံျဖစ္တဲ့ သိုးသားေၾကာ္၊အမဲသားကင္၊အာဟာရေပါင္းစုံစြပ္ျပဳတ္၊ထင္းရႉးေစ့အခြံမာသီးအစာသြပ္ငါး…အဲ့တာေတြေနာက္တစ္ေခါက္ထပ္စားႏိုင္ရင္ေကာင္းမွာပဲ။ဒီေခတ္မွာက သိုးသား၊အမဲသားနဲ႔ပင္လယ္စာမေျပာနဲ႔ ဝက္သားကေတာင္ေတာ္ေတာ္ေလးရွားလွတယ္။

ေန႔ဘက္စဥ္းစားသမွ်က ညဘက္အိပ္မက္မက္တတ္သည္ဟူသည့္ဆို႐ိုးစကားအတိုင္းပင္ ဝူက်န္းက အိပ္မက္ထဲတြင္ေမွာ္ဆန္သည့္ေနရာသို႔ေရာက္သြားတယ္။အျဖဴေရာင္အလင္းတန္းနဲ႔အတူ ရင္းႏွီးေနသည့္အရာျဖစ္တဲ့ သူျပန္ၿပီးမေမြးဖြားခင္အခ်ိန္တုန္းကအသုံးျပဳခဲ့တဲ့ေရခဲေသတၱာႀကီးကိုေတြ႕လိုက္ရတယ္။အဲ့ဒီအခ်ိန္တုန္းက သူကလူပ်ိဳႀကီးတစ္ေယာက္ျဖစ္ၿပီး သူ႔သူငယ္ခ်င္းေတြေမးတိုင္း တစ္ႏွစ္စာလုံးထည့္ထားလို႔ရေအာင္ဆိုၿပီးၿပဳံးၿပဳံးၿပဳံးၿပဳံးနဲ႔ျပန္ေျဖၿပီး ဒီလိုအႀကီးႀကီးဝယ္ခဲ့တာျဖစ္တယ္။တကယ္ေတာ့ ဒီေရခဲေသတၱာႀကီးမွာလည္းသမိုင္းေၾကာင္းရွိတယ္။ထိုအခ်ိန္တုန္းက လီေ႐ႊ႕ကဝူက်န္းလုပ္တဲ့အစားအေသာက္ေတြကိုအရမ္းႀကိဳက္တာေၾကာင့္ အခ်ိန္တိုင္းအစားအေသာက္ေတြယူဖို႔သူ႔အိမ္ကိုတစ္ေယာက္ေယာက္ကိုလႊတ္ေလ့ရွိတယ္။အဲ့ဒီအခ်ိန္ကိုျပန္သတိရမိ‌ေတာ့မွ သူက လီေ႐ႊ႕နဲ႔သူ႔မိသားစုအတြက္ သီးသန႔္ထမင္းခ်က္တစ္ေယာက္အျဖစ္သတ္မွတ္ခံခဲ့ရၿပီး သူကေတာ့ ကိုယ္ႀကိဳက္တဲ့သူရဲ႕အစာအိမ္ကိုပိုင္စိုးထားတဲ့သူဆိုၿပီးအေက်နပ္ႀကီး‌ေက်နပ္ေနခဲ့တာ။အခုစဥ္းစားၾကည့္လိုက္မွ…သူတကယ္ေဈးေပါခဲ့တာပဲ!သူတို႔မိသားစုႀကီးကိုအခ်ိန္မွန္ဟင္းခ်က္ပို႔ဖို႔အခ်ိန္ရဖို႔  သူ႔မွာေန႔တိုင္းဆိုင္ရဲ႕အရန္ဟင္းပြဲေတြကိုသာတာဝန္ယူေနခဲ့ရတယ္။

ထိုအေၾကာင္းပိုေတြးေလေလ သူမကိုပိုၿပီး႐ြံလာေလေလ။ဝူက်န္းကေခါင္းယမ္းလိုက္ၿပီးေနာက္ေရခဲေသတၱာဆီသြားကာ တံခါးဖြင့္လိုက္တယ္။ေရခဲေသတၱာ၏ဘယ္ဘက္ျခမ္းရွိအခဲကန႔္သည္185လီတာဆန႔္ၿပီး ညာဘက္ျခမ္းကေတာ့ 360လီတာဆန႔္သည္။ေရခဲေသတၱာရဲ႕ဘယ္ညာႏွစ္ဖက္လုံးက သူျပန္ၿပီးမေမြးဖြားခင္တုန္းကဝယ္ထားသည့္အတိုင္းပင္ အျပည့္ရွိေနတယ္။ေရခဲေသတၱာသည္တစ္ဖက္စီတိုင္းမွာ အေပၚကန႔္နဲ႔ေအာက္ကန႔္ဆိုၿပီးႏွစ္ထပ္ရွိသည္။အမဲသား၊ၾကက္ေကာင္လုံး၊ဝက္သား၊သိုးသား၊ပုဇြန္နီ၊ေရဘဝဲနဲ႔ဖက္ထုတ္ေတြက ေရခဲေသတၱာဘယ္ဘက္အေပၚကန႔္ရွိ အကန႔္၆ကန႔္ထဲတြင္ထည့္ထားတယ္။ေအာက္ကန႔္ထဲမွာ ဝက္သားျပား၊ခ်ိစ္နဲ႔ေထာပတ္တို႔ရွိသည္။ေရခဲေသတၱာ၏ညာဘက္အေပၚကန္႔၆ကန္႔တြင္ ၾကက္ဥအလုံး၂၀၊ကိတ္မုန႔္၁တုံး၊ဟင္းသီးဟင္း႐ြက္နဲ႔အသီးအႏွံေတြရွိတယ္။ေအာက္ကန႔္ထဲမွာေတာ့ အသုပ္ထဲမွာထည့္သုတ္တဲ့အမႈန႔္၊ခရမ္းခ်ဥ္ေဆာ့စ္၊ေရသန႔္၊ခ်ဥ္ဖတ္၊အေျခာက္အျခမ္း၊ဒိန္ခ်ဥ္ဗူးအႀကီးႀကီးနဲ႔ ဘီယာပုလင္းအနည္းငယ္ရွိသည္။

ပစၥည္းေတြအျပည့္အစုံကိုျမင္လိုက္ရသည့္အခါ ဝူက်န္းက ဒီအိမ္မွာ အဲ့ဒီပစၥည္းေတြကိုထားႏိုင္ရင္ေကာင္းမွာပဲဟုေတြးလိုက္မိတယ္။အေတြးေတြနဲ႔အတူ အိပ္ေပ်ာ္ေနတဲ့သူ႔မ်က္ႏွာေပၚမွာအၿပဳံးတစ္ခုပြင့္လာတယ္။

"ေအာက္…အီး အီး အြတ္…"
အျပင္မွၾကက္တြန္သံကထြက္လာၿပီး ဝူက်န္းက မေက်မနပ္ပြစိပြစိ႐ြတ္လိုက္ၿပီးေနာက္ တစ္ဖက္ျပန္လွည့္အိပ္သြားတယ္။အေႏြးအိပ္ယာက မေန႔ကရာသီဥတုလည္းပူေတာ့ သူ႔မွာညလယ္ေလာက္ႀကီးအဝတ္ထခြၽတ္ရေသးတယ္။နာရီဝက္အၾကာမွာ မီးဖိုေခ်ာင္ထဲကအသီးအ႐ြက္ခုတ္ထစ္သံေတြၾကားေတာ့ ဝူက်န္းထရေတာ့မယ္။သူ႔အဖိုးနဲ႔အဖြားကအသက္ႀကီးေနၿပီလို႔ အလုပ္ေတြအမ်ားႀကီးမလုပ္ေစခ်င္ေတာ့ဘူး။

အဝတ္အစားကိုတစ္ဖက္ကကိုင္ၿပီး ေစာင္ကိုေနာက္တစ္ဖက္နဲ႔ေျမႇာက္လိုက္တယ္။မ်က္လုံးမွိတ္ရင္းထထိုင္လိုက္ၿပီးလွည့္လိုက္ေတာ့ နံရံလိုတစ္ခုခုကိုတိုက္မိသြားတယ္။အထိအေတြ႕ကေအးတယ္။ဝူက်န္းသူ႔မ်က္လုံးဖြင့္ၾကည့္လိုက္ေတာ့ သူရဲ႕ေရခဲေသတၱာႀကီးျဖစ္ေနတာကိုေတြ႕လိုက္ရတယ္။ငါမႏိုးေသးတာလား?ေနာက္တစ္ေခါက္မ်က္လုံးမွိတ္ၿပီးျပန္ဖြင့္ၾကည့္လိုက္လည္း ေရခဲေသတၱာကရွိေနတုန္းပဲ။အခုေတာ့ ဝူက်န္းက ဒီကိစၥကနည္းနည္းရႈပ္ေထြးေနတယ္လို႔ခံစားလိုက္ရတယ္။

"က်န္းဇီ…ႏိုးၿပီလား?မနက္စာအဆင္သင့္ျဖစ္ၿပီေနာ္ ထၿပီးအတူတူစားၾကမလား?ငါခ႐ိုင္ျပန္ၿပီးအလုပ္ျပန္လုပ္ရဦးမယ္"
အမဝမ္းကြဲျဖစ္သူ ကတံခါးေခါက္ၿပီးစကားဆိုတယ္။

"ထၿပီဗ်ိဳ႕…ထၿပီ။ကြၽန္ေတာ္ေနာက္မွစားေတာ့မယ္…အရင္စားၿပီးအလုပ္သြားႏွင့္လိုက္ေနာ္"
ဝူက်န္းကအဝတ္ကမန္းကတန္းဝတ္ကာ အေႏြးအိပ္ယာအစြန္ကေနဆင္းလိုက္တယ္။ေသရမွာထက္စာရင္ အမဝမ္းကြဲဝင္လာၿပီး ဒီသံတုံးႀကီးကိုေတြ႕သြားမွာ ပိုေၾကာက္ရတယ္။

တံခါးနားက အေဒၚဝူက ခဏေလာက္စဥ္းစားၿပီးေနာက္ ပင္မခန္းထဲကိုအရင္ျပန္သြားေတာ့တယ္။

ေရခဲေသတၱာကိုထိလိုက္ၿပီးေနာက္ ဝူက်န္းက ေရခဲေသတၱာကဘာလို႔ဒီမွာရွိေနရတာလဲ?မေန႔ကအိပ္မက္မဟုတ္ဘူးလား?ေရခဲေသတၱာကိုဖြင့္လိုက္တာနဲ႔ျမင္ရတဲ့ပစၥည္းေတြက မေန႔ကအိပ္မက္ထဲမွာျမင္ခဲ့ရတဲ့ပစၥည္းေတြနဲ႔အတူတူပဲ။ေရခဲေသတၱာကေအးေနေသးတယ္။
"မဟုတ္ဘူး…ဒီနားမွာဝိုင္ယာႀကိဳးလည္းမေတြ႕ဘူး…ေရခဲေသတၱာကဘယ္လိုအလုပ္လုပ္တာလဲ?"
ေရခဲေသတၱာေဘးမွာရပ္ေနရင္း ကြန္ပရက္ဆာအလုပ္လုပ္တဲ့အသံကိုသူၾကားေနရတယ္။ဝူက်န္းကလက္ဆန႔္ကာ အထဲမွစပ်စ္သီးတစ္စည္းကိုဆြဲထုတ္ၿပီးတစ္လုံးခူးကာပါးစပ္ထဲပစ္ထည့္လိုက္တယ္။ခ်ိဳၿပီးေအးတယ္…ၿပီးေတာ့တကယ္စားလို႔ရတယ္!ထို႔ေနာက္ တျခားပစၥည္းေတြကိုလည္း စစ္ေဆးလိုက္ၿပီးေနာက္ အကုန္လုံးကအစစ္ေတြဆိုတာေတြ႕လိုက္ရတယ္။အခု ဝူက်န္းကစိတ္ဆင္းရဲသလို ဝမ္းလည္းဝမ္းသာေနတယ္။ဒီထဲမွာပစၥည္းေတြအမ်ားႀကီးရွိၿပီးအခ်ိန္အၾကာႀကီးစားလို႔ရလို႔ဝမ္းသာေနတယ္။စိတ္ဆင္းရဲတယ္ဆိုတာက ဒီေလာက္ႀကီးတဲ့သံတုံးႀကီးဒီမွာရွိေနတာက လြယ္လြယ္နဲ႔ေဖာ္ထုတ္ခံရလိမ့္မယ္!

အခန္းတဝိုက္ ေလွ်ာက္သြားရင္း ဘာလုပ္ရမလဲစဥ္းစားရင္းက ေရခဲေသတၱာက ႐ုတ္တရက္ေပ်ာက္သြားတယ္။ဝူက်န္းကသူ႔ရဲ႕အသားေတြေပ်ာက္သြားလို႔ထိတ္လန႔္သြားတယ္။ေနာက္တစ္ခါသူေရခဲေသတၱာအေၾကာင္းျပန္ေတြးလိုက္ေတာ့ ေရခဲေသတၱာက႐ုတ္တရက္ျပန္ေပၚလာတယ္။အခုေတာ့ဝူက်န္းနားလည္သြားၿပီ။စမ္းသပ္ရင္းစမ္းသပ္ရင္းနဲ႔ ၇၀ခုႏွစ္၏ေနာက္ပိုင္း ၁၀ႏွစ္အေက်ာ္မွသာရရွိႏိုင္တဲ့အဆင့္ျမင့္နည္းပညာသုံး ေရခဲေသတၱာတစ္ခုက ဒီ႐ိုးရွင္းတဲ့အိမ္ေလးထဲမွာေပၚလိုက္ေပ်ာက္လိုက္ျဖစ္ေနတယ္။

စပ်စ္သီးထုပ္ပိုက္ထားတဲ့ဝူက်န္းက အႀကိမ္နည္းနည္းထပ္ႀကိဳးစားၿပီးေနာက္မွာ ေရခဲေသတၱာကိုဘယ္လိုေပၚေအာင္ ေပ်ာက္ေအာင္လုပ္ရမလဲဆိုတာေတြ႕သြားၿပီ။စိတ္ထဲမွာေရခဲေသတၱာ‌ပုံစံကိုေတြးေနၿပီး "ေရခဲေသတၱာ"ဆိုၿပီးသုံးႀကိမ္တိုးတိုးေလး႐ြတ္လိုက္ရင္ ေပၚလာလိမ့္မယ္။အျပန္အလွန္အားျဖင့္ သုံးႀကိမ္ေျပာၿပီး ေရခဲေသတၱာအေၾကာင္းစဥ္းစားလိုက္ရင္ ‌ျပန္ေပ်ာက္သြားလိမ့္မယ္။အျပင္ထုတ္ထားတဲ့ေရခဲေသတၱာထဲကပစၥည္းေတြကေတာ့ ေရခဲေသတၱာေပ်ာက္သြားတာနဲ႔ေပ်ာက္သြားမွာမဟုတ္ဘူး။အခု အနည္းဆုံးေတာ့ သူ႔မွာပစၥည္းအျပည့္ရွိတဲ့ေရခဲေသတၱာႀကီးရွိေနၿပီ။

ဝမ္းသာအားရျဖစ္ေနတဲ့ဝူက်န္းကေရခဲေသတၱာကိုျပန္ေဖ်ာက္လိုက္ၿပီးေနာက္ ပင္မခန္းထဲဝင္လိုက္သည္ႏွင့္ အမဝမ္းကြဲကခ႐ိုင္ကိုျပန္သြားၿပီဆိုတာသိလိုက္ရတယ္။အဖြားဝူကအသီးအ႐ြက္ေတြေကာက္ေနၿပီး အဖိုးဝူကေတာ့ၾကက္စာေကြၽးဖို႔ အသီးအ႐ြက္ေတြခုတ္ေနတယ္။

"အဖိုး…အလုပ္အရႈပ္မခံနဲ႔ေတာ့ မနက္စာစားၿပီးရင္ ကြၽန္ေတာ္ၾကက္စာေကြၽးလိုက္မယ္"
ဝူက်န္းက မေန႔ကလုပ္ထားတဲ့ေျပာင္းဖူးပန္ကိတ္ကိုဝါးရင္း အဖိုးဝူထံသို႔ေလ်ာက္သြားကာ အလုပ္တာဝန္ယူဖို႔အဆင္သင့္ျဖစ္ေနၿပီ။

"ရတယ္…အဖိုးကဒီအလုပ္ေတာ့လုပ္ႏိုင္ပါေသးတယ္။ေနာက္မွသားကၾကက္ၿခံသန႔္ရွင္းေရးလုပ္ေပးေလ။ေရွ႕ရက္ေတြမင္းဖ်ားေနေတာ့မိသားစုကလည္းမင္းကိုျပဳစုဖို႔အလုပ္ရႈပ္ေနတာနဲ႔ၾကက္ၿခံသန႔္ရွင္းေရးမလုပ္ရတာရက္ေတာ္ေတာ္ၾကာေနၿပီ"
ေျပာၿပီးေနာက္အဖိုးဝူက ၾကက္စာအိုးကိုယူ၍ၾကက္ကိုေကြၽးလိုက္တယ္။

ဝူက်န္းက ထရပ္လိုက္ၿပီး အဖိုးဝူေနာက္ကေနၾကက္ၿခံထဲကိုလိုက္ဖို႔ျပင္ေပမယ့္ တံခါးေခါက္သံၾကားတာေၾကာင့္ တံခါးဖြင့္ဖို႔ေျပးသြားလိုက္တယ္။
"အကိုဟုန္ခ်ီ…မနက္စာစားၿပီးၿပီလား?အိမ္ထဲအရင္ဝင္အုံးေလ"

"အေစာကစားလာခဲ့ၿပီးၿပီက်န္းဇီေရ…အကိုမဝင္ေတာ့ဘူး။အကိုမွာေျပးစရာအိမ္ေတြရွိေသးတယ္။ေန႔လည္က်ရင္ တပ္မဟာမွာအစည္းအေဝးရွိတယ္ဆိုတာလာအေၾကာင္းၾကားတာ။အဖိုးကို ေန႔လည္၂နာရီက်ရင္ တပ္မဟာဆီလာခဲ့ဖို႔ေျပာလိုက္ေနာ္"

"ဘာအစည္းအေဝးလဲအကိုဟုန္ခ်ီ။ႏွစ္ကူးလည္းနီးေနၿပီကိုအစည္းအေဝးကလုပ္တုန္းလား?"

ဝူက်န္းကဟုန္ခ်ီကို ပေဟဋိျဖစ္ေနသလိုမ်က္ႏွာထားနဲ႔ၾကည့္ၿပီးေနာက္ၿပဳံးလိုက္သည္။
"ကိစၥေကာင္းပါကြ ငါးဖမ္းဖို႔ေရကန္ဖြင့္မယ့္အေၾကာင္းေျပာၾကမွာ။က်န္တာေတြေတာ့ငါထပ္မေျပာႏိုင္ေသးဘူးကြာ။တျခားအိမ္ေတြကိုလည္းသြားအေၾကာင္းၾကားရဦးမယ္ေဟ့"

ဟုန္ခ်ီကေျပာၿပီးေနာက္ တျခားအိမ္ေတြဘက္ကိုထြက္သြားေတာ့တယ္။

***************
Telegram မွာ အပိုင္း(၁၆)အထိေရာက္ေနပါၿပီ


You are reading the story above: TeenFic.Net