အခန်း ၅။ တစ်ကမ္ဘာလုံးတိတ်ဆိတ်သွားသလို

Background color
Font
Font size
Line height

အခန်း ၅။ တစ်ကမ္ဘာလုံးတိတ်ဆိတ်သွားသလို

ကျန်းရှန်၏အသံကို ကြားပြီးနောက် ကျောက်ယွမ်မှာ စိတ်ရှုပ်ထွေးစွာနှင့်ကြည့်လိုက်မိသည်။ *သူမက ဘယ်သူလဲ။ သူမကြည့်ရတာ သူ့ကို တော်တော်မုန်းနေသလိုပဲ။*

*သူမကိုများ မကျေနပ်အောင် လုပ်ခဲ့ဖူးလို့လား။ *

ကျောက်ယွမ်တစ်ယောက် စိတ်ရှုပ်ထွေးနေဆဲပင် ကျန်လူနှစ်ယောက်မှာ ကျောက်ယွမ်က ကျန်းရှန်၏ စကားကိုကြားပြီး ပြန်မပြောနိုင်အောင် ဖြစ်သွားသည်ဟုထင်သွားသည်။ သူတို့ကလည်း အမြန်ပင် စကားလုံးများနှင့်တိုက်ခိုက်ကြလေတော့သည်။

" ကျောက်ယွမ် ခေါင်းမမာစမ်းပါနဲ့ကွာ။ ငါတို့က မင်းကောင်းဖို့ပြောနေတာ"

"အဲ့တာက သန့်ရှင်းရေးလုပ်ပေးရုံပဲလေကွာ။ ဘာရှက်စရာရှိလို့တုန်း။ ငါတို့က မင်းကောင်းဖို့ပြောနေမှန်း အနာဂတ်မှာ မင်းသိလာမှာပါကွာ"

"မင်းဘာလို့ ခေါင်းမာနေရတာလဲဆိုတာကို ငါစဉ်းစားလို့တောင်မရဘူး။ ထာဝရရှင်သန်ခြင်းကို လိုချင်နေတယ်ဆိုပြီးတော့ အဲ့အတွက် မင်းက သန့်ရှင်းရေးလေးတောင် မလုပ်နိုင်ဘူးလား။ မင်းက ဂိုဏ်းကနေ အထုတ်ခံချင်တာလား"

"အိမ်ကို သန့်ရှင်းရေးလုပ်မပေးနိုင်‌ဘဲ။ မင်းက ဘယ်လိုလုပ် တာဝန်ကြီးတာတွေ လုပ်လာနိုင်မလဲ"

"အနာခံမှအသာစံရမှာကွ"

"ဟုတ်တယ် မင်းသိချင်မှသိမှာ။ အင်မော်တယ်တွေက စိတ်ဝိညာဉ်ချီကို အချိန်ကြာအောင် မစုပ်ယူနိုင်ဘူးဆိုရင် သူတို့ရဲ့ ကျင့်ကြံဆင့်ကပြန်ကျသွားမှာပြီး သေမျိုးပြန်ဖြစ်သွားမှာကွ"

"ဟုတ်တယ် စိတ်ဝိညာဉ် စမ်းချောင်းတွေ တောင်တွေရှိတဲ့ အင်အားစုကြီးတွေဘာလို့ ဖျက်ဆီးခံလိုက်ရလဲဆိုတာသိလား။ အဲ့စိတ်ဝိညာဉ်စမ်းချောင်းတွေ ခမ်းခြောက်လာလို့ကွ။ အဲ့တာနဲ့ပဲ သူတို့ စွမ်းအားတွေကျလာပြီး ဖျက်ဆီးခံလိုက်ရတာ"

"မင်းက သာမန်လူပြန်ဖြစ်သွားချင်လို့လား။ မင်းကြိုးစားမှုတွေ အကုန်လုံးကို မြောင်းထဲရောက်သွားစေချင်လို့လား"

ကျောက်ယွမ်ကတော့ တိတ်ဆိတ်မြဲပင်။ သူဝင်ပြောချင်တောင် သူတို့က စကားကို ဆက်တိုက်ပြော‌နေကြ၍ ဝင်ပြောလို့မရချေ။

သူ့ကိုဆက်တိုက် ဝိုင်းပြော‌နေကြသည့် လူတွေကိုကြည့်ပြီး သံသယတောင်ဝင်သွားမိသည်။

*ငါများ ချင်ရှုပြောတာလက်မခံမိတာ မှားများမှားပြီလား*

ထိုအကြောင်းကို စဉ်းစားမိပြီးတဲ့နောက်မှာတော့ သူသည် ခေါင်းကိုအလျင်အမြန်ခါလိုက်ပြီး ပြုံလိုက်မိသည်။ ထိုသို့သောအရာသည် သူနှင့် လားလားမှမဆိုင်ချေ။ မျှော်လင့်ထားသလိုပင် များစွာသော အလိမ်အညာစကားများသည် အတု‌အယောင် အမှန်တရားတစ်ခုကိုဖြစ်ပေါ်စေသည်။

သူကတော့ သူ့ကိုဆွဲဆောင်နေကြသည့် လူမိားကို မထူးခြားနားကြည့်နေလေသည်။

*ဘာတုန်းဟ သူတို့က ခုမှ ကျင့်ကြံခြင်းအကြောင်းနည်းနည်းပဲသိသေးတာကို ပါးစပ်ကနေ ပြောလို့မပြီးနိုင်ဘူး။ ပြီးရင် သူက သူတို့နဲ့လည်း ဆက်ဆံရေးကောင်းလည်းမရှိဘဲနဲ့။ သူတို့ ဒီနေ့မှ ဘာလို့ ဒီလောက်တက်ကြွနေကြတာပါလိမ့်။*

"ငါ ကျင့်ကြံရတာအဆင်ပြေပါတယ်။ မင်းတို့ စိတ်မပူပါနဲ့"

ကျောက်ယွမ်က သူတို့ပြောနေသည်ကို ကြားဖြတ်ပြောလိုက်လေသည်။

"မင်းအတွက်စိုးမရိမ်နဲ့ဆိုတာ ဘာကိုပြောတာလဲ။ မင်းတကယ်ပဲ..."

ထိုအချိန်မှာ၌ လူအုပ်ထဲကနေ လူတစ်ယောက်ထွက်လာလေသည်။ သူသည် အုပ်စုထဲက ဒုတိယအသန်မာဆုံးလူဖြစ်ပြီး သူ့နာမည်ကတော့ ဂျိဟာဖြစ်လေသည်။ သူသည် ချီကျင့်ကြံခြင်းအဆင့်ငါးတွင်ရှိသူဖြစ်သည်။

ချင်ရှ့နှင့် သူ့ကြားရှိ စွမ်းအားမှာ ကွာခြားသော်လည်း တစ်ခြားအပြင်စည်းတပည့်များထက်တော့ သာလွန်နေသေးသည်။

သူသည် ကျောက်ယွမ်၏ အပြုအမူကိုတွေ့ပြီးနောက် ရှေ့ထွက်လာပြီး သူ့ကိုလှောင်ပြောင်ဖို့လုပ်တော့သည်။

*သူက ချီကျင့်ကြံခြင်း အဆင့်နှစ်ကိုတောင် မချိုးဖောက်နိုင်သေးတာကို ဘာတွေ ခေါင်းမာနေတာလဲ*

*သန့်ရှင်းရေးလုပ်ရုံပဲလေ ဘာတွေစဉ်းစားနေစရာလိုလို့လဲ။ ချီကျင့်ကြံခြင်း အဆင့်တစ်ကသူက ချီကျင့်ကြံခြင်း ပြီးပြည့်စုံခြင်းအဆင့်က လူအတွက် အလုပ်လုပ်ပေးတာ ဖြစ်သင့်တာပဲကို*

ဂျိဟာက သူမှန်တယ်ဆိုပြီး တွေးနေလေ၏။ သူသည် ကျောက်ယွမ်ဆီကို သွားရင်း စိတ်ထဲတွင် ဝေဖန်လျက်ရှိ၏။

သူသည် ကျောက်ယွမ်အား အပြင်ကို ဆွဲခေါ်လာရန် လုပ်နေခိုက်..

"ဘုန်း..."

ကျောက်ယွမ်၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး စိတ်ဝိညာဉ်ချီများ ထွက်ပေါ်လာလေသည်။

လေတိုးသံများကိုပင် ကြားနေရလေသည်။ ကျောက်ယွမ်ဘေးသို့ ရောက်သွားသော ဂျိဟာမှာမူ ချက်ချင်းပင် လေပေါ်သို့ လွင့်စင်သွားလေ၏။ မီတာနှစ်ဆယ် သုံးဆယ်လောက် လွင့်စင်ပြီးမှ ရပ်တန့်သွားလေ၏။

ချင်ရှမှလွဲ၍ ကျန်သုံးယောက်မှာလည်း  ထို‌အရာကို ခံစားလိုက်ကြရပြီး လွင့်စင်မသွားအောင် အစွမ်းကုန်ကြိုးစားနေကြရ၏။

"ဘယ်လိုဖြစ်နိုင်မှာလဲ"

သူတို့၏ ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်ပြီး‌နောက် သူတို့သည် အံသြတကြီး မျက်လုံး‌တွေပြူးကုန်ကြသည်။

လူတိုင်းက အံအားသင့်နေကြ၏။ *ဂျိဟာက အဆင့်ငါးကို ရောက်နေပြီးသားကို ဘယ်လိုလုပ်ကျောက်ယွမ်က တွန်းထုတ်နိုင်သွားတာလဲ။*

*သူတို့ကြားမှာ အဆင့်လေးခုတောင်ခြားနေတာလေ။*

ကျင့်ကြံခြင်းလမ်းကြောင်းသည် အဆင့်ပိုမြင့်မားလာလေလေ ခက်ခဲလေလေပဲဖြစ်၏။ ပုံမှန်‌ဆို ကျောက်ယွမ်က အားကုန်သုံးပြီး ရိုက်လိုက်ရင်တောင် ဂျိဟာအနေနှင့် ဘာမှဖြစ်လိမ့်မည်မဟုတ်ပေ။ အလွန်ဆုံး ယားယံရုံလောက်ပင် ခံစားရပေလိမ့်မည်။ မီတာနှစ်ဆယ်‌ လောက်လွင့်သွားဖို့ ဆိုမထားနှင့် နာကျင်သွားစေဖို့ပင်မဖြစ်နိုင်ပေ။ အကုန်လုံးထိတ်လန့်သွားကြသည်။

ချီကျင့်ကြံခြင်း အဆင့်တစ်ကလူက အဆင့်ငါးကလူကို တွန်းထုတ်လိုက်သည်။ သူတို့ စိတ်ကူးယဉ်နေတာလား။ ကမ္ဘာကြီးကပဲ ပြောင်းလဲသွားတာလား။ ဂျိဟာလည်း အံအားသင့်သွားသည်။

မူလက သူ့အနေနှင့် သူ့ထက်အားပိုကောင်းသည့် စိတ်ဝိညာဉ်ချီများကို ကျောက်ယွမ်၏ခန္ဓာကိုယ်ကနေ ခံစားလိုက်ရသည်။

* ကျောက်ယွမ်က အနည်းဆုံး အဆင့်ငါးမှာပဲ။*

မယုံကြည်နိုင်မှုများ သူ့မျက်နှာ၌ ပေါ်လာလေသည်။

"အဲ့တာက မဖြစ်နိုင်လိုက်တာ"

သူပြန်ထလိုက်ပြီးနောက် ပတ်ဝန်းကျင်က စိတ်ဝိညာဉ်ချီများကို အာရုံခံလိုက်လေသည်။ ကျောက်ယွမ်ထုတ်လွှတ်လိုက်သည့် စိတ်ဝိညာဉ်ချီကိုကြည့်ချင်းအားဖြင့် ကျောက်ယွမ်က သူ့ထက်ပင် ပိုသန်မာနေသည်။ ထိုအရာက ဂျိဟာကို ပိုအံ့အားသင့်သွားစေသည်။

* နှစ်လထဲနဲ့ ကျောက်ယွမ်က အဆင့်ငါးကိုရောက်လာတာလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ*

"မင်းက ချီကျင့်ကြံခြင်း အဆင့်ငါးမှာလား"

ဂျိဟာက ကျောက်ယွမ်ကို မေးလိုက်လေသည်။

ဂျိဟာ၏စကားကို ကြားပြီးနောက် လူတိုင်းက ခေါင်းခါလိုက်လေသည်။ ဤသည်မှာ လုံးဝမဖြစ်နိုင်ပေ။ အကယ်၍ကျောက်ယွမ်သာ အဆင်ငါးကိုရောက်နေမည်ဆိုပါက သူက အကဲဖြတ်မှုအတွက် စိုးရိမ်နေဦးမည်လား။ သူတို့အနေနှင့် စရောက်တုန်းက ကျောက်ယွမ်၏ မျက်နှာထက်က စိုးရိမ်မှုတွေကို မြင်ခဲ့ရသည်မဟုတ်ပါလော။

ထို့အပြင် သူတို့သည် မကြာသေခင်ကမှ ကျောက်ယွမ်နှင့် တွေခဲ့ရသေး

သည်။ ထိုအချိန်က သူသည် လုံးဝကို ချီကျင့်ကြံခြင်း အဆင့်တစ်မှာသာ ရှိနေသေးသည်။ သူတို့အနေနှင့် မမှားယွင်းနိုင်ချေ။

ဂျိဟာ အာရုံမစိုက်နေတုန်း ကျောက်ယွမ်က တွန်းထုတ်လိုက်တာပဲဖြစ်ရပေမည်။ ကျောက်ယွမ်အနေနှင့် အဆင့်ငါးကိုရောက်နေသည်မှာ မဖြစ်နိုင်ချေ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ မယုံနိုင်သေးချေ။ အကုန်လုံးက အမြင်မှားတာပဲဖြစ်နိုင်သည်။

ချင်ရှုကတော့ ဘာမှမပြောပေ။ ထိုအခိုက် သူလည်း အံအားသင့်နေရသည်။ ကျောက်ယွမ်က အဆင့်ငါးကိုရောက်နေသည်ထက် သူ့ကို ထိတ်လန့်နေ‌စေသည့်အရာရှိသေးသည်။

စိတ်ဝိညာဉ်ချီထုတ်လွှတ်မှု...

ယင်းမှာ အခြေခံတည်ထောင်ခြင်းအဆင့်မှာသာ ရရှိနိုင်သောအစွမ်းဖြစ်သည်။ ယခုမူ ဂျိဟာသည် ကျောက်ယွမ်၏ စိတ်ဝိညာဉ်ချီများနှင့် တွန်းထုတ်ခံလိုက်ရသည်ကို ‌သူ ရှင်းရှင်းလင်းလင်းမြင်လိုက်ရသည်။ မဟုတ်ပါက ဂျိသာ‌အနေနှင့် အမှုမဲ့အမှတ်မဲ့နေမည်ဆိုလျှင်ပင် အဆင့်တူချင်း၌ ထိုမျှလောက်လွင့်စင့်သွားနိုင်မည်မဟုတ်ပေ။

* ပြသာနာက ကျောက်ယွမ်က အဆင့်ငါးမှာပဲရှိသေးတယ်။ သူက ဘယ်လိုလုပ် ချီတွေကို ထုတ်လွှတ်နိုင်ရတာလဲ။*
ချင်ရှုလည်း မတွေးနိုင်တော့ပေ။

ကျန်းရှန်ကတော့ ကျောက်ယွမ်ကို ထိတ်လန့်တကြားကြည့်ရင်း သူမမျက်လုံးထဲ၌ အပြစ်ရှိသလိုခံစားနေရကြောင်း‌ ပြနေသည်။ အုပ်စုထဲက တစ်ယောက်ထဲသော မိန်းကလေးကျင့်ကြံသူဖြစ်သည့်အနေဖြင့် သူမက ကျာက်ယွမ်တစ်ယောက် အဆင့်ငါးကို ရောက်နေပြီဆိုတာကို ယုံကြည်လေသည်။

သူမသည် ကျောက်ယွမ်က ထိုမျှသန်မာလိမ့်မည်ဟု မျှော်လင့်မထားမိချေ။
သူသည် သူ့အစွမ်းများကို သိုဝှက်ထားခဲ့သည်။

သူမမှ ကျောက်ယွမ်ကို ပြောဆိုခဲ့ကြောင်းကို ပြန်တွေးလိုက်မိသည်အြခါ အပြစ်ရှိသလိုခံစားလိုက်ရပြီး သူမကိုယ်သူမ ဒေါသထွက်လာတော့သည်။

ကျောက်ယွမ်အနေနှင့် တစ်ယောက်တည်း ဤနေရာ၌ ကျင့်ကြံနေသည်မှာ ဘာပြသာနာမှမရှိပေ။ သူတို့ကသာ ဇွတ်ဝင်လာပြီး ချင်ရှုအတွက် သန့်ရှင်းရေးလုပ်ခိုင်းနေခြင်းဖြစ်ပေသည်။ သူတို့ကမှ ကျောက်ယွမ်ကို အရှက်ခွဲလှောင်ပြောင်နေခဲ့ကြသည်။

ကျောက်ယွမ်ကမူ သူတို့အား အဖက်မလုပ်သည်ကို ယခုမှ နားလည်သွားလေပြီ။ ကျန်းရှန်သည် ကျောက်ယွမ်ကို ထပ်ကြည့်လိုက်မိသည်။ ထိုအခါမှ ကျောက်ယွမ်က မပြောင်းလဲဘဲ အရင်အတိုင်း ဆွဲဆောင်မှုရှိနေသေးကြောင်း တွေ့လိုက်ရသည်။ ပြောင်းလဲသွားသည်မှာ သူတို့သာဖြစ်သည်။ သူတို့ကသာ စိတ်ကြီးဝင်နေခဲ့ကြခြင်းဖြစ်သည်။

တစ်ခြား‌တစ်ယောက်ကလည်း "မဖြစ်နိုင်ဘူး" ဆိုပြီး ဆက်တိုက်ရေရွတ်နေလေသည်။

သူသည် မယုံနိုင်ချေ။ *ဂိုဏ်းထဲက အပြင်စည်းတပည့်တွေထဲက အောက်ဆုံးမှာရှိနေတဲ့ ကျောက်ယွမ်မှာ အခုကျ ချီကျင့်ကြံခြင်း အဆင့်ငါးမှာတဲ့လား*

သူပင်လျှင် အဆင့်လေးတွင်သာရှိနေသေးသည်။ ကျော်တက်ခံလိုက်ရသည်ကို သူမကျေနပ်နိုင်ပေ။ *ဒါမှားနေတာပဲဖြစ်ရမယ်*

ခဏကြာပြီးမှ သူသညာ ထိတ်လန့်နေရာကနေ ပုံမှန်ပြန်ဖြစ်သွားလေသည်။ သို့သော်လည်း ကျောက်ယွမ်မှာ အဆင့်ငါးက စွမ်းအားရှိနေခြင်းကို မယုံနိုင်သေးပေ။ သူ့မျက်လုံးများက ကျောက်ယွမ်ကိုသာ စိုက်ကြည့်နေလေသည်။

"ငါ ချီကျင့်ကြံခြင်း အဆင့်ငါးကိုရောက်နေပြီ။"

ထိုအချိန်မှ ကျောက်ယွမ်က ဖြည်းဖြည်းချင်း ပြောလိုက်‌တော့သည်။ သူ့အနားမှာရှိငည့် စိတ်ဝိညာဉ်ချီများမှာ လှည့်ပတ်လာပြီး အဆင့်ငါးတစ်‌ယောက်၏ စွမ်းအားများ ထွက်ပေါ်လာတော့သည်။ ထိုအခိုက်အတန့် ကမ္ဘာကြီးတစ်ခုလုံးရပ်တန့်သွားသည့်အလားပင်။


You are reading the story above: TeenFic.Net