အခန်း ၄။ မိန်းကလေးတပည့်တစ်ယောက်ကို စိတ်ဆိုးစေမိခြင်း

Background color
Font
Font size
Line height

အခန်း ၄။ မိန်းကလေးတပည့်တစ်ယောက်ကို စိတ်ဆိုးစေမိခြင်း

ကျောက်ယွမ်၏ မေးခွန်းကိုကြားပြီးတဲ့နောက် သူတို့မျက်နှာပေါ်၌ လှောင်ပြောင်လိုသည့် အမူအရာများ ထွက်ပေါ်လာလေသည်။ သူတို့သည် သူ့အားဖြေရန်ပင် ပျင်းရိနေသည်။

သူတို့အကုန်လုံးမှာ အဆင့်လေး မဟုတ်လျှင် အဆင့်ငါး ချီကျင့်ကြံခြင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြပေသည်။ သူတို့အတွက်တော့ အကဲဖြတ်မှုမှာ စိတ်ပူစရာကိစ္စကြီးမဟုတ်ပေ။

ကျောက်ယွမ်အတွက်မူ သူသည် မတိုးတက်သည်မှာ တစ်နှစ်လောက်ပင်ရှိနေပြီဖြစ်သည်။ သူသည် ဂိုဏ်းထဲမှ နှင်ထုတ်ပယ်ခံရဖို့ သတ်မှတ်ခံရပြီးသားကဲ့သို့ဖြစ်နေလေသည်။

သူတို့သည် အခြေအ‌နေမတူကြသောကြောင့် ကျောက်ယွမ်၏မေးခွန်းကို မဖြေချင်ကြသည်မှာ သဘာဝပင်ဖြစ်သည်။ ချင်ရှုက သူ့လူများ၏ အမူအရာကိုတွေ့ပြီး အတော်ပင်ကျေနပ်သွားသည်။

ယခင်က ကျောက်ယွမ်သည် သူ့၏ချောမောသည့် မျက်နှာနှင့် ထူခြားသည့် အသွင်အပြင် အမူအရာ‌ကြောင့် အတန်းထဲရှိ မိန်းကလေးတပည့်တော်တော်များများကို ဆွဲဆောင်နိုင်ခဲ့လေသည်။ ထို့အပြင် သူတို့အသုတ်ထဲတွင်လည်း သူသည် အကြိုးစားဆုံးသူ‌ဖြစ်လေသည်။

ထိုအချိန်က ဆရာတော်တော်များများကပင် သူ့အား ချီးကျူးခဲ့ကြသည်။ ထို့ကြောင့်ပင် သူသည် ကျောက်ယွမ်၏အရိပ်အောင်တွင်ဘရှိနေခဲ့ရသည်။ ထိုအကြောင်းကို ပြန်တွေးမိလိုက်တိုင်းဘမနာလိုစိတ်များ ချင်ရှုဆီ၌ ပေါ်ထွက်လာလေသည်။

ယခုမူ ကျောက်ယွမ်သည် အကဲဖြတ်မှုအတွက် စိုးရိမ်နေရသည်ကို မြင်လိုက်ရသည့်အခါ သူ့စိတ်ထဲ‌တွင် အတော်လေး ကျေနပ်ဝမ်းသာသွားသည်။

သူ့ရင်ထဲမှ ပျော်ရွှင်မှုများကို သိုဝှက်မထားနိုင်တော့ချေ။ အခြားသူများကလည်း ကျောက်ယွမ်ကို အလေးထားဆက်ဆံရန်ဆိုသည်မှာ ခက်ခဲလှချေသည်။ သူတို့ထဲမှ မိန်းကလေးတပည့်တစ်ယောက်ဖြစ်သော ကျန်းရှန်သည်ပင် ကျောက်ယွမ်ကို တွေ့သောအခါ စိတ်ရှုပ်ထွေးသော အမူအရာတစ်ချို့ဖြစ်ပေါ်လာလေသည်။

ကျောက်ယွမ်ကိုတွေ့သောအခါ သူမအနေနှင့် အ‌နည်းငယ်တော့ သဘောကျနေမိလေသည်။ သို့သော်လည်း အသိစိတ်ပြန်ဝင်လာသောအခါ ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။ သူတို့မှာ အခြေအနေမတူကြသော သူများဖြစ်ကြပေသည်။ တစ်ယောက်နှင့်တစ်ယောက် အဆက်အဆံလုပ်ဖို့ရာ မသင့်တော်ပေ။

ကျောက်ယွမ်၏ အမူအရာကတော့ မပြောင်းမလဲပင်ရှိနေသည်။ အတိတ်တုန်းက မိန်းကလေးတပည့်တော်တော်များများမှာ ကျောက်ယွမ်အပေါ်တွင် ခံစားချက်တစ်ချို့ရှိခဲ့ဖူးကြသည်။ အနာဂတ်တွင် ကျောက်ယွမ်နှင့်အတူ တာအိုလက်တွဲဖော်အဖြစ် ကျင့်ကြံကြဖိုပင် စိတ်ကူးယဉ်ခဲ့ကြဖူးလေသည်။

သို့သော်ငြားလည်း ယခုကျောက်ယွမ်ကတော့ ထို့သို့ဖြစ်လောက်စရာ အရည်အသွေးများ ပျောက်ကွယ်သွားပြီဖြစ်သည်။ သူ့မျက်နှာသည် ယခင်ကကဲ့သို့ ချောမောနေသေးသော်လည်း ယခင်ကလို စွဲမက်စရာလူတစ်ယောက်တော့ မဟုတ်တော့ပေ။

သူသည် ယခင်က မည်မျှပင်တော်နေပါစေ အခုမူ အချိန်ကြာခဲ့ပြီဖြစ်သည်။ ကျင့်ကြံခြင်းသည် ပါရမီနှင့်သာ ဆိုင်ပေသည်။ ရူးသွပ်စွာကြိုးစားနေမှုနှင့် မဆိုင်ပေ။ သူ့ရုပ်ရည်နှင့် မဆိုင်သည်မှာလည်း အသေချာပင်ဖြစ်လေသည်။

"အတန်းဖော်ဟောင်းရေ ‌အပြင်စည်းတပည့်အကဲဖြတ်မှုက တစ်လတောင်မလိုတော့ဘူးနော်။ အဲ့တော့ မင်းရဲ့ ကျင့်ကြံခြင်းက ဘယ်လ်ိုနေလဲ" ‌

ထိုမေးခွန်းကိုမေးလိုက်ရင်း ကျောက်ယွမ်ကို အမှန်တကယ်ဂရုစိုက်သကဲ့သို့ ချင်ရှု၏ အမူအရာမှာ စိုးရိမ်နေသည့် ပုံပေါက်နေလေသည်။

ချင်ရှု၏ မေးခွန်းကိုကြားပြီးနောက် ကျောက်ယွမ်မှာ သူတို့ရောက်လာရခြင်း၏ ရည်ရွယ်ချက်ကို နားလည်လိုက်လေသည်။ သူတို့သည် သူ့အား လာရောက်လှောင်ပြောင်ကြတာဖြစ်လေသည်။

သူသည် ယခင်နှစ်တုန်းက အရမ်းကိုထင်ပေါ်ခဲ့လေသည်။ ထို့ကြောင့်ပင် သူတို့က မကျေနပ်ကာ မနာလိုနေရခြင်း ဖြစ်ပေမည်။ လွန်ခဲ့သောတစ်နှစ်က သူသည် ချီကျင့်ကြံခြင်း အဆင့်တစ်၌ ရပ်တန့်နေသည်မှာလည်း သူကောင်းကောင်းမကျင့်ကြံနိုင်၍ဖြစ်သည်။ လူများမှာ သူ့အား မကြာခဏ လာလှောင်ပြောင်လေ့ရှိကြသည်။ သူကတော့ ထိုအရာတွေနှင့် အသားကျနေပြီဖြစ်သည်။

ယခုမူ စိတ်ဝိညာဉ်တောင်ကြားက တပည့်များကို ထုတ်ပယ်တော့မည်ဖြစ်ရာ အတန်းဖော်ဟောင်းတွေက သူ့ကိုလာလှောင်ပြောင်ကြသည်ဆိုသည်မှာ အသေချာပင်ဖြစ်သည်။ သူ့တို့မျက်လုံးထဲတွင် သူသည် နောက်လ၌ ထုတ်ပယ်ခံရပြီး သေမျိုးပြန်ဖြစ်သွားမည် လူတစ်ယောက်ပင်ဖြစ်သည်။

သူတို့သာ ယခုအချိန်လာပြီး မလှောင်ပြောင်လိုက်ရပါက နောက်တွင်လည်းလှောင်ပြောင်‌လို့ရတော့မည်မဟုတ်ပေ။ ထို့ကြောင့်ပင် ယခုက သူတို့အတွက် လှောင်ပြောင်စရာ အချိန်ကောင်းဖြစ်လို့နေလေသည်။

ယခုချိန်တွင် သူ့စိတ်ထဲ၌ ကျင့်ကြံခြင်းနှင့်ပတ်သတ်ပြီး အရင်းအမြစ်များအတွက်သာ စိုးရိမ်နေရသည်ဖြစ်ကာ သူတို့နှင့် အဓိပ္ပာယ်မရှိသည့်စကားများ ပြောမနေချင်ပေ။

"ငါ့ကျင့်ကြံခြင်းက အဆင်ပြေပါတယ်။ မင်းတို့စိုးရိမ်ပေးစရာမလိုပါဘူး ဘာကိစ္စမှမရှိရင်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ကြပါ"

ကျောက်ယွမ်၏ စကားကိုကြားပြီး‌တဲ့နောက် ချင်ရှ့၏နောက်လိုက်များမှာ တရှုးရှုးတရှဲရှဲဖြစ်သွားကြလေသည်။

"ငါတို့ မင်းကိုစိတ်ပူလို့လာမေးတာလေ။ မင်းရဲ့ အပြုအမူက ဘာသ‌ဘောလဲ"

"ဂိုဏ်းက အကဲဖြတ်မှုပြီးရင် တပည့်တွေထုတ်ပစ်မှာလေ။ မင်းက မစိုးရိမ်ဘူးလား"

သူတို့မျက်လုံးထဲတွင်တော့ ကျောက်ယွမ်မှာ သူ့အတွက် ဘာကောင်းလဲဆိုတာကိုပင် နားမလည်သော သူတစ်ယောက်ဖြစ်သည်။

ချင်ရှုသည် အတွင်းစည်းတပည့်ဖြစ်ပြီး ချီကျင့်ကြံခြင်း၌ ပြီးပြည့်စုံမှုအဆင့်တွင်ရှိလေသည်။ ကျောက်ယွမ်ကတော့ ဂိုဏ်းကနေ မကြာခင် ထုတ်ပယ်ခံရတော့မည့် အသုံးမကျသော ချီကျင့်ကြံခြင်း အဆင့်တစ်ကကောင်ဖြစ်သည်။ *သူလိုလူက အတွင်းစည်းတပည့်‌တစ်ယောက်နှင့် စကားပြောဖို့တောင်မတန်ပေ။ ချင်ရှုက သူ့ကို အတန်ဖော်ဟောင်းတစ်ယောက်အနေနှင့်ပြောနေသည်ကို သူက ဒီလိုလေသံနှင့်ပြန်ပြောရဲရသလား*

အကယ်၍ ချီကျင့်ကြံခြင်း အဆင့်တစ်ကသူက ချီကျင့်ကြံခြင်း ပြီးပြည့်စုံခြင်းအဆင့်က ကျင့်ကြံသူကို ထိုသို့သောလေသံနှင့်ပြန်ပြောရဲပါက သူတို့၏ လက်ဝါးတစ်ချက်နဲ့တင် ရိုက်သတ်ခံလိုက်ရမည်မှာ အသေအချာပင်။ သူတို့သည် ကျောက်ယွမ်ကို ရှုတ်ချကြလေသည်။

သူ့နောက်လိုက်များသည် သူ့အား ဖားယား‌နေကြသည်ကိုမြင်ပြီးနောက် ချင်ရှုမှာ အတော်လေး ကျေနပ်သွားသည်။သူက‌ ကျေနပ်စွာပြုံးလိုက်ပြီး ပြောလိုက်၏။

"ဂိုဏ်းက အကဲဖြတ်မှုမှာ တပည့်တွေကို ထုတ်မယ်လို့ ငါကြားထားတယ်။ မင်းက အထုတ်မခံရဖို့ ယုံကြည်ချက်ရှိလို့လား။"

ကျောက်ယွမ်က မည်သို့မျှမတုံပြန်သည်ကိုမြင်ပြီး ချင်ရှုက ဆက်လက်၍ ပြောလိုက်သည်။

"မင်း အကဲဖြတ်မှုကို မအောင်နိုင်ဘူးလို့ထင်ရင် ငါ့ဆီလာ‌ခဲ့လေ။ မင်းအတွက် သန့်ရှင်းရေးအလုပ်တစ်ခု စီစဉ်ပေးမယ်။ မခက်ခဲဘဲ သက်သာမှာပါ။ အဲ့လိုဆို မင်းလည်း အကဲဖြတ်မှုကို ဝင်ဖြေစရာမလိုတော့ဘူးလေ ဘယ်လို‌လဲ။"

ချင်ရှု၏မျက်နှာပေါ်က စိုးရိမ်မှုများမှာ အစစ်အမှန်အလားပင်။ အကယ်၍ တစ်ယောက်ယောက်သာ သူ၏လှောင်ပြောင်နေသည့် လေသံကို သတိမထားမိပါက သူသည် ကျောက်ယွမ်ကို အမှန်တကယ် ဂရုစိုက်သည်ဟုပင် ထင်သွားနိုင်သည်။

ကျောက်ယွမ်ကတော့ စိတ်ထဲတွင် တွေးလိုက်မိ၏။

" သူ့ရဲ့စွမ်းအားကို သက်သေပြဖို့ အဲ့လောက်တောင် လုပ်စရာလိုလိုလား။ သူ့လို အခြေခံတည်ထောင်ခြင်းအဆင့်ရောက်တဲ့သူက ဒါလေးအတွက် ဒီအထိလာသေးတယ်လား"

ကျောက်ယွမ်က ဘာမှမပြောဘဲ လျှို့ဝှက်စွာနှင့် ချင်ရှုကို စိတ်ပျက်ပြီး အထင်သေးသလိုကြည့်လိုက်သည်။

ချင်ရှုပောပြီးသည်နှင့် ဘေးကလူတွေကလည်း သံယောင်ဝင်လိုက်ကြတော့လေသည်။

"အဲ့တာဟုတ်တယ် ကျောက်ယွမ်။ ချင်ရှုက အတွင်းစည်းတပည့်ပဲ။ သူ့နောက်ကိုလိုက်ရင် မင်းအကဲဖြတ်မှုကိုဖြေစရာမလိုတော့ဘူး"

"မင်းသာ ချင်ရှုရဲ့နေရာကို သွားနေမယ်ဆို အကဲဖြတ်မှုကို ဖြေစရာမလိုတော့ဘူး။ ချင်ရှုက မင်းကို တကယ်လည်း သန့်ရှင်းရေးမလုပ်ခိုင်းပါဘူးကွာ။"

"တခြားသူတွေဆိုရင် အတွင်းစည်းတပည့်တွေရဲ့ အစေခံတောင်ဖြစ်နိုင်တာမဟုတ်ဘူး"

ကျောက်ယွမ်က ပြောဆိုနေကြသည့် ကောင်များကိုကြည့်ပြီး ပြောစရာစကားတောင်မရှိတော့ပေ။ သူသည် ကူကယ်ရာမဲ့သလိုခံစားနေရသည်။ သူ့ကိုလှောင်ပြောင်ဖို့ ဒီလောက်တောင် စိတ်ပါနေကြသည့် သူများကို ယခုမှတွေ့ဖူးခြင်းဖြစ်သည်။ *သူတို့က သူ့အပေါ် ဘယ်လောက်တောင် အငြိုးကြီးနေကြတာပါလိမ့်*

ကျောက်ယွမ်က အသံတိတ်နေသည်ကိုမြင်ပြီးနောက် သူတို့ပြောနေသည်မှာ ပို၍ပင် ကျယ်လောင်လာတော့သည်။ တစ်ယောက်ဆို စကားပြောလိုက်တိုင်း ကျေနပ်နေသည့် အမူအရာများ ထွက်ပေါ်လာလေသည်။ သူတို့သည် ကျောက်ယွမ်၏ဘဝကို သူတို့သဘောကျ စီစဉ်နေကြလေသည်။

ကျောက်ယွမ်သည် လက်ဖက်ရည်ခွက်ကို‌ယူကာ လက်ဖက်ရည်တစ်ငုံသောက်လိုက်ရင်း သူ့အား ချင်ရှု၏ ကမ်းလှမ်းမှုကို လက်ခံရန်ပြောနေကြသူများအား ပြောစရာစကားမဲ့စွာ ထိုင်ကြည့်နေလိုက်သည်။

ကျောက်ယွမ်က မလှုပ်မယှက်ရှိနေသေးသောကြောင့် နောက်လိုက်ကောင်များမှာ ရှက်သွားကြလေသည်။

*သူတို့ ဒီလောက်တောင် ဆွဲဆောင်နေတာတောင် သူက လက်ဖက်ရည်သောက်နေသေး‌တယ်တဲာလား။ သူက အကဲဖြတ်မှုကို မအောင်ဘဲ ဂိုဏ်းကနေ အထုတ်ခံရမှာကို စိုးရိမ်‌‌နေရမှာမဟုတ်ဘူးလား။ ဂိုဏ်ကနေထွက်သွားရင် ဘာဖြစ်မယ်ဆိုတာကို သူမသိတာလား*

အင်မော်တယ်ကျင့်ကြံသူတစ်ယောက် အနေဖြင့် စိတ်ဝိညာဉ်ချီရှိသည့် နေရာက ထွက်သွားရပါက သူတို့၏ ကျင့်ကြံဆင့်သည် တဖြည်းဖြည်းနိမ့်ကျလာလိမ့်မည်ဖြစ်သည်။

ကျောက်ယွမ်ကြည့်ရသည်မှာ သူတို့အား ကျေးဇူးတင်သည့် ပေုံတောင်ပေါက်မနေပေ။ သူတို့ကမူ သူ့အား အခွင့်အရေးတစ်ခုပေးနေပေမယ့်လည်း သူကတော့ စိတ်တောင်မဝင်စားချေ။ *ခဏလောက် မျက်နှာရဖို့အတွက်နဲ့ ဒီလိုလုပ်ရတာတန်လို့လား။*

သူတို့သည် စိတ်ထဲတွင် ကျောက်ယွမ်က ‌မာနကြီးနေခြင်းဖြစ်သည်ဟု ထင်နေကြသည်။

ချင်ရှုက သနားသလိုလိုနှင့် သက်ပြင်းချလိုက်လေသည်။ တခြားသူတွေကတော့ လှောင်ပြောင်ဖိုကို မစောင့်နိုင်တော့ပေ။

ထိုအခါမှပင် ကျန်းရှန်က ဝင်ပြောလိုက်လေသည်။

"ငါတို့က တစ်သုတ်ထဲကပဲလေ။ ငါတို့က နင့်ကို ဂိုဏ်းကနေထုတ်ခံရတာ မမြင်ချင်လို့ပြောနေကြတာ။ ဂိုဏ်းကနေထုတ်ခံရတာထက်စာရင် စီနီယာတစ်ယောက်ဆီမှာ သန့်ရှင်းရေးလုပ်ရတာပိုမကောင်းဘူးလား"

သူမသည် သူမအရင်က ကြွေခဲ့ရဖူးသောလူကိုကြည့်ပြီး သူသည် သူမမျှော်လင့်ထားသလို ဖြစ်မလာသည်ကိုတွေးမိကာ ဝမ်းနည်းမိလေသည်။

"ကျောက်ယွမ် သေချာစဉ်းစားပါ"

ဘေးတွင် တိတ်ဆိတ်သွာထိုင်နေသည့် ကျန်းရှန်မှာ မနေနိုင်ဘဲ ဝင်ပြောလိုက်တော့သည်။

ကျောက်ယွမ်က သူမကိုလှည့်ကြည့်လိုက်၏။

သူမ၏ ပါးလေးများ နီရဲမသွားခင်အထိ စိုက်ကြည့်လိုက်ပြီး ပြန်လှည့်လိုက်ကာ တွေးလိုက်မိသည်။

" ငါများ မိန်းကလေးတပည့်တစ်ယောက်ယောက်ကို မကျေနပ်အောင်လုပ်ထားမိဖူးလို့လား။"


You are reading the story above: TeenFic.Net