အခန်း ၆ ။အခွင့်အလမ်းနှင့်ကြုံကြိုက်ခြင်း

Background color
Font
Font size
Line height

အခန်း ၆ ။အခွင့်အလမ်းနှင့်ကြုံကြိုက်ခြင်း

အခြားသူများ အသိစိတ်ပုံမှန်မဖြစ်ခင်မှာပင် ကျောက်ယွမ်ကတော့ အဝေး၌ ပျောက်ကွယ်သွားလေပြီဖြစ်သည်။

သူကျင့်ကြံ‌နေ‌သည့်နေရာသည် နှောင့်ယှက်ခံရသည့်အတွက် သူဆက်မနေချင်တော့ပေ။ တစ်ခြားနေရာကိုပဲရှာရတော့မည်။

မကြာမီမှာပဲ ကျောက်ယွမ်က ချောင်ကျသည့်ေး တောအုပ်လေးဆီ ရောက်လာတော့သည်။ သူ့ခန္ဓာကိုယ်သည် လေပေါ်မြင့်တက်လာပြီး ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်ချလိုက်သည်။

ထိုင်ပြီးသည့်နောက် သူက နောက်တွင်ဘာဆက်လုပ်ရမလဲ စဉ်းစားလိုက်၏။ ယခု သူသည် အဆင့်ငါးကိုရောက်ပြီဖြစ်သောကြောင့် အကဲဖြတ်မှုနှင့်ပတ်သတ်ပြီးစိုးရိမ်စရာမလိုတော့ပေ။

သို့သော်လည်း ပင်ကိုယ်ပါရမီနှင့်ပတ်သတ်၍ကတော့ မဖြေရှင်းရသေးပေ။ ယခင်က သူသည် ကျင့်ကြံရင်းနှင့်ပင် သူ့ပင်ကိုယ်ပါရမီမှာ အကန့်အသတ်ရှိနေသည်ကို နားလည်ခဲ့သည်။ သူ၏အမြင့်ဆုံးအလားအလာကသာ နိမ်ကျနေမည်ဆိုပါက သူ၏ကျင့်ကြံခြင်းလမ်စဉ်ကခက်ခဲပေလိမ့်မည်။

သူ့မှာ စနစ်၏အကူအညီရှိသော်ငြားလည်း ပင်ကိုယ်ပါရမီက သူ့တိုးတက်မှုကို အနှောက်အယှက်ပေး‌လိမ့်မည်။

သူသာ ဤပြသာနာကို မဖြေရှင်းနိုင်ပါက သူ့အနာဂတ်အလားအလားသည် ရပ်တန့်နေပေလိမ့်မည်။

ကျောက်ယွမ်က သက်ပြင်းတစ်ချက်ချလိုက်ပြီး သူနှင့်အတူသယ်လာတော့ အဝတ်အိတ်ကိုကြည့်လိုက်သည်။ ထိုအိတ်ထဲတွင် ဂိုဏ်းကပေးထားသော ဆေးဝါးများ စိတ်ဝိညာဉ်ကျောက်တုံးများ ပါရှိလေသည်။ သူ ငြီးတွားလိုက်၏။

"ငါလေး အတော်ဆင်းရဲတာပဲ။ ကျောင်း‌တော်သားတွေက ဆင်းရဲပြီး စစ်သည်တွေက ချမ်းသာကြတယ်ဆိုတာ မမှားဘူးပဲ"

ကျောက်ယွမ်က သူ၏တွန့်ကြေနေသည့် အဝတ်အိတ်လေးကို ကြည့်ပြီး ဖွင့်တောင်မကြည့်ချင်ပေ။ ထိုထဲ၌ ဘာမှများများစားစားမကျန်တော့မှန်း ဖွင့်မကြည့်တောင်သိနိုင်ပေသည်။

စိတ်ဝိညာဉ်ချီများက ရှားပါလာသည်ဖြစ်ရာ တပည့်တွေအတွက် ဂိုဏ်မှ ပေးသောအရင်းအမြင်များမှာလည်း လျော့ကျလာလေသည်။ တပည့်များအတွက် အရင်းအမြစ်များကို လျှော့ချခံလိုက်ရသည်။

အတွင်းစည်းတပည့်များအတွက် ခွဲဝေမှုသည်ပင် သုံးပုံတစ်ပုံလောက် လျှော့ချခံလိုက်ရသည်။ အပြင်စည်းတပည့်များအတွက်မှု လျှော့ချခြင်းက ပို၍ဆိုးလေသည်။

အရင်က အပြင်စည်းတပည့်များသည် ကျင့်ကြံခြင်းအတွက် စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးနှင့် ချီသန့်စင်ခြင်းဆေးငါးလုံးကို ရရှိလေသည်။

အခုတော့ တစ်ဝက်တိတိလျှော့ချခံလိုက်ရကာ တစ်ယောက်လျှင် ‌စိတ်ဝိညာဉ်ကျောက်တုံးတစ်တုံးမှ တစ်ဝက်သို့လျှော့ချခံလိုက်ရသည်။

ချီသန့်စင်ခြင်းဆေးလုံးများမှာလည်း သုံးခုသို့လျှော့ချခံလိုက်ရသည်။

အပြင်စည်းတပည့်များအတွက် ကျင့်ကြံခြင်းအရင်းအမြစ်များမှာ ပို၍နည်းပါးလာလေတော့သည်။

"ငါ့မှာရှိတာ‌ကိုသာမြင်ရင် ခွေးကတောင် ငါ့ကိုသနားဦးမယ်။"

ကူကယ်ရာမဲ့စွာနှင့်ပဲ ကျောက်ယွမ်က အိတ်ကိုဖွင့်လိုက်လေသည်။ သူ့တွင်ရွေးချယ်စရာမရှိပေ။ သူ့ကျင့်ကြံခြင်းအတွက် စိတ်ဝိညာဉ်ကျောက်တုံးများနှင့် ဆေးဝါးများက မရှိမဖြစ်လိုအပ်လေသည်။ ဤအရင်းအမြစ်များသာမရှိလျှင် ကျင့်ကြံခြင်းက တစ်ဝက်လောက်လျော့ကျသွားပေမည်။ ထို့အပြင် ခန္ဓာကိုယ်ကို သန့်စင်ဖို့ ဆေးပြားများမရှိပါက သူ့ကျင့်ကြံခြင်း အမြန်နှုန်းက တဖြည်းဖြည်းလျော့ကျလာပေမည်။

ကျောက်ယွမ်က အားတင်းလိုက်ပြီး တုန်ရီနေသော လက်နှင့် အိတ်ကိုဖွင့်လိုက်ကာ အထဲမှာကျန်သော ချီသန့်စင်ခြင်းဆေးလုံးများကိုကြည့်လိုက်လေသည်။ စိတ်ဝိညာဉ်ကျောက်တုံးကား သူသုံးပြီးသွားလေပြီ။

သူသည် လဝက်လောက် အသုံးပြုနိုင်သော စိတ်ဝိညာဉ်ကျောက်တုံးမှာ တစ်ပတ်ထဲနှင့် ကုန်သွားခဲ့သည်။

သူ့အနေနှင့် ဤပြတ်လပ်မှုကို ကျော်လွှားနိုင်ဖို့ နည်းလမ်းမရှိတော့ပေ။ သူသည် ဆေးလုံးများကို ထုတ်ယူလိုက်သည့်အခါမှာပဲ ဆေးနံလေးက လေးထဲကို ပျံ့နှံ့သွားလေသည်။ တစ်ချက်ကြည့်ရုံနှင့် ဆေးလုံးအရေအတွက်ကို သိနိုင်ပေမဲ့လည်း ကျောက်ယွမ်ကတော့ ရေတွက်ကြည့်လိုက်သည်။

တစ်
နှစ်
သုံး..

သူ့မှာ ရှိသမျှအကုန်ဖြစ်သည်။ သူ့တွင်ဆေးသုံးလုံးသာရှိပေသည်။ သူ့မှာ ယခင်ကရှိသော ခြောက်လုံးနှင့်ပေါင်းလိုက်လျှင်ပင် သူ့ပိုင်ဆိုင်မှုမှာ ဆေးလုံးကိုးလုံးသာရှိပေသည်။

ဆေးလုံးတွေကို ကြည့်လိုက်ပြီး ကျောက်ယွမ်မှာ ခေါင်းပါကိုက်လာတော့လေသည်။ အကယ်၍ သည်ဆေးလုံးတွေကိုသာ ရောင်းလိုက်ပါက တစ်လုံးကို စိတ်ဝိညာဉ်ကျောက်တုံး သုံးတုံးလောက် အနည်းဆုံးရနိုင်ပေသည်။ ပုံမှန်ဆိုလျှင် ဆေးလုံးထဲကနေ စိတ်ဝိညာဉ်ချီစုပ်ယူရသည်က စိတ်ဝိညာဉ်ကျောက်တုံးကနေစုပ်ယူရသည်ထက် မြန်လေသည်။ သို့သော်လည်း ကျောက်တုံးများထဲက စိတ်ဝိညာဉ်ချီက ပိုသန့်စင်လေသည်။

နောက်ဆုံးတော့ တစ်ခုသဘာဝအတိုင်းဖြစ်ပြီး နောက်တစ်ခုက သန့်စင်ထားခြင်းသာဖြစ်ပေသည်။ ကျောက်ယွမ်၏ ကျင့်ကြံခြင်းအဆင့်တက်လာသည်နှင့်အတူ လိုအပ်သော အရင်းအမြစ်များမှာလည်းပို၍တိုးလာတော့လေသည်။

သူသည် ချီကျင့်ကြံခြင်း ပထမအဆင့်မှာရှိနေတုန်းက ဂိုဏ်း၏ အရင်းအမြစ်ခွဲဝေမှုက သင့်တင့်ပေသည်။ ယခုသူ သည် အဆင့်ငါးကိုရောက်လာသည်နှင့်အတူ ဆေးလုံးများနှင့် စိတ်ဝိညာဉ်ကျောက်တုံးများကိုပို၍ လိုအပ်လာလေသည်။

ဤသည်မှာ ကလေးဘဝကနေ အရွယ်ရောက်လာသကဲ့သို့ဖြစ်လေသည်။ ခွန်အားတိုးလာသည်နှင့်အမျှ စားသောက်နှုန်းကလည်း ပိုတိုးလာပေလိမ့်မည်။

ယခင်ကတော့ ဆေးတစ်လုံးက သူ့အတွက်တစ်ရက်စာကျင့်ကြံရန် လုံလောက်လေသည်။ ယခုမူ ဆးတစ်လုံးမှာ သူ့ကို နှစ်နာရီလောက်သာ ကျင့်ကြံနိုင်စေရန် လုံလောက်လေသည်။

ဆေးလုံးကိုးလုံးပေါင်းလိုက်လျှင်ပင် သူတစ်နေကုန်ကျင့်ကြံဖို့ရာပင် မလုံလောက်သေးပေ။ သူ့ကျင့်ကြံခြင်းအတွက် မလုံလောက်သေးပေ။

"ငါဘာလုပ်ရမလဲ"

ဤတစ်ခါ သူ့ဆင်းရဲမှုက ကျောက်ယွမ်ကို လက်မှိုင်ချစေလေသည်။

"ငါ့မှာ စိတ်ဝိညာဉ်‌ကျောက်တုံးရော ဆေးလုံးတွေရော မရှိတော့ဘူး"

လူတစ်ယောက်က အရင်းအမြစ်များရှိမှသာလျှင် ပို၍တိုးတက်လာပေလိမ့်မယ်။

ကျောက်ယွမ်က ယခင်ဘဝက နာမည်ကြီးစကား‌ပုံကို ပြန်စဉ်းစားမိလိုက်ပြီး အရင်ဘဝအလုပ်မှာတုန်းက နာကျင်မှုတွေကို ပြန်တွေးလိုက်မိသည်။

"သခင် ဆေးလုံးတွေကိုသုံးလို့ရပေမဲ့ ဆေးလုံးတွေကို စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ မလဲဘူးလား"

သူ့အတွေး‌‌တွေကိုနှောင့်ယှက်ပြီး ချစ်စရာမိန်းကလေးအသံ ထွက်ပေါ်လာလေသည်။

"ငါက ဆေးလုံးတွေကို စိတ်ဝိညာဉ်ကျောက်တုံးတွေနဲ့ လဲလို့ရမှာ သိပေမယ့် ဘယ်လိုလုပ်ရမလဲမသိဘူး"

ကျောက်ယွမ်က စနစ်ကို ငြီးတွားနေရာကနေ ရုတ်တရက်ရပ်လိုက်သည်။ ဟုတ်သား..

သူ့အနေနှင့် ဆေးလုံးတွေ သန့်စင်၍ရ‌ပေသည်။

သူ့မှာ နတ်ဘုရားညဏ်အလင်းပွင့်ခြင်းစနစ်ရှိလေရာ သူ့အနေနှင့် ဆေးဝါးအတတ်ကို လေ့လာရုံနှင့် သင်ယူနိုင်လေသည်။

သူ့အနေနှင့် ချီသန့်စင်ခြင်းဆေးလုံးတွေအကြောင်းဖတ်လိုက်ပြီးသည်နှင့် သန့်စင်နိုင်ပေလိမ့်မည်။

ပိုအဆင့်မြင့်သည့် ဆေးလုံးများ ထုတ်ဖို့ပင် သူ့အတွက် ပြသာနာမရှိလောက်ချေ။

ကျောက်ယွမ်က ကိုယ့်နဖူးကိုယ်ပြန်ရိုက်မိလိုက်သည်။

"ဒါမျိုးအထူးစနစ်ကို အသုံဝင်အောင်လုပ်လို့ရတာကို မေ့တာနေပဲ တုံးလိုက်တာ"

တွေးတောပြီးသည့်နောက် ကျောက်ယွမ်က ဆေးလုံးတွေသန့်စင်ဖို့ ဆုံးဖြတ်လိုက်လေသည်။

သူ့၏ဆေးလုံးများကို ပြန်သိမ်းလိုက်ပြီးနောက် ကျောက်တုံးပေါ်ကနေ ဆင်းလိုက်လေသည်။

သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်လိုက်ပြီး အဂ္ဂိရက်ခန်းမသို့ ဦးတည်သွားလေသည်။ မကြာမီမှာပင် သူသွားချင်သည့် နေရာသို့ရောက်ရှိသွားသည်။ သူ ဤနေရာကိုမလာခင်က  သူ့တွင်ကျန်‌သော ဆေးလုံးကိုလုံးကို ရောင်းချခဲ့လေသည်။

သူသည် ဆေးလုံးကိုးလုံးကို စိတ်ဝိညာဉ်ကျောက်တုံးနှစ်တုံးနှင့် လဲလှယ်ခဲ့လေသည်။ တစ်တုံးမှာ လိုအပ်သော ဆေးအမယ်များဝယ်ဖို့ဖြစ်ပြီး တစ်တုံးမှာ အဂ္ဂိရက်ခန်းမမှ ဆေးဖော်ခန်းငှားဖို့ဖြစ်လေသည်။

အကုန်စီစဉ်ပြီးသည့်နောက် ကျောက်ယွမ်က ဆေးလုံးများသန့်စင်ရန် စတင်ပြင်ဆင်တော့လေသည်။

တစ်နေရာမှာတော့ ဂျိဟာမှာ ပျင်းရိစွာလမ်းလျှောက်နေသည်။

ကျောက်ယွမ်က သူ့စွမ်းအားတွေကို ထုတ်ပြပြီးတဲ့နောက်မှာ ထွက်သွားလေသည်။ သူနောက်ကလိုက်နေသည့် ချင်ရှုကလည်း သူ့ဆရာခေါ်သော်ကြောင့် ထွက်သွားလေသည်။ ချင်ရှုထွက်သွားပြီးနောက် အကုန်လုံးကလည်း အသီးသီးလမ်းခွဲသွားကြလေသည်။

သူတို့ကြုံလိုက်ရသည့် အံအားသင့်စရာကြီးကြောင့် အကုန်လုံးက ကိုယ်သွားစရာရှိသည်ကိုသွားကြသော်လည်း စိတ်သိပ်မပါကြပေ။

ကျောက်ယွမ်ကြောင့် လွင့်ထွက်သွားလေသော ဂျိဟာအတွက်မူ ပို၍ပင်ဆိုးလေသည်။ ကျောက်ယွမ်၏ အဆင့်က ဘယ်လိုလုပ် ငါးခုမြောက်အလွှာမှာရှိနေသလဲဆိုသည်ကို သူစဉ်းစား၍မရချေ။ အကုန်လုံး ကျောက်ယွမ်‌၏ အခြေအနေကို သိကြသည်။ သည်ကောင်က လုံးဝအမှိုက်ဖြစ်ပြီး သူ့ပင်ကိုယ်ပါရမီမှာလည်း အကန့်အသတ်ရှိလေသည်။

သို့သော်လည်း သူသည် ရက်အနည်းငယ်အတွင်းမှာတင် အဆင့်ငါးကိုရောက်ရှိသွားလေသည်။

သူက ငြီးတွားလိုက်သည် "သူက သူ့အစွမ်းတွေကို ဖုံးကွယ်ထားတာမဟုတ်ရင် အခွင့်အလမ်းတစ်ခုနဲ့ ကြုံခဲ့တာပဲဖြစ်ရမယ်။"

ဂျိဟာက စဉ်းစားလိုက်သော်လည်း ဤအဖြေနှစ်ခုသာ စဉ်းစားမိလေသည်။ ဒါပေါ့ သူက ဒုတိယအဖြေက ပိုဖြစ်နိုင်သည်ဟုသာတွေးမိလေသည်။

*အရင်တုန်းက ဘယ်လောက်ပဲ လှောင်လှောင် ကျောက်ယွမ်က အမြဲတမ်း ဘာမှမလုပ်ဘဲနေခဲ့တာပါ။ အခုကျမှ ဘာလို့ တိုက်ခိုက်ရတာလဲ။ *

ဤသည်ကိုတွေးမိပြီးနောက် ကျောက်ယွမ်က အခွင့်အလမ်းကြီးနှင့် ကြုံ‌ခဲ့ရသည်မှာ သေချာသွားတော့သည်။ ထိုအကြောင်းကိုတွေးမိပြီးနောက် ဂျိဟာမှာ ပိုနေသာထိုင်သာရှိသွားတော့လေသည်။

အဘယ့်ကြောင့်ဆိုသော် အခွင့်အရေးများသည် တစ်ခါတစ်လေမှသာ ရောက်လာတတ်ပြီး များသောအားဖြင့် တစ်ခါလောက်ပဲ ကြုံတတ်ရ‌သောကြောင့်ပင်ဖြစ်သည်။ တစ်နည်းအားဖြင့် ကျောက်ယွမ်သည် အခွင့်အလမ်းတစ်ခုခုနှင့်ကြုံကြိုက်ခဲ့ရပြီး အချိန်အနည်းငယ်အတွင်း ချီကျင့်ကြံခြင်း အဆင့်ငါးကိုရောက်သွားသော်လည်း ထိုအဆင့်မှာပင် တစ်သက်လုံး ရပ်တန့်နေသည်လည်း ဖြစ်နိုင်ပေသည်။

‌ဂျိဟာသည် ထိုအကြောင်းကိုတွေးလိုက်ပြီး ဆေးဖော်ခန်းတစ်ခုဘေးကဖြတ်သွားလေသည်။

သူဆက်သွားမလိုနှင့် ရုတ်တရက်ရပ်လိုက်ပြီး လှည့်ကြည့်လိုက်လေသည်။

သူက ကျောက်ယွမ်ကို ဆေးဖော်ခန်းထဲ‌တွေ့လိုက်ရတော့ အနည်းငယ်ကြောင်အသွားလေသည်။

"ကျောက်ယွမ်က ဆေးလုံးသန့်စင်နေတာလား"


You are reading the story above: TeenFic.Net