အခန်း၃။ အကဲဖြတ်မှုအတွက် စိတ်ပူရခြင်း

Background color
Font
Font size
Line height

အခန်း၃။ အကဲဖြတ်မှုအတွက် စိတ်ပူရခြင်း

ကျောက်ယွမ်သည် ဉာဏ်အလင်းပွင့်မှုအခြေအနေထဲ ကျရောက်‌ခဲ့ပြီး ထိုထဲ၌ နစ်မြောနေခဲ့သည်။ သူသည် မသိလိုက်ဘဲ သူ့ဘေးနားရှိ စိတ်ဝိညာဉ်ချီများကို ဆက်တိုက်စုပ်ယူနေခဲ့၏။

ယခုအချိန်၌ သူ၏မရီဒျန်ထဲတွင် စိတ်ဝိညာဉ်ချီများဖြင့် ပြည့်နေတော့သည်။ သို့ပေမယ့်လည်း သူသည် မမောမပန်းဘဲ ဆက်တိုက်စုပ်ယူနေခဲ့သည်။ သူသည် ချီများကို အဆုံးမရှိ စုပ်ယူနိုင်နေသည့်အလားပင်။

သူ၏မရီဒျန်သည် များစွာစုပ်ယူထားတာကြောင့် ချီများဖြင့် ပြည့်ဝနေပြီး ပို၍ကြီးလာလေသည်။

ဆယ့်ငါးမိနစ်ကြာပြီးနောက်..

ဘန်း... ဘန်း...

"ငါချိုးဖောက်သွားပြီ ချီကျင့်ကြံခြင်း ဒုတိယအဆင့်ကို ရောက်သွားပြီ"

ကျောက်ယွမ်သည် ကျင့်ကြံခြင်းထဲကိုအာရုံရောက်နေခိုက် သူ့ခန္ဓာကိုယ်မှ မသဲမကွဲ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ခဏကြာပြီးနောက် သူ့မရီဒျန်သည် လေထည့်ထားသည့် ပူဖောင်းတစ်ခုလို ပြန့်ကားလာသည်ကို သူခံစားမိလိုက်၏။

ခဏလေးအတွင်းမှာပင် သူတို့သည် နဂိုအရွယ်အစားထက် နှစ်ဆဖြစ်လာခဲ့သည်။ ထို့နောက် စိတ်ဝိညာဉ်ချီများကို ရူးသွပ်စွာ စုပ်ယူတော့လေသည်။

မူလက သူ့အနားတွင် လှည့်ပတ်နေသည့် ချီများသည်လည်း ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တိုးဝင်လာကြလေတော့သည်။ ထိုအခိုက် သူ့ဘေးနားရှိ စိတ်ဝိညာဉ်ချီများ လျင်မြန်စွာ စုပ်ယူနေမှုကြောင့် အလွှာတစ်ခုဖြစ်ပေါ်လာသည်။ ကျောက်ယွမ်သည် သူ့ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်စွမ်းအားများကို ခံစားမိပြီး သူ့မျက်လုံးတို့မှာလည်း စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်လာတော့သည်။

"ဆယ့်ငါးမိနစ်လောက်ထဲနဲ့ အဆင့်ချိုးဖြတ်သွားနိုင်မယ်လို့ ထင်မထားဘူး။ "

ယခု သူသည် ချီကျင့်ကြံခြင်းဒုတိယအဆင့်ကိုရောက်ပြီဆိုသည်ကို မယုံနိုင်သေးပေ။ တစ်နှစ်ပတ်လုံးလုံး ကြိုးစားကျင့်ကြံခဲ့သည်ပင် သူမရောက်ခဲ့သည့် အဆင့်ဖြစ်သည်။ ယခုမူ ဆယ့်ငါးမိနစ်လောက် ကျင့်ကြံရုံနှင့် တစ်နှစ်လုံးလုံးကြိုးစားခဲ့သည့်ထက် ရလဒ်မှာ ပိုကောင်းနေသည်။ *ဒါကြီးက တကယ့်ကို ထူးဆန်းလွန်းတယ်*

"ဒါ့ကြောင့် ဒီစနစ်က ကမ္ဘာပေါ်မှာ အကောင်းဆုံးအလားအလာနဲ့ အစွမ်းထက်ဆုံးလို့ပြောတာကိုး။"

စိတ်ငြိမ်အောင်မလုပ်နိုင်ဘဲ ကျောက်ယွမ်သည် အတော်လေးကို ရင်ခုန်နေလေသည်။ စနစ်၏အစွမ်းနှင့်ပတ်သတ်ပြီး သူသည် အတော်လေးကို စိတ်လှုပ်ရှားနေလေသည်။ ဤကဲ့သို့ အစွမ်းထက်သည့် စနစ်နှင့်သာဆိုပါက အထုတ်ခံရမှာကို စိတ်ပူစရာမလိုတော့ချေ။

သူသည် ဤနေရာကို စရောက်လာတုန်းက ဝတ္ထု‌တွေကလို သူရဲကောင်းဆန်ပြီး လွှမ်မိုးနိုင်သည့် အဓိကဇာတ်ကောင်ဖြစ်ချင်ခဲ့သည်။ သူသည် ပန်းတိုင်အသေးစားလေးတွေကိုပင် ချမှတ်ထားခဲ့သေးသည်။

မိုးပြာရောင်နဂါးနှင့် ကျားဖြူကိုအနိုင်ယူပြီး ဘုရင်မကိုကြိုဆိုကာ နတ်သမီးလိုလှပသည့် မိန်းကလေးတစ်ယောက်နှင့် လက်ထပ်ပြီး ကောင်းကင်တံခါးကို ဓားတစ်ချောင်းတည်းနှင့် ဖွင့်မည်ဆိုပြီး တွေးခဲ့ပေမယ့်လည်း တစ်နှစ်ကြာ အရှုံးတွေနှင့် ရင်ဆိုင်ရပြီးနောက်မှာ ထိုရည်မှန်းချက်များလည်း ပျောက်ဆုံးခဲ့ရသည်။

ယခုမူ သူ့၌ မျှော်လင့်ချက်များ ပြန်ရှိလာခဲ့၏။ သူ ယခင်ကတွေးခဲ့ဖူးသည့် ပန်းတိုင်များကို ရအောင်လုပ်ဆောင်နိုင်လေပြီ။ နတ်ဘုရားဉာဏ်အလင်းရခြင်းစနစ်နှင့်သာဆိုပါက သူသည် အချိန်မရွေး ပိုမိုသန်မာလာနိုင်ပေသည်။

ကျောက်ယွမ်သည် စနစ်အကြောင်းတွေးနေသည်ကိုရပ်လိုက်ပြီး ဉာဏ်အလင်းရခြင်း၌ ဆက်လက်စီးမျောနေလိုက်၏။

"ငါ ဆက်ကျင့်ကြံမှရမယ် လုံလောက်အောင်မသန်မာရင် အထုတ်ခံရလိမ့်မယ်။"

ကျောက်ယွမ်သည် သူ့နှလုံးသားထဲက စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ပြီး ဆက်လက်ကျင့်ကြံလေတော့သည်။

သူသည် ချီကျင့်ကြံခြင်းဒုတိယအဆင့်ကို ချိုးဖောက်ပြီးသွားသော်ငြားလည်း အကဲဖြတ်မှုမှာ ရလဒ်ကောင်းရနိုင်ဖို့ မလုံလောက်သေးချေ။ အောင်တောင်မအောင်နိုင်သေးပေ။ ယခုလက်ရှိ သူ့ခွန်အားသည် အထုတ်ပယ်မခံရဖို့ အာမခံနိုင်လောက်အောင် မသန်မာသေးချေ။ နောက်ဆုံးတော့လည်း သူသည် ယခုမှ အစပြုသူသာဖြစ်လေသည်။

ချီကျင့်ကြံခြင်း ဒုတိယဆင့်ကိုရောက်နေသည့် အပြင်စည်းတပည့်များစွာ ရှိလေသည်။ သူသည် စိတ်ဝိညာဉ်တောင်ကြားမှ အထုတ်ပယ်မခံချင်သေးပေ။

ထို့ကြောင့် သူ့အနေနှင့် ပိုမြင့်သည့် အဆင့်တွေဆီထိ ချိုးဖောက်ဖို့ လိုနေသေးသည်။ အရင်းအမြစ်များများရှိလေလေ သူ့ကျင့်ကြံခြင်းက ချောမွေ့လေလေဖြစ်ပေလိမ့်မည်။

သူ့၌ နတ်ဘုရားဆန်သည့် စနစ်ရှိနေသောငြားလည်း ကျင့်ကြံခြင်းအရင်းအမြစ်များမှာ ကျင့်ကြံရေးလမ်းတစ်လျှောက်တွင် မရှိမဖြစ်လိုအပ်လေသည်။

ထို့ပြင် စိတ်ဝိညာဉ်တောင်ကြားကဲ့သြို ဂိုဏ်းတစ်ခု၏ အကူအညီဖြင့် ကျင့်ကြံခြင်းသည် တစ်ယောက်တည်းကျင့်ကြံခြင်းထက်များစွာ လွယ်ကူပေလိမ့်မည်။

ယခုခေတ်သည် စိတ်ဝိညာဉ်ချီရှားပါးနေသော ခေတ်ဖြစ်လေရာ မည်မျှသန်မာသောကျင့်ကြံသူနေနေ ဂိုဏ်းတစ်ခု၏ ကျင့်ကြံခြင်းအရင်းအမြစ်ကို မယှဉ်နိုင်ပေ။

ဤသို့ဖြင့် ကျောက်ယွမ်သည် တစ်နေရာထဲ၌ မနက်ကနေည ညကနေ မနက်ထိတိုင်အောင် ခြေထောက်ကိုချိတ်ထိုင်ပြီး ကျင့်ကြံလေသည်။

ထိုအချိန်အတော်အတွင်း သူ့ခန္ဓာကိုယ်အတွင်း၌ ချိုးဖောက်ခြင်း၏ လက္ခဏာတွေဖြစ်သည့် ပေါက်ကွဲသံများ ထွက်‌ပေါ်နေခဲ့သည်။ သို့သော်လည်း ကျောက်ယွမ်ကမူ သတိမထားသကဲ့သို့ အနားလုံးဝမယူခဲ့ချေ။

ချိုးဖောက်နိုင်မှုအတွက် ပျော်ရွှင်ရခြင်းသည် ကျင့်ကြံနေရသည်ထက် မကောင်းချေ။ သူသည် တစ်နေကုန် ဉာဏ်အလင်းရခြင်းထဲမှာပင် နစ်မျောနေခဲ့လေသည်။

ထို့အပြင် ဉာဏ်အလင်းရနေတုန်းမှာပင် ကျင့်ကြံခြင်းနည်းစနစ်၏ အားနည်းချက် တော်တော်များများကို သူရှာတွေ့ခဲ့သည်။

"ဒီကျင့်စဉ်က မပြည့်စုံဘူး။ စိတ်ဝိညာဉ်ချီစုပ်ယူဖို့ ကျင့်စဉ်တင်မဟုတ်ဘဲ တစ်ခြားဟာအတွက်လည်း သုံးလို့ရသင့်တယ်"

ဥပမာ သူ့ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာ‌သော ချီများကို သူအလိုရှိသလိုထိန်းချုပ်နိုင်ခြင်းဖြစ်သည်။

"စိတ်ဝိညာဉ်ချီတွေကို လက်နက်အဖြစ်ကိုပြောင်းနိုင်မလား"

ထိုအကြောင်းကိုစဉ်းစားမိပြီးနောက် ကျောက်ယွမ်၏ ခန္ဓာကိုယ်ထဲရှိ စိတ်ဝိညာဉ်‌ချီများသည် အပြင်သို့ ထွက်လာပြီး သူ့လက်ချောင်းကို လှုပ်ယမ်းလိုက်သောအခါမှာ ဓားတစ်ခုဖြစ်လာလေသည်။ သူသည် ထိုဓားကို သေချာဂရုတစိုက်ကိုင်ကြည့်လိုက်၏။

ဓားအစစ်ကို ကိုင်နေရသကဲ့သို့ ခံစားရသည့်အပြင် သူ့လက်ဖဝါးထဲသို့ လေများ ဖြတ်သန်းသွားသလိုလည်း ခံစားနေရသည်။

သူလက်ကို ဝှေ့ယမ်းလိုက်သည့်အခါမှာတော့ စိတ်ဝိညာဉ်ချီနှင့်လုပ်ထားသည့် ဓားသည် ချက်ချင်းပဲ လွတ်ထွက်သွားလေသည်။

ရွှတ်...

လေတိုးသံများ ထွက်ပေါ်လာပြီးတဲ့နောက် အနီးနားမှာရှိသည့် သစ်ပင်ကို တိုက်ရိုက်ဖောက်ထွက်သွားလေသည်။

"ဒါပဲလေ"

ကျောက်ယွမ်သည် အသက်ကိုပြင်းပြင်ရှုလိုက်၏။ သူ့စိတ်ထဲတွင် အပျော်တွေ့ပြည့်နှက်လို့နေပေသည်။

"ဒီနည်းလမ်းက မပြည့်စုံသေးဘူး အဆင့်မြှင့်ပေးရမဲ့ တချို့နေရာတွေ ကျန်နေသေးတယ်။ ပြီးတော့ ဒါက ကျင့်ကြံခြင်းနည်းစနစ်တစ်ခုတင်မဟုတ်ဘဲ တိုက်ခိုက်တဲ့နည်းစနစ်တစ်ခုအဖြစ် ပြုပြင်လို့ရတယ်"

ဉာဏ်အလင်းပွင့်ပြီးသည့်နောက်တွင် သူသည် ချီကျင့်ကြံခြင်းဒုတိယအဆင့်ကနေ ငါးခုမြောက်အဆင်အထိ ဆက်တိုက်ချိုးဖောက်သွားလေသည်။ ထို့အပြင် သူသည် ဤကျင့်ကြံခြင်းနည်းစနစ်ကို တချို့သောနေရာများတွင်ပြောင်းလဲထားသေးသည်။

ထိုသို့အဆင်မြှင့်လိုက်မှုကြောင့် ဤကျင့်ကြံခြင်းနည်းစနစ်မှာ သူ ပထမအကြိမ်ဉာဏ်အလင်းပွင့်စဉ်တုန်းကထက် ပ်ုအဆင့်မြင့်လာလေသည်။ ယခုလို အဆင့်မြှင့်ထားသော ကျင့်ကြံခြင်းနည်းစနစ်နှင့်ဆို သူ၏ကျင့်ကြံနှုန်းသည် နှစ်ဆလောက်တိုးတက်သွားခဲ့သည်။ ထို့ကြောင့်ပင် သူသည် တစ်ရက်တည်းနှင့် ငါးခုမြောက်အဆင့်အထိ ချိုးဖျက်နိုင်ခဲ့လေသည်။

ငါးခုမြောက်အဆင့်ထိ ချိုးဖောက်ပြီးနောက် ကျောက်ယွမ်သည် ကျင့်ကြံခြင်းကို ရပ်နားလိုက်လေသည်။ သူ မကျင့်ကြံချင်သောကြောင့်မဟုတ်ဘဲ အခက်အခဲတချိှု့နှင့် ကြုံတွေ့နေရသောကြောင့်ဖြစ်လေသည်။

"ဒီခန္ဓာကိုယ်ရဲ့ ပင်ကိုယ်ပါရမီက မကောင်းဘူးဆိုတော့ ဆေးဝါးတွေရဲ့ အကူအညီမယူဘဲနဲ့တော့ ရွှေအမြူတေအဆင့်မပြောနဲ့ အခြေခံတည်ထောင်ခြင်းအဆင့်ကိုတောင် မကျော်ဖြတ်နိုင်လောက်ဘူး။"

ကျင့်ကြံခြင်း၏ ပြသာနာများကို ဖြေရှင်းပြီးပေမယ့်လည်း မွေးရာပါပါရမီနှင့် ပတ်သတ်သည့် ပြသာနာကိုတော့ ဖြေရှင်းရန် အတော်ခက်ပေသည်။‌ ကျောက်ယွမ်သည် လက်ဖက်ရည်တစ်ခွက်သောက်လိုက်ရင်း သူ့စိတ်ထဲမှ စိုးရိမ်မှုများကို ဖြေဖျောက်ရန် ကြိုးစားလိုက်သည်။

ထိုအချိန်မှာပင် အစိမ်းရောက် တာအိုဝတ်ရုံများ ဝတ်ဆင်ထားကြသည့် လူငယ်လေးသုံးယောက်သည် သူ့အ‌ပေါ်ကနေဖြတ်သန်းသွားကြလေသည်။

"အဲ့တာက ငါတို့ရဲ့အတန်းဖော် ကျောက်ယွမ်မလား။ အောက်ဆင်းပြီး သွားကြည့်ကြရအောင်"

ကျောက်ယွမ်အပေါ်ကနေ ဖြတ်သန်းသွားနေတုန်း သူတို့သည် ရပ်ပြီး ပြောင်စပ်စပ်လေသံဖြင့် ပြောလိုက်၏။။

ထို့နောက်မှာတော့ တခြားသူများ သဘောတူသည်ကို စောင့်မနေဘဲ ဝတ်ရုံစကိုခါကာ ကျောက်ယွမ်ဆီသ်ုိ့ ပျံသန်းသွားလေ၏။ သူ့ကတော့ ချင်ရှုဖြစ်သည်။ သူသည် ချီကျင့်ကြံ့ခြင်း ပြည့်စုံမှုအဆင့်ကိုရောက်‌ရှိနေပြီး သူတို့ထဲ၌ ကျင့်ကြံခြင်းအမြင့်ဆုံးဖြစ်သည်။

ကျန်သုံးယောက်ကမူ ကျောက်ယွမ်ကိုကြည့်လိုက်သည့်အခါ သူတိုမျက်လုံးထဲတွင် လှောင်ပြောင်စိတ်များပေါ်လွင်နေလေသည်။ နောက်ဆုံးမှာတော့ သူတို့သည် ကျောက်ယွမ်ရှေ့၌ ဆင်းလိုက်ကြလေသည်။

ကျောက်ယွမ်သည် လက်ဖက်ရည်တစ်ငုံလောက်သောက်‌ပြီး ခွက်ပြန်ချလိုက်သည့်အချိန်တွင် သူ့ရှေ့၌ လူ‌ငယ်လေးယောက်ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ တစ်ချက်ကြည့်ရုံနှင့် ဘယ်သူတွေလည်းဆိုတာ သူမှတ်မိသွားလေသည်။ သူတို့သည် သူနှင့် တစ်ချိန်တည်း ဂိုဏ်ထဲဝင်ခဲ့သည့် တပည့်များဖြစ်သည်။

သူ့ရှောသို့ ပထမဆုံးရောက်လာသူမှာ ချင်ရှ့ဖြစ်ပြီး အသန်မာဆုံးဖြစ်သည်။ သူသည် ချီကျင့်ကြံခြင်း၌ ပြီးပြည့်စုံမှုအဆင့်ကို ရောက်သွားသောကြောင့် လွန်ခဲ့သည့် တစ်လကပင် သူသည် အတွင်းစည်းတပည့်ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

သူသည် အပြင်စည်းတပည့်အကဲဖြတ်မှုကို ဝင်ပြိုင်စရာမလိုပေ။ သူသည် အခြေတည်ထောင်ခြင်းအဆင့်ကို ချိုးဖောက်ရန်သာ လိုပေသည်။ ကျန်သူများသည် သူ့နောက်လိုက်များ ဖြစ်ပုံရသည်။ သူတို့သည် ချင်ရှုဘေး၌ အစောင့်တွေလ်ို ရပ်လိုက်ကြ၏။

"မင်းတို့ ဒီကို ဘာလာလုပ်တာလဲ"

ကျောက်ယွမ်သည် သူ့လက်ဖက်ရည်ခွက်ကိုချလိုက်ပြီး သူတို့အား စိတ်ရှုပ်ထွေးစွာမေးလိုက်သည်။ သူတို့သည် သူနှင့်အသုတ်တူထဲက တပည့်များဖြစ်သည်။ သို့ပေမယ့်လည်း သူသည် သူတို့မှင့် မရင်းနှီးပေ။ သူတို့နာမည်တွေကိုပင် သူသေချာမသိပေ။ သူတို့ ဒီမှာဘာလာလုပ်တာလဲ...။

ချင်ရှုသည် ကျောက်ယွမ်ကိုတွေ့ပြီးနောက်မှာ လှောင်ပြောင်လိုသည့် အမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ထွက်ပေါ်လာခဲ့သည်။ သူသည် ကျောက်ယွမ်၏ စိုးရမ်နေသည့် အမူအရာကို တွေ့လိုက်ရသောကြောင့်ဖြစ်လေသည်။ သူ့စိတ်ထဲတွင် ကျောက်ယွမ်သည် အကဲဖြတ်မှု ကို စိုးရိမ်နေတာဖြစ်လိမ့်မည်ဟု ယူဆလိုက်လေသည်။


You are reading the story above: TeenFic.Net