ဆေးမီးဖိုမှ အပူငွေ့များထွက်လာပြီးသည့်နောက် လူတိုင်းသည် မီးဖိုဆီသို့ကြည့်လိုက်ကြသည်။
သူတို့၏ မျက်နှာထက်တွင်တော့ မယုံကြည်နိုင်မှုများနှင့်။
ကျောက်ယွမ်မှာ အမှန်တကယ်အောင်မြင်တော့မည်။
သူတို့သည် သူ၏ ကြမ်းတမ်းတဲ့ ဆေးဖော်ခြင်းနည်းလမ်းက ဆေးလုံးများ အမှန်တကယ်ဖော်စပ်နိုင်လိမ့်နည်ဟု မထင်ခဲ့ကြချေ။ အကုန်လုံး နားမလည်နိုင်ဖြစ်နေခဲ့ကြသည်။
မဟာအကြီးအကဲမှာလည်း စိတ်ရှုပ်ထွေးသွာသော်ငြား သူကထိုကိစ္စနှင့်ပတ်သတ်၍ အများကြီးမစဉ်းစားချေ။
ဤသည်က ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးကို ဖော်စပ်ရန် နည်းလမ်းမှန်လည်းဖြစ်နိုင်သည်။
သူ၏ ဂရုတစိုက်ပြုလုပ်နေသော နည်းလမ်းမှာ မှားယွင်းနေသည်လည်းဖြစ်နိုင်သည်။
သူကခေါင်းခါလိုက်ပြီး ဆေးမီးဖိုပေါ်တွင်သာ အာရုံထားလိုက်သည်။
တစ်ခြားသောဆေးလုံးများသည် ဆေးနံ့များ ထုတ်လွှင့်လေ့ရှိသော်လည်း ထိုအရာမှာ ဆေးစွမ်းအင်ဆုံးရှုံးရခြင်းသာဖြစ်လေသည်။
ထုတ်လွှင့်နေသော ဆေးရနံ့ကြောင့် ဆေးလုံးများ၏ ဆေးစွမ်းအင်မှာ အချိန်တစ်ခုကြာလျှင် လျော့နည်းသွားလေ့ရှိသည်။
တစ်ခြားတစ်ဖက်တွင်မူ ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးကို ဖော်စပ်ရန်နည်းလမ်းမှာ တစ်ခြားဆေးလုံးများဖော်စပ်ရသည်နှင့် မတူညီပေ။ သက်ရောက်မှုများမှာလည်း မိုးနှင့်မြေအလားပင်။
ပြီးပြည့်စုံခြင်းဆေးလုံးများ၏ သဘာဝအရ ဆေးစွမ်းအင်များသည် လုံးဝယုတ်လျော့ပဲ တည်ရှိလေသည်။
ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးများကို ခွဲခြားရန် နည်းလမ်းများစွာရှိလေသည်။
ပထမတစ်ခုမှာ အနံ့ခံကြည့်ရန်ဖြစ်သည်။ ဒုတိယတစ်ခုမှာတော့ အရောင်နှင့် ပုံသဏ္ဍန်ဖြစ်သည်။ တတိယတစ်ခုမှ ထိုဆေးလုံး၏ ဆေးစွမ်းအင်များကို စမ်းသပ်ရန်ဖြစ်သည်။
မီးအရှိန်တစ်ခုထွက်လာပြီးနောက် ဆေးမီးဖိုထဲ မီးတောက်မှာ ငြိမ်းသက်သွားသည်။
ကျောက်ယွမ်သည် ရှေ့တိုးလိုက်ကာ ဆေးမီးဖို၏ နှုတ်ခမ်းဝကို ဖွင့်လိုက်သည်။ သူဖွင့်လိုက်သည့်အချိန်မှာပဲ အနီကောင် အခိုးအငွေ့တို့က ထွက်ပေါ်လာခဲ့သည်။ ထိုအငွေ့များပူနေသောကြောင့် ကျောက်ယွမ်မှာ နောက်သို့ဆုတ်လိုက်ရလေသည်။
လူကြီးတစ်ယောက်သည် ကျောက်ယွမ်၏ ရှေ့၌ ထွက်ပေါ်လာခဲ့ပြီး အပူငွေ့များအား တားဆီးလိုက်သည်။ ထိုနောက် မီးဖိုထမှ ဆေးလုံးများကိုယူလိုက်သည်။
ကျောက်ယွမ်မှာ ဤသည်ကိုမြင်လိုက်ပြီးနောက် အနည်းငယ်ထိတ်လန့်သွားရသည်။ မီးဖိုမှထွက်ပေါ်နေသော အပူရှိန်မှာ သူတောင့်မခံနိုင်သည် အထိပူသည်။
အကယ်၍ သူသာ မီးဖိုထဲသို့ လက်ထည့်လိုက်ပါက သူ့လက်တစ်ခုလုံးမှာ လောင်ကျွမ်းပြာကျသွားနိုင်သည်။
သိုသော်ငြား မဟာအကြီးအကဲမှာ မီးဖိုထဲသို့ လက်ထည့်ကာ ဆေးလုံးများအားထုတ်ယူလိုက်လေသည်။
အပူရှိန်က သူ့အား မသက်ရောက်သည့်အလားပင်။
မဟာအကြီးအကဲမှာ အရင်ရောက်လာသူဖြစ်ပြီး ထို့နောက်တွင် စိတ်ဝိညာဉ်တောင်ကြား၏ ဂိုဏ်းချုပ်ဖြစ်သော် လင်းချင်းယွမ်ရောက်လာတော့သည်။
သူ၏မျက်လုံးထဲတွင် သိလိုစိတ်များပေါ်လွင်နေသည်။ သူသည် ဆေးလုံးများက ပြီးပြည့်စုံအဆင့်သို့ရောက်မရောက် သိလိုနေသည်။
လူအုပ်ကြီးကလည်း ဆေးမီးဖိုအနီးသို့ ချဉ်းကပ်လိုက်ကြသည်။
အကြီးအကဲသည် သူ့လက်ထဲရှိဆေးလုံးများကိုကြည့်ကာ သူ့အသံမှာ အနည်းငယ်တုန်ယင်နေကာ ပြောလိုက်သည်။
"ဆေးစွမ်အင်တေထွစိမ့်ထွက်နေတာမျိုးမရှိဘူး။ အရောင်ကလည်းပြည့်စုံတယ်။ ပြီးတော့ အပြစ်အနာအဆာလည်းမရှိဘူး။ သူတို့က ပြီးပြည့်စုံအဆင့် ဆေးလုံးတွေပဲ။"
မဟာအကြီးအကဲ၏ စကားကိုကြပြီးနောက် ရှိနေသောလူတိုင်းမှာ အေးခဲသွားကြရပြန်သည်။
သူတို့မှာ သူတို့ကိုယ်သူတို့ပြင်ဆင်ထားကြပါသော်လည်း မဟာအကြီးအကဲကိုယ်တိုင်က ကျောက်ယွမ်သည် ပြီးပြည့်စုံအဆင့်ဆေးလုံးများကို ဖော်စပ်ခဲ့သည်ဟု ပြောလိုက်သည့်အချိန်တွင်ူ သူတို့၏ရင်ထဲက တုန်လှုပ်မှုများကို ချုပ်ထိန်းထားနိုင်စွမ်းမရှိတော့ချေ။
သူတို့ထိုအကြောင်းကိုတွေးမိသောအခါ အရင်က ဆေးလုံးဆယ့်နှစ်လုံးမှာလည်းကျောက်ယွမ်ဖော်စပ်ထားခြင်းသာဖြစ်ကြောင့် သေချာသွားလေသည်။
ကျောက်ယွမ်သည် ပြီးပြည့်စုံအဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ရုံသာမက ဆက်တိုက်ပင်ဖော်စပ်နိုင်ခဲ့သည်။
ဆေးပညာတွင်အတွေ့အကြုံရှိကြသော လူများသည် ကျောက်ယွမ်အား လေးစားအားကျစွာကြည့်လိုက်ကြတော့သည်။
သူတို့သာ ဆေးလုံးများကို နှစ်ကြိမ်ဆက်တိုက်ဖော်စပ်ရန် မည်မျှခက်ကြောင်းနားလည်လေသည်။
သူတို့အနေနှင့် သာမန်ဆေးလုံးများကို ဖော်စပ်လျှင်ပင် ထိုသို့ အကြိမ်တိုငိးအောင်မြင်နိုင်ရန် အာမမခံနိုင်ပေ။
ပုံမှန်အားဖြင့် ဆေးဆရာတစ်ယောက်သည် ဆေးလုံးတစ်လုံးဖော်စပ်ပြီးသည်နှင့် ရက်အနည်းငယ်ကြာအနားယူရန်လိုအပ်လေသည်။ သူတို့၏ စိတ်အခြေအနေကို ပြန်လည်ပြင်ဆင်ပြီးချိန်မှ ထပ်မံဖော်စပ်နိုင်ကြသည်။
သို့သော်ကျောက်ယွမ်မှာ တစ်နေ့ထဲ၌ပင် ဆေးလုံးများနှစ်ကြိမ်ဖော်စပ်ခဲ့လေသည်။ ထို့အပြင် သူက ပြီးပြည့်စုံအဆင့် ဆေးလုံးနှစ်သုတ်ဖော်စပ်ခဲ့ခြင်းဖြစ်လေသည်။
သူတို့အနေနှင့် ဤအဖြစ်အပျက်သာ သူတို့ရှေ့၌ ဖြစ်ပေါ်ခဲ့ပြီး သူတို့ကိုယ်တိုင်မြင်တွေ့ခဲ့ရခြင်း မရှိခဲ့ပါက ယုံကြည်နိုင်ကြမည်မဟုတ်ပေ။
"တော်တယ် ကောင်လေး" ဆရာဆေးလုံးက ချီးကျုးလိုက်သည်။ သူသည် သူ့၏စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်တော့လေပဲ ကျောက်ယွမ်ပုခုံးကို ပုတ်လိုက်တော့သည်။
ခွက်
ကျောက်ယွမ် သူ့လက်မောင်းမှာ အဆစ်လွဲသွားသံကိုကြားလိုက်ရသည်။
သူက စိတ်ထဲကနေပဲ
သူက စိတ်ထဲမှညည်းညူလိုက်ပြီးနောက် လက်မောင်ကိုကိုင်ကာ အဆစ်ကိုပြန်တည့်လိုက်သည်။
ဆရာဆေးလုံးမှာ စကားကောင်းကောင်းပင်မပြောနိုင်အောင် ကျောက်ယွမ်အပေါ် အားရပီတိဖြစ်နေသည်။
သူ့အနေနှင့် နှစ်တစ်သောင်းမှ တစ်ယောက်လောက်သာထွက်ပေါ်နိုင်သော ပါရမီရှင်မျိုးကိုတွေ့နေလေသာ မည်သို့ အံ့အားမသင့်ဘဲနေနိုင်မည်နည်း။
ပြီးပြည့်စုံအဆင့် ဆေးလုံးဖော်စပ်နိုင်သည့်ပါရမီရှင်ဆိုသည်မှာ မကောင်းဆိုးဝါးအလားပင်။
ကျင့်ကြံခြင်းလောကတစ်ခုလုံးတွင်ပင် ထိုသို့သော ပါရမီရှင်မျိုးက ရှားပါလှပေသည်။ သူတို့ဂိုဏ်းအနေနှင့် ကျောက်ယွမ်ကို အားကိုးကာ ယခုလက်ရှိကြုံတွေ့နေရသော အကြပ်အတည်းများကို ကျော်လွှားနိုင်ကာ ပိုမိုမြင့်မားသောအဆင့်ဆိုရောက်နိုင်ပေမည်။
ထို့အပြင် သူ့အနေနှင့် ကျောက်ယွမ်နှင့်အတူ ဆေးပညာအကြောင်းမှားကို လမ်ညွှန်ဆွေးနွေးလို့ရပေသည်။
လူအများရှေ့တွင် သိက္ခာထိန်းနေရ၍မဟုတ်ပါက သူသည် ကျောက်ယွမ်ကို တစ်ခြားဆီသို့ ဆွဲခေါ်သွားမည်ဖြစ်သည်။
ကျောက်ယွမ်နှင့်သာဆိုပါက သူ့နေနှင့် နှစ်တစ်ရာလောက်အပြင်မထွက်ဘဲနေလည်း ပျင်းရိလိမ့်မည်မဟုတ်ချေ။ အရိုးသားဆုံးပြောရလျှင် သူ့အတွက် ဆေးဖော်ရခြင်းမှာ ပျင်းစရာမကောင်းချေ။ ပျော်စရာအပြည့်နှင့်ပင်။
ဆရာဆေးလုံးမှာ ကျောက်ယွမ်ကလည်း သူကဲ့သို့ဖြစ်လိမ့်မည်ကို သံသယမရှိချေ။ ကျောက်ယွမ်မှာ ဆရာဆေးလုံး၏ မျက်လုံးများကိုကြည့်ပြီး ကျောချမ်းသွားသည်။
ဤအချိန်တွင် လူတိုင်းက ဘေးနားတွင် စုစည်းနေကြသည်။ သူတို့၏ မျက်လုံးများတွင်တော့ စိတ်လှုပ်ရှားမှုများနှင့်။
ဂျူနီယာညီမလေးအချို့တို့၏မျက်လုံးထဲ၌ အံ့အားသင့်မှုမျပြည့်နေပြီး ကျောက်ယွမ်ကို ဆွဲဆောင်သလို ကြည့်လိုက်ကြကာ သူ၏အာရုံစိုက်မှုကိုရအောင် လုပ်နေကြသည်။
အရင်းအမြစ်ရှားပါနေခြင်းတွင် ဆေးဆရာတစ်ယောက်နှင့်သာရည်းစားဖြစ်နေပါက အလွန်အကျိုးရှိပေမည်။
ထို့အပြင် ကျောက်ယွမ်သည် ပြီးပြည့်စုံအဆင့်ဆေးလုံးများကို ဖော်စပ်နိုင်သူဖြစ်လေသည်။
ထိုသို့သောလူ၏ ရည်းစားဖြစ်နေသော မိန်းကလေးမှာ မည်းသည့်နေရာသို့သွားသွား ထင်ပေါ်နေမည်ဖြစ်သည်။
မိန်းကလေးများက ထိုအကြောင်းတွေးမိလေသောအခါ ကျောက်ယွမ်သတိထားမိစေရန် မျှော်လင့်ချက်နှင့် ကျောက်ယွမ်အနားသို့ အလျင်အမြန်သွားလိုက်ကြသည်။
တစ်ခဏအတွင်းမှာပင် ကျောက်ယွမ်မှာ ရနံ့အမျိုးမျိုးနှင့် ဝန်းရံခံလိုက်ရသည်။
"အကိုကျောက်ယွမ် အကိုကတော်လိုက်တာ"
"သူတို့တွေက အကို့ကိုခုမှယုံနေကြတာ။ ညီမပဲအကို့ကိုယုံတာ။"
ခပ်စွာစွာ အသံလေးထွက်ပေါ်လာခဲ့သည်။ ထို့နောက်ကျောက်ယွမ်မှာ သူ့ပခုံးတွငိ အလေးချိန်တစ်ခုကို ခံစားလိုက်ရသည်။ သူသည် သူ့လက်မောင်းမှာ နူးညံ့ချောမွေ့မှုတစ်ခုကိုခံစားလိုက်သည်။ ထို့အပြင် ရနံ့လေးများလည်းသင်းနေသည်။
သူက ခေါင်းငုံ့လိုက်ချိန်တွင် ရှောင်အာက သူ့အား ကိုအာလာဝက်ဝံလေးတစ်ကောင်လို တွဲခိုနေသည်ကိုတွေ့လိုက်သည်။
"ဟုတ်ပါပြီ အကိုလည်းရှောင်အာကိုယုံပါတယ်။"
ကျောက်ယွမ်သည် ရှောင်အာဟန်ချက်ပျက်သွားမည်ကို စိုးရိမ်၍သူမ၏ခါးလေးအားထိန်းကာ ဖက်လိုက်သည်။
သူမ၏ခါးမှာ သေးသွယ်နေ၍ သူမ၏ခါးတစ်ခုလုံးကို သူ့လက်နှင့်ဖက်၍ပင် ရလေသည်။
ကျောက်ယွမ်၏အပြုအမူကြောင့် ရှောင်အာမှာ အလွန်ပင် ရှက်သွေးဖြာသွားကာ မျက်နှာမှ လည်ပင်းအထိ နီရဲသွားတော့သည်။
ဤအဖြစ်အပျက်ကိုမြင်ပြီး ချင်ရှု၏မျက်လုံးများပြူးကျယ်သွားရတော့သည်။ သူသည် ကျောက်ယွမ်အားစိုက်ကြည့်ကာ အံကြိတ်လိုက်လေရာ သွားဖုံးမှသွေးများပင်ထွက်လာခဲ့သည်။
သူက ကျောက်ယွမ် ပြီးပြည့်စုံအဆင့်ဆေးလုံးဖော်စပ်သည်ဖြစ်စေ ဂရုမစိုက်တော့ချေ။
သူသည် ရှောင်အာက ကျောက်ယွမ်အား ဤမျှနှစ်သက်သဘောကျနေရခြင်းကို နားမလည်နိုင်ခဲ့သည်။
အဘယ့်ကြောင့်များ ရှောင်အာက ကျောက်ယွမ်ပေါ်တွင် အစကတည်းက ယုံကြည်ခဲ့ရသနည်း။
သူကြိုက်နေရသည့်ကောင်မလေးက တစ်ခြားသူတစ်ဦး၏ လက်မောင်းထဲတွင် ရှိနေသည်ကို မြင်ရခြင်းကြောင့် ခံပြင်းဒေါသထွက်နေလေသည်။ သူသည် ကျောက်ယွမ်နှင့် သေသည်အထိတိုက်ခိုက်ရန်သာ စိန်ခေါ်လိုက်ချင်တော့သည်။
စုဝမ်ရီသည် လူများဝိုင်းနေသော ကျောက်ယွမ်အားကြည့်ကာ
သူမကိုယ်သူမမေးခွန်းထုတ်မိလေတော့သည်။
ဂျုနီယာမောင်လေးများပြောသည်များကို နားထောင်ပြီးနောက်သူမလည်း ကျောက်ယွမ်ကျရှုံးလိမ့်မည်ဟု ယုံကြည်ခဲ့သည်။ သို့သော်ငြား အံအားသင့်စရာကောင်းစွာ ကျောက်ယွမ်က အမှန်တကယ်ပဲ ဤသို့ ရိုးရှင်းကြမ်းတမ်းသောနည်းလမ်းနှင့်ပြီးပြည့်စုံအဆင့်ဆေးလုံးကို ဖောစပ်နိုင်ခဲ့သည်။
ခဏကြာမျှ တွေးတောပြီးနောက် သူမက သက်ပြင်းချလိုက်သည်။
သူမက တွေးလိုက်မိသည်
"ကြည့်ရတာ ကျောက်ယွမ်က သာမန်အသိတွေနဲ့ ဆုံးဖြတ်မရဘူးပဲ"
You are reading the story above: TeenFic.Net