အခန်း ၁၇။ ဆေးပညာ

Background color
Font
Font size
Line height

လူအုပ်ကြီးမှာ ကျောက်ယွမ်က ဟင်းချက်နေသကဲ့သို့ ဆေးအမယ်များပစ်ထည့်နေသည့်ကို ကြည့်နေကြသည်။ သူသည် ဆေးဖော်နေသည့်ပုံပင်ပေါက်ချေ။

သူ့လုပ်ဆောင်မှုသည် ကြည့်လူတိုင်းအား စိတ်ပျက်သွားစေသည်။ လူတိုင်းက သူသည် ကြိုးစားမနေတော့ဘဲ အရှုံးပေးလိုက်သည်ဟု ထင်ကုန်ကြသည်။

မဟာအကြီးအကဲမှာလည်း အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ ထိုအချိန်မှပဲ ရှိနေကြသောလူတိုင်း မဟာအကြီးအကဲရောက်နေမှန်း သိလိုက်ကြသည်။

"မဟာအကြီးအကဲတောင်ရောက်နေတာပါလား"

"အပြင်ကို ထွက်မလာတာ နှစ်ပေါင်းများစွာကြာ‌နေတဲ့ဂိုဏ်းရဲ့ မဟာအကြီးအကဲတောင်ရောက်လာတာ။ ကြည့်ရတာ ကျောက်ယွမ်ကြောင့် လူတွေအတော်စိတ်ဝင်စားနေကြတာပဲ"

"မဟာအကြီးအကဲကလည်းကျောက်ယွမ်ကို ကြည့်ဖို့ရောက်လားတာလား"

"ဟုတ်လောက်တယ်။ ဒါပေမဲ့ ဆရာဆေးလုံးကြည့်ရတာ မျက်နှာသိပ်မကောင်းဘူး။"

လူတိုင်သည် မဟာအကြီးအကဲအားကြည့်လိုက်ကြပြီး သူ၏မျက်နှာပေါ်က မသာယာမှုကို တွေ့လိုက်ကြသည်။

လူတိုင်းမှာ ကျောက်ယွမ်၏ လုပ်ဆောင်မှုကိုမြင်ပြီး‌နောက် မဟာအကြီးအကဲ၏အမူအရာကို နားလည်နိုင်ကြလေသည်။

ချင်ရှုသည် ကျောက်ယွမ်၏ လုပ်ဆောင်မှုကို မြင်ပြီးသည့်နောက် စိတ်သက်သာရာရသွားခဲ့သည်။ သူ့မျက်နှာပေါ်တွင်လည်း လှောင်ပြုံးတစ်ခုထွက်ပေါ်လာသည်။

ကျောက်ယွမ်၏ ယုံကြည်ချက်ရှိသော အမူအရာသည် လူတိုင်းအား သူသည် တကယ်ဖော်စပ်နိုင်လိမ့်မည်ဟု ထင်သွားစေခဲ့သည်။

ယခုတွင်မူ ကျောက်ယွမ်က အရှုံးပေးလိုက်ပြီး ဆေးဖော်ရန် အစီအစဉ်မရှိသည့်ပုံပင်။

တစ်ယောက်ကပြောလိုက်သည်
"ကျောက်ယွမ်လိုကောင်ကိုတွေ့ပြီးတော့ ဘယ်လိုလုပ်ဆရာဆေးလုံးက မျက်နှာကောင်းမှာလဲ။ ကျောက်ယွမ်က ဘယ်လိုဆေးဖော်ရမလဲဆိုတာမသိတဲ့အပြင် ဆေးအမယ်တွေကိုဖြုန်းတီးနေတာလေ"

"ဟုတ်‌တာပေါ့။ ကျောက်ယွမ်က အရင်ကတည်းက အသုံးမကျတဲ့ကောင်ပဲလေ။ သူ့မှာ အနာဂတ်မရှိတော့ဘူးလို့ တွေးမိလို့နေမှာပေါ့။ လူတွေ သူ့ကို မှတ်မိနေအောက် ထူးခြားတာတစ်ခုခုလုပ်ချင်နေတာ။"

"အခုတော့ နောက်ကျသွားပြီ။ ကျောက်ယွမ်ရဲ့ နည်းလမ်းကြီးက လုံးဝမှားနေတာလေ။ ဒီပုံစံနဲ့ ဘယ်လိုလုပ် ဆေးဖော်နိုင်မှာလဲ။"

"ဟူး သူ့သာသူ အသုံးမကျလည်းနေလေ။ အခုက သူက ဂိုဏ်းချုပ်တို့ ဆရာဆေးလုံးတို့ကို‌ပါ အနှောင့်အယှက်ပေးနေတာ။ သူကငါတို့ဂိုဏ်းအတွက်တော့ပြသာနာကောင်ပဲ။"

"လူတိုင်း အဲ့ကောင်နဲ့ ဝေးဝေးနေကြ။ ကြည့်ရတာ သူ့ဆေးမီးဖိုက ပေါက်ကွဲတော့မဲ့ပုံပဲ။ လူတိုင်း နောက်ဆုတ်ကြ။"

လူအုပ်ကြီး၏စကားများကို ကြားပြီး လင်းချင်းယွမ်မှာ အနည်းငယ်ခက်ခဲသလို ခံစားလိုက်ရသည်။ သူရှိနေသည်တွင်ပင် တပည့်များသည် ကျောက်ယွမ်အား သူ့ရှေ့၌ လှောင်ပြောင်နေကြလေသည်။ သွယ်ဝိုက်စွာပဲ သူတို့က ကျောက်ယွမ်ကု အခွင့်အရေးပေးခဲ့သော သူ့အား မလေးမစားလုပ်နေကြခြင်းပင်။ သူတို့အနေနှင့် ထိုသို့မ‌ပြောခင်ကျောက်ယွမ်ပြီးသည်အထိ မစောင့်သင့်ပေလော။

လင်းချင်းယွမ်က ရှေ့သို့ထွက်ပြီး လူအုပ်ကိုငြိမ်ခိုင်းတော့မည့်အချိန်တွင် သူ့အား မဟာအကြီးအကဲက မျက်တောင်မခတ် စိုက်ကြည့်နေသည်ကို မြင်ပြီး ဂိုဏ်းချုပ်၏ ဒေါသများမှာ ပျောက်ကွယ်သွားကာ ကိုးရို့ကားရား ပြုံးလိုက်လေသည်။

ထို့နောက် သူ့အကြည့်က စုဝမ်ရီဆီရောက်သွားကာ သူမအား စိုက်ကြည့်လိုက်လေသည်။

ဂိုဏ်းချုပ်၏အကြည့်ကြောင့် စုဝမ်ရီမှာ စိတ်ရှုပ်‌ထွေးသွားရသည်။
သူမက တွေးလိုက်သည်

"ဂိုဏ်းချုပ်က ဘာလို့ငါ့ကိုစိုက်ကြည့်နေတာလဲ။ ခုမှရောက်လာတာကို။"

သူမက ဂိုဏ်းချုပ်ဆီကို နှုတ်ဆက်ရန်သွားသောလည်း ဂိုဏ်းချုပ်သည် ချက်ချင်းပဲ ပျံသန်းသွားသည်။ သူမသည်နောက်ကလိုက်သော်လည်း ကံမကောင်းစွာနှင့်ပဲ ဂိုဏ်းချုပ်က မြန်လွန်းနေသည်။မျက်စိတစ်မှိတ်အတွင်းပင် သူမမှာ သူ့အားမမြင်ရတော့ပေ။

သူမသည်ဆေးခန်းမသို့ရောက်ပြီးနောက် နဂိုရှိခဲ့သောလူထက်လူအနည်းငယ်သာရှိတော့သည်ကို တွေ့လိုက်ရသည်။

မေးမြန်းပြီးသည့်နောက် ဂိုဏ်းချုပ်ကလူများအား ဆေးဖောခန်းအမှတ် (၁)သို့ ခေါ်ဆောင်သွားကြောင်းသိလိုက်ရသည်။

သူမလူအုပ်ကြီးဆီသွားလိုက်သည့်အခါတွင် ကျောက်ယွမ်သည် ဆေးမဖော်စပ်‌တတ်ကြောင်းသိလိုက်လေသည်။

"စီနီယာအမကြီး ကျောက်ယွမ်က တကယ်ကြီး ဆေးမဖော်စပ်တတ်ဘူး။ သူ့နည်းလမ်းတွေကိုကြည့်လိုက်ဦး။ ဆေးဖော်နေတဲ့ပုံပေါ်လို့လား။"

"ဟုတ်တယ်။ ကျောက်ယွမ်က တကယ့်အမှိုက်ပဲ။ သူအရင်တုန်းက အလိမ်မပေါ်ခဲ့ပေမဲ့ အခုလူတိုင်းရဲ့ရှေ့မှာတော့ ဆက်ဟန်ဆောင်လို့မရတော့ဘူး။ "

ထိုစကားများကို ကြားပြီးနောက် စုဝမ်ရီ၏နှလုံးသားမှာ တဖြည်းဖြည်းနစ်မြုတ်သွားတော့သည်။ သူမအထင်ကြီးထားခဲ့ရသော လူတစ်ယောက်သည် ယခုကဲ့သို့ ဆေးဖော်စပ်နေလိမ့်မည်ဟု တွေးမထားမိချေ။

ဂိုဏ်းချုပ်မှာ သူမကိုယုံပြီး သူမပြောသည့်သူအား ဆေးဖော်ခန်းအမှတ် (၁)သို့ခေါ်ဆောင်လာခဲ့သည်။ အခုတွင်မူ ကျောက်ယွမ်မှာ မည်သို့ဆေးဖော်စပ်ရမည်ကိုပင် သိသည့်ဟန်မပေါ်ပေ။

စုဝမ်ရီ၏မျက်နှာပေါ်တွင် ဒေါသအရိပ်အယောင်တို့ပေါ်လာသည်။

ထိုအချိန်တွင် ချင်ရှုမှာ ကိုယ့်ကိုကိုယ် မထိန်းချုပ်တော့ဘဲ ကျောက်ယွမ်အား ကျယ်လောင်စွာ လှောင်ပြောင်တော့သည်။

"ကျောက်ယွမ် အမှိုက်ကောင် မင်းဆေးမဖော်တတ်ရင်လည်း ဆေးအမယ်တွေကို ဖြုန်းမပစ်နဲ့။ အခုခေတ်ထဲ ဆေးပင်တွေရှာရတာ မလွယ်မှန်းမသိဘူးလား"

"မင်းက အခုချိန်အထိကြွားဖို့ကြိုးစားနေတာလား။ မင်းကလူတိုင်းရဲ့အချိန်ကိုဖြုန်းနေတာပဲ"

ကြည့်ရသည်မှာ ကျောက်ယွမ်အနေနှင့် သူလုပ်ခဲ့သောအရာများဆီမှ လွတ်မြောက်နိုင်တော့မည်မဟုတ်ပ။ ချင်ရီုမှာ ထိုအကြောင်းတွေးမိပြီး စိတ်လှုပ်ရှားနေသည်။

သူကကျောက်ယွမ်ကို ဆက်လှောင်နေသည်။

ရှောင်အာ ချင်ရှု၏လှောင်ပြောင်မှုတွေကို ကြားချိန်မှာတော့ သူမမှာ ဒေါသထွက်သွားလေသည်။ သူမသည် ဓားကိုဆွဲထုတ်က ချင်ရှုဆီကို ချိန်ရွယ်လိုက်တော့သည်။

ချင်ရှုသည် ပျော်ရွှင်စိတ်လှုပ်ရှားစွာ လှောင်ပြောင်နေချိန်တွင် ဓားတစ်လက်က သူ‌ရှေ့သို့ရောက်လာလေသည်။ ဓားမှာ အလွန်သေးငယ်ကာ ပါးလွှာလေသည်။ ကလေးတစ်ယောက်၏အရုပ်ကဲ့သို့ပင်။ သို့သော်ငြားထိုအထဲတွင် စိတ်ဝိညာဉ်ချီအမြောက်အများပါလေသည်။

အကယ်၍ ထိုဓားသာ သူ့အားတိုက်ခိုက်လိုက်ပါက သူ့အနေနှင့် တားဆီးနိုင်လိမ့်မည်မဟုတ်ချေ။

"နင် အကိုကျောက်ယွမ်ကို ထပ်ပြီး လှောင်ကြည့် နင့်ကိုသတ်ပစ်မယ်။"

ရှောင်အာ၏ ဒေါသထွက်နေသော အသံမှာ ချင်ရှုနားထဲရောက်လာသည်။

ချင်ရှုမှာ ချွေးစေးများပင်ထွက်လာသည်။ ရှောင်အာ၏အသံအရ သူမသည် တကယ်လုပ်ပေလိမ့်မည်။

လူအုပ်ကြီးက ဤသည်ကိုမြင်ပြီး သူတို့ပါ ပါမသွားစေရန် နောက်သို့အလျင်အမြန်ဆုတ်လိုက်ကြသည်။

အတွင်းစည်း တပည့်များကြားကရန်ပွဲသည် သူတို့လို အပြင်စည်းတပည့်များ ဝင်ပါနိုင်သည့်အရာမဟုတ်ပေ။ အတွင်းစည်းတပည့်နှစ်ယောက်တိုက်ခိုက်သည်မှ ထွက်ပေါ်လာသည့် စွမ်းအားလှိုင်းများနှင့်ပင် သူတို့မှာ ဒဏ်ရာရသွားနိုင်သည်။

စုဝမ်ရီက ကြားဝင်ပြီး
"တော်ပြီ ဒီလောက်ပဲ ကျောက်ယွမ်ပြီးတဲ့အထိစောင့်လေ။ အဆုံးမှပဲ ဘာဖြသ်မလဲသိမှာမလား။"

လူတိုင်းက သူမ၏ ငြင်သာတဲ့ အသံလေးကိုကြားလိုက်ရပြီးနောက် သူတို့အပေါ်နွေဦးလေပြေလေးတိုက်ခတ်သွားသည့်နှယ် ခံစားလိုက်ရသည်။

စုဝမ်ရီ၏ ဖြောင်းဖြမှုကြာင့် ရှောင်အာသည် ဓားကိုဖြည်းညှင်းစွာချလိုက်သည်ာ ချင်ရှုကို တစ်ချက်စိုက်ကြည့်ပြီးနောက် ကျောက်ယွမ်ဆီသို့ပြန်ကြည့်လိုက်သည်။

တစ်ခြားသူများ မည်သို့ထင်သည်ဖြစ်စေ သူမသည် အကိုကျောက်ယွမ်ကိုသာ ယုံကြည်မည်ဖြစ်သည်။

ချင်ရှုသည် သေခြင်းတရားမှ လက်မတင်လေး လွတ်မြောက်လာပြီးသည့်နောက် ကျောက်ယွမ်အပေါ်တွင်ရှိ‌သည့် မနာလိုအမုန်းတရားတို့မှာ ပိုမိုကြီးထွားလာတော့သည်။

သူသည်စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်
"ကျောက်ယွမ် မင်းက အသုံးမကျတဲ့ကောင်ပဲကို ဘာလို့ ဂျူနီယာညီမလေး ရှောင်အာက မင်းဘေးပဲရှိနေရတာလဲ။"

ကျောက်ယွမ်သည် မည့်သည့်အရာကိုလုပ်ခဲ့၍ ဂျူနီယာညီမရှောင်အာက သူ့အာ့ ထိုမျှယုံကြည်နေရသနည်း။

သူသည် လုံးဝပင် အမှိုက်‌ကောင်သာဖြစ်သည်။ ချင်ရှုမှာ သူသည် မည်သည့်နေရာတွင် ကျောက်ယွမ်ထက် နိမ့်ကျနေသည်ကို သိချင်နေမိသည်။

သူ့အနေနှင့် လက်မခံနိုင်ချေ။

အတွင်းစည်းတပည့်နှစ်ယောက်ကြားမှ အဖြစ်အပျက်ပြီးနောက် လူတိုင်းက ကျောက်ယွမ်အား ပြန်ကြည့်လိုက်ကြသည်။

လူအတော်အများက သူ့အပေါ်တွက် များများတွေးမထားကြချေ။ တစ်ချို့သူများဆိုလျှင် ဆက်မကြည့်ဘဲ ထိုင်ကာ မျက်လုံးများမှိတ်၍ အနားယူနေကြသည်။ သူတို့သည် ကျောက်ယွမ်အပေါ်တွင် မျှော်လင့်မထားသည်မှာ အသိသာပင်။

ထိုလူများမှလွဲ၍ ကျောက်ယွမ်အားကြည့်နေသော ဆေးဆရာတစ်ချို့လည်းရှိပေသည်။ သူတို့အားလုံးသတိထားမိသည့်တစ်ခုရှိလေသည်။

ကျောက်ယွမ်သည် အဘယ့်ကြောင့် ဆက်ပြီးလုပ်ဆောင်နေနိုင်သနည်း။

ယုတ္တိကျကျကပြောရလျှင့် သူ၏နည်းလမ်းအရည သူ့အနေနှင့် ကျရှုံးသွားသင့်သည်မှာ ကြာပြီဖြစ်သည်။ အနည်းဆုံးတော့ ဆေးပင်များမှာ ပြာအဖြစ်သို့ ပြောင်းကာ ဆေးမီးဖိုထဲရှိမီးမှာလည်း ငြိမ်းသွားသင့်ပေသည်။ အဆိုးဆုံးအခြေအနေတွင်မူ ဆေးမီးဖိုပါ ပေါက်ကွဲသွားလိမ့်မည်။

မည်သို့ပင်ဖြစ်စေ ဤဆေးဖော်မှုက ရပ်တန်သွားသင့်နေသည်။

အဘယ့်ကြောင့်ကျောက်ယွမ်မှာ ဆက်လက်သန့်စင်နေနိုင်ပါသနည်း။

မဟာအကြီးအကဲသည်လည်းကျောက်ယွမ်အားကြည့်နေသည်။
သူသည်လည်း ဤမူမမှန်မှုကို သတိထားမိလေသည်။

ဆေး‌ဖော်ရာတွင် အောင်မြင်ရန် အခြေအနေနှစ်ခုလိုလေသည်။
ဆေးမီးဖိုအား အပူထိန်းချုပ်မှုနှင့် ဆေးပင်အချိုးအစားများကို မှန်မှန်ကန်ကန်အသုံးချနိုင်မှုတို့ဖြစ်ကြသည်။ ပုံမှန်အားဖြင့် ဆေးဖော်ခြင်းအောင်မြင်ရန် အသုံးပြုမည့် ဆေးပင်အချိုးအစားကို အရင်စီစဉ်ကာ အပူထိန်းချုပ်မှုအပေါ် အားစိုက်လုပ်ဆောင်ရခြင်းဖြစ်လေသည်။

သို့သော်ငြား ကျောက်ယွမ်၏နည်းလမ်းမှာ မကျရှုံးသေးချေ။ စိတ်ဝင်စားစွာနှင့်ပဲ သူသည် စိတ်လျှော့ကာ အဆုံးသတ်ရလဒ်ကို စောင့်နေသည်။

နောက်ဆုံးမှာတော့ အားလုံး၏အကြည့်အောင်မှာပင် ဆေးမီးဖိုမှ မီးတောက်များထွက်လာသည်။

ဝုစ်ရှ်

မသဲမကွဲအသံများနှင့် အပူလှိုင်းတို့၏အသံများမှာ ဆေးမီးဖိုမှ ထွက်ပေါ်လာလေသည်။

လူတိုင်းသည် ဤသည်ကိုမြင်ရချိန်တွင် အံအာ့သင့်ကာ စိတ်လှုပ်ရှားနေကြသည်။

ဆေးလုံးတွေမှာ ထွက်ပေါ်လာတော့မည်ဖြစ်သည်။


You are reading the story above: TeenFic.Net