အခန်း ၁၃။ ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးများ

Background color
Font
Font size
Line height

အခန်း ၁၃။ ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးများ

"မဖြစ်နိုင်ဘူး"

"ဒါက မဖြစ်နိုင်ဘူး"

ချင်ရှုသည် ကျောက်ယွမ်၏လက်ထဲက ဆေးလုံးများကိုကြည့်ပြီး မယုံနိုင်ဘဲ သူ့မျက်လုံးများကို ပွတ်လိုက်သည်။ ထို့နောက် သူသည် သူ့ပုံရိပ်ကိုတောင် ဂရုမစိုက်‌နိုင်တော့ဘဲ အော်ဟစ်‌လိုက်တော့သည်။

သူအော်ဟစ်နေသည်ကို အပြစ်တင်၍လည်းမရချေ။ ဖြစ်ပျက်နေသည်က သူ့အတွက် တုန်လှုပ်စေရန် လုံလောက်ပေသည်။

သူ့ကမ္ဘာကြီး ပြိုလဲသွားသလိုပင်။

ချင်ရှုမျက်နှာမှာ တောင့်တင်းသွားလေသည်။ သူ၏နှလုံးမှာလည်း ထိန်းမရအောင်ပင် ခုန်နေသည်။

သူ့အနေနှင့် မည်သို့ယုံကြည်ရမည်နည်း။

မည်သူကရော ယုံနိုင်မည်နည်။

ယုံရော ယုံကြည်ရဲကြမည်လော။

ချင်ရှုကလည်း ရှိနေသည့်လူတိုင်း ထိုသို့တွေးကြမည်ကို သိလေသည်။

ကျောက်ယွမ်သည် ပြီးပြည့်စုံအဆင့်ဆေးလုံးများကို သန့်စင်ခဲ့သည်။

အကယ်၍များ ဤသတင်းကိုသာ တစ်ယောက်ယောက်အား သူတို့ပြောလိုက်ပါက သူတို့ကို အရူးလို့ပင် ထင်သွားနိုင်သည်။

ဆေးပညာဟာ ကျင့်ကြံခြင်းနဲ့မတူပေ။

ဆေးပညာမှာလည်း ပါရမီကအရေးကြီးသော်ငြား လေ့ကျင့်မှုများနှင့် လွဲချော်မှုများအတွက် အရင်းအမြစ်အမြောက်အမြားလိုအပ်လေသည်။

ထို့အပြင် ဆရာတစ်ယောက်၏ လမ်းညွှန်ပြသမှုရှိလျှင်ပင် ဆေး‌ဆရာ‌တစ်ယောက်သည် အတွေ့အကြုံများကို တဖြည်းဖြည်းစုဆောင်းပြီးမှသာ ဆေးလုံးများကိုဖော်စပ်နိုင်လိမ့်မည်ဖြစ်သည်။

ဂိုဏ်းက လူများစွာ အရင်းအမြစ်များစွာကို အသုံးပြုကာ ဆေးဆရာများကို လေ့ကျင့်ပေးရန် ကြိုးစားရပေလိမ့်မည်။ ဤသည်က ဆေးဆရာတစ်ယောက်ဖြစ်ရန် လိုအပ်သည့်အရာများထဲမှာ ထိပ်ဆုံးကဖြစ်သည်။

ထို့အပြင် သူတို့အနေနှင့် လေ့ကျင့်ထားသော ဆေးဆရာများက ဖော်စပ်လိုက်သော ဆေးလုံးများအပေါ် အာမခံနိုင်စွမ်းမရှိပေ။
သူတို့က အဆင့်တစ်ဆေးလုံးများဖော်စပ်ရာတွင်ပင် ကျရှုံးနိုင်လေသည်။

ဆေးပညာနှင့် ပန်းပဲပညာတို့သည် ကျင့်ကြံခြင်းကမ္ဘာတွင် အရင်းအမြစ်များစွာ လိုအပ်သော ပညာရပ်များဖြစ်ကြသည်။

လုပ်ငန်းစဉ်၏ ရှုပ်ထွေးမှုနှင့် လိုအပ်သော အရင်းအမြစ်များမှာ တွေးဆ၍ပင်မရနိုင်ချေ။

ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးကို သန့်စင်နိုင်ရန်မပြောနှင့် လမ်းညွှန်မှုများမရှိဘဲ မည်မျှပင် ထိုပညာရပ်နှစ်ခုတွင် ပါရမီရှိသောလူဖြစ်စေကာမူ အောင်မြင်နိုင်လိမ့်မည်မဟုတ်ပေ။

ထိုအရာသည် အိပ်မက်မျှသာဖြစ်နေပေလိမ့်မည်။

လူတိုင်း၏စိတ်ကပုံမှန်ပြန်ဖြစ်သွားပြီးသော်လည်း သူတို့အနေနှင့် အဖြစ်မှန်ကို မယုံကြည်နိုင်သေးချေ။

တစ်ယောက်ကမေးလိုက်သည်

"ဒါက လိမ်နေတာမလား အခုနောက်ပိုင်းမှာ ပြီးပြည့်စုံအဆင့်ဆေးလုံးဆိုတာကမှ မရှိတော့တာ"

"မင်းက ငါတို့ကို ဆေးအတုကြီးနဲ့လိမ်နေတာမလား"

"ဒါပေမဲ့လည်း သူတို့မှာ လုံးဝအပြစ်အနာဆာမရှိဘူးလေ"

"စပျစ်သီးတွေမှာလည်း ရှိလို့လား ဒါပေမဲ့လည်း အဲ့တာတွေစားရုံနဲ့ ဘာအကျိုးထူးလို့လဲ။"

"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ကျောက်ယွမ်က ငါတို့ကိုအရူးလုပ်နေတာနေမှာ"

"ဟုတ်တယ် ဘယ်သူမှ ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးကို မမြင်ဖူးကြဘူး။ ခွဲခြားနိုင်တဲ့နည်းတွေပဲသိကြတာ။ အဲ့တော့ အတုလုပ်လိူ့ရတယ်"

"ဟုတ်တယ် အတူပဲဖြစ်ရမယ်"

"အတုတွေ ကျောက်ယွမ်က ငါတို့ကို အရူးတွေထင်နေတာ"

လူအုပ်ကြီးက ကျောက်ယွမ်ကိုမယုံကြောင်း ပြောဆိုကြ‌သည်။

ခဏအတွင်းမှာပင် ထိတ်လန့်မှုက မယုံကြည်မှုသို့ပြောင်းလဲသွားသည်။

အဓိက အကြောင်းအရင်းမှာ ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးများက အလွန်ရှားပါးသောကြောင့်ဖြစ်လေသည်။ ထိုသို့ဆေးလုံးမျိုးကို မည်သူကမျှ မမြင်ဖူးချေ။ သူတို့အနေနှင့် အမှန်မဖြစ်နိုင်ဟု ထင်ကြခြင်းမှာ သဘာဝပင်။

လူတိုင်းသည် ကျောက်ယွမ်က သူတို့ကိုလိမ်ရန် ဆေးလုံးအတုများကို ထုတ်ပြလိုက်ခြင်းဖြစ်မည်ဟု တွေးလိုက်ကြသည်။ ဘေးပတ်ဝန်းကျင်မှာ ဗရမ်းပတာပင်။

"ဘာတွေဖြစ်နေကြတာလဲ"

ခက်ထန်သော အသံတစ်ခု လူတိုင်း၏နားထဲတွင် ကြားလိုက်ရသည်။

အကုန်လုံးက ပြောဆိုနေတာရပ်လိုက်ကြပြီး နောက်ကိုကြည့်လိုက်သည်။

သူတို့သည် ဆံပင်ဖြူနှင့် လူကြီးတစ်ယောက်က အဂ္ဂိရက်ခန်းမ ဝင်ပေါက်တွင်ရပ်နေသည်ကိုတွေ့လိုက်ကြသည်။

သူသည် ခရမ်းနက်ရောင် ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ့တပည့်ဟုထင်ရသော ကလေးတစ်ယောက်လည်းရှိနေသည်။

လူကြီးမှာ တစ်ခေါင်းလုံး ဆံပင်များ ဖြူဖွေးနေသော်ငြား သူ၏မျက်နှာပေါ်တွင် မည်သည့်အရေးအကြောင်းမျှမရှိပေ။ သူက အလွန်နုပျိုနေသည်။

"အဲ့တာ ဆေးအကြီးအကဲပဲ"

"ဆေးအကြီးအကဲက ဒီကိုဘာလို့ရောက်လာတာလဲ"

"ဆေးအကြီးအကဲ အဂ္ဂိရက်ခန်းမရဲ့ အကြီးအကဲပဲ။ သူက အူတ်အော်သောင်းနင်းဖြစ်နေတာ‌ကြောင့်ရောက်လာတာနေမှာ"

"သွားပြီ ငါတို့လုပ်တာ ဆူညံသွားပြီး သတိထားမိသွားတာနေမှာ"

တီးတိုးသံတွေထွက်ပေါ်လာသည်။

ကျောက်ယွမသည်က ‌အဂ္ဂိရက်ခန်းမ၏အကြီးအကဲကိုကြည့်လိုက်ပြီး အနည်းငယ် ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။

သူက ဂိုဏ်းထဲရောက်နေသည်မှာ နှစ်အနည်းငယ်ကြာနေသော်လည်း ဂိုဏ်းထဲက အကြီးအကဲများအကြောင်းသေချာမသိပေ။ သို့သော် သူသည် အကြီးအကဲတစ်ချို့နှင့် တွေ့ဖူးပြီး သူတို့၏အကျင့်စရိုက်ကိုတော့ အနည်းငယ် နားလည်လေသည်။

အကြီးအကဲ၏ နာမည်က ယောင်ချန်းဖြစ်လေသည်။ သူက အဂ္ဂိရက်ခန်းမ၏ အကြီးအကဲဖြစ်ကာ ဆေးဖော်စပ်ရာတွင်ပဲ ပျော်မွေ့သောကြောင့် လူရှေ့သိပ်မထွက်ချေ။

သူတို့ အုတ်အော်သောင်းနင်းဖြစ်အောင်လုပ်မိပြီး အနှောင့်အယှက်ဖြစ်စေသောကြောင့် သူထွက်လာရချင်း‌ဖြစ်လေသည်။

"ဘာတွေဖြစ်နေတာလဲ။ မင်းတို့အားလုံးက ဘာဖြစ်နေကြတာလဲ"

အကြီးအကဲယောင်ချန်း၏ အသံက တင်းမာနေလေသည်။ သူစိတ်အနှောင့်အယှက်ဖြစ်သွားသည်မှာ အသိသာပင်။

ပုံမှန်အားဖြင့် အဂ္ဂိရက်ခန်းမတွင် ကိစ္စကြီးကြီးမားမား တစ်ခုခုမဖြစ်မချင်း သူထွက်လာလေ့မရှိချေ။

သို့သော်လည်း သူသည် ဆေးပညာနှင့်ပတ်သတ်ပြီး အတွေးသစ်တစ်ခုထွက်ပေါ်လာလေရာ ထိုအကြောင်းကို မှတ်သားတော့မည့်အချိန်တွင် အပြင်ဖက်က အသံများကြောင့် အနှောင့်အယှက်ဖြစ်သွားခဲ့ရသည်။

အကုန်လုံးသည် ငြိမ်သွား၍ သူ့အတွေးစကို မှတ်သားတော့မည့်အချိန်တွင်မူ ထိုအကြောင်းကို စဉ်းစားမရတော့ချေ။

သူဒေါသမထွက်ဘဲရှိနေမည်လော။

သူတို့အနေနှင့် သူတို့တရုန်းရုန်းဖြစ်‌နေရသည့်အကြောင်းပြချက်ကောင်းကောင်းသာမရှိပါက သူတို့ကိုအပြစ်ပေးရမည်ဖြစ်သည်။

အကြီးအကဲယောင်ချန်းသည် လူအုပ်ကြီးကို ကြည့်လိုက်ပြီး သူဒေါသထွက်နေသည်ကို ဖျောက်မရပေ။

သူသည် အေးစက်စွာ နှာခေါင်းတစ်ချက်ရှုံ့လိုက်ပြီး သူ့ခန္ဓာကိုယ်မှ အရှိန်အဝါများထွက်လာတော့သည်။

ထိုအခိုက်မှာပဲ ခန်းမထဲရှိ လူတိုင်းမှာ အသက်ရှုရပ်မတတ်ပင်။

ကျင့်ကြံသူတစ်ယောက်က
"ဆေးအကြီးအကဲ ကျွန်တော်တို့ ဒီမှာစုနေရတာ အကြောင်းရှိပါတယ်။ ကျောက်ယွမ်က ကျွန်တော်တို့ကိုလိမ်နေလို့ပါ။ သူက သူပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးဖော်စပ်ထားတယ်ဆိုပြီး ပြောနေလို့ပါ။"

နောက်တစ်ယောက်ကလည်း ဝင်ရောက်ပြီး
"ဟုတ်ပါတယ်။ ကျွန်တော်တို့လည်း ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးဖော်စပ်ထားတယ်ဆိုလို့ ရောက်လာကြတာပါ။"

"ဟုတ်ပါတယ်"

လူတိုင်းက သူတို့ရောက်နေရသည့်အကြောင်းအရင်းကိုပြောလ်ုက်ကြကာ ကျောက်ယွမ်ကို ဝိုင်းလက်ညှိုးထိုးကြလေသည်။

ဆေးအကြီးအကဲသည် လူတိုင်းအကြည့်မှတစ်ဆင့် ကျောက်ယွမ်ကို ကြည့်လိုက်သည်။

ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးတွေလား။

ဘာကြောင့်များ သူက ချီကျင့်ကြံခြင်းကနေ ရွှေအမြုတေအဆင့်ကိုချိုးဖောက်သွားတယ်လို့များမပြောရတာလဲ။

အသက်အရွယ်ငယ်ငယ်နဲ့ပင်ကို ဤမျှလောက် ကြွားဝါနေလေသည်။

ထိုအခိုက်မှာပဲ ခပ်စွာစွာအသံလေးတစ်ခုက ထွက်ပေါ်လာခဲ့သည်။

"လျှောက်ပြောနေကြတာ"

ပြောလိုက်သူကတော့ ရှောင်အာပါ။ သူမက ကျောက်ယွမ် ၏လက်မောင်းကိုဖက်ထားပြီး ကာကွယ်ပေးမည့်ဟန် ရပ်နေလေသည်။

လူတိုင်းက ဒေါသထွက်နေကြပြီးကျောက်ယွမ်အား‌တိုက်ခိုက်တော့မည့်ဟန်ရှိနေကြသောကြောင့် သူမက ကာကွယ်ပြောဆိုလိုက်သည်။

"အကိုကျောက်ယွမ်က တကယ်ပဲ ပြီးပြည့်စုံအဆင့်ဆေးလုံးတွေကို သန့်စင်ခဲ့တာ"

အကြီးအကဲယောင်ချန်းသည် ရှောင်အာ၏စကားကိုကြားချိန်မှာတော့ စဉ်းတောင်မစဉ်းစားဘဲ ခေါင်းခါလိုက်သည်။

ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးဆိုသည်မှာ မသန့်စင်မှုတစ်ခုမျှမပါရှိလေဘဲ နှစ်တစ်ထောင်ကျော်လျှင်ပင် ဆေးစွမ်းယုတ်လျော့သွားလိမ့်မည်မဟုတ်ပေ။ ထိုသို့သောဆေးလုံးမျိုးမှာ နှစ်ပေါင်းများစွာ ဆေးဖော်လာခဲ့သော သူပင်လျှင် အိပ်မက်သာမက်ခဲ့ရသော ဆေးလုံးမျိုးဖြစ်လေသည်။

ဘယ်လိုလုပ် စိတ်ဝိညာဉ်တောင်ကြားက သာမန်တပည့်တစ်ယောက်က ဖော်စပ်နိုင်လိမ့်မည်နည်း။

အကြီးအကဲယောင်ချန်းသည် ရှောင်အာက မှားပြောနေခြင်းဖြစ်လိမ်မည်ဟု ယူဆလိုက်သည်။

ရှောင်အာသည် လွန်ခဲ့သည့်နှစ်များကတည်းက ဂိုဏ်းထဲမှာ ပါရမီအရှိဆုံး တပည့်ဖြစ်‌သောကြောင့် သူမ စကားက အနည်းငယ် အရေးပါသော်ငြား ဆေးပညာနှင့်ပတ်သတ်လျှင်မူ သူမက အမှားအယွင်းလုပ်မိခြင်း သို့မဟုတ်လိမ်ညာခံလိုက်ရခြင်းဖြစ်လေမည်ဟု ယူဆလိုက်သည်။

ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးမှာ တစ်ခြားအဆင့်ဆေးလုံးများနှင့် နှိုင်ယှဉ်မရအောင် ကွာခြားလေသည်။

"ကျွန်မပြောတာ မယုံဘူးဆိုရင် အကြီးအကဲကိုယ်တိုင်လာကြည့်လိုက်ပါ။ ကျွန်မလိမ်ပြောနေတာမဟုတ်ဘူး။ အကိုကျောက်ယွမ်က တကယ်ပဲ ဖော်စပ်နိုင်ခဲ့တာ"

ရှောင်အာကပြောလိုက်ပြီး ကျောက်ယွမ်၏လက်ကို မကာ ဖွင့်ပြလိုက်သည်။

အကြီးအကဲယောင်ချန်းက ရှောင်အာ၏ စကားကိုကြားသည့်အခါ ပြုံးလိုက်သည်။ သူမကို ဆေးပညာနဲ့ပတ်သတ်ပြီး သင်ခန်းစာအနည်းငယ်ပေးမှရမည်ဟု တွေးလိုက်သည်။

သူပြောလိုက်တော့မည့်အခိုက်မှာပင် ကျောက်ယွမ်၏ လက်ထဲက အလင်ရောင်က သူ့ကိုဆွဲဆောင်သွားကာ ရပ်တန့်သွားစေခဲ့သည်။

ကျောက်ယွမ်၏ လက်ထဲတွင်ရှိနေသော ဆေးလုံးဆယ့်နှစ်လုံးမှ မှန်ဖျဖျအလင်းရောင်တောက်ပနေသည်။

ထိုဆေးလုံးများမှာ မည်သည့်ဘက်က ကြည့်စေကာမူ လုံးဝိုင်းနေပြီး အပြစ်အနာအဆာလုံးဝမရှိပေ။

"ဒါတွေ"

"ဒါတွေက"

"ဒါတွေက ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးတွေပဲ။"

အကြီးအကဲယောင်ချန်းသည် သူ့စကားကိုဆုံးအောင်ပင်မပြောနိုင်ဘဲ သုံးကြိမ်လောက် ငြီးတွားလိုက်မိသည်။

သူက ချက်ချင်းပဲ ကျောက်ယွမ်ရှေ့မှာ ပေါ်လာပြီး ကျောက်ယွမ်၏လက်ထဲက ဆေးတစ်လုံးကိုယူကာ သေချာ ဂရုတစိုက် စစ်ဆေးကြည့်လေတော့သည်။

အကြီးအကဲယောင်ချန်းသည် ဆေးလုံးကိုပဲ စိုက်ကြည့်နေကာ မလှုပ်ချေ။ အသက်ပင်ရှုမနေတော့သယောင်။

အချိန်အတော်အတန်ကြာပြီးသည့်နောက်တွင်မှ သူ့စိတ်မှာပုံမှန်ပြန်ဖြစ်သွားတော့သည်။

ယခုအချိန်မှာတော့ သူသည် ဤဆေးလုံးများသည် ပြီးပြည့်စုံအဆင့်ဆေးလုံးများဖြစ်ကြောင်း သေချာလေသည်။

ကျောက်ယွမ်တွင် ဆယ့်နှစ်လုံးတောင်ရှိနေသည်။

"မင်း ဒီဆေးလုံးတွေကို ဘယ်ကရလာတာလဲ"
အကြီးအကဲယောင်ချန်းက ကျောက်ယွမ်ကို ကြည့်ကာမေးလိုက်သည်။


You are reading the story above: TeenFic.Net