အခန်း၁၂။ အောင်မြင်တယ်
ကျောက်ယွမ်သည် ဆေးဖော်ခန်းထဲမှ မထူးခြားသောမျက်နှာထားနှင့် ထွက်လာသည်။ ရှောင်အာ စကားပြောရန်ပြင်လိုက်သော်လည်း ချင်ရှုက နှောင့်ယှက်လိုက်လေသည်။
"အတန်းဖော်ဟောင်း မင်းဆေးသန့်စင်တာဘယ်လိုနေလဲ။ အောင်မြင်ခဲ့ရဲ့လား။" ချင်ရှုက စိတ်လှုပ်ရှားနေသည့်ဟန် မေးလိုက်သည်။
အခုချိန်မှာတော့ သူတကယ် စိတ်လှုပ်ရှားနေသည်။ သူသည်ကျောက်ယွမ် ဆေးဖော်ခြင်းမှာအောင်မြင်သွားသည်ကို မြင်ချင်၍မဟုတ်လေပဲ ကျောက်ယွမ် ရှောင်အာနှင့် လူအများရှေ့မှာ အရှက်ကွဲရသည်ကို မြင်ချင်သောကြောင့် ဖြစ်သည်။
သူ့စိတ်ထဲမှာတော့ ကျောက်ယွမ်အပေါ် အထင်သေးမှုများနှင့်ပြည့်နှက်နေသည်။
ချင်ရှု၏ ချီးမွှန်းမြှောက်ပင့်ထားသည့်စကားများကြောင့် လူတိုင်းက ကျောက်ယွမ် ဆေးဖော်ရာ၌ အောင်မြင်ခဲ့ခြင်း ရှိမရှိအပေါ် ခန့်မှန်းနေကြလေသည်။
ချင်ရှု၏မေးခွန်းကို ကြားပြီးသည့်နောက် ကျောက်ယွမ်မှာ မည့်သည့်အရာဖြစ်နိုင်ကြောင်း ချက်ချင်းသိသွားသည်။
"ဒါပေါ့ အောင်မြင်တာပေါ့" ကျောက်ယွမ်က ထူးမခြားနားပြောလိုက်သည်။
ကျောက်ယွမ်ပြောသည့်စကားကိုကြားပြီး ချင်ရှုက သေချာစဉ်းတောင်မစဉ်းစားပဲ တန်းပြောလိုက်သည်
"မင်းကျရှုံးလည်းဘာမှမဖြစ်ပါဘူး။ နောက်တစ်ကြိမ်ကျ ... ဟမ်...။"
သူပြောလို့ မပြီးလိုက်ခင်မှာပဲ ရပ်တန့်လိုက်ရသည်။
"မင်းကအောင်မြင်ခဲ့တာလား"
သူက မယုံကြည်စွာမေးလိုက်ရင်း မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။
သူ့မျက်လုံးတို့မှာ ထိတ်လန့်မှုကြောင့် ပိုမိုပြူးကျယ်လာသည်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ရှိနေသောလူတိုင်း တုန်လှုပ်သွားကြသည်။ မယုံကြည်နိုင်မှုတို့နှင့် ပြည့်နှက်လျက် သူတို့၏ မျက်လုံးများမှာ ပြူးကျယ်လာကြသည်။
လူအုပ်ထဲတွင်ရှိနေသော ဂျိဟာကလည်း ကျောက်ယွမ်အခန်းထဲက ထွက်လာသည့်အချိန်တွင် လှောင်ပြောင်လိုသောအပြုံးတစ်ခုနဲ့ ကြည့်နေသည်။
သူက တွေးလိုက်သည် " ကျောက်ယွမ်လိုငမွဲကောင်က ဘယ်လို့လုပ် အောင်မြင်မှာလဲ"
ဆေးပညာက ကျင့်ကြံခြင်းနှင့် မတူညီပေ။ ဆေးလုံးများကို လွယ်လွယ်ကူကူသန့်စင်၍မရချေ။
သို့သော်ငြား သူ့အပြုံးက ခဏတင်ခံလိုက်ပြီး အေးခဲသွားလေသည်။ ချင်ရှု၏ အလန့်တကြားပြောလိုက်သည့်စကားကို ကြားပြီး သူသည်လည်း ထိတ်လန့်သွားခဲ့ရသည်။
ဂျိဟာ၏ မျက်လုံးများပြူးကျယ်လာပြီး မျက်နှာမှာလည်း ရှုံ့မဲ့ကာ ကျောက်ရုပ်ကြီးကဲ့သို အေးခဲသွားသည်။
မဖြစ်နိုင်။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
လုံးဝကိုမဖြစ်နိုင်ပေ။
ကျောက်ယွမ်က လျှောက်ပြောနေခြင်းသာ ဖြစ်ရပေမည်။
ကျောက်ယွမ်ကို အံဩစွာနှင့် ကြည့်နေသော စုဝမ်ရီနှင့် ရှောင်အာတို့၏ မျက်လုံးများတွင်လည်း တုန်လှုန်နေသည်ကို တွေ့နိုင်ပေသည်ယ
စုဝမ်ရီမှာ ပိုကာအံအားသင့်နေသည်။
အစကတည်းက သူမသည် ကျောက်ယွမ်၏ဆေးပညာအပေါ်တွင် မျှော်လင့်ချက်အများကြီးမရှိပေ။
အစက သူ့ထဲတွင် အသိပညာရော လေ့ကျင့်ရန်ဆေးအမယ်များပါ မရှိခဲ့ကြသည်ဖြစ်ရာ ဘယ်သူကမှ သူက တစ်ကြိမ်ထဲကြိုးစားလိုက်ရုံဖြင့် အောင်မြင်သွားသည်ကို ယုံကြည်နိုင်ကြမည်မဟုတ်ချေ။
ပါရမီရှင်ဆေးဆရာတစ်ယောက်ပင် မအောင်မြင်ခင် ဆရာကောင်းတစ်ယောက်၏လမ်းညွှန်မှုနှင့် ကြိမ်ဖန်များစွာ လေ့ကျင့်မှုတို့ကို လိုအပ်လေသည်။ ထိုအရာကပင် ဂုဏ်ယူစရာဖြစ်နေသေးသည်။
ကျောက်ယွမ်လို ပထမအကြိမ်ကြိုးစားမှုမှာတင် ဆေးဖော်နိုင်ခဲ့ခြင်းမှာ မြင်တွေ့နိုင်ရန် အလွန်တရာခက်ခဲသည်။
မဟုတ်ချေ။ ထိုအရာက တစ်ခါမျှပင်မဖြစ်ခဲ့ဖူးသေးချေ။
စုဝမ်ရီက သူမကိုယ်သူမ ပြန်ထိန်းချုပ်လိုက်ပြီး ကျောက်ယွမ်ကို စိတ်ဝင်စားစွာကြည့်လိုက်မိသည်။
ကျောက်ယွမ်ကိုမယုံကြည်နိုင်စွာကြည့်ရင်း ရှောင်အာ၏ပါးစပ်လေးမှာ အနည်းငယ်ပင်ဟသွားသည်။
"အကိုကျောက်ယွမ် တကယ်အောင်မြင်ခဲ့တာလား" ရှောင်အာက သူမ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်ပြီး လျင်မြင်စွာမေးလိုက်သည်။ သူမက နားကြားလွဲသည်ဟု ထင်နေခဲ့သည်။
သူမကသည်ကျောက်ယွမ်၏ပါရမီကို သိကာ သူ ဆေးပညာတွင် အနှေးနှင့်အမြန်အောင်မြင်နိုင်မည်ဆိုသည်ကို သိထားပါသော်ငြား တစ်ကြိမ်တည်းကြိုးစားရုံနှင့် အောင်မြင်လိမ့်မည်ဟု မျှော်လင့်မထားချေ။
ထို့အပြင် ကျောက်ယွမ်၏တည်ငြိမ်နေသည့် အမူအရာကိုကြည့်ခြင်းအားဖြင့် ဆေးဖော်ခြင်းမှာ သူ့အတွက် ထမင်းစားရေသောက်ကိစ္စတစ်ခုအလားပင်။
လူအုပ်ကြီးက အသိစိတ်ပြန်ဝင်လာပြီး သူတို့ကိုသူတို့ပြန်ဆိတ်ကြည့်လိုက်ကြသည်။ သူတို့က နားကြားမှားသည်ဟုသာ ထင်နေခဲ့ကြသည်။
"ဒါပေါ့ အောင်မြင်တာပေါ့ ငါကဘယ်လိုလုပ်ကျရှုံးရမှာလဲ"
ထိုစကားကိုကြားလိုက်ရသည့်အခိုက်မှာ ဘေးနာရှိလူတိုင်း မှင်သက်သွားလေသည်။
သူတို့နားတွေက မှားပြီး ကြားလိုက်ရသည်များလား။
ကျောက်ယွမ်သည် တကယ်ပဲ ဆေးဖော်ရာ၌အောင်မြင်ခဲ့သည်ဟုပြောနေလေသည်။
သူ့အဖြေကို ကြားပြီးနောက် ရှောင်အာက အားပါးတရပြုံးလိုက်သည်ာ
"ဝိုး အကိုကျောက်ယွမ်က တော်လိုက်တာ "
ရှောင်အာကရှေ့သို့တိုးလိုက်ပြီး သူဖော်စပ်ထားသည့် ဆေးလုံးများကိုကြည့်ချင်နေသည်။
စုဝမ်ရီကလည်း ကျောက်ယွမ်ကိုပြန်ကြည့်လိုက်သည်။ သူမက ကျောက်ယွမ် မည့်သည့်ဆေးလုံးမျိုးကို ဖော်စပ်ထားသည်ကို သိလိုသည်။
ရှောင်အာသည် ကျောက်ယွမ်ဘေးရောက်လာပြီး သူ့လက်များကို လှန်ကြည့်လိုက်သော်လည်း ဆေးလုံးများကိုမတွေ့ချေ။
"အကိုကျောက်ယွမ် အကိုဖော်စပ်ထားတဲ့ဆေးလုံးတွေက ဘယ်မှာလဲ"
ချင်ရှုက ရှောင်အာနှင့် ကျောက်ယွမ်မည်မျှရင်းနီးနေကြောင်းမြင်လိုက်ရသည့်အခါ သူ၏နှလုံးသားအား မနာလိုမှုအပေါင်းက ဝင်ရောက်စီးနင်းသွားလေသည်။
ဤမျကြာပြီးသည်ပင်ကို သူ့အနေနှင့် ရှောင်အာ၏လက်ကို တစ်ခါမျှ မကိုင်ဖူးချေ။
ယခုတွင်မူ ရှောင်အာကစပြီး ကျောက်ယွမ်၏လက်ကို ကိုင်လိုက်သည်။
ဘာကြောင့်များ ကျောက်ယွမ်လို ငမွဲကောင်က ရှောင်အာနှင့်ရင်းနီးနေရတာလဲ။
"ကျောက်ယွမ် မင်းက ဆေးမဖော်နိုင်ခဲ့လို့ ငါတို့ကို လိမ်နေတာမလား။"
သူ့ရင်ထဲက ဒေါသက ချင်ရှုအား အမှန်ကို မမြင်နိုင်အောင်ပါ ဖုံးလွှမ်းသွားတော့သည်။ အရင်ကလိုဟန်ဆောင်မနေနိုင်တော့ဘဲ လှောင်ပြောင်တော့သည်။
အကုန်လုံးက ချင်ရှု၏ လှောင်ပြောင်သောစကားကိုကြားပြီးမှ နားလည်လိုက်ကြတော့သည်။
ဟုတ်ပေသည်။ ကျောက်ယွမ်က ဆေးပညာနှင့်ပတ်သတ်ပြီး မည်သည်ကိုမျှ မသိဘဲနှင့် ဘယ်လိုလုပ် တစ်ကြိမ်ထဲနှင့်ဆေးဖော်နိုင်မည်နည်း။
သူကလိမ်နေခြင်းသာဖြစ်ရပေမည်။
သူသည် လူအများရှေ့တွင် ကြားဝါရန်ကြိုးစားနေခြင်းသာဖြစ်လိမ့်မည်။
လူအုပ်ကြီးသည် အချင်းချင်း တိုးတိုးတိတ်တိတ်ပြောလိုက်ကြသည်။ သူတို့က ကျောက်ယွမ်ကို မယုံကြည်ကြသည်မှာ အသိသာပင်။
ကျောက်ယွမ်က သူ့ဘေးက ပြောနေကြသည့်အရာများကို စိတ်မဝင်စားချေ။ သူကပြုံးလိုက်ပြီး ရှောင်အာ၏ ခေါင်းလေးကို ပုတ်ကာ
"အစ်ကို့ရဲ့ အင်္ကျီလက်ကြားမှာရှိတယ်။ ထုတ်လိုက်မယ်။"
"အိုက်ယား ညီမဆံပင်တွေတော့ အကို့ကြောင့် ရှုပ်ပွကုန်ပြီ" ရှောင်အာ၏မျက်နှာလေးကနီရဲသွားကာ သူ့အားအပြစ်တင်လိုက်သည်။ သူမ၏ ရှက်နေသည့်အမူအရာလေးက တစ်ခြားလူအများကို သူတို့ပတ်သတ်မှုအား မနာလိုသွားစေသည်။
" ကျောက်ယွမ် မင်းက ဂိုဏ်ကပေးထားတဲ့ဆေးလုံးတွေကို ထုတ်ပြီး မင်းသန့်စင်ထားတာပါဆိုပြီး ပြောမလို့လား"
ချင်ရှုက သူတို့နှစ်ယောက် ကြည်နူးနေသည်ကိုမြင်ကာ အံကြိတ်ပြီး ပြောလိုက်သည်။
ချင်ရှု၏စကားက ဘေးနားရှိ လူအပေါင်းကို ကျောက်ယွမ်အားမယုံမကြည်ဖြစ်သွားစေသည်။
လူများက တဖြည်းဖြည်းစုပြုံလာကြသည်။ သူတို့သည် ကျောက်ယွမ် အရှက်ကွဲရသည်ကို မြင်လိုကြခြင်းဖြစ်သည်။
ချင်ရှုက ကျောက်ယွမ်အကြပ်အတည်းထဲရောက်နေသည့်ဟန်ကို ကြည့်ပြီး သူ့မျက်နှာပေါ်က ရက်စက်သည့်အမူအရာမှာပိုထင်ရှားလာတော့သည်။
သူ့အနေနှင့် ကျောက်ယွမ် ဤအကြပ်အတည်းက ဘယ်လိုရုန်းထွက်မည်နည်းဆိုသည်ကို သိချင်မိလေသည်။
သည်နေ့တွင်တော့ ကျောက်ယွမ်သည် စိတ်ဝိညာဉ်တောင်ကြားတစ်ခုလုံးတွင်နာမည်ကြီးတော့မည်ဖြစ်သည်။
ကျောက်ယွမ်က သူတို့၏ အပြုအမူကို စိတ်ထဲမထားချေ။
သူသည် လက်ကိုဆန့်ထုတ်လိုက်ပြီး သူ့အင်္ကျီလက်ထဲမှ အဝတ်အိတ်လေးကိုထုတ်လိုက်သည်။
ထို့နောက် ဖြည်းဖြည်းချင်းဖွင့်ပြလိုက်တော့သည်။
"ဂိုဏ်းထဲမှာ ဒီလိုအရည်အသွေးနဲ့ဆေးလုံးမျိုးရှိလို့လား"
ကျောက်ယွမ် အဝတ်အိတ်ကိုဖွင့်လိုက်သည်နှင့် ဆေးလုံးအချို့ထွက်ပေါ်လာသည်။
သူထုတ်လိုက်သည်နှင့် ထိုဆေးလုံးတို့မှာ တောက်ပသောအလင်းတို့ထုတ်လွှတ်နေလေသည်။
လူတိုင်းက ထိုအဖြစ်အပျက်ကြောင့် ကျောက်ယွမ်၏လက်ထဲတွင်ရှိသောအရာကို ကြည့်လိုက်ကြသည်။
"ဒါတွေက ပြီးပြည့်စုံခြင်းအဆင့်ရှိတဲ့ ဆေးလုံးတွေပဲ။"
စုဝမ်ရီက ဆေးလုံးများကို မြင်လိုက်သည်နှင့် ပြောလိုက်မိသည်။
သူမသည် ပါးစပ်ကိုအုပ်လိုက်မိပြီး ကျောက်ယွမ်ကို အံ့အားသင့်စွာကြည့်လိုက်သည်။
သူမအနေနှင့် မယုံကြည်နိုင်စရာအရာတစ်ခုကိုတွေ့လိုက်ရခြင်းကြောင့် မည်သို့မျှ မထိန်းချုပ်နိုင်တော့ချေ။
ကျောက်ယွမ်က ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးများကို ဖော်စပ်နိုင်သည်လော။
ထို့အပြင် ဤသည်မှာ သူ၏ ဆေးစဖော်သော ပထမအကြိမ်ဖြစ်ပေသည်။
လူတိုင်းသည် သူမ၏စကားကိုကြားပြီး မတွေးတောနိုင်ဖြစ်ကာ ကျောက်ရုပ်ကြီးများကဲ့သို့ တိတ်ဆိတ်ကုန်ကြသည်။
သူတို့က အံ့အားသင့်မှုအပေါင်းနှင့် ကျောက်ယွမ်ကို ကြည့်လိုက်ကြသည်ာ
ထိုအခိုက် အကုန်လုံးမှ တိတ်ဆိတ်နေကြသည်။
ချင်ရှု၏မျက်နှာပေါ်မှ လှောင်ပြုံးမှာလည်း အေးခဲသွားသည်။ ခဏကြာပြီးနောက် သူ့မျက်နှာက ပြောင်းလဲသွားပြီး မျက်လုံးများကျဉ်းမြောင်းလာကာ ကျောက်ယွမ်ကို ထိတ်လန့်စွာကြည့်လိုက်တော့သည်။
သူ့စိတ်ကဗလာကျင်းသွားတော့သည်။ ဘာဆက်ပြောမည်ပင် မသိတော့ချေ။
ကျောက်ယွမ်က ပထမအကြိမ်မှာတင် ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးကိုဖော်စပ်နိုင်ခဲ့သည်။
ထို့အရာက မယုံကြည်နိုင်ဖွယ်ရာပင်မဟုတ်တော့ချေ။
ထိတ်လန့်စရာတောင်ကောင်းနေသေးသည်။
ကျောက်ယွမ်ကို သရဲတွေ့သလိုကြည့်နေကြကာ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေလေသည်။
လူတိုင်းသည် ထိတ်လန့်တုန်လှုပ်နေကာ အေးခဲနေကြသည်။
သူတို့အားလုံး ကျောက်ယွမ်ကို ထိတ်လန့်တကြားကြည့်နေကြသောကြောင့် တိတ်ဆိတ်မှုမှာ အပ်ကျသံပင် ကြားရနိုင်ပေသည်။
You are reading the story above: TeenFic.Net