အခန်း၁၁။ မစရ‌သေးတာများလား

Background color
Font
Font size
Line height

အခန်း၁၁။ မစရ‌သေးတာများလား

စုဝမ်ရီနှင့်ရှောင်အာတို့ အချင်းချင်းစနောက်နေကြတုန်း ချင်ရှုက အဂ္ဂိရက်ခန်းမရောက်လာလေသည်။

မျက်စိလျင်သည့် တပည့်အချို့မှာ ချင်ရှုကိုတွေ့လိုက်ကြပြီး သွား နှုတ်ဆက်လိုက်ကြသည်။

" မင်္ဂလာပါ အစ်ကိုချင်ရှု"

တစ်ယောက်စနှုတ်ဆက်ပြီးသည်နှင့် တစ်ခြားသူတွေကလည်း နှုတ်လိုက်လိုက်ကြလေ၏။

ချင်ရှုကတော့ ရောက်လာလာချင်းပဲ မျက်နှာက မည်းမှောင်နေကာ လာနှုတ်ဆက်သူတိုင်းကို လျစ်လျှုရှုထားလေသည်။

အပြင်စည်းတပည့်များကိုကျော်ပြီး သူက ကျောက်ယွမ်၏ ဆေးဖော်ခန်းဆီကိုသွားတော့သည်။

"စီနီယာအစ်ကိုချင်ရှုက ဘာဖြစ်နေတာလဲ"

အပြင်စည်းတပည့်တစ်ယောက်က ချင်ရှု၏သုန်မှုန်နေတဲ့ မျက်နှာကိုမြင်ပြီး တစ်ခြားတပည့်တစ်ယောက်ကိုမေးလိုက်လေသည်။

အကြောင်းစုံသိနေသည့်တပည့်က တိုးတိုးလေးပြောလိုက်သည်

"မသိဘူးလား။ စီနီယာအစ်ကိုချင်ရှုက ဂျုနီယာညီမရှောင်အာအပေါ်မှာ ခံစားချက်ရှိနေတာလေ။ ‌ဂျုနီယာညီမရှောင်အာရှိနေတယ်ဆိုတာကို ကြားပြီး ဒီကိုရောက်လာတာနေမှာ။"

"အဲ့တာဆို ဘာလို့သူ့ရုပ်က ပျော်တဲ့ပုံပေါက်မနေတာလဲ"

"မင်းဘာဖြစ်သွားလဲ‌ဆိုတာကို မေ့သွားတာလား။ ရှောင်အာက ကျောက်ယွမ်နဲ့ ပိုရင်းနီးနေတယ်ဆို အသိသာကြီးကို။ မတွေ့ဘူးလား သူက ခုထိ အခန်းအပြင်ကနေစောင့်နေတုန်း"

သူကဆက်လက်၍ "ကြည့်ရသလောက်ကတော့ တစ်ယောက်ယောက်က စီနီယာအကိုချင်ရှုကို ပြောလိုက်တဲ့ပုံပဲ"

"ကြည့်ရတာတော့စိတ်ဝင်စားဖို့ကောင်းတော့မယ်"

"အာ အဲ့တော့ဆိုလိုတာက..."
ထိုတပည့်မှာနားလည်သွားလေပြီး တစ်ခုခုပြောလိုက်တော့မည့်အချိန် သူ့ပါးစပ်ကို ပိတ်ခံလိုက်ရလေသည်။

"တိုးတိုးပြော"

သူတို့နှစ်ယောက်စကားပြောနေစဉ်မှာပဲ ချင်ရှုက ကျောက်ယွမ်၏ ဆေးဖော်ခန်းဆီသို့ ရောက်ရှိသွားလေသည်။

ထိုအချိန်တွင် ကျောက်ယွမ်၏အခန်းရှေ့၌ လူများမှာ ယင်ကောင်ပင်ဖြတ်ပျံလို့မရအောက် ပြည့်ညပ်နေသည်။ လူများပြည့်ကျပ်နေရသည်မှာ ကျောက်ယွမ်ဆေးဖော်နေသောကြောင့်မဟုတ်ဘဲ စီနီယာအမစုဝမ်ရီနှင့် ရှောင်အာတို့ကြောင့်ဖြစ်ပေသည်။

သူတို့နှစ်ယောက်လုံးသည် တောင်ကြား၏ နတ်သမီးလေးများဖြစ်ကြသည်။

အပြင်စည်းတပည့်များအတွက် သူတို့နှစ်ယောက်ကို တစ်ချိန်ထဲတွေ့ရဖို့နေနေသာသာ တစ်ယောက်ထဲကိုပင် တွေ့ရနိုင်ဖို့ မလွယ်ကူချေ။

သူတို့က မိန်းမပျိုနှစ်ဦးအပေါ်မှာ အာရုံရောက်နေသည့် အခိုက်မှာပဲ ချင်ရှုဝင်လာသည်ကိုတွေ့ပြီး နှုတ်ဆက်လိုက်ကြလေသည်။

"အဲ့တာ စီနီယာအစ်ကိုချင်ရှုပဲ မင်္ဂလာပါ စီနီယာအစ်ကိုချင်ရှု။"

"လမ်းဖယ်ကြစမ်း"

သူကအော်လိုက်သည်။ သူ့မျက်နှာသည် မှုန်သုန်နေကာ သူ့အား အပြင်စည်းဂျုနီယာတပည့်တွေ နှုတ်ဆက်သည်ကိုပင် လျစ်လျှူရှုထားလေသည်။

အားလုံးက ချင်ရှုအတွက် လမ်းဖယ်ပေးလိုက်ကြသည်။ လူအနည်းငယ်ကွဲသွားသောကြောင့် ရှောင်အာနှင့် စုဝမ်ရီကို မြင်လိုက်ရလေတော့သည်ာ

သူက ထိုနှစ်ယောက်ကိုတွေ့လိုက်ရချိန် အထူးသဖြင့် ရှောင်အာ့ကိုတွေ့လိုက်ချိန်မှာတော့ ချင်ရှု၏ မှုန်သုန်နေသည့် မျက်နှာက ချက်ချင်းပင်အပြုံးပန်းဝေသွားတော့သည်။

"ဂျူနီယာညီမရှောင်အာ ဒီမှာဘာလုပ်နေတာလဲ။ တိုက်ဆိုင်လိုက်တာ။"

ချင်ရှုက ရှောင်အာ၏ဘေးကို သွားပြီး နွေးထွေးစွာနှုတ်ဆက်လိုက်သည်။ ခုနကနှင့်ယှဉ်လျှင် တစ်ခြားသူတစ်ယောက်ကဲ့သို့ပင်။

သူ၏မျက်နှာထားပြောင်းလဲသွားပုံမှာ လူတိုင်းကို ဆွံအသွားစေသည်။

ရှောင်အာက ညည်းညူလိုက်မိသည် "သူက ဘယ်လိုလုပ်ဒီကိုရောက်လာတာလဲ။ အမြဲတမ်း သူနဲ့ဆုံနေရတယ်"

သူမကကျောက်ယွမ်ကို အခန်းပြင်ကနေစောင့်နေစဉ် ချင်ရှု‌ ရောက်လာတာကိုတွေ့လိုက်ပြီး စိတ်မရှည်သည့်အမူအရာထွက်ပေါ်လာလေသည်။

ချင်ရှုက ဆက်ပြီး "ဂျုနီယာညီမရှောင်အာ ဒီကိုဘာလာလုပ်‌နေတာလဲ။ အစ်ကိုအဖော်လိုက်ပေးရမလား။"

သူက ရှောင်အာ့ကိုတွေ့ပြီးတော့ စိတ်ဓာတ်ကျ‌နေမှုကနေ ချက်ချင်းကြည်လင်သွားသည်။ သူသည် သူမဆီသွားပြီး သူ့ ဂရုစိုက်မှုတွေကို ပြသလိုက်သည်။

"ရှင်နဲ့ ဘာမှမဆိုင်ပါဘူး။ ရှင်သွားသင့်ပြီ။"

ရှောင်အာက စုဝမ်ရီ၏လက်ကိုကိုင်ကာ ချင်ရှုဆီကနေ မျက်နှာလွှဲလိုက်သည်။

ချင်ရှုက ရှောင်အာ၏ အပြုအမူနဲ့ပတ်သတ်ပြီး နည်းနည်းမှ စိတ်မကွက်ပေ။ သူက ရှောင်အာ့ရှေ့မှာ ထပ်ပေါ်လာလေသည်။

"ဂျုနီယာညီမ ရှောင်အာ ဒီကိုတစ်ခုခုဝယ်ဖို့လာတာလား။ အစ်ကို့အကူအညီလိုသေးလား။"

"မလိုဘူး။ ရှင်ကတော်တော်အနှောင့်အယှက်ပေးတာပဲ။"

ရှောင်အာမှာ တဖြည်းဖြည်းစိတ်မရှည်တော့ပေ။ စုဝမ်ရီသည် ချင်ရှုတို့ကြားက အခြေအနေကို ကောင်းကောင်းနားလည်ပေသည်။

ချင်ရှု သူတို့ဆီရောက်လာတာကိုမြင်သည့်အခါ သူမကလည်းနွေးထွေးစွာနှုတ်ဆက်လိုက်သည်။

"ဂျုနီယာမောင်‌လေးချင်ရှု"

စုဝမ်ရီနှုတ်ဆက်လိုက်သည့်အခါ ချင်ရှုကလည်း အလျင်အမြန်နှုတ်ဆက်လိုက်လေသည်။

စိတ်ဝိညာဉ်တောင်ကြားမှာရှိသူတိုင်း စုဝမ်ရီကို လေးစားကြလေသည်။

ထိုအရာက သူမသည် အကြီးဆုံး စီနီယာအမဖြစ်ရုံကြောင့်တင်မဟုတ်ဘဲ သူမက လူတိုင်းအပေါ်ငြင်သာစွာဆက်ဆံ‌သောကြောင့်ဖြစ်လေသည်။ သူမသည် ကျင့်ကြံခြင်းအဆင့်ကိုလိုက်ပြီး ခွဲခြားဆက်ဆံခြင်းမရှိချေ။

ထို့ကြောင့်ပဲ သူမက လူတိုင်း၏လေးစား ချစ်ခင်မှုကိုခံရခြင်းဖြစ်လေသည်။ ထို့အပြင် သူမသည် တောင်ကြားထဲတွင်ရှိ‌သည့် အလှဆုံးမိန်းကလေးများထဲက တစ်ယောက်ဖြစ်သည်။

သူမက လူတိုင်း၏ ရင်ထဲတွင်တော့ နတ်ဘုရားမတစ်ပါးကဲ့သို့ပင်။

"စီနီယာအမကြီးစု အမက ဒီမှာ တစ်ခုခုလိုအပ်တာရှိလို့လား"

ချင်ရှုက သူတို့နှစ်ယောက်လုံးကျောက်ယွမ်ကို စောင့်နေမှန်းသိသော်ငြား သိချင်ယောင်ဆောင်နေသည်။

"အိုး ငါတို့က မောင်လေးကျောက်ယွမ် ဆေးသန့်စင်ပြီး အခန်းထဲက ထွက်လာမှာကိုစောင့်နေတာလေ။ " စုဝမ်ရီက နူးညံ့းစွာဖြေလိုက်သည်။

ထိုအရာကိုကြားလိုက်ပြီးတဲ့နောက် ချင်ရှုမှာ အတော်ကို မနာလိုဖြစ်သွားသည်။

ရှောင်အာစောင့်နေရတာနှင့်ထိုက်တန်အောင် ကျောက်ယွမ်က ဘာတွေများလုပ်ထားတာရှိလို့လဲ။

ကျောက်ယွမ်က သူ့ကိုယ်သူဘာထင်နေတာလဲ..

ကျောက်ယွမ်ကသည် ချီကျင့်ကြံခြင်းအဆင့်တစ်က တပည့် တစ်ယောက်သာ ဖြစ်ခဲ့သည်။ ယခု ချိုးဖောက်သွားနိုင်သောငြားလည်း ချီကျင့်ကြံခြင်းအဆင့်ငါးက ကျင့်ကြံသူသာ ဖြစ်နေသေးသည်။

ကျောက်ယွမ်က ဘယ်လိုလုပ်သူနှင့်ယှဉ်နိုင်မှာလဲ..

ချင်ရှုသည် အသက်ကိုပြင်းပြင်းရှုလိုက်ကာ အမူအရာကိုပြန်ထိန်းလိုက်နိုင်သည်။

သူ့အနေနှင့် ကျောက်ယွမ်ကို သေသည်အထိ ရိုက်နှက်ပစ်ချင်နေသည်။ သို့သော် ရှောင်အာ၏ရှေ့တွင်တော့ သူမလုပ်ရဲချေ။

ရှောင်အာက ကျောက်ယွမ်နှင့်ဆက်ဆံရေးကောင်းရှိသည်ကိုကြည့်ပြီး သူ့အနေနှင့် ကျောက်ယွမ်ကို ကောင်းကောင်းဆက်ဆံပြရုံမှတစ်ပါး ရွေးစရာမရှိပေ။

"ဟုတ်လား။ ကျောက်ယွမ်က တကယ်ပဲ ဆေးလုံးသန့်စင်မလို့လား။ အဲ့တာဆိုရင်တော့ ကျွန်တော်လည်း သူ့ကို ဆေးပညာမှာ အောင်မြင်နိုင်ပါစေလို့ပဲ ‌ဆုတောင်းပါတယ်" ချင်ရှုက အံအားသင့်နေဟန်နဲ့ ပြောလိုက်သည်။

သူကဆက်လက်ပြီး " အစ်မတို့တော့မသိလောက်ဘူး။ ကျောက်ယွမ်နဲ့ကျွန်တောက် အတန်းဖော်ဟောင်းတွေလေ။ ကျွန်တော်တို့ အပြင်စည်းဂိုဏ်းမှာကတည်းက သူ့မှာ ဆေးပညာ ပါရမီပါမှန်း ပြောနိုင်တယ်"

"အဲ့တုန်းက ကျွန်တော်သူ့ကို ဆေးပညာကို လေ့လာဖို့အကြံပေးခဲ့ပေမဲ့ သူကတော့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ခဲ့တာလေ။ အခုတော့ သူက ဆေးပညာကိုစိတ်ဝင်စားလာပြီနဲ့တူတယ်။"

မသိလျှင် သူသည် ဝန်ထုပ်ဝန်ပိုးတစ်ခုမှ လွတ်မြောက်သွားသကဲ့သို့ ချင်ရှုက သက်ပြင်းချလိုက်လေသည်။ သူသည် ကျောက်ယွမ်ကို အမှန်တကယ်ဂရုစိုက်သကဲ့သို့ပြောနေပေသည်။

"ကျွန်တော်ကျောက်ယွမ်ရဲ့ ပါရမီကိုယုံတယ် သူ့အနေနဲ့ ဆေးဆရာဖြစ်ဖို့ သိပ်မကြာလောက်ပါဘူး"

"သူက ဆေးဖော်နေတာကြာပြီမလား။ ကျွန်တော်ထင်တာမမှားရင် အခုဆို ဖော်တောင်ပြီးလောက်ပြီ။" ချင်ရှုက ကျောက်ယွမ်၏အရည်အချင်းအပေါ်ယုံကြည်ချက်ရှိသကဲ့သို့ ခိုင်မာစွာပြော‌လိုက်လေသည်။

ချင်ရှု၏ချီးမွမ်းမှုတွေကြောင့် ကျောက်ယွမ်အပေါ် လူတိုင်း၏အမြင်တွေက ပြောင်းလဲသွားသည်။

"ကျောက်ယွမ်က အဲ့လောက်တော်တာလား"

"ချင်ရှုတောင် သူ့ကိုယုံကြည်ချက်ရှိတယ်ဆိုတော့ ကျောက်ယွမ်က ဆေးပညာမှာ တကယ်ပါရမီပါတဲ့ပုံပဲ။"

ရှောင်အာနှင့် စုဝမ်ရီလည်း ချင်ရှုစကားတွေကြားပြီး အနည်းငယ်တွေးတောလိုက်မိသည်။

"အဲ့တော့ ဂျုနီယာမောင်လေးကျောက်ယွမ်က အဲ့လောက်တော်တယ်ပေါ့" စုဝမ်ရီက ငြင်သာစွာပြောလိုက်သည်။

"ရှင်က အစ်ကိုကျောက်ယွမ်နဲ့ ခင်လို့လား။ သူ‌ရှင့်အကြောင်းပြောတာ ဘာလို့တစ်ခါမှ မကြားဖူးရတာလဲ။" ရှောင်အာက ချင်ရှုကို သံသယတွေနဲ့ မေးလိုက်လေသည်။

"ဟားဟား စောင့်ကြည့်လိုက်ပါ။ အစ်ကို့အထင်တော့ သူက ဆေးဖော်လို့တောင်ပြီးလောက်ပြီ။ ခဏနေထွက်လာလောက်ပြီ။" ချင်ရှုက ခိုင်မာစွာပြောလိုက်လေသည်။

သူက ထိုအကြောင်းတွေကိုပြောနေသော်ငြား စိတ်ထဲမှာတော့ ကျောက်ယွမ်ကို ရှုတ်ချနေလေသည်။

"ဟမ့် ကျောက်ယွမ် မင်းထွက်လာပြီးရင် ဒီအခြေအနေကိုဘယ်လိုလုပ်မလဲဆိုတာ ကြည့်ချင်သေးတယ်။ အခု အကုန်လုံးက မင်းအောင်မြင်မယ်ထင်နေကြပြီ။ မင်းသာမအောင်မြင်လို့ကတော့ အကုန်ဟာသတွေပဲဖြစ်ကုန်တော့မယ် ဟီးဟီး။ ဒီပြသာနာကနေ မင်းဘယ်လိုရုန်းထွက်မလဲကြည့်ရတာပေါ့။"

စိတ်ထဲမှာတော့ သူသည် ကျောက်ယွမ် ဆေးလုံးဖော်စပ်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။

နောက်ဆုံး ဆယ့်ငါးမိနစ်အကြာမှာတော့ ဆေးဖော်ခန်း၏ အခန်းတံခါးက ပွင့်လာလေသည်။ ဘေးကလူတွေတိုင်း အခန်းထဲကိုကြည့်လိုက်ကြသည်။

ရှောင်အာ၊ စုဝမ်ရီနှင့် ချင်ရှု‌တို့ပင် ကြည့်လိုက်ကြသည်။

ကျောက်ယွမ်က အခန်းထဲက ဖြေးညှင်းစွာထွက်လာသည်။ သူ့မျက်နှာသည် တည်ငြိမ်နေပြီး မည်သည့်ခံစားချက်မှ ရှိမနေပေ။

မသိလျှင် သူက အခုမှ အခန်းထဲဝင်ပြီး ဆေးဖော်စပ်တော့မည်ပုံပင်။ ကျောက်ယွမ်၏ တည်ငြိမ်နေသည့် အမူအရာကိုကြည့်ပြီး လူတိုင်းက အနည်းငယ်သံသယဝင်သွားသည်။

တစ်ယောက်က မေးလိုက်သည် " မင်းအောင်မြင်ခဲ့လား။ ဒါမှမဟုတ် ကျရှုံးခဲ့တာလား။ ဘာလို့အခုလိုလုပ်နေတာလဲ။"

နောက်တစ်ယောက်ကတော့ "သူကအခုထိမစရသေးတာများလား"


You are reading the story above: TeenFic.Net