အခန်း၁၀။ အဂ္ဂိရက်ခန်းမ

Background color
Font
Font size
Line height

အခန်း၁၀။ အဂ္ဂိရက်ခန်းမ

ကျောက်ယွမ်သည် ဆေးဖော်ခန်း၏ အလယ်မှာ ခြေချိတ်ထိုင်နေခဲ့သည်။

အခန်းမှာသေးပြီး ပစ္စည်းအများကြီးရှိ‌မနေပေ။ သူ့ရှေ့၌ မြေကမ္ဘာမီးတောက်နှင့် ချိတ်ဆက်ထားသည့် ဆေးမီးဖိုတစ်ခုရှိနေသည်။

မီးဖို၏ဘေးမှာတော့ ပြင်ဆင်ဖို့ စားပွဲတစ်လုံးလည်းရှိသည်။ ထိုစားပွဲသည် အပူဒဏ်ခံနိုင်သည့် ကျောက်တုံး‌ထိုင်ခုံတစ်ခုပင်။

မီးဖို၏အောက်တွင် ဆေးဖော်ဖို့လိုအပ်သည့် မြေကမ္ဘာမီးတောက်ရှိနေသည်။

ထိုမီးတောက်၏အပူချိန်သည် ပုံမှန်အသုံးပြုနေကြ မီးတောက်များထက် ပိုပူပြီး အသုံးဝင်သော နေရာများစွာရှိလေသည်။

ဆေးလုံးသန့်စင်ချင်လျှင် ဆေးဆရာတော်တော်များများက မြေကမ္ဘာမီးတောက်ကိုပဲ အသုံးပြုကြလေသည်။

ကျောက်ယွမ်သည် မီးဖိုဘေးထိုင်နေပြီး သူ့လက်ထဲတွင်တော့ စာညွှန်းနှစ်ခုရှိနေသည်။

တစ်ခုက စီနီယာအမစုပေးထားတော့ ဆေးဖော်ခြင်း အခြေခံမှတ်စုဖြစ်ပြီး နောက်တစ်ခုကတော့ သူ့ဆီမှာရှိပြီးသားဖြစ်သည့် ရိုးရှင်း‌သောဆေးဖော်ခြင်း လမ်းညွှန်ဖြစ်လေသည်။

နှစ်ခုကိုနှိုင်းယှဉ်ကြည့်ပြီးသည့်နောက် သူသည် ချက်ချင်းပင် ခြားနားချက်များကို မြင်နေရသည်။

စုဝမ်ရီပေးသည့် စာအုပ်က ပိုပြီးလမ်းညွှန်ဖြစ်ဖို့ စစ်မှန်လေသည်။

ဆေးဖော်ခြင်းဘအခြေခံမှတ်စုနှင့်ယှဉ်ပါက သူ့ဆီတွင်ရှိပြီးသားစာအုပ်မှာ ကလေးစာအုပ်သာသာပင်။ ယှဉ်တောင်မရနိုင်ချေ။

နှိုင်းယှဉ်ကြည့်ပြီးတော့ သူသည် သူ့ဆီမှာရှိ‌သည့် ရိုးရှင်းသောဆေးဖော်ခြင်းလမ်းညွှန်ကို ယူကာ မီးဖိုထဲသို့ ပစ်လိုက်ရန် ပြင်လိုက်သည်။

ပစ်တော့မည်းဆဲဆဲတွင် သူတွေဝေသွားသည်။ *ဒီဟာကို လဲလှယ်မယ်ဆိုရင် ငွေနည်းနည်းလောက် ရနိုင်မလား*

‌"ထားလိုက်ပ်တော့ လောလောဆယ်တော့ မပစ်သေးဘူး"

သူ့ကိုယ်သူပြောလိုက်၏။

သူသည် အလွန်မွဲတေနေ၍သာ‌ သိမ်းထားခြင်းဖြစ်သည်။ အလွန်မွဲတေနေလေရာ သူ့မှာရှိသည့် မည့်သည့်အရာကိုမျှ လွှင့်မပစ်ရဲချေ။

ရိုးရှင်းသောလမ်းညွှန်ကို အဝေးထားလိုက်ပြီး ဆေးဖော်ခြင်း အခြေခံမှတ်စုကို ထုတ်လိုက်သည်။

ပထမစာမျက်နှာကို လှန်လိုက်ပြီး စဖတ်လိုက်သည်နှင့် စနစ်အသံတစ်ခုက သူ့စိတ်ထဲ ထွက်ပေါ်လာသည်။

"နတ်ဘုရားဉာဏ်အလင်းပွင့်ခြင်း စနစ်စတင်ပါပြီ"

ကျောက်ယွမ်သည် ချက်ချင်းပဲ ဉာဏ်အလင်းပွင့်ခြင်း အခြေအနေကိုရောက်သွားလေသည်။

ဉာဏ်အလင်းပွင့်ပြီးနောက် ကျောက်ယွမ်၏ လက်တစ်ဖက်က ဆေးဖော်ခြင်းလမ်းညွှန်စာအုပ်ကို ကိုင်ထားပြီး နောက်တစ်ဖက်က ဆေးလုံးသန့်စင်ခြင်းနည်းလမ်းများကို စတင်လေ့ကျင့်နေလေသည်။

နည်းလမ်းတို့ကတော့ ရိုးရှင်းလေသည်။ သူ့အနေနှင့် ဆေးအမယ်များကိုယူကာ မီးဖိုးထဲ ထည့်ရုံသာဖြစ်သည်။ သို့သော်ငြား စည်းချက်မှန်ကို နားလည်ဖို့ ခက်ခဲ့လေသည်။

ဆေးသန့်စင်ခြင်းသည် ဆန်းကြယ်ကာ တစ်ချိန်ထဲမှာပင် ရိုးရှင်းလေသည်။ လွယ်ကူကာ ရှုပ်ထွေးနေပြန်သည်။ ဤသည်က အလွန်ရှုပ်‌ထွေးသော ဝိရောဓိတစ်ခုဖြစ်လေသည်။

ဆေးလုံးသန့်စင်ခြင်းတွင် လှုပ်ရှားမှုနှစ်ခုသာပါဝင်လေသည်။ သို့သော် သူ့အတွက် ထိုနှစ်ခုကလုပ်တောင်ရန်ခက်ခဲသလိုခံစားနေရသည်။

သူ့အမြင်အရ သူ့တွင်သာ စနစ်မရှိပါက ဆေးသန့်စင်ခြင်းကို မည်သို့မျှ သင်ယူနိုင်မည်မဟုတ်ချေ။

ကျောက်ယွမ်သည် ဉာဏ်အလင်းဆက်ပွင့်နေပြီးသည့်နောက် သူသည် ဆေးသန့်စင်ခြင်း၏ သိမ်မွေ့နက်နဲမှုများကို နားလည်လာလေသည်။

သူသည် ဆက်ဖတ်ရင်း အလုပ်နှစ်ခုသာလုပ်နေခဲ့သည်။ ဆေးအမယ်တို့ကိုယူပြီး မီးဖိုထဲထည့်ခြင်းသာဖြစ်သည်။

သို့သော်လည်း သူအာရုံစိုက်ရမည့် အရာများစွာရှိနေလေသည်။ သူ့၏ အသက်ရှုသည့်စည်းချက်၊ အသက်ရှုသံ၏ပြင်းအားကအစ သန့်စင်နေတုန်း သူ့စိတ်အခြေအနေ၊သူ့ထိန်းညှိမှုခွန်အားအထိ ဖြစ်လေသည်။ ထိုအရာအကုန်လုံးက ဆေးလုံးသန့်စင်ခြင်း၏ စည်းချက်နှင့်ကိုက်ညီမှုရှိရပေမည်။

ကွဲပြားမှု အနည်းငယ်လေးကပင် ဆေးလုံးကို အကျိုးသက်ရောက်မှုမရှိသည်အထိဖြစ်သွားနိုင်ပေသည်။ အဆိုးဆုံးကတော့ ဆေးမီးဖိုပါပေါက်ကွဲသွားနိုင်သည်။

အတော်ကြာပြီးနောက် ကျောက်ယွမ်သည် သူ၏ ဆေးလုံးပထမအသုတ်ကို စတင်သန့်စင်တော့လေသည်။

ခဏကြာပြီးသည့်အခါမှာတော့ ကျောက်ယွမ်က ဉာဏ်အလင်းပွင့်ခြင်းကနေ ရုတ်တရက်ထွက်လိုက်သည်။ သူမျက်လုံးဖွင့်လိုက်သည့် အခါမှာတော့ ဆေးလုံးများကို သန့်စင်ပြီးနေပြီဖြစ်သည်။

ကျောက်ယွမ်က တွေးလိုက်သည်။

"ဆေးဖော်ခြင်းအတတ်ပညာက တကယ်ကို ဆန်းကြယ်တာပဲ။ ကျင့်ကြံခြင်းနှင့်လုံးဝကွဲတယ်။"

ကျောက်ယွမ်သည် သူ့နဖူးကို သုတ်လိုက်၏။ သူသည် ချွေးတို့နှင့် ရွှဲနေခဲ့သောကြောင့် ဖြစ်ပေသည်။

သူသည် ဆေးမီးဖိုကိုတစ်ချက်ကြည့်လိုက်သည်။ ဤအချိန်၌ မီးဖိုထဲက မီးတောက်များမှာ ငြိမ်းသွားပြီဖြစ်သည်။ မီးတောက်‌တွေကြောင့် အပူရှိန်များသာ ကျန်ရှိတော့သည်။

သူသည် အနံ့ခံကြည့်သော်လည်း သူ့ဆေးလုံးများမှ မည့်သည့်အနံ့မှမရချေ။ ယခင်တုန်းက ချီသန့်စင်ခြင်းဆေးလုံးတွေဆီမှ ဆေးနံ့တော့ ရစမြဲပင်ဖြစ်သည်။

သည်တစ်ခါတော့ ဆေးနံ့လေးတောင်မရချေ။ ထိုအရာက သူ့ကို အနည်းငယ်စိုးရိမ်စေသည်။

"ငါ့အနာဂတ်က ဒီအပေါ်မူတည်နေတာပဲ။"

ကျောက်ယွမ်သည် မျက်လုံးများကို မှိတ်လိုက်ပြီး အနည်းငယ်ဆုတောင်းလိုက်လေသည်။ ထို့နောက် သူ့လက်တွေကို ဆေးမီးဖိုနှုတ်ခမ်းဝမှာ ထားလိုက်သည်။

ရွတ်..

ကျောက်ယွမ်သည် မီးဖိုကို ဖွင့်လိုက်ပြီး အတွင်းထဲက အဖြူရောင်မီးခိုးငွေ့များက ချက်ချင်းထွက်ပေါ်လာလေသည်။

မီး‌ခိုး‌ငွေ့များ လွင့်ပြယ်သွားချိန်မှာတော့ ကျောက်ယွမ်မှာ ရုတ်တရက်မှင်သက်သွားသည်။ သူသည် မီးဖိုထဲက ဆေးလုံး‌တွေကို မြင်လိုက်ရချိန်မှာတော့ ထိတ်လန့်သွားလေသည်။

အလင်းမှိန်မှိန်ဖျဖျလေး ထုတ်လွှတ်နေသည် လုံးဝန်းသော ဆေးလုံးဆယ့်နှစ်လုံးက မီးဖိုထဲတွင်ရှိနေလေသည်။

ထို့အပြင် ဆေးလုံးများ၏မျက်နှာပြင်တို့မှာလည်း ချောမွေ့နေလေသည်။ ပြောရလျှင် လုံးဝပြည့်စုံနေလေသည်။

စုဝမ်ရီပေးခဲ့သော စာအုပ်ကိုဖတ်ပြီးသည့်နောက် ကျောက်ယွမ်က ဆေးလုံးတွေနှင့် ပတ်သတ်သည့်အခြေခံအချက်များကို နားလည်ခဲ့သည်။ သူတို့၏ အဆင့်များလိုအ‌ကြောင်းအရာတွေပေါ့။

ယေဘုယျအားဖြင့်တော့ ဆေးလုံးများ၏အဆင့်များအား သူတို့၏ မျက်နှာပြင်ချောမွေ့ ပြေပြစ်မှုနှင့်ဆေးရနံ့ပြင်းမပြင်းပေါ်မူတည်၍ ခွဲခြားရလေသည်။

ဆေးလုံးတစ်လုံးသည် ပိုပြေပြစ်လေလေ ပိုပြည့်စုံလေလေဖြစ်သည်။

ပြည့်စုံသည့် ဆေးလုံးတစ်လုံးတွင် မည်သည့် ရနံ့မှရှိလိမ့်မည်မဟုတ်ချေ။ ထိုသို့သော ဆေးလုံး၏ဆေးအစွမ်းမှာ အနည်းငယ်တောင် ယုတ်လျော့လိမ့်မည်မဟုတ်ပေ။

သူ့ထံတွင် အရင်တုန်းက ရှိခဲ့ဖူးသော ချီသန့်စင်ခြင်းဆေးလုံးများမှာ လုံးဝန်းသော်လည်း သေချာကြည့်ပါက ဆေးလုံးမျက်နှာပြင်ပေါ်တွင် အချိုင့်အခွက်လေးများကိုမြင်နိုင်ပေသည်။

ထို့အပြင် ဆေးလုံးများမှ ရနံ့များထွက်နေလေသည်။ ဆေးလုံးဆီကနေ ရနံ့ထွက်ရခြင်းသည် ဆေးအစွမ်းလျော့နေခြင်းသာဖြစ်လေသည်။

တစ်ဖက်တွင်တော့ ယခု ဆေးလုံးဆယ့်နှစ်လုံးလုံးက အပြစ်အနာအဆာမရှိပေ။ မည်သည့်ဘက်က ကြည့်ကြည့် သူတို့က လုံးဝန်းချော့မွေ့နေကာ အပြစ်အနာအဆာ အနည်းငယ်ပင်မရှိပေ။

ထို့အပြင် သူတို့တွင် ရနံ့မရှိချေ။ သူတို့သည် လုံးဝကို အပြည့်စုံဆုံးဖြစ်လေသည်။

ကျောက်ယွမ်သည် မီးဖိုထဲက ထိုဆေးလုံးဆယ့်နှစ်လုံးကိုကြည့်လိုက်ပြီး သူ့ရင်ထဲမှာတော့ စိတ်လှုပ်ရှား‌မှုတွေ ဖုံးလွှမ်းနေပေသည်။ ပျော်ရွှင်မှုကြောင့် သူ့ခန္ဓာကိုယ်မှု တုန်ယင်နေသည်။

ထို့နောက် လေးဆယ့်ငါးဒီဂရီလောက်စောင်းပြီး မိုး‌ပေါ်ကိုကြည့်ကာ ပြောလိုက်တော့သည် " မိုးကောင်ကင်ကသာ ငါကျောက်ယွမ်ကို မမွေးဖွားပေးခဲ့ဘူးဆိုရင် ဆေးပညာက အမှောင်ခေတ်တစ်ခုမှာပဲ ရှိနေဦးမှာ"

"ငါကလွဲ ဘယ်သူဒါမျိုးလုပ်နိုင်သလဲ"

"ဘယ်သူစွမ်းသလဲ"

ထိုအခိုက်အတန့်မှာပဲ ကျောက်ယွမ်သည် အခန်းထဲကနေ အပြင်ကို ပြေးထွက်လိုက်ပြီး လူတိုင်းကို " လှောင်တာတော့မဟုတ်ဘူး။ မင်းတို့က အသုံးမကျတဲ့ကောင်တွေကြီးပဲ" လို့ အော်ပြောချင်စိတ် တဖွားဖွားပေါ်နေလေသည်။

"အကိုကျောက်ယွမ်က ဘာလို့ထွက်မလာသေးတာလဲ"

ထိုအချိန်မှာတော့ ရှောင်အာက သူထွက်လာမည်ကို စောင့်လျက်ရှိနေပေသည်။

"သူဘယ်လိုနေလဲမသိဘူး" သူမက နှုတ်ခမ်းလေးဆူရင် ပြောလိုက်သည်။

သူမအတွက် သူ့ကို လာတွေ့ရဖို့မလွယ်ကူချေ။ သူမသည် သူ့ကို သူမ၏ တိုးတက်မှုတွေအကြောင်း မပြောရသေးပေ။

ယခင်က သူမသည် အခြေခံတည်ထောင်ခြင်းအဆင့်သို့ ချိုးဖောက်ရန် ကြိုးစားနေခဲ့သောကြောင့် ပုံမှန်လို သူ့ဆီ မလာဖြစ်ခဲ့ပေ။

ယခု သူမသည် အခြေခံတည်ထောင်ခြင်းအလယ်ဆင့်ကို ချိုးဖောက်ပြီးသည်နှင့် သူနှင့်တွေ့ရဖို့ အလျင်အမြန်ထွက်လာခဲ့ခြင်းဖြစ်လေသည်။

သူမသည် အကိုကျောက်ယွမ်က စိတ်ဝိညာဉ်တောင်ကြားကနေ ထုတ်ပယ်ခံရနိုင်သည်ဖြစ်တာ‌ကြောင့် အဂ္ဂိရက်ခန်းမဆီသို့ အပြေးလာခဲ့ခြင်းဖြစ်ပေသည်။

သူမက သူ့ကိုဆေးလုံးတစ်ချို့ပေးပြီး ချိုးဖောက်နိုင်ရန်ကူညီပေးမလို့ဖြစ်‌ပေသည်။

သူမသည် သူ့အနေနှင့် ချီကျင့်ကြံခြင်း အဆင့်ငါးသို့ ချိုးဖောက်ပြီးနေလိမ့်မည်ဟု မျှော်လင့်မထားချေ။

ထိုအရာက သူမအားအတော်လန့်သွားစေသော်လည်း ကျောက်ယွမ်၏ အောင်မြင်မှုတွေက သည်လောက်နှင့်ရပ်တန့်သွားမည်မဟုတ်မှန်း သူမယုံကြည်လေသည်။

"ဘာလို့သူက ထွက်မလာသေးတာလဲ။ ပြောစရာတွေ အများကြီးကျန်နေသေးတာကို။"

ရှောင်အာ၏မျက်လုံးများမှာ ကျောက်ယွမ်ရှိ‌နေသော ဆေးဖော်သည့်အခန်းပေါ်မှာပဲ ရှိနေလေသည်။

ထိုအရာကို စုဝမ်ရီမြင်သည့်အခါ ‌စနောက်လိုက်သည် "နင်က ဆေးလုံးတစ်ချို့ဝယ်ဖို့ဆို။ ဘာလို့ရပ်နေသေးတာလဲ။"

"ဒါမှမဟုတ် ဒီဆေးဖော်ခန်းကနေပဲ ဝယ်သွားတော့မလို့လား။ ဒါပေမဲ့ သူက တစ်ခုမှ ‌မဖော်ရလောက်သေးဘူးထင်တယ်နော်။"

စုဝမ်ရီက ပြောပြီးနောက် တခစ်ခစ်ရယ်လိုက်လေသည်။

ထိုအရာကို လူအုပ်ကြီးကို ရပ်တန့်သွား‌စေပြီး သူတို့ကိုထပ်မံကြည့်နေစေပြန်သည်။

"စီနီယာအမ.."

ရှောင်အာက ထိုစကားကိုကြားသည့်အခါ မျက်နှာလေး ချက်ချင်းရဲတွတ်သွားပြီး စုဝမ်ရီ၏ လက်ကို လှမ်းဖက်ကာ ခါလိုက်တော့သည်။

"အမလည်း ညီမက အကိုကျောက်ယွမ်ကို စောင့်နေမှန်းသိသားပဲ"

ရှောင်အာ၏ ချွဲနေ‌သောလေသံ‌လေးသည် အနားရှိလူတိုင်းကို ပင့်သက်ရှိုက်သွားစေသည်။

အကုန်လုံးအတွက် ပုံမှန်ပြန်ဖြစ်သွားစေရန် ခဏလောက်ပင်ကြာသွားသည်။ သူမ၏အသံကြောင့် သူတို့မှာ ခဏတာ မှင်သက်မိသွားလေသည်။

"ခ်ခ် နင်လိမ်နေတာကို"

စုဝမ်ရီက ရှောင်အာ၏ပါးလေးကို ဆွဲညှစ်လိုက်သည်။ ဘေးနားရှိလူအပေါင်းတို့မှာ သူမ၏ ပါးနုနုလေးကို ဆွဲညစ်ချင်စိတ်များထွက်ပေါ်လာလေသည်။

ထိုအချိန်မှာပဲ မှုန်သုန်နေသည့် ချင်ရှုမှာ အဂ္ဂိရက်ခန်းမသို့ရောက်လာလေတော့သည်။


You are reading the story above: TeenFic.Net