..[ U ]
ကျုန်းရှို့တစ်ယောက်ရိုလာကိုစတာစီးနေသလိုခံစားနေရတယ်။
မဟုတ်ဘူး...အဲ့ဒါကရိုလာကိုစတာထက်တောင် ပိုဆိုးတယ်၊အဆုတ်တွေအသည်း
တွေတောင်အန််ထွက်မတတ်ဘဲ၊ဒါပေမယ့်
သူကခံနိုင်ရည်ရှိအောင်ကြိုးစားပြီးမအန်မိအောင်နေတယ်၊သူ့ရဲ့အားအင်ကြီးမားမှုက
သူ့ ကိုယ်သူမမူးဝေအောင်ထိန်းထားနိုင်တယ်။
ထို့နောက် တဖြေးဖြေး ရှင်းရှင်းလင်းလင်းပင် ပြန်သတိဝင်လာကြောင်း ခံစားလိုက်ရပြီး
သူ့ ခန္ဓာကိုယ်နဲ့ စိတ်နှစ်ခုလုံးအရင်အခြေအနေဆီသို့ ပြန်လည်ရောက်ရှိသွားခဲ့တယ်။ ရိုလာကိုစတာလည်းမရှိတော့သလို
လှည့်ပတ်နေတာမျိုးလည်းမရှိဘဲသူ့ စိတ်
တွေသာဖရိုဖရဲ ဖြစ်နေတယ်။
သူ့ကို အေးစက်နေတဲ့ခွဲစိတ်ခန်းခုတင်ပေါ်မှာ ချည်ထားတယ်၊ရွေရောင်မှန်မျက်ကိုင်းကို တပ်ဆင်ထားတဲ့ အရပ်ပုပုလူကသူ့ကို အသေအချာ ကြည့်နေတယ်၊ကျုန်းရှို့မျက်လုံးတွေ ဖွင့်လာတဲ့အခါ,ထိုသူက
ထေ့ထေ့လေး ပြုံးလာတယ်။
"ဟယ်လို...မစ္စတာကျိုး"
ကျုန်းရှို့ သူ့ကိုမတုံ့ပြန်နိုင်ဘူး၊သူသတိမလစ်ခင်က ဖြစ်ပျက်ခဲ့တာတွေကို ပြန်မှတ်မိနိုင်ဖို့ရာ ကြိုးစားနေလိုက်တယ်၊ အမှန်တကယ်တော့သူလေဆိပ်ထဲစဝင်ပြီဆိုကတည်းက
သူ့ကို ပစ်မှတ်ထားသလိုခံစားနေရတယ်။
အဲ့ဒီအချိန်ကလက်ရုံးရည်ကိုအားကိုးခဲ့ပေ
မယ့်တဖက်လူကလက်ရုံးရည်ကိုမသုံးဘဲ
မေ့ဆေး အပ်ကိုတိုက်ရိုက်သုံးလာလိမ့်မယ်လို့ သူလုံးဝမျှော်လင့်မထားမိဘူး၊ယခုတော့
သူက ဘာကြောင့်မှန်းမသိနိုင်လျက်ခွဲစိတ်ခုတင်ပေါ်မှာ ထိန်းချုပ်ခံထားရတယ်။
ကျုန်းရှို့က ရန်သူတွေရဲ့သဘောထားကို
နားမလည်ပေမယ့် သူ့ရှေ့မှလူကအနည်းငယ်ထူးခြားပုံရတယ်။
သူက အသက်ပြင်းပြင်းတချက်ရှုရင်းပွင့်ပွင့်လင်းလင်းပဲ မေးလိုက်တယ်။
" မင်းက အိုမီဂါလား?"
ထိုလူပုလေးကတခဏမျှဆွံ့အနေပြီးမှပြုံးပြလာပေမယ့်ထိုသူ့အပြုံးကအပေါ်ယံမျှသာ ရှိတယ်။
"အယ်ဖာတွေရဲ့အခြေခံကျင့်ဝတ်လေးကိုတောင်မင်း မသင်ခဲ့ရဘူးလား?"
ကျုန်းရှို့ မျက်မှောင်ကြုံ့လိုက်တယ်၊
" အဲ့ဒါက ဘာကြီးလဲ?"
"မင်း ပထမဆုံးတွေ့တဲ့ အိုမီဂါကိုခုလို
လုပ်တာကလိင်ပိုင်းဆိုင်ရာနှောင့်ယှက်
မှုလို့ မှတ်ယူနိုင်တယ်"
"......."
မင်းရဲ့ ပရိုမုန်းတွေက ငါ့နှာခေါင်းရှေ့ကိုလွင့်နေတာလေ...အသက်ပြင်းပြင်းရှုလိုက်ရတာကတော့ မေ့ဆေး ရှိန် ပြယ်သွားတဲ့အခါနှာခေါင်းကအနံ့ခံစွမ်းအားအရမ်းကောင်းလာတာကြောင့်လို့ ကျုန်းရှို့ တွေးလိုက်မိတယ်။
ထိုသူကဆက်ပြောလာတယ်၊
"ဒါပေမယ့်, ဒီကမ္ဘာမှာ ခုလို တခြားကမ္ဘာက လူမျိုးနဲ့ တွေ့ရတာနည်းနည်းတော့ အံ့သြမိတယ်၊ မင်းကဒီကိုဘယ်လိုဖြစ်ပြီးရောက်
လာတာလဲ?ဟိုမှာများပြစ်မှုတစ်ခုခု ကျူးလွန်ခဲ့လို့လား?"
ကျုန်းရှိူ့ခုထိစကားမပြောသေးဘူး။ရုတ်တရက် , လျှို့ဝှက်ခန်းရဲ့ ညာဘက် ခြမ်း
သတ္တု တံခါးကတိတ်တဆိတ်ပင်ပွင့်လာတယ်၊ အနက်ရောင်ဝတ်စုံနှင့်လူနှစ်ယောက်
အထဲသို့ ဝင်လာပြီး သူ့ကို ကြည့်တယ်။
" ချန်းရှ, မင်းဘယ်ကသတင်းအမှားတွေယူလာတာလဲ? အဲ့ဒီ အခန်းကရှလျန်ရဲ့အခန်း မဟုတ်ဘူး၊ သူ့ အိမ်နီးချင်းရဲ့ အခန်းဖြစ်နေတယ်၊ ရှလျန်ကလည်း သူ့အိမ်မှာမရှိဘူး၊
ငါ တို့ တံခါးခေါက်တော့ ဘာတုံ့ပြန်မှုမှ မရှိဘူး၊ လသာဆောင်ပေါ်ကနေ အထဲထိဝင်
ကြည့်တော့လည်းဘယ်သူမှအထဲမှာမရှိဘူး"
ကျုန်းရှို့ မျက်လုံးပြူးလာတယ်၊
"မင်းတို့..."
ချန်းရှလို့ အမည်ရတဲ့ဂျပုလေးက ကျုန်းရှို့ ကို သံသယစိတ်ဖြင့် ကြည့်ရင်း ခေါင်း ခါလိုက်တယ်၊
" မဖြစ်နိုင်တာ, ဒီကောင်လေးမေ့မြောနေတဲ့ အချိန် ငါအသေအချာမေးထားတာ,အဲ့ဒါက သူ့အိမ်နံပါတ်ပဲ၊သူ့ အိမ်နံပါတ်ကိုတော့ ဘယ်လိုလုပ်ပြီးသတိမရဘဲ နေမှာလဲ?"
"မင်းက ငါ့ကို မေးထားတာလား?"
ကျုန်းရှို့ကအပြင်းအထန်ရုန်းကန်လာရင်း,
"မင်းတို့ က ဘယ်သူတွေလဲ?ငါ့ကိုခုလွှတ်!"
"စိတ်မလှုပ်ရှားပါနဲ့"
ချန်းရှက ကျန်းရှိူ့ရဲ့လက်ကို ညင်သာစွာ ပုတ်လိုက်တယ်၊ လက်ချောင်းထိပ်ရှိအပူချိိန်က
အလွန် တရာမှ ကျဆင်းနေသော်လည်း နားနားကို ကပ်ပြီး ပြောလာတဲ့အသံ ကြောင့်
ကျုန်းရှို့ ကြက်သီးတွေထလာတယ်။
" မင်းရဲ့ သူဌေး ရှလျန် ကအဲ့ဒီမှာနေတာမလား? အသိညာဏ်ရှိတဲ့ ငှက်လေးတွေက
ကိုင်းကောင်းကောင်းကိုရွေးချယ်တတ်ရတယ်၊မင်းရဲ့ သူဌေးအချိန်တိုလေးအတွင်း
ဒေဝါလီခံသွားရမှာကို စိုးရိမ်မိတယ်၊ဘာလို့
ငါတို့နဲ့ မပူးပေါင်းတာလဲ? ငါ့တို့ သူဌေးကို
မင်းနဲ့ မိတ်ဆက်ပေးမယ်လေ၊အရင်ကထက်
မင်းဘဝကြီး ပိုတိုးတက်လာအောင်လုပ်ပေးလို့ရတယ်"
ကျုန်းရှိူ့ က သူ့ကို စေ့စေ့ကြည့်ပြီး ,
"အိပ်မက်မက်နေလိုက်!"
"အားရို့! မင်းက အရမ်းစိတ်ကြီးတာပဲ"
ချန်းရှက ဒေါသမထွက်ဘဲ ပြုံးပြလာတယ်၊
" မင်းက ဘာလို့ ဒီလောက် သစ္စာရှိနေရတာလဲ? သူက မင်းရဲ့ လက်တွဲဖော် အိုမီဂါလား?
ကျုန်းရှို့ ငြိမ်သက်နေတယ်၊ရှင်းရှင်းပြောရမယ်ဆို,ချန်းရှကသူ့ကို မျိုးရိုး ဗီဇ မမှန်သူ အဖြစ်သိထားသော်လည်းရှလျန် ရဲ့ အခြေအနေကိုတော့ မသိသေးဘူး၊ တဖက်မှကြည့်မယ်ဆို ရှလျန်က ဘေးကင်းနေသေးတယ် ၊ ယခုတွင်သူလုပ်နိုင်တာက နှုတ်ဆိတ်ရုံသာတတ်နိုင်ပြီး တဖက်လူက သူ့ထံမှသတင်းအချက်အလက်တွေနှိုက်ထုတ်မရဖို့သာ သူကြိုးစားရမယ်။
ကျုန်းရှို့အသံတိတ်နေတာကို မြင်တဲ့အခါ
ချန်းရှက အနက်ရောင်ဝတ်စုံနှင့် လူနှစ်ယောက်အား လက်ဝေ့ရမ်း ပြတယ်၊
" မင်းတို့ အရင်ပြန်နှင့်လိုက်"
ထိုသူနှစ်ယောက်က တစ်ယောက်နဲ့ တစ်ယောက်ကြည့်ပြီးသူတို့ထဲမှတစ်ယောက်က ချက်ခြင်းပင်ဒေါသတကြီးထအော်လာတယ်၊
"ချန်းရှ, မင်းက ငါတို့ လက်အောက်ခံအဆင့်ပဲရှိတယ်၊ဘာလို့ ငါတို့ကိုအမိန့်လာပေးနေတာလဲ?"
"ဘာလို့လဲ ဆိုတော့မစ္စတာကျုန်းနဲ့ စကားအေးအေး ဆေးဆေး ပြောဖို့ တိတ်ဆိတ်နဲ့ ပတ်ဝန်းကျင် လိုအပ်နေတယ်...မင်းတို့ဒီမှာရှိရင် ငါ့အာရုံကို စုစည်းလို့မရဘူး၊ သူဌေးကို
လူချင်းပဲ ပြောလိုက်ရမလား?"
သူဌေးဆိုတဲ့ အသံကြားလိုက်ရတဲ့အခါ ထိုသူနှစ်ယောက်ရဲ့ မောက်မာမှုတွေ လျော့ပါးသွားတယ်၊သူတို့က ချန်းရှကို လက်ညိုးထိုးကာ ပြောလာတယ်၊
" မင်း ရှလျန်ရဲ့ တည်နေရာအတိအကျကို
မေးနိုင်ရင်တော့ ပိုကောင်းတာပေါ့'
ပြောပြီးနောက် လှည့်ထွက်သွားတယ်၊
"ကောင်းပြီ,.အခုဆို ငါတို့နှစ်ယောက်ထဲပဲရှိတော့တယ်"
ချန်းရှက ကျုန်းရှို့ရဲ့ ခန္ဓာကိုယ်ကို မှီပြီး
အသံတိုးတိုး ဖြင့် ပြောလာတယ်။
"အရိုးသားဆုံး ပြောရရင် ငါကတခုလပ်ဖြစ်ခဲ့တာကြာပြီ၊ နှစ်ပေါင်း များစွာကြာပြီး ငါကိုယ်ငါ သန့်သန့်ရှင်းရှင်း နဲ့ ဘယ်သူနဲ့မှလည်း
မပတ်သက်ဘဲနေခဲ့တာ၊ မင်းကိုပထမဆုံးအကြိမ် တွေ့ ကတည်းက ငါရုတ်တရက်သိလိုက်ရတယ်၊ငါမင်းကိုများ ချစ်မိသွားလာပေါ့..ဖြစ်နိုင်တယ်၊ မင်းရဲ့ အိုမီဂါကိုလည်း
သစ္စာဖောက်ဖို့ ပြောတာတော့မဟုတ်ဘူး၊
မင်းရဲ့ နှလုံးသား တဝက်လောက် ငါ့ကို
ပေးဖို့ ဆန္ဒရှိရင်ပဲ ငါ ကျေနပ်တယ်"
သူ့ဘက်မှ စကားများစွာ ပြောကာဝန်ခံခဲ့ပေ
မယ့် ကျုန်းရှိူ့ကဘာမှပြန်မပြောပဲသူ့ကို မော့ကြည့်လာတယ်၊တဖန်ပြန်၍ကျုန်းရှိူ့ ရဲ့ မျက်လုံးတွေကမှေးစင်းသွားကာဘာတွေတွေးနေမှန်းမသိဘူး။
" မင်းဘာလို့ ငါ့ကို မယုံတာလဲ?"
ချန်းရှက သူ့ကို ကြိုးစားပမ်းစားပြောလာတယ်၊
"ဟုတ်တယ်,.ငါမင်းကို သူဌေးဆီ တန်းခေါ်သွားချင်ပေမယ့်..ငါမင်းကို မြင်မြင်ချင်း သဘောကျမိလို့ ငါ စိုးရိမ်နေတာ"
ကျုန်းရှိး ရုတ်တရက် မေးလာတယ်၊
"မင်းမှာ အရင်က အယ်ဖာတစ်ယောက်ရှိခဲ့ဖူးတယ်မလား?"
"ဟုတ်တယ်လေ,ဘာဖြစ်လို့လဲ?"
"သူမင်းကို မလိုချင်ဘူးဆိုတာကမထူးဆန်းပါဘူး"
ချန်းရှ အနာပေါ် တုတ်ကျသွားသလို မျက်နှာ တစ်ခုလုံးရှုံ့မဲ့သွားတယ်၊ သူက ကျုန်းရှိူ့ အား လည်ပင်းညှစ်ရန် အလျင်အမြန် အနားသို့
တိုးကပ်လာတယ်။
"မင်း ဘာပြောလိုက်တာလဲ? အယ်ဖာတစ်ယောက်ဖြစ်ရတာကရော ဘယ်လောက်ကောင်းနေလို့လဲ? အကုန်လုံးက ဆာလောင်နေတဲ့ သားရဲ တွေပဲမလား? မင်းရဲ့ အချစ်ကိုပဲကြီးမြတ်နေတယ်လို့ ထင်မနေနဲ့၊ အချစ်ဆိုတာ ပြောဖို့တောင်မထိုက်တန်ဘူး!မင်း ခုလို ပုံစံနဲ့သာဆက်သွားနေမယ်ဆိုရင်,သူဌေး ကတောင်မင်းကို လုပ်စရာမလိုဘူး၊သေခြင်းထက် ဆိုးဝါးတဲ့ အရာတွေရဲ့ အတွေ့ အကြုံလေးတွေကို ငါမင်းကို ပေးမယ်!"
ကျုန်းရှိူ့ အသက်ရူကြပ်လာပြီး ထိုသူရဲ့လက်တွေကို အသည်းအသန် ချိုးဖျက်ဖို့ ကြိုးစားသော်လည်း သူလုံးဝလှုပ်လို့မရဘူး။
ထိုအချိန်မှာပဲ , သတ္တု တံခါး ပွင့်လာပြီးပြင်းထန်တဲ့ အရောင်အဝါရှိနေတဲ့အမျိုးသားတစ်ဦး နောက်သို့အနက်ရောင်ဝတ်စုံဖြင့်
လူနှစ်ယောက်ကကုတ်ကုတ်လေးနဲ့လိုက်
လာတယ်၊
ချန်းရှ ရူးသွပ်သွားတာကိုမြင်တဲ့အခါအနက်ရောင်ဝတ်လူနှစ်ယောက်ကပြေးလာပြီး
ချန်းရှကိုကျုန်းရှို့ထံမှဆွဲထုတ်လိုက်ကြတယ်၊
"ဘာဖြစ်နေတာလဲ?"
အနက်ရောင်ဝတ်စုံ နှင့် အတူ ဝင်လာတဲ့သူကချန်းရှကို မကျေမလည်ကြည့်ကာ မေးလာတယ်၊ချန်းရှက ထိုသူ့ကို တွေ့တဲ့အခါမှ ငြိမ်သက်သွားပြီး 'သူဌေး'ဟုခေါ်တယ်။
နောက်ဆုံးတွင်ကျုန်းရှိူ့လည်း ချန်းရှရဲ့ နတ်ဆိုး ကဲ့သို့သော လက်တွေကြားမှ လွတ်မြောက်သွားရာမှ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်တယ်။
ရင်းနှီး နေတဲ့ မျက်နှာ တစ်ခု ,တနည်းအား
ဖြင့် ကျုန်းရှို့ ထိုသူရဲ့ ပုံတွေကို မရေမတွက်နိုင်အောင် တွေ့ဖူးတယ်၊ လက်ရှိ သူမြင်နေရတဲ့သူက ဓာတ်ပုံတွေထဲကထက် အဆပေါင်းများစွာ ပိုမို သန်မာပုံရတယ်။
"ရင်မိုဟွား"
ကျုန်းရှိူ့ တဖက်လူရဲ့ နာမည်ကို ခေါ်မိရင်း,
"တကယ်ကြီး မင်းပဲ"
26.1.2022
.......................................................................
[ Z ]
ခံစားနေရတယ်။
ပိုဆိုးတယ်၊အဆုတ်တွေအသည်းတွေတောင်အန်ထွက်မတတ်ဘဲ၊ဒါပေမယ့်သူကခံနိုင်ရည်ရှိအောင်ကြိုးစားပြီးမ
တယ်။
"ဟယ်လို...မစ္စတာကျိုး"
ထူးခြားပုံရတယ်။
မေးလိုက်တယ်။
" မင်းက အိုမီဂါလား?"
မသင်ခဲ့ရဘူးလား?"
" အဲ့ဒါက ဘာကြီးလဲ?"
"......."
မိတယ်။
ထိုသူကဆက်ပြောလာတယ်၊
ကျုန်းရှို့ခုထိစကားမပြောသေးဘူး။ရုတ်တရက် ,
"မင်းတို့..."
"စိတ်မလှုပ်ရှားပါနဲ့"
ချန်းရှက ကျန်းရှို့ရဲ့လက်ကို ညင်သာစွာ
ပုတ်လိုက်တယ်၊ လက်ချောင်းထိပ်ရှိအပူချိန်က
ကျုန်းရှို့ က သူ့ကို စေ့စေ့ကြည့်ပြီး ,
"အိပ်မက်မက်နေလိုက်!"
မင်း ခန္ဓာကိုယ်ပေါ်က နေ အိုမီဂါ နံ့ဖျော့ဖျော့လေး
ရနေတယ်၊မင်း ဟိုကိုမပြန်တာကြာလှပြီမလား၊ဟမ်? သူကြောင့်မင်းဒီကိုရောက်လာတာလား?"
မယ့် ကျုန်းရှို့ကဘာမှပြန်မပြောပဲသူ့ကို မော့ကြည့်လာ
တယ်၊တဖန်ပြန်၍ကျုန်းရှို့ ရဲ့ မျက်လုံးတွေကမှေးစင်းသွားကာဘာတွေတွေးနေမှန်းမသိဘူး။
ချန်းရှ အနာပေါ် တုတ်ကျသွားသလို မျက်နှာ တစ်ခုလုံးရှုံ့မဲ့သွားတယ်၊ သူက ကျုန်းရှို့ အား လည်ပင်းညှစ်ရန် အလျင်အမြန် အနားသို့တိုးကပ်လာတယ်။
ကျုန်းရှို့ အသက်ရူကြပ်လာပြီး ထိုသူရဲ့လက်တွေကို
"ဘာဖြစ်နေတာလဲ?"
နောက်ဆုံးတွင်ကျုန်းရှို့လည်း ချန်းရှရဲ့ နတ်ဆိုး ကဲ့သို့သော လက်တွေကြားမှ လွတ်မြောက်သွားရာမှ
"ရင်မိုဟွား"
ကျုန်းရှို့ တဖက်လူရဲ့ နာမည်ကို ခေါ်မိရင်း,
"တကယ်ကြီး မင်းပဲ"
26.1.2022
.......................................................................
You are reading the story above: TeenFic.Net