EP45(U&Z)
Background color
Font
Font size
Line height
..[ U ]
ထိုညအိပ်မပျော်နိုင်ခြင်းကြောင့်ရှလျန်
တစ်ယောက်နောက်တနေ့ မနက် ဆယ်နာရီ
ထိ အိပ်ပျော်နေခဲ့တယ်။
ကျုန်းရှို့တစ်ယောက်ထွက်ခွာသွားပြီးနောက်
ကျုန်းရှို့ထားခဲ့တဲ့စာတိုလေးအားဗီရိုလေးပေါ်တွင် တွေ့လိုက်ရတယ်၊ ဒီနေ့နံနက်ပိုင်း သောက်ရန် နွားနို့လေးကျိုထားပေးခဲ့ကြောင်း၊ပူတုန်းလေးသောက်ဖို့မမေ့ရန်နှင့်
အစားကို အချိန်မှန်စားရန်၊ အားသွင်းတဲ့
အချိိန် ဖုန်းပိတ်ထားဖို့မမေ့ရန် နှင့် တစ်ခုခုမသက်မသာဖြစ်တာမျိုးရှိပါကဒေါက်တာဝမ်ကို အမြန်ဆုံးဆက်သွယ်ဖို့ ပြောခဲ့တယ်။
ရှလျန် စာရွက်လေးထဲမှသေသပ်တဲ့ လက်ရေး စာလေးတွေကို ကြည့်ရင်း
အိပ်ရာပေါ်တွင် လဲလျောင်းပြီးစာရေးနေတဲ့ အရပ်ရှည်ရှည် အမျိုးသားလေး တစ်ယောက်ရဲ့ ပုံစံလေးက သူ့အတွေးတွေထဲ ပေါ်လာတယ်၊ ရှလျန်ရဲ့ နှုတ်ခမ်းထောင့်လေးတွေ
အလိုအလျောက်ပင် ကော့တက်သွားမိတယ်။
လွန်ခဲ့တဲ့ လအနည်းငယ်လောက်က ,
ကျုန်းရှို့ကရှလျန်အားခုလိုလေးတွေကို ပြုလုပ်ဖို့ ညွှန်ကြားခဲ့ သော်လည်းယခုတော့
ကျုန်းရှို့က သူ့ကို မဖြစ်မနေပြုလုပ်စေဖို့
ပြောလာတယ်၊ ခုလိုအနေအထားလေးရဲ့
ခံစားချက်လေးကကြည်နူးနွေးထွေးတယ်
လို့သူခံစားရတယ်။
ထိုအခိုက်အတန့်လေးမှာ သူကျုန်းရှို့ဆီ
ဖုန်းခေါ်ချင်ပြီး တဖက်လူရဲ့ အသံလေးကို နားထောင်ချင်လာတယ်၊ဒါပေမယ့် သူ့ အတွေးတွေကို အလျင်အမြန်ပဲ ဖယ်ရှားလိုက်တယ်၊ ကျုန်းရှို့ က ခုချိန်ဆို လေယာဥ် ပေါ်မှာသာရှိနိုင်လောက်သေးတယ်၊ အခြားတစ်ဖက်တွင်လည်းသူ လုပ်နေတဲ့ လုပ်ရပ်တွေကမမှန်ကန် ကြောင်းမသိစိတ်ဖြင့်တွေး နေမိတယ်။ ဘာတွေမှားယွင်းနေလဲဆိုတာကိုတော့နက်နက်ရှိုင်းရှိုင်းသူမတွေးချင်ဘူး။
နွားနို့ သောက်ပြီးတဲ့နောက်, ဝမ်ပင်က ပုံမှန်အတိုင်း ကြည့်ရှုဖို့ရောက်လာပေးတယ်၊
ကျုန်းရှိူ့ရဲ့လွှမ်းမိုးမှု ကြောင့် ဝမ်ပင်တောင်ချက်ခြင်းဆိုသလို ချက်ပြုတ်ရေးရာကိုဝါသနာပါသွားတယ်၊ရှလျန်ကို ပြုစုစောင့်ရှောက်ရင်းCooking Appမှ အချက်အပြုတ်ကို သင်ယူရန်လိုအပ်တဲ့ ပစ္စည်းတွေကိုပါဝယ်ယူလာခဲ့တယ်။
ဘာကြောင့်လဲဆိုတာမသိပေမယ့် ဝမ်ပင်လုပ်တဲ့ အရာတွေက တူးသွားတာကတမျိုး , အဆင်မပြေသည်က တဖုံတို့ကြောင့်
ရှလျန် မည်မျှပင်သည်းခံနေပါစေ
မအော့အန်မိစေဖို့ရာ မကူညီနိုင်ခဲ့ဘူး။
" ဒြပ်စင်ငါးခုမှာ တစ်ခုခုများလိုအပ်နေလို့လား ဒါမှမဟုတ် မီးဖိုချောင်က သေးလို့
မင်းနဲ့များ လိုက်လျောညီထွေမရှိတာလား?"
"ဘုရားသခင်က တရားမျှတတယ်"
ဝမ်ပင်ကရယ်မောရင်း သူ့ ဘာသာပြောလာတယ်၊
" ငါ့အတွက်အရေးကြီးတဲ့ အရာတွေကို ပေးခဲ့တဲ့ အတွက် ငါ့ဆီကနေ ပဲ တခြားအရေးကြီးတဲ့အရာတွေ ပြန်ယူသွားတယ်"
သူ့ရဲ့ ဆေးပညာဆိုင်ရာကျွမ်းကျင်မှုကို
ပီတိဖြစ်ကာချီးမွမ်း နေတယ်လို့ ထင်မိတာမို့ တိတ်တဆိတ်ပင် မျက်လုံးတွေကို အထက်သို့ဆန်တက်ရင်း လူမှုရေး အခြေခံ မပျက်ယွင်းစေဖို့ အတင်းအကြပ်ပင် ဖိနှိပ်နေရတယ်၊
ဝမ်ပင်က ရုတ်တရက်အကြောင်းအရာ ပြောင်းလဲသွားတယ်။
"ဒါနဲ့ စကားမစပ်,.မင်းအရင်ကသန္ဓေသားအိပ်မက် မက်ဖူးတယ်လို့ ငါကြားထားတယ်၊
နောက်ပိုင်း အိပ်မက်ထပ်မက်သေးလား?"
"မမက်ဘူး"
ထိုသို့ ပြောပြီး နောက် ရှလျန် အနည်းငယ်လည်း စိတ်ဓာတ်ကျနေမိတယ်၊ သူ့ ဗိုက်ထဲမှကလေးလေးက သူနှင့် နီးစပ်မှု မရှိသလို
သန္ဓေသားရဲ့ လှုပ်ရှားမှုကလည်း အားနည်းနေတယ်လို့ အမြဲလိုလို ခံစားနေရတယ်။
"မင်းဆီပထမဆုံးသူရောက်လာတဲ့အချိန်
မင်းကသူ့ကို ရိုက်ချလိုက်တာမို့သူစိတ်ထိခိုက်သွားပုံရတယ်"
ဝမ်ပင်က ဟာသနှောရင်း ,
"ကလေးတွေရဲ့ နှလုံးသားက အရမ်းနုနယ်တယ်, မင်း သူ့ကို မွေးပြီးရင် , လျော်ကြေးအနေနဲ့ သူ့ကိုအသေအချာဂရုစိုက်ပေးလိုက်ပေါ့"
ရှလျန် ရုတ်တရက်ငိုင်ကျသွားတယ်၊
သူနဲ့ရှလျန်တို့ရဲ့အစပထမ အစီအစဥ်အရ
ကလေးမွေးပြီးပါက တစ်စုံတစ်ယောက်ထံ၌
ခဏ စောင့်ရှောက်စေပြီး ကလေး နှစ်နှစ် သုံးနှစ်လောက်ရောက်ချိန်မှ သူ့ရဲ့ မျိုးရိုးနာမည် ကို ယူကာ တရားမဝင်ကလေး အဖြစ်သူ့အနားမှာ ပြန်ခေါ်ဖို့ ရည်ရွယ်ထားခြင်းပင်၊
မိခင်အထောက်အထားဆိုသည်ကိုလည်း
ဖျောက်ဖျက်ပစ်နိုင်လိမ့်မယ်။
သို့သော်, ဝမ်ပင်ရဲ့ စကားတွေကို ကြားရတဲ့အခါ ရုတ်တရက် သူ့ ကလေးဘဝကို ပြန်သတိရမိတယ်၊ အဲ့ဒီအချိန်တုန်းက ရှလျန်
နှစ်နှစ် ၊သုံးနှစ် အရွယ်သာရှိနေသေးတယ်၊သူ့မိခင်ဆုံးပါးသွားတဲ့သတင်းကသူ့အတွက်ကြီးမားတဲ့ထိုးနှက်ချက်ကြီးတစ်ခုဖြစ်ခဲ့တယ်။
သို့သော် အနှစ်နှစ်ဆယ်ကျော်ကြာပြီးတဲ့နောက်, အဲ့ဒီအချိန်ကို သူပြန်တွေးတိုင်း
မှတ်မှတ်ထင်ထင်ရှိနေခဲ့တာက,သူ့မိခင်ရဲ့ အောက်မေ့ဖွယ်ရာအခမ်းအနား၌သူ့ မိခင်ရဲ့ ပုံတူကိုပိုက်ကာ ငိုနေခဲ့တာမျိုးမဟုတ်ဘဲအနှီးထုပ်လေးထဲမှာပိုက်ထွေး ထားခဲ့ရတဲ့ သူ့ညီလေးကို အပြစ်ကင်းစွာ ကြည့်နေမိခြင်းပင်။
အဲ့ဒီအချိန်ကဆို သူ့ညီလေးက သူ့ထက် ပို၍ပင် သနားစရာကောင်းတယ်လို့ ခံစားမိတယ် ၊အနည်းဆုံး သူကမိခင်ရဲ့လက်ကို ဆုပ်ကိုင်နိုင်ခဲ့ပြီးရင်ခွင်ထဲသို့တိုးဝှေ့ကာ
မိခင်၏တေးဆိုသံကို ကြားခဲ့ရသေးတယ်၊
သူ့ ညီလေးရဲ့ ကမ္ဘာလေးထဲ၌မူမိခင်ဟူသော ဖြစ်တည်ခြင်းကတကယ့်ကိုဗလာနတ္ထိဖြစ်နေခဲ့တယ်။
အခုသူ့ ဗိုက်ထဲမှ ကလေး အကြောင်းစဥ်းစား မိလိုက်တဲ့အခါ, လအနည်းငယ်အတွင်းမှာ
သူ့ရဲ့ မူလဆုံးဖြတ်ချက်ကိုပြန်စဥ်းစားမိရာမှ
ပထမဆုံး အကြိမ်အဖြစ်တုန်လှုပ်သွားခဲ့ရပြီး
ကလေးလေးအားဒုတိယရှလင်ဖြစ်လာမှာကို သူမလိုလားတော့ဘူး။
နေ့လည်စာစားပြီးတဲ့နောက်, ရှလျန်ကျုန်းရှိူ့ထံဖုန်းခေါ်ရန် ကြိုးစားခဲ့သော်လည်းအဆက် အသွယ်လုံးဝ မရတော့ဘူး၊ကျုန်းရှို့
လေယာဥ်မဆင်း လောက်သေးတာမို့တရေး တမောအိပ်သင့်တယ်လို့သူတွေးမိတယ်။
အချိန်မည်မျှပင်ကြာသွားသည်ကို မသိနိုင်လျက် , ရုတ်တရက် မျက်လုံးတွေကို ဖွင့်ပြီး
သူ့ တကိုယ်လုံးလည်း ချွေးစေးတွေနဲ့ ပြည့်နှက်နေတယ်၊ မည်မျှပင် စိတ်ဖိစီးနေလွန်းသည်ဟုမဆိုနိုင်လျက် မသိစိတ်ဖြင့် ခုတင်ဘေးမှဖုန်းကို လှမ်းဆွဲလိုက်မိတယ်၊ သူ့လက်တွေတုန်ယင်နေတာမို့ ဖုန်းကလက်ချောင်းထိပ်တွေမှ ချော်ထွက်ကာအောက်သို့ ပြုတ်ကျပြီး "ဘုံး"ကနဲ ပင် မြည်သည်အထိ သစ်သားကြမ်းပြင်နှင့် ရိုက်ခတ်သွားတယ်။
ဧည့်ခန်းထဲမှဒေါက်တာဝမ်က အခန်းထဲမှ
လှုပ်ရှားသံ တချို့ ကို ကြားပြီး တံခါးကို ချက်ခြင်း တွန်းဖွင့်လာတယ်။ သူကြည့်လိုက်ရာ
ရှလျန်က ခုတင်ပေါ်တွင် လဲလျောင်းနေပြီး
ဖုန်းအား ခက်ခက်ခဲခဲ ပင်လှမ်းယူနေတာကို
တွေ့လိုက်ရတယ်။
"ဟေး..မင်း အလျင်စလို မလုပ်နဲ့လေ"
ဝမ်ပင်က အလျင်အမြန်ဖုန်းလေးကို ကောက်ကိုင်လိုက်ပြီး ရှလျန်လက်ထဲသို့ ထည့်ပေးလာတယ်၊
" ငါအပြင်မှာရှိတယ်, တစ်ခုခု ဖြစ်ရင်,
ငါ့ကို လှမ်းခေါ် လိုက်,ဘာလို့ ကိုယ့်ဘာသာ
အပင်ပန်းခံနေတာလဲ"
ရှလျန် သက်ပြင်းချပြီး ပြောလိုက်တယ်၊
" အဲ့လိုမဖြစ်ရဘူး"
ထိုအခါမှ ရှလျန်တစ်ခုခုဖြစ်နေကြောင်း
ဝမ်ပင် သတိထားမိတယ်၊ ဒါကြောင့်မို့
ရှလျန် အနီးထိုင်ချပြီး သူ့ကို ဂရုတစိုက်
ကြည့်ကာမေးလာတယ်၊
" မင်းဘာလို့ ချွေးတွေ အရမ်းထွက်နေတာလဲ?မင်း အဆင်ပြေရဲ့လား?"
"မဟုတ်ဘူး...ငါအိပ်မက်ဆိုးတစ်ခုမက်နေတာ"
ရှလျန်ရှင်းပြရန် အချိန်မရှိသေးဘဲ ကျုန်းရှို့ထံ ဖုန်းခေါ်နေပေမယ့် အဆက်အသွယ်ပြတ်နေဆဲပင်၊ အချိန်ကို တချက်ကြည့်ပြီး ,
" အရမ်း ကြာနေပြီ,လေယာဥ်ပေါ်က ခုထိများ မဆင်းသေးတာလား?"
"လေယာဥ်နောက်ကျတာများဖြစ်နေမလား?"
ဝမ်ပင် နှစ်သိမ့်ပေးရင်း,
"မင်း အရမ်း စိတ်ပူနေရင်,သူ့ကို WeChatကနေ မက်ဆေ့ ပို့ပြီး သူဖုန်းဖွင့်တဲ့အချိန် တတ်နိုင်သမျှအမြန်ဆုံးပြန်ဆက်သွယ်ဖို့ ပြောထားလိုက်လေ..."
စကားမဆုံးခင်မှာပဲ ရုတ်တရက် တံခါးခေါက်သံကြားလိုက်ရတယ်၊ အသံက တရစပ်ကျရောက်လာတာမို့ မကောင်းတဲ့ ရည်ရွယ်ချက် အရိပ်အမြွက်တွေ ပါဝင်နေတယ်။
သို့သော်ဝမ်ပင်က အတော်လေး တည်ငြိမ်နေတယ်၊ ရှလျန်ရဲ့ ပခုံးကို ဖိပြီး ပြောလာတယ်၊
" မင်း တံခါးကို လော့ချထားလိုက်,
ငါပြန်လာမှ ဖွင့်ပေး"
သူအိပ်ခန်းထဲမှထွက်လာပြီး ပတ်ဝန်းကျင်ကို တချက်ကြည့်ကာ  အပြင်ဘက် သို့ ထွက်လာပြီး တံခါးဖွင့်လိုက်တယ်။
တံခါး အပြင်ဘက်တွင် အနက်ရောင်ဝတ်စုံ
ဖြင့် လူနှစ်ယောက်ရပ်နေတယ်၊ ဝမ်ပင်ကို
တွေ့တဲ့အခါ သူတို့ မျက်နှာပေါ်မှ အံ့အားသင့်သွားတဲ့အမူအရာက သိသာလွန်းနေတယ်၊
သူတို့ထဲမှတစ်ယောက်ကယဥ်ကျေးစွာမေးလာတယ်၊
"တဆိတ်လောက်...မစ္စတာရှကဒီမှာနေတာလား?"
ဝမ်ပင်က မျက်ခုံးတွေကို ပင့်တင်ပြီး ထို နှစ်ယောက်အား တမင်တကာပင်ခြေဆုံးခေါင်းဖျား စိုက်ကြည့်လိုက်တယ်။
" မင်းတို့က ဘာလို့ ရှလျန်ကို ရှာနေတာလဲ?"
"ကျွန်တော်တို့ သူဌေးက ခေါ်ခိုင်းလို့ပါ"
"မင်းတို့ သူဌေးက ဘယ်သူလဲ?"
တဖက်လူက စိတ်မရှည်တော့ဘဲစေ့စေ့ကြည့်ကာ ပြောလာတယ်၊
" ဒါက ရှလျန်ရဲ့ အိမ်မဟုတ်ကိုပဲမင်းပြန်ဖြေဖို့လိုတယ်၊ ဘာလို့ ဒီလောက် အဓိပ္ပာယ်မရှိလာမေးနေတာလဲ"
ထိုလူနှစ်ယောက်က သံသယရှိစရာဖြစ်နေတာကိုဝမ်ပင် မြင်နေရတာမို့ ခေါင်းမော့ပြီး
ပြောလိုက်တယ်၊
"ဒါက ငါ့အခန်း, ရှလျန်ကဟိုဘက်ဘေးခန်း မှာနေတယ်"
ထိုလူနှစ်ယောက်က တဖက်သို့လှည့်သွားပြီး
တံခါး ခေါက်နေတယ်၊ ဒါပေမယ့် ထိုအခန်းက ဝမ်ပင် ခတ္တယာယီငှားနေတဲ့အခန်းမို့
ဘယ်သူက တံခါးလာဖွင့်ပါ့မလဲ?
ထို နှစ်ယောက်အချိန်အတော်ကြာတံခါးခေါက်ပြီး မည်သည့်တုံ့ပြန်မှုမှရမလာတဲ့
တဖက်သို့ လှည့်ကြည့်လာချိန် ဝမ်ပင်ကလည်း တံခါးဝ၌ ရပ်ကာပျက်ချော်ချော်
ဖြင့် ကြည့်နေခဲ့တယ်။
သူတို့ထဲမှ တစ်ယောက်က စိတ်ရှည်လက်ရှည်ပင် ထပ်မေးလာတယ်၊
" မစ္စတာရှဘယ်များသွားလဲဆိုတာကို
ပြောပြနိုင်မလား?"
"မသိဘူး, သူ့လက်ထောက်နဲ့ အပြင်ထွက်သွားတာ ဖြစ်နိုင်တယ်"
ဝမ်ပင် က ပေါ့ပေါ့ပါးပါးပဲ ပြန်ဖြေလိုက်တယ်။
"မဖြစ်နိုင်တာ..ငါတို့ဒီကို မလာခင်.."
တဖက်လူက မရေမရာဖြင့် လွှတ်ကနဲစကားထွက်လာပြီးနောက် ပါးစပ်ပိတ်သွားတယ်။
ဒါပေမယ့် ထိုသူရဲ့ စကားတွေထဲမှ တစ်ခုခု မူမမှန်တာကို ဝမ်ပင်ခံစားမိတယ်၊ အနက်ရောင် ဝတ်စုံနဲ့ လူနှစ်ယောက်က ရှလျန်ကို ရှာ မတွေ့ ပေမယ့် ဝမ်ပင်က သူတို့ထံမှ ထပ်မံ၍ စကားညှစ်ထုတ်ရန် ကြိုးစားနိုင်တာမို့ ဒေါသတကြီးဖြင့် ပြန်ထွက်သွား ကြတယ်။
ဝမ်ပင် တံခါးပိတ်ပြီး ပြန်လှည့်ကြည့်လိုက်ချိန် ရှလျန်ရဲ့ အိပ်ခန်း တံခါးလေး ပွင့်နေတာကို သူတွေ့လိုက်ရတယ်။
"မင်း အကုန်လုံး ကြားလိုက်တယ်မလား?"
ဝမ်ပင်ရဲ့ အမေးကို ရှလျန် ခေါင်းညိတ်ပြပြီး
မျက်နှာတွေပင်ဖြူဖျော့လာတယ်။
"သေချာတယ်,.အိပ်မက်က တကယ်ဖြစ်လာပြီ, ကျုန်းရှို့ လေယာဥ်ပေါ် မရောက်ခင်
မတော်တဆမှု ဖြစ်ခဲ့တယ်"
24.1.2022
(T/N..ပြီးရန်24ပိုင်းပဲ လိုပါတော့သည်❤)
....................................................................
[ Z ]
ထိ အိပ်ပျော်နေခဲ့တယ်။
အချိန် ဖုန်းပိတ်ထားဖို့မမေ့ရန် နှင့် တစ်ခုခုမသက်
လို့သူခံစားရတယ်။
ကြည့်ရှုဖို့ရောက်လာပေးတယ်၊ကျုန်းရှို့ရဲ့လွှမ်းမိုးမှု
"မမက်ဘူး"
ထိခိုက်သွားပုံရတယ်"
ဝမ်ပင်က ဟာသနှောရင်း ,