EP47(U&Z)
Background color
Font
Font size
Line height
..[ U ]
ရင်မိုဟွားက ကျုန်းရှို့အားတချက်ကြည့်ပြီး
သူ့ကို မှတ်မိနေခြင်းအတွက်အံ့သြနေဟန်ပင် ရှိမနေခဲ့ဘူး။
"မင်းကရှလျန်ဘေးကလက်ထောက်မလား?"
ကျုန်းရှို့တခဏမျှအံ့သြနေရာမှရင်မိုဟွားကတော့ ပုံမှန်အတိုင်းရှိနေဆဲပင်။
သူ့ရှေ့မှာတင်ပဲ ရင်မိုဟွားက ဖုန်းခေါ်ကာ ပြောလာတယ်၊
" ရှလျန်, မင်း ကြားရလား?မင်းရဲ့ လက်ထောက်ကခုထိအသက်ရှင်နေ
သေးတယ်နော်"
"ဒါဆိုလည်း ကောင်းပါပြီ၊ မစ္စတာရင်က
တရားလက်လွတ်လုပ်မယ့်သူမဟုတ်ဘူးဆိုတာကိုငါယုံပါတယ်။ငါ့လက်ထောက်နဲ့ စကားနည်းနည်းလောက်ပြောလို့ရနိုင်
မလား?"
"ဘာလို့ မဖြစ်နိုင်ရမှာလဲ?"
ရင်မိုဟွားက အနက်ရောင်ဝတ်စုံနှင့်လူတစ်ဦးထံသို့ ဖုန်းကို ရက်ရောစွာဖြင့် ပေးလိုက်တယ်၊ ထိုသူက ဖုန်းအား ကျုန်းရှို့ ရဲ့နားနားသို့ကပ်ပေးလာတယ်။
"လျန်ကော..."
ကျုန်းရှို့ တစ်ယောက်ခံစားချက်တို့
ရောထွေးနေလျက်ဘာပြန်ပြောရမှန်း
မသိဖြစ်နေတယ်။
"နားထောင်! ကျုန်းရှိူ့"
ရှလျန်ရဲ့ အသံက အလွန်တည်ငြိမ်နေတယ်၊
" မင်းနဲ့ဖုန်း အကြာကြီး ပြောလို့မရဘူး၊
မင်း တစ်ခုသိထားရမှာကသူတို့ဘာမေးမေး,
မင်းမဖြေနဲ့"
ကျုန်းရှိူ့ မျက်လုံးတွေကို ပင့်တင်ပြီး
ရင်မိုဟွားကို ကြည့်လိုက်တယ်၊ ရှလျန် တမင်တကာ အသံတိုးတိုး မပြောခြင်းက
ရင်မိုဟွားသိရန်အတွက်လို့ ယူဆနိုင်တယ်၊
သို့သော် ရင်မိုဟွားက မခန့်မှန်း နိုင်တဲ့အပြုံးဖြင့် သူ့ အမူအရာကိုမပျက်ယွင်းစေဘဲရှိနေတယ်။
ကျုန်းရှိူ့ ရှလျန်ရဲ့ ဆိုလိုရင်းကို ချက်ခြင်း နားလည်သွားတယ်၊ မြေခွေးအို ရင်မိုဟွားရှေ့ မှာ ဖုံးကွယ်လိမ်ညာပါကလည်း အချည်းနှီးသာဖြစ်နိုင်ပြီး တိတ်တဆိတ် နေခြင်းကသာ
အကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်တယ်။
ကျုန်းရှိူ့ တစ်စုံတရာကို သတိရသွားပြီး
အလျင်အမြန် ပြောလိုက်တယ်၊
"လျန်ကော, ကောရှိမယ့်နေရာကို သူတို့ဆီ
ကျွန်တော်ပြောပြတာမဟုတ်ဘူး၊ဒါပေမယ့်
ရင်မိုဟွားမှာ စိတ်ညို့နိုင်တဲ့အိုမီဂါတစ်ယောက်ရှိတယ်"
အနက်ရောင်ဝတ်စုံနှင့် ဖုန်းကိုင်ပေးထားသူက တဖက်သို့ခေါင်းလှည့်ကာ ကျုန်းရှိူ့ကို
ဆက်ပြောခွင့်ပြုမပြု သူတို့သူဌေးဘက်ဆီ
သို့ကြည့်လိုက်တယ်၊ရင်မိုဟွားက မျက်ခုံးတွေပင်ပင့်တက်သွားပြီး တဖက်လူက
ချန်းရှအကြောင်းကိုသိပုံ မရဘူး။
ရှလျန် ခတ္တမျှ ငြိမ်သက်သွားပြီး ပြန်ပြောလာတယ်၊
" ငါသိပြီ"
ရှလျန် ဘာမှထပ်ပြောမလာတာကို တွေ့တဲ့အခါ ရင်မိုဟွားက ဖုန်း ပြန်ယူစေပြီးကျုန်းရှို့ ရှေ့မှာပဲ ဆက်ပြောလာတယ်။
"ဘယ်လိုလဲရှလျန်? ငါ့ဘက်က ရိုးသားမှုကို ပြပြီးပြီနော်, မင်းဘက်ကရော?"
ထို စကားကို ကြားတဲ့အခါ ကျုန်းရှိူ့ က အလျင်စလို ပင်ထအော်လာတယ်၊
" လျန်ကော, ကောသူ့ကိုကတိပေးစရာမလို..."
သူ့စကားမဆုံးခင်မှာဘဲ အနက်ရောင်ဝတ်စုံ
နှင့်လူက သူ့ဗိုက်အား ပြင်းထန်စွာထိုးနှက်လိုက်တယ်။
ရှလျန် လည်း တဖက်မှလှုပ်ရှားသံတွေကို
ကြားနေရပေမယ့်ကိုယ့်လူကတဖက်အဖွဲ့ရဲ့
လက်ထဲမှာရှိနေတာမို့စိတ်ထဲ၌ မည်မျှပင်
မခံမရပ်နိုင်ဖြစ်နေစေကာမူ ရုန်းထွက်ဖို့ရာ
မလွယ်ကူနိုင်ဘူး။
"ဥက္ကဌရင်ဘက်ကတွေ့ဆုံချင်တာကမမှားပါဘူး၊ ဒါပေမယ့် အခုလောလောဆယ်ငါ့  အနေအထားက ဆိုးဝါးတဲ့ အခြေအနေတစ်ခုမှာရှိနေလို့ အပြင်ကိုတောင်လွယ်လွယ်ထွက်လို့မရဘူး၊ဒါကြောင့်မို့ငါ့ဘက်ကတွေ့မယ့်နေရာကို ဆုံးဖြတ်ချင်တယ်၊ဒါကိုလက်ခံနိုင် မလား?"
ရင်မိုဟွားက ခုလို မျိုးတောင်းဆိုလိမ့်မယ်လို့ ထင်မထားခဲ့ဘူး၊ တဖက်လူကလည်း သူ့ကို
မသက်မသာဖြစ်စေချင်သည်လားဆိုတာကို
သူမပြောနိုင်ဘူး၊။ ခဏမျှတိတ်ဆိတ်သွားပြီးနောက်, ရင်မိုဟွားက သတိပေးလာတယ်၊
" ရှလျန်, မင်းငါ့နှာခေါင်းကို ထိကိုင်ပြီး
မကစားတာ ပိုကောင်းလိမ့်မယ်"
"ဥက္ကဌရင်ကငါ့ ကိုအရမ်းအထင်ကြီးနေတာပဲ၊ မစ္စတာရင်ရှေ့မှာငါကလှည့်စားနိုင်တဲ့ အရည်အချင်းရှိနေလို့လား?"
ရှလျန် ဘက်မှ နူးညံ့ပျော့ပျောင်းနေတဲ့အခါ
ရင်မိုဟွားတစ်ယောက် အလွန်အမင်း ကျေနပ်သွားတယ်၊နှုတ်ခမ်းတွေပင် တွန့်ကွေးသည်အထိ ပြုံးရင်း ရယ်မောကာပြောလာတယ်၊
" ဒါဆို, ဒီညတွေ့ကြမယ် ..ရှလျန်"
"ခဏလေး.."
ရှလျန် ရုတ်တရက်သတိရပြီး ထပ်ပြောလိုက်တယ်၊
" ဥက္ကဋ္ဌရင်,ငါနောက်ထပ် တောင်းဆိုစရာတစ်ခုရှိတယ်"
"အိုး..ပြောကြည့်"
"လူတွေကို စိတ်ညို့နိုင်တဲ့မင်းရဲ့တပည့်.. မင်း
သူ့ကိုငါ့လက်ထောက်နဲ့ ဝေးဝေးမှာထားပေးဖို့မျှော်လင့်ပါတယ်"
"ဘာပဲ ဖြစ်ဖြစ်,ငါ့လူရဲ့သဘောဆန္ဒမပါဘဲ စိတ်ညို့ပြီး ပြောစေတာကငါ့ရဲ့ကိုယ်ရေး ကိုယ်တာကို မလေးစားရာရောက်တယ်
မလား၊ဥက္ကဋ္ဌရင်လို လူမျိုးက အဲ့ဒီလိုအသေးအဖွဲလေးတွေအတွက်ကြိုး စားပမ်းစားလုပ်ဖို့ မထိုက်တန်ဘူးမလား?"
ရင်မိုဟွားရဲ့ မျက်နှာပေါ်၌ ဒေါသအရိပ်အယောင်တွေဖြတ်ပြေးနေတယ်၊
" လက်ထောက်လေး တစ်ယောက်အတွက်နဲ့
မင်းက ငါ့အပေါ် ရန်လိုတဲ့ စကားတွေကို
သတ္တိရှိရှိ အသုံးချနေတယ် ၊ မင်းစိတ်ထဲမှာ
ဒီလက်ထောက်လေးက ဘယ်လောက်တောင်
နေရာယူလည်း ဆိုတာကို ငါနည်းနည်းတော့စိတ်ဝင်စားသွားပြီ"
ရှလျန် ခတ္တခဏမျှနှုတ်ဆိတ်နေပြီးမှ,
"မင်းဘက်ကငါ့မိသားစုတွေကို ကြိုတင် စုံစမ်း ပြီး ဖြစ်လောက်မယ်လို့ယုံကြည်တယ်၊သူကငါတို့ ရှမိသားစုကမွေးစားထားတဲ့ မိဘမဲ့ ကလေးတစ်ယောက်ပြီးတော့ သူက
ငါတို့နဲ့ အတူနေလာတာ နှစ်ပေါင်း 20ကျော်ပြီ၊ ကိုယ်ချင်းစာပေးပါ...ညီကိုတွေလို ဖြစ်နေတာမို့ ကျေးဇူးပြုပြီးငါ့ကိုအခွင့်အရေးလေး ပေးပါ"
ဖုန်းထဲမှ အသံကတိုးတိုးလေးပေမယ့်
ကျုန်းရှိူ့က ထိုကဲ့သို့သော စကားအသုံး
အနှုန်း ကို ကြားနေရဆဲပင်၊ သူက လက်ရှိအနေအထား၌ အေးစက်နေတဲ့ခုတင်ပေါ်
မလှုပ်မယှက်ဖြင့်လဲလျောင်းနေရတယ်၊
မျက်နှာပေါ်၌ မည်သည့် ပြောင်းလဲမှု မျိုး
ကိုမှထုတ်မပြပေမယ့် အသွားတုံးတဲ့ ဓား
တစ်ချောင်းက သူ့ အသွေးတွေ အသားတွေကို တတိိတိဖြင့်လှီးဖြတ်သလို ခံရခက်စေလျက်နာကျင်မှုတို့ကြောင့်ထုံထိုင်းနေတယ်။
ဖုန်းချပြီးနောက် , ရှလျန်ကဘေးမှာနားထောင်နေတဲ့ ဒူလန်ကျဲ နဲ့ ဝမ်ပင်တို့ကို
မေးလိုက်တယ်။
" မင်းတို့ ဘယ်လိုထင်လဲ?"
"တဖက်လူက ကျုန်းရှိူ့ကို အသေအချာ
စိတ်ညို့ ဖို့ အချိန် အလုံအလောက် မရခဲ့ဘူးထင်တယ် ၊ ဒီလိုမှမဟုတ်ရင်ကျုန်းရှိူ့ ပါးစပ်ကနေ သူတို့ ရတဲ့အချက်တွေက အိမ်လိပ်စာတစ်ခုထက်ပိုနေလောက်တယ်"
ဝမ်ပင်က စိုးရိမ် စွာ ပြောလာတယ်၊
" သူတို့ ကျုန်းရှိူ့ ကို နောက်တခေါက်
စိတ်ညို့ ပြီး မမေးဖို့ ပဲမျှော်လင့်တယ်"
ရှလျန် ခေါင်းညိတ်လိုက်တယ်,
" မိုဟွားနဲ့ ငါအဆက်အသွယ်သိပ်မရှိပေမယ့် လွန်ခဲ့တဲ့ ဆယ်နှစ်က အမြင်အရ ပြောရမယ်ဆိုရင် သူက နည်းနည်း မောက်မာတယ်၊ ငါသူ့ကို တောင်းပန်နေတာမို့ မျက်နှာအပျက်ခံပြီး ကျုန်းရှိူကိုဘာမှထပ်မလုပ်ဖို့မျှော်လင့်တယ်"
ဝမ်ပင်ကလည်း ခေါင်းညိတ်ပြီး,
" အဲ့ဒီ တစ်ယောက်က အိုမီဂါလို့ကျုန်းရှို့က ပြောတယ် ၊ အဲ့ဒါသာအမှန်ဆိုရင်, မင်းရဲ့
ပရိုမုန်းတွေကို ဖုံးကွယ်နိုင်ဖို့လိုတယ်"
ဝမ်ပင်က ဒူလန်ကျဲ ထံမှအကြံညာဏ်ကို
စောင့်ဆိုင်းပေမယ့် ဒူလန်ကျဲက မေးစေ့ကို ကိုင်ပြီး ဘာမှပြောမလာတဲ့အခါ တဖက်သို့
ခေါင်းပြန်လှည့်လာတယ်။
"မင်းက ဘာတွေ တွေဝေနေတာလဲ?"
ဒူလန်ကျဲ သတိပြန်ဝင်လာရာမှသက်ပြင်း
တချက်ချလိုက်တယ်။
"ငါပဲ အရမ်း အကဲဆတ်နေသလားမသိဘူး၊
ကျုန်းရှို့ ပြောတဲ့ စိတ်ညို့တဲ့ အိုမီဂါဆိုတဲ့ တစ်ယောက်က အလိုရှိနေတဲ့ စာရင်းထဲက
ဖြစ်နိုင်လောက်တယ်"
ဝမ်ပင် မျက်မှောင်ကြုတ်လိုက်တယ်,
" အလိုရှိနေတဲ့သူ? ဘယ်သူလဲ?"
"အိုမီဂါ...မှောင်ခို ...စိတ်ညို့တတ်တယ်"
သူက အဓိက စကားလုံးတွေကို တစ်ခုပြီး တစ်ခုရေရွတ်ရင်း နောက်ဆုံးတွင်ရလာဒ်တွေကို စစ်ထုတ်လိုက်ရာ ချန်းရှဟူသော အမည်
တစ်ခု ထွက်လာတယ်။
"အဲ့ကောင်ကလွန်ခဲ့တဲ့ ဆယ်နှစ်လောက်က
အကြောင်းတစ်ခုခုကြောင့်အသည်းအသန်
နေမကောင်းဖြစ်တယ်၊ပြန်ကောင်းလာတော့
စိတ်ပိုင်းဆိုင်ရာ ဖရိုဖရဲ ဖြစ်သွားတယ်၊လူသတ်မှုတွေ ဆက်တိုက်ကျူးလွန်ပြီး နောက်ဆုံးအဖမ်းခံလိုက်ရတယ်၊လွန်ခဲ့တဲ့
ငါးနှစ်လောက်ကစိတ်ညို့ တဲ့ ပညာကိုသုံးပြီးထောင်ကထွက်ပြေးသွားတာခုထိပြန်ပြီးဖမ်း လို့မမိသေးဘူး"
ဒူလန်ကျဲက ချန်းရှရဲ့အချက်အလက် ကော်လံကို နှိပ်လိုက်ရာ ဂရိုဂျက်တာတွင်
လူကောင်သေးသေးလေးရဲ့ကိုယ်တပိုင်း
ပုံ ပေါ်လာတယ်။
" အဲ့ဒီလူက ရက်စက်တယ်၊ သူ့ရဲ့ရက်စက်တဲ့ လူသတ်မှုတွေကြောင့် အလိုရှိဆုံးရာဇဝတ် ကောင်ဆယ်ယောက်ရဲ့စာရင်းထဲမှာ ပါဝင်နေတယ်၊ သုညနယ်ပယ်ကိုမလာခင်,အဖွဲ့အစည်းထံမှနောက်ထပ်တာဝန်တစ်ခု
ငါ့ကို ပေးလာတယ်၊ ပြောရမယ်ဆိုရင်ဒီလူ
ဒီထဲကို ခိုးဝင်လာတဲ့အတွက်သတိထားရတော့မယ်၊ ကျုန်းရှို့ ဖုန်းထဲက ပြောလာလာချင်း ဒီလူကိုပဲ ငါတန်းစဥ်းစားမိတယ်"
2.2.2022
....................................................................
[ Z]
ရှိမနေခဲ့ဘူး။
လို့ရနိုင်မလား?"
"လျန်ကော..."
မသိဖြစ်နေတယ်။
"နားထောင်! ကျုန်းရှို့"
မင်းမဖြေနဲ့"
ကျုန်းရှို့ မျက်လုံးတွေကို ပင့်တင်ပြီး
ကျုန်းရှို့ ရှလျန်ရဲ့ ဆိုလိုရင်းကို ချက်ခြင်း နားလည်သွားတယ်၊ မြေခွေးအို ရင်မိုဟွားရှေ့ မှာ ဖုံးကွယ်လိမ်ညာပါကလည်း အချည်းနှီးသာဖြစ်နိုင်ပြီး တိတ်တဆိတ် နေခြင်းကသာအကောင်းဆုံး နည်းလမ်း တစ်ခု ဖြစ်တယ်။
ကျုန်းရှို့ တစ်စုံတရာကို သတိရသွားပြီး
တဖက်သို့ခေါင်းလှည့်ကာ ကျုန်းရှို့ကို
" ငါသိပြီ"
ဆက်ပြောလာတယ်။
ထို စကားကို ကြားတဲ့အခါ ကျုန်းရှို့ က အလျင်စလိုပင်ထအော်လာတယ်၊
လိုက်တယ်။
မလွယ်ကူနိုင်ဘူး။
ရယ်မောကာပြောလာတယ်၊
"ခဏလေး.."
"အိုး..ပြောကြည့်"
တယ်"
ဖြတ်ပြေးနေတယ်၊
စိတ်ဝင်စားသွားပြီ"
ကျုန်းရှို့က ထိုကဲ့သို့သော စကားအသုံး
တတိတိဖြင့်လှီးဖြတ်သလို ခံရခက်စေလျက်
" မင်းတို့ ဘယ်လိုထင်လဲ?"
"တဖက်လူက ကျုန်းရှို့ကို အသေအချာ
ဒီလိုမှမဟုတ်ရင်ကျုန်းရှို့ ပါးစပ်ကနေ သူတို့ ရတဲ့အ
" သူတို့ ကျုန်းရှို့ ကို နောက်တခေါက်
မျက်နှာအပျက်ခံပြီး ကျုန်းရှိုကိုဘာမှထပ်မလုပ်ဖို့မျှော်လင့်တယ်"
တချက်ချလိုက်တယ်။
လို့မမိသေးဘူး"
2.2.2022
....................................................................
You are reading the story above: TeenFic.Net