အပိုင်း ၂ Uni+Zawgyi

Background color
Font
Font size
Line height

ဂိမာန်န နွေရာသီရောက်ပြီမို့ မန္တလေးတွင် ပူအိုက်စပြုလာပြီဖြစ်သည်။အနီးအနားကသစ်ကြီးဝါးကြီးတို့မှာလည်း ရွက်ဟောင်းကြွေ၍ ရွက်သစ်‌တွေထွက်ပြူစပြုနေပြီဖြစ်သည်။ခြံထဲရှိ ကံ့ကော်ပင်မှကြွေကြသော ရွက်ခြောက်များကတချွတ်ချွတ်မြည်နေကြသည်။ မည်သည့်အရပ်မှထွက်ပေါ်လာမှန်းမသိသော ဥဩငှက်၏
'ဥဩ' 'ဥဩ'ဟုအော်မြည်သံကလည်း နွေညနေခင်းအား အဆွေးဓာတ်ပေးသယောင်ယောင်။

နွေကာလဖြစ်၍ ပါးပြင်ပေါ်သို့ဖြတ်သွားသောလေရူးတို့မှာ ပူနွေးနွေးနှင့်ပင်။

ခွန်မင်းစက္ခ‌ရာမောင် နွေဦး၏ညနေခင်းဆည်းဆာကိုကြည့်ရင်း ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။

ဒီအချိန်ဆို ရှမ်းပြည်မှာ အေးနေဆဲပင်။မြေပြန့်ဒေသဆိုတော့ ရာသီဥတုကသိသိသာသာကို ပြောင်းလဲနေသည်။ရနောင်း မှာဆို ဆွယ်တာထပ်ဝတ်ရလောက်တဲ့အထိအေးပေမယ့် မန္တလေးကတော့ အင်္ကျီတစ်ထပ်တည်းဝတ်ရင်တောင်ပူမှန်းသိသာသည်။တောင်ပေါ်သားဖြစ်သော ခွန်မင်းစက္ခရာမောင် အဖို့မြေပြန့်၏အပူက တားဆီးမရလောက်အောင် ချွေးများပင်စို့လာရသည်။

"စော်ဘွားလေးက ဒီရောက်နေတာကိုးဗျ"

ဦးသာဒွန်းသည် ရှေးဗမာတို့ထုံးစံအရ ဆေးတံကြီးကို ခဲရင်း ပြုံးပြုံးနှင့် ခွန်မင်းစက္ခရာမောင် ဆီသို့ လျှောက်လာသည်။

"ဦးသာဒွန်း ထိုင်ဗျာ"

"ဘယ်လိုလဲ မန္တလေးမှာပျော်ရဲ့လားဗျ ကျုပ်တို့မန္တလေးကအလှအပတွေပေါပါတယ်နော်"

ဦးသာဒွန်းက သူ့နှုတ်ခမ်းမွေးကားကားကြီးကိုကော့တက်သွားအောင်ပြုံးရင် ခပ်စစပြောလိုက်သည်။

"မန္တလေး ရဲ့အလှအပတော့မသိဘူး အတော်တော့ အိုက်တယ်ဗျ ကျုပ်တို့ရှမ်းပြည်မှာဆို ဒီအချိန်ကနေလို့ကောင်းတာ ဒီမှာအတော်ပူသဗျာ"

ခွန်မင်းစက္ခရာမောင် ထိုသို့ပြောတော့ ဦးသာဒွန်းက သဘောတကျရယ်လေသည်။

"ဟုတ်တယ်ဗျ ပူတာတော့အတော်ပူတာ သို့ပေမယ့် ကျုပ်တို့က စော်ဘွားလေးစိတ်တိုင်းကျဖြစ်စေလို့ငှာ ပွဲခင်းစီစဉ်ထားပါတယ် ကျုပ်တို့မြေပြန့်ရဲ့ဓလေ့ရိုးရာကိုလည်း စော်ဘွားလေးကို မပြန်ခင်မြင်စေ့ချင်ပါတယ်"

"ခင်ဗျားတို့လူမျိုးတွေအတော်သဘောကောင်းတာ ကျုပ်သိပါတယ် ကျုပ်လေးလည်းလေးစားပါတယ် ခင်ဗျားလည်း အခါအခွင့်များကြုံကြိုက်ရင် ရှမ်းပြည်ကိုလာဖို့ဖိတ်ခေါ်ပါတယ် "

ဦးသာဒွန်းက ရှေ့တွင်ချထားသော ကာဖီ တစ်ခွက် ကို တစ်ကျိုက်သောက်ရင်း ခေါင်းတငြိမ့်ငြိမ့်ဖြင့်နားထောင်သည်။

"ကာဖီလေး သောက်ပါဦး စော်ဘွားလေး အာရေဗီးကား ကာဖီတဲ့"

(အာရေဘီးယား ကော်ဖီကိုဆိုလိုခြင်းဖြစ်သည်။)

ခွန်မင်းစက္ခရာမောင် ဦးသာဒွန်းနှင့် စကားလက်ဆုံကျနေတုန်း ခြံစောင့် ဘိုင်ကုလားသည် ခွန် တို့ဆီ ကြေးနန်းစာတစ်စောင်ကိုင်၍လာလေသည်။

"ဂျာဒူး ဘယ်ကစာလာသလဲ"

"အာရေ ရ~မိုင်း ဟော်နန်းကတဲ့ ဘဘကြီး"

ဦးသာဒွန်းသည် ဂျာဒူးပေးသော ကြေးနန်းစာကို ခွန့် ဆီသို့ ကမ်းလိုက်သည်။

"လုပ်စရာရှိတာ ဆက်လုပ်ချေ ဂျာဒူး"

"ဂျိ ဂျိ ဘဘကြီး"
(ဟုတ်ကဲ့ ဟုတ်ကဲ့)

ခွန်သည် ကြေးနန်းစာကိုဖွင့်ဖောက်၍ဖတ်လိုက်သည်။

ခွန်သည် မည်သည့်အခြေအနေမျိုးတွင်မဆို တည်တံ့သောမျက်နှာထားရှိတာကြောင့် ခွန်၏အရိပ်အခြေကိုခန့်မှန်းရမလွယ်ပေ။ရေသေလိုတည်ငြိမ်သော ခွန် ၏ မျက်နှာအမူအရာသည် ဦးသာဒွန်း၏ သိချင်စိတ်ကိုနှိုးဆွနေသည်။

"ဘာအကြောင်းအရာများပါလိမ့် စော်ဘွားလေး"

ဦးသာဒွန်းသည် ခဲထားသော ဆေးတံကြီးကိုကိုင်ကာမေးလိုက်သည်။

"အထွေအထူးတော့မဟုတ်ပါဘူး ခမည်းတော်ကအစစအရာရာဂရုစိုက်ဖို့ မှာလိုက်တာပါ ဦးသာဒွန်း"

ဦးသာဒွန်းသည် သူ၏နှုတ်ခမ်းမွှေးကားကားကြီးကိုသပ်ကာ ခေါင်းတညိမ့်ညိမ့်ဖြင့်နားထောင်နေသည်။

ကြေးနန်းစာထဲတွင် ပါသည်က ရှမ်းပြည်တွင်ဖြစ်နေသောအခြေအနေများကြောင့် ခွန့်ကိုအမြန်ပြန်လာရန် ရမိုင်းစော်ဘွားကြီးက အခေါ်လွှတ်ခြင်းဖြစ်သည်။သို့သော် အခြားသူများမသိစေချင်တာကြောင့် လျှို့ဝှက်ထားရမည်ဟု အထူးမိန့်ကြားလိုက်သည်။

ခွန်လည်း ဖခင် ဆိုလိုချင်သည်ကို သဘောပေါက်တာကြောင့် နှုတ်ဆိတ်စွာနေလေသည်။

✦✦✦✦✦✦✦

"အဲ့အချိုးလေး ပြန်ကျော့မယ် မှီငြမ်းသွင်"

ယိုးဒယား သီချင်းကြီးကို စည်းချက်မှန်မှန်နှင့်သီဆိုဖို့ရန်အတွက် မှီငြမ်းသွင် လေ့ကျင့်နေရသည်။ခေါင်းဆောင် မင်းသမီးက လှိုင်ထိပ်ခေါင်တင် ဘောလယ် သီချင်းနဲ့ဖျော်ဖြေမှာဖြစ်တာကြောင့် မှီငြမ်းသွင်တစ်ယောက်တည်းသာ ဝိုင်းဆရာနှင့်သီချင်းကျောင်းနေရသည်။

(ယိုးဒယား ဆိုတာ မြန်မာသီချင်းကြီးတစ်မျိုးကိုဆိုလိုခြင်းဖြစ်ပါတယ်။မြန်မာသီချင်းကြီးတွေမှာ ယိုးဒယား၊ပတ်ပျိုး၊ဘောလယ် ဆိုပြီးအမျိုးမျိုးရှိပါတယ်။ယိုးဒယား-ထိုင်းသီချင်းကိုဆိုလိုခြင်းမဟုတ်ပါ။)

"ရပြီ ရပြီ နားတော့ မှီငြမ်းသွင် "

"ရော့ ရေသောက်လိုက်ဦး"

ဝိုင်းဆရာ ကိုမြင့်ဇူသည် ရေအိုးထဲကခပ်ထားသော ရေအား မှီငြမ်းသွင် ကိုကမ်းပေးလိုက်သည်။

"ကျေးဇူး ကိုမြင့်ဇူ"

"ချွေးတွေချည်းပဲ ကြည့်ပါဦး "

ပြောရင်းဆိုရင်း ကိုမြင့်ဇူက လည်ပင်းတွင်ပတ်‌ထားသော ဖျင်တဘက် ကို ဖြုတ်ကာ ယပ်ခပ်ပေးလေသည်။

"ရတယ် ရတယ် ကိုမြင့်ဇူ"

မှီငြမ်းသွင်ကလက်‌လေးတကာကာဖြင့်ပြောလေသည်။

"အဟမ်း အဟမ်း"

အနောက်ဘက်မှချောင်းဟန့်သံကြားတော့ ဘယ်သူများလဲလို့......

"ဟော ဦးစံရိုးလာလေဗျာ"

ဦးစံရိုးသည် ဝိုင်းဆရာ၏ဘေးသို့စပ်ဖြဲဖြဲနှင့်ဝင်ထိုင်လိုက်လေသည်။မျက်နှာပိုးမသေစွာဖြင့်။

"အဟဲဟဲ ဝိုင်းဆရာ ဘာလုပ်နေတာ"

"သီချင်းကျောင်းနေတာလေဗျာ"

"ဟုတ်စ မှီငြမ်းသွင်"

ယခုအချိန်ထိတိတ်ဆိတ်နေခဲ့ပါသော မှီငြမ်းသွင်သည် ဦးကြီး စံရိုးကြောင့် မျက်လုံးလေးအဝင့်သား။

"ဟုတ်ပါတယ် ဦးကြီးစံရိုးရဲ့ နို့ ဘာဖြစ်လို့လဲ"

"သိပါဘူးဗျာ ကျုပ်က ခင်ဗျားလေးတို့နှစ်ယောက်ကတိုးတိုး တိုးတိုး နဲ့ တစ်ယောက်ကလည်း ရေခပ်တိုက်ရတာနဲ့ ယပ်ခပ်ပေးရတာနဲ့ တစ်ယောက်ကလည်း ငြိမ်ငြိမ်ကြီးလုပ်နေတာနဲ့ အားမလိုအားမရဖြစ်လို့ အဟဲဟဲ"

ဦးကြီးစံရိုးမှာလူရွှင်တော်ပီပီ စနောက်တဲ့သဘောနဲ့ပြောလိုက်ပေမယ့် မှီငြမ်းသွင်မှာတော့ အနေခက်သွားရသည်။မင်းသမီးနဲ့ လူရွှင်တော် မင်းသမီးနဲ့ဇာတ်အဖွဲ့သားတစ်ယောက်ယောက်ကိုစနောက်တာက ဖြစ်နေကျဆိုပေမယ့် မှီငြမ်းသွင်လို ယောကျာ်းအငြိမ့်သမတစ်ယောက်ကိုတော့ ဇာတ်ခုံပြင်ဘက်မှာစနောက်ခြင်းမျိုးက ခပ်ရှားရှားရယ်။

ဦးကြီးစံရိုးကတော့ သူမဟုတ်သလို ပြောပြီးပြီးရော တဟဲဟဲနဲ့ပင်။

"နို့ ဦးကြီးစံရိုးကလည်း ကျုပ်တို့က တစ်မိသားစုတည်းတွေမဟုတ်လား......ဒီဇာတ်အဖွဲ့သားတွေဆိုတာ ဖေးရမရမှာပဲမို့လား.... တစ်ဦးရဲ့အခက်အခဲကိုတစ်ဦးကူညီတာ ဘာဆန်းသတုန်း....မောင်နှမတွေမေတ္တာထားကြတာဆန်းသလား ဦးကြီးရဲ့"

ကိုမြင့်ဇူကတော့ ရိုးရိုးသားသားပြောလိုက်ပေမယ့် မေတ္တာဆိုတဲ့စကားလုံးတော့ မှီငြမ်းသွင်မကြိုက်ပေါင်။ယောကျာ်းသားအချင်းချင်းကိုမသုံးနှုန်းသင့်ဘူးဟုလည်း သူထင်သည်။

"မေတ္တာထားတာ ဟုတ်သလား မောင်ရေ့....ဒါဆိုကျုပ်တို့လူပြက်တွေကိုလည်း မေတ္တာထားတဲ့အနေနဲ့ အစိတ်လောက်ပေးပါဦးဗျာ....အဟဲဟဲ"

"ဟ...ဦးကြီးတို့ကတော့လုပ်ပြီ ဘယ်ဆိုင်ကိုသွားကြဦးမှာတုန်း....မနက်ဖြန်ပွဲရှိတယ်ဗျ"

"ပွဲရှိမှန်းကျုပ်တို့သိပါတယ်ဗျာ ....ညနေခင်းတစ်ကြောင်းလောက်ဆွဲချင်လို့ပါ...လုပ်ပါဗျ..."

"ကဲ‌...ရော့...ရော့ ယူဗျာ ဟော နေဦး ပွဲခထဲကဖြတ်မှာနော် "

"ဖြတ်ဗျာ ဖြတ် ဖြတ် ....အောင်စိန်ရေ လာလေကွာ... တစ်ကြောင်းလောက်ဆွဲကြစို့လား ‌အမောင်ရေ့...ဟေဟေဟေး"

ဦးကြီးစံရိုးသည် ငွေအစိတ်ကိုရပြီးသည်နှင့် တင်ပါးနှင့်ဖနောင့်တစ်ထပ်တည်းကျအောင် သုတ်ခနဲ အရက်ဆိုင်သို့ပြေးလေသည်။

"အဲ့တာသာ ကြည့်တော့ မှီငြမ်းသွင်ရေ ....လူရွှင်တော်တွေဆိုတာလည်း ငွေရတာနဲ့အရက်ဆိုင်ပဲပြေးကျတော့တာ ဟူး ခက်ပါတယ် ....တို့အငြိမ့်အဖွဲ့ကတော့"

"အစ်ကိုရယ်....ဦးကြီးစံရိုးတို့ ကိုအောင်စိန်တို့ကဒီလိုပါပဲ စလိုက်နောက်လိုက် ပျော်တာပါးတာလေးလည်းရှိမပေါ့ နို့ သူတို့လည်း လူရွှင်တော်ခကဘယ်လောက်မှရတာမဟုတ်ဘဲ တို့ဇာတ်အဖွဲ့ကိုသံယောဇဉ်ရှိလို့သာပေါ့ "

"ဟုတ်တော့လည်း ဟုတ်သား "

"အမာခံတွေပါ အစ်ကိုရယ်...သူတို့ကစိတ်ထားကောင်းရှာပါတယ်....အရက်သောက်တာကသောက်တာပဲ...သူတို့တာဝန်တော့အတတ်နိုင်ဆုံးကျေကြတယ်မို့လား"

"အင်းပေါ့လေ...မှီငြမ်းသွင်ပြောတာ
သဘာဝကျပါတယ်"

"ဒါနဲ့ အစ်ကို ကျွန်တော်တို့အခုပွဲကဘယ်သူ့ကိုဧည့်ခံရမှာ"

"အော် ...ပွဲက တိုင်းဝန်ထောက် ဦးသာဒွန်းရဲ့ ဧည့်သည်ကို ဧည့်ခံရမှာလေ"

"အစိုးရအရာရှိတွေလား အစ်ကို"

"ဟုတ်တယ် မှီငြမ်းသွင်"

"ဒါဖြင့် ဧည့်သည်က"

"ရမိုင်းစော်ဘွား စဝ်ခွန်မင်းစက္ခရာမောင် တဲ့"

မှီငြမ်းသွင်သည် မကြားဖူးသော နာမဆန်းတွေကြောင့် မျက်လုံးလေးအဝင့်သားဖြစ်သွားလေသည်။

"နာမည်ကလည်းရှည်လိုက်တာနော်"

မှီငြမ်းသွင် တိုးတိုးလေးရေရွတ်မိသည်။

ရပ်ဝန်းငယ်

၉.၃.၂၀၂၅

ပြန်အပ်ပုဒိတ်ပေးပါပြီနော် အကြာကြီးပစ်ထားမိလို့ တောင်းပန်ပါတယ် စာဖတ်သူလေး‌တို့ရေ ....ထပ်မစောင့်ရတော့ပါဘူးနော်
အပိုင်းလေးကတိုသွားပေ‌မယ့် သဘောကျရင် ကြယ်လေးတွေ ကောမန့်လေးတွေမစခဲ့ပါဦးနော်။

Zawgyi

ဂိမာန္န ေႏြရာသီေရာက္ၿပီမို႔ မႏၲေလးတြင္ ပူအိုက္စျပဳလာၿပီျဖစ္သည္။အနီးအနားကသစ္ႀကီးဝါးႀကီးတို႔မွာလည္း ႐ြက္ေဟာင္းေႂကြ၍ ႐ြက္သစ္‌ေတြထြက္ျပဴစျပဳေနၿပီျဖစ္သည္။ၿခံထဲရွိ ကံ့ေကာ္ပင္မွေႂကြၾကေသာ ႐ြက္ေျခာက္မ်ားကတခြၽတ္ခြၽတ္ျမည္ေနၾကသည္။ မည္သည့္အရပ္မွထြက္ေပၚလာမွန္းမသိေသာ ဥဩငွက္၏
'ဥဩ' 'ဥဩ'ဟုေအာ္ျမည္သံကလည္း ေႏြညေနခင္းအား အေဆြးဓာတ္ေပးသေယာင္ေယာင္။

ေႏြကာလျဖစ္၍ ပါးျပင္ေပၚသို႔ျဖတ္သြားေသာေလ႐ူးတို႔မွာ ပူေႏြးေႏြးႏွင့္ပင္။

ခြန္မင္းစကၡ‌ရာေမာင္ ေႏြဦး၏ညေနခင္းဆည္းဆာကိုၾကည့္ရင္း ပင့္သက္တစ္ခ်က္ရႈိက္လိုက္သည္။

ဒီအခ်ိန္ဆို ရွမ္းျပည္မွာ ေအးေနဆဲပင္။ေျမျပန႔္ေဒသဆိုေတာ့ ရာသီဥတုကသိသိသာသာကို ေျပာင္းလဲေနသည္။ရေနာင္း မွာဆို ဆြယ္တာထပ္ဝတ္ရေလာက္တဲ့အထိေအးေပမယ့္ မႏၲေလးကေတာ့ အက်ႌတစ္ထပ္တည္းဝတ္ရင္ေတာင္ပူမွန္းသိသာသည္။ေတာင္ေပၚသားျဖစ္ေသာ ခြန္မင္းစကၡရာေမာင္ အဖို႔ေျမျပန႔္၏အပူက တားဆီးမရေလာက္ေအာင္ ေခြၽးမ်ားပင္စို႔လာရသည္။

"ေစာ္ဘြားေလးက ဒီေရာက္ေနတာကိုးဗ်"

ဦးသာဒြန္းသည္ ေရွးဗမာတို႔ထုံးစံအရ ေဆးတံႀကီးကို ခဲရင္း ၿပဳံးၿပဳံးႏွင့္ ခြန္မင္းစကၡရာေမာင္ ဆီသို႔ ေလွ်ာက္လာသည္။

"ဦးသာဒြန္း ထိုင္ဗ်ာ"

"ဘယ္လိုလဲ မႏၲေလးမွာေပ်ာ္ရဲ႕လားဗ် က်ဳပ္တို႔မႏၲေလးကအလွအပေတြေပါပါတယ္ေနာ္"

ဦးသာဒြန္းက သူ႔ႏႈတ္ခမ္းေမြးကားကားႀကီးကိုေကာ့တက္သြားေအာင္ၿပဳံးရင္ ခပ္စစေျပာလိုက္သည္။

"မႏၲေလး ရဲ႕အလွအပေတာ့မသိဘူး အေတာ္ေတာ့ အိုက္တယ္ဗ် က်ဳပ္တို႔ရွမ္းျပည္မွာဆို ဒီအခ်ိန္ကေနလို႔ေကာင္းတာ ဒီမွာအေတာ္ပူသဗ်ာ"

ခြန္မင္းစကၡရာေမာင္ ထိုသို႔ေျပာေတာ့ ဦးသာဒြန္းက သေဘာတက်ရယ္ေလသည္။

"ဟုတ္တယ္ဗ် ပူတာေတာ့အေတာ္ပူတာ သို႔ေပမယ့္ က်ဳပ္တို႔က ေစာ္ဘြားေလးစိတ္တိုင္းက်ျဖစ္ေစလို႔ငွာ ပြဲခင္းစီစဥ္ထားပါတယ္ က်ဳပ္တို႔ေျမျပန႔္ရဲ႕ဓေလ့႐ိုးရာကိုလည္း ေစာ္ဘြားေလးကို မျပန္ခင္ျမင္ေစ့ခ်င္ပါတယ္"

"ခင္ဗ်ားတို႔လူမ်ိဳးေတြအေတာ္သေဘာေကာင္းတာ က်ဳပ္သိပါတယ္ က်ဳပ္ေလးလည္းေလးစားပါတယ္ ခင္ဗ်ားလည္း အခါအခြင့္မ်ားႀကဳံႀကိဳက္ရင္ ရွမ္းျပည္ကိုလာဖို႔ဖိတ္ေခၚပါတယ္ "

ဦးသာဒြန္းက ေရွ႕တြင္ခ်ထားေသာ ကာဖီ တစ္ခြက္ ကို တစ္က်ိဳက္ေသာက္ရင္း ေခါင္းတၿငိမ့္ၿငိမ့္ျဖင့္နားေထာင္သည္။

"ကာဖီေလး ေသာက္ပါဦး ေစာ္ဘြားေလး အာေရဗီးကား ကာဖီတဲ့"

(အာေရဘီးယား ေကာ္ဖီကိုဆိုလိုျခင္းျဖစ္သည္။)

ခြန္မင္းစကၡရာေမာင္ ဦးသာဒြန္းႏွင့္ စကားလက္ဆုံက်ေနတုန္း ၿခံေစာင့္ ဘိုင္ကုလားသည္ ခြန္ တို႔ဆီ ေၾကးနန္းစာတစ္ေစာင္ကိုင္၍လာေလသည္။

"ဂ်ာဒူး ဘယ္ကစာလာသလဲ"

"အာေရ ရ~မိုင္း ေဟာ္နန္းကတဲ့ ဘဘႀကီး"

ဦးသာဒြန္းသည္ ဂ်ာဒူးေပးေသာ ေၾကးနန္းစာကို ခြန႔္ ဆီသို႔ ကမ္းလိုက္သည္။

"လုပ္စရာရွိတာ ဆက္လုပ္ေခ် ဂ်ာဒူး"

"ဂ်ိ ဂ်ိ ဘဘႀကီး"
(ဟုတ္ကဲ့ ဟုတ္ကဲ့)

ခြန္သည္ ေၾကးနန္းစာကိုဖြင့္ေဖာက္၍ဖတ္လိုက္သည္။

ခြန္သည္ မည္သည့္အေျခအေနမ်ိဳးတြင္မဆို တည္တံ့ေသာမ်က္ႏွာထားရွိတာေၾကာင့္ ခြန္၏အရိပ္အေျခကိုခန႔္မွန္းရမလြယ္ေပ။ေရေသလိုတည္ၿငိမ္ေသာ ခြန္ ၏ မ်က္ႏွာအမူအရာသည္ ဦးသာဒြန္း၏ သိခ်င္စိတ္ကိုႏႈိးဆြေနသည္။

"ဘာအေၾကာင္းအရာမ်ားပါလိမ့္ ေစာ္ဘြားေလး"

ဦးသာဒြန္းသည္ ခဲထားေသာ ေဆးတံႀကီးကိုကိုင္ကာေမးလိုက္သည္။

"အေထြအထူးေတာ့မဟုတ္ပါဘူး ခမည္းေတာ္ကအစစအရာရာဂ႐ုစိုက္ဖို႔ မွာလိုက္တာပါ ဦးသာဒြန္း"

ဦးသာဒြန္းသည္ သူ၏ႏႈတ္ခမ္းေမႊးကားကားႀကီးကိုသပ္ကာ ေခါင္းတညိမ့္ညိမ့္ျဖင့္နားေထာင္ေနသည္။

ေၾကးနန္းစာထဲတြင္ ပါသည္က ရွမ္းျပည္တြင္ျဖစ္ေနေသာအေျခအေနမ်ားေၾကာင့္ ခြန႔္ကိုအျမန္ျပန္လာရန္ ရမိုင္းေစာ္ဘြားႀကီးက အေခၚလႊတ္ျခင္းျဖစ္သည္။သို႔ေသာ္ အျခားသူမ်ားမသိေစခ်င္တာေၾကာင့္ လွ်ိဳ႕ဝွက္ထားရမည္ဟု အထူးမိန႔္ၾကားလိုက္သည္။

ခြန္လည္း ဖခင္ ဆိုလိုခ်င္သည္ကို သေဘာေပါက္တာေၾကာင့္ ႏႈတ္ဆိတ္စြာေနေလသည္။

✦✦✦✦✦✦✦

"အဲ့အခ်ိဳးေလး ျပန္ေက်ာ့မယ္ မွီျငမ္းသြင္"

ယိုးဒယား သီခ်င္းႀကီးကို စည္းခ်က္မွန္မွန္ႏွင့္သီဆိုဖို႔ရန္အတြက္ မွီျငမ္းသြင္ ေလ့က်င့္ေနရသည္။ေခါင္းေဆာင္ မင္းသမီးက လႈိင္ထိပ္ေခါင္တင္ ေဘာလယ္ သီခ်င္းနဲ႔ေဖ်ာ္ေျဖမွာျဖစ္တာေၾကာင့္ မွီျငမ္းသြင္တစ္ေယာက္တည္းသာ ဝိုင္းဆရာႏွင့္သီခ်င္းေက်ာင္းေနရသည္။

(ယိုးဒယား ဆိုတာ ျမန္မာသီခ်င္းႀကီးတစ္မ်ိဳးကိုဆိုလိုျခင္းျဖစ္ပါတယ္။ျမန္မာသီခ်င္းႀကီးေတြမွာ ယိုးဒယား၊ပတ္ပ်ိဳး၊ေဘာလယ္ ဆိုၿပီးအမ်ိဳးမ်ိဳးရွိပါတယ္။ယိုးဒယား-ထိုင္းသီခ်င္းကိုဆိုလိုျခင္းမဟုတ္ပါ။)

"ရၿပီ ရၿပီ နားေတာ့ မွီျငမ္းသြင္ "

"ေရာ့ ေရေသာက္လိုက္ဦး"

ဝိုင္းဆရာ ကိုျမင့္ဇူသည္ ေရအိုးထဲကခပ္ထားေသာ ေရအား မွီျငမ္းသြင္ ကိုကမ္းေပးလိုက္သည္။

"ေက်းဇူး ကိုျမင့္ဇူ"

"ေခြၽးေတြခ်ည္းပဲ ၾကည့္ပါဦး "

ေျပာရင္းဆိုရင္း ကိုျမင့္ဇူက လည္ပင္းတြင္ပတ္‌ထားေသာ ဖ်င္တဘက္ ကို ျဖဳတ္ကာ ယပ္ခပ္ေပးေလသည္။

"ရတယ္ ရတယ္ ကိုျမင့္ဇူ"

မွီျငမ္းသြင္ကလက္‌ေလးတကာကာျဖင့္ေျပာေလသည္။

"အဟမ္း အဟမ္း"

အေနာက္ဘက္မွေခ်ာင္းဟန႔္သံၾကားေတာ့ ဘယ္သူမ်ားလဲလို႔......

"ေဟာ ဦးစံ႐ိုးလာေလဗ်ာ"

ဦးစံ႐ိုးသည္ ဝိုင္းဆရာ၏ေဘးသို႔စပ္ၿဖဲၿဖဲႏွင့္ဝင္ထိုင္လိုက္ေလသည္။မ်က္ႏွာပိုးမေသစြာျဖင့္။

"အဟဲဟဲ ဝိုင္းဆရာ ဘာလုပ္ေနတာ"

"သီခ်င္းေက်ာင္းေနတာေလဗ်ာ"

"ဟုတ္စ မွီျငမ္းသြင္"

ယခုအခ်ိန္ထိတိတ္ဆိတ္ေနခဲ့ပါေသာ မွီျငမ္းသြင္သည္ ဦးႀကီး စံ႐ိုးေၾကာင့္ မ်က္လုံးေလးအဝင့္သား။

"ဟုတ္ပါတယ္ ဦးႀကီးစံ႐ိုးရဲ႕ ႏို႔ ဘာျဖစ္လို႔လဲ"

"သိပါဘူးဗ်ာ က်ဳပ္က ခင္ဗ်ားေလးတို႔ႏွစ္ေယာက္ကတိုးတိုး တိုးတိုး နဲ႔ တစ္ေယာက္ကလည္း ေရခပ္တိုက္ရတာနဲ႔ ယပ္ခပ္ေပးရတာနဲ႔ တစ္ေယာက္ကလည္း ၿငိမ္ၿငိမ္ႀကီးလုပ္ေနတာနဲ႔ အားမလိုအားမရျဖစ္လို႔ အဟဲဟဲ"

ဦးႀကီးစံ႐ိုးမွာလူ႐ႊင္ေတာ္ပီပီ စေနာက္တဲ့သေဘာနဲ႔ေျပာလိုက္ေပမယ့္ မွီျငမ္းသြင္မွာေတာ့ အေနခက္သြားရသည္။မင္းသမီးနဲ႔ လူ႐ႊင္ေတာ္ မင္းသမီးနဲ႔ဇာတ္အဖြဲ႕သားတစ္ေယာက္ေယာက္ကိုစေနာက္တာက ျဖစ္ေနက်ဆိုေပမယ့္ မွီျငမ္းသြင္လို ေယာက်ာ္းအၿငိမ့္သမတစ္ေယာက္ကိုေတာ့ ဇာတ္ခုံျပင္ဘက္မွာစေနာက္ျခင္းမ်ိဳးက ခပ္ရွားရွားရယ္။

ဦးႀကီးစံ႐ိုးကေတာ့ သူမဟုတ္သလို ေျပာၿပီးၿပီးေရာ တဟဲဟဲနဲ႔ပင္။

"ႏို႔ ဦးႀကီးစံ႐ိုးကလည္း က်ဳပ္တို႔က တစ္မိသားစုတည္းေတြမဟုတ္လား......ဒီဇာတ္အဖြဲ႕သားေတြဆိုတာ ေဖးရမရမွာပဲမို႔လား.... တစ္ဦးရဲ႕အခက္အခဲကိုတစ္ဦးကူညီတာ ဘာဆန္းသတုန္း....ေမာင္ႏွမေတြေမတၱာထားၾကတာဆန္းသလား ဦးႀကီးရဲ႕"

ကိုျမင့္ဇူကေတာ့ ႐ိုး႐ိုးသားသားေျပာလိုက္ေပမယ့္ ေမတၱာဆိုတဲ့စကားလုံးေတာ့ မွီျငမ္းသြင္မႀကိဳက္ေပါင္။ေယာက်ာ္းသားအခ်င္းခ်င္းကိုမသုံးႏႈန္းသင့္ဘူးဟုလည္း သူထင္သည္။

"ေမတၱာထားတာ ဟုတ္သလား ေမာင္ေရ႕....ဒါဆိုက်ဳပ္တို႔လူျပက္ေတြကိုလည္း ေမတၱာထားတဲ့အေနနဲ႔ အစိတ္ေလာက္ေပးပါဦးဗ်ာ....အဟဲဟဲ"

"ဟ...ဦးႀကီးတို႔ကေတာ့လုပ္ၿပီ ဘယ္ဆိုင္ကိုသြားၾကဦးမွာတုန္း....မနက္ျဖန္ပြဲရွိတယ္ဗ်"

"ပြဲရွိမွန္းက်ဳပ္တို႔သိပါတယ္ဗ်ာ ....ညေနခင္းတစ္ေၾကာင္းေလာက္ဆြဲခ်င္လို႔ပါ...လုပ္ပါဗ်..."

"ကဲ‌...ေရာ့...ေရာ့ ယူဗ်ာ ေဟာ ေနဦး ပြဲခထဲကျဖတ္မွာေနာ္ "

"ျဖတ္ဗ်ာ ျဖတ္ ျဖတ္ ....ေအာင္စိန္ေရ လာေလကြာ... တစ္ေၾကာင္းေလာက္ဆြဲၾကစို႔လား ‌အေမာင္ေရ႕...ေဟေဟေဟး"

ဦးႀကီးစံ႐ိုးသည္ ေငြအစိတ္ကိုရၿပီးသည္ႏွင့္ တင္ပါးႏွင့္ဖေနာင့္တစ္ထပ္တည္းက်ေအာင္ သုတ္ခနဲ အရက္ဆိုင္သို႔ေျပးေလသည္။

"အဲ့တာသာ ၾကည့္ေတာ့ မွီျငမ္းသြင္ေရ ....လူ႐ႊင္ေတာ္ေတြဆိုတာလည္း ေငြရတာနဲ႔အရက္ဆိုင္ပဲေျပးက်ေတာ့တာ ဟူး ခက္ပါတယ္ ....တို႔အၿငိမ့္အဖြဲ႕ကေတာ့"

"အစ္ကိုရယ္....ဦးႀကီးစံ႐ိုးတို႔ ကိုေအာင္စိန္တို႔ကဒီလိုပါပဲ စလိုက္ေနာက္လိုက္ ေပ်ာ္တာပါးတာေလးလည္းရွိမေပါ့ ႏို႔ သူတို႔လည္း လူ႐ႊင္ေတာ္ခကဘယ္ေလာက္မွရတာမဟုတ္ဘဲ တို႔ဇာတ္အဖြဲ႕ကိုသံေယာဇဥ္ရွိလို႔သာေပါ့ "

"ဟုတ္ေတာ့လည္း ဟုတ္သား "

"အမာခံေတြပါ အစ္ကိုရယ္...သူတို႔ကစိတ္ထားေကာင္းရွာပါတယ္....အရက္ေသာက္တာကေသာက္တာပဲ...သူတို႔တာဝန္ေတာ့အတတ္ႏိုင္ဆုံးေက်ၾကတယ္မို႔လား"

"အင္းေပါ့ေလ...မွီျငမ္းသြင္ေျပာတာ

သဘာဝက်ပါတယ္"

"ဒါနဲ႔ အစ္ကို ကြၽန္ေတာ္တို႔အခုပြဲကဘယ္သူ႔ကိုဧည့္ခံရမွာ"

"ေအာ္ ...ပြဲက တိုင္းဝန္ေထာက္ ဦးသာဒြန္းရဲ႕ ဧည့္သည္ကို ဧည့္ခံရမွာေလ"

"အစိုးရအရာရွိေတြလား အစ္ကို"

"ဟုတ္တယ္ မွီျငမ္းသြင္"

"ဒါျဖင့္ ဧည့္သည္က"

"ရမိုင္းေစာ္ဘြား စဝ္ခြန္မင္းစကၡရာေမာင္ တဲ့"

မွီျငမ္းသြင္သည္ မၾကားဖူးေသာ နာမဆန္းေတြေၾကာင့္ မ်က္လုံးေလးအဝင့္သားျဖစ္သြားေလသည္။

"နာမည္ကလည္းရွည္လိုက္တာေနာ္"

မွီျငမ္းသြင္ တိုးတိုးေလးေရ႐ြတ္မိသည္။

ရပ္ဝန္းငယ္

၉.၃.၂၀၂၅

ျပန္အပ္ပုဒိတ္ေပးပါၿပီေနာ္ အၾကာႀကီးပစ္ထားမိလို႔ ေတာင္းပန္ပါတယ္ စာဖတ္သူေလး‌တို႔ေရ ....ထပ္မေစာင့္ရေတာ့ပါဘူးေနာ္
အပိုင္းေလးကတိုသြားေပ‌မယ့္ သေဘာက်ရင္ ၾကယ္ေလးေတြ ေကာမန႔္ေလးေတြမစခဲ့ပါဦးေနာ္။










You are reading the story above: TeenFic.Net