အပိုင်း ၃ Uni+Zawgyi

Background color
Font
Font size
Line height

အပြာရောင်မိုးကောင်းကင်ထက်မှနေလုံးကြီးသည် အနောက်အရပ်သို့တဖြည်းဖြည်းရွေ့လျားနေသည်။ညနေခင်းသည် နေမင်းကြီးနှုတ်ဆက်သောရောင်နီဖြင့် ပုစွန်ဆီရောင်သမ်းနေသည်။မြက်ခြောက်များ ဟိုတစ်စ ဒီတစ်စနှင့်ပြည့်နေသော ဤကွင်းပြင်သည် ဒီကနေ့ညနေတွင် လူများနှင့်ပြည့်နှက်နေလေသည်။ပွဲခင်း ကွင်းပြင်ထဲရှိ ခုံတန်းလျားပေါ်တွင် အဝတ်အစားတောက်တောက်ပပများဝတ်ဆင်ထားသော လူအုပ်ကြီးက နေရာအကျအနထိုင်လျက်သား။

ရာထူးရာခံရှိသည်ဟုထင်ရသော အမျိုးသားများ၊အမျိုးသမီး ဆွေကြီးမျိုးကြီးများက ပွဲခင်း၏ရှေ့တန်းတွင်နေရာယူကြလေသည်။လေရူးသည် မန္တလာည၏ လှပမှုကိုကျီစယ်နေသလိုလို။ကွင်းပြင်ကြီး၏အလယ်တွင် မဏ္ဍပ်ကြီးက ရှိနေသည်။ကတ္တီပါ ပိတ်စအနီများကို မဏ္ဍပ်၏နှဖူးစည်း၊ကန့်လန့်ကာ၊ဇာတ်ခုံအနားတွင် ကြည့်ပျော်ရှုပျော်ဖြစ်အောင်တန်ဆာဆင်ထားသည်။ဇာတ်ခုံထက်တွင် တဖြတ်ဖြတ်လက်နေသော ဆလိုက်မီးများကလည်း ပရိသတ်လူစု၏အာရုံကိုကျိန်းစက်စေပြန်သည်။

ဇာတ်စင်၏နောက်ဘက်တွင်တော့ ဇာတ်မင်းသမီးများကအပြိုင်အဆိုင် သူ့ထက်ငါ အလှလော ဖြစ်ရလေအောင် ခြယ်သဖီးလိမ်းနေကြသည်။ဇာတ်စင်အောက်နားမှ ဆိုင်းဆရာ၊နှဲဆရာ၊ပတ်မတီး နှင့် ဆိုင်းအဖွဲ့သားများက ပုဆိုးတောင်ရှည်ကို ပြန့်နေအောင်ဝတ်ကာ ခေါင်းပေါင်းဖြူကို အညွန့်တလူလူဖြစ်နေအောင်ထောင်လို့ ဆိုင်းဝိုင်းထဲဝင်လာသည်။

ပရိသတ်အများကလည်း နာမည်ရစ ဒီဇာတ်အဖွဲ့ကို စနည်းနာချင်၍အဖွဲဖွဲရောက်လာကြလေသည်။

'ပုံ့.....ပုံ့....ပလုံး...တုံးတုံး...ဂျိ...'

(ပတ်လုံးစမ်းသံ)

ပတ်ပျိုးသံစလာပေပြီ။

ရုတ်ရုတ်သဲသဲ‌ဖြစ်နေသော လူအုပ်ကြီးသည် ငြိမ်ကျသွားကာ ကိုယ့်နေရာကိုယ် ထိုင်နေကြတော့သည်။

ဇာတ်စင်ကန်လန်ကာအားဖွင့်လိုက်လေပြီ။

ခေါင်းပေါင်းဖြူဖြူ အလံတထူထူ ဖြစ်နေသော လူရွှင်တော်များက ခွန်းတောက်စကားဆိုရင်း ဇာတ်ကိုအစဖွင့်လိုက်လေသည်။

ထိုစဉ် အဖြူရောင်ဖျင်နီအင်္ကျီကို ရှမ်းဘောင်းဘီနဲ့တွဲလျက်ဝတ်ဆင်ထားသော လူတစ်ဦးသည် အနောက်ဘက်မှ လူ၃ဦးခြံရံ၍ ပွဲခင်းထဲသို့ဝင်လာသည်။ထိုလူအား အဝတ်အစားကောင်းများဆင်ယင်ထားသော သူများက ပြုံး၍ဝမ်းပန်းတသာနှုတ်ဆက်ကြသည်။ပွဲခင်းရှိအခြေခံလူတန်းစားပြည်သူများကမူ ခေါင်းငုံ့၍အရိုအသေပြုကြသည်။

ထိုသူကလည်း နှုတ်ဆက်သူများအား လိုက်လိုက်လျောလျော ပြုံး၍နှုတ်ဆက်သည်။ပွဲကြည့်နေသော သူများဘက်သို့လှည့်၍လည်း တစ်ချက်ကြည့်၍ အသိအမှတ်ပြုလိုက်သည်။

မကြာမီ ထိုလူသည် ပွဲခင်း၏အရှေ့ဆုံးတန်းသို့‌လျှောက်လှမ်းသွားလေသည်။

"နောက်ကျတယ်နော်....စော်ဘွားလေး"

"ဇာတ်လိုက်မှနောက်ဆုံးမှရောက်ရတာ ထုံးစံပဲလေဗျာ အဟားဟား"

ဦးသာဒွန်းက အရာရှိကြီးတစ်ဦး၏စကားကိုခွန်းတုံ့ပြန်ကာဖြတ်ပြောလိုက်လေသည်။

"အစစအရာရာ အဆင်ပြေချောမွေ့ပါရဲ့လားဗျ"

"အဆင်ပြေချော‌မွေ့ပါတယ်ဗျ အခုလို ဧည့်ဝတ်ကျေပွန်မှုတို့ အတွက် ကျုပ်တို့ တောင်တန်းမြေကသူတွေကလည်း ကျေးဇူးတင်ပါတယ်ဗျ"

အရာရှိတစ်ဦး၏အမေးစကားကို ပထမဆုံးအကြိမ်လှိုက်လှဲစွာဖြေကြားမိခြင်းပင်။ပွဲခင်းမှ ခွန် ပထမဆုံးစပြောသောစကားဆိုလည်းဟုတ်သည်။

ဇာတ်စင်နောက်ဘက် တစ်နေရာ.....

"မှီငြမ်းသွင်....ပြင်လို့ပြီးပြီလား"

"ပြီးပါပြီ အစ်ကို ဒီတစ်လှည့်ပြီးရင် တက်တော့မှာပါ"

"ရော့ ဒါလေးဆင်လိုက်ဦး"

မိမိအရှေ့သို့ထိုးပေးလာသော ပုလဲဆွဲဘယက်ကြိုးလေးကို ယူကာ .....

"ဒါက..."

"အမေလေးသိမ်းမြဆီက ငါးဆယ်နဲ့ငှားလာတာ"

"အလို"

ပုလဲဆွဲဘယက်ကိုယူထားသောလက်လေးတွန့်သွားမိသည်။

"ယူပါ ဆွဲလိုက် ဆွဲလိုက် လိုက်မှာ မှီငြမ်းသွင်နဲ့ဆိုရင်"

"ဒါပေသိ....ဈေးကများ...."

"များတာတွေမများတာတွေလုပ်မနေနဲ့ မှီငြမ်းသွင်လှနေဖို့အရေးကြီးတယ်....ပရိသတ်အများစုက မှီငြမ်းသွင်ကိုကြည့်ဖို့လာကြတာ မပူနဲ့ ဆွဲသာဆွဲလိုက်"

အစ်ကိုမြင့်ဇူပေးသွားသော ဆွဲဘယက်လေးကိုလည်မှာကပ်ကြည့်တော့ မှီငြမ်းသွင်၏အသားလေးနဲ့တစ်ထပ်တည်းပင်။လည်တိုင်ကျော့ကျော့ကို ဆင်လိုက်ကာ အလှမှာလည်း မိန်းကလေးများထက်ပင်သာလွန်နေသယောင်ယောင်။သူယောင်မယ်လေးအလား။

"အခုတစ်ခါ အလှည့်ကျရောက်လာတာက ဘယ်သူတဲ့တုန်း"

"ဘယ်သူတဲ့တုန်း"

"အေး ဘယ်သူတဲ့တုန်း"

"အိုဗျာ ကျုပ်မသိလို့ ခင်ဗျားတို့မေးတာလေ"

သံယောင်လိုက်ထောက်နေသော လူရွှင်တော်များ၏ ပြောင်စပ်စပ်အမူအရာကြောင့် ပရိသတ်မှာ ဝါးခနဲ။

"အော်....အော် သူလေးက ဇမ္ဗူမှာအလှထူးတဲ့...ဘယ်သူလဲ"

"မှီငြမ်းသွင် တဲ့ဗျာ "

'ပုံ....တုံ....တုံ.....ပလုံ'

(ပတ်လုံးသံ)

🎶🎶🎶🎼🎼

(အောင်မင်္ဂလာ၊ သိင်္ဂါဆောင်ဘွေ တောင်ခြေရစ်သန်း၊ စကြာဆူဆူ၊ ရှစ်ပြု ကာလှမ်း၊ ကျက်သရေလျှမ်း၊ ပြည်တော်ရွှေမန်း၊ ငါးတောင်လေသိုက်ကျမ်း၊ စိုက် နန်းရယ်တည်တော်မူ)

🎼🎼🎼

(များဗိုလ်လူ၊ သူတူ ကြွက်ဌာ၊ လက်မှာညောင် ရေ၊ ပန်းနှင့်ဝေဝေ၊ ထူးတင့်ထွေ)၂။ ။ (အလျှံဝေ၊ သပြေမြေငူ၊ ထီးပြု စိုက်ဆောင်း၊ မင်းပေါင်းဆက်လှာ၊ ကညာဝရွှေပန်း၊ ချမ်းငြိမ်းပြည်သူ၊ နှိုင်းဘက် မတူ၊ ခံယူသစ္စာ။ မေတ္တာတော်ဝေလို့လောင်း)၂

🎼🎼🎼

[(သမ္ဘာဂုဏ်ပေါင်း၊ ပဏ္ဏာစုံညောင်း၊ သောင်းဘူမြေ)၂။ (ဘုန်းတော်၊ တောလျှံပြောင်၊ ငါး ထောင်သာသနာ၊ ထွန်းပတည်ရာ၊ ကျွန်းများဒီပါ၊ စက္ကဝါလုံး၊ ဘက်မသာနှုန်း၊ ထက်ဗြဟ္မာဘုန်းကို၊ ရိုက်ချုန်းပဲ့တင်ညံ)]

🎼🎼🎼

မန္တလေးမြို့ဘွဲ့ ယိုးဒယားသီချင်းကြီးကို ဟန်ပါပါနှင့်ကော့ညွတ်ကွေးညတ်ကဟန်လေးနှင့် ညင်သာပျော့ပျောင်းစွာ ကပြသီဆိုပြလေသည်။ဘယ်အငြိမ့် ဘယ်ဇာတ်အဖွဲ့တွင်မှအသုံးပြုဖူးခြင်းမရှိသေးသော ဆလိုက်မီးရောင်သည် ထို မင်းသမီး၏အပေါ်သို့ဖြာကျနေသည်။ဧည့်ပရိသတ်များမှာလည်း နားဝင်ပီယံရှိလှသော မင်းသမီး၏အသံကိုနားဆင်ရင်း သူ၏ပျော့ပျောင်းညင်သာလှသော ကကွက်များအကြားတွင် နစ်မြောသွားရသည်။

အဆစ်ကို ဖြည်းဖြည်းချင်းကွေးကာ ဟင်္သာနှုတ်သီး နဂါးမြှီး လက်လေးကို ကကွက်ကျကျ စည်းချက်ညီစွာကနေဟန်မှာ ရုပ်သေးရုပ်လေးအသွင်။

ယိုးဒယားသီချင်းကြီးကို အငြိမ့်မင်းသမီးကြီးကဲ့သို့သီဆိုဖျော်ဖြေနေသော ထိုအငြိမ့်သမကြောင့် ပွဲလာပရိသတ်များသည် မန္တလေးမြို့၏အတိတ်‌ကာလများကို လွမ်းဆွတ်မိသလိုလိုဖြစ်လာလေသည်။

ပတ်လုံး၏အဆုံးသတ်အသံကိုချလိုက်ကာမှ ရွှေပွဲလာတွေလည်း သက်ပြင်းချနိုင်တော့သည်။

"ရွှီးးးးးးးးးးးး"

"ဖြောင်းဖြောင်းဖြောင်း"

"ကောင်းတယ်ဗျိူ့ ..... သဘောကျတယ်ဗျို့"

"ဖြောင်းဖြောင်းဖြောင်း"

"ရွှီးးးးးးးးးးး"

ပွဲကြည့်ပရိသတ်များ၏သောင်းသောင်းပျပျ အားပေးသံများကြောင့် ပွဲခင်းတစ်ခုလုံးညံနေပြန်သည်။စင်အောက်မှ ရှမ်းဝတ်စုံဝတ်ထားသော အမျိုးသားသည် ထိုအငြိမ့်သမ၏ညုတုတု ပြုမူလှုပ်ရှားပုံအား စေ့စပ်စွာ မျက်စိမလွှဲစတမ်းကြည့်နေသည်။

ဆလိုက်မီးရောင်အောက်က ထိုအငြိမ့်သမက အခြားမင်းသမီးများထက်ပိုလှတယ် ဆိုတာကိုတော့ သူဝန်ခံပါသည်။
အငြိမ့်သမဆိုတာကြားသာကြားဖူးပြီး မမြင်ဖူးသော ခွန့် အဖို့ ထိုအငြိမ့်သမ၏ ဟန်အမူအရာက ရိုးရှင်းသော်ငြား ညှို့ယူနေသည်။ပထမ မင်းသမီးလိုမဟုတ်ဘဲ တည်ငြိမ်နေသည့် မျက်နှာအေးအေးလေးသည် ခွန့် ၏ စိတ်ကိုပါအေးချမ်းမှုကူးစက်လာလေသည်။
သို့သော် ခွန်သည် သူ၏အတွေးများကို ရင်တွင်း၌သာထားတတ်သည်။မျက်နှာဟူ၍တစ်ချက်မပျက်ပါ။

မည်သို့သော တုန့်ပြန်ချက်မပေးသလို မှင်သေသေနှင့်သာ ကြည့်နေသည်။

"အဲ့တာ ယောကျာ်းမင်းသမီးလေ စော်ဘွားလေး နာမည်ကြီးနေလို့ ကျုပ်ငှားလာတာ ဘယ့်နှယ့်လဲ သဘောတွေ့ရဲ့လား"

ဦးသာဒွန်းကကျိတ်၍လာပြောသည်။

မိန်းကလေးတစ်ယောက်လိုနွဲ့နွဲ့နှောင်းနှောင်းကပြနေတဲ့ ထိုအငြိမ့်သမက ယောကျာ်းလေးတစ်ယောက်တဲ့လား။

အငြိမ့်စင်ပေါ်မှာမဟုတ်ဘဲ သာမန်နေ့စဉ်ဘဝမှာပါ ဒီလိုဒီပုံနေထိုင်ရင် မိန်းကလေးလို့ပဲ အများကထင်မိဦးမည်မှာဧကန်ပင်။

မိန်းမပုံနှင့်ယောကျာ်းတစ်ယောက်က ဝမ်းရေးကြောင့် ဒီအလုပ်ကိုလုပ်တာလား ဝါသနာပါ၍လုပ်တာလားဆိုတော့ ခွန် သိချင်မိသည်။ယောကျာ်းမင်းသမီးဆိုတာ ကြားဖူးနားစမရှိသော ခွန့်အဖို့ ထိုအငြိမ့်သမ၏ ဇာတ်ခုံပြင်ပဘဝကိုသိချင်စမ်းပါဘိ။

တီးလုံးသံသည် နောက်တစ်ဖန်စလာပြန်သည်။

ဒီအခေါက်တွင်တော့ အေးငြိမ့်သော တီးလုံးသံမဟုတ်တော့ဘဲ ဆိုင်းဆရာကြီး၏ ကြွရွသောသံစဉ်ကစတင်လာသည်။

🎶 🎶အငြိမ့်မင်းသမီးများ ရည်းစားထားတဲ့
လူဆိုတာမျိုးနော် သဘောထားလည်းကြီးဦးမှပေါ့ သခင် ရယ်

🎶အငြိမ့်မင်းသမီးများရည်းစားထားတဲ့လူဆိုတာမျိုးနော် သဘောထားလည်းကြီးဦးမှပေါ့ မောင်ရယ်

မီးရောင်အောက်ကိုဝင် ရင်လူပျက်တွေနဲ့ သောတော့ မောင့်သဘောက အလွန်တရာ..မကြည်လင်...🎶

မီးရောင်အောက်ကိုဝင်ရင် လူပျက်တွေနဲ့သောတော့ ‌သူ့သဘောကအလွန်တရာမကြည်လင်...

ဪ.. မြရင် မြရင် မြရင်

ဪ ..မြရင် မြရင် မြရင်

ချစ်ကြပေသရှင် ပြည်တစ်ခွင်

မောင့်အချစ်မျိုးဟာ...ဘယ်အချိုးအစားလည်းတကယ်

အားမရနိုင်ရှာအောင်ပင် ပေါ်ပေါ်ထင်ထင်ချစ်ခင်လှသရှင်

အလှူ့ရှင်မှန်း အားလုံးသိကြပါတယ်ရှင်

အပိုင်နော် ကြံလိုက်သခင် တိုင်ပေါ်အလံစိုက်.......

ချင်~

မူလက သိမ်‌မွေ့သောဟန်ပန်သည် သီချင်းတစ်ပုဒ်ပြောင်းသည်နှင့် ရုတ်ချည်းပြောင်းလဲသွားလေသည်။မိန်းမသားဆန်သော ကကွက်သည် ပို၍မိန်းမသားဆန်စွာပြောင်းလဲသွားလေသည်။ညုတုတု မျက်နှာထားနှင့်မခို့တရို့အမူအရာလေးပေါင်းစပ်သွားလေတော့ ပရိသတ်ရင်ထဲကလိ ကလိဖြစ်စေသည်။

မျက်လုံးမျက်ဖန်ကောင်းသော အမျိုးသမီးမမည်တဲ့ အငြိမ့်သမ ဟာ ခွန့် တစ်ယောက်တည်းရှေ့တွင်ဖျော်ဖြေနေသလိုလို။

ထိုအငြိမ့်သမ၏ ရင်ဘတ်နိမ့်ချည်မြင့်ချည်ပုံစံလေးကအစ ခွန့် မျက်စိထဲထင်းခနဲမြင်ယောင်လာသည်။

ရှေ့ဆုံးတန်းက‌ဆိုတော့ ပိုမိုပြတ်သားစွာမြင်‌ယောင်လာသည်။အငြိမ့်သမသည် ကဝေမလေးတစ်ဦးနှယ် ကလူမြှူစွယ်ဖြင့် လက်ညှိုးလေးထိုးကာ သူမ၏ချစ်သူကိုအပြစ်တင်နေပုံမှာ ခွန့် အတွေးထဲလင်းခနဲ။

ရုတ်တရက် ခွန့် ရှိရာဘက်သို့မျက်နှာမူ၍ ခန္ဓာကိုယ်လေးကိုကိုင်းညွှတ်ကာ ရုပ်သေးကြိုးဆွဲက ချုပ်ကိုင်ထားသည့်နှယ် အချိုးအဆစ်လှပစွာ ကပြနေပြန်သည်။

"ဦးသာဒွန်း... သူ့နာမည်က"

"ဪ ... စော်ဘွားလေးကလည်း..  "

"မှီငြမ်းသွင် တဲ့"

မှီငြမ်းသွင်....လူတင်မဟုတ် နာမည်ကပါ မိန်းမဆန်နေသေးသည်။ခွန့်စိတ်ထဲတော့မတင်မကျ၊အလုံးကြီးတစ်ခုတစ်ချင်လာသလိုလိုပင်။

အငြိမ့်သမ၏ သွင်ပြင်သဏ္ဍာန်ကိုကြည့်၍ ခွန် ရင်ဘတ်ထဲလေးလာမိသည်။

သိပ်မူယာများတဲ့အမျိုးသားပါလား... 

ရပ်ဝန်းငယ်

၁၀.၃.၂၀၂၅

သဘောကျရင်feedbackလေးတွေပေးခဲ့ပါဦးနော်♥️စာဖတ်သူလေးတို့ရဲ့စိတ်ကျေနပ်မှုက အားအင်ပါပဲရှင်။

Zawgyi

အျပာေရာင္မိုးေကာင္းကင္ထက္မွေနလုံးႀကီးသည္ အေနာက္အရပ္သို႔တျဖည္းျဖည္းေ႐ြ႕လ်ားေနသည္။ညေနခင္းသည္ ေနမင္းႀကီးႏႈတ္ဆက္ေသာေရာင္နီျဖင့္ ပုစြန္ဆီေရာင္သမ္းေနသည္။ျမက္ေျခာက္မ်ား ဟိုတစ္စ ဒီတစ္စႏွင့္ျပည့္ေနေသာ ဤကြင္းျပင္သည္ ဒီကေန႔ညေနတြင္ လူမ်ားႏွင့္ျပည့္ႏွက္ေနေလသည္။ပြဲခင္း ကြင္းျပင္ထဲရွိ ခုံတန္းလ်ားေပၚတြင္ အဝတ္အစားေတာက္ေတာက္ပပမ်ားဝတ္ဆင္ထားေသာ လူအုပ္ႀကီးက ေနရာအက်အနထိုင္လ်က္သား။

ရာထူးရာခံရွိသည္ဟုထင္ရေသာ အမ်ိဳးသားမ်ား၊အမ်ိဳးသမီး ေဆြႀကီးမ်ိဳးႀကီးမ်ားက ပြဲခင္း၏ေရွ႕တန္းတြင္ေနရာယူၾကေလသည္။ေလ႐ူးသည္ မႏၲလာည၏ လွပမႈကိုက်ီစယ္ေနသလိုလို။ကြင္းျပင္ႀကီး၏အလယ္တြင္ မ႑ပ္ႀကီးက ရွိေနသည္။ကတၱီပါ ပိတ္စအနီမ်ားကို မ႑ပ္၏ႏွဖူးစည္း၊ကန႔္လန႔္ကာ၊ဇာတ္ခုံအနားတြင္ ၾကည့္ေပ်ာ္ရႈေပ်ာ္ျဖစ္ေအာင္တန္ဆာဆင္ထားသည္။ဇာတ္ခုံထက္တြင္ တျဖတ္ျဖတ္လက္ေနေသာ ဆလိုက္မီးမ်ားကလည္း ပရိသတ္လူစု၏အာ႐ုံကိုက်ိန္းစက္ေစျပန္သည္။

ဇာတ္စင္၏ေနာက္ဘက္တြင္ေတာ့ ဇာတ္မင္းသမီးမ်ားကအၿပိဳင္အဆိုင္ သူ႔ထက္ငါ အလွေလာ ျဖစ္ရေလေအာင္ ျခယ္သဖီးလိမ္းေနၾကသည္။ဇာတ္စင္ေအာက္နားမွ ဆိုင္းဆရာ၊ႏွဲဆရာ၊ပတ္မတီး ႏွင့္ ဆိုင္းအဖြဲ႕သားမ်ားက ပုဆိုးေတာင္ရွည္ကို ျပန႔္ေနေအာင္ဝတ္ကာ ေခါင္းေပါင္းျဖဴကို အၫြန႔္တလူလူျဖစ္ေနေအာင္ေထာင္လို႔ ဆိုင္းဝိုင္းထဲဝင္လာသည္။

ပရိသတ္အမ်ားကလည္း နာမည္ရစ ဒီဇာတ္အဖြဲ႕ကို စနည္းနာခ်င္၍အဖြဲဖြဲေရာက္လာၾကေလသည္။

'ပုံ႔.....ပုံ႔....ပလုံး...တုံးတုံး...ဂ်ိ...'

(ပတ္လုံးစမ္းသံ)

ပတ္ပ်ိဳးသံစလာေပၿပီ။

႐ုတ္႐ုတ္သဲသဲ‌ျဖစ္ေနေသာ လူအုပ္ႀကီးသည္ ၿငိမ္က်သြားကာ ကိုယ့္ေနရာကိုယ္ ထိုင္ေနၾကေတာ့သည္။

ဇာတ္စင္ကန္လန္ကာအားဖြင့္လိုက္ေလၿပီ။

ေခါင္းေပါင္းျဖဴျဖဴ အလံတထူထူ ျဖစ္ေနေသာ လူ႐ႊင္ေတာ္မ်ားက ခြန္းေတာက္စကားဆိုရင္း ဇာတ္ကိုအစဖြင့္လိုက္ေလသည္။

ထိုစဥ္ အျဖဴေရာင္ဖ်င္နီအက်ႌကို ရွမ္းေဘာင္းဘီနဲ႔တြဲလ်က္ဝတ္ဆင္ထားေသာ လူတစ္ဦးသည္ အေနာက္ဘက္မွ လူ၃ဦးၿခံရံ၍ ပြဲခင္းထဲသို႔ဝင္လာသည္။ထိုလူအား အဝတ္အစားေကာင္းမ်ားဆင္ယင္ထားေသာ သူမ်ားက ၿပဳံး၍ဝမ္းပန္းတသာႏႈတ္ဆက္ၾကသည္။ပြဲခင္းရွိအေျခခံလူတန္းစားျပည္သူမ်ားကမူ ေခါင္းငုံ႔၍အ႐ိုအေသျပဳၾကသည္။

ထိုသူကလည္း ႏႈတ္ဆက္သူမ်ားအား လိုက္လိုက္ေလ်ာေလ်ာ ၿပဳံး၍ႏႈတ္ဆက္သည္။ပြဲၾကည့္ေနေသာ သူမ်ားဘက္သို႔လွည့္၍လည္း တစ္ခ်က္ၾကည့္၍ အသိအမွတ္ျပဳလိုက္သည္။

မၾကာမီ ထိုလူသည္ ပြဲခင္း၏အေရွ႕ဆုံးတန္းသို႔‌ေလွ်ာက္လွမ္းသြားေလသည္။

"ေနာက္က်တယ္ေနာ္....ေစာ္ဘြားေလး"

"ဇာတ္လိုက္မွေနာက္ဆုံးမွေရာက္ရတာ ထုံးစံပဲေလဗ်ာ အဟားဟား"

ဦးသာဒြန္းက အရာရွိႀကီးတစ္ဦး၏စကားကိုခြန္းတုံ႔ျပန္ကာျဖတ္ေျပာလိုက္ေလသည္။

"အစစအရာရာ အဆင္ေျပေခ်ာေမြ႕ပါရဲ႕လားဗ်"

"အဆင္ေျပေခ်ာ‌ေမြ႕ပါတယ္ဗ် အခုလို ဧည့္ဝတ္ေက်ပြန္မႈတို႔ အတြက္ က်ဳပ္တို႔ ေတာင္တန္းေျမကသူေတြကလည္း ေက်းဇူးတင္ပါတယ္ဗ်"

အရာရွိတစ္ဦး၏အေမးစကားကို ပထမဆုံးအႀကိမ္လႈိက္လွဲစြာေျဖၾကားမိျခင္းပင္။ပြဲခင္းမွ ခြန္ ပထမဆုံးစေျပာေသာစကားဆိုလည္းဟုတ္သည္။

ဇာတ္စင္ေနာက္ဘက္ တစ္ေနရာ.....

"မွီျငမ္းသြင္....ျပင္လို႔ၿပီးၿပီလား"

"ၿပီးပါၿပီ အစ္ကို ဒီတစ္လွည့္ၿပီးရင္ တက္ေတာ့မွာပါ"

"ေရာ့ ဒါေလးဆင္လိုက္ဦး"

မိမိအေရွ႕သို႔ထိုးေပးလာေသာ ပုလဲဆြဲဘယက္ႀကိဳးေလးကို ယူကာ .....

"ဒါက..."

"အေမေလးသိမ္းျမဆီက ငါးဆယ္နဲ႔ငွားလာတာ"

"အလို"

ပုလဲဆြဲဘယက္ကိုယူထားေသာလက္ေလးတြန႔္သြားမိသည္။

"ယူပါ ဆြဲလိုက္ ဆြဲလိုက္ လိုက္မွာ မွီျငမ္းသြင္နဲ႔ဆိုရင္"

"ဒါေပသိ....ေဈးကမ်ား...."

"မ်ားတာေတြမမ်ားတာေတြလုပ္မေနနဲ႔ မွီျငမ္းသြင္လွေနဖို႔အေရးႀကီးတယ္....ပရိသတ္အမ်ားစုက မွီျငမ္းသြင္ကိုၾကည့္ဖို႔လာၾကတာ မပူနဲ႔ ဆြဲသာဆြဲလိုက္"

အစ္ကိုျမင့္ဇူေပးသြားေသာ ဆြဲဘယက္ေလးကိုလည္မွာကပ္ၾကည့္ေတာ့ မွီျငမ္းသြင္၏အသားေလးနဲ႔တစ္ထပ္တည္းပင္။လည္တိုင္ေက်ာ့ေက်ာ့ကို ဆင္လိုက္ကာ အလွမွာလည္း မိန္းကေလးမ်ားထက္ပင္သာလြန္ေနသေယာင္ေယာင္။သူေယာင္မယ္ေလးအလား။

"အခုတစ္ခါ အလွည့္က်ေရာက္လာတာက ဘယ္သူတဲ့တုန္း"

"ဘယ္သူတဲ့တုန္း"

"ေအး ဘယ္သူတဲ့တုန္း"

"အိုဗ်ာ က်ဳပ္မသိလို႔ ခင္ဗ်ားတို႔ေမးတာေလ"

သံေယာင္လိုက္ေထာက္ေနေသာ လူ႐ႊင္ေတာ္မ်ား၏ ေျပာင္စပ္စပ္အမူအရာေၾကာင့္ ပရိသတ္မွာ ဝါးခနဲ။

"ေအာ္....ေအာ္ သူေလးက ဇမၺဴမွာအလွထူးတဲ့...ဘယ္သူလဲ"

"မွီျငမ္းသြင္ တဲ့ဗ်ာ "

'ပုံ....တုံ....တုံ.....ပလုံ'

(ပတ္လုံးသံ)

🎶🎶🎶🎼🎼

(ေအာင္မဂၤလာ၊ သိဂၤါေဆာင္ေဘြ ေတာင္ေျခရစ္သန္း၊ စၾကာဆူဆူ၊ ရွစ္ျပဳ ကာလွမ္း၊ က်က္သေရလွ်မ္း၊ ျပည္ေတာ္ေ႐ႊမန္း၊ ငါးေတာင္ေလသိုက္က်မ္း၊ စိုက္ နန္းရယ္တည္ေတာ္မူ)

🎼🎼🎼

(မ်ားဗိုလ္လူ၊ သူတူ ႂကြက္ဌာ၊ လက္မွာေညာင္ ေရ၊ ပန္းႏွင့္ေဝေဝ၊ ထူးတင့္ေထြ)၂။ ။ (အလွ်ံေဝ၊ သေျပေျမငူ၊ ထီးျပဳ စိုက္ေဆာင္း၊ မင္းေပါင္းဆက္လွာ၊ ကညာဝေ႐ႊပန္း၊ ခ်မ္းၿငိမ္းျပည္သူ၊ ႏႈိင္းဘက္ မတူ၊ ခံယူသစၥာ။ ေမတၱာေတာ္ေဝလို႔ေလာင္း)၂

🎼🎼🎼

[(သမာၻဂုဏ္ေပါင္း၊ ပဏၰာစုံေညာင္း၊ ေသာင္းဘူေျမ)၂။ (ဘုန္းေတာ္၊ ေတာလွ်ံေျပာင္၊ ငါး ေထာင္သာသနာ၊ ထြန္းပတည္ရာ၊ ကြၽန္းမ်ားဒီပါ၊ စကၠဝါလုံး၊ ဘက္မသာႏႈန္း၊ ထက္ျဗဟၼာဘုန္းကို၊ ႐ိုက္ခ်ဳန္းပဲ့တင္ညံ)]

🎼🎼🎼

မႏၲေလးၿမိဳ႕ဘြဲ႕ ယိုးဒယားသီခ်င္းႀကီးကို ဟန္ပါပါႏွင့္ေကာ့ၫြတ္ေကြးညတ္ကဟန္ေလးႏွင့္ ညင္သာေပ်ာ့ေပ်ာင္းစြာ ကျပသီဆိုျပေလသည္။ဘယ္အၿငိမ့္ ဘယ္ဇာတ္အဖြဲ႕တြင္မွအသုံးျပဳဖူးျခင္းမရွိေသးေသာ ဆလိုက္မီးေရာင္သည္ ထို မင္းသမီး၏အေပၚသို႔ျဖာက်ေနသည္။ဧည့္ပရိသတ္မ်ားမွာလည္း နားဝင္ပီယံရွိလွေသာ မင္းသမီး၏အသံကိုနားဆင္ရင္း သူ၏ေပ်ာ့ေပ်ာင္းညင္သာလွေသာ ကကြက္မ်ားအၾကားတြင္ နစ္ေျမာသြားရသည္။

အဆစ္ကို ျဖည္းျဖည္းခ်င္းေကြးကာ ဟသၤာႏႈတ္သီး နဂါးျမႇီး လက္ေလးကို ကကြက္က်က် စည္းခ်က္ညီစြာကေနဟန္မွာ ႐ုပ္ေသး႐ုပ္ေလးအသြင္။

ယိုးဒယားသီခ်င္းႀကီးကို အၿငိမ့္မင္းသမီးႀကီးကဲ့သို႔သီဆိုေဖ်ာ္ေျဖေနေသာ ထိုအၿငိမ့္သမေၾကာင့္ ပြဲလာပရိသတ္မ်ားသည္ မႏၲေလးၿမိဳ႕၏အတိတ္‌ကာလမ်ားကို လြမ္းဆြတ္မိသလိုလိုျဖစ္လာေလသည္။

ပတ္လုံး၏အဆုံးသတ္အသံကိုခ်လိုက္ကာမွ ေ႐ႊပြဲလာေတြလည္း သက္ျပင္းခ်ႏိုင္ေတာ့သည္။

"႐ႊီးးးးးးးးးးးး"

"ေျဖာင္းေျဖာင္းေျဖာင္း"

"ေကာင္းတယ္ဗ်ိဴ႕ ..... သေဘာက်တယ္ဗ်ိဳ႕"

"ေျဖာင္းေျဖာင္းေျဖာင္း"

"႐ႊီးးးးးးးးးးး"

ပြဲၾကည့္ပရိသတ္မ်ား၏ေသာင္းေသာင္းပ်ပ် အားေပးသံမ်ားေၾကာင့္ ပြဲခင္းတစ္ခုလုံးညံေနျပန္သည္။စင္ေအာက္မွ ရွမ္းဝတ္စုံဝတ္ထားေသာ အမ်ိဳးသားသည္ ထိုအၿငိမ့္သမ၏ညဳတုတု ျပဳမူလႈပ္ရွားပုံအား ေစ့စပ္စြာ မ်က္စိမလႊဲစတမ္းၾကည့္ေနသည္။

ဆလိုက္မီးေရာင္ေအာက္က ထိုအၿငိမ့္သမက အျခားမင္းသမီးမ်ားထက္ပိုလွတယ္ ဆိုတာကိုေတာ့ သူဝန္ခံပါသည္။
အၿငိမ့္သမဆိုတာၾကားသာၾကားဖူးၿပီး မျမင္ဖူးေသာ ခြန႔္ အဖို႔ ထိုအၿငိမ့္သမ၏ ဟန္အမူအရာက ႐ိုးရွင္းေသာ္ျငား ညႇိဳ႕ယူေနသည္။ပထမ မင္းသမီးလိုမဟုတ္ဘဲ တည္ၿငိမ္ေနသည့္ မ်က္ႏွာေအးေအးေလးသည္ ခြန႔္ ၏ စိတ္ကိုပါေအးခ်မ္းမႈကူးစက္လာေလသည္။
သို႔ေသာ္ ခြန္သည္ သူ၏အေတြးမ်ားကို ရင္တြင္း၌သာထားတတ္သည္။မ်က္ႏွာဟူ၍တစ္ခ်က္မပ်က္ပါ။

မည္သို႔ေသာ တုန႔္ျပန္ခ်က္မေပးသလို မွင္ေသေသႏွင့္သာ ၾကည့္ေနသည္။

"အဲ့တာ ေယာက်ာ္းမင္းသမီးေလ ေစာ္ဘြားေလး နာမည္ႀကီးေနလို႔ က်ဳပ္ငွားလာတာ ဘယ့္ႏွယ့္လဲ သေဘာေတြ႕ရဲ႕လား"

ဦးသာဒြန္းကက်ိတ္၍လာေျပာသည္။

မိန္းကေလးတစ္ေယာက္လိုႏြဲ႕ႏြဲ႕ေႏွာင္းေႏွာင္းကျပေနတဲ့ ထိုအၿငိမ့္သမက ေယာက်ာ္းေလးတစ္ေယာက္တဲ့လား။

အၿငိမ့္စင္ေပၚမွာမဟုတ္ဘဲ သာမန္ေန႔စဥ္ဘဝမွာပါ ဒီလိုဒီပုံေနထိုင္ရင္ မိန္းကေလးလို႔ပဲ အမ်ားကထင္မိဦးမည္မွာဧကန္ပင္။

မိန္းမပုံႏွင့္ေယာက်ာ္းတစ္ေယာက္က ဝမ္းေရးေၾကာင့္ ဒီအလုပ္ကိုလုပ္တာလား ဝါသနာပါ၍လုပ္တာလားဆိုေတာ့ ခြန္ သိခ်င္မိသည္။ေယာက်ာ္းမင္းသမီးဆိုတာ ၾကားဖူးနားစမရွိေသာ ခြန႔္အဖို႔ ထိုအၿငိမ့္သမ၏ ဇာတ္ခုံျပင္ပဘဝကိုသိခ်င္စမ္းပါဘိ။

တီးလုံးသံသည္ ေနာက္တစ္ဖန္စလာျပန္သည္။

ဒီအေခါက္တြင္ေတာ့ ေအးၿငိမ့္ေသာ တီးလုံးသံမဟုတ္ေတာ့ဘဲ ဆိုင္းဆရာႀကီး၏ ႂကြ႐ြေသာသံစဥ္ကစတင္လာသည္။

🎶 🎶အၿငိမ့္မင္းသမီးမ်ား ရည္းစားထားတဲ့
လူဆိုတာမ်ိဳးေနာ္ သေဘာထားလည္းႀကီးဦးမွေပါ့ သခင္ ရယ္

🎶အၿငိမ့္မင္းသမီးမ်ားရည္းစားထားတဲ့လူဆိုတာမ်ိဳးေနာ္ သေဘာထားလည္းႀကီးဦးမွေပါ့ ေမာင္ရယ္

မီးေရာင္ေအာက္ကိုဝင္ ရင္လူပ်က္ေတြနဲ႔ ေသာေတာ့ ေမာင့္သေဘာက အလြန္တရာ..မၾကည္လင္...🎶

မီးေရာင္ေအာက္ကိုဝင္ရင္ လူပ်က္ေတြနဲ႔ေသာေတာ့ ‌သူ႔သေဘာကအလြန္တရာမၾကည္လင္...

ဪ.. ျမရင္ ျမရင္ ျမရင္

ဪ ..ျမရင္ ျမရင္ ျမရင္

ခ်စ္ၾကေပသရွင္ ျပည္တစ္ခြင္

ေမာင့္အခ်စ္မ်ိဳးဟာ...ဘယ္အခ်ိဳးအစားလည္းတကယ္

အားမရႏိုင္ရွာေအာင္ပင္ ေပၚေပၚထင္ထင္ခ်စ္ခင္လွသရွင္

အလႉ႔ရွင္မွန္း အားလုံးသိၾကပါတယ္ရွင္

အပိုင္ေနာ္ ႀကံလိုက္သခင္ တိုင္ေပၚအလံစိုက္.......

ခ်င္~

မူလက သိမ္‌ေမြ႕ေသာဟန္ပန္သည္ သီခ်င္းတစ္ပုဒ္ေျပာင္းသည္ႏွင့္ ႐ုတ္ခ်ည္းေျပာင္းလဲသြားေလသည္။မိန္းမသားဆန္ေသာ ကကြက္သည္ ပို၍မိန္းမသားဆန္စြာေျပာင္းလဲသြားေလသည္။ညဳတုတု မ်က္ႏွာထားႏွင့္မခို႔တ႐ို႕အမူအရာေလးေပါင္းစပ္သြားေလေတာ့ ပရိသတ္ရင္ထဲကလိ ကလိျဖစ္ေစသည္။

မ်က္လုံးမ်က္ဖန္ေကာင္းေသာ အမ်ိဳးသမီးမမည္တဲ့ အၿငိမ့္သမ ဟာ ခြန႔္ တစ္ေယာက္တည္းေရွ႕တြင္ေဖ်ာ္ေျဖေနသလိုလို။

ထိုအၿငိမ့္သမ၏ ရင္ဘတ္နိမ့္ခ်ည္ျမင့္ခ်ည္ပုံစံေလးကအစ ခြန႔္ မ်က္စိထဲထင္းခနဲျမင္ေယာင္လာသည္။

ေရွ႕ဆုံးတန္းက‌ဆိုေတာ့ ပိုမိုျပတ္သားစြာျမင္‌ေယာင္လာသည္။အၿငိမ့္သမသည္ ကေဝမေလးတစ္ဦးႏွယ္ ကလူျမႇဴစြယ္ျဖင့္ လက္ညႇိဳးေလးထိုးကာ သူမ၏ခ်စ္သူကိုအျပစ္တင္ေနပုံမွာ ခြန႔္ အေတြးထဲလင္းခနဲ။

႐ုတ္တရက္ ခြန႔္ ရွိရာဘက္သို႔မ်က္ႏွာမူ၍ ခႏၶာကိုယ္ေလးကိုကိုင္းၫႊတ္ကာ ႐ုပ္ေသးႀကိဳးဆြဲက ခ်ဳပ္ကိုင္ထားသည့္ႏွယ္ အခ်ိဳးအဆစ္လွပစြာ ကျပေနျပန္သည္။

"ဦးသာဒြန္း... သူ႔နာမည္က"

"ဪ ... ေစာ္ဘြားေလးကလည္း..  "

"မွီျငမ္းသြင္ တဲ့"

မွီျငမ္းသြင္....လူတင္မဟုတ္ နာမည္ကပါ မိန္းမဆန္ေနေသးသည္။ခြန႔္စိတ္ထဲေတာ့မတင္မက်၊အလုံးႀကီးတစ္ခုတစ္ခ်င္လာသလိုလိုပင္။

အၿငိမ့္သမ၏ သြင္ျပင္သ႑ာန္ကိုၾကည့္၍ ခြန္ ရင္ဘတ္ထဲေလးလာမိသည္။

သိပ္မူယာမ်ားတဲ့အမ်ိဳးသားပါလား... 

ရပ္ဝန္းငယ္

၁၀.၃.၂၀၂၅

သေဘာက်ရင္feedbackေလးေတြေပးခဲ့ပါဦးေနာ္♥️စာဖတ္သူေလးတို႔ရဲ႕စိတ္ေက်နပ္မႈက အားအင္ပါပဲရွင္။


You are reading the story above: TeenFic.Net