အပိုင်း-၁ Uni+Zawgyi

Background color
Font
Font size
Line height

အငြိမ့်မင်းသမီးများ ရည်းစားထားတဲ့
လူဆိုတာမျိုးနော် သဘောထားလည်းကြီးဦးမှပေါ့ သခင် ရယ်

အငြိမ့်မင်းသမီးများရည်းစားထားတဲ့လူဆိုတာမျိုးနော် သဘောထားလည်းကြီးဦးမှပေါ့ မောင်ရယ်

မီးရောင်အောက်ကိုဝင် ရင်လူပျက်တွေနဲ့ သောတော့ မောင့်သဘောက အလွန်တရာ..မကြည်လင်...

မီးရောင်အောက်ကိုဝင်ရင် လူပျက်တွေနဲ့သောတော့ ‌သူ့သဘောကအလွန်တရာမကြည်လင်...

ဪ.. မြရင် မြရင် မြရင်

ဪ ..မြရင် မြရင် မြရင်

ချစ်ကြပေသရှင် ပြည်တစ်ခွင်

မောင့်အချစ်မျိုးဟာ...ဘယ်အချိုးအစားလည်းတကယ်

အားမရနိုင်ရှာအောင်ပင် ပေါ်ပေါ်ထင်ထင်ချစ်ခင်လှသရှင်

အလှူ့ရှင်မှန်း အားလုံးသိကြပါတယ်ရှင်

အပိုင်နော် ကြံလိုက်သခင် တိုင်ပေါ်အလံစိုက်.......

ချင်~

"ရပြီ သိပ်ကောင်းတယ် မှီငြမ်းသွင် "

"ဟုတ်ကဲ့ အစ်ကို"

"မှီငြမ်းသွင်ရဲ့ဒီလိုဆိုပုံမျိုးနဲ့ဆို တို့အငြိမ့်‌ေတာ့မန္တလေးမှာနာမည်ကြီးရချ‌ည်သေးရဲ့"

"မဟုတ်တာ အစ်ကိုရယ် မန္တလေးဆိုတာက တကယ့်အငြိမ့်ဇာတ်ကြီးတွေထွက်တဲ့နေရာမလား ကျွန်တော့်လို အငြိမ့်သမကဘယ်လိုလုပ်နာမည်ကျော်နိုင်ပါ့မလဲ"

"အိုကွာ..ဘယ်နှယ့်မဖြစ်ရမလဲ မှီငြမ်းသွင်က အကကောင်းတယ် အဆိုလည်းရတယ် မန္တလေးမှာဒီလောက်‌ဇာတ်တွေပေါသောနေတာ ဘာလို့ အစ်ကိုတို့ နာမည်ရစ အငြိမ့်လေးကိုလာငှားသလဲ "

"....."

"မှီငြမ်းသွင်ကြောင့်ပေါ့ ယောကျာ်းမင်းသမီးဆိုတာမျိုးသူတို့မန္တလေးအငြိမ့်မှာမှမရှိဘဲ မှီငြမ်းသွင်ကနာမည်ရလာတော့ သူတို့က တို့အငြိမ့်အဖွဲ့ကို ငှားချင်တာနေမယ်"

မှီငြမ်းသွင် ခဏတာတော့စဉ်းစားမိသွားသည်။သီချင်းကျောင်းပေးတဲ့ အစ်ကိုပြောတာလည်းဟုတ်တုတ်တုတ်ရှိသား။

"ကဲ မှီငြမ်းသွင် ဒီအချိုးလေးကို ရအောင်ကျင့်ထား ဟုတ်ပလား အသံတွေလည်းမနာစေနဲ့ဦး ပွဲကသဘက်ခါဆိုသွားကရမှာ "

"ဟုတ်ကဲ့ အစ်ကို"

မှီငြမ်းသွင်တို့သဘင်သည်လောကမှာ သီချင်းဆိုတဲ့မင်းသမီးအကုန်လုံးက အသံကိုအထူးဂရုစိုက်ရတယ်။အစားအသောက်မှာလည်းဝက်သားတို့ဘာတို့ရှောင်ရတယ်။အသံနာတတ်လို့တဲ့။လည်ချောင်းထဲဖုန်မဝင်အောင်... အသံပြတ်ရှရှမဖြစ်အောင် သတိထားရတယ်။အသံသာပြောင်းသွားကြည့် မလွယ်ဘူး။ဇာတ်ဆရာကအော်လိမ့်မယ်။

မှီငြမ်းသွင် သီချင်းကျောင်းနေတာကို ရှေ့ထွက်မင်းသမီး ခိုင်မာလာကမြင်တော့ မျက်နှာမဲ့ပြသည်။ခြေကိုဆောင့်အောင့်ပြီး
ဆိုင်းဝိုင်းနားလာထိုင်သည်။

"ကိုမြင့်ဇူတို့များ မာလာ့ အလှည့်လည်းပေးပါဦး တကယ်တည်း သူများလည်းကျောင်းရတယ်ကိုမရှိဘူး ဟွန့်"

ခိုင်မာလာက မျက်စောင်းနဲ့ဆူအောင့်အောင့်ကြီးလုပ်နေတော့ မှီငြမ်းသွင်သိလိုက်သည်။

ခိုင်မာလာကရှေ့ထွက်
မှီငြမ်းသွင်ကအလယ်ထွက်

ခိုင်မာလာ ရာထူးပါဝါပိုမြင့်နေတာကြောင့် မှီငြမ်းသွင်နောက်ဆုတ်ပေးရမည်လေ။

"မခိုင် ‌လေ့ကျင့်ပါ ကျွန်တော် အလှည့်ကပြီးပါပြီ"

"ပြီးရော ပြီးရော"

"အစ်ကို ကျွန်တော်ပြန်ဦးမယ် "

"ကောင်းပြီ မှီငြမ်းသွင်"

"မခိုင် ကျွန်တော်ပြန်ပြီ"

"ကြွပါတော် ကြွပါ"

ခိုင်မာလာထိုသို့သာဘောက်ဆက်ဆက်ပြောမိသည်။သို့ပေမယ့် မှီငြမ်းသွင် စိတ်မဆိုးပါ။
ခိုင်မာလာကကျန်တဲ့နေရာတွေမှာသဘောထားကြီးပေမယ့် သီချင်းကျောင်းတဲ့နေရာမှာတော့ယှဉ်ပြိုင်လိုစိတ်ရှိသူဖြစ်သည်။မင်းသမီးတွေဆိုတော့လည်းဒီလိုပဲပေါ့။ကိုယ့်အသံကပဲအကောင်းဆုံးကိုယ်ကပဲပညာအတော်ဆုံးဖြစ်ချင်ကြတာမလား။

"ဟေ့ မမြိုင် ...ဘာရပ်လုပ်နေတာလဲ ဟိုမှာစော်ဘွားလေးခေါ်နေတယ်လေ သွားချေဦး"

"ဟုတ်ကဲ့ ဦးလေးသာဒွန်း"

မမြိုင် ကော်ရစ်တာအရှည်ကြီးရဲ့ဘယ်ဘက်ထောင့်စွန်းမှာ သီးခြားတည်ရှိနေတဲ့ အခန်းကြီးဆီ သွားလိုက်သည်။အိမ်ကြီးကဗမာ့မျိုးရိုးမြင့်လူတန်းစားတွေနေသည့်အိမ်မို့ ကြီးမားတင့်တယ်လှပေသည်။ထိုအိမ်ကြီးတွင် ဧည့်သည်အနေဖြင့်ခေတ္တတည်းနေသောပုဂ္ဂိုလ်သည်လည်း မျိုးရိုးမြင့်တွေထဲကတစ်ဦးဖြစ်သည်။

"ဒေါက်  ဒေါက်..စော်ဘွားလေးရှင့် မမြိုင်ကိုအခေါ်ရှိတယ်ဆိုလို့"

"ဝင်ခဲ့မမြိုင်"

အထဲမှ ပြတ်သားတဲ့ အသံပိုင်ရှင်ကခွင့်ပြုတော့မမြိုင်အထဲကိုဖြည်းညင်းစွာဝင်၍ သခင်ရှေ့တွင် ဒူးတုပ်ရိုကျိုးကာ ခေါင်းငုံ့ထားလိုက်သည်။

"မမြိုင် ကျုပ်ပိတောက်ပန်းလိုချင်တယ် အဲ့တာခင်ဗျားတို့ဆောင်ရွက်ပေးနိုင်မလား"

"ဟုတ်ကဲ့ပါ စော်ဘွားလေး မမြိုင်ဆောင်ရွက်ပေးနိုင်ပါတယ် "

"ကောင်းတယ် ကျုပ်ဖြင့်မြေပြန့်ရောက်တုန်း ပိတောက်ပန်းကိုမြင်ဖူးချင်စမ်းတယ်"

"....."

"မမြိုင် ခင်ဗျား ဇာတ်သဘင်အကြောင်းဘာသိလဲ"

"မမြိုင် ဇာတ်သဘင်အကြောင်းတော့နားမလည်ပေမယ့်မမြိုင်တို့ဗမာ့အငြိမ့်ပွဲဇာတ်ပွဲတွေကတော့သိပ်ကြည့်လို့ကောင်းတယ် စော်ဘွားလေး"

"ကျုပ်တော့ ခင်ဗျားတို့ဗမာအငြိမ့်တွေကိုသဘောမကျပေါင်ဗျာ အငြိမ့်သမတွေဟာ မူယာမာယာများတယ် "

"......"

မမြိုင် နှုတ်ဆိတ်သွားရ၏။စော်ဘွားလေး ဘာကိုရည်ရွယ်ပြောဆိုသလဲဆိုတာ မမြိုင်နားမလည်ပေ။

"ကျုပ်ကို ဦးသာဒွန်းက အငြိမ့်ပွဲပြမယ်လို့ ဆိုတယ် ပျင်းစရာမီးရောင်ပြိုးပြိုးပြက်ပြက်တွေကို ကျုပ်ဖြင့် ဘဝင်မတွေ့ပေါင်"

မမြိုင်လည်း ခေါင်းကုတ်လိုက်၏။ထို့နောက်

"စော်ဘွားလေးနဲ့နော် အငြိမ့်ဆိုတာပျော်စရာကောင်းလိုက်တာမှ မင်းသမီးတွေဆိုတာလည်းချောလိုက်တာမှမှုံလို့ ကြည့်ကြည့် ရှမ်းပြည်တောင်မပြန်ချင်ဖြစ်သွားမယ် ဘုရာ့"

ခွန်မင်းစက္ခရာမောင် မျက်ခုံးပင့်မိသည်။
ထိုဗမာအမျိုးသမီးဟာသူတို့လူမျိုးကိုတော့အတော်အမွှန်းတင်သားကိုး။

"ကျုပ်တော့စောင့်ကြည့်ရဦးမှာပေါ့"

"....."

ခွန်မင်းစက္ခရာမောင် တွေးမိသည်။ဗမာလူမျိုးတွေဟာအတော်ကိုအကြွားသန်ကြတာကို....သူတို့ပြောတဲ့ အငြိမ့်ဆိုတာကြီးကို ကြည့်ချင်းစမ်းပါဘိ။

"အမေလေးရေ ...ကျုပ်ပြန်ရောက်ပြီဗျ"

"ဟဲ့ နောက်ကျလှချည်လားကွယ့် မှောင်တောင်မှောင်နေပြီ"

"ဟုတ်တယ်ဗျို့ ကျုပ်လည်းဒီနေ့သီချင်းကျောင်းရတာ ခက်တော့ခက်သားဗျ...အမေလေးသိပ်ကြိုက်တဲ့ လေဘာတီမမြရင်သီချင်းလေ"

"ဟေ ဟုတ်လား ငါဖြင့်မမြရင်ကိုသိပ်ကြိုက်တာအေ...တို့ခေတ်တုန်းကဆို မမြရင် ကရင် အကြည့်တောင်မလွှဲနိုင်ဘူး ချောပေ့ လှပေ့ ပညာစုံပေ့ တော်ရေ့"

"အမေလေး ဘယ်မလဲ ကျုပ်သမီး"

"ဟိုဘက်အိမ့်မပေါ့ ဆော့ထားတာ တော့်သမီး မိန်းမလားယောကျာ်းလားမသဲကွဲဘူး"

"အမေလေးကလည်းကလေးသဘာဝဆော့တာပဲဗျ ခမျာလေးမှာကျောင်းလည်းမတက်ရဘူး ကျုပ်ဖြင့်စိတ်မကောင်းဘူးဗျာ ကျုပ်သမီးလေးကိုပညာတတ်ကြီးဖြစ်စေချင်တာ"

မှီငြမ်းသွင်စကားကို အမေလေး ရင်သိန်းက ဆေးလိပ်တိုကြီးလက်ကြားညှပ်ကာ ခေါင်းတစ်ညိမ့်ညိမ့်ဖြင့်‌နားထောင်နေသည်။

"မောင်သွင်ရယ် ငါ့မလည်း ငါ့မြေးကို ကျောင်းထားချင်တာပေါ့အေ ...ပိုက်ဆံကမှမပြေလည်ဘဲ...ခက်တယ်အေ..ကြီးကြီးတက်ချမ်းသာသူများကျ ...အော် ဘဝတွေ ဘဝတွေ"

ဒေါ်ရင်သိန်း ဆေးလိပ်တိုကိုရဲနေအောင်ဖွာလိုက်ပြီး ပြာကိုလက်ဖြင့်တို့ကာလျက်သည်။

မှီငြမ်းသွင် ပုဆိုးကိုတိုတိုဝတ်ကာ သမီးဖြစ်သူကို လိုက်ရှာသည်။

ပေါ်လာပါပြီ။သားအဖနှစ်ယောက်။လက်ထဲမုန့်ထုပ်ကလေးတစ်ကိုင်ကိုင်နဲ့။

"ဟဲ့ မိစန္ဒာ ညည်းလက်ထဲကမုန့်ဘယ်သူပေးသလဲ"

"အမေကြီးကလည်း ပူတူးမ အမေပေးလိုက်တာ စန္ဒာစား‌ချင်နေလို့ဆိုပြီး"

"သမီးကလည်း စားချင်ရင် ဖေဖေ့ကို‌ပူဆာမှပေါ့"

"ဟာဖေဖေကလည်း ဖေဖေပိုက်ဆံကုန်မှာပေါ့  ပူတူးမအမေကုန်ရင်ကုန်ပါစေ သူတို့ကပိုက်ဆံရှိတယ် ဖေဖေရဲ့"

မှီငြမ်းသွင် သမီးဖြစ်သူစကားကြောင့်စိတ်မကောင်းဖြစ်မိသည်။သူဟာသမီးဖြစ်သူ စားချင်တဲ့မုန့်ကိုတောင်ဝယ်မကျွေးနိုင်ဘူးလေ။မှီငြမ်းသွင်ဘယ်လောက်ပဲပိုက်ဆံရှာရှာ အစုကျရငွေကနဲ့ အဖြတ်ခံရတဲ့စရိတ်က ထူးမခြားနားပင်။ဒါတောင်ဇာတ်ဆရာကသဘောကောင်းပြီးမိသားစုလိုဖြစ်နေလို့ အနေအစားချောင်လည်ခြင်းဖြစ်သည်။

"ကဲ သမီး ရေမိုးချိုးထမင်းစားတော့"

"ဟုတ်ကဲ ဖေဖေ"

မှီငြမ်းသွင် ပျဉ်ထောင်အိမ်နံရံကိုမှီ၍ထိုင်ချကာ သမီးလေး‌၏ရှေ့ရေးကိုတွေးပူနေရသည်။သမီးလေးကိုသူ့သူငယ်ချင်းတွေလိုကျောင်းထားပေးချင်တော့ ဇာတ်ဆရာကို ငွေကြိုတောင်းမှရလိမ့်ဦးမည်။

"ဟဲ့ လူလေး နင့်သမီးအကြောင်းတွေးနေပြန်ပလား"

"ဒီလိုပါပဲ အမေလေးရာ ကျုပ်ရှာသမျှကကျုပ်သမီးလေးအတွက်ကို"

"လူလေး နင့်နှယ့်လည်း သားသမီးအရင်းအခြာမမည်တဲ့ သားသမီးကိုပူရတာနဲ့ နင့်ကိုယ်နင်ပြန်ကြည့်ဦး တစ်နေ့တစ်ခြားပိန်လာတယ် "

"အမေလေးကလည်း ကျုပ်သမီးဆို ပိန်ရုံမကလို့ ဘာဖြစ်နေဖြစ်နေ ကျုပ်တော့လုပ်မှာပဲ"

ဒေါ်ရင်သိန်း ဟင်း ဟုသာသက်ပြင်းချမိတော့သည်။
သမီးအရင်းမဟုတ်တဲ့ သူ့မြေးမကို မှီငြမ်းသွင်ကချစ်ပေး ပြုစုယုယပေးတာနဲ့တင် ‌ဒေါ်ရင်သိန်းကျေးဇူးတင်နေရပါသည်။
စိတ်ထဲမှာတော့ တူဖြစ်သူ မှီငြမ်းသွင်ကိုအကြိမ်ကြိမ်ရှိခိုးပြီးပြီဖြစ်သည်။
မေတ္တာငတ်နေတဲ့ သူမသွေးသားကို သူမတူဖြစ်သူကမေတ္တာဖြည့်စွမ်းပေးသောကျေးဇူးရှင်မလား။

မန္တလေးရောက်သောနေ့

"ကဲ ကဲ ဇာတ်အဖွဲ့တွေ နေရာယူကြ တို့တွေလောလောဆယ် ဒီတန်းလျားမှာတည်းရမယ်
မင်းသမီးတွေက ဘယ်ဘက်တန်းလျား လူရွှင်တော်တွေ အမျိုးသားတွေက ညာဘက်တန်းလျား...ကိုယ့်အထုတ်ကိုယ်သေချာယူကြနော် ပြီးမှပျောက်တာတွေ ချောက်တာတွေမကြားချင်ဘူး"

အာဘောင်အာရင်းသံသော ဇာတ်ဆရာ၏အသံအောက်မှာ ဇာတ်အဖွဲ့တွေပျားပန်းခတ်နေကြသည်။မင်းသမီးတွေကတော့ အလှပြင်မပျက်ပေ။ထိုထဲတွင် မှီငြမ်းသွင်ကတော့ ထန်းခေါက်ဖာကြီးတစ်ကိုင်ကိုင်နဲ့ရောင်လည်လည်ဖြစ်နေသည်။

"မှီငြမ်းသွင် နေရာရပလား"
ဝိုင်းဆရာ ကိုမြင့်ဇူကစကားစသည်။

"မရသေးဘူး အစ်ကိုရ ကျွန်တော်တော့ဘုံပျောက်ပလားမသိဘူး"

မှီငြမ်းသွင်ကဘောက်ဆက်ဆက်ဆိုလိုက်တော့ ဝိုင်းဆရာကရယ်သည်။

"ကဲ လာပါ အစ်ကိုနဲ့လိုက်ခဲ့ "

မှီငြမ်းသွင် ကိုမြင့်ဇူနောက်လိုက်သွားတော့ ဘေးခန်းက နေရာလွတ်လေးမှာ နေရာရသည်။တစ်ယောက်တည်းနေဖို့တော့လွတ်လပ်ပါသည်။

ထန်းခေါက်ဖာလေးကိုဖြည်ရင်း ပါလာတဲ့ထမင်းထုပ်လေးကိုဖောက်ကာစားတော့သည်။အချိန်အကြာကြီးကားစီးလာရတော့ ဖင်ကြောတွေတောင် အောင့်သည်။

ထမင်းကလည်းခရီးပန်းလာလို့လားမသိစားလို့ကောင်းကောင်းနဲ့စားလိုက်တာ ပြိုက်ခနဲနေတာပဲ။အကြောတွေညောင်းတောင့်နေတော့ ကွက်ပျစ်လေးပေါ်လှဲရင်း အနားယူမိသည်။
မန္တလေးရဲ့ပထမဆုံးညကတော့ အပူဒဏ်ကိုအံ့တုရင်း အိပ်ပျော်အောင်သာအိပ်ရပေတော့မည်။

YATT-WON

May 1st .2023

ရပ်ဝန်းငယ်ကတော့ ဖင်မနိုင်ပဲ ပဲကြီးဟင်းသောက်ပြန်ပါပြီ စာဖတ်သူလေးတို့ရေ

ရပ်ဝန်းစိတ်ထဲ‌ဒီplotလေးကတအားရေးချင်နေတာပါ

ရပ်ဝန်းမှာ ရေးလက်စFicလေးကလည်းရှိနေသေးတော့ ဒါလေးကupdateမမြန်နိုင်ပါဘူးနော် အဲ့အတွက်ရပ်ဝန်းကြိုတင်မေတ္တာရပ်ခံတာပါ...

ရပ်ဝန်းကFicနှစ်ခုကိုတစ်ပြိုင်တည်းမရေးတတ်ဘူး အခုကတအားရေးချင်လာလို့သာရေးလိုက်တာပါ

Zawgyi

အၿငိမ့္မင္းသမီးမ်ား ရည္းစားထားတဲ့
လူဆိုတာမ်ိဳးေနာ္ သေဘာထားလည္းႀကီးဦးမွေပါ့ သခင္ ရယ္

အၿငိမ့္မင္းသမီးမ်ားရည္းစားထားတဲ့လူဆိုတာမ်ိဳးေနာ္ သေဘာထားလည္းႀကီးဦးမွေပါ့ ေမာင္ရယ္

မီးေရာင္ေအာက္ကိုဝင္ ရင္လူပ်က္ေတြနဲ႕ ေသာေတာ့ ေမာင့္သေဘာက အလြန္တရာ..မၾကည္လင္...

မီးေရာင္ေအာက္ကိုဝင္ရင္ လူပ်က္ေတြနဲ႕ေသာေတာ့ ‌သူ႕သေဘာကအလြန္တရာမၾကည္လင္...

ဪ.. ျမရင္ ျမရင္ ျမရင္

ဪ ..ျမရင္ ျမရင္ ျမရင္

ခ်စ္ၾကေပသရွင္ ျပည္တစ္ခြင္

ေမာင့္အခ်စ္မ်ိဳးဟာ...ဘယ္အခ်ိဳးအစားလည္းတကယ္

အားမရနိုင္ရွာေအာင္ပင္ ေပၚေပၚထင္ထင္ခ်စ္ခင္လွသရွင္

အလႉ႕ရွင္မွန္း အားလုံးသိၾကပါတယ္ရွင္

အပိုင္ေနာ္ ႀကံလိုက္သခင္ တိုင္ေပၚအလံစိုက္.......

ခ်င္~

"ရၿပီ သိပ္ေကာင္းတယ္ မွီျငမ္းသြင္ "

"ဟုတ္ကဲ့ အစ္ကို"

"မွီျငမ္းသြင္ရဲ႕ဒီလိုဆိုပုံမ်ိဳးနဲ႕ဆို တို႔အၿငိမ့္‌ေတာ့မႏၱေလးမွာနာမည္ႀကီးရခ်‌ည္ေသးရဲ႕"

"မဟုတ္တာ အစ္ကိုရယ္ မႏၱေလးဆိုတာက တကယ့္အၿငိမ့္ဇာတ္ႀကီးေတြထြက္တဲ့ေနရာမလား ကြၽန္ေတာ့္လို အၿငိမ့္သမကဘယ္လိုလုပ္နာမည္ေက်ာ္နိုင္ပါ့မလဲ"

"အိုကြာ..ဘယ္ႏွယ့္မျဖစ္ရမလဲ မွီျငမ္းသြင္က အကေကာင္းတယ္ အဆိုလည္းရတယ္ မႏၱေလးမွာဒီေလာက္‌ဇာတ္ေတြေပါေသာေနတာ ဘာလို႔ အစ္ကိုတို႔ နာမည္ရစ အၿငိမ့္ေလးကိုလာငွားသလဲ "

"....."

"မွီျငမ္းသြင္ေၾကာင့္ေပါ့ ေယာက်ာ္းမင္းသမီးဆိုတာမ်ိဳးသူတို႔မႏၱေလးအၿငိမ့္မွာမွမရွိဘဲ မွီျငမ္းသြင္ကနာမည္ရလာေတာ့ သူတို႔က တို႔အၿငိမ့္အဖြဲ႕ကို ငွားခ်င္တာေနမယ္"

မွီျငမ္းသြင္ ခဏတာေတာ့စဥ္းစားမိသြားသည္။သီခ်င္းေက်ာင္းေပးတဲ့ အစ္ကိုေျပာတာလည္းဟုတ္တုတ္တုတ္ရွိသား။

"ကဲ မွီျငမ္းသြင္ ဒီအခ်ိဳးေလးကို ရေအာင္က်င့္ထား ဟုတ္ပလား အသံေတြလည္းမနာေစနဲ႕ဦး ပြဲကသဘက္ခါဆိုသြားကရမွာ "

"ဟုတ္ကဲ့ အစ္ကို"

မွီျငမ္းသြင္တို႔သဘင္သည္ေလာကမွာ သီခ်င္းဆိုတဲ့မင္းသမီးအကုန္လုံးက အသံကိုအထူးဂ႐ုစိုက္ရတယ္။အစားအေသာက္မွာလည္းဝက္သားတို႔ဘာတို႔ေရွာင္ရတယ္။အသံနာတတ္လို႔တဲ့။လည္ေခ်ာင္းထဲဖုန္မဝင္ေအာင္... အသံျပတ္ရွရွမျဖစ္ေအာင္ သတိထားရတယ္။အသံသာေျပာင္းသြားၾကည့္ မလြယ္ဘူး။ဇာတ္ဆရာကေအာ္လိမ့္မယ္။

မွီျငမ္းသြင္ သီခ်င္းေက်ာင္းေနတာကို ေရွ႕ထြက္မင္းသမီး ခိုင္နီလာကျမင္ေတာ့ မ်က္ႏွာမဲ့ျပသည္။ေျခကိုေဆာင့္ေအာင့္ၿပီး
ဆိုင္းဝိုင္းနားလာထိုင္သည္။

"ကိုျမင့္ဇူတို႔မ်ား နီလာအလွည့္လည္းေပးပါဦး တကယ္တည္း သူမ်ားလည္းေက်ာင္းရတယ္ကိုမရွိဘူး ဟြန႔္"

ခိုင္နီလာက မ်က္ေစာင္းနဲ႕ဆူေအာင့္ေအာင့္ႀကီးလုပ္ေနေတာ့ မွီျငမ္းသြင္သိလိုက္သည္။

ခိုင္နီလာကေရွ႕ထြက္
မွီျငမ္းသြင္ကအလယ္ထြက္

ခိုင္နီလာ ရာထူးပါဝါပိုျမင့္ေနတာေၾကာင့္ မွီျငမ္းသြင္ေနာက္ဆုတ္ေပးရမည္ေလ။

"မခိုင္ ‌ေလ့က်င့္ပါ ကြၽန္ေတာ္ အလွည့္ကၿပီးပါၿပီ"

"ၿပီးေရာ ၿပီးေရာ"

"အစ္ကို ကြၽန္ေတာ္ျပန္ဦးမယ္ "

"ေကာင္းၿပီ မွီျငမ္းသြင္"

"မခိုင္ ကြၽန္ေတာ္ျပန္ၿပီ"

"ႂကြပါေတာ္ ႂကြပါ"

ခိုင္မာလာထိုသို႔သာေဘာက္ဆက္ဆက္ေျပာမိသည္။သို႔ေပမယ့္ မွီျငမ္းသြင္ စိတ္မဆိုးပါ။
ခိုင္မာလာကက်န္တဲ့ေနရာေတြမွာသေဘာထားႀကီးေပမယ့္ သီခ်င္းေက်ာင္းတဲ့ေနရာမွာေတာ့ယွဥ္ၿပိဳင္လိုစိတ္ရွိသူျဖစ္သည္။မင္းသမီးေတြဆိုေတာ့လည္းဒီလိုပဲေပါ့။ကိုယ့္အသံကပဲအေကာင္းဆုံးကိုယ္ကပဲပညာအေတာ္ဆုံးျဖစ္ခ်င္ၾကတာမလား။

"ေဟ့ မၿမိဳင္ ...ဘာရပ္လုပ္ေနတာလဲ ဟိုမွာေစာ္ဘြားေလးေခၚေနတယ္ေလ သြားေခ်ဦး"

"ဟုတ္ကဲ့ ဦးေလးသာဒြန္း"

မၿမိဳင္ ေကာ္ရစ္တာအရွည္ႀကီးရဲ႕ဘယ္ဘက္ေထာင့္စြန္းမွာ သီးျခားတည္ရွိေနတဲ့ အခန္းႀကီးဆီ သြားလိုက္သည္။အိမ္ႀကီးကဗမာ့မ်ိဳးရိုးျမင့္လူတန္းစားေတြေနသည့္အိမ္မို႔ ႀကီးမားတင့္တယ္လွေပသည္။ထိုအိမ္ႀကီးတြင္ ဧည့္သည္အေနျဖင့္ေခတၱတည္းေနေသာပုဂၢိုလ္သည္လည္း မ်ိဳးရိုးျမင့္ေတြထဲကတစ္ဦးျဖစ္သည္။

"ေဒါက္  ေဒါက္..ေစာ္ဘြားေလးရွင့္ မၿမိဳင္ကိုအေခၚရွိတယ္ဆိုလို႔"

"ဝင္ခဲ့မၿမိဳင္"

အထဲမွ ျပတ္သားတဲ့ အသံပိုင္ရွင္ကခြင့္ျပဳေတာ့မၿမိဳင္အထဲကိုျဖည္းညင္းစြာဝင္၍ သခင္ေရွ႕တြင္ ဒူးတုပ္ရိုက်ိဳးကာ ေခါင္းငုံ႕ထားလိုက္သည္။

"မၿမိဳင္ က်ဳပ္ပိေတာက္ပန္းလိုခ်င္တယ္ အဲ့တာခင္ဗ်ားတို႔ေဆာင္႐ြက္ေပးနိုင္မလား"

"ဟုတ္ကဲ့ပါ ေစာ္ဘြားေလး မၿမိဳင္ေဆာင္႐ြက္ေပးနိုင္ပါတယ္ "

"ေကာင္းတယ္ က်ဳပ္ျဖင့္ေျမျပန႔္ေရာက္တုန္း ပိေတာက္ပန္းကိုျမင္ဖူးခ်င္စမ္းတယ္"

"....."

"မၿမိဳင္ ခင္ဗ်ား ဇာတ္သဘင္အေၾကာင္းဘာသိလဲ"

"မၿမိဳင္ ဇာတ္သဘင္အေၾကာင္းေတာ့နားမလည္ေပမယ့္မၿမိဳင္တို႔ဗမာ့အၿငိမ့္ပြဲဇာတ္ပြဲေတြကေတာ့သိပ္ၾကည့္လို႔ေကာင္းတယ္ ေစာ္ဘြားေလး"

"က်ဳပ္ေတာ့ ခင္ဗ်ားတို႔ဗမာအၿငိမ့္ေတြကိုသေဘာမက်ေပါင္ဗ်ာ အၿငိမ့္သမေတြဟာ မူယာမာယာမ်ားတယ္ "

"......"

မၿမိဳင္ ႏႈတ္ဆိတ္သြားရ၏။ေစာ္ဘြားေလး ဘာကိုရည္႐ြယ္ေျပာဆိုသလဲဆိုတာ မၿမိဳင္နားမလည္ေပ။

"က်ဳပ္ကို ဦးသာဒြန္းက အၿငိမ့္ပြဲျပမယ္လို႔ ဆိုတယ္ ပ်င္းစရာမီးေရာင္ၿပိဳးၿပိဳးျပက္ျပက္ေတြကို က်ဳပ္ျဖင့္ ဘဝင္မေတြ႕ေပါင္"

မၿမိဳင္လည္း ေခါင္းကုတ္လိုက္၏။ထို႔ေနာက္

"ေစာ္ဘြားေလးနဲ႕ေနာ္ အၿငိမ့္ဆိုတာေပ်ာ္စရာေကာင္းလိုက္တာမွ မင္းသမီးေတြဆိုတာလည္းေခ်ာလိုက္တာမွမႈံလို႔ ၾကည့္ၾကည့္ၾရွမ္းျပည္ေတာင္မျပန္ခ်င္ျဖစ္သြားမယ္ ဘုရာ့"

ခြန္မင္းစကၡရာေမာင္ မ်က္ခုံးပင့္မိသည္။
ထိုဗမာအမ်ိဳးသမီးဟာသူတို႔လူမ်ိဳးကိုေတာ့အေတာ္အမႊန္းတင္သားကိုး။

"က်ဳပ္ေတာ့ေစာင့္ၾကည့္ရဦးမွာေပါ့"

"....."

ခြန္မင္းစကၡရာေမာင္ ေတြးမိသည္။ဗမာလူမ်ိဳးေတြဟာအေတာ္ကိုအႂကြားသန္ၾကတာကို....သူတို႔ေျပာတဲ့ အၿငိမ့္ဆိုတာႀကီးကို ၾကည့္ခ်င္းစမ္းပါဘိ။

"အေမေလးေရ ...က်ဳပ္ျပန္ေရာက္ၿပီဗ်"

"ဟဲ့ ေနာက္က်လွခ်ည္လားကြယ့္ ေမွာင္ေတာင္ေမွာင္ေနၿပီ"

"ဟုတ္တယ္ဗ်ိဳ႕ က်ဳပ္လည္းဒီေန႕သီခ်င္းေက်ာင္းရတာ ခက္ေတာ့ခက္သားဗ်...အေမေလးသိပ္ႀကိဳက္တဲ့ ေလဘာတီမျမရင္သီခ်င္းေလ"

"ေဟ ဟုတ္လား ငါျဖင့္မျမရင္ကိုသိပ္ႀကိဳက္တာေအ...တို႔ေခတ္တုန္းကဆို မျမရင္ ကရင္ အၾကည့္ေတာင္မလႊဲနိုင္ဘူး ေခ်ာေပ့ လွေပ့ ပညာစုံေပ့ ေတာ္ေရ႕"

"အေမေလး ဘယ္မလဲ က်ဳပ္သမီး"

"ဟိုဘက္အိမ့္မေပါ့ ေဆာ့ထားတာ ေတာ့္သမီး မိန္းမလားေယာက်ာ္းလားမသဲကြဲဘူး"

"အေမေလးကလည္းကေလးသဘာဝေဆာ့တာပဲဗ် ခမ်ာေလးမွာေက်ာင္းလည္းမတက္ရဘူး က်ဳပ္ျဖင့္စိတ္မေကာင္းဘူးဗ်ာ က်ဳပ္သမီးေလးကိုပညာတတ္ႀကီးျဖစ္ေစခ်င္တာ"

မွီျငမ္းသြင္စကားကို အေမေလး ရင္သိန္းက ေဆးလိပ္တိုႀကီးလက္ၾကားညွပ္ကာ ေခါင္းတစ္ညိမ့္ညိမ့္ျဖင့္‌နားေထာင္ေနသည္။

"ေမာင္သြင္ရယ္ ငါ့မလည္း ငါ့ေျမးကို ေက်ာင္းထားခ်င္တာေပါ့ေအ ...ပိုက္ဆံကမွမေျပလည္ဘဲ...ခက္တယ္ေအ..ႀကီးႀကီးတက္ခ်မ္းသာသူမ်ားက် ...ေအာ္ ဘဝေတြ ဘဝေတြ"

ေဒၚရင္သိန္း ေဆးလိပ္တိုကိုရဲေနေအာင္ဖြာလိုက္ၿပီး ျပာကိုလက္ျဖင့္တို႔ကာလ်က္သည္။

မွီျငမ္းသြင္ ပုဆိုးကိုတိုတိုဝတ္ကာ သမီးျဖစ္သူကို လိုက္ရွာသည္။

ေပၚလာပါၿပီ။သားအဖႏွစ္ေယာက္။လက္ထဲမုန႔္ထုပ္ကေလးတစ္ကိုင္ကိုင္နဲ႕။

"ဟဲ့ မိစႏၵာ ညည္းလက္ထဲကမုန႔္ဘယ္သူေပးသလဲ"

"အေမႀကီးကလည္း ပူတူးမ အေမေပးလိုက္တာ စႏၵာစား‌ခ်င္ေနလို႔ဆိုၿပီး"

"သမီးကလည္း စားခ်င္ရင္ ေဖေဖ့ကို‌ပူဆာမွေပါ့"

"ဟာေဖေဖကလည္း ေဖေဖပိုက္ဆံကုန္မွာေပါ့  ပူတူးမအေမကုန္ရင္ကုန္ပါေစ သူတို႔ကပိုက္ဆံရွိတယ္ ေဖေဖရဲ႕"

မွီျငမ္းသြင္ သမီးျဖစ္သူစကားေၾကာင့္စိတ္မေကာင္းျဖစ္မိသည္။သူဟာသမီးျဖစ္သူ စားခ်င္တဲ့မုန႔္ကိုေတာင္ဝယ္မေကြၽးနိုင္ဘူးေလ။မွီျငမ္းသြင္ဘယ္ေလာက္ပဲပိုက္ဆံရွာရွာ အစုက်ရေငြကနဲ႕ အျဖတ္ခံရတဲ့စရိတ္က ထူးမျခားနားပင္။ဒါေတာင္ဇာတ္ဆရာကသေဘာေကာင္းၿပီးမိသားစုလိုျဖစ္ေနလို႔ အေနအစားေခ်ာင္လည္ျခင္းျဖစ္သည္။

"ကဲ သမီး ေရမိုးခ်ိဳးထမင္းစားေတာ့"

"ဟုတ္ကဲ ေဖေဖ"

မွီျငမ္းသြင္ ပ်ဥ္ေထာင္အိမ္နံရံကိုမွီ၍ထိုင္ခ်ကာ သမီးေလး‌၏ေရွ႕ေရးကိုေတြးပူေနရသည္။သမီးေလးကိုသူ႕သူငယ္ခ်င္းေတြလိုေက်ာင္းထားေပးခ်င္ေတာ့ ဇာတ္ဆရာကို ေငြႀကိဳေတာင္းမွရလိမ့္ဦးမည္။

"ဟဲ့ လူေလး နင့္သမီးအေၾကာင္းေတြးေနျပန္ပလား"

"ဒီလိုပါပဲ အေမေလးရာ က်ဳပ္ရွာသမွ်ကက်ဳပ္သမီးေလးအတြက္ကို"

"လူေလး နင့္ႏွယ့္လည္း သားသမီးအရင္းအျခာမမည္တဲ့ သားသမီးကိုပူရတာနဲ႕ နင့္ကိုယ္နင္ျပန္ၾကည့္ဦး တစ္ေန႕တစ္ျခားပိန္လာတယ္ "

"အေမေလးကလည္း က်ဳပ္သမီးဆို ပိန္႐ုံမကလို႔ ဘာျဖစ္ေနျဖစ္ေန က်ဳပ္ေတာ့လုပ္မွာပဲ"

ေဒၚရင္သိန္း ဟင္း ဟုသာသက္ျပင္းခ်မိေတာ့သည္။
သမီးအရင္းမဟုတ္တဲ့ သူ႕ေျမးမကို မွီျငမ္းသြင္ကခ်စ္ေပး ျပဳစုယုယေပးတာနဲ႕တင္ ‌ေဒၚရင္သိန္းေက်းဇူးတင္ေနရပါသည္။
စိတ္ထဲမွာေတာ့ တူျဖစ္သူ မွီျငမ္းသြင္ကိုအႀကိမ္ႀကိမ္ရွိခိုးၿပီးၿပီျဖစ္သည္။
ေမတၱာငတ္ေနတဲ့ သူမေသြးသားကို သူမတူျဖစ္သူကေမတၱာျဖည့္စြမ္းေပးေသာေက်းဇူးရွင္မလား။

မႏၱေလးေရာက္ေသာေန႕

"ကဲ ကဲ ဇာတ္အဖြဲ႕ေတြ ေနရာယူၾက တို႔ေတြေလာေလာဆယ္ ဒီတန္းလ်ားမွာတည္းရမယ္
မင္းသမီးေတြက ဘယ္ဘက္တန္းလ်ား လူ႐ႊင္ေတာ္ေတြ အမ်ိဳးသားေတြက ညာဘက္တန္းလ်ား...ကိုယ့္အထုတ္ကိုယ္ေသခ်ာယူၾကေနာ္ ၿပီးမွေပ်ာက္တာေတြ ေခ်ာက္တာေတြမၾကားခ်င္ဘူး"

အာေဘာင္အာရင္းသံေသာ ဇာတ္ဆရာ၏အသံေအာက္မွာ ဇာတ္အဖြဲ႕ေတြပ်ားပန္းခတ္ေနၾကသည္။မင္းသမီးေတြကေတာ့ အလွျပင္မပ်က္ေပ။ထိုထဲတြင္ မွီျငမ္းသြင္ကေတာ့ ထန္းေခါက္ဖာႀကီးတစ္ကိုင္ကိုင္နဲ႕ေရာင္လည္လည္ျဖစ္ေနသည္။

"မွီျငမ္းသြင္ ေနရာရပလား"
ဝိုင္းဆရာ ကိုျမင့္ဇူကစကားစသည္။

"မရေသးဘူး အစ္ကိုရ ကြၽန္ေတာ္ေတာ့ဘုံေပ်ာက္ပလားမသိဘူး"

မွီျငမ္းသြင္ကေဘာက္ဆက္ဆက္ဆိုလိုက္ေတာ့ ဝိုင္းဆရာကရယ္သည္။

"ကဲ လာပါ အစ္ကိုနဲ႕လိုက္ခဲ့ "

မွီျငမ္းသြင္ ကိုျမင့္ဇူေနာက္လိုက္သြားေတာ့ ေဘးခန္းက ေနရာလြတ္ေလးမွာ ေနရာရသည္။တစ္ေယာက္တည္းေနဖို႔ေတာ့လြတ္လပ္ပါသည္။

ထန္းေခါက္ဖာေလးကိုျဖည္ရင္း ပါလာတဲ့ထမင္းထုပ္ေလးကိုေဖာက္ကာစားေတာ့သည္။အခ်ိန္အၾကာႀကီးကားစီးလာရေတာ့ ဖင္ေၾကာေတြေတာင္ ေအာင့္သည္။

ထမင္းကလည္းခရီးပန္းလာလို႔လားမသိစားလို႔ေကာင္းေကာင္းနဲ႕စားလိုက္တာ ၿပိဳက္ခနဲေနတာပဲ။အေၾကာေတြေညာင္းေတာင့္ေနေတာ့ ကြက္ပ်စ္ေလးေပၚလွဲရင္း အနားယူမိသည္။
မႏၱေလးရဲ႕ပထမဆုံးညကေတာ့ အပူဒဏ္ကိုအံ့တုရင္း အိပ္ေပ်ာ္ေအာင္သာအိပ္ရေပေတာ့မည္။

YATT-WON
May 1st .2023

ရပ္ဝန္းငယ္ကေတာ့ ဖင္မနိုင္ပဲ ပဲႀကီးဟင္းေသာက္ျပန္ပါၿပီ စာဖတ္သူေလးတို႔ေရ

ရပ္ဝန္းစိတ္ထဲ‌ဒီplotေလးကတအားေရးခ်င္ေနတာပါ
ရပ္ဝန္းမွာ ေရးလက္စFicေလးကလည္းရွိေနေသးေတာ့ ဒါေလးကupdateမျမန္နိုင္ပါဘူးေနာ္ အဲ့အတြက္ရပ္ဝန္းႀကိဳတင္ေမတၱာရပ္ခံတာပါ...

ရပ္ဝန္းကFicႏွစ္ခုကိုတစ္ၿပိဳင္တည္းမေရးတတ္ဘူး အခုကတအားေရးခ်င္လာလို႔သာေရးလိုက္တာပါ


You are reading the story above: TeenFic.Net