ရွှီရှန်းရဲ့ ခံစားချက်ဟာလည်း တံခါးပိတ်လိုက်တာနဲ့အတူ မှိုင်းထိုင်းသွားတော့တယ်။
ကြည့်ရတာ အချစ်က ဝမ်းနည်းမှုကိုလည်း သယ်ဆောင်ပေးနိုင်တာပဲ။
ယန်ရှင်းကျီရဲ့ အသံက ကျယ်လောင်နေပြီး တစ်ယောက်ယောက်ကို နေရာပို့ပေးဖို့ ပြောကာ သူလည်း အဲ့ဒီကို ခဏနေ ရောက်မယ်လို့ ပြောခဲ့တယ်။
ရွှီရှန်း အချိန်ကို တစ်ချက်ကြည့်လိုက်တော့ ၁၁နာရီ ထိုးနေပြီ။ ဒီလို ညဥ့်နက်ကြီးမှ လူတွေ ခေါ်စုဝေးကြပြီး ချိုမြိန်တဲ့ အိုမီဂါလေးတွေလည်း ပါနေတာဆိုတော့...ဒါက ဘားတစ်ခုခုများလား? ဒါမှ မဟုတ် နိုက်ကလပ်လား? ဘယ်လိုပဲဖြစ်ဖြစ် ယန်ရှင်းကျီ သွားခဲ့တာဆိုတော့ သေချာပေါက် ပုံမှန်စုဝေးပွဲတော့ ဟုတ်တန်မရာဘူး။
ရွှီရှန်း သူ့ရဲ့ အချိန်ဇယားစာရွက်ကို ဘေးချလာကာ သူ ဒါကို မလိုအပ်ခဲ့ဘူးဆိုတာ အသိဝင်လာခဲ့တယ်။ အိုမီဂါရဲ့ စိတ်တွေဟာ လွင့်မျောနေပြီး ကားအင်ဂျင် စက်နှိုးတဲ့ အသံကို နားထောင်နေမိတယ်။ နောက်ဆုံးမှာတော့ ကားစက်သံဟာ ဖြည်းဖြည်းချင်း ဖျော့တော့လာကာ ကားမီးရောင်ဟာလည်း ပျောက်ကွယ်သွားတော့တယ်။
ဗီလာကျယ်ကြီးထဲမှာတော့ အိုမီဂါတစ်ယောက်သာ ကျန်ရစ်ခဲ့တယ်။ သူတစ်ယောက်တည်းရဲ့ အသံရှူသံနဲ့ ခြေသံတွေရယ်ပဲ။
ခုနက တံခါးကို ပိတ်တုန်းက သူ့ခြေမနဲ့ တိုက်မိသွားခဲ့ပေမဲ့ သူအခုမှ သတိထားမိတယ်။ ရွှီရှန်း နောက်ကျမှသာ နာကျင်မှုကို ခံစားမိတာကြောင့် သူ့ဖိနပ်နဲ့ ခြေအိတ်တွေကို ချွတ်လိုက်တယ်။ ခုနက တိုက်မိတဲ့ နေရာက ပြာနှမ်းပြီး ခရမ်းရောင် သန်းနေတာပဲ။ အထူးသဖြင့် ခြေမခွံနားမှာပဲ။ သေးသေးလေး ထိမိရင်တောင်မှ တအားနာတယ်။
"ဟင်း" ရွှီရှန်း သက်ပြင်းဖျော့ဖျော့လေး တစ်ချက်ကို ချလိုက်တယ်။ ဒါဟာ နာကျင်မှုကြောင့်လား ဒါမှမဟုတ် တစ်ခြား တစ်ခုကြောင့်လားဆိုတာ သေချာ မသိတော့ပါဘူး။ သူ့မြင်ကွင်းဟာ တဖြည်းဖြည်း မှုန်ဝါးလာတယ်။
ဒီညဟာ လကွယ်ညဖြစ်ပြီး ညခင်းရဲ့ လေနုအေးဟာ ပြတင်းပေါက်လိုက်ကာတွေကို လှုပ်ရှားအောင် တိုက်ခက်နေတယ်။ ဝေးလံတဲ့ လူနေၕရိယာမှာ နွေးထွေးတဲ့ အလင်းရောင်ဟာ ကြွေနေတဲ့ ကြယ်တွေလို မြေပြင်ပေါ် ဖြာကျနေတယ်။ တစ်ချို့ကတော့ မီးပိတ်သွားပြီ ဖြစ်ပြီး တစ်ချို့ကတော့ လင်းလက်နေဆဲဖြစ်ကာ ညဟာ အရောင်စုံလှပါတယ်။
မှန်ပြတင်းပေါက်ပေါ်တော့ ဖြူဖျော့ဖျော့ ပုံရိပ်တစ်ခုက ထင်ဟပ်နေပြီး ရွှီရှန်း မှုန်ဝါးဝါးထင်နေတဲ့ သူ့ပုံရိပ်ကို သူပြန်ကြည့်လိုက်မိတယ်။
တကယ်ပဲ ပုံမှန် မဟုတ်လိုက်တာ။ ရွှီရှန်း တွေးမိတယ်။
လုံးဝကို ချိုမြိန်မနေဘူး။
ရွှီရှန်းက သူ့အကြည့်တွေကို အောက်ချလိုက်ကာ အိပ်ရာဘေးခုံပေါ်က သူတို့၂ယောက်ရဲ့ လက်ထပ်ထိမ်းမြားခြင်း မှတ်ပုံတင်ကို အသိစိတ်လွတ်စွာ စိုက်ကြည့်နေမိတယ်။
အဲ့ဒါက... မကောင်းဘူးလား?
မဟုတ်သေးဘူး။ မဟုတ်သေးဘူး။ သူ့ရဲ့ ပျံ့လွှင့်နေတဲ့ စိတ်ကို ပြန်စုစည်းကာ ရွှီရှန်း သေချာ နားစွင့်ကြည့်တယ်။
"ရွှီရှန်း..ကိုယ့်ကို တံခါးဖွင့်ပေးပါအုံး..."
ဒါက တကယ့်ကို ယန်ရှင်းကျီပဲ။
ယန်ရှင်းကျီ ပြန်လာတာလား? ရွှီရှန်း ဖိနပ်ပြန်ဝတ်ဖို့တောင် အချိန်မရှိတော့ပဲ ခြေဗလာနဲ့ပဲ ကြမ်းပြင်ပေါ် ပြေးသွားကာ ပြတင်းပေါက်နား ကြည့်လိုက်တယ်။ ဗီလာအပြင်ဘက်မှာ ရှိတဲ့ လှုပ်ရှားမှု အာရုံခံမီးက ပွင့်နေပြီး ထိုအလင်းရောင်က တစ်ဆင့် ယန်ရှင်းကျီ မီးရောင်အောက်မှာ ကားသော့ရဲ့ အလင်းရောင် တလက်လက်နဲ့အတူ ရပ်နေတာကို တွေ့လိုက်ရတယ်။
တံခါးဟာ ပွင့်သွားခဲ့ပြီးနောက် ယန်ရှင်းကျီတုန်တုန်ရီရီနဲ့ အထဲကို ဝင်လာကာ ဘေးမှာရှိတဲ့ ဘေးတိုက်ဖွင့်ရတဲ့ ဗီဒိုထဲကို ကားသော့အား ကပျက်ကချော်ပဲ ပြစ်ထည့်လိုက်တယ်။
"ခင်ဗျား" ရွှီရှန်း နည်းနည်း တုန့်ဆိုင်းသွားတယ်။
အိမ်မှာ ရှိတဲ့ အိုမီဂါဟာ ဖြူစင်ပြီး မှိုင်းထိုင်းနေတာပဲ။ ဒါတောင်မှ သူ လမ်းခုလတ်မှာ စိတ်လွတ်သွားခဲ့သေးတယ်။
ဒါတောင်မှ သူ အိမ်ပြန်လာခဲ့သေးတယ်။
စိတ်တိုစရာ ကောင်းလိုက်တာ။
သူဘာလို့ ပြန်လာတာလဲ မေးနေသေးတယ်။
သူက ဘာလို့ ပြန်လာရမှာလဲ?
အိမ်က အဲ့ဒီအိုမီဂါကြောင့် မဟုတ်ဘူးဆိုရင် ဘာအတွက် ဖြစ်ရမှာလဲ?
သူ့ဟော်မုန်းတွေဟာ လေထဲသို့ တစပြီး တစ ပျံ့နှံ့လာတယ်။ ယန်ရှင်းကျီ အသက်ကို ပြင်းထန်စွာ ရှူလိုက်ကာ သူ့ရင်ထဲက မီးဟာလည်း တစထက် တစ တောက်လောင်လာတယ်။ အယ်လ်ဖာက သူ့အသံကို မြှင့်လိုက်တယ်။
"ဘာလို့လဲလို့ မင်း မေးတယ်..."
"ဘယ်အိုမီဂါကများ သူတို့အယ်လ်ဖာကို နိုက်ကလပ်ကို သွားခွင့်ပြုလို့လဲ? ဘယ်အိုမီဂါကများ..."
အယ်လ်ဖာဟာ စွပ်စွဲနေသလိုမျိုး အော်ဟစ်နေရင်း သူ့မျက်လုံးတွေဟာလည်း နီရဲလာတယ်။
You are reading the story above: TeenFic.Net