အပိုင်း ၉ သူ့မှာ အခု အိုမီဂါတစ်ယောက် ရှိနေပြီလေ

Background color
Font
Font size
Line height

(ဘာသာပြန်၏ မှတ်ချက် - အခုအပိုင်းက စပြီး အရင်အပိုင်းတွေမှာ အိုမီဂါရဲ့ နာမည်ကို *စုရှန်*လို့ ဘာသာပြန်ခဲ့တာက မှားနေလို့ *ရွှီရှန်း* လို့ ပြင်ရေးမယ်နော်။ အပေါ်အပိုင်းတွေကို ပြီးရင် ပြန်ပြင်ပေးပါမယ် Mina san Gomen TwT)




ယန်ရှင်းကျီဟာ ဘောလုံးလေးတစ်လုံးလို ဆူပုတ်နေကာ မကျေမနပ် ဖြစ်နေပုံရတယ်။ အယ်လ်ဖာရဲ့ အကြည့်တွေဟာ မတည်ငြိမ်ပဲ ရွေ့လျားနေကာ ခြောက်ကပ်စွာ ရှင်းပြလေတယ်။

"ကိုယ် တကယ် မသွားခဲ့ဘူး။ ကိုယ် ကားမောင်းတာ ၅မိနစ်တောင် မကြာသေးပဲ လမ်းဘေးမှာ ကားရပ်ထားလိုက်တာ"

"ဒီနားက လမ်းခွဲလေးမှာပဲ။ မင်း သိတယ်မဟုတ်လား? ကျောက်စရစ်လမ်းလေး ရှိတဲ့ နေရာမှာလေ" ယန်ရှင်းကျီ ဆက်ပြောတယ်။ 
"ကိုယ် တကယ်တော့ ထွက်သွားဖို့လည်း မစီစဥ်ထားဘူး။ ပြီးတော့ ဒီလောက် ညဥ့်နက်နေတာ။ ဘယ်သူက အပြင်သွားမှာလဲ?"

ယန်ရှင်းကျီဟာ တကယ့်ကို စိတ်လွတ်နေကာ သူပြောနိုင်သမျှ ရှင်းပြနိုင်သမျှ အရာအားလုံးကို ထပ်တလဲလဲ ရှင်း‌ပြနေပြီး ရွှီရှန်း ဝေဝါးစေလာလေတယ်။ 

"မငိုနဲ့တော့နော်.. ဟုတ်ပြီလား?" ယန်ရှင်းကျီ အနီးအနားကို ကြည့်လိုက်တော့ ကော်ဖီစားပွဲပေါ်မှာ တစ်ရှူးတွေကို တွေ့လိုက်တယ်။

ရွှီရှန်းရဲ့ ခေါင်း ငိုက်စိုက်ကျနေတာကို တွေ့နေရတဲ့အခါ ယန်ရှင်းကျီ သူအချိန်တွေ နောက်ပြန်လှည့်ပြီး ခုနက သွေးပူပူနဲ့ လုပ်မိတဲ့ ဒေါသအိုး ကိုယ့်ကိုယ်ကို ပြင်းပြင်းထန်ထန်ကြီး ရိုက်နှက်ပြစ်လိုက်ချင်မိတော့တယ်။ အိုမီဂါရဲ့ ပါးလျလျ မျက်ခွံတွေဟာ မို့ဖောင်းနေပြီး မျက်ရည်စတို့ဟာ သူ့မျက်တောင် ရှည်ကော့ကော့တို့မှာ တွဲလွဲခိုနေကာ ၕည့်ခန်းရဲ့ အလင်းရောင် အောက်မှာ တစ်လက်လက် တောက်နေတယ်။ သူ့မျက်တောင်လေးကို အားနည်းစွာ ခတ်လိုက်တဲ့အခါ ပျက်စီးနေတဲ့ လိပ်ပြာတောင်ပံ တစ်စုံလိုပါပဲ။

သနားစရာ ကောင်းလိုက်တာ။

ရင်ကွဲစရာပဲ။

သူက တကယ့်ကို လူမဆန်ခဲ့တာပဲ။ ယန်ရှင်းကျီ သူ့ကိုယ်ကို ပိုးစိုးပက်စက် ကျိန်ဆဲမိတယ်။

ခုနက လေအေးတွေ တိုက်ခတ်နေတဲ့ လမ်းဘေးမှာ ထိုင်နေကတည်းက သူဒါကို တွေးခဲ့ပြီးသား ဆိုပေမဲ့လည်းပေါ့။

အဲ့ဒီ ချိုမြိန်တဲ့ အိုမီဂါလေးတွေနဲ့ ဘာလုပ်ရမှာလဲ?


ချိုမြိန်ပြီး နူးညံ့တယ်။ သူတို့က သူနဲ့ ဘာမှ မဆိုင်ဘူး။

သူ့မှာ အခု အိုမီဂါတစ်ယောက် ရှိနေပြီလေ။

"ကိုယ် မှားသွားပါတယ်" ယန်ရှင်းကျီ အနားကို ကပ်လာကာ ရွှီရှန်းရဲ့ မျက်ရည်တွေကို သုတ်ဖို့ ကိုယ်ကို ကိုင်းလိုက်တယ်။ 

ရွှီရှန်းရဲ့ မျက်လုံးတွေဟာ ဖြူဖျော့နေကာ တစ်ချိန်က အေးစက်ဟန် ထင်ခဲ့ရပေမဲ့ အခုတော့ စိုစွတ်မှုကြောင့် သိသိသာသာ ပြောင်လက် တောက်ပနေတယ်။

နှင်းရည်စက်တွေ လိုပဲ။ ယန်ရှင်းကျီ ရုတ်တရက် မနက်ခင်းမှာ ဆိုင်းတတ်တဲ့ မြူတွေ အခိုးအငွေ့ဖွဲ့ကာ နှင်းရည်စက်ကလေးတွေ တောက်ပစွာ စီးကျလာတတ်တာကို တွေးမိသွားတယ်။

ရွှီရှန်း သူ့ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်တယ်။

သူ ခဏခဏ မငိုတတ်ခဲ့ဘူး။‌ ကျောင်းမှာတုန်းက သူ့အခန်းဖော် ထန်းယန်က ဝတ္ထုတွေကို ကြိုက်တတ်တယ်။ ညဆိုရင် စောင်ခြုံရင်း ဒရာမာဆန်ဆန် ငိုကြွေးတတ််သးတာ။ ရွှီရှန်းလည်း အဲ့လို ဝတ္ထုတွေကို ဖတ်ဖူးပါတယ်။ ဒါပေမဲ့ သုတေသနဒေတာတွေက ပိုပြီး စိတ်ဝင်စားစရာကောင်းတယ်လို့ သူခံစားရတယ်။ 

ဒီနေ့မှာတော့ တစ်ချို့သော အကြောင်းအရာတွေကြောင့် ခြေမလေးကို တိုက်မိတာကိုတောင်မှ သူ့ဟာ ဖော်ပြလို့ မရနိုင်တဲ့ ဝမ်းနည်းမှုကို ခံစားလိုက်ရတယ်။ အက်စစ်လိုမျိုး ခံစားချက်က သူ့နှာခေါင်းထိပ်မှာ ပြည့်လျှံတက်လာပြီး မျက်တောင်ခတ်လိုက်တာနဲ့ စိုစွတ်မှုတွေဟာ လျှံကျလာပြီး ကျောက်မျက်သဖွယ် မျက်ရည်စက်တွေကို ကျစေခဲ့တယ်။ 

ဒါက ယန်ရှင်းကျီကြောင့် ဖြစ်နိုင်မလား?

ဒါပေမဲ့ သူတို့က စီစဥ်ထားတဲ့ လက်ထပ်ပွဲကြောင့် လက်တွဲဖော်တွေ ဖြစ်လာခဲ့တာပဲလေ။ မဟုတ်ဘူးလား?

"မဟုတ်.." ရွှီရှန်းက သူတို့ဟာ စီစဥ်ထားတဲ့ လက်ထပ်မှုသာ ဖြစ်တာမို့ ယန်ရှင်းကျီရဲ့ အမှား မဟုတ်ကြောင့် ပြောချင်ခဲ့တယ်။ ဒါပေမဲ့ အယ်လ်ဖာက သူစကားကို ဆုံးအောင် မပြောနိုင်သေးခင်မှာတင်ပဲ ကြားဖြတ်လိုက်တယ်။

ရွှီရှန်းတိတ်ဆိတ်သွားချိန်က စလို့ ယန်ရှင်းကျီ အပြည့်အဝ အာရုံစိုက်ထားတာ။ အိုမီဂါတွေကို ဂရုစိုက်တာမျိုး ဒါမှမဟုတ် လူတွေကို ချော့တာမျိုး မလုပ်ဖူးတဲ့သူဟာ စုရှန် တစ်ဖက်လှည့်သွားတာနဲ့ တစ်ရှူးကို ကိုင်ထားလေတယ်။

"မဟုတ်.." ဆိုတဲ့ အသံ ကြားလိုက်ရတဲ့အချိန်မှာ ယန်ရှင်းကျီ ချက်ချင်း တက်ကြွသွားတယ်။ 

ဒါကို.. သူသိတယ်။ 

[...ဘာက အမှားလဲ?]

[...ဒါတွေ အကုန် ကိုယ့်အမှားပါပဲ]

ဒါက ဒီလိုမျိုး သူမိသားစုမှာ လုပ်ခဲ့တာပဲ။ သူ့အမေ စိတ်ဆိုးတဲ့အခါ သူ့အဖေက ဒီလိုမျိုး ချော့‌လေ့ရှိတယ်။

"ဒါတွေ အကုန် ကိုယ့်အမှားပါပဲ" ယန်ရှင်းကျီ နူးညံ့ကြင်နာစွာနဲ့ အိုမီဂါရဲ့ လက်ကို ကိုင်လိုက်တယ်။

ရွှီရှန်းရဲ့ လက်တွေဟာ အေးစက်နေတယ်။ အခုကျမှပဲ အိုမီဂါဟာ ဒီတစ်ချိန်လုံး ကြမ်းပြင်ပေါ်မှာ ခြေဗလာနဲ့ ရပ်နေတယ်ဆိုတာ ယန်ရှင်းကျီ သတိထားမိသွားတယ်။ ရွှီရှန်းရဲ့ ခြေမပေါ်က ဖြူဖျော့ဖျော့ အသားအရေပေါ်မှာ ခရမ်းပုတ်ရောင်သန်းကာ ပြာနှမ်း‌‌‌‌‌နေတဲ့ ဒဏ်ရာကိုလည်း သတိထားမိသွားတယ်။ အယ်လ်ဖာရဲ့ လောင်မြိုက်နေတဲ့ အကြည့်ကို ခံစားမိနေတဲ့အတိုင်းပဲ ရွှီရှန်းရဲ့ ခြေချောင်းတွေဟာ အနည်းငယ် တွန့်သွားတယ်။

"မလှုပ်နဲ့"ယန်ရှင်းကျီ ဒူးထောက်ထိုင်လိုက်ကာ အိုမီဂါရဲ့ ခြေချင်းဝတ်ကို ‌ညင်သာစွာ ကိုင်လိုက်တယ်။ 

"ဘာဖြစ်ခဲ့တာလဲ?"

"နာနေလား?"

"အရမ်းနာနေမှာပဲနော်။ ဟုတ်တယ်မလား?"

သူ့ခြေထောက်တွေ ဒဏ်ရာရနေတာတောင်မှ သူ့အတွက်နဲ့ အောက်ဆင်းလာပြီး တံခါး‌ဖွင့်ပေးခဲ့သေးတယ်။ 

ယန်ရှင်းကျီရဲ့ မျက်မှောင်ဟာ ပိုလို့တောင် ကြုံ့လာတယ်။ ရွှီရှန်းရဲ့ တုန့်ပြန်မှုကိုတောင် မစောင့်တော့ပဲ ချက်ချင်း ကောက်ပွေ့လိုက်တယ်။

"အာ့.." ရုတ်တရက် လှုပ်ရှားလိုက်တာကြောင့် ကြောင်အသွားတဲ့ ရွှီရှန်းဟာ သူ မသိလိုက်ခင်မှာပဲ အလိုအလျောက် အယ်လ်ဖာရဲ့ ပုခုံးကို လက်နဲ့ ဖက်ထားမိလိုက်တော့တယ်။

"မလုပ်နဲ့..အဲ့လောက်လည်း မနာပါဘူး"


ရွှီရှန်းရဲ့ လက်တွေဟာ အနည်းငယ် တုန်နေတယ်။ အယ်လ်ဖာရဲ့ ဟော်မုန်းတွေဟာ သူတို့၂ယောက် အနားမှာ သိမ်မွေ့စွာ လူးလွန့်နေကြတယ်။ ယန်ရှင်းကျီဟာ သူ့ကို မြဲမြံစွာ ပွေ့ဖက်ထားကာ အစပိုင်း ကြောင်အသွားတာကလွဲရင် ကျန်တာအားလုံးက ရွှီရှန်းအတွက် အဆင်ပြေသွားခဲ့တယ်။

ယန်ရှင်းကျီ သူ့ကို ဆိုဖာပေါ် ဂရုတစိုက် ချလိုက်တယ်။

"ကိုယ် ဆေးသွားယူလိုက်အုံးမယ်"

ရေခဲတုံးတွေကို ပုဝါထဲမှာ ပတ်ထားကာ ယန်ရှင်းကျီ လက်တစ်ဖက်မှာ ပုဝါထုပ်ကို ကိုင်ကာ တစ်ဖက်က ရွှီရှန်းရဲ့ ခြေကျင်းဝတ်ကို ဆုပ်ကိုင်ထားတယ်။ 

"နည်းနည်းတော့ အေးလိမ့်မယ်နော်။ ကိုယ် အရင်ဆုံး ခဏလောက် ရေခဲကပ်ထားလိုက်မယ်"

"အင်း.." ရွှီရှန်း ခေါင်းငြိမ့်တယ်။

ၕည့်ခန်းဟာ တိတ်ဆိတ်နေကာ ယန်ရှင်းကျီရဲ့ လှုပ်ရှားမှုတွေကလည်း ညင်သာနေပြီး မကြာခဏ ဆိုသလို "နာသလား" လို့ မေးတတ်တယ်။ ခဏကြာတော့ ရွှီရှန်း အေးမှာစိုးတာကြောင့် အယ်လ်ဖာက စောင်တစ်ထည်ကို ခြုံပေးလေတယ်။

"ကျေးဇူးပါ" ရွှီရှန်းက ပြောတယ်။

တစ်ပြိုင်တည်းမှာပဲ အယ်လ်ဖာကလည်း ပြောလာတယ်။

"ကိုယ် တောင်းပန်ပါတယ်" ဒီတစ်ကြိမ်မှာတော့ ယန်ရှင်းကျီဟာ တကယ်ကို ရိုးသားခဲ့တယ်။

_________________

စာရေးဆရာ၏ မှတ်ချက်  :

ယန်ရှင်းကျီ : ငါ့မှာ အခု အိုမီဂါ တစ်ယောက် ရှိနေပြီလေ!

တစ်စုံတစ်ယောက်ကတော့ သူ့ဇနီးကို ဆုံးရှုံးခါနီးအထိ ဖြစ်သွားတယ်ဆိုတာ မသိခဲ့ရှာဘူး။


You are reading the story above: TeenFic.Net