72. Recognition

Background color
Font
Font size
Line height

Please scroll down for Zawgyi

အပိုင်း ၇၂။ အသိအမှတ်ပြုခြင်း

အဲ့တာက လန်းပြီး မိုက်တာထက်ကို ပိုတယ်!

သားရဲက သူအခု ဘယ်လိုတောင် အံဩသွားရသလဲဆိုတာ ပြောမပြတတ်တော့ဘူး။

သူ ဖြစ်နိုင်ချေတွေ အများကြီးကို စဉ်းစားခဲ့ပြီးပြီ၊ ဒါပေမဲ့ ဖုန့်ရှီကို ထောက်ပံ့ပေးနေတဲ့သူက ငရဲမင်းကြီးဆိုတာကို သူလုံးဝ သဘောမပေါက်ခဲ့ဘူး။ ပြောရမယ်ဆိုရင် အဲ့ဖြစ်နိုင်ချေကို သူ စဉ်းတောင် မစဉ်းစားရဲခဲ့ဘူး။ သားရဲက ကောင်လေးနဲ့ ငရဲမင်းကြီးကို လုံးဝ ဘယ်လိုမှကို မဆက်စပ်မိခဲ့ဖူး။

ကောင်လေးက သူ့ကို ကောင်းကင်ထွတ်ထိပ်နန်းတော်ထဲ ဆွဲခေါ်သွားတဲ့အချိန်မှာ သားရဲတစ်ကိုယ်လုံးက တောင့်ခဲပြီး ကြောင်အမ်းနေတယ်။

အဲ့တာကို မြင်တော့ စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့က ကျေနပ်သွားကြပြီး မသိမသာ ခေါင်းညိတ်လိုက်ကြတယ်။ ဒီလိုတုန့်ပြန်မှုမျိုး ဖြစ်တာက သူတို့တင် မဟုတ်ဘူးပဲ။ ဖုန့်ရှီရဲ့ အဖော်တိုင်း အကုန်အတူတူပဲ။

ဒီလောကမှာ အထွတ်အမြတ်အဖြစ်ဆုံး ကောင်းကင်ထွတ်ထိပ်နန်းတော်က လူတွေကို နှစ်ထောင်ပေါင်းများစွာ အံ့ဩထိတ်လန့်အောင် လုပ်နိုင်စွမ်းရှိတယ်။ ကြောက်မက်ဖွယ် ရှေးဟောင်းသားရဲတစ်ကောင်လိုမျိုးပဲ လူတွေက မားမားမတ်မတ် တည်ရှိနေတဲ့ နန်းတော်ကို ကြည့်လိုက်မယ်ဆိုရင် အဆောက်အဦးရဲ့ ခန်းနားမှုအရှိန်အဝါကို ချက်ချင်း ခံစားမိကြမှာဖြစ်တယ်။ နန်းတော်အပြင်ဘက်က အုံ့ဆိုင်းနေတဲ့အကာအရံအတားအဆီးကလည်း ဆန်းကျယ်မှုခံစားချက်ကို ထည့်ပေါင်းပေးနေတယ်။

ကောင်းကင်ဖြိုဖျက်သားရဲက နန်းတော်ကို ကြားဖူးပေမဲ့ ကိုယ်တိုင်ကိုယ်ကျ နန်းတော်ကို မြင်ရတာကတော့ ဒါ ပထမဆုံးပင်။ အခု သူ့မှာ နန်းတော်ကို အနီးကပ် လေ့လာအကဲခတ်ဖို့ အခွင့်အရေးရပြီဆိုပေမဲ့ သူ့စိတ်တစ်ခုလုံး ဗလာဟင်းလင်းကြီးဖြစ်နေပြီး ဘာဆိုဘာမှကို မတွေးနိုင် ဖြစ်နေသလိုပဲ ခံစားရတယ်။

ကောင်းကင်ဖြိုဖျက်သားရဲအတွက် ဖုန့်ရှီရဲ့ စိတ်ထက်သန်မှုက ဘုရင်ကြီးကို သူမမြင်ရသေးခင်အထိပဲ ခံတယ်။

သူက တိတ်ဆိတ်နေတဲ့နန်းတော်ခန်းမထဲ အပြေးသွားလိုက်တော့ သလင်းစားပွဲရှေ့မှာ ထိုင်နေတဲ့ ငရဲမင်းကြီးကို သူတွေ့သွားတယ်။ အဲ့နောက် ဖုန့်ရှီက ကောင်းကင်ဖြိုဖျက်သားရဲကို လုံးဝမေ့သွားပြီး ဘုရင်ကြီးထံ အားသွန်ခွန်စိုက် ပြေးသွားလိုက်တယ်။ အဲ့နောက် ဘုရင်ကြီးပေါင်ပေါ် ထိုင်လိုက်ပြီး မြေခွေးငယ်လေးက ချီးမွမ်းခံချင်နေသလိုမျိုး ကျေနပ်ပီတိဖြစ်စွာနဲ့ ရီလိုက်တယ်။ တကယ်လို့ ဖုန့်ရှီမှာသာ အမြှီးတစ်ချောင်း ရှိတယ်ဆိုရင် တကယ့်မြေခွေးအစစ် တစ််ကာင်ထက်ကို ပိုပြီး အမြှီးလှုပ်ယမ်းနေမှာသေချာတယ်။

ကောင်းကင်ဖြိုဖျက်သားရဲက ကောင်လေးရဲ့ အပြုအမူကြောင့် ကြောင်အမ်းနေပြီး နန်းတော်ခန်းမ တံခါးဘေးမှာ မလှုပ်မယှက် ရပ်နေတယ်။

"ခေါင်းဆောင်၊ ဒီနေ့ဘာဖြစ်ခဲ့လဲမှန်းကြည့်?"

ဖုန့်ရှီက သူ့သွားစွယ်နှစ်ချောင်းပေါ်တဲ့ထိ ပြုံးပြီး ဘုရင်ကြီးပေါင်ပေါ် ထိုင်နေရင်း သူ့ခြေနှစ်ချောင်းကို ရှေ့နောက် ယမ်းနေတယ်။

ဘုရင်ကြီးက ပုခုံးကျယ်ပေါ် ဆံနွယ်မျှင် အနည်းငယ် ပြေလျော့လျော့ချထားပြီး တန်ဆာဆင်ထားတဲ့ အဖြူရောင်ဝတ်ရုံကို ဝတ်ထားကာ မတ်မတ်ထိုင်နေတယ်။ သူ့မျက်နှာပေါ်က အမူအယာက အရေးမစိုက်ဟန်ဖြစ်ပေမဲ့ အသေးစိတ်အစစအရာရာ မြင့်မြတ်မှုဟန်ကို ပြသနေတယ်။ သူ့အသက်ရှုသံကတောင်မှ ဘယ်သူမှ သတိမပြုမလောက်အောင်ကို အတော်ငြိမ်သက်နေတယ်။

ဘုရင်ကြီးက ကောင်လေး သူ့ဆီပြေးလာတာကို မြင်တော့ သူ့မျက်နှာပေါ်က ကြောင့်ကြမဲ့ဟန်မူယာက ချက်ချင်းပဲ ပျော့ပြောင်းသွားတယ်။

ကောင်လေးက ဘုရင်ကြီးကို မြင်တာနဲ့ ကြောက်ရွံ့နေကြတဲ့ အခြားသူတွေနဲ့ မတူဘဲ ဘုရင်ကြီးရဲ့ ပေါင်ပေါ် ထိုင်နေတဲ့အချိန်မှာ ပိုပိုပြီး သဘာဝကျဟန် ပေါ်နေတယ်။ အဲ့တာအပြင် သူက ပိုပြီးတောင် ရဲတင်းလာတယ်၊ ဘယ်ကမှန်းမသိတဲ့ ကြောက်မက်ဖွယ်သားရဲတစ်ကောင်နဲ့တောင် စာချုပ်ချုပ်ဆိုရဲလာပြီဖြစ်တယ်။ ဘုရင်ကြီးက ကောင်လေးကို စည်းကမ်းချက်တွေ ချပေးဖို့ အတော်လိုအပ်လာပြီဆိုတာ ခံစားမိသွားတယ်။

"မင်းတာဝန်တွေ ပြီးသွားပြီလား?" ကောင်လေး ဘာကြွားချင်နေတယ်ဆိုတာ သိတဲ့ ဘုရင်ကြီးက သားရဲကို ဖော်ပြမယ့်အစား အဖြေပိုရှင်းတဲ့ မေးခွန်းတစ်ခုကို မေးလိုက်တယ်။

"ကျွန်တော် လုပ်ပြီးသွားပြီလေ။ ဒီလို တာဝန်အလွယ်လေးတစ်ခုကို ကျရှုံးဖို့ဆိုတာ ကျွန်တော့အတွက် မဖြစ်နိုင်ဘူး။ ကျွန်တော်ပြောနေတာ အဲ့တာမဟုတ်ဘူး၊ နောက်တစ်ကြိမ် ထပ်မှန်းကြည့်ပါဦး ခေါင်းဆောင်။"

ဖုန့်ရှီက ဘုရင်ကြီးရဲ့ အဖြေကို ကြားပြီးနောက် ကျေနပ်ပီတိဖြာနေတဲ့အမူအယာ ချက်ချင်းပဲ ပေါ်လာတယ်။

ဘုရင်ကြီးက ကောင်းကင်ဖြိုဖျက်သားရဲကို အလေးမစိုက်ဟန် တစ်ချက်ကြည့်လိုက်ပြီး အဲ့သားရဲ ဘယ်လိုတောင် တုန်ရီနေသလဲဆိုတာ လျစ်လျူရှုလိုက်ရင်း ကောင်လေးရဲ့ နှင်းဆီနီဆွေးပါးပြင်ပေါ် အကြည့်ပို့လိုက်တယ်။ အဲ့နောက် သလင်းနက်ကို ချလိုက်ပြီး ကောင်လေးကို သူ့လက်နဲ့ ကိုင်ထားရင်း ကောင်လေးနဲ့မသက်ဆိုင်တဲ့ အနံ့တွေကို ယပ်ခတ်ပေးလိုက်တယ်။

အချိန်အတန်ကြာပြီးနောက် ဘုရင်ကြီးက ကောင်လေးကို ရုတ်တရက် သဘောပေါက်သွားဟန် ဆောင်လိုက်ရင်း မေးလိုက်တယ်၊ "မင်းပြောတာ အဲ့သားရဲလား?"

"ခေါင်းဆောင်က အရမ်းတော်တာပဲ။ အဲ့တာ ဘယ်လိုမှန်းနိုင်တာလဲ?" ဖုန့်ရှီက ချက်ချင်းပဲ ဝမ်းသာအားရ ရယ်မောလိုက်တယ်။

သူ့ရယ်သံကိုကြားတော့ အခြားသူတွေက နှုတ်ခမ်းမတွန့်သွားဘဲ မနေနိုင် ဖြစ်သွားရတယ်။

ကြီးမြတ်လှတဲ့ ငရဲမင်းကြီးက အဲ့တာကို မမှန်းနိုင်ဘူးဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ? မသိနားမလည်တဲ့ကောင်လေးကပဲ သူကိုယ်သူ ဂုဏ်ယူပြီး အဲ့တာကို မေးလိမ့်မယ်။ ဘာဖြစ်နေတာလဲဆိုတာ သိနေတဲ့ အစေခံအမှုထမ်းတွေက အပြုံးတွေ တလက်လက် ထနေတဲ့ သူတို့မျက်လုံးတွေနဲ့ အချင်းချင်း ကြည့်လိုက်ကြပြီး တွေးလိုက်ကြတယ်၊ 'သခင်လေးက အဲ့လောက်တောင် ရယ်စရာကောင်းတယ်။'

ဒါပေမဲ့ ဘုရင်ကြီး ညွန်းဆိုလိုက်ခြင်းကို ခံလိုက်ရတဲ့ သားရဲကတော့ အခု အခြေအနေ အလွန်အမင်းကို ဆိုးရွားနေပြီပဲဖြစ်တယ်။ ကောင်းကင်ဖြိုဖျက်သားရဲက ဘုရင်ကြီး သူ့ကို အသတ်ရှင်ခွင့်ပေးမလား သေခိုင်းမလား ဆုံးဖြတ်နိုင်တယ်ဆိုတာ သိတယ်။ သူ့မှာ ရှိတဲ့တစ်ခုတည်းသော မျှော်လင့်ချက်က ဘုရင်ကြီးက သူ ကောင်လေးနောက် လိုက်ဖမ်းခဲ့တာအတွက် ဘာမှ တာဝန်မယူခိုင်းဖို့ပဲဖြစ်တယ်။ အဲ့လိုမှမဟုတ်ရင် သူ့မှာ အသက်ကိုးချောင်းရှိရင်တောင်မှ ဒီလောကကြီးကနေ ပျောက်ကွယ်သွားရမှာပဲ ဖြစ်တယ်။

"ကောင်းကင်မိတ်ဆွေ၊ ဒီလာခဲ့။" ဖုန့်ရှီက ကောင်းကင်ဖြိုဖျက်သားရဲကို လက်ဝှေ့ယမ်းပြလိုက်ပြီး သူ့ခေါင်းဆောင်နဲ့ မိတ်ဆက်ပေးချင်နေတယ်။

ဒါပေမဲ့ သူမသိတာက သားရဲက ခြေလက်တွေ ပျော့ခွေနေပြီး ဘုရင်ကြီးဆီ လျောက်လာဖို့ သတ္တိ လုံးဝမရှိတော့ဘူးပဲဖြစ်တယ်။ သူ့သခင်က ဘုရင်ကြီးကို မိတ်ဆက်ပေးဖို့ သာမာန်ကိစ္စလို ပြုမူနေပေမဲ့ ဘုရင်ကြီးက သူ့ကို ဘယ်ချိန်မဆို သတ်ပစ်လိုက်မှာကို သူစိုးရိမ်နေတယ်။ ဖုန့်ရှီရဲ့။ အတွေးကိုသာ သူအခုသိခဲ့မယ်ဆိုရင် ကြောက်လွန်းလို့ ချက်ချင်းပဲ မူးမေ့လဲသွားနိုင်တယ်။

အမွှေးမဲ့ကြက်က ကောင်းကင်ဖြိုဖျက်သားရဲရဲ့ ခံစားချက်ကို အများကြီး နားလည်တယ်၊ အဲ့တာကြောင့် သူက ကောင်းကင်ဖြိုဖျက်သားရဲဆီ ထောက်ထားစာနာစွာ သွားလိုက်ပြီး ပြောလိုက်တယ်၊ "ကောင်းကင်ဖြိုဖျက်သားရဲ မင်းတကယ်လို့ ဘုရင်ကြီးက မင်းကို ငါတို့သခင်အနားမှာ နေခွင့်ပြုပေးစေချင်တယ်ဆိုရင် မင်း သူရဲဘောကြောင်နေတာကို ရပ်လိုက်တော့၊ အဲ့လိုမှမဟုတ်ရင် မင်းကို စိုစွတ်ကုန်းမြေဆီ သေချာပေါက် ပြန်ပို့လိုက်တာ ခံရလိမ့်မယ်။ အဲ့တာကို တွေး၊ မင်း စိုစွတ်ကုန်းမြေမှာ အဆင့်နိမ့်မိစ္ဆာသားရဲတစ်ကောင်အဖြစ်နဲ့ ထာဝရနေသွားချင်လား၊ ဒါမှမဟုတ် ငါတို့သခင်နောက် လိုက်ပြီး အလားအလာရှိတဲ့ ဘဝမှာ ပျော်ပျော်ရွှင်ရွှင် နေချင်သလား?"

အဲ့စကားလုံးတွေက ကောင်းကင်ဖြိုဖျက်သားရဲရဲ့ ခေါင်းထဲ ရိုက်ခတ်သွားတယ်။ သူအခု ကြုံတွေ့နေရတဲ့ အခွင့်အလန်းက အရမ်းကို ရှားပါးပြီး အဖိုးတန်တယ်ဆိုတာ သူ နောက်ဆုံးတော့ သဘောပေါက်သွားတယ်။ သူ အခွင့်အရေးကို အရယူနိုင်သ၍ သူ့ဘဝ ရုတ်တရက် မြင့်တက်သွားမှာပဲဖြစ်တယ်။

အဲ့တာကို တွေးမိတော့ သားရဲက သလင်းစားပွဲဆီ ဝပ်တွားသွားလိုက်ပြီး ဒူးထောက်ရင်း တုန်ရီတဲ့အသံနဲ့ ပြောလိုက်တယ်၊​ "မင်းကြီး၊ တွေ့ဆုံခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်။"

"မင်းရဲ့သခင်နဲ့ စာချုပ်ချုပ်ဆိုပြီးပြီဆိုတော့ မင်းစိတ်ဆုံးဖြတ်ချက် သေချာချပြီးသွားပြီလား?" ဘုရင်ကြီးက ဖုန့်ရှီလုံးဝနားမလည်တဲ့ အရာကို ပြောလိုက်တယ်။

ကောင်းကင်ဖြိုဖျက်သားရဲ သူ့မျက်နှာပေါ်မှာ ပျာယာခတ်သွားတဲ့အမူအယာ ပေါ်လာတယ်။ ဒါပေမဲ့ သူက ဘုရင်ကြီးရဲ့ စကားကို နားလည်လိုက်တဲ့အတွက် ချက်ချင်းပဲ လေးနက်တည်ကြည်တဲ့ဟန် ပြုလိုက်တယ်။ အဲ့နောက် တလေးတစား ကတိပြုလိုက်တယ်၊

"ကျွန်တော့သခင်ကို ကျွန်တော်အသက်နဲ့ ကာကွယ်ပါ့မယ်။"

"ကောင်းပြီ၊ မင်းတို့အားလုံး သွားလို့ရပြီ၊" ငရဲမင်းကြီးက ခေါင်းညိတ်လိုက်ပြီး ဖုန့်ရှီရဲ့ အပေါင်းအဖော်တွေနဲ့ မင်းမှုထမ်းအစေခံတွေကို ပြန်လွှတ်လိုက်တယ်။

စာအုပ်နတ်ဘုရားက စိတ်သက်သာရာ ရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်ကာ အားအင်ချိနဲ့နေဆဲဖြစ်တဲ့ ကောင်းကင်ဖြိုဖျက်သားရဲကို တရွတ်တိုက် ဆွဲခေါ်ရင်း တိတ်ဆိတ်နေတဲ့နန်းတော်ခန်းမထဲကနေ ထွက်လာလိုက်တယ်။

ကျယ်ပြောတဲ့ နန်းတော်ထဲမှာ ငရဲမင်းကြီးနဲ့ ဖုန့်ရှီတို့ပဲ ကျန်နေခဲ့ပြီး ဖုန့်ရှီကအခု မင်းကြီးကို ငေးစိုက်ကြည့်နေတယ်။

20211104; 1227

—————————— Zawgyi —————————

အပိုင္း ၇၂။ အသိအမွတ္ျပဳျခင္း

အဲ့တာက လန္းၿပီး မိုက္တာထက္ကို ပိုတယ္!

သားရဲက သူအခု ဘယ္လိုေတာင္ အံဩသြားရသလဲဆိုတာ ေျပာမျပတတ္ေတာ့ဘူး။

သူ ျဖစ္နိုင္ေခ်ေတြ အမ်ားႀကီးကို စဥ္းစားခဲ့ၿပီးၿပီ၊ ဒါေပမဲ့ ဖုန္႔ရွီကို ေထာက္ပံ့ေပးေနတဲ့သူက ငရဲမင္းႀကီးဆိုတာကို သူလုံးဝ သေဘာမေပါက္ခဲ့ဘူး။ ေျပာရမယ္ဆိုရင္ အဲ့ျဖစ္နိုင္ေခ်ကို သူ စဥ္းေတာင္ မစဥ္းစားရဲခဲ့ဘူး။ သားရဲက ေကာင္ေလးနဲ႔ ငရဲမင္းႀကီးကို လုံးဝ ဘယ္လိုမွကို မဆက္စပ္မိခဲ့ဖူး။

ေကာင္ေလးက သူ႔ကို ေကာင္းကင္ထြတ္ထိပ္နန္းေတာ္ထဲ ဆြဲေခၚသြားတဲ့အခ်ိန္မွာ သားရဲတစ္ကိုယ္လုံးက ေတာင့္ခဲၿပီး ေၾကာင္အမ္းေနတယ္။

အဲ့တာကို ျမင္ေတာ့ စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔က ေက်နပ္သြားၾကၿပီး မသိမသာ ေခါင္းညိတ္လိုက္ၾကတယ္။ ဒီလိုတုန္႔ျပန္မွုမ်ိဳး ျဖစ္တာက သူတို႔တင္ မဟုတ္ဘူးပဲ။ ဖုန္႔ရွီရဲ့ အေဖာ္တိုင္း အကုန္အတူတူပဲ။

ဒီေလာကမွာ အထြတ္အျမတ္အျဖစ္ဆုံး ေကာင္းကင္ထြတ္ထိပ္နန္းေတာ္က လူေတြကို ႏွစ္ေထာင္ေပါင္းမ်ားစြာ အံ့ဩထိတ္လန္႔ေအာင္ လုပ္နိုင္စြမ္းရွိတယ္။ ေၾကာက္မက္ဖြယ္ ေရွးေဟာင္းသားရဲတစ္ေကာင္လိုမ်ိဳးပဲ လူေတြက မားမားမတ္မတ္ တည္ရွိေနတဲ့ နန္းေတာ္ကို ၾကည့္လိုက္မယ္ဆိုရင္ အေဆာက္အဦးရဲ့ ခန္းနားမွုအရွိန္အဝါကို ခ်က္ခ်င္း ခံစားမိၾကမွာျဖစ္တယ္။ နန္းေတာ္အျပင္ဘက္က အုံ႔ဆိုင္းေနတဲ့အကာအရံအတားအဆီးကလည္း ဆန္းက်ယ္မွုခံစားခ်က္ကို ထည့္ေပါင္းေပးေနတယ္။

ေကာင္းကင္ၿဖိဳဖ်က္သားရဲက နန္းေတာ္ကို ၾကားဖူးေပမဲ့ ကိုယ္တိုင္ကိုယ္က် နန္းေတာ္ကို ျမင္ရတာကေတာ့ ဒါ ပထမဆုံးပင္။ အခု သူ႔မွာ နန္းေတာ္ကို အနီးကပ္ ေလ့လာအကဲခတ္ဖို႔ အခြင့္အေရးရၿပီဆိုေပမဲ့ သူ႔စိတ္တစ္ခုလုံး ဗလာဟင္းလင္းႀကီးျဖစ္ေနၿပီး ဘာဆိုဘာမွကို မေတြးနိုင္ ျဖစ္ေနသလိုပဲ ခံစားရတယ္။

ေကာင္းကင္ၿဖိဳဖ်က္သားရဲအတြက္ ဖုန္႔ရွီရဲ့ စိတ္ထက္သန္မွုက ဘုရင္ႀကီးကို သူမျမင္ရေသးခင္အထိပဲ ခံတယ္။

သူက တိတ္ဆိတ္ေနတဲ့နန္းေတာ္ခန္းမထဲ အေျပးသြားလိုက္ေတာ့ သလင္းစားပြဲေရွ႕မွာ ထိုင္ေနတဲ့ ငရဲမင္းႀကီးကို သူေတြ႕သြားတယ္။ အဲ့ေနာက္ ဖုန္႔ရွီက ေကာင္းကင္ၿဖိဳဖ်က္သားရဲကို လုံးဝေမ့သြားၿပီး ဘုရင္ႀကီးထံ အားသြန္ခြန္စိုက္ ေျပးသြားလိုက္တယ္။ အဲ့ေနာက္ ဘုရင္ႀကီးေပါင္ေပၚ ထိုင္လိုက္ၿပီး ေျမေခြးငယ္ေလးက ခ်ီးမြမ္းခံခ်င္ေနသလိုမ်ိဳး ေက်နပ္ပီတိျဖစ္စြာနဲ႔ ရီလိုက္တယ္။ တကယ္လို႔ ဖုန္႔ရွီမွာသာ အျမႇီးတစ္ေခ်ာင္း ရွိတယ္ဆိုရင္ တကယ့္ေျမေခြးအစစ္ တစ္္ကာင္ထက္ကို ပိုၿပီး အျမႇီးလွုပ္ယမ္းေနမွာေသခ်ာတယ္။

ေကာင္းကင္ၿဖိဳဖ်က္သားရဲက ေကာင္ေလးရဲ့ အျပဳအမူေၾကာင့္ ေၾကာင္အမ္းေနၿပီး နန္းေတာ္ခန္းမ တံခါးေဘးမွာ မလွုပ္မယွက္ ရပ္ေနတယ္။

"ေခါင္းေဆာင္၊ ဒီေန႔ဘာျဖစ္ခဲ့လဲမွန္းၾကည့္?"

ဖုန္႔ရွီက သူ႔သြားစြယ္ႏွစ္ေခ်ာင္းေပၚတဲ့ထိ ျပဳံးၿပီး ဘုရင္ႀကီးေပါင္ေပၚ ထိုင္ေနရင္း သူ႔ေျခႏွစ္ေခ်ာင္းကို ေရွ႕ေနာက္ ယမ္းေနတယ္။

ဘုရင္ႀကီးက ပုခုံးက်ယ္ေပၚ ဆံႏြယ္မၽွင္ အနည္းငယ္ ေျပေလ်ာ့ေလ်ာ့ခ်ထားၿပီး တန္ဆာဆင္ထားတဲ့ အျဖဴေရာင္ဝတ္႐ုံကို ဝတ္ထားကာ မတ္မတ္ထိုင္ေနတယ္။ သူ႔မ်က္ႏွာေပၚက အမူအယာက အေရးမစိုက္ဟန္ျဖစ္ေပမဲ့ အေသးစိတ္အစစအရာရာ ျမင့္ျမတ္မွုဟန္ကို ျပသေနတယ္။ သူ႔အသက္ရွုသံကေတာင္မွ ဘယ္သူမွ သတိမျပဳမေလာက္ေအာင္ကို အေတာ္ၿငိမ္သက္ေနတယ္။

ဘုရင္ႀကီးက ေကာင္ေလး သူ႔ဆီေျပးလာတာကို ျမင္ေတာ့ သူ႔မ်က္ႏွာေပၚက ေၾကာင့္ၾကမဲ့ဟန္မူယာက ခ်က္ခ်င္းပဲ ေပ်ာ့ေျပာင္းသြားတယ္။

ေကာင္ေလးက ဘုရင္ႀကီးကို ျမင္တာနဲ႔ ေၾကာက္ရြံ့ေနၾကတဲ့ အျခားသူေတြနဲ႔ မတူဘဲ ဘုရင္ႀကီးရဲ့ ေပါင္ေပၚ ထိုင္ေနတဲ့အခ်ိန္မွာ ပိုပိုၿပီး သဘာဝက်ဟန္ ေပၚေနတယ္။ အဲ့တာအျပင္ သူက ပိုၿပီးေတာင္ ရဲတင္းလာတယ္၊ ဘယ္ကမွန္းမသိတဲ့ ေၾကာက္မက္ဖြယ္သားရဲတစ္ေကာင္နဲ႔ေတာင္ စာခ်ဳပ္ခ်ဳပ္ဆိုရဲလာၿပီျဖစ္တယ္။ ဘုရင္ႀကီးက ေကာင္ေလးကို စည္းကမ္းခ်က္ေတြ ခ်ေပးဖို႔ အေတာ္လိုအပ္လာၿပီဆိုတာ ခံစားမိသြားတယ္။

"မင္းတာဝန္ေတြ ၿပီးသြားၿပီလား?" ေကာင္ေလး ဘာႂကြားခ်င္ေနတယ္ဆိုတာ သိတဲ့ ဘုရင္ႀကီးက သားရဲကို ေဖာ္ျပမယ့္အစား အေျဖပိုရွင္းတဲ့ ေမးခြန္းတစ္ခုကို ေမးလိုက္တယ္။

"ကၽြန္ေတာ္ လုပ္ၿပီးသြားၿပီေလ။ ဒီလို တာဝန္အလြယ္ေလးတစ္ခုကို က်ရွုံးဖို႔ဆိုတာ ကၽြန္ေတာ့အတြက္ မျဖစ္နိုင္ဘူး။ ကၽြန္ေတာ္ေျပာေနတာ အဲ့တာမဟုတ္ဘူး၊ ေနာက္တစ္ႀကိမ္ ထပ္မွန္းၾကည့္ပါဦး ေခါင္းေဆာင္။"

ဖုန္႔ရွီက ဘုရင္ႀကီးရဲ့ အေျဖကို ၾကားၿပီးေနာက္ ေက်နပ္ပီတိျဖာေနတဲ့အမူအယာ ခ်က္ခ်င္းပဲ ေပၚလာတယ္။

ဘုရင္ႀကီးက ေကာင္းကင္ၿဖိဳဖ်က္သားရဲကို အေလးမစိုက္ဟန္ တစ္ခ်က္ၾကည့္လိုက္ၿပီး အဲ့သားရဲ ဘယ္လိုေတာင္ တုန္ရီေနသလဲဆိုတာ လ်စ္လ်ဴရွုလိုက္ရင္း ေကာင္ေလးရဲ့ ႏွင္းဆီနီေဆြးပါးျပင္ေပၚ အၾကည့္ပို႔လိုက္တယ္။ အဲ့ေနာက္ သလင္းနက္ကို ခ်လိုက္ၿပီး ေကာင္ေလးကို သူ႔လက္နဲ႔ ကိုင္ထားရင္း ေကာင္ေလးနဲ႔မသက္ဆိုင္တဲ့ အနံ့ေတြကို ယပ္ခတ္ေပးလိုက္တယ္။

အခ်ိန္အတန္ၾကာၿပီးေနာက္ ဘုရင္ႀကီးက ေကာင္ေလးကို ႐ုတ္တရက္ သေဘာေပါက္သြားဟန္ ေဆာင္လိုက္ရင္း ေမးလိုက္တယ္၊ "မင္းေျပာတာ အဲ့သားရဲလား?"

"ေခါင္းေဆာင္က အရမ္းေတာ္တာပဲ။ အဲ့တာ ဘယ္လိုမွန္းနိုင္တာလဲ?" ဖုန္႔ရွီက ခ်က္ခ်င္းပဲ ဝမ္းသာအားရ ရယ္ေမာလိုက္တယ္။

သူ႔ရယ္သံကိုၾကားေတာ့ အျခားသူေတြက ႏွုတ္ခမ္းမတြန္႔သြားဘဲ မေနနိုင္ ျဖစ္သြားရတယ္။

ႀကီးျမတ္လွတဲ့ ငရဲမင္းႀကီးက အဲ့တာကို မမွန္းနိုင္ဘူးဆိုတာ ဘယ္လိုလုပ္ျဖစ္နိုင္မွာလဲ? မသိနားမလည္တဲ့ေကာင္ေလးကပဲ သူကိုယ္သူ ဂုဏ္ယူၿပီး အဲ့တာကို ေမးလိမ့္မယ္။ ဘာျဖစ္ေနတာလဲဆိုတာ သိေနတဲ့ အေစခံအမွုထမ္းေတြက အျပဳံးေတြ တလက္လက္ ထေနတဲ့ သူတို႔မ်က္လုံးေတြနဲ႔ အခ်င္းခ်င္း ၾကည့္လိုက္ၾကၿပီး ေတြးလိုက္ၾကတယ္၊ 'သခင္ေလးက အဲ့ေလာက္ေတာင္ ရယ္စရာေကာင္းတယ္။'

ဒါေပမဲ့ ဘုရင္ႀကီး ညြန္းဆိုလိုက္ျခင္းကို ခံလိုက္ရတဲ့ သားရဲကေတာ့ အခု အေျခအေန အလြန္အမင္းကို ဆိုးရြားေနၿပီပဲျဖစ္တယ္။ ေကာင္းကင္ၿဖိဳဖ်က္သားရဲက ဘုရင္ႀကီး သူ႔ကို အသတ္ရွင္ခြင့္ေပးမလား ေသခိုင္းမလား ဆုံးျဖတ္နိုင္တယ္ဆိုတာ သိတယ္။ သူ႔မွာ ရွိတဲ့တစ္ခုတည္းေသာ ေမၽွာ္လင့္ခ်က္က ဘုရင္ႀကီးက သူ ေကာင္ေလးေနာက္ လိုက္ဖမ္းခဲ့တာအတြက္ ဘာမွ တာဝန္မယူခိုင္းဖို႔ပဲျဖစ္တယ္။ အဲ့လိုမွမဟုတ္ရင္ သူ႔မွာ အသက္ကိုးေခ်ာင္းရွိရင္ေတာင္မွ ဒီေလာကႀကီးကေန ေပ်ာက္ကြယ္သြားရမွာပဲ ျဖစ္တယ္။

"ေကာင္းကင္မိတ္ေဆြ၊ ဒီလာခဲ့။" ဖုန္႔ရွီက ေကာင္းကင္ၿဖိဳဖ်က္သားရဲကို လက္ေဝွ႕ယမ္းျပလိုက္ၿပီး သူ႔ေခါင္းေဆာင္နဲ႔ မိတ္ဆက္ေပးခ်င္ေနတယ္။

ဒါေပမဲ့ သူမသိတာက သားရဲက ေျခလက္ေတြ ေပ်ာ့ေခြေနၿပီး ဘုရင္ႀကီးဆီ ေလ်ာက္လာဖို႔ သတၱိ လုံးဝမရွိေတာ့ဘူးပဲျဖစ္တယ္။ သူ႔သခင္က ဘုရင္ႀကီးကို မိတ္ဆက္ေပးဖို႔ သာမာန္ကိစၥလို ျပဳမူေနေပမဲ့ ဘုရင္ႀကီးက သူ႔ကို ဘယ္ခ်ိန္မဆို သတ္ပစ္လိုက္မွာကို သူစိုးရိမ္ေနတယ္။ ဖုန္႔ရွီရဲ့။ အေတြးကိုသာ သူအခုသိခဲ့မယ္ဆိုရင္ ေၾကာက္လြန္းလို႔ ခ်က္ခ်င္းပဲ မူးေမ့လဲသြားနိုင္တယ္။

အေမႊးမဲ့ၾကက္က ေကာင္းကင္ၿဖိဳဖ်က္သားရဲရဲ့ ခံစားခ်က္ကို အမ်ားႀကီး နားလည္တယ္၊ အဲ့တာေၾကာင့္ သူက ေကာင္းကင္ၿဖိဳဖ်က္သားရဲဆီ ေထာက္ထားစာနာစြာ သြားလိုက္ၿပီး ေျပာလိုက္တယ္၊ "ေကာင္းကင္ၿဖိဳဖ်က္သားရဲ မင္းတကယ္လို႔ ဘုရင္ႀကီးက မင္းကို ငါတို႔သခင္အနားမွာ ေနခြင့္ျပဳေပးေစခ်င္တယ္ဆိုရင္ မင္း သူရဲေဘာေၾကာင္ေနတာကို ရပ္လိုက္ေတာ့၊ အဲ့လိုမွမဟုတ္ရင္ မင္းကို စိုစြတ္ကုန္းေျမဆီ ေသခ်ာေပါက္ ျပန္ပို႔လိုက္တာ ခံရလိမ့္မယ္။ အဲ့တာကို ေတြး၊ မင္း စိုစြတ္ကုန္းေျမမွာ အဆင့္နိမ့္မိစၧာသားရဲတစ္ေကာင္အျဖစ္နဲ႔ ထာဝရေနသြားခ်င္လား၊ ဒါမွမဟုတ္ ငါတို႔သခင္ေနာက္ လိုက္ၿပီး အလားအလာရွိတဲ့ ဘဝမွာ ေပ်ာ္ေပ်ာ္ရႊင္ရႊင္ ေနခ်င္သလား?"

အဲ့စကားလုံးေတြက ေကာင္းကင္ၿဖိဳဖ်က္သားရဲရဲ့ ေခါင္းထဲ ရိုက္ခတ္သြားတယ္။ သူအခု ၾကဳံေတြ႕ေနရတဲ့ အခြင့္အလန္းက အရမ္းကို ရွားပါးၿပီး အဖိုးတန္တယ္ဆိုတာ သူ ေနာက္ဆုံးေတာ့ သေဘာေပါက္သြားတယ္။ သူ အခြင့္အေရးကို အရယူနိုင္သ၍ သူ႔ဘဝ ႐ုတ္တရက္ ျမင့္တက္သြားမွာပဲျဖစ္တယ္။

အဲ့တာကို ေတြးမိေတာ့ သားရဲက သလင္းစားပြဲဆီ ဝပ္တြားသြားလိုက္ၿပီး ဒူးေထာက္ရင္း တုန္ရီတဲ့အသံနဲ႔ ေျပာလိုက္တယ္၊​ "မင္းႀကီး၊ ေတြ႕ဆုံခြင့္ရတဲ့အတြက္ ဂုဏ္ယူပါတယ္။"

"မင္းရဲ့သခင္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုၿပီးၿပီဆိုေတာ့ မင္းစိတ္ဆုံးျဖတ္ခ်က္ ေသခ်ာခ်ၿပီးသြားၿပီလား?" ဘုရင္ႀကီးက ဖုန္႔ရွီလုံးဝနားမလည္တဲ့ အရာကို ေျပာလိုက္တယ္။

ေကာင္းကင္ၿဖိဳဖ်က္သားရဲ သူ႔မ်က္ႏွာေပၚမွာ ပ်ာယာခတ္သြားတဲ့အမူအယာ ေပၚလာတယ္။ ဒါေပမဲ့ သူက ဘုရင္ႀကီးရဲ့ စကားကို နားလည္လိုက္တဲ့အတြက္ ခ်က္ခ်င္းပဲ ေလးနက္တည္ၾကည္တဲ့ဟန္ ျပဳလိုက္တယ္။ အဲ့ေနာက္ တေလးတစား ကတိျပဳလိုက္တယ္၊

"ကၽြန္ေတာ့သခင္ကို ကၽြန္ေတာ္အသက္နဲ႔ ကာကြယ္ပါ့မယ္။"

"ေကာင္းၿပီ၊ မင္းတို႔အားလုံး သြားလို႔ရၿပီ၊" ငရဲမင္းႀကီးက ေခါင္းညိတ္လိုက္ၿပီး ဖုန္႔ရွီရဲ့ အေပါင္းအေဖာ္ေတြနဲ႔ မင္းမွုထမ္းအေစခံေတြကို ျပန္လႊတ္လိုက္တယ္။

စာအုပ္နတ္ဘုရားက စိတ္သက္သာရာ ရသြားၿပီး သက္ျပင္းတစ္ခ်က္ ခ်လိုက္ကာ အားအင္ခ်ိနဲ႔ေနဆဲျဖစ္တဲ့ ေကာင္းကင္ၿဖိဳဖ်က္သားရဲကို တရြတ္တိုက္ ဆြဲေခၚရင္း တိတ္ဆိတ္ေနတဲ့နန္းေတာ္ခန္းမထဲကေန ထြက္လာလိုက္တယ္။

က်ယ္ေျပာတဲ့ နန္းေတာ္ထဲမွာ ငရဲမင္းႀကီးနဲ႔ ဖုန္႔ရွီတို႔ပဲ က်န္ေနခဲ့ၿပီး ဖုန႔္ရွီကအခု မင္းႀကီးကို ေငးစိုက္ၾကည့္ေနတယ္။

20211104; 1227

—————————— Zawgyi —————————

You are reading the story above: TeenFic.Net