71. Suffering the Beatings

Background color
Font
Font size
Line height

Please scroll down for Zawgyi

အပိုင်း ၇၁။ ရိုက်အချခံရခြင်း

"ဟမ့်၊ ဟေ့လူ၊ အခု မင်းဘာတွေကြံစည်နေတာလဲ?"

ကောင်လေးရဲ့ မျက်နှာပေါ်က ကျေနပ်ပီတိဖြာနေတဲ့ အမူအယာကို မြင်ရတော့ ကောင်းကင်ဖြိုဖျက်သားရဲက ကောင်လေးအလိုရှိသလို မလုပ်ဆောင်ချင်တော့ဘဲ လေးလံစွာ နှာမှုတ်လိုက်တယ်။

ဒီသားရဲက လွန်ခဲ့တဲ့ ရက်အနည်းငယ်တုန်းက သူခံစားခဲ့ရတဲ့ နာကျင့်မှုတွေကို သူ မမေ့သေးဘူး။ အဲ့တာကြောင့် အခုလောလောဆယ် သူ ဘယ်လောက်ပဲ ကောင်လေးလက်ထဲက သစ်သီးကို လိုချင်ချင် သူ သတိကြီးကြီးထားနေရတယ်။

"မင်း ငါ့ကို လိုလိုလားလား အညံ့ခံမယ်ဆိုရင် မင်းကို ဒီသစ်သီး ငါပေးမယ်။" ဖုန့်ရှိက သူ့ရည်ရွယ်ချက်ကို တိုက်ရိုက် ပြောလိုက်တယ်။

"အိမ်မက်ပဲမက်နေလိုက်! မင်းလို သေးနုပ်တဲ့လူသားတစ်ယောက်ကို ငါ ဘယ်တော့မှ အညံ့ခံမှာမဟုတ်ဘူး! ငါ့ကို သစ်သီးလေးတစ်လုံးလောက်နဲ့ ဝယ်လိုရလောက်အောင် တုံးတယ်လို့ မင်းထင်နေတာလား?" ကောင်းကင်ဖြိုဖျက်သားရဲက သူ့နှာခေါင်းကနေ ဒေါသတကြီး လေရှုထုတ်လိုက်ပြီး ကောင်လေးကို အထင်သေးစွာ ကြည့်လိုက်တယ်။ ဒါပေမဲ့ အဲ့ဒီ့သားရဲက သူ့မျက်လုံးတွေ အဆက်မပြတ် လှုပ်ရှားနေရင်း သူ့ရဲ့ တကယ့်အတွေးစစ်ကို ဖုံးကွယ်ထားပုံ​ရတယ်။

သားရဲက သူ့အဆိုပြုချက်ကို တုန့်ဆိုင်းမှုမရှိဘဲ ငြင်းဆိုလိုက်တာကို ကြားတော့ ဖုန့်ရှီက ကြမ်းတမ်းတဲ့ စကားလုံးတွေ ပြန်ပြောချင်ပေမဲ့ စာအုပ်နတ်ဘုရားက သူ့ကို တားလိုက်တယ်။

"ခဏ၊ သခင်။ အသံနေအသံထားကို နားထောင်ကြည့်ရတာ ဆွေးနွေးလို့ရမယ့်ပုံပဲလို့ ကျွန်တော်ထင်တယ်။ သစ်သီးတစ်လုံးက မလုံလောက်ဘူးလို့ သူထင်တာဖြစ်မယ်။ သားရဲက သစ်သီးပိုလိုချင်နေတာ။" စာအုပ်နတ်ဘုရားက ဖုန့်ရှီကို သူ့တွေ့ရှိချက်ကို တိုးတိုးလေး သွားစေ့ပြီး ပြောလိုက်တယ်။

သူက သားရဲရဲ့ ရည်ရွယ်ချက်ကို တွေ့ရှိပြီးသွားပြီဖြစ်တယ်။ သားရဲက သစ်သီး ဘယ်လောက်အဖိုးတန်သလဲဆိုတာ သိရှိပြီးဖြစ်ရမယ်၊ အဲ့တာကြောင့် ပိုရချင်လို့ ရသလောက် ကျစ်ကြည့်တဲ့သဘောပင်။ တချိန်တည်းမှာပဲ စာအုပ်နတ်ဘုရားက သားရဲက ရိုးရှင်းတဲ့ အကြည့်တစ်ချက်နဲ့တင် သစ်သီးရဲ့ အဖိုးတန်မှုကို ရှာတွေ့သွားတဲ့အတွက် သားရဲကို လေးစားသွားတယ်။ သားရဲက ဖုန့်ရှီရဲ့ ဖြစ်တည်မှုကို ဖုန့်ရှီဘေးနားမှာ သူတော်စင်နယ်ပယ်အဆင့် မိစ္ဆာသားရဲတစ်ကောင် မြင်လိုက်တဲ့အချိန် အတော်ကြာကြာလောက် ကတည်းက မှန်းပြီးဖြစ်နိုင်တယ်၊ ဒါ့ကြောင့်လည်း ကောင်းကင်ဖြိုဖျက်သားရဲက အဲ့စကားလုံးကို ပြောလိုက်တာဖြစ်မယ်။

"ဘာ? တစ်လုံးတောင် အတော်များနေပြီ။" ဖုန့်ရှီက သူ့သစ်သီးတွေကို အတော်အလေးထားတယ်။ စာအုပ်နတ်ဘုရားရဲ့ ရှင်းပြတာကို ကြားလိုက်တော့ သူက ချက်ချင်းပဲ အော်လိုက်တယ်။

သူ့အဖော်တွေအကုန်လုံး ပြောစရာ စကား မရှိ ဖြစ်သွားရတယ်။

ကမ္ဘာ့သစ်သီးတွေက ဖုန့်ရှီရဲ့ သစ်သားလက်စွပ်ထဲမှာ တောင်လိုပုံနေတာ။ တစ်နေ့တစ်လုံး ထုတ်ယူမယ်ဆိုရင်တောင်မှ သစ်သီးအားလုံး ကုန်အောင်ဆို နှစ်တွေ အများကြီး အချိန်ယူရမှာ။ အခု စာအုပ်နတ်ဘုရားက ကောင်းကင်ဖြိုဖျက်သားရဲကို ဖြားယောင်းဖို့ သစ်သီးအနည်းငယ်ပိုပြီးသုံးဖို့ အဆိုပြုလိုက်တာဖြစ်တယ်၊ ဖုန့်ရှီက အဲ့တာကို သူ့အသားတစ်စိတ်တစ်ပိုင်း အလှီးခံရမလို ပြုမူနေတာဖြစ်တယ်။ အဲ့တာတင်မကဘူး ဖုန့်ရှီရဲ့စကားက သစ်သီးတစ်လုံးတောင် အဲ့သားရဲအတွက် အတော်များနေပုံတောင် ဖြစ်သွားသေးတယ်။ နတ်ဘုရားနှစ်ပါးနဲ့ ကြက်တို့ သူတို့သခင်က ဖြစ်များဖြစ်နိုင်မယ်ဆိုရင် သစ်သီးတစ်လုံးကို အစိတ်လေးတွေတောင် ပိုင်းပြီးပေးမလားမသိဘူးလို့ သံသယဝင်သွားရတယ်။

ကောင်းကင်ဖြိုဖျက်သားရဲရဲ့ ကိုယ်က တုန်သွားတယ်။ ကောင်လေးရဲ့ စကားကို ကြားပြီးနောက် ကောင်လေးမှာ သစ်သီးတွေ တကယ် အများကြီးမရှိလောက်ဘူးဆိုပြီး ယူဆလိုက်တယ်။ အဲ့နောက် သူ့မျက်နှာပေါ်မှာ တုန့်ဆိုင်းသွားတဲ့အမူအယာ ပေါ်လာတယ်။

ကောင်းကင်ဖြိုဖျက်သားရဲက ကောင်လေးလက်ထဲက သစ်သီးထဲမှာ စိတ်ဝိညာဉ်စွမ်းအင်အများအပြားကို သူ ခံစားနိုင်နေတယ်။ အဲ့စွမ်းအင်တွေ စုပ်ယူနိုင်သ၍ သူတော်စင်နယ်ပယ်အဆင့်ကို ရောက်နိုင်တယ်။

အဲ့တာက ကောင်းကင်ဖြိုဖျက်သားရဲအတွက် ဆွဲဆောင်မှုတစ်ခုပါပဲ။

သူက လက်ရှိနယ်ပယ်အဆင့်မှာ အမြင့်ဆုံးအဆင့်အနေနဲ့ နှစ်ပေါင်းများစွာ သူနေခဲ့ပြီးပြီ။ သူနောက်နယ်ပယ်အဆင့်ကို မရောက်နိုင်သေးဘူးဆိုရင် သူ့ကျင့်ကြံမှုက သေချာပေါက်အလွှမ်းမိုးခံရမှာဖြစ်ပြီး ဒဏ္ဍာရီလာသားရဲတစ်ကောင် ဖြစ်လာနိုင်တော့မှာမဟုတ်ဘူး။ အဲ့တာ ဘာလို့လည်းဆိုတော့ နယ်ပယ်အဆင့်တစ်ခုတည်းမှာ အကြကြီး နေတာဟာ ကျင့်ကြံသူတွေရဲ့ စိတ်အခြေအနေကို အကြီးအကျယ်အကျပ်ရိုက်စေတာမို့ဖြစ်တယ်၊ အဲ့တာက အဲ့ကျင့်ကြံသူ နောက်တစ်ဆင့်တက်နိုင်ဖို့ ပိုခက်သွားစေတယ်။

အဲ့အကျိုးဆက်ကို တွေးမိတော့ ကောင်းကင်ဖြိုဖျက်သားရဲက ပိုပြီး ချီတုန်ချတုန် ဖြစ်လာတယ်။

ဒါပေမဲ့ ဒီကောင်ငယ်လေးကို အညံ့ခံလိုက်မယ်ဆိုရင သူ့လွတ်လပ်ခွင့် ဆုံးရှုံးသွားမှာဖြစ်ပြီး ကောင်လေးနဲ့ အမြဲနေရတော့မှာဖြစ်တယ်။ အရိုင်းသဘာဝရှိတဲ့ သားရဲတစ်ကောင်အတွက် အ့တာက ဆုံးဖြတ်ဖို့ အရမ်းခက်တယ်၊ ဘာလို့လည်းဆိုတော့ သူဘယ်နည်းပဲရွေးရွေး အဲ့တာက အနာဂတ်မှာ သူနောင်တရရမယ့်အရာချည်းပဲဖြစ်တယ်။

"မကောင်းဆိုးဝါးကောင်ကြီး၊ မင်းလိုချင်လား မလိုချင်ဘူးလား? မင်းမလိုချင်ဘူးဆိုရင် ငါ ပြန်ယူလိုက်တော့မယ်။" သားရဲက အချိန်အတော်ကြာကြာ ဘာတုန့်ပြန်မှုမှမပြုတာကို မြင်တော့ ဖုန့်ရှီက ဆုံးဖြတ်ချက်တစ်ခုချအောင် လောလိုက်တယ်။

ကောင်းကင်ဖြိုဖျက်သားရဲက စိတ်မရှည်တော့ဘဲ ဒေါသတကြီးအသွင်ဖြစ်သွားတယ်။ တချိန်တည်းမှာပဲ သူ့ပတ်လည်က လေထုက စပြီး ပြင်းပြင်းထန်ထန် တိုက်လာကာ ပွတ်တိုက်မှုကြောင့် မီးပွါးတွေပင် စတင် စင်လာတယ်။ လေထုက ဘယ်လိုတောင် လှုပ်ရှားနေသလဲဆိုတာ သာမာန်မျက်စိနဲ့တောင် မြင်နိုင်တယ်။

အဲ့တာကို မြင်တော့ စာအုပ်နတ်ဘုရားက ကိုယ်ရောင်ဖျောက်နေရာကနေ ပေါ်လာပြီး သူ့ရဲ့ ရွှေရောင်ကိုယ်ထည်ကို ချက်ချင်းပဲ ဖော်ပြလိုက်ပြီး ပြောလိုက်တယ်၊

"ကောင်းကင်ဖြိုဖျက်သားရဲ၊ ငါ့သခင်က ဘယ်လိုတောင် ထူးခြားသလဲဆိုတာ မင်း သိပြီးဖြစ်ရမယ်။ ငါ့သခင်နောက်ကို လိုက်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ မင်းဘယ်လိုအရှုံးမျိုးမှ ခံရမှာဟုတ်ဘူးဆိုတာ ငါကတိပေးတယ်။ ငါ့သခင်နောက်ကိုလိုက်ဖို့ ဉာဏ်ပညာရှိရှိ ရွေးချယ်လိုက်တာက ကံကောင်းလိုက်တာလို့တောင် မင်းခံစားသွားရမယ်။ ငါ့ကိုမယုံရင် အမွှေးမဲ့ကြက်ကို မေးကြည့်။ အဲ့တာက မင်းရဲ့ လက်ရှိနယ်ပယ်အဆင့်ရဲ့ ပထမအဆင့်ပဲရှိတဲ့ မိစ္ဆာသားရဲတစ်ကောင်လေ၊ အခု သူဘယ်နယ်ပယ်အဆင့်ရောက်နေပြီလဲဆိုတာ မြင်လား! ဘုံးသုံးဘုံမှာ ဒဏ္ဍာရီလာ သားရဲလေးကောင်အပြင် သူတော်စင်နယ်ပယ်အဆင့် ရှိတဲ့သားရဲက အနည်းငယ်ပဲရှိတယ်။ ယုံချင်ယုံ၊ မယုံချင်နေ။"

ကောင်းကင်ဖြိုဖျက်သားရဲက မျက်မှောင်ကြုတ်လိုက်တယ်။ သူ့အရှေ့မှာ ရွှေရောင်ကိုယ်ထည်ကို မြင်လိုက်ရတော့ ဒီနတ်ဘုရားငယ်က သူ့ကို အကြိမ်ပေါင်းများစွာ ထောင်ချောက်ဆင်ခဲ့တဲ့သူဆိုတာ ချက်ချင်း သဘောပေါက်သွားတယ်။ သို့တိုင် စာအုပ်နတ်ဘုရားရဲ့ အရွယ်အစားကြောင့် သားရဲက ကြောင်အမ်းသွားတယ်။

ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ကောင်းကင်ဖြိုဖျက်သားရဲက မှန်းတာ မှားသွားတယ်။ စာအုပ်နတ်ဘုရားက ဘာစွမ်းအားမှ မရှိတဲ့အတွက် သူက သားရဲကို ဘာမှ ထောင်ချောက်မဆင်ခဲ့ဘူး။ တကယ်တော့ ကောင်းကင်ဖြိုဖျက်သားရဲ အရိုက်ခံရတာတွေက ကံဆိုးမှုနတ်ဘုရားရဲ့ လှည့်စားမှုတွေကြောင့်ပဲ။ နောက်ဆုံး ကောင်းကင်ဖြိုဖျက်သားရဲ ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ကံဆိုးမှုပညာရပ်ကို လွတ်လွတ်ကျွတ်ကျွတ် အသုံးချနိုင်နေတဲ့ ကံဆိုးမှုနတ်ဘုရားကို ထိမိလိုက်တာနဲ့ သူက ကံဆိုးသွားမှာပဲဖြစ်တယ်။

အဲ့အချိန်မှာပဲ သားရဲက စာအုပ်နတ်ဘုရားပြောတဲ့ ကောင်လေးရဲ့ ဖြစ်တည်မှုဟာ ထူးခြားတဲ့သူတစ်ဦးဖြစ်ရမယ်ဆိုတာကို သဘောတူလိုက်တယ်။

ကောင်လေးမှာ သူတော်စင်နယ်ပယ်အဆင့်ရောက်နေတဲ့ မိစ္ဆာသားရဲတစ်ကောင် ရှိရုံမကဘူး၊ ဘုံသုံးဘုံက လူအားလုံး လိုချင်နေကြတဲ့ ကမ္ဘာ့သစ်သီးတစ်လုံးကိုလည်း ထုတ်လိုက်သေးတယ်။ နောက်ဆုံး အဲ့တာမျိုးတွေက အလွယ်လေး ရနိုင်တာတွေမဟုတ်ဘူးလေ။ သားရဲ သိသလောက်ဆို နတ်ဘုရားနဲ့မိစ္ဆာအားလုံးဟာ လွယ်လင့်တကူ ရှာမတွေ့နိုင်တဲ့ ကမ္ဘာ့သစ်ပင်အတွက် အရမ်းရူးသွပ်ကြတယ်။

ဟိုးရှေးရှေးတုန်းက ကောင်းကင်ဖြိုဖျက်သားရဲက ကမ္ဘာ့သစ်သီးကိုစားပြီး သူတော်စင်နယ်ပယ်အဆင့်ဖြစ်တဲ့ မိစ္ဆာသားရဲတစ်ကောင် ဖြစ်လာဖို့က သူ့အိမ်မက်ပင်။

ဒါပေမဲ့ အဲ့တာက တကယ့်ကို စိတ်ကူးယဉ်အိမ်မက်ပါပဲ။ အဲ့တာကြောင့် သူ့အရှေ့မှာ ကမ္ဘာ့သစ်သီးအစစ် ချထားလိုက်တဲ့အခါ သားရဲက တကယ်ဟုတ်ပါ့မလားဆိုတာ မယုံနိုင် ဖြစ်သွားရတယ်။ သူလက်မခံနိုင်တာရဲ့ အကြောင်းပြချက်တစ်စိတ်တစ်ပိုင်းက အခုဖြစ်နေတာတွေက တကယ်အစစ်အမှန် မဟုတ်မှာကို သူ စိုးရိမ်တယ်။သူ ထပ်ပြီး စိတ်မပျက်ချင်ဘူး၊ ဘာလို့လည်းဆိုတော့ နယ်ပယ်အဆင့် တစ်ခုတည်းမှာပဲ ရှိနေရတာဟာ သူအတွက်တော့ နှိပ်စက်ခံနေရသလိုပင်။

ဒါပေမဲ့ သူဘယ်လောက်ပဲ ချီတုံချတုံဖြစ်ဖြစ် သူရွေးချယ်မှုတစ်ခုတော့ လုပ်ရလိမ့်မယ်။

"ကောင်လေး၊ ငါ သဘောတူတယ်။ မင်းငါ့ကို လိမ်ဝံ့တယ်ဆိုရင် ငါသေရမယ်ဆိုရင်တောင်မှ မင်းကို ချက်ချင်းသတ်ရလိမ့်မယ်။"

သတ္တဝါကြီးက နောက်ဆုံး သဘောတူသွားတာကို မြင်တော့ ဖုန့်ရှီက သူ့မျက်နှာမှာ အပြုံးတစ်ပွင့်ပေါ်လာတယ်။ သားရဲရဲ့ ခြိမ်းခြောက်မှုအတွက်ကတော့ သူကလုံးဝစိတ်ထဲမထားဘူး။

"ဒီသစ်သီးကို အခုကစပြီး မင်းပိုင်သွားပြီ။ ငါတို့ကို ဒီကနေ အဝေးကို ခေါ်သွားပေး။" ဖုန့်ရှီက စိတ်လှုပ်ရှားသွားရပြီး ကောင်းကင်ဖြိုဖျက်သားရဲဆီ သစ်သီးကို ပစ်ပေးလိုက်တယ်။

စာအုပ်နတ်ဘုရားက ဖုန့်ရှီကို တားချိန်တောင် မရလိုက်ဘူး။ အဲ့နောက် သားရဲရဲ့ မျက်နှာပေါ်မှာ ဝမ်းသာပျော်ရွှင်သွဦးတဲ့အမူအယာကို မြင်လိုက်ရတယ်၊ သူ ဘာပြောရမှန်းတောင် မသိတော့ပေ။

သူခုလေးတင် ချီးမွမ်းလိုက်တဲ့ သူ့သခင်က သားရဲနဲ့ စာချုပ်မချုပ်ရသေးခင်မှာပဲကို သားရဲကို သစ်သီးပေးလိုက်တဲ့ အရူးလုပ်ရပ်မျိုး လုပ်လိုက်တယ်ဆိုတာ သူ မယုံနိုင်ဘူး။ သားရဲကသာ သူပြောထားခဲ့တာကို ပြန်ပြင်လိုက်ရင် ဖုန့်ရှီက အလဟဿ သစ်သီးတစ်လုံး ဆုံးရှုံးသွားမှာ!

စိတ်လှုပ်ရှားရာကနေ အသိပြန်ဝင်လာတဲ့ ဖုန့်ရှီက သူ့အဖော်တွေရဲ့မျက်နှာပေါ်က ဆူပုပ်ပုပ်အမူအယာကို တွေ့သွားတေ့ သူက သိချင်သွားပြီး မေးလိုက်တယ်၊ "မင်းတို့သုံးယောက် ဘာဖြစ်နေကြတာလဲ?"

"သခင်၊ သစ်သီးမပေးခင် အနည်းဆုံးတော့ ကောင်းကင်ဖြိုဖျက်သားရဲက စာချုပ်မှာ လက်မှတ်ထိုးပြီးတဲ့အထိတော့ စောင့်သင့်တယ်။ မင်းနောက်ကို လိုက်ဖို့ သူနောင်တရသွားရင် ဘယ်လိုလုပ်မလဲ?"

နောက်ဆုံး စာအုပ်နတ်ဘုရားက သူ့ရဲ့ မျှော်လင့်ချက်မဲ့တဲ့ သခင်ကို နာနာကျင်ကျင်အကြည့်နဲ့ ကြည့်လိုက်တယ်။

"အာ၊ ငါ စိတ်လှုပ်ရှားလွန်းသွားပြီး အဲ့တာကို မေ့သွားတယ်။" ဖုန့်ရှီက သူ့ခေါင်းကို ထိလိုက်ပြီး အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရတယ်။

"ကျွန်တော် တကယ်ပဲ မချီးမွမ်းသင့်ဘူး။" စာအုပ်နတ်ဘုရားက အဲ့တာကို ရေရွတ်လိုက်တယ်။

"ဟွန့်၊ မင်းလိုမျိုး စိတ်ထားကျဉ်းမြောင်းတဲ့သူမျိုးတွေပဲ အဲ့လိုစဉ်းစားလိမ့်မယ်။ ငါက ဘယ်တော့မှ ပြောပြီးစကား ပြန်မပြင်ဘူး၊ ယုတ်မာတဲ့အရာတွေပဲ လုပ်နေတဲ့သူတချို့လိုမျိုး မဟုတ်ဘူး။" ကောင်းကင်ဖြိုဖျက်သားရဲက ဆူပုပ်သွားပြီး နှာမှုတ်လိုက်တယ်။ သူက ဖုန့်ရှီနဲ့ စာအုပ်နတ်ဘုရားတို့ ပြောနေတာကို ကြားသွားမှန်းသိသာတယ်၊ အဲ့တာကြောင့် သူက စာအုပ်နတ်ဘုရားကို စာအုပ်နတ်ဘုရားက ညစ်ပတ်ခဲ့ကြောင်း လှောင်ပြောင်လိုက်တာပဲဖြစ်တယ်။ ဒါပေမဲ့ သားရဲက ဖုန့်ရှီအသင်းရဲ့ အသင်းဝင်တစ်ယောက် ဖြစ်လာရမှာကို နောင်တရပြီးသွားပုံပင်၊ ဘာလို့လည်းဆိုတော့ ဖုန့်ရှီကို ကြည့်လိုက်တဲ့အချိန်မှာ သူ့မျက်နှာပေါ်က အမူအယာက ဖော်ရွေမှုမရှိတဲ့ပုံ ပေါက်နေတယ်။

စာအုပ်နတ်ဘုရားက သူ့မျက်နှာပေါ်က အမူအယာကို ချက်ချင်းပဲ ပြောင်းလိုက်ပြီး ပြောလိုက်တယ်၊ "မင်းကမှ သဘောထားကျဉ်းမြောင်းတဲ့ကောင်၊ မင်းတို့တစ်မိသားစုလုံးက အဲ့လိုတွေချည်းပဲ။"

"မင်းထက်တော့ သာပါတယ်။" ကောင်းကင်ဖြိုဖျက်သားရဲက ရင်ကော့လိုက်ပြီး ရှင်းရှင်းလင်းလင်းလုပ်ကာ ပြောလိုက်တယ်။

စာအုပ်နတ်ဘုရားက မျက်နှာတွေ နီရဲသွားပြီး ချက်ချင်းပဲ ဒေါသထွက်သွားတယ်။

အဲ့နှစ်ယောက် အချင်းချင်း ငြင်းခုန်နေကြာတကို မြင်တော့ ဖုန့်ရှီက အမွှေးမဲ့ကြက်ကို ဝမ်းပန်းတသာ ပြောလိုက်တယ်၊​ "အမွှေးမဲ့ကြက်၊ သူတို့ အရမ်းရင်းနှီးကြတာပဲနော်!"

အမွှေးမဲ့ကြက်က မနေနိုင်တော့ဘဲ မျက်လွှာလှန်ကြည့်လိုက်တယ်။ ဖုန့်ရှီက အဲ့တာကို သူတို့နှစ်ဦးကြား ရင်းနှီးနေတယ်လို့ ဘာလို့ ပြောမှန်း သူမသိဘူး။ ပြီးတော့ အမွှေးမဲ့ကြက်က သူ့ရဲ့ ဝမ်းနည်းဖွယ် အနာဂတ်ကို တင်ကြို ပုံဖော်ပြီးသွားပြီ။​ သူ့မှာ တခါတလေ ထက်မြက်ပြီး တခါတလေ တုံးအတဲ့ သခင်တစ်ဦးရှိပြီး အချိန်နဲ့အမျှ အချင်းချင်း ခွပ်နေကြတဲ့ အပေါင်းအဖော်တစ်စု ရှိတယ်။​ တကယ့်ကို ကြေကွဲဖွယ်ဘဝပဲ!"

နောက်ဆုံး ကောင်းကင်ဖြိုဖျက်သားရဲက အစိမ်းရောင် ငရဲသား အသင်းဆီ သူတို့ကို တိုက်ရိုက်မပို့ဆောင်ပေးနိုင်ပေမဲ့ သူက ဖုန့်ရှီကို အာကာသအနည်းငယ်ကို ဆွဲဖြဲပြီး နေမဝင်ခင် လေမြူခိုးမြက် သွားတင်ပြနိုင်အောင် ကူပေးလိုက်တယ်။

ဦးလေးဖြူရဲ့ အပြုအမူကြောင့် ကြောက်ရွံ့သွားရတဲ့ အစိမ်းရောင် ငရဲသားအသင်းက ဝန်ထမ်းက ဖုန့်ရှီကို ထပ်ပြီး လျစ်လျူမရှုဝံ့တော့ဘူး။ ဖုန့်ရှီ စာရင်းသွင်းနိုင်အောင် ကူညီပြီးသွားတော့ ဖုန့်ရှီထွက်သွားတဲ့အထိ တလေးတစားအကြည့်နဲ့ ကြည့်နေတယ်။

ဖုန့်ရှီရဲ့ သားရဲအဖြစ် ရောက်တာ သိပ်မကြာသေးတဲ့ ကောင်းကင်ဖြိုဖျက်သားရဲက အဲ့တာကို မြင်တော့သူ့သခင်ရဲ့ ဖြစ်တည်မှုကို ပိုလို့တောင် သိချင်လာရယ်။ သူက ဖုန့်ရှီနဲ့ စာချုပ်လက်မှတ်ထိုးပြီးသွားပေမဲ့ စာအုပ်နတ်ဘုရားပြောတာက အကယ်၍ ကောင်းကင်ဖြိုဖျက်သားရဲက ဖုန့်ရှီနောက်ကွယ်က စွမ်းအားကြီးပုဂ္ဂိုလ်ရဲ့ အသိအမှတ်ပြုမှုကို မခံရဘူးဆိုရင် အဲ့သားရဲဟာ ဖုန့်ရှီရဲ့အသင်းကနေ ကန်ထုတ်တာကို ခံရမှာဖြစ်တယ်လို့ဆိုတယ်။

ပထမတော့ ကောင်းကင်ဖြိုဖျက်သားရဲက စာအုပ်နတ်ဘုရားရဲ့ စကားကို မယုံဘူး။ ဒါပေမဲ့ ဖုန့်ရှီက အလေးအမြတ်ထားရတဲ့ အနားယူညမြို့တော်အတွင်းကို ဘာအတားအဆီးမှမရှိဘဲ ဝင်သွားတာကို မြင်လိုက်ရပြီးတဲ့အပြင် စိုစွတ်ကုန်းမြေမှာပါ နာမည်ကြီးတဲ့ အစိမ်းရောင် ငရဲသားအသင်းသားတွေက ဖုန့်ရှီကို တလေးတစား ဆက်ဆံတာကိုပါ မြင်လိုက်ရတော့ သားရဲက မနေနိုင်တော့ဘဲ အနည်းငယ် ယောက်ယက်ခတ်သွားတယ်။

တကယ်တော့ ကောင်းကင်ဖြိုဖျက်သားရဲက သူ့သခင်က ကြင်နာတတ်တဲ့နှလုံးသား ရှိတဲ့သူတစ်ဦးဆိုတာကို လမ်းတလျောက်မှာ သူ သိလာရတယ်။ တချိန်လုံး ဘဝင်မမြင့်တဲ့ သခင်တစ်ယောက် ရှိရတာ အရမ်းကောင်းတယ်။ အဲ့တာကြောင့် သားရဲက ဖုန့်ရှီကို သူ့သခင်အနေနဲ့ မှတ်ယူပြီးသွားပြီဖြစ်ပြီး စိုစွတ်ကုန်းမြေကို ပြန်မသွားချင်တော့ဘူး။ အကျိုးဆက်အနေနဲ့ ဖုန့်ရှီ သူ့ကို စွန့်ပစ်သွားမှာကို သူစပြီး စိုးရိမ်လာရတယ်။

အဖော်အသစ်ရလာတဲ့ ဖုန့်ရှီက တချိန်လုံး အလွန်အမင်း ပျော်ရွှင်နေတယ်။

သူက ကောင်းကင်ထွတ်ထိပ်နန်းတော်ကို တွေ့လိုက်ရတော့ ကောင်းကင်ဖြိုဖျက်သားရဲရဲ့ အမွှေးကို ဆွဲပြီး နန်းတော်ကို ကျေနပ်ပီတိနဲ့ လက်ညှိုးထိုးရင်း ပြောလိုက်တယ်၊

"ဟေး၊ ကောင်းကင်မိတ်ဆွေ၊ ဒါ ငါတို့နေတဲ့နေရာလေ! အဲ့တာ လန်းပြီး မိုက်တယ်မှတ်လား?"

ဒါပေမဲ့ ဖုန့်ရှီ လှည့်ကြည့်လိုက်တဲ့အချိန်မှာ ကောင်းကင်ဖြိုဖျက်သားရဲက အတောင့်လိုက်ကြီး ဖြစ်သွားတာကို တွေ့လိုက်ရတယ်!

20211102; 1717

—————————— Zawgyi —————————

အပိုင္း ၇၁။ ရိုက္အခ်ခံရျခင္း

"ဟမ့္၊ ေဟ့လူ၊ အခု မင္းဘာေတြႀကံစည္ေနတာလဲ?"

ေကာင္ေလးရဲ့ မ်က္ႏွာေပၚက ေက်နပ္ပီတိျဖာေနတဲ့ အမူအယာကို ျမင္ရေတာ့ ေကာင္းကင္ၿဖိဳဖ်က္သားရဲက ေကာင္ေလးအလိုရွိသလို မလုပ္ေဆာင္ခ်င္ေတာ့ဘဲ ေလးလံစြာ ႏွာမွုတ္လိုက္တယ္။

ဒီသားရဲက လြန္ခဲ့တဲ့ ရက္အနည္းငယ္တုန္းက သူခံစားခဲ့ရတဲ့ နာက်င့္မွုေတြကို သူ မေမ့ေသးဘူး။ အဲ့တာေၾကာင့္ အခုေလာေလာဆယ္ သူ ဘယ္ေလာက္ပဲ ေကာင္ေလးလက္ထဲက သစ္သီးကို လိုခ်င္ခ်င္ သူ သတိႀကီးႀကီးထားေနရတယ္။

"မင္း ငါ့ကို လိုလိုလားလား အညံ့ခံမယ္ဆိုရင္ မင္းကို ဒီသစ္သီး ငါေပးမယ္။" ဖုန္႔ရွိက သူ႔ရည္ရြယ္ခ်က္ကို တိုက္ရိုက္ ေျပာလိုက္တယ္။

"အိမ္မက္ပဲမက္ေနလိုက္! မင္းလို ေသးႏုပ္တဲ့လူသားတစ္ေယာက္ကို ငါ ဘယ္ေတာ့မွ အညံ့ခံမွာမဟုတ္ဘူး! ငါ့ကို သစ္သီးေလးတစ္လုံးေလာက္နဲ႔ ဝယ္လိုရေလာက္ေအာင္ တုံးတယ္လို႔ မင္းထင္ေနတာလား?" ေကာင္းကင္ၿဖိဳဖ်က္သားရဲက သူ႔ႏွာေခါင္းကေန ေဒါသတႀကီး ေလရွုထုတ္လိုက္ၿပီး ေကာင္ေလးကို အထင္ေသးစြာ ၾကည့္လိုက္တယ္။ ဒါေပမဲ့ အဲ့ဒီ့သားရဲက သူ႔မ်က္လုံးေတြ အဆက္မျပတ္ လွုပ္ရွားေနရင္း သူ႔ရဲ့ တကယ့္အေတြးစစ္ကို ဖုံးကြယ္ထားပုံ​ရတယ္။

သားရဲက သူ႔အဆိုျပဳခ်က္ကို တုန္႔ဆိုင္းမွုမရွိဘဲ ျငင္းဆိုလိုက္တာကို ၾကားေတာ့ ဖုန္႔ရွီက ၾကမ္းတမ္းတဲ့ စကားလုံးေတြ ျပန္ေျပာခ်င္ေပမဲ့ စာအုပ္နတ္ဘုရားက သူ႔ကို တားလိုက္တယ္။

"ခဏ၊ သခင္။ အသံေနအသံထားကို နားေထာင္ၾကည့္ရတာ ေဆြးေႏြးလို႔ရမယ့္ပုံပဲလို႔ ကၽြန္ေတာ္ထင္တယ္။ သစ္သီးတစ္လုံးက မလုံေလာက္ဘူးလို႔ သူထင္တာျဖစ္မယ္။ သားရဲက သစ္သီးပိုလိုခ်င္ေနတာ။" စာအုပ္နတ္ဘုရားက ဖုန္႔ရွီကို သူ႔ေတြ႕ရွိခ်က္ကို တိုးတိုးေလး သြားေစ့ၿပီး ေျပာလိုက္တယ္။

သူက သားရဲရဲ့ ရည္ရြယ္ခ်က္ကို ေတြ႕ရွိၿပီးသြားၿပီျဖစ္တယ္။ သားရဲက သစ္သီး ဘယ္ေလာက္အဖိုးတန္သလဲဆိုတာ သိရွိၿပီးျဖစ္ရမယ္၊ အဲ့တာေၾကာင့္ ပိုရခ်င္လို႔ ရသေလာက္ က်စ္ၾကည့္တဲ့သေဘာပင္။ တခ်ိန္တည္းမွာပဲ စာအုပ္နတ္ဘုရားက သားရဲက ရိုးရွင္းတဲ့ အၾကည့္တစ္ခ်က္နဲ႔တင္ သစ္သီးရဲ့ အဖိုးတန္မွုကို ရွာေတြ႕သြားတဲ့အတြက္ သားရဲကို ေလးစားသြားတယ္။ သားရဲက ဖုန္႔ရွီရဲ့ ျဖစ္တည္မွုကို ဖုန္႔ရွီေဘးနားမွာ သူေတာ္စင္နယ္ပယ္အဆင့္ မိစၧာသားရဲတစ္ေကာင္ ျမင္လိုက္တဲ့အခ်ိန္ အေတာ္ၾကာၾကာေလာက္ ကတည္းက မွန္းၿပီးျဖစ္နိုင္တယ္၊ ဒါ့ေၾကာင့္လည္း ေကာင္းကင္ၿဖိဳဖ်က္သားရဲက အဲ့စကားလုံးကို ေျပာလိုက္တာျဖစ္မယ္။

"ဘာ? တစ္လုံးေတာင္ အေတာ္မ်ားေနၿပီ။" ဖုန္႔ရွီက သူ႔သစ္သီးေတြကို အေတာ္အေလးထားတယ္။ စာအုပ္နတ္ဘုရားရဲ့ ရွင္းျပတာကို ၾကားလိုက္ေတာ့ သူက ခ်က္ခ်င္းပဲ ေအာ္လိုက္တယ္။

သူ႔အေဖာ္ေတြအကုန္လုံး ေျပာစရာ စကား မရွိ ျဖစ္သြားရတယ္။

ကမၻာ့သစ္သီးေတြက ဖုန္႔ရွီရဲ့ သစ္သားလက္စြပ္ထဲမွာ ေတာင္လိုပုံေနတာ။ တစ္ေန႔တစ္လုံး ထုတ္ယူမယ္ဆိုရင္ေတာင္မွ သစ္သီးအားလုံး ကုန္ေအာင္ဆို ႏွစ္ေတြ အမ်ားႀကီး အခ်ိန္ယူရမွာ။ အခု စာအုပ္နတ္ဘုရားက ေကာင္းကင္ၿဖိဳဖ်က္သားရဲကို ျဖားေယာင္းဖို႔ သစ္သီးအနည္းငယ္ပိုၿပီးသုံးဖို႔ အဆိုျပဳလိုက္တာျဖစ္တယ္၊ ဖုန္႔ရွီက အဲ့တာကို သူ႔အသားတစ္စိတ္တစ္ပိုင္း အလွီးခံရမလို ျပဳမူေနတာျဖစ္တယ္။ အဲ့တာတင္မကဘူး ဖုန္႔ရွီရဲ့စကားက သစ္သီးတစ္လုံးေတာင္ အဲ့သားရဲအတြက္ အေတာ္မ်ားေနပုံေတာင္ ျဖစ္သြားေသးတယ္။ နတ္ဘုရားႏွစ္ပါးနဲ႔ ၾကက္တို႔ သူတို႔သခင္က ျဖစ္မ်ားျဖစ္နိုင္မယ္ဆိုရင္ သစ္သီးတစ္လုံးကို အစိတ္ေလးေတြေတာင္ ပိုင္းၿပီးေပးမလားမသိဘူးလို႔ သံသယဝင္သြားရတယ္။

ေကာင္းကင္ၿဖိဳဖ်က္သားရဲရဲ့ ကိုယ္က တုန္သြားတယ္။ ေကာင္ေလးရဲ့ စကားကို ၾကားၿပီးေနာက္ ေကာင္ေလးမွာ သစ္သီးေတြ တကယ္ အမ်ားႀကီးမရွိေလာက္ဘူးဆိုၿပီး ယူဆလိုက္တယ္။ အဲ့ေနာက္ သူ႔မ်က္ႏွာေပၚမွာ တုန္႔ဆိုင္းသြားတဲ့အမူအယာ ေပၚလာတယ္။

ေကာင္းကင္ၿဖိဳဖ်က္သားရဲက ေကာင္ေလးလက္ထဲက သစ္သီးထဲမွာ စိတ္ဝိညာဥ္စြမ္းအင္အမ်ားအျပားကို သူ ခံစားနိုင္ေနတယ္။ အဲ့စြမ္းအင္ေတြ စုပ္ယူနိုင္သ၍ သူေတာ္စင္နယ္ပယ္အဆင့္ကို ေရာက္နိုင္တယ္။

အဲ့တာက ေကာင္းကင္ၿဖိဳဖ်က္သားရဲအတြက္ ဆြဲေဆာင္မွုတစ္ခုပါပဲ။

သူက လက္ရွိနယ္ပယ္အဆင့္မွာ အျမင့္ဆုံးအဆင့္အေနနဲ႔ ႏွစ္ေပါင္းမ်ားစြာ သူေနခဲ့ၿပီးၿပီ။ သူေနာက္နယ္ပယ္အဆင့္ကို မေရာက္နိုင္ေသးဘူးဆိုရင္ သူ႔က်င့္ႀကံမွုက ေသခ်ာေပါက္အလႊမ္းမိုးခံရမွာျဖစ္ၿပီး ဒ႑ာရီလာသားရဲတစ္ေကာင္ ျဖစ္လာနိုင္ေတာ့မွာမဟုတ္ဘူး။ အဲ့တာ ဘာလို႔လည္းဆိုေတာ့ နယ္ပယ္အဆင့္တစ္ခုတည္းမွာ အၾကႀကီး ေနတာဟာ က်င့္ႀကံသူေတြရဲ့ စိတ္အေျခအေနကို အႀကီးအက်ယ္အက်ပ္ရိုက္ေစတာမို႔ျဖစ္တယ္၊ အဲ့တာက အဲ့က်င့္ႀကံသူ ေနာက္တစ္ဆင့္တက္နိုင္ဖို႔ ပိုခက္သြားေစတယ္။

အဲ့အက်ိဳးဆက္ကို ေတြးမိေတာ့ ေကာင္းကင္ၿဖိဳဖ်က္သားရဲက ပိုၿပီး ခ်ီတုန္ခ်တုန္ ျဖစ္လာတယ္။

ဒါေပမဲ့ ဒီေကာင္ငယ္ေလးကို အညံ့ခံလိုက္မယ္ဆိုရင သူ႔လြတ္လပ္ခြင့္ ဆုံးရွုံးသြားမွာျဖစ္ၿပီး ေကာင္ေလးနဲ႔ အျမဲေနရေတာ့မွာျဖစ္တယ္။ အရိုင္းသဘာဝရွိတဲ့ သားရဲတစ္ေကာင္အတြက္ အ့တာက ဆုံးျဖတ္ဖို႔ အရမ္းခက္တယ္၊ ဘာလို႔လည္းဆိုေတာ့ သူဘယ္နည္းပဲေရြးေရြး အဲ့တာက အနာဂတ္မွာ သူေနာင္တရရမယ့္အရာခ်ည္းပဲျဖစ္တယ္။

"မေကာင္းဆိုးဝါးေကာင္ႀကီး၊ မင္းလိုခ်င္လား မလိုခ်င္ဘူးလား? မင္းမလိုခ်င္ဘူးဆိုရင္ ငါ ျပန္ယူလိုက္ေတာ့မယ္။" သားရဲက အခ်ိန္အေတာ္ၾကာၾကာ ဘာတုန္႔ျပန္မွုမွမျပဳတာကို ျမင္ေတာ့ ဖုန္႔ရွီက ဆုံးျဖတ္ခ်က္တစ္ခုခ်ေအာင္ ေလာလိုက္တယ္။

ေကာင္းကင္ၿဖိဳဖ်က္သားရဲက စိတ္မရွည္ေတာ့ဘဲ ေဒါသတႀကီးအသြင္ျဖစ္သြားတယ္။ တခ်ိန္တည္းမွာပဲ သူ႔ပတ္လည္က ေလထုက စၿပီး ျပင္းျပင္းထန္ထန္ တိုက္လာကာ ပြတ္တိုက္မွုေၾကာင့္ မီးပြါးေတြပင္ စတင္ စင္လာတယ္။ ေလထုက ဘယ္လိုေတာင္ လွုပ္ရွားေနသလဲဆိုတာ သာမာန္မ်က္စိနဲ႔ေတာင္ ျမင္နိုင္တယ္။

အဲ့တာကို ျမင္ေတာ့ စာအုပ္နတ္ဘုရားက ကိုယ္ေရာင္ေဖ်ာက္ေနရာကေန ေပၚလာၿပီး သူ႔ရဲ့ ေရႊေရာင္ကိုယ္ထည္ကို ခ်က္ခ်င္းပဲ ေဖာ္ျပလိုက္ၿပီး ေျပာလိုက္တယ္၊

"ေကာင္းကင္ၿဖိဳဖ်က္သားရဲ၊ ငါ့သခင္က ဘယ္လိုေတာင္ ထူးျခားသလဲဆိုတာ မင္း သိၿပီးျဖစ္ရမယ္။ ငါ့သခင္ေနာက္ကို လိုက္ဖို႔ ဆုံးျဖတ္လိုက္တာနဲ႔ မင္းဘယ္လိုအရွုံးမ်ိဳးမွ ခံရမွာဟုတ္ဘူးဆိုတာ ငါကတိေပးတယ္။ ငါ့သခင္ေနာက္ကိုလိုက္ဖို႔ ဉာဏ္ပညာရွိရွိ ေရြးခ်ယ္လိုက္တာက ကံေကာင္းလိုက္တာလို႔ေတာင္ မင္းခံစားသြားရမယ္။ ငါ့ကိုမယုံရင္ အေမႊးမဲ့ၾကက္ကို ေမးၾကည့္။ အဲ့တာက မင္းရဲ့ လက္ရွိနယ္ပယ္အဆင့္ရဲ့ ပထမအဆင့္ပဲရွိတဲ့ မိစၧာသားရဲတစ္ေကာင္ေလ၊ အခု သူဘယ္နယ္ပယ္အဆင့္ေရာက္ေနၿပီလဲဆိုတာ ျမင္လား! ဘုံးသုံးဘုံမွာ ဒ႑ာရီလာ သားရဲေလးေကာင္အျပင္ သူေတာ္စင္နယ္ပယ္အဆင့္ ရွိတဲ့သားရဲက အနည္းငယ္ပဲရွိတယ္။ ယုံခ်င္ယုံ၊ မယုံခ်င္ေန။"

ေကာင္းကင္ၿဖိဳဖ်က္သားရဲက မ်က္ေမွာင္ၾကဳတ္လိုက္တယ္။ သူ႔အေရွ႕မွာ ေရႊေရာင္ကိုယ္ထည္ကို ျမင္လိုက္ရေတာ့ ဒီနတ္ဘုရားငယ္က သူ႔ကို အႀကိမ္ေပါင္းမ်ားစြာ ေထာင္ေခ်ာက္ဆင္ခဲ့တဲ့သူဆိုတာ ခ်က္ခ်င္း သေဘာေပါက္သြားတယ္။ သို႔တိုင္ စာအုပ္နတ္ဘုရားရဲ့ အရြယ္အစားေၾကာင့္ သားရဲက ေၾကာင္အမ္းသြားတယ္။

ဒါေပမဲ့ ဒီတစ္ႀကိမ္ေတာ့ ေကာင္းကင္ၿဖိဳဖ်က္သားရဲက မွန္းတာ မွားသြားတယ္။ စာအုပ္နတ္ဘုရားက ဘာစြမ္းအားမွ မရွိတဲ့အတြက္ သူက သားရဲကို ဘာမွ ေထာင္ေခ်ာက္မဆင္ခဲ့ဘူး။ တကယ္ေတာ့ ေကာင္းကင္ၿဖိဳဖ်က္သားရဲ အရိုက္ခံရတာေတြက ကံဆိုးမွုနတ္ဘုရားရဲ့ လွည့္စားမွုေတြေၾကာင့္ပဲ။ ေနာက္ဆုံး ေကာင္းကင္ၿဖိဳဖ်က္သားရဲ ဘယ္ေလာက္ပဲ စြမ္းအားႀကီးႀကီး ကံဆိုးမွုပညာရပ္ကို လြတ္လြတ္ကၽြတ္ကၽြတ္ အသုံးခ်နိုင္ေနတဲ့ ကံဆိုးမွုနတ္ဘုရားကို ထိမိလိုက္တာနဲ႔ သူက ကံဆိုးသြားမွာပဲျဖစ္တယ္။

အဲ့အခ်ိန္မွာပဲ သားရဲက စာအုပ္နတ္ဘုရားေျပာတဲ့ ေကာင္ေလးရဲ့ ျဖစ္တည္မွုဟာ ထူးျခားတဲ့သူတစ္ဦးျဖစ္ရမယ္ဆိုတာကို သေဘာတူလိုက္တယ္။

ေကာင္ေလးမွာ သူေတာ္စင္နယ္ပယ္အဆင့္ေရာက္ေနတဲ့ မိစၧာသားရဲတစ္ေကာင္ ရွိ႐ုံမကဘူး၊ ဘုံသုံးဘုံက လူအားလုံး လိုခ်င္ေနၾကတဲ့ ကမၻာ့သစ္သီးတစ္လုံးကိုလည္း ထုတ္လိုက္ေသးတယ္။ ေနာက္ဆုံး အဲ့တာမ်ိဳးေတြက အလြယ္ေလး ရနိုင္တာေတြမဟုတ္ဘူးေလ။ သားရဲ သိသေလာက္ဆို နတ္ဘုရားနဲ႔မိစၧာအားလုံးဟာ လြယ္လင့္တကူ ရွာမေတြ႕နိုင္တဲ့ ကမၻာ့သစ္ပင္အတြက္ အရမ္း႐ူးသြပ္ၾကတယ္။

ဟိုးေရွးေရွးတုန္းက ေကာင္းကင္ၿဖိဳဖ်က္သားရဲက ကမၻာ့သစ္သီးကိုစားၿပီး သူေတာ္စင္နယ္ပယ္အဆင့္ျဖစ္တဲ့ မိစၧာသားရဲတစ္ေကာင္ ျဖစ္လာဖို႔က သူ႔အိမ္မက္ပင္။

ဒါေပမဲ့ အဲ့တာက တကယ့္ကို စိတ္ကူးယဥ္အိမ္မက္ပါပဲ။ အဲ့တာေၾကာင့္ သူ႔အေရွ႕မွာ ကမၻာ့သစ္သီးအစစ္ ခ်ထားလိုက္တဲ့အခါ သားရဲက တကယ္ဟုတ္ပါ့မလားဆိုတာ မယုံနိုင္ ျဖစ္သြားရတယ္။ သူလက္မခံနိုင္တာရဲ့ အေၾကာင္းျပခ်က္တစ္စိတ္တစ္ပိုင္းက အခုျဖစ္ေနတာေတြက တကယ္အစစ္အမွန္ မဟုတ္မွာကို သူ စိုးရိမ္တယ္။သူ ထပ္ၿပီး စိတ္မပ်က္ခ်င္ဘူး၊ ဘာလို႔လည္းဆိုေတာ့ နယ္ပယ္အဆင့္ တစ္ခုတည္းမွာပဲ ရွိေနရတာဟာ သူအတြက္ေတာ့ ႏွိပ္စက္ခံေနရသလိုပင္။

ဒါေပမဲ့ သူဘယ္ေလာက္ပဲ ခ်ီတုံခ်တုံျဖစ္ျဖစ္ သူေရြးခ်ယ္မွုတစ္ခုေတာ့ လုပ္ရလိမ့္မယ္။

"ေကာင္ေလး၊ ငါ သေဘာတူတယ္။ မင္းငါ့ကို လိမ္ဝံ့တယ္ဆိုရင္ ငါေသရမယ္ဆိုရင္ေတာင္မွ မင္းကို ခ်က္ခ်င္းသတ္ရလိမ့္မယ္။"

သတၱဝါႀကီးက ေနာက္ဆုံး သေဘာတူသြားတာကို ျမင္ေတာ့ ဖုန္႔ရွီက သူ႔မ်က္ႏွာမွာ အျပဳံးတစ္ပြင့္ေပၚလာတယ္။ သားရဲရဲ့ ၿခိမ္းေျခာက္မွုအတြက္ကေတာ့ သူကလုံးဝစိတ္ထဲမထားဘူး။

"ဒီသစ္သီးကို အခုကစၿပီး မင္းပိုင္သြားၿပီ။ ငါတို႔ကို ဒီကေန အေဝးကို ေခၚသြားေပး။" ဖုန္႔ရွီက စိတ္လွုပ္ရွားသြားရၿပီး ေကာင္းကင္ၿဖိဳဖ်က္သားရဲဆီ သစ္သီးကို ပစ္ေပးလိုက္တယ္။

စာအုပ္နတ္ဘုရားက ဖုန္႔ရွီကို တားခ်ိန္ေတာင္ မရလိုက္ဘူး။ အဲ့ေနာက္ သားရဲရဲ့ မ်က္ႏွာေပၚမွာ ဝမ္းသာေပ်ာ္ရႊင္သြဦးတဲ့အမူအယာကို ျမင္လိုက္ရတယ္၊ သူ ဘာေျပာရမွန္းေတာင္ မသိေတာ့ေပ။

သူခုေလးတင္ ခ်ီးမြမ္းလိုက္တဲ့ သူ႔သခင္က သားရဲနဲ႔ စာခ်ဳပ္မခ်ဳပ္ရေသးခင္မွာပဲကို သားရဲကို သစ္သီးေပးလိုက္တဲ့ အ႐ူးလုပ္ရပ္မ်ိဳး လုပ္လိုက္တယ္ဆိုတာ

You are reading the story above: TeenFic.Net