73. Fighting Uncle White

Background color
Font
Font size
Line height

Please scroll down for Zawgyi.

အပိုင်း ၇၃။ ဦးလေးဖြူနှင့် တိုက်ခိုက်ခြင်း

ကောင်လေးက သူ့ကိုယ်ပေါ်မှာ ကလေးလေးတစ်ယောက်လို နေနေတာကို ဘုရင်ကြီးက မြင်တော့ ကောင်လေးရဲ့ နူးညံ့တဲ့ဆံနွယ်တွေကို ပွတ်လိုက်ပြီး ယောင်ယောင်လေးပြုံးကာ ပေါ့ပေါ့ပါးပါး မေးလိုက်တယ်၊

"ပြီးခဲ့တဲ့ ရက်တွေတုန်းက စိုစွတ်ကုန်းမြေမှာ နေရတာ ဘယ်လိုခစားရလဲ?"

အဲ့တာကို ကြားတော့ ဖုန့်ရှီက မျက်လုံးတွေ တောက်ပသွားပြီး စိုစွတ်ကုန်းမြေမှာ ဖြစ်ပွါးခဲ့တာတွေကို ကွင်းကွင်းကွက်ကွက် ပြောပြတော့တာပဲ။

အင်းပေါ့၊ ကောင်းကင်ဖြိုဖျက်သားရဲရဲ့ လိုက်ဖမ်းတာကို ခံရတဲ့အပိုင်းတွေကိုတော့ သူကျော်ခဲ့တယ်၊ သူဂုဏ်ယူရတဲ့ အခ်ိုက်အတန့်အကြောင်းတွေပဲ ဘုရင်ကြီးကို ပြောပြလိုက်တယ်။ ဖုန့်ရှီရဲ့ ဇာတ်လမ်းက အရမ်းကို အသက်ရှုမှားလောက်ဖွယ်ပေါ်နေပေပြီး ဖုန့်ရှီ ပုံပြောဘယ်လောက်ကောင်းမှန်း သက်သေပြပေးနေတယ်။

စိုစွတ်ကုန်းမြေခရီးစဉ်က ဖုန့်ရှီအတွက် ပထမဆုံး စွန့်စားခရီးလည်းဖြစ်ပြီး ဘုရင်ကြီး အထင်ကြီးတာကို သူ တကယ်ခံချင်တယ်။

တကယ်လို့ ဖုန့်ရှီက စိုစွတ်ကုန်းမြေမှာ သူ့တာဝန်ကို ပြီးမြောက်အောင်မြင်ခဲ့တယ်ဆိုရင် ဘုရင်ကြီးက သူ့ကို ရဲရင့်ပြီး အစွမ်းရှိတဲ့ကောင်လေးတစ်ယောက်အနေနဲ့ ထင်သွားမှာဖြစ်ပြီး အနာဂတ်မှာ သူ့ကို အပြင် လွတ်လွတ်လပ်လပ် ပေးလွှတ်လိမ့်မယ်။ အဲ့တာဆို ဖုန့်ရှီက ပြင်ပကမ္ဘာမှာ လွတ်လပ်တဲ့ဘဝနဲ့ ပျော်ရွှင်နိုင်မှာဖြစ်ပြီး သူ့ခေါင်းဆောင်နဲ့ ဦးလေးဖြူရဲ့ အနီးကပ်စောင့်ကြည့်တာ ခံရတော့မှာမဟုတ်တော့ဘူး။

အခု သူ့ရဲ့ လှပတဲ့အနာဂတ်ကို စိတ်ကူးယဉ်အိမ်မက်ပဲ မက်နေနိုင်တယ်။ တကယ်တမ်းတော့ ဖုန့်ရှီက သူ့လွတ်လပ်ခွင့် ရဖို့အတွက် ရုန်ကန်ဖို့ လိုနေသေးဆဲပဲ ဖြစ်တယ်။

ဘုရင်ကြီးက ကောင်လေး ဇာတ်လမ်းတစ်ခုလုံးကို ကွက်ကွက်ကွင်းကွင်း အားကြိုးမာန်တက် ပြောနေတာကို မြင်ကတည်းက ကောင်လေးရဲ့ တကယ့်ရည်ရွယ်ရင်းကို သိပြီးဖြစ်တယ်။ ဒါပေမဲ့ စကားတွေ ဒလစပ်ပြောနေတဲ့ ကောင်လေးနဲ့ ဆန့်ကျင်စွာ ဘုရင်ကြီးက ဘာမှမပြောဘဲ တည်ကြည်တဲ့ဟန် မျက်နှာပေးနဲ့ ခုံပေါ်မှာ မတ်မတ်ထိုင်ပြီး ကောင်လေးရဲ့ ဆံနွယ်တွေကိုပဲ သပ်ပေးနေတယ်။

ဖုန့်ရှီက သူ မိစ္ဆာသားရဲတစ်ကောင်ကို ဘယ်လိုခယအောင် လုပ်လိုက်လဲဆိုတာ ပြောနေတဲ့အချိန်မှာ သူ့ပိုပိုပြီး မျက်နှာပူလာရတယ်။ ဒါပေမဲ့ သူ့မျက်နှာအမူအယာကတော့ အရင်ကထက်တောင် ပိုစိတ်လှုပ်ရှားလာသေး။

ဘုရင်ကြီး နှုတ်ခမ်းကွေးလိုက်ပြီး အစေခံအမှုထမမ်း လာဆက်သထားတဲ့ စားပွဲပေါ်ကသစ်သီးကို ကောက်ယူလိုက်ကာ ကောင်လေးကို ပေးလိုက်တယ်။

သူအလိုအပ်ဆုံးအရာကို သူ့ခေါင်းဆောင်က သူ့ကို ပေးလိုက်တာကို မြင်တော့ ဖုန့်ရှီက တုန့်ဆိုင်းမှုမရှိဘဲ စားလိုက်တယ်။ သစ်သီးအချိိုရည်က သူ့လည်ချောင်းထဲ လျောဆင်းသွားပြီး အာခေါင်ခြောက်ပြီးရေဆာတာ နောက်ဆုံးတော့ ရေငတ်ပြေသွားတယ်။

"အဲ့မကောင်းဆိုးဝါး သစ်သားကြီးက အရမ်း ဉာဏ်နီဉာဏ်နက်များပြီး ကျွန်တော့ကို ပြင်းပြင်းထန်ထန် ပြန်တိုက်ဖို့ သူ့အကိုင်းအခတ်တွေကို မြေကြီးထဲ ဝှက်ထားတယ်။ ကံကောင်းတာက ကျွန်တော်က လက်သီးတစ်ချက်တည်းနဲ့ သူ့ကို အနိုင်ယူနိုင်လောက်အောင် မြန်ဆန်နေလို့သာ။ အဲ့တာက အရမ်းရုပ်ဆိုးတာ အတော်ဆိုးတယ်၊ မဟုတ်ရင် သူက ကျွန်တော့ရဲ့ နောက်အဖော်တစ်ယောက်ဖြစ်လာမှာ။

ဖုန့်ရှီက တကယ့်အစစ်အမှန်အတိုင်း ပြောနေပြီး သူ့ခေါင်းကို ခါလိုက်ရင်း တချိန်တည်းမှာပဲ သက်ပြင်းချလိုက်တယ်။

ဖုန့်ရှီ ထိုးလိုက်တဲ့လက်သီးက သာမာန်လက်သီးမဟုတ်ဘူး။ ဖုန့်ရှီက ကာရံလက်သီးကိုးချက်နဲ့ မကောင်းဆိုးဝါး သစ်သားနဲ့ တိုက်တုန်းက ဟိုတစ်ကောင်ရဲ့မျက်နှာကို လက်သီးတိုက်ရိုက်ထိသွားတယ်။ အင်းပေါ့ အဲ့တော့မှတော့ ရုပ်ဆိုးသွားပြီပေါ့။ ဒါပေမဲ့ အဲ့တာက ဖုန့်ရှီ အခြားသူနဲ့ ပထမဆုံး တိုက်ဖူးခြင်းပဲ၊ သူ အဲ့အချိန်တုန်းက သုတ်သီးသုတ်ပြာ ဖြစ်နေတယ်၊ ဒါပေမဲ့ အဲ့တာကိုတော့ ဘုရင်ကြီးကို သူ ပြောပြမှာမဟုတ်ဘူး။

ကောင်လေး လေမြူခိုးမြက် ရှာဖွေတဲ့တလျောက်လုံး ဖြစ်ပျက်ခဲ့သမျှအဲ့အရာတွေ အားလုံးကို ဘုရင်ကြီးက ရေခဲကြေးမုံကနေတဆင့် မြင်ပြီးဖြစ်တယ်။ အဲ့တာကြောင့် ဖုန့်ရှီ သူ့ကို ဘာမှမပြောဘူးဆိုရင်တောင်မှ ဘုရင်ကြီးက တိုက်ပွဲဘယ်လိုဆိုတာ ရှင်းရှင်းလင်းလင်း သိတယ်။

"ရှီ"​ ဘုရင်ကြီးက မျက်စိဖွင့်လိုက်ပြီး ဖုန့်ရှီရဲ့ နာမည်ကို ရုတ်တရက် ခေါ်လိုက်တယ်။

"ဟမ်?" ဖုန့်ရှီရဲ့ လက်ထဲမှာ သစ်သီးအစေ့တစ်စေ့ပဲ ရှိပြီး သူက အဲ့တာကို သူ့ပုခုံးပေါ်ကနေ ကျော်ပစ်ချင်နေတယ်။ ဒါပေမဲ့ ဘုရင်ကြီးအသံကို ကြားတော့ ကြောက်လန့်နောင်တရသွားတယ်။ အဲ့နောက် သူက အစေ့ကို ပန်းကန်ထဲ ထည့်လိုက်ပြီး ဘုရင်ကြီးကို ပြုံးပြီး ကြည့်လိုက်တယ်။

"ခုကစပြီး တွေ့ကရာ မိစ္ဆာသားရဲတစ်ကောင်နဲ့ စာချုပ် ချုပ်တာတွေ မလုပ်နဲ့တော့။ လူသားတွေရဲ့ စိတ်ဝိညာဉ်စွမ်းအင်က အကန့်အသတ်ရှိတယ်။ မင်းရဲ့ လက်ရှိကျင့်ကြံမှုအခြေခံနဲ့ဆိုရင် မင်းက အများဆုံး မိစ္ဆာသားရဲလေးကောင်နဲ့ပဲ စာချုပ်ချုပ်နိုင်မှာ။ မင်း သန်မာမလာဘူးဆိုရင် နောက်ထပ်မိစ္ဆာသားရဲတစ်ကောင်ပဲ စာချုပ်ထပ်ချုပ်နိုင်တော့မယ်၊ နားလည်လား?" ဘုရင်ကြီးက ကောင်လေးရဲ့အပြုအမူကို တွေ့တော့ မနေနိုင်တော့ဘဲ ခပ်ရေးရေးလေး ပြုံးသွားပြီး အဲ့ဒီ့အလေးအနက်စကားတွေကို ထုတ်ပြောလိုက်တယ်။

အဲ့တာကို ကြားတော့ သူ့ကိုယ်သူ ကောင်းကောင်းမွန်မွန် နေဖို့ ကြိုးစားနေတဲ့ ဖုန့်ရှီက ရုတ်တရက် အလန့်တကြား အော်လိုက်တယ်၊ "တစ်ကောင်တည်း? ကျွန်တော် အနာဂတ်မှာ ဒဏ္ဍာရီလာ သားရဲနဲ့ ရင်ဆိုင်တိုးမိမယ်ဆိုရင် ဘယ်လိုလုပ်မလဲ?"

ဖုန့်ရှီက သူ့ခေါင်းဆောင် သူ့ကို ဒဏ္ဍာရီလာ သားရဲတစ်ကောင် ရှာပေးမယ်ပြောထားတာကို သူ မမေ့ဘူး။ သူအခုတော့ ဒဏ္ဍာရီလာ သားရဲရဲ့ ရှားပါးအဖိုးတန်မှုကို သူ သိရှိပြီးဖြစ်တယ်၊ သူ တစ်ကောင်တော့ တကယ်လိုချင်တယ်။ အထွတ်အမြတ်ကလပ်စင်ပေါ်မှာ များပြားလှတဲ့ မိစ္ဆာသားရဲဥတွေ တင်ထားပေမဲ့ စာအုပ်နတ်ဘုရားက ဖုန့်ရှီကို အဲ့ဥတွေထဲမှာ ဒဏ္ဍာရီလာ သားရဲဥ မပါဘူးလို့ ပြောခဲ့တယ်။ အဲ့တာကြောင့် တကယ်လို့ ဖုန့်ရှီက ဒဏ္ဍာရီလာ သားရဲတစ်ကောင်နဲ့ စာချုပ်ချုပ်ဆိုချင်တယ်ဆိုရင် သူ့ခေါင်းဆောင် သူ့အတွက် ဖမ်းပေးဖို့ တောင်းဆိုမှပဲ ရမယ်။ အကျိုးဆက်အနေနဲ့ ဖုန့်ရှီက သူ ဒဏ္ဍာရီလာ သားရဲတစ်ကောင် ပိုင်ဆိုင်နိုင်ဖို့ကိစ္စကို သူ့ခေါင်းဆောင်ကိုပဲ လုံးလုံး ပုံအပ်ထားလိုက်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူပိုင်ဆိုင်နိုင်တဲ့ မိစ္ဆာသားရဲအရေအတွက်က သူ့ရဲ့ စိတ်ဝိညာဉ်စွမ်းအင်နဲ့ ချိတ်ဆက်ပတ်နွယ်နေမယ်လို့ သူလုံးဝ မထင်ထားခဲ့ဘူး။

"ဒါဆို မင်းရဲ့ စွမ်းအားကို တိုးအောင်လုပ်ဖို့ လိုတယ်။ မိစ္ဆာသားရဲတစ်ကောင်နဲ့ စာချုပ်ချုပ်ဖို့ဆိုတာ စိတ်ဝိညာဉ်စွမ်းအင် အမြောက်အများ လိုအပ်တယ်။ လုံလောက်တဲ့ စိတ်ဝိညာဉ်စွမ်းအင် မရှိဘူးဆိုရင် မိစ္ဆာသားရဲက သူ့ဖာသူ မင်းဆီရောက်လာခဲ့ရင်တောင်မှ မင်း အဲ့မိစ္ဆာသားရဲနဲ့ စာချုပ်ချုပ်နိုင်မှာ မဟုတ်ဘူး။" ဘုရင်ကြီးမျက်လုံးထဲ နောက်ပြောင်ကျီစယ်လိုတဲ့ အရိပ်အမြွက် ပေါ်လာတယ်။

"ကျွန်တော် လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ ကျွန်တော့ရဲ့ ကျင့်ကြံမှုကို တိုးအောင်လုပ်ခဲ့သေးတယ်လေ၊ အခု ကျွန်တော် ထပ်ပြီးလုပ်ရဦးမှာလား?"

မနှစ်မြို့တဲ့မျက်နှာနဲ့ ဖုန့်ရှီက မေးလိုက်တယ်။ ဒါပေမဲ့ သူက ဒဏ္ဍာရီလာ သားရဲတစ်ကောင် ပိုင်ဆိုင်ဖို့ အကြံကိုတော့ လက်လျော့ဖို့ လုံးဝ ဆန္ဒမရှိပေ။

"တခြားသူတွေက မင်းကို နင်းခြေတာကို မင်းမလိုချင်ဘူးဆိုရင် လုပ်ရမယ့်တစ်ခုတည်းသောအရာက စွမ်းအားပိုကြီးအောင် လုပ်ဖို့ပဲ။" ဘုရင်ကြီးက ခဏဆိုင်းလိုက်ပြီးနောက် ပြောလိုက်ပြန်တယ်၊ "မင်းရဲ့ နောက်လိုက်အပေါင်းအသင်းတွေအပေါ် မင်း သေချာပေါက် မှီခိုနိုင်တယ်၊ ဒါပေမဲ့ အဲ့တာကို အကျင့် ဖြစ်မသွားစေနဲ့၊ ဘာလို့လည်းဆိုတော့ အကြိမ်များလာရင် အဲ့အကျင့်က မင်းရဲ့ ပျက်ဆီးခြင်းကို ဆိုက်စေနိုင်တဲ့ အားနည်းချက် ဖြစ်လာလိမ့်မယ်။"

"ကျွန်တော် သဘောပေါက်ပါပြီ။" ဖုန့်ရှီက အကူအညီမဲ့စွာ ပုခုံးတွန့်လိုက်တယ်။

သူ အရင်ဘဝတုန်းက အဲ့တာကို အတော်များများ ကြုံတွေ့ခံစားခဲ့ဖူးတာကြောင့် အဲ့တာကို သူ ကောင်းကောင်း နားလည်သဘောပေါက်တယ်။ ဒါပေမဲ့ လောလောဆယ်မှာတော့ သူက သက်တောင့်သက်သာ နေနေရပြီး လောကကြီး ဘယ်လိုတောင် ရက်စက်ကြမ်းကြုတ်သလဲဆိုတာတောင် သူ မေ့လုလုဖြစ်နေပြီဖြစ်တယ်။ တကယ်တော့ ဘုံသုံးဘုံဟာ ဖုန့်ရှီနေထိုင်ခဲ့ဖူးတဲ့ ငှက်တောင်စိမ်းနိုင်ငံတော်ထက်ပိုပြီး ထူးဆန်းတယ်၊ ဘာလို့လည်းဆိုတော့ ဘုံသုံးဘုံက လူတိုင်းက အခိုင်အမာ ယုံကြည်ကြတာက သန်မာတဲ့သူပဲ ရှင်သန်နိုင်မယ်ဆိုတာပဲ ဖြစ်တယ်။

"မနက်ဖန် မင်း အကဲဖြတ်မှု ဒုတိယစာမေးပွဲ ဖြေဆိုရလိမ့်မယ်။ အသင်းက မင်းရဲ့ တိုက်ရည်ခိုက်ရည်နဲ့ အတွေ့အကြုံကို စစ်ဆေးလိမ့်မယ်။ မင်းရဲ့ မိစ္ဆာသားရဲကို မင်းနဲ့အတူ ယူသွားခွင့် ရမှာမဟုတ်ဘူး၊ အဲ့တာကြောင့် ပြိုင်ပွဲကို မင်းဖာသာမင်းပဲ အနိုင်ရအောင် လုပ်ရလိမ့်မယ်။ ကိုယ်တော် မင်းကို စာမေးပွဲအောင်မြင်အောင် ကူပေးလိုက်မယ်ဆိုရင် မင်းရဲ့အနာဂတ်အတွက် ကောင်းကျိုးဖြစ်မှာမဟုတ်ဘူး။ အဲ့တာကြောင့် မင်း ကိုယ့်အစွမ်းအစနဲ့ကိုယ် အခြားသူတွေရဲ့ အသိအမှတ်ပြုမှုကို ရယူစေချင်တယ်!"

အဲ့တာက ဒီလောကရဲ့ စစ်မှန်တဲ့ အခြေခံစည်းမျဉ်း ဥပဒေသ ပါပဲ။

ဘုရင်ကြီးက သူ ဖန်လုံအိမ်ထဲက ပန်းတစ်ပွင့်အနေနဲ့ ကြီးပြင်းလာခဲ့တယ်ဆိုရင်တောင် စိတ်မရှိဘူး။ ဒါပေမဲ့ ဒီကောင်လေး သူ့ဖာသာသူ ကာကွယ်နိုင်စွမ်းရှိတာကို သူ မျှော်လင့်တယ်။ အဲ့တာကြောင့် ဘုရင်ကြီးက ကောင်လေးကို ကောင်လေးမလုပ်ချင်တဲ့အရာတွေ လုပ်ဖို့အတွက် အမြဲ တွန်းအားပေးနေခဲ့တာပဲဖြစ်တယ်။

"အဲ့ဒီတော့?" ဖုန့်ရှီက သူ့ခေါင်းကို ကုတ်လိုက်တယ်၊ ဘုရင်ကြီးရဲ့ စကားလုံးအဓိပ္ပါယ်က ဒီ့ထက်ပိုလေးနက်နေမှန်း ခံစားလို့ရနေတယ်။

"ကိုယ်တော် ဦးလေးဖြူကို အဝင်လာခိုင်းလိုက်မယ်။ မင်း သူနဲ့တိုက်ရလိမ့်မယ်၊ ပြီးရင် မင်းရဲ့ တိုက်ခိုက်နိုင်စွမ်းအကို ကိုယ်တော် မင်းကို ရှင်းရှင်းလင်းလင်း ပြောပြပေးမယ်!"

"..." ဒါ ပထမဆုံးအကြိမ်အနေနဲ့ သူ့ခေါင်းဆောင်ရဲ့ နူးညံ့တဲ့အသံက မိစ္ဆာတစ်ကောင်ရဲ့ တီးတိုးပြောလိုက်သံအလား သူ့ခေါင်းထဲ တည့်တည့် ရိုက်ခတ်သွားသလို ခံစားလိုက်ရတော့တယ်။

20211104; 2134

—————————— Zawgyi —————————

အပိုင္း ၇၃။ ဦးေလးျဖဴႏွင့္ တိုက္ခိုက္ျခင္း

ေကာင္ေလးက သူ႔ကိုယ္ေပၚမွာ ကေလးေလးတစ္ေယာက္လို ေနေနတာကို ဘုရင္ႀကီးက ျမင္ေတာ့ ေကာင္ေလးရဲ့ ႏူးညံ့တဲ့ဆံႏြယ္ေတြကို ပြတ္လိုက္ၿပီး ေယာင္ေယာင္ေလးျပဳံးကာ ေပါ့ေပါ့ပါးပါး ေမးလိုက္တယ္၊

"ၿပီးခဲ့တဲ့ ရက္ေတြတုန္းက စိုစြတ္ကုန္းေျမမွာ ေနရတာ ဘယ္လိုခစားရလဲ?"

အဲ့တာကို ၾကားေတာ့ ဖုန္႔ရွီက မ်က္လုံးေတြ ေတာက္ပသြားၿပီး စိုစြတ္ကုန္းေျမမွာ ျဖစ္ပြါးခဲ့တာေတြကို ကြင္းကြင္းကြက္ကြက္ ေျပာျပေတာ့တာပဲ။

အင္းေပါ့၊ ေကာင္းကင္ၿဖိဳဖ်က္သားရဲရဲ့ လိုက္ဖမ္းတာကို ခံရတဲ့အပိုင္းေတြကိုေတာ့ သူေက်ာ္ခဲ့တယ္၊ သူဂုဏ္ယူရတဲ့ အခ္ိုက္အတန္႔အေၾကာင္းေတြပဲ ဘုရင္ႀကီးကို ေျပာျပလိုက္တယ္။ ဖုန္႔ရွီရဲ့ ဇာတ္လမ္းက အရမ္းကို အသက္ရွုမွားေလာက္ဖြယ္ေပၚေနေပၿပီး ဖုန္႔ရွီ ပုံေျပာဘယ္ေလာက္ေကာင္းမွန္း သက္ေသျပေပးေနတယ္။

စိုစြတ္ကုန္းေျမခရီးစဥ္က ဖုန္႔ရွီအတြက္ ပထမဆုံး စြန္႔စားခရီးလည္းျဖစ္ၿပီး ဘုရင္ႀကီး အထင္ႀကီးတာကို သူ တကယ္ခံခ်င္တယ္။

တကယ္လို႔ ဖုန္႔ရွီက စိုစြတ္ကုန္းေျမမွာ သူ႔တာဝန္ကို ၿပီးေျမာက္ေအာင္ျမင္ခဲ့တယ္ဆိုရင္ ဘုရင္ႀကီးက သူ႔ကို ရဲရင့္ၿပီး အစြမ္းရွိတဲ့ေကာင္ေလးတစ္ေယာက္အေနနဲ႔ ထင္သြားမွာျဖစ္ၿပီး အနာဂတ္မွာ သူ႔ကို အျပင္ လြတ္လြတ္လပ္လပ္ ေပးလႊတ္လိမ့္မယ္။ အဲ့တာဆို ဖုန္႔ရွီက ျပင္ပကမၻာမွာ လြတ္လပ္တဲ့ဘဝနဲ႔ ေပ်ာ္ရႊင္နိုင္မွာျဖစ္ၿပီး သူ႔ေခါင္းေဆာင္နဲ႔ ဦးေလးျဖဴရဲ့ အနီးကပ္ေစာင့္ၾကည့္တာ ခံရေတာ့မွာမဟုတ္ေတာ့ဘူး။

အခု သူ႔ရဲ့ လွပတဲ့အနာဂတ္ကို စိတ္ကူးယဥ္အိမ္မက္ပဲ မက္ေနနိုင္တယ္။ တကယ္တမ္းေတာ့ ဖုန္႔ရွီက သူ႔လြတ္လပ္ခြင့္ ရဖို႔အတြက္ ႐ုန္ကန္ဖို႔ လိုေနေသးဆဲပဲ ျဖစ္တယ္။

ဘုရင္ႀကီးက ေကာင္ေလး ဇာတ္လမ္းတစ္ခုလုံးကို ကြက္ကြက္ကြင္းကြင္း အားႀကိဳးမာန္တက္ ေျပာေနတာကို ျမင္ကတည္းက ေကာင္ေလးရဲ့ တကယ့္ရည္ရြယ္ရင္းကို သိၿပီးျဖစ္တယ္။ ဒါေပမဲ့ စကားေတြ ဒလစပ္ေျပာေနတဲ့ ေကာင္ေလးနဲ႔ ဆန္႔က်င္စြာ ဘုရင္ႀကီးက ဘာမွမေျပာဘဲ တည္ၾကည္တဲ့ဟန္ မ်က္ႏွာေပးနဲ႔ ခုံေပၚမွာ မတ္မတ္ထိုင္ၿပီး ေကာင္ေလးရဲ့ ဆံႏြယ္ေတြကိုပဲ သပ္ေပးေနတယ္။

ဖုန္႔ရွီက သူ မိစၧာသားရဲတစ္ေကာင္ကို ဘယ္လိုခယေအာင္ လုပ္လိုက္လဲဆိုတာ ေျပာေနတဲ့အခ်ိန္မွာ သူ႔ပိုပိုၿပီး မ်က္ႏွာပူလာရတယ္။ ဒါေပမဲ့ သူ႔မ်က္ႏွာအမူအယာကေတာ့ အရင္ကထက္ေတာင္ ပိုစိတ္လွုပ္ရွားလာေသး။

ဘုရင္ႀကီး ႏွုတ္ခမ္းေကြးလိုက္ၿပီး အေစခံအမွုထမမ္း လာဆက္သထားတဲ့ စားပြဲေပၚကသစ္သီးကို ေကာက္ယူလိုက္ကာ ေကာင္ေလးကို ေပးလိုက္တယ္။

သူအလိုအပ္ဆုံးအရာကို သူ႔ေခါင္းေဆာင္က သူ႔ကို ေပးလိုက္တာကို ျမင္ေတာ့ ဖုန္႔ရွီက တုန္႔ဆိုင္းမွုမရွိဘဲ စားလိုက္တယ္။ သစ္သီးအခ်ိိုရည္က သူ႔လည္ေခ်ာင္းထဲ ေလ်ာဆင္းသြားၿပီး အာေခါင္ေျခာက္ၿပီးေရဆာတာ ေနာက္ဆုံးေတာ့ ေရငတ္ေျပသြားတယ္။

"အဲ့မေကာင္းဆိုးဝါး သစ္သားႀကီးက အရမ္း ဉာဏ္နီဉာဏ္နက္မ်ားၿပီး ကၽြန္ေတာ့ကို ျပင္းျပင္းထန္ထန္ ျပန္တိုက္ဖို႔ သူ႔အကိုင္းအခတ္ေတြကို ေျမႀကီးထဲ ဝွက္ထားတယ္။ ကံေကာင္းတာက ကၽြန္ေတာ္က လက္သီးတစ္ခ်က္တည္းနဲ႔ သူ႔ကို အနိုင္ယူနိုင္ေလာက္ေအာင္ ျမန္ဆန္ေနလို႔သာ။ အဲ့တာက အရမ္း႐ုပ္ဆိုးတာ အေတာ္ဆိုးတယ္၊ မဟုတ္ရင္ သူက ကၽြန္ေတာ့ရဲ့ ေနာက္အေဖာ္တစ္ေယာက္ျဖစ္လာမွာ။

ဖုန္႔ရွီက တကယ့္အစစ္အမွန္အတိုင္း ေျပာေနၿပီး သူ႔ေခါင္းကို ခါလိုက္ရင္း တခ်ိန္တည္းမွာပဲ သက္ျပင္းခ်လိုက္တယ္။

ဖုန္႔ရွီ ထိုးလိုက္တဲ့လက္သီးက သာမာန္လက္သီးမဟုတ္ဘူး။ ဖုန္႔ရွီက ကာရံလက္သီးကိုးခ်က္နဲ႔ မေကာင္းဆိုးဝါး သစ္သားနဲ႔ တိုက္တုန္းက ဟိုတစ္ေကာင္ရဲ့မ်က္ႏွာကို လက္သီးတိုက္ရိုက္ထိသြားတယ္။ အင္းေပါ့ အဲ့ေတာ့မွေတာ့ ႐ုပ္ဆိုးသြားၿပီေပါ့။ ဒါေပမဲ့ အဲ့တာက ဖုန္႔ရွီ အျခားသူနဲ႔ ပထမဆုံး တိုက္ဖူးျခင္းပဲ၊ သူ အဲ့အခ်ိန္တုန္းက သုတ္သီးသုတ္ျပာ ျဖစ္ေနတယ္၊ ဒါေပမဲ့ အဲ့တာကိုေတာ့ ဘုရင္ႀကီးကို သူ ေျပာျပမွာမဟုတ္ဘူး။

ေကာင္ေလး ေလျမဴခိုးျမက္ ရွာေဖြတဲ့တေလ်ာက္လုံး ျဖစ္ပ်က္ခဲ့သမၽွအဲ့အရာေတြ အားလုံးကို ဘုရင္ႀကီးက ေရခဲေၾကးမုံကေနတဆင့္ ျမင္ၿပီးျဖစ္တယ္။ အဲ့တာေၾကာင့္ ဖုန္႔ရွီ သူ႔ကို ဘာမွမေျပာဘူးဆိုရင္ေတာင္မွ ဘုရင္ႀကီးက တိုက္ပြဲဘယ္လိုဆိုတာ ရွင္းရွင္းလင္းလင္း သိတယ္။

"ရွီ"​ ဘုရင္ႀကီးက မ်က္စိဖြင့္လိုက္ၿပီး ဖုန္႔ရွီရဲ့ နာမည္ကို ႐ုတ္တရက္ ေခၚလိုက္တယ္။

"ဟမ္?" ဖုန္႔ရွီရဲ့ လက္ထဲမွာ သစ္သီးအေစ့တစ္ေစ့ပဲ ရွိၿပီး သူက အဲ့တာကို သူ႔ပုခုံးေပၚကေန ေက်ာ္ပစ္ခ်င္ေနတယ္။ ဒါေပမဲ့ ဘုရင္ႀကီးအသံကို ၾကားေတာ့ ေၾကာက္လန္႔ေနာင္တရသြားတယ္။ အဲ့ေနာက္ သူက အေစ့ကို ပန္းကန္ထဲ ထည့္လိုက္ၿပီး ဘုရင္ႀကီးကို ျပဳံးၿပီး ၾကည့္လိုက္တယ္။

"ခုကစၿပီး ေတြ႕ကရာ မိစၧာသားရဲတစ္ေကာင္နဲ႔ စာခ်ဳပ္ ခ်ဳပ္တာေတြ မလုပ္နဲ႔ေတာ့။ လူသားေတြရဲ့ စိတ္ဝိညာဥ္စြမ္းအင္က အကန္႔အသတ္ရွိတယ္။ မင္းရဲ့ လက္ရွိက်င့္ႀကံမွုအေျခခံနဲ႔ဆိုရင္ မင္းက အမ်ားဆုံး မိစၧာသားရဲေလးေကာင္နဲ႔ပဲ စာခ်ဳပ္ခ်ဳပ္နိုင္မွာ။ မင္း သန္မာမလာဘူးဆိုရင္ ေနာက္ထပ္မိစၧာသားရဲတစ္ေကာင္ပဲ စာခ်ဳပ္ထပ္ခ်ဳပ္နိုင္ေတာ့မယ္၊ နားလည္လား?" ဘုရင္ႀကီးက ေကာင္ေလးရဲ့အျပဳအမူကို ေတြ႕ေတာ့ မေနနိုင္ေတာ့ဘဲ ခပ္ေရးေရးေလး ျပဳံးသြားၿပီး အဲ့ဒီ့အေလးအနက္စကားေတြကို ထုတ္ေျပာလိုက္တယ္။

အဲ့တာကို ၾကားေတာ့ သူ႔ကိုယ္သူ ေကာင္းေကာင္းမြန္မြန္ ေနဖို႔ ႀကိဳးစားေနတဲ့ ဖုန္႔ရွီက ႐ုတ္တရက္ အလန္႔တၾကား ေအာ္လိုက္တယ္၊ "တစ္ေကာင္တည္း? ကၽြန္ေတာ္ အနာဂတ္မွာ ဒ႑ာရီလာ သားရဲနဲ႔ ရင္ဆိုင္တိုးမိမယ္ဆိုရင္ ဘယ္လိုလုပ္မလဲ?"

ဖုန္႔ရွီက သူ႔ေခါင္းေဆာင္ သူ႔ကို ဒ႑ာရီလာ သားရဲတစ္ေကာင္ ရွာေပးမယ္ေျပာထားတာကို သူ မေမ့ဘူး။ သူအခုေတာ့ ဒ႑ာရီလာ သားရဲရဲ့ ရွားပါးအဖိုးတန္မွုကို သူ သိရွိၿပီးျဖစ္တယ္၊ သူ တစ္ေကာင္ေတာ့ တကယ္လိုခ်င္တယ္။ အထြတ္အျမတ္ကလပ္စင္ေပၚမွာ မ်ားျပားလွတဲ့ မိစၧာသားရဲဥေတြ တင္ထားေပမဲ့ စာအုပ္နတ္ဘုရားက ဖုန္႔ရွီကို အဲ့ဥေတြထဲမွာ ဒ႑ာရီလာ သားရဲဥ မပါဘူးလို႔ ေျပာခဲ့တယ္။ အဲ့တာေၾကာင့္ တကယ္လို႔ ဖုန္႔ရွီက ဒ႑ာရီလာ သားရဲတစ္ေကာင္နဲ႔ စာခ်ဳပ္ခ်ဳပ္ဆိုခ်င္တယ္ဆိုရင္ သူ႔ေခါင္းေဆာင္ သူ႔အတြက္ ဖမ္းေပးဖို႔ ေတာင္းဆိုမွပဲ ရမယ္။ အက်ိဳးဆက္အေနနဲ႔ ဖုန္႔ရွီက သူ ဒ႑ာရီလာ သားရဲတစ္ေကာင္ ပိုင္ဆိုင္နိုင္ဖို႔ကိစၥကို သူ႔ေခါင္းေဆာင္ကိုပဲ လုံးလုံး ပုံအပ္ထားလိုက္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူပိုင္ဆိုင္နိုင္တဲ့ မိစၧာသားရဲအေရအတြက္က သူ႔ရဲ့ စိတ္ဝိညာဥ္စြမ္းအင္နဲ႔ ခ်ိတ္ဆက္ပတ္ႏြယ္ေနမယ္လို႔ သူလုံးဝ မထင္ထားခဲ့ဘူး။

"ဒါဆို မင္းရဲ့ စြမ္းအားကို တိုးေအာင္လုပ္ဖို႔ လိုတယ္။ မိစၧာသားရဲတစ္ေကာင္နဲ႔ စာခ်ဳပ္ခ်ဳပ္ဖို႔ဆိုတာ စိတ္ဝိညာဥ္စြမ္းအင္ အေျမာက္အမ်ား လိုအပ္တယ္။ လုံေလာက္တဲ့ စိတ္ဝိညာဥ္စြမ္းအင္ မရွိဘူးဆိုရင္ မိစၧာသားရဲက သူ႔ဖာသူ မင္းဆီေရာက္လာခဲ့ရင္ေတာင္မွ မင္း အဲ့မိစၧာသားရဲနဲ႔ စာခ်ဳပ္ခ်ဳပ္နိုင္မွာ မဟုတ္ဘူး။" ဘုရင္ႀကီးမ်က္လုံးထဲ ေနာက္ေျပာင္က်ီစယ္လိုတဲ့ အရိပ္အႁမြက္ ေပၚလာတယ္။

"ကၽြန္ေတာ္ လြန္ခဲ့တဲ့ ရက္အနည္းငယ္ကမွ ကၽြန္ေတာ့ရဲ့ က်င့္ႀကံမွုကို တိုးေအာင္လုပ္ခဲ့ေသးတယ္ေလ၊ အခု ကၽြန္ေတာ္ ထပ္ၿပီးလုပ္ရဦးမွာလား?"

မႏွစ္ၿမိဳ႕တဲ့မ်က္ႏွာနဲ႔ ဖုန္႔ရွီက ေမးလိုက္တယ္။ ဒါေပမဲ့ သူက ဒ႑ာရီလာ သားရဲတစ္ေကာင္ ပိုင္ဆိုင္ဖို႔ အႀကံကိုေတာ့ လက္ေလ်ာ့ဖို႔ လုံးဝ ဆႏၵမရွိေပ။

"တျခားသူေတြက မင္းကို နင္းေျခတာကို မင္းမလိုခ်င္ဘူးဆိုရင္ လုပ္ရမယ့္တစ္ခုတည္းေသာအရာက စြမ္းအားပိုႀကီးေအာင္ လုပ္ဖို႔ပဲ။" ဘုရင္ႀကီးက ခဏဆိုင္းလိုက္ၿပီးေနာက္ ေျပာလိုက္ျပန္တယ္၊ "မင္းရဲ့ ေနာက္လိုက္အေပါင္းအသင္းေတြအေပၚ မင္း ေသခ်ာေပါက္ မွီခိုနိုင္တယ္၊ ဒါေပမဲ့ အဲ့တာကို အက်င့္ ျဖစ္မသြားေစနဲ႔၊ ဘာလို႔လည္းဆိုေတာ့ အႀကိမ္မ်ားလာရင္ အဲ့အက်င့္က မင္းရဲ့ ပ်က္ဆီးျခင္းကို ဆိုက္ေစနိုင္တဲ့ အားနည္းခ်က္ ျဖစ္လာလိမ့္မယ္။"

"ကၽြန္ေတာ္ သေဘာေပါက္ပါၿပီ။" ဖုန္႔ရွီက အကူအညီမဲ့စြာ ပုခုံးတြန္႔လိုက္တယ္။

သူ အရင္ဘဝတုန္းက အဲ့တာကို အေတာ္မ်ားမ်ား ၾကဳံေတြ႕ခံစားခဲ့ဖူးတာေၾကာင့္ အဲ့တာကို သူ ေကာင္းေကာင္း နားလည္သေဘာေပါက္တယ္။ ဒါေပမဲ့ ေလာေလာဆယ္မွာေတာ့ သူက သက္ေတာင့္သက္သာ ေနေနရၿပီး ေလာကႀကီး ဘယ္လိုေတာင္ ရက္စက္ၾကမ္းၾကဳတ္သလဲဆိုတာေတာင္ သူ ေမ့လုလုျဖစ္ေနၿပီျဖစ္တယ္။ တကယ္ေတာ့ ဘုံသုံးဘုံဟာ ဖုန္႔ရွီေနထိုင္ခဲ့ဖူးတဲ့ ငွက္ေတာင္စိမ္းနိုင္ငံေတာ္ထက္ပိုၿပီး ထူးဆန္းတယ္၊ ဘာလို႔လည္းဆိုေတာ့ ဘုံသုံးဘုံက လူတိုင္းက အခိုင္အမာ ယုံၾကည္ၾကတာက သန္မာတဲ့သူပဲ ရွင္သန္နိုင္မယ္ဆိုတာပဲ ျဖစ္တယ္။

"မနက္ဖန္ မင္း အကဲျဖတ္မွု ဒုတိယစာေမးပြဲ ေျဖဆိုရလိမ့္မယ္။ အသင္းက မင္းရဲ့ တိုက္ရည္ခိုက္ရည္နဲ႔ အေတြ႕အၾကဳံကို စစ္ေဆးလိမ့္မယ္။ မင္းရဲ့ မိစၧာသားရဲကို မင္းနဲ႔အတူ ယူသြားခြင့္ ရမွာမဟုတ္ဘူး၊ အဲ့တာေၾကာင့္ ၿပိဳင္ပြဲကို မင္းဖာသာမင္းပဲ အနိုင္ရေအာင္ လုပ္ရလိမ့္မယ္။ ကိုယ္ေတာ္ မင္းကို စာေမးပြဲေအာင္ျမင္ေအာင္ ကူေပးလိုက္မယ္ဆိုရင္ မင္းရဲ့အနာဂတ္အတြက္ ေကာင္းက်ိဳးျဖစ္မွာမဟုတ္ဘူး။ အဲ့တာေၾကာင့္ မင္း ကိုယ့္အစြမ္းအစနဲ႔ကိုယ္ အျခားသူေတြရဲ့ အသိအမွတ္ျပဳမွုကို ရယူေစခ်င္တယ္!"

အဲ့တာက ဒီေလာကရဲ့ စစ္မွန္တဲ့ အေျခခံစည္းမ်ဥ္း ဥပေဒသ ပါပဲ။

ဘုရင္ႀကီးက သူ ဖန္လုံအိမ္ထဲက ပန္းတစ္ပြင့္အေနနဲ႔ ႀကီးျပင္းလာခဲ့တယ္ဆိုရင္ေတာင္ စိတ္မရွိဘူး။ ဒါေပမဲ့ ဒီေကာင္ေလး သူ႔ဖာသာသူ ကာကြယ္နိုင္စြမ္းရွိတာကို သူ ေမၽွာ္လင့္တယ္။ အဲ့တာေၾကာင့္ ဘုရင္ႀကီးက ေကာင္ေလးကို ေကာင္ေလးမလုပ္ခ်င္တဲ့အရာေတြ လုပ္ဖို႔အတြက္ အျမဲ တြန္းအားေပးေနခဲ့တာပဲျဖစ္တယ္။

"အဲ့ဒီေတာ့?" ဖုန္႔ရွီက သူ႔ေခါင္းကို ကုတ္လိုက္တယ္၊ ဘုရင္ႀကီးရဲ့ စကားလုံးအဓိပၸါယ္က ဒီ့ထက္ပိုေလးနက္ေနမွန္း ခံစားလို႔ရေနတယ္။

"ကိုယ္ေတာ္ ဦးေလးျဖဴကို အဝင္လာခိုင္းလိုက္မယ္။ မင္း သူနဲ႔တိုက္ရလိမ့္မယ္၊ ၿပီးရင္ မင္းရဲ့ တိုက္ခိုက္နိုင္စြမ္းအကို ကိုယ္ေတာ္ မင္းကို ရွင္းရွင္းလင္းလင္း ေျပာျပေပးမယ္!"

"..." ဒါ ပထမဆုံးအႀကိမ္အေနနဲ႔ သူ႔ေခါင္းေဆာင္ရဲ့ ႏူးညံ့တဲ့အသံက မိစၧာတစ္ေကာင္ရဲ့ တီးတိုးေျပာလိုက္သံအလား သူ႔ေခါင္းထဲ တည့္တည့္ ရိုက္ခတ္သြားသလို ခံစားလိုက္ရေတာ့တယ္။

20211104; 2134

—————————— Zawgyi —————————

You are reading the story above: TeenFic.Net