62. Suffering Grievance

Background color
Font
Font size
Line height

Please scroll down for Zawgyi font

အပိုင်း ၆၂။ မကျေမခြမ်းဖြစ်ခြင်း

ကမောက်ကမ တိတ်ဆိတ်သွားတယ်။

ရုတ်တရက် ဖုန့်ရှီ ထအော်လိုက်တယ်၊ "အား"
ပြီးတော့ သူ့ခေါင်းကို လက်နဲ့ကာလိုက်ကာ ခုန်လိုက်ရင်း ပြောလိုက်တယ်၊

"သွားပြီ၊ သွားပြီ။ ငါ အခု ဘာလုပ်ရမလဲ? ငါ့ခေါင်းဆောင်နဲ့ ဦးလေးဖြူတို့ ဒီအကြောင်း သိသွားကြရင် ငါတော့ သွားပြီ။​ မင်းတို့နှစ်ယောက် ငါ့ကို နည်းလမ်း အခုစဉ်းစားပေးကြဦး!"

စာအုပ်နတ်ဘုရားနဲ့ ကံဆိုးမှုနတ်ဘုရားတို့ ဘာလုပ်ရမှန်းမသိဘဲ အချင်းချင်း ကြည့်လိုက်ကြတယ်။ တကယ်တော့ ဖုန့်ရှီ စာရင်းသွားသွင်းတဲ့အချိန်မှာ ဒီလိုမတော်တဆမှုမျိုး ဖြစ်လိမ့်မယ်ဆိုတာ သူတို့ ကြိုသိနေကြတယ်။ အဲ့တာကြောင့် ဖုန့်ရှီကို သတိပေးဖို့ သူတို့ အမြဲ သတိထားနေခဲ့ကြတယ် ဒါပေမဲ့ ဖြစ်ပျက်ခဲ့တာတွေက သူတို့ထင်ထားတာထက် ပိုနေတော့ သူတို့ကိုယ်တိုင် စာရင်းသွင်းမှတ်ပုံတင်ရမယ့်ကိစ္စကို လုံးဝဥဿုံ မေ့သွားခဲ့ကြတယ်။

ဒါပေမဲ့ ဘယ်လိုပဲဖြစ်ဖြစ် နောင်တရစရာ အကြောင်းမရှိ။ သူတို့က အစိမ်းရောင် ငရဲသားအသင်းသားတွေကို အလုံးစုံ စော်ကားပြီးသွားပြီ။ သူတို့အခု ပြန်သွားချင်တယ်ဆိုရင်တောင် သူတို့ သေလုမျောပါး အတိုက်ခံရလိမ့်မယ်။ ပိုဆိုးတာက အဲ့အချိန်တုန်းက ကြားလိုက်ရတဲ့ မရင်းနှီးတဲ့ အသံကို နတ်ဘုရားနှစ်ပါးက မှတ်မိလိုက်တယ်၊ အဲ့အသံပိုင်ရှင်ဟာ သူတို့ထက် အခြေခံကျင့်ကြံဆင့် မြင့်မားတဲ့သူဆိုတာ သူတို့ခံစားမိလိုက်ကြတယ်၊ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ငါးအထက်မှာရှိတဲ့ ကျင့်ကြံသူပညာရှင်တောင် ဖြစ်နိုင်လောက်တယ်။ အဲ့ကို အခု ပြန်သွားမယ်ဆိုရင် သူတို့ဦးခေါင်း သူတို့ ကြိုးကွင်းစွပ်တာနဲ့ ဘာမှခြားနားမှာမဟုတ်ဘူး။

ဖုန့်ရှီက နတ်ဘုရားနှစ်ပါးရဲ့ မျက်နှာပေါ်က အမူအယာကို မြင်တော့ သူ့ကို သူတို့ ကူညီနိုင်တဲ့အခွင့်အရေး လုံးဝမရှိဘူးဆိုတာ သူသိလိုက်တယ်။ အဲ့နောက် သူ ဝိညာဉ်နဲ့ကိုယ်ခန္ဓာ မကွာဘဲ မနေနိုင်တော့။

အခုလောလောဆယ် ဖုန့်ရှီစိတ်ထဲရှိတဲ့ တစ်ခုတည်းသောအရာက သူ့ခေါင်းဆောင် သူ့ကိုပေးမယ့်အပြစ်ကို ဘယ်လို လျော့နည်းအောင်လုပ်ရမလဲဆိုတာပါပဲ။

"သခင်၊ တကယ်တော့၊ နည်းလမ်းတစ်ခုတော့ရှိတယ်။ ဒါပေမဲ့ အကောင်အထည်ဖော်ဖို့တော့ နည်းနည်းခက်မယ်။" စာအုပ်နတ်ဘုရားက ရုတ်တရက် ပြောလိုက်တယ်။

ဖုန့်ရှီရဲ့ မျက်လုံးတွေ တောက်ပသွားပြီး မေးလိုက်တယ်၊

"အဲ့တာဘာလဲ?"

ဖြေရှင်းဖို့နည်းလမ်း တစ်ခုခုရှိတာက ဘာမှမရှိတာထက်စာရင် တော်သေးတယ်။ သူ့ခေါင်းဆောင်ရဲ့ အကျယ်ချုပ် သူ ကျခံစရာမလိုမချင်း ဖုန့်ရှီ ဘယ်လိုစိန်ခေါ်မှုမျိုးမဆို သူယူလိုတယ်။ ပိုဆိုးတာက သူ့ခေါင်းဆောင်က သူ့ကို အစိမ်းရောင်ငရဲသား အမဲလိုက်အဖွဲ့ကို ဝင်ခွင့်မပြုမှာကို သူစိုးရိမ်တယ်။ သူ့လွတ်လပ်မှုရဲ့ တစ်ခုတည်းသော အာမခံချက်ကို သူ မစွန့်စားနိုင်ဘူး။

"ကျွန်တော် ဒါမှမဟုတ်​ ကံဆိုးမှုနတ်ဘုရားက အစိမ်းရောင် ငရဲသား အသင်းထဲကို ခိုးဝင်မယ်၊ ပြီးတော့ လျောက်လွှာပေါ်မှ သခင့်နာမည်ကို ဘယ်သူမှမသိအောင် ရေးမယ်။ အဲ့တာဆို ပြဿနာဖြေရှင်းပြီး ဖြစ်မယ်။ သခင့်နာမည် စာရင်းသွင်းမှတ်ပုံတင်ပြီးသွားပြီဆိုတာနဲ့ သခင်က အကဲဖြတ်မှုကို တက်ရောက်နိုင်မှာ အသေအချာပဲ။ ဒါပေမဲ့ အစိမ်းရောင်ငရဲသား အသင်းထဲမှာ ကျွန်တော်နဲ့ ကံဆိုးမှုနတ်ဘုရားတို့ထက် ပိုပြီး စွမ်းအားကြီးတဲ့ ကျွမ်းကျင်ပညာရှင် တစ်ဦးရှိနေတယ်။ သူ ကျွန်တော်တို့ကို တွေ့သွားမှာ ကျွန်တော် ကြောက်တယ်။ အဲ့လိုသာဆိုရင် အကျိုးဆက်က တကယ်ကို ပိုပြင်းထန်သွားမှာဖြစ်ပြီးတော့ ကျွန်တော်တို့ရဲ့ အခြေအနေတွေဟာလည်း ပိုဆိုးဝါးသွားမှာဖြစ်တယ်။" မျက်ခုံးကျုံ့ထားတဲ့ စာအုပ်နတ်ဘုရားက သူ့မျက်နှာသေးသေးလေးပေါ်မှာ အလေးအနက်မူဟန်အပြည့်နဲ့ ပြောလိုက်တယ်။

"ငါတို့ သူ့ကို ခေါ်ထုတ်သွားနိုင်မလား?" ဖုန့်ရှီက မျက်လုံးပြူးပြီး ပြောလိုက်တယ်၊ သူ အရှုံးမပေးချင်ဘူးလေ။

"ရတယ်၊ အဲ့လို လုပ်နိုင်တယ်။ ဒါပေမဲ့ ဘယ်သူက အဲ့တာဝန် ယူမှာလဲ?"

စာအုပ်နတ်ဘုရားက အရေးအကြီးဆုံး ကိစ္စကို ပြောလိုက်တယ်။ သူက အစိမ်းရောင် ငရဲသားအသင်းရဲ့ အတွင်းပိုင်းပတ်ဝန်းကျင်ကို သူ အတော် ရင်းနှီးတယ်၊ ဒါဆို သူကတော့ မဖြစ်နိုင်ဘူး။ အဲ့တာကြောင့် စာအုပ်နတ်ဘုရားက ဖုန့်ရှီနဲ့ ကံဆိုးမှုနတ်ဘုရားတို့ကို မျက်လုံးပြူးပြီး စိုက်ကြည့်လိုက်တယ်။

"အင်းပေါ့ ကံဆိုးမှုနတ်ဘုရားလေးပေါ့!" ဖုန့်ရှီက တုန့်ဆိုင်းမှုမရှိဘဲ ရေရွတ်လိုက်တယ်။ ဒါပေမဲ့ တစ်ခုခုကို အမြန် သတိရသွားပြီး စာအုပ်နတ်ဘုရားကို စူးစူးရဲရဲကြည့်လိုက်ရင်း ပြောလိုက်တယ်၊ "ငါဖြစ်သင့်တယ်လို့ မင်းထင်နေတာလား?"

"ဟားဟား၊ ဘယ်ဟုတ်ပါ့မလဲ။" ထွင်းဖောက်မြင်ခံလိုက်ရတဲ့ စာအုပ်နတ်ဘုရားက အမ်းတမ်းတမ်း ရီလိုက်တယ်။

"အဲ့တာဆို ဖြေရှင်းပြီးပြီ။ ကဲ ကံဆိုးမှုလေးရေ အဲ့လူကို အပြင်ခေါ်ထုတ်လာလိုက်တော့။ ငါ မင်းကို အပြင်မှာ လာကူပေးမယ်။" ဖုန့်ရှီက ကံဆိုးမှုနတ်ဘုရားရဲ့ ရွေးချယ်နိုင်ခွင့်အခွင့်အရေးကို လျစ်လျူရှုပြီး ဆုံးဖြတ်ချက် တိုက်ရိုက်ချလိုက်တယ်။ သူ့အသံက အလေးအနက်ဟန် ပေါက်နေပေမဲ့ နတ်ဘုရားနှစ်ပါးကတော့ မကျေမချမ်းနဲ့ သူဆီ မျက်လုံးလှန်ကြည့်လိုက်ကြတယ်။

'သိပ်ကောင်းတဲ့စကားလုံးတွေပဲ! တကယ်ပဲ ငါတို့ကို အစစ်အမှန် ကူပေးမယ့်ပုံနဲ့!' နတ်ဘုရားနှစ်ပါးက ပြောလိုက်တယ်။ ဒါပေမဲ့ ကောင်လေးက သူတို့သခင် ဖြစ်တဲ့အတွက် သူတို့ကံကြမ္မာ ဘယ်လိုပဲဖြစ်ဖြစ် လက်ခံရမှာပဲဖြစ်တယ်။

နောက်ဆုံးတော့ သူတို့သုံးယောက် ပူးပေါင်းလုပ်ဆောင်ဖို့ ဆုံးဖြတ်လိုက်ကြတယ်။ အစိမ်းရောင် ငရဲသားအသင်း ခန်းမထဲက လူအုပ်ကြီး လူစုခွဲလိုက်ကြတဲ့အချိန်မှာ ကံဆိုးမှုနတ်ဘုရားက ခန်းမထဲ တိတ်တဆိတ် ခိုးဝင်သွားတယ်။

ကျွမ်းကျင်ပညာရှင်ရဲ့ အာရုံကို ရယူဖို့လိုအပ်တဲ့အတွက် သူဝင်ဝင်ချင်းမှာပဲ စပြီး မွှေတော့တယ်။ သူ့ကိုယ်ထဲက ကံဆိုးမှုပညာရပ်တွေကို ထုတ်လွှတ်ပြီး အစိမ်းရောင် ငရဲသား အသင်း ခန်းမရဲ့ နေရာအနှံ့ကို ပို့လိုက်တယ်။ အချို့ ကံဆိုးမှုပညာရပ်တွေက လေထုထဲက သဘာဝစွမ်းအင်နဲ့တောင် ပေါင်းစပ်သွားတယ်။ အဲ့လေထုကို ရှုရှိုက်မိလိုက်ကြတဲ့ ဘယ်ကျင့်ကြံသူမဆို ကံဆိုးသွားမှာ ဖြစ်တယ်။ သူတို့ ဘယ်လောက်အတိုင်းအတာအထိ ကံဆိုးသွားမလဲဆိုတာ တစ်ယောက်နဲ့တစ်ယောက် မတူကြဘူး!

အကျိုးဆက်အနေနဲ့ အစိမ်းရောင် ငရဲသားအသင်းက အချိန်တိုအတွင်းမှာပဲ ကသောင်းကနင်း ဖြစ်သွားကုန်ကြတယ်။ အဲ့မှာ ကံဆိုးမှုတွေ တစ်ခုပြီး တစ်ခု ဆက်တိုက် ဖြစ်နေပြီး ရပ်တန့်သွားမယ့်အလားအလာ မရှိသလို ပုံစံ ပေါက်နေတယ်။

တချို့က သတိလက်လွတ် ချော်လဲတယ်၊ တချို့က ရေတွင်းထဲ ပြုတ်ကျတယ်၊ တချို့က သူတို့ကျင့်ကြနေတုန်းမှာ ရင်ဘတ်ထဲက နာကျင်ခံစားလာကြရတယ်၊ တချို့က ကျင့်ကြံမှုနည်းလမ်း မှားယွင်းသွားကြတယ်၊ တချို့က ရေထဲ မွမ်းပြီး သေလုမတတ် ဖြစ်သွားကြတယ်။ အဓိပ္ပါယ်မရှိဆဒ့းအရာကတော့ နတ်ဘုရားဘုရင်နယ်ပယ် ကျွမ်းကျင်သူတွေက လမ်းလျောက်နေရင်း မြေကြီးပေါ် လဲကျတယ်။ ဒါ အစိမ်းရောင် ငရဲသားအသင်းအတွက် အရှက်ကွဲမှုတစ်မျိုးပဲ။

တစ်ခါမတော်တဆဆို မထူးဆန်းဘူး။ ဒါပေမဲ့ မတော်တဆမှုတွေ အများကြီး အတူတူ ဖြစ်လာတယ်ဆိုတာ တစ်စုံတစ်ယောက်ရဲ့ အကွက်ကျကျ အလုပ်ခံရလို့ ဖြစ်လာတာပဲ ဖြစ်ရမယ်။

တိမ်မည်းကြီးက အစိမ်းရောင် ငရဲသားအသင်းအပေါ်မှာ အုပ်မိုးနေတယ်။ လူတိုင်းက မျက်နှာတွေ သုန်သုန်မှုန်မှုန် ဖြစ်နေကြတယ်။ လူတော်တော်များများက မျက်လုံးစောင်းစောင်းနဲ့လူကို ကြည့်နေကြတယ်၊ အဲ့တစ်ယောက်က သူတို့ဆီ ကံဆိုးမှုတွေ ပေးလိုက်တာများလားဆိုပြီးပေါ့။​ မျက်လုံးစောင်းနဲ့လူက သူလည်း ဘာဖြစ်နေတယ်ဆိုတာ မသိတဲ့အတွက် နစ်နာသူအနေနဲ့ မကျေမချမ်း ခံစားရတယ်။

မင်းချင်းယွိရဲ့ မျက်နှာပေါ်က အမူအယာက အရမ်း အုံ့မှိုင်းနေတယ်။ သူ့ရဲ့ ချောမောတဲ့မျက်နှာပေါ်ကနေ ရေတွေ တစ်စက်တစ်စက် ကျနေပြီး သူ့ဘေးမှာက လူတစ်ယောက်က သူ့ကို အဆက်မပြတ် တောင်းပန်နေတယ်။ အဲ့လူက သူ ရေနွေးကြမ်းကို လောင်းထည့်တဲ့အချိန်မှာ သူ့လက် သူမထိန်းနိုင်တော့ဘဲ ဘာကြောင့် ခွက်ထဲက ရေနွေးကြမ်းကို ပက်မိလိုက်မှန်း သူ မသိဘူးဖြစ်နေတယ်။ အဲ့နောက် သူ ဘာမှ မဖြေရှင်းနိုင်တော့ဘဲ ချက်ချင်းပဲ တောင်းပန်လိုက်တယ်။

ကံဆိုးမှုတွေ ဘာလို့ ဆက်တိုက် ဖြစ်နေသလဲဆိုတာ ဘယ်သူမှ အဖြေရှာမရတဲ့အတွက် လူတိုင်းက အစိမ်းရောင် ငရဲသား အသင်း ဥက္ကဌကိုပဲ အကူအညီတောင်းကြရတော့တယ်။

သူတို့ အဲ့တာကို ဆွေးနွေးနေကြတုန်း မျက်လုံးစောင်းစောင်းနဲ့လူက မနေနိုင်တော့ဘဲ ခေါင်းငိုက်စိုက် ကျသွားတော့တယ်။

အစိမ်းရောင် ငရဲသား အသင်းရဲ့ ဥက္ကဌက နန်ကုန်းလီ ဖြစ်တယ်။ သူက မိသားစုကြီးတစ်ခုခုရဲ့ မိသားစုဝင် မဟုတ်ဘူး၊ ဒါပေမဲ့ သူက သူ့စွမ်းအားအတွက် ငရဲမင်းကြီးထံကနေ အသိအမှတ်ပြုမှု ရရှိပြီး ဖြစ်တဲ့အတွက် သူက အစိမ်းရောင် ငရဲသား အသင်းမှာ ရာထူးအလွန် မြင့်တဲ့သူ ဖြစ်တယ်။ အဲ့တာအပြင် သူက စောန အရမ်းအရေးကြီးတဲ့အချိန်တုန်းက မျက်လုံးစောင်းစောင်းနဲ့လူကို ရပ်ဖို့ ပြောလိုက်တဲ့လူပဲ ဖြစ်တယ်။ ဒါပေမဲ့ အဲ့တာပြီးတော့ နန်ကုန်းလီ ထွက်မလာဘူး၊ ဒါ့ကြောင့် လူအားလုံးက သူအခု ဘာကိုတွေးနေလဲဆိုတာ သေချာမသိကြဘူး။

ကံဆိုးမှုနတ်ဘုရားက ချက်ချင်းထွက်ခွါမည့်အစား အစိမ်းရောင် ငရဲသားအသင်းက လူတိုင်းရဲ့ ကျောကို ကပ်လိုက်သွားတယ်။

ဒါပေမဲ့ သူ လေပေါ်ပျံဝဲသွားလိုက်တဲ့အခါမှာ ရုတ်တရက် အားကောင်းတဲ့စွမ်းအားတစ်ခုက သူ့ကို တွန်းနေတာကို ခံစားမိလိုက်ပြီး ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရတယ်။ အဲ့နောက် ကံဆိုးမှုနတ်ဘုရားက နန်ကုန်းလီ နောက်ဆုံးတော့ ပေါ်လာပြီဆိုတာ သိလိုက်တယ်။

ကံဆိုးမှုနတ်ဘုရားက နန်ကုန်းလီကို တုန့်ပြန်ဖို့အချိန် မပေး။ ပတ်ပတ်လည်ကို ကံဆိုးမှုတွေ သူ ဖြန့်ပြီးတဲ့အခါ လှည့်လိုက်ပြီး အချိန်တိုအတွင်း ထွက်ပြေးသွားတယ်။

"ရပ်!" နန်ကုန်းလီက အသက်ကြီးကြီးအသံနဲ့ အော်လိုက်တယ်။ ဒါက ကံဆိုးမှုနတ်ဘုရားကို ပြောလိုက်တာဆိုတာ အသိသာကြီး။

ဒါပေမဲ့ မျက်လုံးစောင်းစောင်းနဲ့လူက ဥက္ကဌ သူ့ကိုပြောတယ်မှတ်ပြီး နည်းနည်းလေးတောင် မလှုပ်ဝံ့။ ထွက်ပြေးချင်စိတ်ကို အတင်းကြိုးစားထိန်းချုပ်ရင်း တုန်တုန်ယင်ယင်နဲ့ သူ ရပ်နေတယ်။

နန်ကုန်းလီက စွမ်းအားကြီးပေမဲ့ ကံဆိုးမှုနတ်ဘုရားက အစွမ်းကုန် ပျံပြေးသွားတဲ့အတွက် ကံဆိုးမှုနတ်ဘုရားကို သူ ချက်ချင်း မဖမ်းနိုင်သေး ဖြစ်နေတယ်။

ဒါပေမဲ့ နန်ကုန်းလီ အစိမ်းရောင် ငရဲသား အသင်းရဲ့ ခန်းမထဲက ထွက်လာတာ သေချာစေဖို့အတွက် ကံဆိုးမှုနတ်ဘုရားက နန်ကုန်းလီ ဖမ်းမိလုလု အကွာအဝေး၊ ဒါပေမဲ့ သူလည်း လွတ်လောက်မယ့်အကွာအဝေးလောက်ကို ထိန်းပြီး ပျံသန်းနေတယ်။ နန်ကုန်းလီ သေချာတွေးဖို့ အချိန်မရဘဲ ကံဆိုးမှုနတ်ဘုရားနောက် ချက်ချင်း ပြေးလိုက်သွားကာ လေလို ပျောက်ကွယ်သွားတယ်။

အခုလေးတင် ဖြစ်သွားတာအရ ကံဆိုးမှုတွေအားလုံးရဲ့ နောက်ကွယ်မှာ တစ်ယောက်ယောက် ရှိနေတယ်ဆိုတာ နောက်ဆုံးတော့ လူတိုင်း နားလည်သွားကြတယ်။

မင်းချင်းယွိက အားလုံးထဲမှာ စိတ်တိုလွန်းပြီး ရှုသိုးသိုးအဖြစ်ဆုံးပဲ ဖြစ်တယ်။ လက်ရှိအခြေအနေတွေနဲ့ မျက်လုံးစောင်းစောင်းနဲ့လူ ဖြစ်သွားခဲ့တာတွေကို စဉ်းစားကြည့်လိုက်တော့ ဒါတွေအားလုံးကို ဘယ်သူလုပ်တာလဲဆိုတာ မင်းချင်းယွိ မှန်းလို့ရသွားတယ်၊

'အဲ့တာ အဲ့ကောင်လေးပဲဖြစ်ရမယ်။ သူကလွဲရင် ဘယ်သူကမှ အစိမ်းရောင် ငရဲသားအသင်းကို အတိုက်အခံမလုပ်ဝံ့ဘူး။'

ဒါပေမဲ့ မင်းချင်းယွိက ဒါဘယ်သူလုပ်တာလဲဆိုတာ သူ သိပြီးသွားပေမဲ့ ဖုန့်ရှီကိုတော့ အပြစ်တင်လို့ မရနိုင်သေးပေ။

လူတော်တစ်ယောက်ဖြစ်တဲ့ မင်းချင်းယွိက တခြားသူတွေအပေါ် ထားတဲ့ သူ့ရဲ့ သဘောထား ထင်ဟပ်နေမှုအပေါ် သူ့ကိုယ်သူ ဂုဏ်ယူတယ်။ သူက တသီးတခြားနေတတ်ပြီး မာနကြီးတယ်ဆိုပေမဲ့ အခြားသူတွေအပေါ် မောက်မာတာက ထက်မြက်တဲ့အရာမဟုတ်ဘူးဆိုတာကို သိဖို့ လုံလောက်တဲ့ပါးနပ်မှုရှိတယ်။ အဲ့တာကြောင့် သူက အမြဲ ပေါ့ပေါ့ပါးပါးရှိတဲ့သူ၊ ဆက်ဆံရလွယ်ကူသူလိုမျိုး ပြုမူသရုပ်ဆောင်တယ်၊ ဒါပေမဲ့ လူတိုင်းနဲ့ အကွာအဝေးတစ်ခုတော့ အမြဲထားတယ်။ အကျိုးဆက်အနေနဲ့ အစိမ်းရောင်ငရဲသားအသင်းမှာ သူ့ဂုဏ်သိက္ခာက နန်ကုန်းလီပြီးရင် သူပဲ၊ သူက ဒုတိယလိုက်တယ်။

အဲ့တာက သူ့ကို လှည့်စားဖို့မဆိုထားနဲ့ လျစ်လျူတောင် မရှုရဲကြရတဲ့ အကြောင်းရင်းပါပဲ။

မင်းချင်းယွိက သူ့မျက်နှာပေါ်က ရေတွေကို မှုန်ကုတ်ကုတ်နဲ့ သုတ်လိုက်တယ်။ သူ့ဒေါသကို သူ အတော်ထိန်းနေရတာ သိသာနေတယ်။ သူ့ကို ဒီလိုမြင်ရတော့ အစိမ်းရောင် ငရဲသားအသင်းက လူတိုင်းကလည်း အတော် စိတ်ဓါတ်ကျသွားကြတယ်။

လူတိုင်း၊ အသက်တောင် မရှုဝံ့တော့ဘဲ၊ အားလုံးက မင်းချင်းယွိကို စိတ်လှုပ်ရှားစွာ ကြည့်နေရင်း သူစကားပြောလာမှာကို စောင့်နေကြတယ်။

"ဒဏ်ရာမရတဲ့သူတွေက ဒီမှာနေပြီး ရှုပ်ပွနေတာတွေကို သန့်ရှင်းရေးလုပ်ကြ။ တခြားသူတွေက ဘယ်သူတွေများ တနေရာရာမှာ ဒဏ်ရာအနာတရ ဖြစ်နေကြသလဲဆိုတာ သွားစစ်ဆေးကြ။" မင်းချင်းယွိက အဲ့တာကို ရှု့သိုးသိုးအသံနဲ့ ပြောပြီးနောက် ချက်ချင်းပဲ ထရပ်လိုက်ပြီး တစ်ယောက်ကိုတစ်ယောက် ဇဝေဇဝါကြည့်နေကြတဲ့လူတွေ အားလုံးကို ထားခဲ့လိုက်ကာ ခန်းမထဲကနေ ထွက်သွားလိုက်တယ်။

မင်းချင်းယွိရဲ့ တုန့်ပြန်ချက်က လူတိုင်း မျှော်လင့်ထားတာထက် ကျော်လွန်နေတယ်။ အရင်တုန်းက ဒီလိုမျိုး ဖြစ်ရပ်မျိုး ဖြစ်ခဲ့ရင် အစိမ်းရောင် ငရဲသား အမဲလိုက်အဖွဲ့ ခေါင်းဆောင်က သေချာပေါက် ဒေါသချောင်းချောင်းထွက်မှာပဲ။ ဒါပေမဲ့ ဒီနေ့တော့ မင်းချင်းယွိက အတော် ကွဲကွဲပြားပြား ပြူမူတယ်။ သူ့မျက်နှာပေါ်က အမူအယာက သူ ဒေါသတွေ အငွေ့ပျံမတတ် ထွက်နေတာကို သိနိုင်ပေမဲ့ ထူးဆန်းစွာပဲ ဘာတစ်ခွန်းမှ မထွက်မိအောင် သူ့လျာကို သူ ထိန်းထားတယ်။ အဲ့မှာရှိတဲ့လူတွေထဲက ပါးနပ်သူအချို့ကတော့ အဲ့တာကို အတော်ကြာကြာကတည်းက သိမြင်ပြီးဖြစ်ပေမဲ့ သူတို့ခေါင်းဆောင်ရဲ့ စိတ်ထဲ ဘာရှိနေသလဲဆိုတာ ဘယ်သူမှ မသိကြသေးပေ။

အဲ့အချိန်မှာ တစ်ယောက်က မြေကြီးပေါ်က လျောက်လွှာကို ကောက်ယူလိုက်တယ်။

အဲ့လူကတော့ လျောက်လွှာစာရွက်ပေါ်မှာရှိတဲ့ လူတွေအားလုံးရဲ့ အမည်ကို ရေးမှတ်ရတဲ့ တာဝန်ရှိဝန်ထမ်းတစ်ဦး ဖြစ်တယ်။ သူ့မှတ်ဉာဏ်က သိပ်အကောင်းကြီးမဟုတ်ပေမဲ့ နောက်ဆုံး မှတ်ပုံတင် စာရင်းသွင်းသူက ယန်းသင်ထျန်းလို့ခေါ်တဲ့ လူတစ်ယောက်ဆိုတာတော့ သူ မှတ်မိတယ်။ ဒါပေမဲ့ သူ လျောက်လွှာစာရွက်ကို တစ်ချက်ကြည့်လိုက်တော့ လျောက်လွှာစာရွက် အောက်ဆုံးမှာက 'ဖုန့်ရှီ' ဆိုတဲ့အမည်ကို သူတွေ့လိုက်ရတယ်။ ဒါပေမဲ့ သူ အဲ့နာမည် ရေးမှတ်လိုက်တာကို လုံးဝ မမှတ်မိဘူးဖြစ်နေတယ်!

အကျိုးဆက်အနေနဲ့ ဖြစ်ညှစ်အလုပ်ပေးပြီးနောက် အဖြေရှာမရဖြစ်နေဆဲပဲဖြစ်တာကြောင့် သူ့ခေါင်းကို ထုလိုက်ပြီး ခုလေးတင်ဖြစ်သွားတာတွေကြောင့် သူ့မှတ်ဉာဏ် ပျောက်ဆုံးသွားတာကိုပဲ သူ အပြစ်တင်လိုက်တော့တယ်။ လျောက်သူတစ်ဦး တိုးသည်ဖြစ်စေ မတိုးသည်ဖြစ်စေ သူ့အတွက် ဘာမှ မထူးခြားတဲ့အတွက် နောက်ဆုံးတော့ အဲ့လူက အများကြီး တွေးနေတာတွေ ရပ်လိုက်တယ်။

ဒါပေမဲ့ ဖုန့်ရှီရဲ့ နာမည်အောက်က နေရာက ဘာမိတ်ဆက်ထားတာမှ မရှိဘဲ အလွတ်ကြီးဖြစ်နေတယ်ဆိုတာ သူ သတိမပြုမိလိုက်ဘူး။

ကောင်းကင်ထွတ်ထိပ်နန်းတော်ထဲမှာ ငရဲမင်းကြီးက သလင်းစားပွဲခုံ အရှေ့မှာ ထိုင်နေတယ်။ သူ့ရှေ့က ပုံက အစိမ်းရောင် ငရဲသား အသင်းမှာ ဖြစ်ပျက်ခဲ့တာတွေကို တောက်လျောက် ပြသနေတယ်၊ ဖုန့်ရှီ သူများကို လှည့်စားတာတွေရော၊ လျောက်လွှာစာရွက်မှာ ခွင့်ပြုချက်မရဘဲ ပြောင်းလဲတာတွေရောအပါအဝင်ပေါ့။ ဒါပေမဲ့ ဘုရင်ကြီးက ဝန်ထမ်းလက်ထဲက လျောက်လွှာစာရွက်ကို မြင်တော့ မျက်မှောင်ကြုတ်သွားပြီး သူ့ရဲ့ ကျောက်စိမ်းလိုလှပတဲ့လက်ချောင်းလေးတွေကို လေထဲမှာ ဟိုဟိုဒီဒီ လှုပ်ရှားလိုက်တယ်။ အဲ့နောက်  မိတ်ဆက်စာသား အနည်းငယ်ဟာ ဖုန့်ရှီရဲ့ နာမည်အောက်က နေရာလွတ်မှာ ပေါ်လာတယ်။ အဲ့တာပြီးတော့ ဖုန့်ရှီရဲ့ နတ်ဘုရားဘုရင်နယ်ပယ် အဆင့်ကိုးဖြစ်ရမယ့် ကျင့်ကြံဆင့် အစား နတ်ဘုရားဘုရင်နယ်ပယ် အဆင့််ငါးအဖြစ် ပြောင်းသွားတယ်။

ငရဲမင်းကြီးက သူ့လက်ကို တိတ်တဆိတ် ပြန်ရုတ်လိုက်တာနဲ့ ရုပ်ပုံတွေက ဘာမှ မဖြစ်ပျက်ခဲ့သလို ချက်ချင်းပဲ ပျောက်သွားတယ်။

ဦးလေးဖြူက သူ ဘာတစ်ခုမှ မမြင်လိုက်သလို ရှေ့တူရှုကိုပဲ ကြည့်နေတယ်။

20211019; 2009

—————————— Zawgyi —————————

အပိုင္း ၆၂။ မေက်မျခမ္းျဖစ္ျခင္း

ကေမာက္ကမ တိတ္ဆိတ္သြားတယ္။

႐ုတ္တရက္ ဖုန္႔ရွီ ထေအာ္လိုက္တယ္၊ "အား"
ၿပီးေတာ့ သူ႔ေခါင္းကို လက္နဲ႔ကာလိုက္ကာ ခုန္လိုက္ရင္း ေျပာလိုက္တယ္၊

"သြားၿပီ၊ သြားၿပီ။ ငါ အခု ဘာလုပ္ရမလဲ? ငါ့ေခါင္းေဆာင္နဲ႔ ဦးေလးျဖဴတို႔ ဒီအေၾကာင္း သိသြားၾကရင္ ငါေတာ့ သြားၿပီ။​ မင္းတို႔ႏွစ္ေယာက္ ငါ့ကို နည္းလမ္း အခုစဥ္းစားေပးၾကဦး!"

စာအုပ္နတ္ဘုရားနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ ဘာလုပ္ရမွန္းမသိဘဲ အခ်င္းခ်င္း ၾကည့္လိုက္ၾကတယ္။ တကယ္ေတာ့ ဖုန္႔ရွီ စာရင္းသြားသြင္းတဲ့အခ်ိန္မွာ ဒီလိုမေတာ္တဆမွုမ်ိဳး ျဖစ္လိမ့္မယ္ဆိုတာ သူတို႔ ႀကိဳသိေနၾကတယ္။ အဲ့တာေၾကာင့္ ဖုန္႔ရွီကို သတိေပးဖို႔ သူတို႔ အျမဲ သတိထားေနခဲ့ၾကတယ္ ဒါေပမဲ့ ျဖစ္ပ်က္ခဲ့တာေတြက သူတို႔ထင္ထားတာထက္ ပိုေနေတာ့ သူတို႔ကိုယ္တိုင္ စာရင္းသြင္းမွတ္ပုံတင္ရမယ့္ကိစၥကို လုံးဝဥႆုံ ေမ့သြားခဲ့ၾကတယ္။

ဒါေပမဲ့ ဘယ္လိုပဲျဖစ္ျဖစ္ ေနာင္တရစရာ အေၾကာင္းမရွိ။ သူတို႔က အစိမ္းေရာင္ ငရဲသားအသင္းသားေတြကို အလုံးစုံ ေစာ္ကားၿပီးသြားၿပီ။ သူတို႔အခု ျပန္သြားခ်င္တယ္ဆိုရင္ေတာင္ သူတို႔ ေသလုေမ်ာပါး အတိုက္ခံရလိမ့္မယ္။ ပိုဆိုးတာက အဲ့အခ်ိန္တုန္းက ၾကားလိုက္ရတဲ့ မရင္းႏွီးတဲ့ အသံကို နတ္ဘုရားႏွစ္ပါးက မွတ္မိလိုက္တယ္၊ အဲ့အသံပိုင္ရွင္ဟာ သူတို႔ထက္ အေျခခံက်င့္ႀကံဆင့္ ျမင့္မားတဲ့သူဆိုတာ သူတို႔ခံစားမိလိုက္ၾကတယ္၊ နတ္ဘုရားဘုရင္နယ္ပယ္ အဆင့္ငါးအထက္မွာရွိတဲ့ က်င့္ႀကံသူပညာရွင္ေတာင္ ျဖစ္နိုင္ေလာက္တယ္။ အဲ့ကို အခု ျပန္သြားမယ္ဆိုရင္ သူတို႔ဦးေခါင္း သူတို႔ ႀကိဳးကြင္းစြပ္တာနဲ႔ ဘာမွျခားနားမွာမဟုတ္ဘူး။

ဖုန္႔ရွီက နတ္ဘုရားႏွစ္ပါးရဲ့ မ်က္ႏွာေပၚက အမူအယာကို ျမင္ေတာ့ သူ႔ကို သူတို႔ ကူညီနိုင္တဲ့အခြင့္အေရး လုံးဝမရွိဘူးဆိုတာ သူသိလိုက္တယ္။ အဲ့ေနာက္ သူ ဝိညာဥ္နဲ႔ကိုယ္ခႏၶာ မကြာဘဲ မေနနိုင္ေတာ့။

အခုေလာေလာဆယ္ ဖုန္႔ရွီစိတ္ထဲရွိတဲ့ တစ္ခုတည္းေသာအရာက သူ႔ေခါင္းေဆာင္ သူ႔ကိုေပးမယ့္အျပစ္ကို ဘယ္လို ေလ်ာ့နည္းေအာင္လုပ္ရမလဲဆိုတာပါပဲ။

"သခင္၊ တကယ္ေတာ့၊ နည္းလမ္းတစ္ခုေတာ့ရွိတယ္။ ဒါေပမဲ့ အေကာင္အထည္ေဖာ္ဖို႔ေတာ့ နည္းနည္းခက္မယ္။" စာအုပ္နတ္ဘုရားက ႐ုတ္တရက္ ေျပာလိုက္တယ္။

ဖုန္႔ရွီရဲ့ မ်က္လုံးေတြ ေတာက္ပသြားၿပီး ေမးလိုက္တယ္၊

"အဲ့တာဘာလဲ?"

ေျဖရွင္းဖို႔နည္းလမ္း တစ္ခုခုရွိတာက ဘာမွမရွိတာထက္စာရင္ ေတာ္ေသးတယ္။ သူ႔ေခါင္းေဆာင္ရဲ့ အက်ယ္ခ်ဳပ္ သူ က်ခံစရာမလိုမခ်င္း ဖုန္႔ရွီ ဘယ္လိုစိန္ေခၚမွုမ်ိဳးမဆို သူယူလိုတယ္။ ပိုဆိုးတာက သူ႔ေခါင္းေဆာင္က သူ႔ကို အစိမ္းေရာင္ငရဲသား အမဲလိုက္အဖြဲ႕ကို ဝင္ခြင့္မျပဳမွာကို သူစိုးရိမ္တယ္။ သူ႔လြတ္လပ္မွုရဲ့ တစ္ခုတည္းေသာ အာမခံခ်က္ကို သူ မစြန္႔စားနိုင္ဘူး။

"ကၽြန္ေတာ္ ဒါမွမဟုတ္​ ကံဆိုးမွုနတ္ဘုရားက အစိမ္းေရာင္ ငရဲသား အသင္းထဲကို ခိုးဝင္မယ္၊ ၿပီးေတာ့ ေလ်ာက္လႊာေပၚမွ သခင့္နာမည္ကို ဘယ္သူမွမသိေအာင္ ေရးမယ္။ အဲ့တာဆို ျပႆနာေျဖရွင္းၿပီး ျဖစ္မယ္။ သခင့္နာမည္ စာရင္းသြင္းမွတ္ပုံတင္ၿပီးသြားၿပီဆိုတာနဲ႔ သခင္က အကဲျဖတ္မွုကို တက္ေရာက္နိုင္မွာ အေသအခ်ာပဲ။ ဒါေပမဲ့ အစိမ္းေရာင္ငရဲသား အသင္းထဲမွာ ကၽြန္ေတာ္နဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ထက္ ပိုၿပီး စြမ္းအားႀကီးတဲ့ ကၽြမ္းက်င္ပညာရွင္ တစ္ဦးရွိေနတယ္။ သူ ကၽြန္ေတာ္တို႔ကို ေတြ႕သြားမွာ ကၽြန္ေတာ္ ေၾကာက္တယ္။ အဲ့လိုသာဆိုရင္ အက်ိဳးဆက္က တကယ္ကို ပိုျပင္းထန္သြားမွာျဖစ္ၿပီးေတာ့ ကၽြန္ေတာ္တို႔ရဲ့ အေျခအေနေတြဟာလည္း ပိုဆိုးဝါးသြားမွာျဖစ္တယ္။" မ်က္ခုံးက်ဳံ႕ထားတဲ့ စာအုပ္နတ္ဘုရားက သူ႔မ်က္ႏွာေသးေသးေလးေပၚမွာ အေလးအနက္မူဟန္အျပည့္နဲ႔ ေျပာလိုက္တယ္။

"ငါတို႔ သူ႔ကို ေခၚထုတ္သြားနိုင္မလား?" ဖုန္႔ရွီက မ်က္လုံးျပဴးၿပီး ေျပာလိုက္တယ္၊ သူ အရွုံးမေပးခ်င္ဘူးေလ။

"ရတယ္၊ အဲ့လို လုပ္နိုင္တယ္။ ဒါေပမဲ့ ဘယ္သူက အဲ့တာဝန္ ယူမွာလဲ?"

စာအုပ္နတ္ဘုရားက အေရးအႀကီးဆုံး ကိစၥကို ေျပာလိုက္တယ္။ သူက အစိမ္းေရာင္ ငရဲသားအသင္းရဲ့ အတြင္းပိုင္းပတ္ဝန္းက်င္ကို သူ အေတာ္ ရင္းႏွီးတယ္၊ ဒါဆို သူကေတာ့ မျဖစ္နိုင္ဘူး။ အဲ့တာေၾကာင့္ စာအုပ္နတ္ဘုရားက ဖုန္႔ရွီနဲ႔ ကံဆိုးမွုနတ္ဘုရားတို႔ကို မ်က္လုံးျပဴးၿပီး စိုက္ၾကည့္လိုက္တယ္။

"အင္းေပါ့ ကံဆိုးမွုနတ္ဘုရားေလးေပါ့!" ဖုန္႔ရွီက တုန္႔ဆိုင္းမွုမရွိဘဲ ေရရြတ္လိုက္တယ္။ ဒါေပမဲ့ တစ္ခုခုကို အျမန္ သတိရသြားၿပီး စာအုပ္နတ္ဘုရားကို စူးစူးရဲရဲၾကည့္လိုက္ရင္း ေျပာလိုက္တယ္၊ "ငါျဖစ္သင့္တယ္လို႔ မင္းထင္ေနတာလား?"

"ဟားဟား၊ ဘယ္ဟုတ္ပါ့မလဲ။" ထြင္းေဖာက္ျမင္ခံလိုက္ရတဲ့ စာအုပ္နတ္ဘုရားက အမ္းတမ္းတမ္း ရီလိုက္တယ္။

"အဲ့တာဆို ေျဖရွင္းၿပီးၿပီ။ ကဲ ကံဆိုးမွုေလးေရ အဲ့လူကို အျပင္ေခၚထုတ္လာလိုက္ေတာ့။ ငါ မင္းကို အျပင္မွာ လာကူေပးမယ္။" ဖုန္႔ရွီက ကံဆိုးမွုနတ္ဘုရားရဲ့ ေရြးခ်ယ္နိုင္ခြင့္အခြင့္အေရးကို လ်စ္လ်ဴရွုၿပီး ဆုံးျဖတ္ခ်က္ တိုက္ရိုက္ခ်လိုက္တယ္။ သူ႔အသံက အေလးအနက္ဟန္ ေပါက္ေနေပမဲ့ နတ္ဘုရားႏွစ္ပါးကေတာ့ မေက်မခ်မ္းနဲ႔ သူဆီ မ်က္လုံးလွန္ၾကည့္လိုက္ၾကတယ္။

'သိပ္ေကာင္းတဲ့စကားလုံးေတြပဲ! တကယ္ပဲ ငါတို႔ကို အစစ္အမွန္ ကူေပးမယ့္ပုံနဲ႔!' နတ္ဘုရားႏွစ္ပါးက ေျပာလိုက္တယ္။ ဒါေပမဲ့ ေကာင္ေလးက သူတို႔သခင္ ျဖစ္တဲ့အတြက္ သူတို႔ကံၾကမၼာ ဘယ္လိုပဲျဖစ္ျဖစ္ လက္ခံရမွာပဲျဖစ္တယ္။

ေနာက္ဆုံးေတာ့ သူတို႔သုံးေယာက္ ပူးေပါင္းလုပ္ေဆာင္ဖို႔ ဆုံးျဖတ္လိုက္ၾကတယ္။ အစိမ္းေရာင္ ငရဲသားအသင္း ခန္းမထဲက လူအုပ္ႀကီး လူစုခြဲလိုက္ၾကတဲ့အခ်ိန္မွာ ကံဆိုးမွုနတ္ဘုရားက ခန္းမထဲ တိတ္တဆိတ္ ခိုးဝင္သြားတယ္။

ကၽြမ္းက်င္ပညာရွင္ရဲ့ အာ႐ုံကို ရယူဖို႔လိုအပ္တဲ့အတြက္ သူဝင္ဝင္ခ်င္းမွာပဲ စၿပီး ေမႊေတာ့တယ္။ သူ႔ကိုယ္ထဲက ကံဆိုးမွုပညာရပ္ေတြကို ထုတ္လႊတ္ၿပီး အစိမ္းေရာင္ ငရဲသား အသင္း ခန္းမရဲ့ ေနရာအႏွံ့ကို ပို႔လိုက္တယ္။ အခ်ိဳ႕ ကံဆိုးမွုပညာရပ္ေတြက ေလထုထဲက သဘာဝစြမ္းအင္နဲ႔ေတာင္ ေပါင္းစပ္သြားတယ္။ အဲ့ေလထုကို ရွုရွိုက္မိလိုက္ၾကတဲ့ ဘယ္က်င့္ႀကံသူမဆို ကံဆိုးသြားမွာ ျဖစ္တယ္။ သူတို႔ ဘယ္ေလာက္အတိုင္းအတာအထိ ကံဆိုးသြားမလဲဆိုတာ တစ္ေယာက္နဲ႔တစ္ေယာက္ မတူၾကဘူး!

အက်ိဳးဆက္အေနနဲ႔ အစိမ္းေရာင္ ငရဲသားအသင္းက အခ်ိန္တိုအတြင္းမွာပဲ ကေသာင္းကနင္း ျဖစ္သြားကုန္ၾကတယ္။ အဲ့မွာ ကံဆိုးမွုေတြ တစ္ခုၿပီး တစ္ခု ဆက္တိုက္ ျဖစ္ေနၿပီး ရပ္တန္႔သြားမယ့္အလားအလာ မရွိသလို ပုံစံ ေပါက္ေနတယ္။

တခ်ိဳ႕က သတိလက္လြတ္ ေခ်ာ္လဲတယ္၊ တခ်ိဳ႕က ေရတြင္းထဲ ျပဳတ္က်တယ္၊ တခ်ိဳ႕က သူတို႔က်င့္ၾကေနတုန္းမွာ ရင္ဘတ္ထဲက နာက်င္ခံစားလာၾကရတယ္၊ တခ်ိဳ႕က က်င့္ႀကံမွုနည္းလမ္း မွားယြင္းသြားၾကတယ္၊ တခ်ိဳ႕က ေရထဲ မြမ္းၿပီး ေသလုမတတ္ ျဖစ္သြားၾကတယ္။ အဓိပၸါယ္မရွိဆဒ့းအရာကေတာ့ နတ္ဘုရားဘုရင္နယ္ပယ္ ကၽြမ္းက်င္သူေတြက လမ္းေလ်ာက္ေနရင္း ေျမႀကီးေပၚ လဲက်တယ္။ ဒါ အစိမ္းေရာင္ ငရဲသားအသင္းအတြက္ အရွက္ကြဲမွုတစ္မ်ိဳးပဲ။

တစ္ခါမေတာ္တဆဆို မထူးဆန္းဘူး။ ဒါေပမဲ့ မေတာ္တဆမွုေတြ အမ်ားႀကီး အတူတူ ျဖစ္လာတယ္ဆိုတာ တစ္စုံတစ္ေယာက္ရဲ့ အကြက္က်က် အလုပ္ခံရလို႔ ျဖစ္လာတာပဲ ျဖစ္ရမယ္။

တိမ္မည္းႀကီးက အစိမ္းေရာင္ ငရဲသားအသင္းအေပၚမွာ အုပ္မိုးေနတယ္။ လူတိုင္းက မ်က္ႏွာေတြ သုန္သုန္မွုန္မွုန္ ျဖစ္ေနၾကတယ္။ လူေတာ္ေတာ္မ်ားမ်ားက မ်က္လုံးေစာင္းေစာင္းနဲ႔လူကို ၾကည့္ေနၾကတယ္၊ အဲ့တစ္ေယာက္က သူတို႔ဆီ ကံဆိုးမွုေတြ ေပးလိုက္တာမ်ားလားဆိုၿပီးေပါ့။​ မ်က္လုံးေစာင္းနဲ႔လူက သူလည္း ဘာျဖစ္ေနတယ္ဆိုတာ မသိတဲ့အတြက္ နစ္နာသူအေနနဲ႔ မေက်မခ်မ္း ခံစားရတယ္။

မင္းခ်င္းယြိရဲ့ မ်က္ႏွာေပၚက အမူအယာက အရမ္း အုံ႔မွိုင္းေနတယ္။ သူ႔ရဲ့ ေခ်ာေမာတဲ့မ်က္ႏွာေပၚကေန ေရေတြ တစ္စက္တစ္စက္ က်ေနၿပီး သူ႔ေဘးမွာက လူတစ္ေယာက္က သူ႔ကို အဆက္မျပတ္ ေတာင္းပန္ေနတယ္။ အဲ့လူက သူ ေရေႏြးၾကမ္းကို ေလာင္းထည့္တဲ့အခ်ိန္မွာ သူ႔လက္ သူမထိန္းနိုင္ေတာ့ဘဲ ဘာေၾကာင့္ ခြက္ထဲက ေရေႏြးၾကမ္းကို ပက္မိလိုက္မွန္း သူ မသိဘူးျဖစ္ေနတယ္။ အဲ့ေနာက္ သူ ဘာမွ မေျဖရွင္းနိုင္ေတာ့ဘဲ ခ်က္ခ်င္းပဲ ေတာင္းပန္လိုက္တယ္။

ကံဆိုးမွုေတြ ဘာလို႔ ဆက္တိုက္ ျဖစ္ေနသလဲဆိုတာ ဘယ္သူမွ အေျဖရွာမရတဲ့အတြက္ လူတိုင္းက အစိမ္းေရာင္ ငရဲသား အသင္း ဥကၠဌကိုပဲ အကူအညီေတာင္းၾကရေတာ့တယ္။

သူတို႔ အဲ့တာကို ေဆြးေႏြးေနၾကတုန္း မ်က္လုံးေစာင္းေစာင္းနဲ႔လူက မေနနိုင္ေတာ့ဘဲ ေခါင္းငိုက္စိုက္ က်သြားေတာ့တယ္။

အစိမ္းေရာင္ ငရဲသား အသင္းရဲ့ ဥကၠဌက နန္ကုန္းလီ ျဖစ္တယ္။ သူက မိသားစုႀကီးတစ္ခုခုရဲ့ မိသားစုဝင္ မဟုတ္ဘူး၊ ဒါေပမဲ့ သူက သူ႔စြမ္းအားအတြက္ ငရဲမင္းႀကီးထံကေန အသိအမွတ္ျပဳမွု ရရွိၿပီး ျဖစ္တဲ့အတြက္ သူက အစိမ္းေရာင္ ငရဲသား အသင္းမွာ ရာထူးအလြန္ ျမင့္တဲ့သူ ျဖစ္တယ္။ အဲ့တာအျပင္ သူက ေစာန အရမ္းအေရးႀကီးတဲ့အခ်ိန္တုန္းက မ်က္လုံးေစာင္းေစာင္းနဲ႔လူကို ရပ္ဖို႔ ေျပာလိုက္တဲ့လူပဲ ျဖစ္တယ္။ ဒါေပမဲ့ အဲ့တာၿပီးေတာ့ နန္ကုန္းလီ ထြက္မလာဘူး၊ ဒါ့ေၾကာင့္ လူအားလုံးက သူအခု ဘာကိုေတြးေနလဲဆိုတာ ေသခ်ာမသိၾကဘူး။

ကံဆိုးမွုနတ္ဘုရားက ခ်က္ခ်င္းထြက္ခြါမည့္အစား အစိမ္းေရာင္ ငရဲသားအသင္းက လူတိုင္းရဲ့ ေက်ာကို ကပ္လိုက္သြားတယ္။

ဒါေပမဲ့ သူ ေလေပၚပ်ံဝဲသြားလိုက္တဲ့အခါမွာ ႐ုတ္တရက္ အားေကာင္းတဲ့စြမ္းအားတစ္ခုက သူ႔ကို တြန္းေနတာကို ခံစားမိလိုက္ၿပီး

You are reading the story above: TeenFic.Net